မှောင်မိုက်တဲ့ မိုးကောင်းကင် အောက် လူသားနှစ်ဦး လမ်းလျှောက်လာခဲ့ကြတယ်။ လှပမှု့မရှိတဲ့ မိုးကောင်းကင်ကြောင့် အဖြူရောင်သက်သက် လျှပ်စီးကြောင်းများက. အလင်းရောင်ဖြာဖြာ မြင်ရစေဖို့ ကူညီနေလေရဲ့ ။ အိမ်ပြန်ချိန်တွေကို မုန်းတဲ့ ကျနော် ဒီတစ်ခါလည်း ထပ်မုန်းနေမိပြီ။ ထပ်မံရက်စက်မှု့ကို ကျနော် ကိုယ်တိုင် ရင်ဝယ်ပိုက်ထားနေခဲ့ရတယ်။
"အကို "
ကျောပိုး ချီထားသော ကလေးငယ်ကို ခေါင်းလေး ပြန်မြင့်ပြီး လှည့်ကြည့်မိသည်။ ကျနော် သိပ်ချစ်တဲ့ အကိုရဲ့ မျက်ဝန်းတွေက တော့ ကျနော့်ကို မညာဘူး။ ချွေးစိုနေတဲ့နှဖူးပြင်က မိုးရေစက်တွေနဲ့ အတူ သိပ်ကို လှပလွန်းတယ်။ ဆွဲဆောင်မှု့ အပြည့်ရှိနေတဲ့ အကိုရဲ့ မျက်လုံးထက်က မျက်ခုံးထူထူကြီးကို ကျနော် သိပ်မြတ်နိုးတယ်။ ပင့်တင်ပြီး ကြည့်လာတဲ့ မျက်ဝန်းစူးစူးတွေကိုလည်း သိပ်ကြိုက်တယ်။
"ပြောလေ ဘာကြည့်နေတာလဲ"
ကျနော့်ကိုယ်တိုင်တောင်မသိ အကို့မျက်လုံးတွေ နှုတ်ခမ်းတွေကို ကြည့်နေရင်း ကျနော် ပင် သတိမေ့သွားသလို။ မိုးရေထဲ မင်သက်လာတဲ့ အကိုရဲ့ ရုပ်ရည်ရူပကာ ကို ကျနော် အပြစ်ပြောစရာ မရှိလောက်အောင် သိပ်ပြီးပြည့်စုံလွန်းတယ်။
အကို ပြောမှပဲ ကျနော် မေ့မျောသွားတာ သတိပြန်ဝင်လာခဲ့တယ်။
"ဟို ကျနော်လေ အကို့ ဆီမှာ ထပ် မ. နေ သင့် တော့ ဘူးထင်တယ်"
ကျနော် တုန်တုန်ရီရီနှင့်စကားလုံးများကို တစ်လုံးချင်းးဆီ ပြောမိတယ်။
"မနေသင့်ဘူး ဟုတ်လား "
အေးဆေးစွာပြောလာသော အကို့ရဲ့ ပုံစံက သိပ်ပြီးနာကျင်မှု့ မရှိသလို။
"ကျနော့်ကိုထွက်သွားခွင့်ပေးပါ "
"မရဘူး သုခ လုံးဝကို မဖြစ်နိုင်ဘူး တကြိမ်တစ်ခါ ထားသွားလို့
ငါသေမတတ် ရူးခဲ့ပြီးပြီ ထပ်ပြီး ငါ့ကို ထားမသွားပါနဲ့"
"ဒါပေမဲ့ အခု အကို့ လုပ်ရက်က သိပ်ကို ပြင်းထန်တာကိုကော အကို
ပြီးတော့ ဒီလို လုပ်လို့ ကျနော့် ကလေးကိုပါ ထိခိုက်လာနိုင်တယ်လေ "
ကျနော် ကြောက်စိတ်တွေကို ခနမေ့လျော့သွားပြီး ဗိုက်ထဲက ကလေး အတွက် ကျနော် ပြင်းရှရှ စကားလုံးများကို အကို့ဆီ ရဲတင်းစွာပြောမိခဲ့တယ်။
"မင်းပြောတာတွေ ငါနားမလည်ဘူးသုခ. ငါ့လုပ်ရက်က. မင်းရဲ့ ကလေးကို ထိခိုက်မယ် ဆိုတာ ဘာကိုပြောတာလဲ"
"အကို မသိချင်ယောင်ဆောင်နေတာလား
ဒါမှမဟုတ် ကျနော့်ကို အနီးနားထားပြီး အမြဲနှိပ်စက်ဖို့ သက်သက်လား"
အမိန့်မပေးပဲ ကျဆင်းလာတဲ့ မျက်ရည်တွေကို မိုးရေနှင့်အတူ လွှင့်စင်စေချင်တယ်။ ကျနော့် စကားတွေကို နားမလည်သလို ကြည့်နေတဲ့ အကို့ရဲ့ မျက်လုံးတွေကို အပြစ်မြင်နေမိတယ်။
"မဟုတ်ဘူး သုခ မင်းပြောတာတွေ ငါနားမလည်ဘူး"
"ဟုတ်မှာပါ တကယ်မသိတာဆိုရင်လည်း ကျနော့် ပါးစပ်ကပြောတာကိုပဲ ဆက်နားထောင်ကြည့်ပေါ့"
တီ တီ တီ.............
ဘာဖြစ်နေတာလဲ လမ်းမကြီးမှာ ကားလာနေတာ မမြင်ဘူးလား
အကို့ကျနော့်စကားကို စူးစိုက်နားထောင်နေချိန်မှာပဲ လူမဆန်တဲ့ ကားတစ်စီး က ကျနော့်တို့ရဲ့ အနီးနားကို ရောက်ရှိနေပြီး ကျနော်တို့ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်သွားတယ်။ ဒီမျက်လုံးတွေကို ကျနော် သိတယ်။ အဲ့ဒါ ကျနော့်တို့ကို အထင်သေးပြီးကြည့်တဲ့ မျက်လုံးတွေ။ ကျနော့်စကားတွေကို ကျနော်ဆက်မပြောချင်ပဲ အကို ကျောပိုးထားတဲ့ အကို့ရဲ့ကျောပြင်ပေါ် ကျနော် အိပ်လိုက်လာခဲ့မိတယ်။
"သား ဘယ်လိုဖြစ်လာတာလဲ "
အိမ်ရောက်တော့ ဦးထွန်းက စိတ်ပူပြီး အိပ်နေတဲ့ သုခကို ဝိုင်းကူပြီးအောက်သို့ချပေးတယ်။
"ရတယ်ဦးထွန်း"
"အဆင်ပြေရဲ့လား ဘယ်လိုဖြစ်ကြတာလဲ"
"ဘာမှမဖြစ်ပါဘူး ကျနော် သူ့ကိုသွားသိပ်လိုက်ဦးမယ်နော် "
"အေး အေး"
သုခရဲ့ခန္ဓာကိုယ်လေးကို သုတရဲ့ လက်မောင်း တွေက အကူညီပေးပြီး သုတရဲ့ ရင်ခွင်ထဲ ထို ကောင်လေးကို ဖက်ထားပြီး အိမ်အပေါ်ထပ် သုခရဲ့ အခန်းသို့ တတ် လာခဲ့တယ်။
"ထဦး သုခ. မင်း အဝတ်တွေ အရင်လှဲဦး "
မှေးဆက်စွာအိပ်ပျော်နေခဲ့သူကို သုတအတင်းလှုပ်နိုးသော်လည်း ထလာခြင်းမရှိ။
ထို့နောက် အဝတ်အစားများကို သူကိုယ်တိုင်ပင် လှဲပေးနေခဲ့သည်။ ရေစိုအဝတ်များကို လျှော်မဲ့ ခြင်းတောင်းထဲသို့ ပြစ်ထည့်လိုက်သည်။
ထို့နောက် အောက်ထပ်သို့ပြန်ဆင်းလာကာ ရေခဲသေတ္တာထဲက. ကြ က်ဥကို ရေနွေးထဲထည့်ပြုတ်ပြီး မကြ က်တစ် ကြက် ကြက်ဥကိုသာ ပန်းကန်လုံးလေးထဲ ထည့်ပြီး စားလိုက်တော့သည်။
မိုးချိန်းရင် ကြောက်တတ်တဲ့ ကလေးငယ်ဆီ စိတ်က အရာရာ ရောက်ရှိနေခဲ့သည်။
ထမင်းဆက်မစားပဲ သုခကို ထိုထမင်းစားပွဲတွင်ထိုင်စောင့်နေခဲ့မိရာ ထမင်း ကို ခုထိသုံးလုပ်သာ ဝင်ခဲ့ရသည်။ ဗိုက်ဆာဆာနဲ့ ကလေးငယ်နောက် ပြေးလိုက်သွားတာကြောင့် ခုမှ ကြ က်ဥကိုသာ အားကိုးနေခဲ့ရတယ်။ ရေနွေးပူပူလေးတစ်ခွက်ကို ယူကာ အိမ် အပေါ်ထပ်သို့ပြန်တတ်လာခဲ့သည်။ သိပ်ကိုချမ်းလွန်းလှတဲ့ ဒီညကလေးက. သုခနဲ့ အတူ ပြန်လည် အိပ်စက်ခွင့်ပေးထားသလိုပဲ ။ ရေနွေးပူပူလေးကို အငွေ့ခံရင်း ကုတင်ဘေးသို့ပြန်တင်လိုက်သည်။ ဘေးနားက အိပ်စက်နေသော ကလေးငယ်ရဲ့ လက်လေးကို လက်လေးနှစ်ဖက်နှင့်ဆုတ်ကိုင်လိုက်သည်။ ထို့နောက် ပါးပြင်နုနုလေးဖက် နစ်ဝင်သွားစေတဲ့ နှုတ်ခမ်းရာ နှစ်ခုကို ကြာကြာပေးလိုက်သည်။ အိပ်ပျော်နေတဲ့ ကလေးငယ်ရဲ့ နှဖူးပြင်ဟာ
ဆံပင်လေးတွေ ဝဲကျနေလေရဲ့။ ဖောင်းနေတဲ့ ပါးပြင်လေးတွေကို လက်လေးနှင့် ပွတ်သက်ရင်း အဝနမ်းပြစ်လိုက်သည်။
"ကိုယ် အရမ်း ရက်စက်မိလို့ တောင်းပန်ပါတယ် ကလေးရယ်"
ဒီစကားလေးတစ်ခွန်းကို ရင်ထဲ က နက်နက်ရှိုင်း ရှိုင်းပြောဆိုရင်း ကလေးငယ်ရဲ့ စောင်ထဲ ဝင်ခွေ အိပ်လိုက်သည်။ သုခရဲ့ လက်လေးတွေကို လုံးဝမလွှတ်ပဲ ဆုတ်ကိုင်ထားသည်။ သုခရဲ့ ခန္ဓာကိုယ်လေးကို သူနှင့်အတူ ပူးကပ်စွာ ဖက်ထားရင်း မိုးခြိမ်းသံတွေကြား နှစ်ယောက်သား နှစ် ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။
"မင်းတို့ကို ရပ်လိုက်ဖို့ ငါပြောနေတယ်နော်"
"ကျုပ်တို့လိုချင်တဲ့ ပိိုက်ဆံ ထပ်ပေးရင် ခင်ဗျားပြောတာ နားထောင်ပေးမယ်"
"မင်းတို့ကွာ ငါက တစ်ယောက်တည်းကိုပဲ လုပ်ခိုင်းခဲ့တာလေ
ခု အကုန်ပျက်စီးကိုပြီ"
"ကျုပ်တို့က. လူများတယ် ခင်ဗျားပေးတဲ့ ပိုက်ဆံနဲ့ မလောက်ဘူး"
"မပေးနိုင်ဘူး မင်းတို့ကြောင့် ငါ ခိုးပြီး ချစ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဆုံးပြီ။ ဒါငါ့အပြစ်တွေ ။ မင်းတို့ကို ငါရဲလက်အပ်မယ်။"
"ကျုပ်တို့က ကြောက်မယ်ထင်နေတာလား ခိုင်းစေခဲ့သူက. ခင်ဗျားနော် မ ကြောက်ဘူးလား ဟား ဟား "
"ငါမင်းတို့လိုချင်တဲ့ ပိုက်ဆံကို ရအောင်ရှာပြီးပေးမယ် သုခကို ထပ်မနှောက်ယှက်ပါနဲ့တော့"
"ပြီးရောလေ ခင်ဗျားကတိတည်နော်"
ထိုလူငါးယောက် ကော်ဖီဆိုင်လေးထဲက အပြင်သို့ ထွက်သွားကြသည်။
ထိုလူတွေထွက်သွားဝင်လာသော အေရီရယ်
"မာယာ နင်ဘာတွေလုပ်နေတာလဲ အဲ့လူတွေက. လူကောင်းမဟုတ်ဘူး နော်"
အေရီရယ်ရဲ့ စိုးရိမ်ပူပန်နေသော စိတ်တွေက မာယာ့ဆီဖုံးလွမ်းသွားခဲ့ပြီ။
"ငါသိပါတယ် ဒါပေမဲ့ ငါနင့်ကို တိုင်ပင်စရာ တစ်ခုရှိတယ်"
"အင်းပြောလေ ဘာကိစ္စလဲ"
"ငါ သုခကို တောင်းပန်စရာရှိနေပြီ "
"ဘယ်လို နင် နေများမကောင်းလို့လား"
ထူးဆန်းတဲ့မာယာ့စကားတွေကို .အေရီရယ် အံ့သြတကြီး မာ့ယာ့မျက်နှာကို စိုက်စိုက်ကြည့်နေခဲ့သည်။
"အေရီရယ် ငါတစ်ကယ် အမှားလုပ်မိပြီ ထင်တယ်"
"ပြော ဘယ်လိုဖြစ်တာလဲ နင့်စိတ်ကောမှန်သေးရဲ့လား"
"ငါ ပြောပြမယ် အကိုဒီရေ ဆုံးတာ ငါ့ကြောင့်ဆိုတာ သိပ်မှန်တယ်
ဒါပေမဲ့ ငါဖုန်းဆက်ခဲ့တယ်ဆိုတာ ငါညှာခဲ့တာ။ တကယ် တမ်း အကို့ကို ငါဖုန်းမဆက်ခဲ့ဘူး"
"ငါနားမလည်ဘူး နင်ဘာတွေပြောနေတာလဲ'
"ဟုတ်တယ် ငါပြောရင် နင်ယုံမလား"
"အင်း"
"အကိုဒီရေ ကို ခုနလူတွေ သတ်ဖို့ကြံရွယ်ခဲ့တာ အ့ဲခြိနျ ငါ့ကို အဲ့လူတွေက ပြောတယ် ။ အကို ဒီရေရဲ့ကားနောက်ကို သူတို့ကားရောက်နေပြီ ။ သူတို့ကားနဲ့ ဝင်တိုက်ခဲ့တာ။ ကားက တစ်လှိမ်ံကောက် ရွေ့ရွေ့ပြီးချောက်ထဲကျခါနီး အဲ့နားကလူတွေကဝင်ကူဆွဲကြတယ်တဲ့။ "
"ဘာ အဲ့လူတွေက ဘာလို့ အကို ဒီရေကို သတ်ချင်ကြတာလဲ"
"ငါ့ကြောင့်"
"......."
"အဲ့လူတွေကို ငါငှားခဲ့တာ သုခကို ယုတ်မာဖို့ ဒါပေမဲ့ ငါအမှားကြီးမှားသွားပြီ
ငါသုတကိုမေ့နိုင်နေပြီလေ ပြီးတော့ သုခကို ဘာကြောင့်ဒုက္ခပေးနေမိမှန်းငါ မသိဘူး "
"အင်းပါ ငါနားလည်ပါပြီ ။ ဒါဆို နင် သုခကို ဆက်ပြီး ဒုက္ခမပေးတော့ဘူးပေါ့"
"အင်း"
အေရီရယ် စကားပြောနေရင်း ကော်ဖီ ဖျော်နေသောကောင်မလေး အနားသို့ လျှောက်သွားခဲ့သည်။ ထို့နောက် ကော်ဖီ နှစ်ခွက်ကို ယူလာပြီး မာယာ့ ရှေ့တစ်ခွက်ချပေးလိုက်သည်။ မာယာ့လည်း ကော်ဖီခွက်လေးကို ဖြေးဖြေးချင်းမွှေရင်း ထိုဆိုင်ရဲ့အပြင်ဘက်ကိုငေးကြည့်နေမိသည်။
နိုးလာပါတော့ ကလေးရယ် ကိုယ် စိတ်ပူလှပြီ
အိပ်စက်နေသောကလေးငယ်ရဲ့ ဘေး ထိုင်နေရင်း တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိ ကလေးငယ်ရဲ့ နှဖူးပြင်ကိုစမ်းလိုက် ။
လက်လေးတွေကို အပူပေးလိုက်နှင့် အဖျားကြီးနေသော ကလေးငယ်ကို ကုတင်ပေါ် စောင်ထူထူ ခြုံပေးထားခဲ့သည်။ ဘေးနားက ဖုန်းကို လှမ်းယူပြီး ဆရာဝနျဆိီသို့ ဖုန်းဆက်လိုက်သည်။
မကြာခင်မှာပဲ ထို ဆရာဝန်ရောက်လာပြီး သတိမေ့နေသော ကလေးငယ်ကို စမ်းသပ်လေသည်။
သွေးခုန်နှုန်းပုံမှန်ဖြစ်နေသော ကလေးငယ်ရဲ့ နှလုံးသည် ကောင်းမွန်သည်။ ဆေးထိုးအပ်ကို ယူလိုက်ပြီး အပ်ပေါက်နှင့်ဆေးရည်များကို.စုပ်ယူလိုက်သည်။
ထို့နောက် တင်ပါးကို ဆေးအလုံးနှစ်လုံးထိုးလိုက်သည်။ ထို့နောက် ဆေးအပ်များကို အိတ်တစ်ခုနှင့်ထည့်ပြီး လွှင့်ပစ်စေသည်။
ဘေးနားရပ်ကြည့်နေသော သုတသည် သိချင်စိတ်နှင့်ရပ်နေတာကြာပြီမို့
"ဒေါက်တာ "
"မကြာခင်သတိရလာပါလိမ့်မယ် သူက စိတ်ဆင်းရဲမှု့တစ်ခုကြောင့်လည်းပါတယ်။ ခြေထောက်က ဒဏ်ရာကြောင့် ခုချိန် လမ်းမလျှောက်ခိုင်းပါနဲ့ဦး ။ သတိရလာရင် အာဟာရ ပြည့်ဝဖို့လိုတယ် အော်ပြီးတော့ ဒီကောင်လေးက ကိုယ်ဝန်နဲ့ဆိုတာ သိတယ်မလား"
"ဟုတ်ကဲ့ ဒေါက်တာ သိပါတယ် ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ"
"အဲ့ဒီ ကိုယ်ဝန်က ဘယ်သူ့ကိုယ်ဝန်ဆိုတာ"
"အဲ့ဒါလား ကျနော်လည်း မပြောနိုင်သေးဘူး လူနာကိုသာ သေချာမေးကြည့်ပါ"
"ဟုတ်ကဲ့ ပါ ဒေါက်တာ"
"ဒါ သူသောက်ဖို့ဆေး သုံးခွက် ထမင်းမကျွေးနဲ့ဦး ဆန်ပြုတ်လောက်ပဲ "
"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ ကျနော်ပြန်လိုက်ပို့ပ့မယ်"
ဆရာဝန်ရဲ့ ဆေးအိတ်ကိုသုတ ယူပြီး အောက်ထပ်သို့ လိုက်ပို့လိုက်သည်။ ဆရာဝန်ပြန်သွားသည့်အချိန် အပေါ်ထပ်သို့မြန်မြန်ပြေးတတ်ခဲ့သည်။ ထို့နောက် မလုပ်တတ်မကိုင်တတ်နှင့် ရွဲ ရှိန်ဝါဆီ ဖုန်းဆက်ပြန်သည်။
"အမရွဲ ကျနော့်ရဲ့သုခ နေမကောင်းလို့ လာပေးလို့ရမလား"
"ရပါတယ် ခနနော် အမ ခနနေမှ ထွက်လာလို့ရမှာမို့ "
ရွဲရှိန်ဝါရေချိုး အဝတ်အစားလည်းပြီးသုခတို့ဆီ လှမ်းလာခဲ့သည်။ သုခဆီရောက်တော့ သုခက ဆေးအရှိန်ကြောင့်နိုးလာခဲ့သည်။ သုတကိုတော့ စကားတစ်ခွန်းမှမပြောပေ။
ရွဲလည်း သုခရဲ့ အနားသို့ဝင်သွားပြီး သုခရဲ့နှဖူးပြင်အား စမ်းသပ်တော့ ပူပြင်းလှတဲ့အပူလုံးကြီး ကပ်ထားသလို ။ တော်တော်အပူရှိန်ပြင်းလှသည်။
"သုတ အပြင်ထွက်ပေးပါလား မမ သုခကိုမေးစရာရှိလို့ "
28.အကို့ရဲ့အချစ်တွေ မင်းမြင်ပါစေ
"အကို "
"ပြောလေ ဘာကြည့်နေတာလဲ"
"မနေသင့်ဘူး ဟုတ်လား "
တီ တီ တီ.............
"သား ဘယ်လိုဖြစ်လာတာလဲ "
"ရတယ်ဦးထွန်း"
"အေး အေး"
"ကျုပ်တို့လိုချင်တဲ့ ပိုက်ဆံ ထပ်ပေးရင် ခင်ဗျားပြောတာ နားထောင်ပေးမယ်"
"အင်းပြောလေ ဘာကိစ္စလဲ"
"အင်း"
"ငါ့ကြောင့်"
"......."
"အင်း"
"ဒေါက်တာ "
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဟုတ်ကဲ့ ပါ ဒေါက်တာ"