Searching in the Apocalypse f...
By Dancing_Breeze
347K 55.5K 2.4K
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More
Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ကျေးဇူးတင်လွှာ
Chapter - 211
5.2K 880 49
By Dancing_Breeze
[Zawgyi]
"နင် ဘာဖြစ်ချင်နေတာလဲ?"
"သူဘယ်မှာလဲ?"
"သူဘယ်သွားတာလဲ?"
"ငါ ဘယ်လိုလုပ်သိမှာလဲ?"
"မသိဘူး။"
"နင်.."
"နင့်မှာ ကြောက်ဖို့ကောင်းတဲ့သဘောထားရှိနေတဲ့အတွက် နင့်ကိုသတ်ဖို့ဆိုတာ ကျိုးကြောင်းမဆီလျော်တာမဟုတ်တော့ဘူး။"
နဉ်ရှု : ....
နဉ်ရှု : Pfff...
......
......
[Unicode]
<အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ?>
နဉ်ရှု ဆွံ့အနေသည်။ သူမ Phoenixကို ဘယ်လိုနည်းနဲ့မှရန်မစတာကိုတောင်မှ သူမ(Phoenix)က သူမနဲ့ရန်ဆက်ဖြစ်နေသေးတယ်။
အမျိုးသားဇာတ်လိုက်နဲ့လည်း သူမခပ်ခွာခွာနေပါတယ်။ ဒါကို သူတို့က ဘာလို့သူမကိုဆက်ရှာနေရသေးတာလဲ? သူမရဲ့ဆွဲဆောင်မှုက အရမ်းကိုနိမ့်လွန်းနေလို့များလား?
သူမရဲ့ ဆွဲဆောင်မှုထဲကို အမှတ်တစ်ချို့ထပ်ထည့်ရမလား မထည့်ရဘူးလားဆိုတာ သူမစဉ်းစားလိုက်သည်။ အဆုံးမှာတော့ ဆွဲဆောင်မှုတစ်မှတ်က အရမ်းကိုသနားစရာကောင်းလွန်းတယ်လေ။
နဉ်ရှုတစ်ယောက် အခန်းထဲမှာနေပြီး အမျိုးသမီးဇာတ်လိုက်က သူမကိုဘာကြောင့်သဘောမကျရသလဲဆိုတာကို အချိန်ယူစဉ်းစားနေသည်။ တစ်ချိန်တည်းမှာပဲ အပြင်မှာရှိနေတဲ့Phoenixကလည်း နဉ်ရှုနာမည်ကို အဆက်မပြတ်အော်ခေါ်ရင်း တံခါးကိုထုနေလေ။
ဒေစီ...ဒေစီနဲ့ သူမက ကျိန်စာတစ်ခုကိုရွတ်နေသလိုပင်။
နဉ်ရှု တံခါးဖွင့်လိုက်ကာ စိတ်ရှုပ်နေတဲ့လေသံနဲ့မေးလိုက်သည်။
"နင် ဘာဖြစ်ချင်နေတာလဲ?"
"ငါ နင့်အခန်းဖော်ကိုရှာနေတာ။"
Phoenixက နဉ်ရှုကို ဘေးကိုတွန်းဖယ်ကာ အခန်းထဲကိုဝင်လာပြီး လှည့်ပတ်ကြည့်လိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်ကို သူမ မတွေ့တဲ့အခါ နဉ်ရှုဘက်ကို လှည့်မေးလာ၏။
"သူဘယ်မှာလဲ?"
သူမ ခွေးချီးပုံကိုတက်နင်းမိသလို နဉ်ရှုခံစားလိုက်ရသည်။ သူက ဘာကိုအခြေခံပြီး ဖြောင့်မတ်မှန်ကန်ပြီးအားပါတဲ့လေသံမျိုးနဲ့ သူမကိုလာမေးခွန်းထုတ်နေရတာလဲ? နဉ်ရှု ပြောလိုက်သည်။
"သူ ဒီမှာမရှိဘူးလို့ ငါနင့်ကိုပြောပြီးပြီပဲ။"
"သူဘယ်သွားတာလဲ?"
Phoenixက မေးသည်။ နဉ်ရှု မျက်လုံးလှန်ကာ ပြန်ပြောလိုက်သည်။
"ငါ ဘယ်လိုလုပ်သိမှာလဲ?"
Phoenixက ဆိုဖာပေါ်မှာထိုင်စောင့်ရန်ဆုံးဖြတ်လိုက်သည်။ ဒါကိုမြင်တဲ့အခါ နဉ်ရှုကြောင်အသွားလေ၏။ Phoenixဒီလိုလုပ်တာ ဘာအဓိပ္ပါယ်လဲ? သူမက ကျောင်းဆရာဝန်အန်ကယ်ပြန်လာတဲ့အထိ ထိုင်စောင့်မလို့လား?
နှစ်ယောက်သားစကားမပြောကြတာကြောင့် အခန်းက တိတ်ဆိတ်သွား၏။ နဉ်ရှုက ဧည့်ဝတ်ကျေလိုတဲ့စိတ်လေးတောင်မရှိပေ။ သူမက Phoenixအတွက် ရေတစ်ခွက်တောင်ငှဲ့မပေးချေ။
"ဒေစီ...နင်က နင့်အခန်းဖော်ကို ငါတို့နဲ့မတွေ့ခင်တည်းက သိတာလား?"
ရုတ်တရက်Phoenixက နဉ်ရှုကိုမေးခွန်းတွေစမေးလာသည်။
"ပြီးတော့ သူ့နာမည်ကဘာလဲ?"
အာ...ကျောင်းဆရာဝန်အန်ကယ်ရဲ့နာမည်က ဘာလဲဆိုတာသူမ မသိဘူး။ သူ့အမည်ဝှက်က Psychoဆိုတာပဲသိတာ။ သူ့နာမည်အရင်းကို သူမ မသိဘူး။
နဉ်ရှု ခေါင်းယမ်းရင်းပြောလိုက်သည်။
"မသိဘူး။"
Phoenixရဲ့မျက်နှာအရောင် မြင်မကောင်းအောင်ပင် ဆိုးရွားသွားလေ၏။
"ဒါ ဘာအဓိပ္ပါယ်လဲဒေစီ? ငါ သူ့နာမည်ကိုပဲမေးနေတာ!"
Da Fuck? သူမ အန်ကယ့်နာမည်ကို တကယ်မသိတာလေ။ သူမ စိတ်ရှုပ်ကာပြန်ပြောလိုက်သည်။
"ငါမသိဘူးလို့ပြောတာ ငါမသိဘူးပဲပေါ့။"
"နင်.."
Phoenixတစ်ယောက် ဒေါသထွက်သွားကာ အေးစက်စွာပြောလာသည်။
"အရမ်းတွေဘဝင်မြင့်မနေနဲ့ ဒေစီ။"
"ငါက ဘာကိုဘဝင်မြင့်ရမှာလဲ? ဘဝင်မြင့်စရာဘာရှိလို့လဲ?"
Phoenixဘာပြောနေသလဲဆိုတာ နဉ်ရှုနားမလည်နိုင်တော့ပေ။ သူမက အန်ကယ့်နာမည်ကို ရည်ရွယ်ချက်ရှိရှိ မပြောဘဲလျှို့ဝှက်ထားတယ်လို့ Phoenixကထင်နေတာလား?
နာမည်လေးတစ်ခုပဲဟာ။ လျှို့ဝှက်ထားစရာ ဘာအကြောင်းမှမရှိဘူး။
Phoenixရဲ့အမူအရာက ပိုအေးစက်သွားပြီး သူမလက်ထဲမှာ ရေခဲစိုင်တစ်ခုကို ဖန်တီးလိုက်လေ၏။ သူမက နဉ်ရှုကို အဲ့ဒါနဲ့ရွယ်လိုက်တဲ့အခါ နဉ်ရှုက သူမသေနတ်ကို ချက်ချင်းထုတ်ကာအေးစက်စွာမေးလိုက်သည်။
"နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ Phoenix?"
"ဒေစီ...နင်က အထူးစွမ်းရည်မနိုးထသေးတဲ့ နိမ့်ကျတဲ့လူတစ်ယောက်ပဲ။ ငါ့ကို ဘယ်လိုတောင် ဒီလိုမျိုးပြောရဲရတာလဲ? ငါနင့်ကိုသတ်လိုက်ရင်တောင် ဗိုလ်ချုပ်က ဘာမှမပြောဘူးဆိုတာ နင်သိလား?"
နဉ်ရှု ဆွံ့အသွားချေပြီ။ သူမက မျက်လုံးတွေကျဉ်းမြောင်းက Phoenixကိုကြည့်ရင်း ကျယ်လောင်စွာကြာလိုက်သည်။
"Phoenix...နင့်ခေါင်းက တစ်ခုခုများလွဲနေတာလား? ငါ့နေရာကိုလာပြီး ငါ့ကိုသတ်မယ်ပေါ့လေ?"
အမျိုးသမီးဇာတ်လိုက်samaရဲ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူမတကယ်နားမလည်နိုင်တော့ဘူး။
"နင့်မှာ ကြောက်ဖို့ကောင်းတဲ့သဘောထားရှိနေတဲ့အတွက် နင့်ကိုသတ်ဖို့ဆ်ိုတာ ကျိုးကြောင်းမဆီလျော်တာမဟုတ်တော့ဘူး။"
Phoenixလက်ထဲက ရေခဲစိုင်က လည်ပတ်လာပြီး လေထုနဲ့ပွတ်တိုက်မှုကြောင့် အဖြူ ရောင်အငွေ့တွေကို စတင်ထုတ်လွှတ်နေလေ၏။
Fuck! သူမ တကယ်ရူးသွားပြီ! သူမခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲ?
Phoenixက သူမကိုရန်လိုစွာကြည့်နေတာကိုမြင်တဲ့အခါ နဉ်ရှုတစ်ယောက် သူမများ Phoenixကို ပြင်းပြင်းထန်ထန်ဆန့်ကျင်မိခဲ့တာတွေရှိလားဆိုတာကို သူမမှတ်ဥာဏ်တွေကနေပြန်စဉ်းစားလိုက်သည်။ ဒါပေမယ့် သူမတို့baseကိုရောက်တည်းက Phoenixကို ဘာမှသွားမပတ်သက်မိပေ။
ဗိုလ်ချုပ်နဲ့စကားပြောဖို့ထွက်သွားတဲ့ ကျောင်းဆရာဝန်အန်ကယ် ပြန်ရောက်လာသည်။ သူအခန်းထဲကိုဝင်လာတဲ့အချိန်မှာပဲ သူမတို့ထိပ်တိုက်ရင်ဆိုင်နေတာကိုတွေ့လိုက်ရသည်။ သူမ မျက်ခုံးပင့်ကာမေးလေ၏။
"မင်းတို့ ဘာလုပ်နေတာလဲ?"
အန်ကယ်က ပြောရင်းနှင့်ပင် သူ့ခါးဆီမှသေနတ်ကိုဆွဲထုတ်ကာ Phoenixကို ချိန်လိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်နဲ့ရင်ဆိုင်ရတဲ့အခါ Phoenixက သိသိသာသာပင်စိတ်ဖိစီးသွားသည်။ အဆုံးသတ်မှာတော့ အန်ကယ်က zombieတွေကိုတောင်ထိအောင်ပစ်နိုင်တဲ့သူဖြစ်ပြီး Phoenixရဲ့အမြန်နှုန်းက zombieတွေနဲ့ယှဉ်လို့မရပေ။
ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုဘက်ကိုလှည့်ကာ ညင်သာစွာမေးသည်။
"မင်း ဘာတွေလုပ်နေတာလဲ? ရန်သူတစ်ယောက်ကို မင်းအိမ်ထဲဝင်ခွင့်ပြုရလား? မင်းကတော့ မျှော်လင့်ချက်မရှိတော့ဘူးပဲ။"
နဉ်ရှု : ....
Phoenixက သူမရဲ့ရေခဲစွမ်းအင်ကို ပျံ့နှံ့သွားစေလိုက်ပြီး ကျောင်းဆရာဝန်အန်ကယ်ကိုပြောလိုက်သည်။
"သေနတ်ဖယ်လိုက်ပါ။ ကျွန်မက ရန်သူမဟုတ်ဘူး။"
ကျောင်းဆရာဝန်အန်ကယ်က သေနတ်ဖယ်လိုက်ပြီး ဂရုမစိုက်စွာပင်မေးလာသည်။
"မင်းက ဘာကိစ္စဒီကိုရောက်နေတာလဲ?"
ခဏကြာတဲ့အထိ Phoenixဘာပြောရမှန်းမသိပေ။ သူမက သူ့ကြောင့် Wolfနဲ့စကားများကာ လမ်းခွဲလိုက်ပြီးသည်နှင့် စိတ်ကူးပေါက်လာတာကြောင့် သူ့ကို ကောက်ကာငင်ကာလာရှာခြင်းပင်။
"ကျွန်မ Wolfနဲ့ စကားများလာတယ်။"
Phoenixက သူမစဉ်းစားနေတာကို ရှေ့နောက်မစဉ်းစားဘဲပြောချလိုက်ကာ ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်သည်။
ကျောင်းဆရာဝန်အန်ကယ်က လုံးဝကိုရှုပ်ထွေးသွားလေ၏။ ဒါက သူ့မျက်နှာမှာဒီလိုအမူအရာမျိုးကို နဉ်ရှုမြင်ဖူးတာ ပထမဆုံးအကြိမ်ပင်။ ကျောင်းဆရာဝန်အန်ကယ်က မေးလိုက်သည်။
"အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ?"
နဉ်ရှု : Pfff...
......
ဒီရက်ပိုင်းတွေ အိုင်မအားတဲ့အတွက် updateကြာနိုင်ပါတယ်။
......
Continue Reading
You'll Also Like
252K 26.5K 86
Name - Bringing Good Luck To Your Husband In The 70s Type - Web novel (CN) Genre - Romance Supernatural Author (s) - Yue ban yao fen jia ...
340K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
107K 10.4K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...