ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(134)
ေရွာင္ဟဲ့၊ ရွားဟဲ့နဲ႔...ေက်ာက္စိမ္းရဲ႕ဘဝႀကီးကက်ီးလန္႔စာစားေနရသလိုပဲ...။
ေရခ်ိဳးၿပီးျပန္ထြက္လာတဲ့အထိ...
အဲဒီကေလးကုတင္ေလးကပံုကိုမေပၚေသးဘူး...။
Lego အ႐ုပ္ေလးေတြဆက္ေနက်ျဖစ္တဲ့...ေက်ာက္စိမ္းကေတာ့...
guide book တစ္ခ်က္ၾကည့္လိုက္တာနဲ႔ဘာကဘယ္လိုလာမလဲဆိုတာကိုသိတယ္...။
မထင္ရင္မထင္သလိုေလးတံုးအ,တတ္တဲ့...ဦးေသွ်ာင့္အေၾကာင္းကိုလည္းသိေနသည္မို႔...
ေရခ်ိဳးခန္းထဲကထြက္လာတာနဲ႔...
မေနႏိုင္ဘဲလက္ေျပာင္းယူဖို႔ျပင္ရသည္...။
"ဖယ္ေပး...ငါတပ္ေပးမယ္...
မင္းတပ္ထားတာေတြကတလြဲႀကီးေတြ..."
"အဟဲ...အစကတည္းကသိတတ္ရမွာ...
ေခြးေကာင္..."
"မင္းကတတ္သလိုလိုလုပ္ေနၿပီးေတာ့မ်ား..."
ေရစိုလက္စဆံပင္ေတြကိုပုဝါပိုင္းလႊားတင္ၿပီးေတာ့...
ဦးေသွ်ာင့္ေရွ႕ဝင္ထိုင္ခ်ရင္းနဲ႔...
အပိုင္းအစေတြကိုျပန္ျဖဳတ္ရသည္။
ေက်ာက္စိမ္းက...
အိမ္ထဲကေနအျပင္မထြက္ဘဲေလးငါးရွစ္လေတာင္ၾကာသြားတာဆိုေတာ့...
နဂိုေဖြးအုေနတဲ့အသားအေရက...ပိုၿပီးေဖြးဆြတ္လာခဲ့ကာ....
ေရခ်ိဳးၿပီးခါစမို႔...
အသားအတြင္းပိုင္းအထိထိုးေဖာက္ျမင္ရေလာက္ေအာင္ၾကည္လင္လွပလို႔ေန၏...။
ဆံပင္မၫွပ္ျဖစ္တာၾကာလို႔ျပန္ရွည္လာခဲ့ကာ...
ေရတစိုစိုနဲ႔မို႔...
ပုခံုးေထာက္ေနတဲ့အက်ႌကေနေရေတြကစိမ့္စိုလို႔....
အဲဒါကိုျမင္ေတာ့...
ဦးေသွ်ာင္ကစိတ္ပူကာၾကည့္မေနႏိုင္ဘူး...။
"မင္း...ဆံပင္ေတြေရစက္လက္ႀကီးနဲ႔...
ေနမေကာင္းျဖစ္မွာ...ငါသုတ္ေပးမယ္...."
ေျပာရင္းနဲ႔ဆံပင္ေပၚလႊားတင္ထားတဲ့ပုဝါကိုယူၿပီးေတာ့သုတ္ေပးရေတာ့တယ္...။
ေဆးျမစ္ရနံ့ေလးေတြပါတဲ့ရွန္ပူရနံ့ကသူ႔ႏွာေခါင္းကိုလာတိုးေဝွ႕ၾကည္စယ္လို႔...
ဆံႏြယ္အိအိေလးေတြရဲ႕အထိအေတြ႕ကိုေတာင္မွမခံစားႏိုင္တဲ့အထိ...
စိတ္ေတြကလႈပ္ရွားလြယ္ေနခဲ့ၿပီ...။
ဒီပံုမ်ိဳးနဲ႔ဆိုရင္ေတာ့...ေနာက္တပတ္ေလာက္အထိစိတ္ကိုခ်ဳပ္တည္းထားဖို႔ခက္ေတာ့မွာပဲ...။
ေဆးခ်ိန္းျပန္သြားျပေတာ့...
မေနႏိုင္မထိုင္ႏိုင္နဲ႔ေမးမိတာ...
"ေဒါက္တာ...ဟိုေလ....ကြ်န္ေတာ္တို႔ဘယ္ေတာ့ေလာက္အတူေနလို႔ရမလဲဟင္..."
"သားဥႁပြန္ကတစ္ဖက္ထဲဆိုေတာ့...အားနည္းေနတာ...
အဲဒါကိုျပန္ေစာင့္ဖို႔ဆိုရင္...ေျခာက္လေလာက္ေတာ့ၾကာမွာေပါ့...
အတူတူေနဖို႔ကေတာ့အဆင္ေျပေပမယ့္...
ကေလးထပ္ရလာရင္ခက္မွာပဲ..."
အဲဒီေမးခြန္းကိုေမးလိုက္ေတာ့...
ေက်ာက္စိမ္းခမ်ာၿပိဳေတာ့မယ့္မိုးလိုမ်က္ႏွာေလးနဲ႔...
တလမ္းလံုး...လက္သီးၾကည့္ထား၊ လက္ဝါးၾကည့္ထားေတြလုပ္လာခဲ့တာ...။
"အဲဒီေနရာမထိရင္ၿပီးတာပဲမဟုတ္လား...
ေနာက္တပတ္ဆိုထိမွာပဲ..."
"ေသာက္ႏွာဗူးႀကီး.....ငါ့အခန္းမွာေပးမအိပ္ဘူး....မင္းကိုယ့္အခန္းကိုယ္ျပန္အိပ္..."
ေက်ာက္စိမ္းက....ရွဴးရွဴးရွားရွားနဲ႔ေတာ္ေတာ့္ကိုအျဖစ္ဆိုးေနခဲ့တာ...
အနားကပ္ၿပီးပုခံုးဖက္တာေတာင္မခံေတာ့တဲ့အထိ...။
ဒါေပမယ့္...ဘယ္ရမလဲ...
သက္တံ့ေရာင္စံုထက္ပိုမ်ားတဲ့ဉာဏ္ေတြဦးေသွ်ာင္မွာရွိတာပဲ...။
အခုေတာင္မွ...ဆံပင္ေလးကိုသုတ္ေပးရင္းနဲ႔ေနာက္ကေနယီးတီးယားတားလုပ္လို႔ေနေသးတာ...။
ေက်ာက္စိမ္းေက်ာျပင္တခုလံုးထူပူလို႔ေနၿပီ...။
"ဟိတ္ေကာင္...မင္းဆံပင္ပဲသုတ္ေနာ္...
တျဖည္းျဖည္းနဲ႔...ဇာတိျပမလာနဲ႔...
ဒီမွာငါ့လက္ထဲမွာကိုင္ထားတာေမြးပြ႐ုပ္မဟုတ္ဘူး...
သံေခ်ာင္းေတြေနာ္...႐ိုက္တာနဲ႔ခြဲခန္းထဲေျပးဝင္ၿပီးခ်ဳပ္ရမွာပဲ..."
"ေၾကာက္စရာလား...ငါကခြဲစိတ္ဆရာဝန္ပဲ...
အ႐ိုက္ခံၿပီးေတာ့ကို...ဇာတိေသြးဇာတိမာန္ျပလိုက္ခ်င္တာ...
မင္း...ရဲ႕က်န္းမာေရးအတြက္...အရွိန္ေလးေတြေလ်ာ့ထားတယ္...သိလား...
ၿပီးမွမိုင္ကုန္တင္မွာ..."
"သူေတာင္းစား...လာေထာက္မေနနဲ႔ေနာ္...
ညက်ရင္ကုတင္ပါေပ်ာက္သြားမယ္..."
ေျပာလိုက္ေတာ့မွ...တဟားဟားဟားေအာ္ရယ္ရင္းနဲ႔........
တမင္ကိုဒူးေထာက္ထိုင္ေနတဲ့ေပါင္ႀကီးၿဖဲၿပီး...
သူ႔ေက်ာျပင္ကိုလာလာကပ္လိုက္....အသားနဲ႔ပြန္းမိေအာင္လုပ္လိုက္နဲ႔...ဦးေသွ်ာင္တို႔ျမႇူဆြယ္ခ်က္ကလြယ္မေနဘူး...။
ေက်ာက္စိမ္းလည္းဘာသားနဲ႔ထုထားတာမို႔လည္း...။
တျဖည္းျဖည္းနဲ႔မ႐ိုးမရြျဖစ္လာခဲ့ကာ...
ေရွ႕ကလုပ္ေနရတဲ့...ပစၥည္းပစၥယေတြေတာင္မွအာရံုမရခ်င္ေတာ့ဘူး...။
ဒူးေထာက္ထိုင္ေနရင္းနဲ႔ငေသွ်ာင္ကသူ႔ဟာေလးနဲ႔ေက်ာျပင္ကိုကလိေနတာေၾကာင့္ေက်ာက္စိမ္းေအာ္ၿပီေလ...။
"ဟိတ္ေကာင္...ဒီညအဲဒီကုတင္မၿပီးရင္...
မင္းဒီမွာမအိပ္ရဘူးေနာ္...
ၿငိမ္ၿငိမ္ေနလိုက္စမ္း.....ဆံပင္ေျခာက္ရင္လည္းဖယ္ေတာ့.....ငါ့ေက်ာကုန္းလည္းအေပါက္ေတြျဖစ္သြားဦးမယ္..."
နာရီကိုၾကည့္ေတာ့...ညေနေလးနာရီခြဲေနၿပီ။
ဒါေလးကိုေန႔လည္တစ္နာရီေလာက္ကတည္းကေနတပ္ဆင္ေနလိုက္ၾကတာအခုထိအေကာင္ထည္မေပၚေသးဘူး...။
ေတာ္ၾကာေန...ေမေမတို႔တမ်ိဳးထင္ေနဦးေတာ့မႇာပဲ...။
ႀကိဳးကေလးေတာင္ေက်ာင္းျပန္လာခဲ့ၿပီး...
အခန္းတံခါးဝကေနလာေအာ္ေနေသးတာ...
"ပါးပါး...ႀကိဳး...ျပန္လာၿပီ..."
အသက္ငါးႏွစ္ျပည့္ေတာ့မွာျဖစ္တဲ့ႀကိဳးကေလးက...မူလတန္းစတက္ရေတာ့မွာပါ...။
ဘာမဆိုကိုယ့္ဘာသာလုပ္ရမယ္လို႔သင္ေပးထားတတ္တာေလးေၾကာင့္...
အိမ္ျပန္လာတာနဲ႔...
ထမင္းဗူးေတြကိုေဆးတဲ့ေနရာမွာထား...ဖို႔....
လြယ္အိတ္ကိုေသခ်ာေလးထား...ဖို႔...
ေက်ာင္းအဝတ္ေတြကိုေသခ်ာခြ်တ္ၿပီးေလွ်ာ္တဲ့ေနရာထား...ဖို႔...
တစ္ခုခ်င္းကိုဦးေသွ်ာင္ကျဖည္းျဖည္းခ်င္းသင္ခဲ့တာ...
အႀကီးဆံုးပီပီ...ေရွ႕ေဆာင္ေကာင္းေလးျဖစ္ေစခ်င္လို႔ပါတဲ့...။
အခုလည္း...ေက်ာင္းအဝတ္ေလးေတြလဲၿပီးေတာ့မွသူတို႔ေရွ႕ေရာက္လာတာ...
"ငယ္ေလးအတြက္ပုခက္ေလးလားဟင္..."
"ဟုတ္တယ္...သားရဲ႕...ေဖေဖကညညဆိုအအိပ္ၾကမ္းတယ္မလား..."
"ၾကမ္းတယ္...ႀကိဳးကိုႏွစ္ခါေတာင္မွကန္တာ..."
မဲ့တဲ့တဲ့ေလးေျပာေနတာမို႔...
ေနာက္ဆံုးတပ္လက္စဘီးလံုးေလးကိုခဏခ်ၿပီးေတာ့...
ႀကိဳးကေလးရဲ႕ဆံပင္ေလးေတြက္ိုပြတ္သပ္လို႔ေက်ာက္စိမ္းကေခ်ာ့ရသည္...။
"တမင္မဟုတ္ပါဘူး...သားရာ၊ နာသြားလားဟင္..."
"နာေတာ့မနာပါဘူး...လန္႔သြားတာတစ္ခုပဲ...
ဒါနဲ႔ေလ...ေဖေဖ...ဒီတစ္ခါေက်ာင္းဆင္းပြဲက်ရင္...
ပါးပါးေရာေဖေဖေရာ...အငယ္ေလးေရာအတတူလာေပးလို႔ရမလား..."
လာေစခ်င္တဲ့စိတ္နဲ႔.....
တဖက္သားကိုေတာင္းဆိုတတ္တာေလးကအရြယ္နဲ႔မလိုက္ဘဲခ်စ္စရာေလး...။
သူတို႔ႏွစ္ေယာက္.......သားရဲ႕စကားေၾကာင့္...
မ်က္လံုးခ်င္းဆိုင္ၿပီးၾကည့္လိုက္မိရင္း...
"လာရမွာေပါ့...သားရဲ႕...အငယ္ေလးေနေကာင္းၿပီးအျပင္ေခၚထုတ္လို႔ရရင္ေလ..."
အၿမဲတမ္း....အလိမၼာနဲ႔ပဲေျဖေပးတတ္တဲ့ဦးေသွ်ာင့္စကားကမယုတ္မလြန္ပါ...။
ဒါေပမယ့္ႀကိဳးကေလးကေတာ့ေပ်ာ္ရႊင္သြားခဲ့ၿပီး...ခုန္ေပါက္လို႔ေအာက္ျပန္ဆင္းသြားခဲ့၏။
"အဲဒီလိုေျဖလိုက္ရေပမယ့္....မင္းျဖစ္ပါ့မလားဟင္...ေက်ာက္စိမ္း..."
အရင္လိုမ်ိဳးရိႈးတိုးရွန္႔တန္႔နဲ႔...ေနရခက္မွာစိုးတာေၾကာင့္ေမးရသည္။
လက္ထပ္ၾကဖို႔ကိစၥလည္း...ကေလးမရခင္ကတည္းကေျပာခဲ့တာမေအာင္ျမင္သြားဘူး။
ကေလးပဲတေယာက္ထပ္ထြက္လာခဲ့တာ...။
ဒါေပမယ့္...ေက်ာက္စိမ္းဆီကထြက္လာတဲ့စကားေလးေၾကာင့္...
ပီတိေတြျဖာသြားရသည္။
"ဘာလို႔မသြားရမွာလဲ...အတူတူသြားၾကမယ္...
သားစိတ္မေကာင္းျဖစ္မွာေတာ့မလိုခ်င္ဘူး..."
ႀကိဳးကေလးေမြးတုန္းကသူဘယ္လိုေတြပစ္စလက္ခတ္ႀကီးထားခဲ့မိသလဲဆိုတာကို...
အငယ္ေလးေမြးၿပီးခ်က္ခ်င္းသူ႔လက္ထဲမွာေပြ႕ပိုက္ရင္းနဲ႔....မ်က္ရည္ေတြစ္ီးက်လို႔ေတာင္းပန္ေနခဲ့တာ...။
ႀကိဳးကေလးအိပ္ေနျပန္ေတာ့လည္း...ေတာင္းပန္ရင္း.....ခဏခဏဒီလိုေတြငိုေနခဲ့ေတာ့...
ကေလးသိသြားရင္မေကာင္းလို႔...တားယူရတဲ့အထိပါပဲ...။
"ငါ....သူ႔အေပၚမေကာင္းခဲ့မိတာေတြျပန္စဥ္းစားတိုင္း...
သနားလ္ို႔မဆံုးဘူး...အရမ္းမိုက္မဲခဲ့မိတာပဲလို႔ခံစားရတယ္..."
ေမြးလာတာနဲ႔မ်က္ႏွာတစ္ခ်က္မၾကည့္တာေရာ...
နီတာရဲေလးကိုမေထြးပိုက္ခဲ့မိတာေရာ...
ႏို႔ဗူးေလးေတာင္တစ္စက္ေလာက္မတိုက္ခဲ့မိတာေရာ...
အခုေတာ့မွအတိုးခ်ၿပီးေတာ့...
သားႏွစ္ေယာက္စလံုးကိုသည္းသည္းလႈပ္ေနခဲ့တာ...
ဦးေသွ်ာင္မွာ...သူတို႔သားအဖၾကားဝင္တိုးလ္ို႔မေပါက္တဲ့အထိပဲ...။
ေနာက္ဆံုးက်န္တဲ့ဘီးလံုးေလးကိုတပ္ၿပီးတဲ့အခ်ိန္မွာ...
ေမေမတို႔ေရာက္လာခဲ့တာနဲ႔ကြက္တ္ိပဲ...။
"ဒီေန႔ေတာ့....အျပင္မွာညစာစားရေအာင္...
မင္းအေဖျပန္လာမွာတဲ့..."
အဘိုးအေဘးတို႔ေရာ...အတြင္းသိတဲ့တခ်ိဳ႕အမ်ိဳးေတြပါပါလာခဲ့ကာ...
တျပံဳႀကီးတမႀကီးဟိုတယ္မွာေရွာင္တခင္ႀကီးညစာျပင္ခိုင္းလိုက္ရတဲ့အထိပဲ...။
ဒီညမွာ...ေက်ာက္စိမ္းရဲ႕အဘြားဆီကေနေနာက္ထပ္ေက်ာက္စိမ္းလက္စြပ္တစ္ကြင္းထပ္ရျပန္တာ...
ဦးေသွ်ာင္ဝတ္ထားတဲ့လက္စြပ္နဲ႔ဆင္တူျဖစ္ေနေတာ့...
အံ့ၾသမိသည္။
"ေသွ်ာင္ဝတ္ထားတာနဲ႔တူတယ္မလား...
ႏွစ္ကြင္းရွ္ိခဲ့တာပါ...
ႀကိဳးကေလးတုန္းကတစ္ကြင္းကိုေသွ်ာင့္ကိုေပးခဲ့တာ...
အခုေတာ့မင္းအတြက္ေပါ့...
မင္းတို႔ႏွစ္ေယာက္ဘဝတစ္ေလွ်ာက္လံုးေပ်ာ္ရႊင္ခ်မ္းေျမ႕ပါေစကြယ္...
အခုကသားႏွစ္ေယာက္ဆိုေတာ့...
ငယ္ရြယ္ေနတုန္းမွာ....
ထပ္ၿပီးေတာ့...သမီးေလးျဖစ္ျဖစ္ယူၾကပါအံုး..."
အေမႏွစ္ေယာက္ကေတာ့တကယ္မရွက္ၾကေတာ့ဘူး...။
ေျပာခ်င္ရာေျပာေနၾကေတာ့တာ...
ကေလးေတြနဲ႔မဂၤလာေဆာင္ရင္လည္းေပ်ာ္ဖို႔ေကာင္းပါတယ္ဘာညာနဲ႔...
တကယ္ကိုပဲ...ဘဝႀကီးကဘာနဲ႔တူေနမွန္းကိုမသိေတာ့ဘူး...
ရွက္ေနရတာနဲ႔တင္...အသက္ 23 ျပည့္အံုးေတာ့မွာပဲ...။
ဘယ္တုန္းကမွမရွက္တတ္တဲ့ဦးေသွ်ာင္က...
ႏြားပြဲစားႀကီးလိုပါးစပ္ႀကီးၿဖဲလို႔...
"ကြ်န္ေတာ္တို႔...မိန္းကေလးႏွစ္ေယာက္ထပ္ေမြးမွာ..."
ေက်ာက္စိမ္းကေတာ့ကမ႓ာၿပိဳေတာ့မယ့္အတိုင္း...မ်က္ႏွာေလးမဲ့လို႔...
လူေရွ႕မွာေတာ့ၿငိမ္ေနခဲ့ရကာ...
အိမ္ျပန္လို႔ကားေပၚေရာက္ေတာ့မွဂ်ိန္ေနာင္ပေလးၾကေလသည္...။
"ဘယ္သူကေမြးမယ္ေျပာေနလို႔လဲ...ရာရာစစ...လူပါးလာဝေနျပန္ၿပီ..."
"ေမြးမွာပဲ...ေနာ္....ႀကိဳး....မင္းညီမေလးလိုခ်င္ေသးတာမလား..."
"လိုခ်င္တယ္.......အမ်ားႀကီး..."
တေဟးေဟးေဟးနဲ႔ရယ္ၾကရင္း.....ႀကိဳးကေလးနဲ႔ဦးေသွ်ာင္ကလက္ဝါးေတြေျပး႐ိုက္ေနၾကတာ...
သူမေမြးရတိုင္း...ရက္စက္ယုတ္မာလိုက္တာ...
"လူယုတ္မာႀကီး..."
ထံုးစံအတိုင္းဆဲမိေတာ့ျပန္ေျပာပါတယ္...
ေမြးကတည္းက...
ယုတ္မာပါတယ္၊ ပက္စက္ပါတယ္၊ ေကာက္က်စ္ပါတယ္၊ စဥ္းလဲပါတယ္၊ ေမြးကတည္းက...လူမဟုတ္ပါဘူးတဲ့...။
😂😂😂
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(134)
ရှောင်ဟဲ့၊ ရှားဟဲ့နဲ့...ကျောက်စိမ်းရဲ့ဘဝကြီးကကျီးလန့်စာစားနေရသလိုပဲ...။
ရေချိုးပြီးပြန်ထွက်လာတဲ့အထိ...
အဲဒီကလေးကုတင်လေးကပုံကိုမပေါ်သေးဘူး...။
Lego အရုပ်လေးတွေဆက်နေကျဖြစ်တဲ့...ကျောက်စိမ်းကတော့...
guide book တစ်ချက်ကြည့်လိုက်တာနဲ့ဘာကဘယ်လိုလာမလဲဆိုတာကိုသိတယ်...။
မထင်ရင်မထင်သလိုလေးတုံးအ,တတ်တဲ့...ဦးသျှောင့်အကြောင်းကိုလည်းသိနေသည်မို့...
ရေချိုးခန်းထဲကထွက်လာတာနဲ့...
မနေနိုင်ဘဲလက်ပြောင်းယူဖို့ပြင်ရသည်...။
"ဖယ်ပေး...ငါတပ်ပေးမယ်...
မင်းတပ်ထားတာတွေကတလွဲကြီးတွေ..."
"အဟဲ...အစကတည်းကသိတတ်ရမှာ...
ခွေးကောင်..."
"မင်းကတတ်သလိုလိုလုပ်နေပြီးတော့များ..."
ရေစိုလက်စဆံပင်တွေကိုပုဝါပိုင်းလွှားတင်ပြီးတော့...
ဦးသျှောင့်ရှေ့ဝင်ထိုင်ချရင်းနဲ့...
အပိုင်းအစတွေကိုပြန်ဖြုတ်ရသည်။
ကျောက်စိမ်းက...
အိမ်ထဲကနေအပြင်မထွက်ဘဲလေးငါးရှစ်လတောင်ကြာသွားတာဆိုတော့...
နဂိုဖွေးအုနေတဲ့အသားအရေက...ပိုပြီးဖွေးဆွတ်လာခဲ့ကာ....
ရေချိုးပြီးခါစမို့...
အသားအတွင်းပိုင်းအထိထိုးဖောက်မြင်ရလောက်အောင်ကြည်လင်လှပလို့နေ၏...။
ဆံပင်မညှပ်ဖြစ်တာကြာလို့ပြန်ရှည်လာခဲ့ကာ...
ရေတစိုစိုနဲ့မို့...
ပုခုံးထောက်နေတဲ့အကျႌကနေရေတွေကစိမ့်စိုလို့....
အဲဒါကိုမြင်တော့...
ဦးသျှောင်ကစိတ်ပူကာကြည့်မနေနိုင်ဘူး...။
"မင်း...ဆံပင်တွေရေစက်လက်ကြီးနဲ့...
နေမကောင်းဖြစ်မှာ...ငါသုတ်ပေးမယ်...."
ပြောရင်းနဲ့ဆံပင်ပေါ်လွှားတင်ထားတဲ့ပုဝါကိုယူပြီးတော့သုတ်ပေးရတော့တယ်...။
ဆေးမြစ်ရနံ့လေးတွေပါတဲ့ရှန်ပူရနံ့ကသူ့နှာခေါင်းကိုလာတိုးဝှေ့ကြည်စယ်လို့...
ဆံနွယ်အိအိလေးတွေရဲ့အထိအတွေ့ကိုတောင်မှမခံစားနိုင်တဲ့အထိ...
စိတ်တွေကလှုပ်ရှားလွယ်နေခဲ့ပြီ...။
ဒီပုံမျိုးနဲ့ဆိုရင်တော့...နောက်တပတ်လောက်အထိစိတ်ကိုချုပ်တည်းထားဖို့ခက်တော့မှာပဲ...။
ဆေးချိန်းပြန်သွားပြတော့...
မနေနိုင်မထိုင်နိုင်နဲ့မေးမိတာ...
"ဒေါက်တာ...ဟိုလေ....ကျွန်တော်တို့ဘယ်တော့လောက်အတူနေလို့ရမလဲဟင်..."
"သားဥပြွန်ကတစ်ဖက်ထဲဆိုတော့...အားနည်းနေတာ...
အဲဒါကိုပြန်စောင့်ဖို့ဆိုရင်...ခြောက်လလောက်တော့ကြာမှာပေါ့...
အတူတူနေဖို့ကတော့အဆင်ပြေပေမယ့်...
ကလေးထပ်ရလာရင်ခက်မှာပဲ..."
အဲဒီမေးခွန်းကိုမေးလိုက်တော့...
ကျောက်စိမ်းခမျာပြိုတော့မယ့်မိုးလိုမျက်နှာလေးနဲ့...
တလမ်းလုံး...လက်သီးကြည့်ထား၊ လက်ဝါးကြည့်ထားတွေလုပ်လာခဲ့တာ...။
"အဲဒီနေရာမထိရင်ပြီးတာပဲမဟုတ်လား...
နောက်တပတ်ဆိုထိမှာပဲ..."
"သောက်နှာဗူးကြီး.....ငါ့အခန်းမှာပေးမအိပ်ဘူး....မင်းကိုယ့်အခန်းကိုယ်ပြန်အိပ်..."
ကျောက်စိမ်းက....ရှူးရှူးရှားရှားနဲ့တော်တော့်ကိုအဖြစ်ဆိုးနေခဲ့တာ...
အနားကပ်ပြီးပုခုံးဖက်တာတောင်မခံတော့တဲ့အထိ...။
ဒါပေမယ့်...ဘယ်ရမလဲ...
သက်တံ့ရောင်စုံထက်ပိုများတဲ့ဉာဏ်တွေဦးသျှောင်မှာရှိတာပဲ...။
အခုတောင်မှ...ဆံပင်လေးကိုသုတ်ပေးရင်းနဲ့နောက်ကနေယီးတီးယားတားလုပ်လို့နေသေးတာ...။
ကျောက်စိမ်းကျောပြင်တခုလုံးထူပူလို့နေပြီ...။
"ဟိတ်ကောင်...မင်းဆံပင်ပဲသုတ်နော်...
တဖြည်းဖြည်းနဲ့...ဇာတိပြမလာနဲ့...
ဒီမှာငါ့လက်ထဲမှာကိုင်ထားတာမွေးပွရုပ်မဟုတ်ဘူး...
သံချောင်းတွေနော်...ရိုက်တာနဲ့ခွဲခန်းထဲပြေးဝင်ပြီးချုပ်ရမှာပဲ..."
"ကြောက်စရာလား...ငါကခွဲစိတ်ဆရာဝန်ပဲ...
အရိုက်ခံပြီးတော့ကို...ဇာတိသွေးဇာတိမာန်ပြလိုက်ချင်တာ...
မင်း...ရဲ့ကျန်းမာရေးအတွက်...အရှိန်လေးတွေလျော့ထားတယ်...သိလား...
ပြီးမှမိုင်ကုန်တင်မှာ..."
"သူတောင်းစား...လာထောက်မနေနဲ့နော်...
ညကျရင်ကုတင်ပါပျောက်သွားမယ်..."
ပြောလိုက်တော့မှ...တဟားဟားဟားအော်ရယ်ရင်းနဲ့........
တမင်ကိုဒူးထောက်ထိုင်နေတဲ့ပေါင်ကြီးဖြဲပြီး...
သူ့ကျောပြင်ကိုလာလာကပ်လိုက်....အသားနဲ့ပွန်းမိအောင်လုပ်လိုက်နဲ့...ဦးသျှောင်တို့မြှူဆွယ်ချက်ကလွယ်မနေဘူး...။
ကျောက်စိမ်းလည်းဘာသားနဲ့ထုထားတာမို့လည်း...။
တဖြည်းဖြည်းနဲ့မရိုးမရွဖြစ်လာခဲ့ကာ...
ရှေ့ကလုပ်နေရတဲ့...ပစ္စည်းပစ္စယတွေတောင်မှအာရုံမရချင်တော့ဘူး...။
ဒူးထောက်ထိုင်နေရင်းနဲ့ငသျှောင်ကသူ့ဟာလေးနဲ့ကျောပြင်ကိုကလိနေတာကြောင့်ကျောက်စိမ်းအော်ပြီလေ...။
"ဟိတ်ကောင်...ဒီညအဲဒီကုတင်မပြီးရင်...
မင်းဒီမှာမအိပ်ရဘူးနော်...
ငြိမ်ငြိမ်နေလိုက်စမ်း.....ဆံပင်ခြောက်ရင်လည်းဖယ်တော့.....ငါ့ကျောကုန်းလည်းအပေါက်တွေဖြစ်သွားဦးမယ်..."
နာရီကိုကြည့်တော့...ညနေလေးနာရီခွဲနေပြီ။
ဒါလေးကိုနေ့လည်တစ်နာရီလောက်ကတည်းကနေတပ်ဆင်နေလိုက်ကြတာအခုထိအကောင်ထည်မပေါ်သေးဘူး...။
တော်ကြာနေ...မေမေတို့တမျိုးထင်နေဦးတော့မှာပဲ...။
ကြိုးကလေးတောင်ကျောင်းပြန်လာခဲ့ပြီး...
အခန်းတံခါးဝကနေလာအော်နေသေးတာ...
"ပါးပါး...ကြိုး...ပြန်လာပြီ..."
အသက်ငါးနှစ်ပြည့်တော့မှာဖြစ်တဲ့ကြိုးကလေးက...မူလတန်းစတက်ရတော့မှာပါ...။
ဘာမဆိုကိုယ့်ဘာသာလုပ်ရမယ်လို့သင်ပေးထားတတ်တာလေးကြောင့်...
အိမ်ပြန်လာတာနဲ့...
ထမင်းဗူးတွေကိုဆေးတဲ့နေရာမှာထား...ဖို့....
လွယ်အိတ်ကိုသေချာလေးထား...ဖို့...
ကျောင်းအဝတ်တွေကိုသေချာချွတ်ပြီးလျှော်တဲ့နေရာထား...ဖို့...
တစ်ခုချင်းကိုဦးသျှောင်ကဖြည်းဖြည်းချင်းသင်ခဲ့တာ...
အကြီးဆုံးပီပီ...ရှေ့ဆောင်ကောင်းလေးဖြစ်စေချင်လို့ပါတဲ့...။
အခုလည်း...ကျောင်းအဝတ်လေးတွေလဲပြီးတော့မှသူတို့ရှေ့ရောက်လာတာ...
"ငယ်လေးအတွက်ပုခက်လေးလားဟင်..."
"ဟုတ်တယ်...သားရဲ့...ဖေဖေကညညဆိုအအိပ်ကြမ်းတယ်မလား..."
"ကြမ်းတယ်...ကြိုးကိုနှစ်ခါတောင်မှကန်တာ..."
မဲ့တဲ့တဲ့လေးပြောနေတာမို့...
နောက်ဆုံးတပ်လက်စဘီးလုံးလေးကိုခဏချပြီးတော့...
ကြိုးကလေးရဲ့ဆံပင်လေးတွေက်ိုပွတ်သပ်လို့ကျောက်စိမ်းကချော့ရသည်...။
"တမင်မဟုတ်ပါဘူး...သားရာ၊ နာသွားလားဟင်..."
"နာတော့မနာပါဘူး...လန့်သွားတာတစ်ခုပဲ...
ဒါနဲ့လေ...ဖေဖေ...ဒီတစ်ခါကျောင်းဆင်းပွဲကျရင်...
ပါးပါးရောဖေဖေရော...အငယ်လေးရောအတတူလာပေးလို့ရမလား..."
လာစေချင်တဲ့စိတ်နဲ့.....
တဖက်သားကိုတောင်းဆိုတတ်တာလေးကအရွယ်နဲ့မလိုက်ဘဲချစ်စရာလေး...။
သူတို့နှစ်ယောက်.......သားရဲ့စကားကြောင့်...
မျက်လုံးချင်းဆိုင်ပြီးကြည့်လိုက်မိရင်း...
"လာရမှာပေါ့...သားရဲ့...အငယ်လေးနေကောင်းပြီးအပြင်ခေါ်ထုတ်လို့ရရင်လေ..."
အမြဲတမ်း....အလိမ္မာနဲ့ပဲဖြေပေးတတ်တဲ့ဦးသျှောင့်စကားကမယုတ်မလွန်ပါ...။
ဒါပေမယ့်ကြိုးကလေးကတော့ပျော်ရွှင်သွားခဲ့ပြီး...ခုန်ပေါက်လို့အောက်ပြန်ဆင်းသွားခဲ့၏။
"အဲဒီလိုဖြေလိုက်ရပေမယ့်....မင်းဖြစ်ပါ့မလားဟင်...ကျောက်စိမ်း..."
အရင်လိုမျိုးရှိုးတိုးရှန့်တန့်နဲ့...နေရခက်မှာစိုးတာကြောင့်မေးရသည်။
လက်ထပ်ကြဖို့ကိစ္စလည်း...ကလေးမရခင်ကတည်းကပြောခဲ့တာမအောင်မြင်သွားဘူး။
ကလေးပဲတယောက်ထပ်ထွက်လာခဲ့တာ...။
ဒါပေမယ့်...ကျောက်စိမ်းဆီကထွက်လာတဲ့စကားလေးကြောင့်...
ပီတိတွေဖြာသွားရသည်။
"ဘာလို့မသွားရမှာလဲ...အတူတူသွားကြမယ်...
သားစိတ်မကောင်းဖြစ်မှာတော့မလိုချင်ဘူး..."
ကြိုးကလေးမွေးတုန်းကသူဘယ်လိုတွေပစ်စလက်ခတ်ကြီးထားခဲ့မိသလဲဆိုတာကို...
အငယ်လေးမွေးပြီးချက်ချင်းသူ့လက်ထဲမှာပွေ့ပိုက်ရင်းနဲ့....မျက်ရည်တွေစ်ီးကျလို့တောင်းပန်နေခဲ့တာ...။
ကြိုးကလေးအိပ်နေပြန်တော့လည်း...တောင်းပန်ရင်း.....ခဏခဏဒီလိုတွေငိုနေခဲ့တော့...
ကလေးသိသွားရင်မကောင်းလို့...တားယူရတဲ့အထိပါပဲ...။
"ငါ....သူ့အပေါ်မကောင်းခဲ့မိတာတွေပြန်စဉ်းစားတိုင်း...
သနားလ်ို့မဆုံးဘူး...အရမ်းမိုက်မဲခဲ့မိတာပဲလို့ခံစားရတယ်..."
မွေးလာတာနဲ့မျက်နှာတစ်ချက်မကြည့်တာရော...
နီတာရဲလေးကိုမထွေးပိုက်ခဲ့မိတာရော...
နို့ဗူးလေးတောင်တစ်စက်လောက်မတိုက်ခဲ့မိတာရော...
အခုတော့မှအတိုးချပြီးတော့...
သားနှစ်ယောက်စလုံးကိုသည်းသည်းလှုပ်နေခဲ့တာ...
ဦးသျှောင်မှာ...သူတို့သားအဖကြားဝင်တိုးလ်ို့မပေါက်တဲ့အထိပဲ...။
နောက်ဆုံးကျန်တဲ့ဘီးလုံးလေးကိုတပ်ပြီးတဲ့အချိန်မှာ...
မေမေတို့ရောက်လာခဲ့တာနဲ့ကွက်တ်ိပဲ...။
"ဒီနေ့တော့....အပြင်မှာညစာစားရအောင်...
မင်းအဖေပြန်လာမှာတဲ့..."
အဘိုးအဘေးတို့ရော...အတွင်းသိတဲ့တချို့အမျိုးတွေပါပါလာခဲ့ကာ...
တပြုံကြီးတမကြီးဟိုတယ်မှာရှောင်တခင်ကြီးညစာပြင်ခိုင်းလိုက်ရတဲ့အထိပဲ...။
ဒီညမှာ...ကျောက်စိမ်းရဲ့အဘွားဆီကနေနောက်ထပ်ကျောက်စိမ်းလက်စွပ်တစ်ကွင်းထပ်ရပြန်တာ...
ဦးသျှောင်ဝတ်ထားတဲ့လက်စွပ်နဲ့ဆင်တူဖြစ်နေတော့...
အံ့သြမိသည်။
"သျှောင်ဝတ်ထားတာနဲ့တူတယ်မလား...
နှစ်ကွင်းရှ်ိခဲ့တာပါ...
ကြိုးကလေးတုန်းကတစ်ကွင်းကိုသျှောင့်ကိုပေးခဲ့တာ...
အခုတော့မင်းအတွက်ပေါ့...
မင်းတို့နှစ်ယောက်ဘဝတစ်လျှောက်လုံးပျော်ရွှင်ချမ်းမြေ့ပါစေကွယ်...
အခုကသားနှစ်ယောက်ဆိုတော့...
ငယ်ရွယ်နေတုန်းမှာ....
ထပ်ပြီးတော့...သမီးလေးဖြစ်ဖြစ်ယူကြပါအုံး..."
အမေနှစ်ယောက်ကတော့တကယ်မရှက်ကြတော့ဘူး...။
ပြောချင်ရာပြောနေကြတော့တာ...
ကလေးတွေနဲ့မင်္ဂလာဆောင်ရင်လည်းပျော်ဖို့ကောင်းပါတယ်ဘာညာနဲ့...
တကယ်ကိုပဲ...ဘဝကြီးကဘာနဲ့တူနေမှန်းကိုမသိတော့ဘူး...
ရှက်နေရတာနဲ့တင်...အသက် 23 ပြည့်အုံးတော့မှာပဲ...။
ဘယ်တုန်းကမှမရှက်တတ်တဲ့ဦးသျှောင်က...
နွားပွဲစားကြီးလိုပါးစပ်ကြီးဖြဲလို့...
"ကျွန်တော်တို့...မိန်းကလေးနှစ်ယောက်ထပ်မွေးမှာ..."
ကျောက်စိမ်းကတော့ကမ႓ာပြိုတော့မယ့်အတိုင်း...မျက်နှာလေးမဲ့လို့...
လူရှေ့မှာတော့ငြိမ်နေခဲ့ရကာ...
အိမ်ပြန်လို့ကားပေါ်ရောက်တော့မှဂျိန်နောင်ပလေးကြလေသည်...။
"ဘယ်သူကမွေးမယ်ပြောနေလို့လဲ...ရာရာစစ...လူပါးလာဝနေပြန်ပြီ..."
"မွေးမှာပဲ...နော်....ကြိုး....မင်းညီမလေးလိုချင်သေးတာမလား..."
"လိုချင်တယ်.......အများကြီး..."
တဟေးဟေးဟေးနဲ့ရယ်ကြရင်း.....ကြိုးကလေးနဲ့ဦးသျှောင်ကလက်ဝါးတွေပြေးရိုက်နေကြတာ...
သူမမွေးရတိုင်း...ရက်စက်ယုတ်မာလိုက်တာ...
"လူယုတ်မာကြီး..."
ထုံးစံအတိုင်းဆဲမိတော့ပြန်ပြောပါတယ်...
မွေးကတည်းက...
ယုတ်မာပါတယ်၊ ပက်စက်ပါတယ်၊ ကောက်ကျစ်ပါတယ်၊ စဉ်းလဲပါတယ်၊ မွေးကတည်းက...လူမဟုတ်ပါဘူးတဲ့...။