ကံေကာင္းျခင္းေတြက တကယ္ကို ၾကာ႐ွည္ မတည္
ျမဲႏိုင္ဘူး ဆိုတဲ့စကားက ေ႐ွာင္းက်န္႔အတြက္ မွန္လြန္း
အားႀကီးေနတယ္။
ေ႐ွာင္းက်န္႔ရဲ႕ ကံေကာင္းျခင္းနဲ႔ ကံဆိုးျခင္းၾကားမွာ
နံရံပါးပါးေလး တစ္ခ်ပ္သာ ျခားထားသည္ထင္ရဲ႕....
ကံဆိုးျခင္းက ဝင္လာလိုက္တာမ်ား အလြယ္တကူ။
ကံဆိုးျခင္းေတြ အစျပဳရာက မလွမ္းမကမ္းက ၾကားလိုက္ရတဲ့ အသံတစ္ခု။ အသံပိုင္႐ွင္ဆိုရင္ ပိုမွန္လိမ့္မယ္။ ေငြ႐ွင္းေကာင္တာကေန ၾကားေနရတဲ့အသံက ေ႐ွာင္းက်န္႔ဘဝမွာ ဘယ္ေတာ့မွ ေမ့မရမယ့္ အက်ည္းတန္လြန္းတဲ့ အမွတ္တရေတြရဲ႕
ဖန္ဆင္း႐ွင္။
ဟင့္အင္း။ မျဖစ္ႏိုင္ဘူးမလား။ သူလူမွားတာပဲ ျဖစ္မယ္။ ဟုတ္တယ္။ လူမွားတာ။ ႏွစ္ေတြ ဒီေလာက္ေတာင္ ၾကာခဲ့ၿပီပဲ။ မ်က္ႏွာမျမင္ရဘဲ အသံနဲ႔တင္ ဒီလူလို႔ သတ္မွတ္လိုက္လို႔မွ မျဖစ္တာ။
မဟုတ္ဘူး...အဲ့လူမဟုတ္ဘူး။
လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လို႔ ကိုက္ထားတဲ့ နႈတ္ခမ္းကလည္း ေပါက္ျပဲမတတ္။
ဘယ္လိုပဲ မဟုတ္ပါဘူးလို႔ ျငင္းေနပါေစ။ တကယ္ပဲ အဲ့ဒီလူျဖစ္ေနခဲ့ရင္ သူဘယ္လိုရင္ဆိုင္မလဲ။ဟင့္အင္း။ သူမစဥ္းစားရဲဘူး။ ဒီေလာက္ ႏွစ္ေတြၾကာေနၿပီပဲ။ သူလည္း သတိမရေလာက္ေတာ့ဘူး မလား။ ဟုတ္တယ္။ ျပီးၿပီသား ကိစၥေတြကို ျပန္မေတြးနဲ႔။ ျဖစ္မလာေသးတဲ့ကိစၥေတြကိုလည္း
ေတြးပူမေနနဲ႔။ မင္းကအရင္က ေ႐ွာင္းက်န္႔
မဟုတ္ေတာ့ဘူး။ သတၱိ႐ွိစမ္းပါ။
ဒီေန႔ရဲ႕ အိမ္ျပန္လမ္းက ေ႐ွာင္းက်န္႔အတြက္ေတာ့
ေျခာက္ျခားဖြယ္။ အေနာက္က ၾကားေနရတဲ့ေျခသံေတြကို လ်စ္လ်ဴ႐ႈၿပီး အိမ္ျမန္ျမန္ေရာက္ေရးသာ အာရံုစိုက္ေနေပမယ့္ ေၾကာက္စိတ္ေၾကာင့္ ေခြၽးေစးေတြပင္ ပ်ံေနခဲ့သည္။ သူအခုအခ်ိန္မွာ အိမ္ျပန္ေရာက္ခ်င္တာပဲ သိတယ္။ ဘာကိုမွ ထိပ္တိုက္ရင္ဆိုင္ႏိုင္ဖို႔ သူ႔မွာ ခြန္အားမ႐ွိေသးဘူး။
အိမ္ျပန္ေရာက္တာနဲ႔ အခန္းထဲဝင္ၿပီး တံခါးကိုေလာ့ခ်
လိုက္တယ္။ ဝ႐ုန္းသုန္ကားဝင္လာတာေၾကာင့္ ပစၥည္းေတြကို ဝင္တိုက္မိသံေတြကို က်ိဳးခ်န္ၾကားသြားၿပီး
ေ႐ွာင္းက်န္႔အခန္းေ႐ွ႕ ေရာက္လာတယ္။
"ေ႐ွာင္းက်န္႔....ေ႐ွာင္းက်န္႔...ဘာျဖစ္လာတာလဲ"
"ဘာ..ဘာမွမျဖစ္ဘူး"
"ေ႐ွာင္းက်န္႔!!ဘာလို႔ဘာမွမျဖစ္ရမွာလဲ။မင္းအသံကမူ
မမွန္ဘူး။အမွန္အတိုင္းေျပာစမ္း။ဘာျဖစ္လာတာလဲ"
အခန္းတံခါးကို ေ႐ွာင္းက်န္႔ဖြင့္ေပးလိုက္ေတာ့ က်ိဳးခ်န္ကစိုးရိမ္တႀကီးေမးလာတယ္။
"ေ႐ွာင္းက်န္႔...မင္းတစ္ခုခုျဖစ္လာတယ္မလား..
ေျပာစမ္းပါ"
"ငါ...ငါဘာမွမျဖစ္ပါဘူး။"
"မင္းငါ့ကိုမွမေျပာရင္ဘယ္သူ႔ကိုေျပာမွာလဲ။ေျပာ"
"က်ိဳးခ်န္...ငါ..ငါဟိုလူ႔ကိုျပန္ေတြ႔ခဲ့တယ္"
"ဟိုလူဆိုတာ......ယဲ့မင္..ယဲ့မင္ကိုေျပာတာလား"
"အင္း...မ်က္ႏွာမျမင္ရေပမယ့္ သူ႔အသံဆိုတာ
ေသခ်ာတယ္"
"မျဖစ္ႏိုင္တာ။ အဲ့ေကာင္က ဒီကိုဘယ္လိုလုပ္"
"ငါ..ငါလည္းမသိဘူး။ သူ...သူငါ့ကိုလာ႐ွာတာ
မဟုတ္ဘူးမလား။ ငါ့ကိုလက္စားေခ်မလို႔လား"
"ေ႐ွာင္းက်န္႔!!ေလ်ွာက္မေတြးနဲ႔။ ႏွစ္ေတြ ဒီေလာက္
ၾကာေနၿပီ။ သူ႔အသံ ဟုတ္ခ်င္မွလည္း ဟုတ္မွာ။အသံ
ေျပာင္းသြားတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ သူမဟုတ္
ေလာက္ပါဘူး။ တကယ္လို႔ သူျဖစ္ေနရင္လည္း
မင္းဘာမွ ေၾကာက္စရာမလိုဘူး။ ငါ႐ွိတယ္"
"အင္း။ငါ....ငါမေၾကာက္ဘူး။ၿပီးခဲ့တာေတြလည္း ျပီး
ၿပီပဲ။ ငါက အရင္လို သူအႏိုင္က်င့္သမ်ွ ၿငိမ္ခံေနမယ့္သူ မဟုတ္ေတာ့ဘူး"
"အင္း။မင္းေတာ္တယ္။ဘာမွမေၾကာက္နဲ႔ေတာ့ ဟုတ္ၿပီလား"
"က်ိဳးခ်န္။ရိေပၚကို ဒီအေၾကာင္းေတြမေျပာပါနဲ႔ေနာ္"
"ငါနားလည္ပါတယ္။စိတ္ခ်ပါ။ငါမေျပာဘူး"
"အင္း။ေက်းဇူးပါ က်ိဳးခ်န္။ငါလိုအပ္တဲ့အခ်ိ္န္တိုင္း
မင္း႐ွိေနေပးတယ္။မင္းသာမ႐ွိရင္ ငါတစ္ေယာက္တည္းၿပိဳလဲေနမိမွာ"
"ငါေတာ့အဲ့လိုမထင္ပါဘူး။မင္းပံုစံကငါမ႐ွိလည္း
အဆင္ေျပမွာပါ။မင္းကအရင္ကေ႐ွာင္းက်န္႔မွ မဟုတ္တာ။မင္းေျပာင္းလဲသြားၿပီ"
"ငါ...ငါကေျပာင္းလဲတယ္"
"အင္း"
"ငါဘာေျပာင္းလဲလို႔လဲ"
"ငါကမင္းကိုအရိပ္တၾကည့္ၾကည့္ေနလာတဲ့ေကာင္ပါကြာ။ မင္းရဲ႕ေျပာင္းလဲမႈေသးေသးေလးကအစ
ငါသတိထားမိတယ္။ အခုမွပဲၿပီးျပည့္စံုတဲ့ေ႐ွာင္းက်န္႔
ကိုျမင္ရေတာ့တယ္။ အရင္က ေ႐ွာင္းက်န္႔ကတစ္ခုခု
ေပ်ာက္ဆံုးေနသလိုပဲ...။ မင္းကိုၿပီးျပည့္စံုေစတဲ့ တစ္စံု
တစ္ေယာက္ကို ႐ွာေတြ႔ခဲ့ၿပီေပါ့"
"......"
"ရိေပၚမလား"
"မင္းဘယ္လိုသိ...."
"ဒီေလာက္သိသာေနတာကိုကြာ။ ဝမ္ရိေပၚသာမရိပ္
မိေသးဘူးဆိုရင္ သူကငတံုးပဲ"
"အဲ့ေလာက္သိသာသြားတယ္ေပါ့။ ငါလည္းမသိေတာ့ပါဘူး... အဲ့ဒီေကာင္ေလးကိုဘာလို႔ခ်စ္မိသြားလဲဆိုတာကို...ဒါေပမယ့္ေသခ်ာတာတစ္ခုက မင္းေျပာသလိုပဲ သူက ငါ့ဘဝကို ျပီးျပည့္စံုေစခဲ့တယ္"
"မင္းအခုလိုအဆင္ေျပေနတာ ငါဝမ္းသာပါတယ္။
ဝမ္ရိေပၚကိုေတာ့ ၾကည့္မရေပမယ့္ေပါ့"
"ဟားဟား ရိေပၚကခင္ဖို႔ေကာင္းပါတယ္။မင္းနဲ႔ရိေပၚကတူတဲ့အခ်က္ေတြအမ်ားႀကီး႐ွိတယ္"
"မတူပါဘူး။အဲ့ေကာင္နဲ႔ဘယ္ေနရာတူေနလို႔လဲ"
"တူတယ္။ မင္းတို႔ႏွစ္ေယာက္လံုးက ေႏြးေထြးမႈေပး
ႏိုင္တယ္။ မင္းတို႔အနားမွာ႐ွိေနရင္ လံုျခံဳသလို ခံစားရတယ္"
"ေျပာတတ္တယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ မင္းလိုအပ္တဲ့
အခ်ိန္တိုင္း ငါ႐ွိတယ္ဆိုတာေတာ့ သတိရေပး"
"အင္း။ေက်းဇူးပါ က်ိဳးခ်န္။ငါအဆင္ေျပပါတယ္"
"ေက်းဇူးဆိုတဲ့ စကားကို ေနာက္တစ္ခါ ထပ္ေျပာရင္
ငါစိတ္ဆိုးမွာေနာ္ ေ႐ွာင္းက်န္႔"
"ေအးပါကြာ။မေျပာေတာ့ပါဘူး။မင္းအလုပ္လုပ္ေနတာမလား ဆက္လုပ္ေလ။ငါလည္း ညစာျပင္ရဦးမယ္"
"မင္းအဆင္ေျပတာေသခ်ာတယ္ေနာ္"
"ငါအဆင္ေျပပါတယ္။စိတ္မပူနဲ႔"
"အင္း"
က်ိဳးခ်န္ထြက္သြားေတာ့မွ ေ႐ွာင္းက်န္႔ သက္ျပင္းတစ္ခ်က္ ခ်မိတယ္။ေလာကႀကီးက တကယ္မတရားတာပဲ။ သူ႔တစ္ေယာက္တည္းကိုပဲ ကြက္ၿပီးဒုကၡေပးေနတယ္ ထင္ရေလာက္ေအာင္...။
က်ိဳးခ်န္႐ွိေနလို ႔ေတာ္ေသးတာေပါ့။ တကယ္ေတာ့က်ိဳးခ်န္က တကယ္ပဲ သူလိုအပ္ခ်ိန္တိုင္း ႐ွိေနေပးခဲ့တယ္။
သူ႔ကိုကာကြယ္ေပးခဲ့တယ္။ ေ႐ွာင္းက်န္႔ထပ္ ငယ္တယ္ ဆိုေပမယ့္ အကိုတစ္ေယာက္လို ေစာင့္ေ႐ွာက္ေပးခဲ့တယ္။ အဲ့ဒီေန႔ကလည္း က်ိဳးခ်န္နဲ႔သာ မေတြ႔ခဲ့ဘူးဆိုရင္........
ျပန္မေတြးခ်င္ေလာက္ေအာင္ ဆိုးရြားတဲ့အတိတ္ေတြ
ပါပဲ။ မမွတ္မိခ်င္ေပမယ့္ ေမ့လို႔မွမရတာ။
မွတ္မွတ္ရရ... အဲ့ဒီအခ်ိန္တုန္းက ေ႐ွာင္းက်န္႔အသက္က 17ႏွစ္။ ပတ္ဝန္းက်င္ရဲ႕ ထိုးႏွက္မႈေတြေၾကာင့္ အရြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္ေနၿပီးျဖစ္တဲ့
ေ႐ွာင္းက်န္႔က လူေတြနဲ႔ အေရာတဝင္ေနေလ့မ႐ွိဘူး။
ခက္တာက... အဲ့ဒီလူေတြကပဲ ေ႐ွာင္းက်န္႔အနားကို
နည္းအမ်ိဳးမ်ိဴးနဲ႔ ခ်ဥ္းကပ္လာၾကတယ္။ဒါကိုေ႐ွာင္းက်န္႔ကသေဘာမက်ဘူး။
လူေတြရဲ႕ အျမင္မွာ သူ႔ကိုပံုစံအမ်ိဴးမ်ိဳးနဲ႔ ေဝဖန္သတ္မွတ္ၾကတယ္။ တခ်ိဳ႕အတြက္ သူက သနားစရာသတၱဝါတစ္ေကာင္ ။တခ်ိဳ႕အတြက္ေတာ့ ကစားစရာအ႐ုပ္တစ္ခု။ တစ္ခ်ိဳ႕အတြက္ေတာ့ အႏွိပ္စက္ခံလူသား။
ေ႐ွာင္းက်န္႔အနားကို ေရာက္လာတဲ့ သူတိုင္းက
ရည္ရြယ္ခ်က္ေတြ မတူၾကေပမယ့္ အဆံုးသတ္ကေတာ့ တူတူပါပဲ။သူတို႔ပ်င္းလာရင္..ကစားလို႔ဝသြားရင္
ေ႐ွာင္းက်န္႔အနားကေန သူတို႔ကိုယ္တိုင္ပဲ ျပန္ထြက္သြားၾကတယ္။ ဘာမွေတာ့ ထူးဆန္းမသြားပါဘူး။
အစကတည္းကမွ ေနရာမေပးခဲ့တာ။
အဲ့ဒီထဲမွာမွ ထူးထူးဆန္းဆန္း လီလီဆိုတဲ့ ေကာင္မေလးက ေခါင္းစဥ္ေနာက္တစ္မ်ိဳးနဲ႔ ဝင္ေရာက္လာခဲ့တယ္။ အခ်စ္တဲ့...။ အဲ့ဒီအခ်ိန္တုန္းက သူေျပာတဲ့ အခ်စ္ဆိုတာကို စိတ္႐ႈပ္စရာလို႔ပဲ ျမင္ခဲ့တယ္။ ဟုတ္တယ္။
လူေတြနဲ႔ မပတ္သတ္ခ်င္တဲ့ သူ႔အတြက္ေတာ့ စိတ္႐ႈပ္စရာ။ ဒီေကာင္မေလး မက္ေမာေလာက္စရာလည္း
သူ႔မွာဘာမွမ႐ွိဘူး။ အခ်ိန္တန္ရင္ ထြက္သြားမယ္
လို႔ ထင္ခဲ့မိေပမယ့္ ဒီေကာင္မေလးက ထင္ထားတာထပ္ ေခါင္းမာေနတဲ့အခါမွာ ေ႐ွာင္းက်န္႔ဘဝ ကံဆိုးမိုးေမွာင္က်ေတာ့တာပဲ။
လီလီ့ရဲ႕ ခ်စ္သူက ယဲ့မင္တဲ့။ လူဆိုးလူမိုက္တစ္ေယာက္။ မိဘအ႐ွိန္အဝါနဲ႔ ဆိုးေနတာဆို ပိုမွန္မယ္။လီလီ သူ႔ေနာက္ကို စလိုက္ပါၿပီ ဆိုကတည္းက လီလီ့ရဲ႕ခ်စ္သူဆိုတဲ့ တစ္ေယာက္ကလည္း သူ႔ကို အမ်ိဳးစံု
ဒုကၡေပးေတာ့တာပဲ။ လူဆိုးလူမိုက္တစ္ေယာက္နဲ႔ မ်က္မျမင္တစ္ေယာက္နဲ႔ ထိပ္တိုက္ေတြ႔ၾကပါၿပီတဲ့...။ အႏိုင္အရွံုးက ကြဲျပားေနၿပီးသားပဲေလ။ ဘယ္လိုၾကည့္ၾကည့္ ေ႐ွာင္းက်န္႔က မၿပိဳင္ခင္ကတည္းက ႐ွံုးၿပီးသား။
လီလီနဲ႔ ေဝးေဝးေနလို႔ေျပာတယ္။ ရတယ္.....
သြားေနက် ေကာ္ဖီဆိုင္ကို မသြားေတာ့ဘူး။
ျပန္ေနက် လမ္းကေနလည္း အိမ္မျပန္ေတာ့ဘူး။
အစကတည္းက နီးခ်င္ခဲ့တာမွ မဟုတ္တာ။
တစ္ခါတစ္ခါ အုပ္စုဖြဲ႔ၿပီးအႏိုင္က်င့္တယ္။ ရတယ္...
ေက်ာင္းမွာ ေခ်ာ္လဲတာလို႔ေျပာၿပီး အိမ္ကိုလိမ္လိုက္
တယ္။ ေ႐ွာင္ေျပးလို႔ရသေလာက္ ေ႐ွာင္ေျပးမယ္။
ထိပ္တိုက္ရင္ဆိုင္လည္း ႐ွံုးမယ့္အတူတူ မလိုတဲ့
သတၱိေတြ မေမြးခ်င္ဘူး။
အတိုင္းအတာတစ္ခုအထိ ေ႐ွာင္းက်န္႔ သည္းခံခဲ့ေပမယ့္ အဲ့ဒီအတိုင္းအတာကို ေက်ာ္လာတဲ့အခါ......
အဲ့ဒီေန႔က ထံုးစံအတိုင္းပဲ လီလီ့ကိစၥနဲ႔ ပတ္သတ္လို႔ ယဲ့မင္က ေ႐ွာင္းက်န္႔ကို ျပႆ နာ႐ွာတယ္။
"မင္းကိုငါ လီလီနဲ႔ေဝးေဝးေနလို႔ ေျပာတယ္မလား။
ဟိုေန႔က ဘာလို႔ မင္းလီလီ့နဲ႔ ေကာ္ဖီဆိုင္မွာ တူတူ ထိုင္ေနတာလဲ"
"အဲ့တာငါမသိဘူး။ ငါေခၚထားတာလည္း မဟုတ္ဘူး။
သူ႔ဟာသူ ေရာက္လာတာ။ သူနဲ႔ေဝးေဝးေနဆိုလို္႔
ငါသြားေနက် ေကာ္ဖီဆိုင္ကိုေတာင္ မသြားေတာ့ဘူး"
"မင္းဆင္ေျခေတြ လာေပးမေနနဲ႔။ ဘာလို႔လဲ...ဘာလို႔လီလီက မင္းလိုေကာင္အတြက္ ငါ့ကိုထားသြားရတာလဲ"
"......."
"မင္းက ငါ့ထပ္ ဘာေတြမ်ားသာေနလို႔လဲ။ မင္းလို
ဒုကၡိတက ဘာေတြမ်ား သာေနလို႔ မင္းမွမင္း ျဖစ္ေန
ရတာလဲ!!!"
"......"
"ဒီမ်က္ႏွာလွလွေလးေၾကာင့္လား"
ယဲ့မင္ရဲ႕လက္က ေ႐ွာင္းက်န္႔ပါးျပင္ေပၚကို လာထိေတြ႔တယ္။
"ဟက္။ မင္းက ေသခ်ာၾကည့္ေတာ့မွ ေတာ္ေတာ္ေခ်ာတာပဲ။ဟင့္အင္း...လွတာ...။ဒီမ်က္ႏွာလွလွေလး
ရယ္၊ အားႏြဲ႔တဲ့ခႏၶာကိုယ္ရယ္....ေ႐ွာင္းက်န္႔.. မင္းက
ေယာက်ာ္းစစ္စစ္ေရာဟုတ္ရဲ႕လား"
"ဘာ!!!!မင္းဘာစကားေျပာတာလဲ!!သည္းခံတာ
အတိုင္းအတာ႐ွိတယ္။အဲ့အတိုင္းအတာကို ေက်ာ္မလာနဲ႔"
"ဟားဟား...မင္းေျပာတဲ့သည္းခံႏိုင္တဲ့အတိုင္းအတာကို တစ္ေခါက္ေလာက္ ေက်ာ္ၾကည့္ရေအာင္။
မင္းဘာျပန္လုပ္ႏိုင္မလဲလို႔..."
ယဲ့မင္ရဲ႕လက္ေတြက ေ႐ွာင္းက်န္႔ရဲ႕ ပါးျပင္ေပၚကေန
တဆင့္ လည္တိုင္ေပၚကို ေရာက္လာခဲ့တယ္။
လက္တစ္ဖက္က ေ႐ွာင္းက်န္႔ခႏၶာကိုယ္အႏွံ႔ေျပးလႊား
ေနၿပီး က်န္လက္တစ္ဖက္ကေတာ့ ေ႐ွာင္းက်န္႔ရဲ႕
လက္ေတြကို ခ်ဳပ္ထားတယ္။
ဟင့္အင္း။ မျဖစ္ရဘူး။ ရြံစရာေကာင္းလြန္းတယ္။
႐ွက္တဲ့စိတ္ေရာ၊ ေဒါသေရာေပါင္းၿပီး ေ႐ွာင္းက်န္႔
အားကုန္သံုးလို႔ ကန္လိုက္တဲ့အခ်ိန္မွာ ယဲ့မင္လဲက်
သြားတယ္။ အဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ေ႐ွာင္းက်န္႔ ထြက္ေျပးလာခဲ့တယ္။
ဘယ္ကို ဦးတည္ၿပီး ေျပးေနမွန္းလည္း မသိေပမယ့္ သူမရပ္မနား ေျပးေနခဲ့တယ္။ အေနာက္က ၾကားေနရတဲ့ ေျခသံေတြနဲ႔ ေဝးရာကို ေျပးဖို႔ပဲ သူစိတ္အားသန္ေနတယ္ ။သူေျပးရမယ္။ မိသြားလို႔ လံုးဝမျဖစ္ဘူး....မျဖစ္ဘူး။
ေ႐ွာင္းက်န္႔ ေျပးေနရင္းနဲ႔ ႐ုတ္တရက္ ၾကားလိုက္ရတဲ့
အသံေၾကာင့္ ေျခလွမ္းေတြက ရပ္တန္႔သြားတယ္။
"ေ႐ွာင္းက်န္႔"
"က်ိဳးခ်န္....က်ိဳးခ်န္..ငါ့ကိုကယ္ပါဦး"
"ေ႐ွာင္းက်န္႔ မင္းျပန္မေရာက္ေသးလို႔ငါလိုက္႐ွာေနတာ။ဘာျဖစ္လာတာလဲ။ငါ့ကိုေျပာ"
"ငါ့ကိုဒီေနရာကေနအျမန္ေခၚသြားေပးပါ။ျမန္ျမန္"
"အင္း အင္း...သြားမယ္ေနာ္"
အဲ့ဒီေန႔ကစၿပီး ေ႐ွာင္းက်န္႔ အခန္းထဲက မထြက္ေတာ့ဘဲ ကိုယ့္ကိုယ္ကိုယ္ ပိတ္ေလွာင္ထားခဲ့တယ္။ဘာလို႔လဲ။ ဘာလို႔သူျဖစ္ေနရတာလဲ။ သူဘာေတြမ်ားလုပ္
မိလို္လဲ။ သူဘယ္သူ႔အေပၚကို မေကာင္းၾကံဖူးလို႔လဲ။
ဘာလို႔အားလံုးရဲ႕ ပစ္မွတ္က သူျဖစ္ေနရတာလဲ။
တစ္ပတ္တိတိ အခန္းထဲက အခန္းျပင္မထြက္လာတဲ့ ေ႐ွာင္းက်န္႔က အေမွာင္ထဲမွာ တစ္ေယာက္တည္း
ထိုင္စဥ္းစားေနမိတယ္။ ေနာက္ဆံုးမွာ သူသိလိုက္တယ္။ သူက ဘယ္ေတာ့မွ ရင္ဆိုင္ဖို႔ မႀကိဳးစားဘဲ ေ႐ွာင္ေျပးေနခဲ့တာပဲ။ အဲ့တာက သူ႔ကို သတၱိနည္းတဲ့သူလို႔ ထင္သြားေစတယ္။ဒါေၾကာင့္ပဲ
သူက အားလံုးရဲ႕ ပစ္မွတ္ ျဖစ္လာခဲ့တာ။
ေနာက္ဆံုးမွာေတာ့ သူရင္ဆိုင္ဖို႔ ဆံုးျဖတ္လိုက္တယ္။
ဘယ္သူ႔အတြက္မွ မဟုတ္ဘဲ သူ႔အတြက္သူ ျပန္ၿပီး
တိုက္ခိုက္ရမယ္။ သူ႔ကိုယ္သူ ကာကြယ္ရမယ္။
အျဖစ္မွန္ေတြကို ဦးေလးကို ေျပာျပလိုက္ေတာ့ ဦးေလးက ယဲ့မင္ကို တိုင္ခ်က္ဖြင့္္တယ္။
သက္ေသအျပည့္အစံု႐ွိေပမယ့္ ယဲ့မင္မိဘေတြေၾကာင့္ရယ္၊ အသက္မျပည့္ေသးတာရယ္ေၾကာင့္ ယဲ့မင္ကို လူငယ္ေလ့က်င့္ထိန္းသိမ္းေရးစခန္းကိုပဲ ပို႔လိုက္ၾကတယ္။
ဒါေပမယ့္ ေ႐ွာင္းက်န္႔ ေၾကာက္ေနတုန္းပဲ။ ယဲ့မင္က အရမ္းအၿငိဳးႀကီးတယ္။ သူ႔ကိုထပ္ၿပီး ထိခိုက္ေအာင္ လုပ္ဦးမယ္ဆိုတာကို ေ႐ွာင္းက်န္႔သိတယ္။
ေ႐ွာင္းက်န္႔ရဲ႕ စိတ္ကို နားလည္တဲ့ ဦးေလးက
အဲ့ဒီၿမိဳ႕ကေန ေျပာင္းခဲ့တယ္။ေနရာအသစ္မွာ စိတ္
သစ္လူသစ္နဲ႔ ျပန္ေနဖို႔ အေကာင္းဆံုး ႀကိဳးစားခဲ့ေပမယ့္ ယဲ့မင္က ေ႐ွာင္းက်န္႔အတြက္ ေမ့မရမယ့္
အိပ္မက္ဆိုးပဲ။
အခု ေ႐ွာင္းက်န္႔ဘဝက သာမန္အတိုင္းေလး
လည္ပတ္ေနခဲ့ၿပီ။ ဝါသနာပါတဲ့ ပန္းခ်ီဆြဲတဲ့ အလုပ္ကိုလည္း လုပ္ႏိုင္ခဲ့ၿပီ။ ပံုမ်န္ဝင္ေငြရတဲ့အလုပ္ေလးတစ္ခုလည္း
႐ွိေနခဲ့ၿပီ။ အသက္တမ်ွ ခ်စ္ရတဲ့သူလည္း ႐ွိေနခဲ့ၿပီ။
အရာအားလံုး အတည္တက် ျဖစ္ေနခဲ့ၿပီဆိုခါမွ
ဘာလို႔ သူက ျပန္ေပၚလာရတာလဲ။
သူမဟုတ္တာလည္း ျဖစ္ႏိုင္တာပဲ။
10ႏွစ္ေက်ာ္ေက်ာ္ မၾကားခဲ့ရတဲ့အသံကို အခုျပန္ၾကား
ရရံုေလးနဲ႔ သူလို႔သတ္မွတ္လို႔မွမရတာ။
က်ိဳးခ်န္ေျပာသလို ေျပာင္းလဲသြားႏိုင္တာပဲေလ။
တကယ္လို႔ သူျဖစ္ေနခဲ့ရင္လည္း 10ႏွစ္ေတာင္
႐ွိခဲ့ၿပီပဲ။ သူလည္းအၿငိဳးေတြ ပ်ယ္ေရာေပါ့။ ဟုတ္တယ္။ဘာမွေၾကာက္ေနစရာမလိုဘူး။
တကယ္ပဲ ယဲ့မင္ျဖစ္ေနရင္လည္း ဒီတစ္ခါ ထြက္မေျပး
ေတာ့ဘူး။ သူကာကြယ္ရမယ့္ အရာေတြ ႐ွိေသးတယ္။
သူ႔ရဲ႕တည္ၿငိမ္ေနတဲ့ ဘဝေလးနဲ႔ သူခ်စ္ရတဲ့ ရိေပၚကို
သူကာကြယ္ရဦးမယ္။ သူေပ်ာ့ညံ့လို႔မျဖစ္ဘူး။
မင္းနာမည္ေလးကို ေရရြတ္လို႔ သတၱိေမြးၾကည့္မယ္။
ဒီတစ္ခါေတာ့ ကိုယ္မ႐ွံုးေစရပါဘူး။
_______________________________
Unicode
ကံကောင်းခြင်းတွေက တကယ်ကို ကြာရှည် မတည်
မြဲနိုင်ဘူး ဆိုတဲ့စကားက ရှောင်းကျန့်အတွက် မှန်လွန်း
အားကြီးနေတယ်။
ရှောင်းကျန့်ရဲ့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းကြားမှာ
နံရံပါးပါးလေး တစ်ချပ်သာ ခြားထားသည်ထင်ရဲ့....
ကံဆိုးခြင်းက ဝင်လာလိုက်တာများ အလွယ်တကူ။
ကံဆိုးခြင်းတွေ အစပြုရာက မလှမ်းမကမ်းက ကြားလိုက်ရတဲ့ အသံတစ်ခု။ အသံပိုင်ရှင်ဆိုရင် ပိုမှန်လိမ့်မယ်။ငွေရှင်းကောင်တာကနေ ကြားနေရတဲ့အသံက ရှောင်းကျန့်ဘဝမှာ ဘယ်တော့မှမေ့မရမယ့် အကျည်းတန်လွန်းတဲ့ အမှတ်တရတွေရဲ့
ဖန်ဆင်းရှင်။
ဟင့်အင်း။ မဖြစ်နိုင်ဘူးမလား။ သူလူမှားတာပဲ ဖြစ်မယ်။ ဟုတ်တယ်။ လူမှားတာ။ နှစ်တွေ ဒီလောက်တောင် ကြာခဲ့ပြီပဲ။ မျက်နှာမမြင်ရဘဲ အသံနဲ့တင် ဒီလူလို့ သတ်မှတ်လိုက်လို့မှ မဖြစ်တာ။
မဟုတ်ဘူး...အဲ့လူမဟုတ်ဘူး။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ ကိုက်ထားတဲ့ နှုတ်ခမ်းကလည်းပေါက်ပြဲမတတ်။
ဘယ်လိုပဲ မဟုတ်ပါဘူးလို့ ငြင်းနေပါစေ။ တကယ်ပဲ အဲ့ဒီလူဖြစ်နေခဲ့ရင် သူဘယ်လိုရင်ဆိုင်မလဲ။ဟင့်အင်း။ သူမစဉ်းစားရဲဘူး။ ဒီလောက် နှစ်တွေကြာနေပြီပဲ။ သူလည်း သတိမရလောက်တော့ဘူး မလား။ ဟုတ်တယ်။ ပြီးပြီသား ကိစ္စတွေကို ပြန်မတွေးနဲ့။ ဖြစ်မလာသေးတဲ့ကိစ္စတွေကိုလည်း
တွေးပူမနေနဲ့။ မင်းကအရင်ကရှောင်းကျန့်
မဟုတ်တော့ဘူး။ သတ္တိရှိစမ်းပါ။
ဒီနေ့ရဲ့ အိမ်ပြန်လမ်းကရှောင်းကျန့်အတွက်တော့
ခြောက်ခြားဖွယ်။ အနောက်က ကြားနေရတဲ့ခြေသံတွေကို လျစ်လျူရှုပြီး အိမ်မြန်မြန်ရောက်ရေးသာ အာရုံစိုက်နေပေမယ့် ကြောက်စိတ်ကြောင့်ချွေးစေးတွေပင် ပျံနေခဲ့သည်။ သူအခုအချိန်မှာ အိမ်ပြန်ရောက်ချင်တာပဲ သိတယ်။ ဘာကိုမှ ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ သူ့မှာ ခွန်အားမရှိသေးဘူး။
အိမ်ပြန်ရောက်တာနဲ့ အခန်းထဲဝင်ပြီး တံခါးကိုလော့ချ
လိုက်တယ်။ ဝရုန်းသုန်ကားဝင်လာတာကြောင့် ပစ္စည်းတွေကို ဝင်တိုက်မိသံတွေကို ကျိုးချန်ကြားသွားပြီး
ရှောင်းကျန့်အခန်းရှေ့ရောက်လာတယ်။
"ရှောင်းကျန့်....ရှောင်းကျန့်...ဘာဖြစ်လာတာလဲ"
"ဘာ..ဘာမှမဖြစ်ဘူး"
"ရှောင်းကျန့်!!ဘာလို့ဘာမှမဖြစ်ရမှာလဲ။မင်းအသံကမူ
မမှန်ဘူး။အမှန်အတိုင်းပြောစမ်း။ဘာဖြစ်လာတာလဲ"
အခန်းတံခါးကိုရှောင်းကျန့်ဖွင့်ပေးလိုက်တော့ ကျိုးချန်ကစိုးရိမ်တကြီးမေးလာတယ်။
"ရှောင်းကျန့်...မင်းတစ်ခုခုဖြစ်လာတယ်မလား..
ပြောစမ်းပါ"
"ငါ...ငါဘာမှမဖြစ်ပါဘူး။"
"မင်းငါ့ကိုမှမပြောရင်ဘယ်သူ့ကိုပြောမှာလဲ။ပြော"
"ကျိုးချန်...ငါ..ငါဟိုလူ့ကိုပြန်တွေ့ခဲ့တယ်"
"ဟိုလူဆိုတာ......ယဲ့မင်..ယဲ့မင်ကိုပြောတာလား"
"အင်း...မျက်နှာမမြင်ရပေမယ့် သူ့အသံဆိုတာ
သေချာတယ်"
"မဖြစ်နိုင်တာ။ အဲ့ကောင်က ဒီကိုဘယ်လိုလုပ်"
"ငါ..ငါလည်းမသိဘူး။ သူ...သူငါ့ကိုလာရှာတာ
မဟုတ်ဘူးမလား။ ငါ့ကိုလက်စားချေမလို့လား"
"ရှောင်းကျန့်!!လျှောက်မတွေးနဲ့။ နှစ်တွေ ဒီလောက်
ကြာနေပြီ။ သူ့အသံ ဟုတ်ချင်မှလည်း ဟုတ်မှာ။အသံ
ပြောင်းသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူမဟုတ်
လောက်ပါဘူး။ တကယ်လို့ သူဖြစ်နေရင်လည်း
မင်းဘာမှကြောက်စရာမလိုဘူး။ ငါရှိတယ်"
"အင်း။ငါ....ငါမကြောက်ဘူး။ပြီးခဲ့တာတွေလည်း ပြီး
ပြီပဲ။ ငါက အရင်လို သူအနိုင်ကျင့်သမျှ ငြိမ်ခံနေမယ့်သူ မဟုတ်တော့ဘူး"
"အင်း။မင်းတော်တယ်။ဘာမှမကြောက်နဲ့တော့ ဟုတ်ပြီလား"
"ကျိုးချန်။ရိပေါ်ကို ဒီအကြောင်းတွေမပြောပါနဲ့နော်"
"ငါနားလည်ပါတယ်။စိတ်ချပါ။ငါမပြောဘူး"
"အင်း။ကျေးဇူးပါ ကျိုးချန်။ငါလိုအပ်တဲ့အချိ်န်တိုင်း
မင်းရှိနေပေးတယ်။မင်းသာမရှိရင် ငါတစ်ယောက်တည်းပြိုလဲနေမိမှာ"
"ငါတော့အဲ့လိုမထင်ပါဘူး။မင်းပုံစံကငါမရှိလည်း
အဆင်ပြေမှာပါ။မင်းကအရင်ကရှောင်းကျန့်မှ မဟုတ်တာ။မင်းပြောင်းလဲသွားပြီ"
"ငါ...ငါကပြောင်းလဲတယ်"
"အင်း"
"ငါဘာပြောင်းလဲလို့လဲ"
"ငါကမင်းကိုအရိပ်တကြည့်ကြည့်နေလာတဲ့ကောင်ပါကွာ။ မင်းရဲ့ပြောင်းလဲမှုသေးသေးလေးကအစ
ငါသတိထားမိတယ်။ အခုမှပဲပြီးပြည့်စုံတဲ့ရှောင်းကျန့်
ကိုမြင်ရတော့တယ်။ အရင်ကရှောင်းကျန့်ကတစ်ခုခု
ပျောက်ဆုံးနေသလိုပဲ...။ မင်းကိုပြီးပြည့်စုံစေတဲ့ တစ်စုံ
တစ်ယောက်ကို ရှာတွေ့ခဲ့ပြီပေါ့"
"......"
"ရိပေါ်မလား"
"မင်းဘယ်လိုသိ...."
"ဒီလောက်သိသာနေတာကိုကွာ။ ဝမ်ရိပေါ်သာမရိပ်
မိသေးဘူးဆိုရင် သူကငတုံးပဲ"
"အဲ့လောက်သိသာသွားတယ်ပေါ့။ ငါလည်းမသိတော့ပါဘူး... အဲ့ဒီကောင်လေးကိုဘာလို့ချစ်မိသွားလဲဆိုတာကို...ဒါပေမယ့်သေချာတာတစ်ခုက မင်းပြောသလိုပဲ သူက ငါ့ဘဝကို ပြီးပြည့်စုံစေခဲ့တယ်"
"မင်းအခုလိုအဆင်ပြေနေတာ ငါဝမ်းသာပါတယ်။
ဝမ်ရိပေါ်ကိုတော့ ကြည့်မရပေမယ့်ပေါ့"
"ဟားဟား ရိပေါ်ကခင်ဖို့ကောင်းပါတယ်။မင်းနဲ့ရိပေါ်ကတူတဲ့အချက်တွေအများကြီးရှိတယ်"
"မတူပါဘူး။အဲ့ကောင်နဲ့ဘယ်နေရာတူနေလို့လဲ"
"တူတယ်။ မင်းတို့နှစ်ယောက်လုံးက နွေးထွေးမှုပေး
နိုင်တယ်။ မင်းတို့အနားမှာရှိနေရင် လုံခြုံသလို ခံစားရတယ်"
"ပြောတတ်တယ်နော်။ ဘာပဲဖြစ်ဖြစ် မင်းလိုအပ်တဲ့
အချိန်တိုင်း ငါရှိတယ်ဆိုတာတော့ သတိရပေး"
"အင်း။ကျေးဇူးပါ ကျိုးချန်။ငါအဆင်ပြေပါတယ်"
"ကျေးဇူးဆိုတဲ့ စကားကိုနောက်တစ်ခါ ထပ်ပြောရင်
ငါစိတ်ဆိုးမှာနော် ရှောင်းကျန့်"
"အေးပါကွာ။မပြောတော့ပါဘူး။မင်းအလုပ်လုပ်နေတာမလား ဆက်လုပ်လေ။ငါလည်း ညစာပြင်ရဦးမယ်"
"မင်းအဆင်ပြေတာသေချာတယ်နော်"
"ငါအဆင်ပြေပါတယ်။စိတ်မပူနဲ့"
"အင်း"
ကျိုးချန်ထွက်သွားတော့မှ ရှောင်းကျန့် သက်ပြင်းတစ်ချက် ချမိတယ်။လောကကြီးက တကယ်မတရားတာပဲ။ သူ့တစ်ယောက်တည်းကိုပဲ ကွက်ပြီးဒုက္ခပေးနေတယ် ထင်ရလောက်အောင်...။
ကျိုးချန်ရှိနေလို့ တော်သေးတာပေါ့။ တကယ်တော့ကျိုးချန်က တကယ်ပဲ သူလိုအပ်ချိန်တိုင်း ရှိနေပေးခဲ့တယ်။
သူ့ကိုကာကွယ်ပေးခဲ့တယ်။ရှောင်းကျန့်ထပ် ငယ်တယ် ဆိုပေမယ့် အကိုတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တယ်။ အဲ့ဒီနေ့ကလည်း ကျိုးချန်နဲ့သာ မတွေ့ခဲ့ဘူးဆိုရင်........
ပြန်မတွေးချင်လောက်အောင် ဆိုးရွားတဲ့အတိတ်တွေ
ပါပဲ။ မမှတ်မိချင်ပေမယ့် မေ့လို့မှမရတာ။
မှတ်မှတ်ရရ... အဲ့ဒီအချိန်တုန်းကရှောင်းကျန့်အသက်က 17နှစ်။ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်နေပြီးဖြစ်တဲ့
ရှောင်းကျန့်က လူတွေနဲ့ အရောတဝင်နေလေ့မရှိဘူး။
ခက်တာက... အဲ့ဒီလူတွေကပဲရှောင်းကျန့်အနားကို
နည်းအမျိုးမျိူးနဲ့ ချဉ်းကပ်လာကြတယ်။ဒါကိုရှောင်းကျန့်ကသဘောမကျဘူး။
လူတွေရဲ့ အမြင်မှာ သူ့ကိုပုံစံအမျိူးမျိုးနဲ့ဝေဖန်သတ်မှတ်ကြတယ်။ တချို့အတွက် သူက သနားစရာသတ္တဝါတစ်ကောင် ။တချို့အတွက်တော့ ကစားစရာအရုပ်တစ်ခု။ တစ်ချို့အတွက်တော့ အနှိပ်စက်ခံလူသား။
ရှောင်းကျန့်အနားကိုရောက်လာတဲ့ သူတိုင်းက
ရည်ရွယ်ချက်တွေ မတူကြပေမယ့် အဆုံးသတ်ကတော့ တူတူပါပဲ။သူတို့ပျင်းလာရင်..ကစားလို့ဝသွားရင်
ရှောင်းကျန့်အနားကနေ သူတို့ကိုယ်တိုင်ပဲ ပြန်ထွက်သွားကြတယ်။ ဘာမှတော့ ထူးဆန်းမသွားပါဘူး။
အစကတည်းကမှ နေရာမပေးခဲ့တာ။
အဲ့ဒီထဲမှာမှ ထူးထူးဆန်းဆန်း လီလီဆိုတဲ့ကောင်မလေးကခေါင်းစဉ်နောက်တစ်မျိုးနဲ့ ဝင်ရောက်လာခဲ့တယ်။ အချစ်တဲ့...။ အဲ့ဒီအချိန်တုန်းက သူပြောတဲ့ အချစ်ဆိုတာကို စိတ်ရှုပ်စရာလို့ပဲ မြင်ခဲ့တယ်။ ဟုတ်တယ်။
လူတွေနဲ့ မပတ်သတ်ချင်တဲ့ သူ့အတွက်တော့ စိတ်ရှုပ်စရာ။ ဒီကောင်မလေး မက်မောလောက်စရာလည်း
သူ့မှာဘာမှမရှိဘူး။ အချိန်တန်ရင် ထွက်သွားမယ်
လို့ ထင်ခဲ့မိပေမယ့် ဒီကောင်မလေးက ထင်ထားတာထပ်ခေါင်းမာနေတဲ့အခါမှာ ရှောင်းကျန့်ဘဝ ကံဆိုးမိုးမှောင်ကျတော့တာပဲ။
လီလီ့ရဲ့ ချစ်သူက ယဲ့မင်တဲ့။ လူဆိုးလူမိုက်တစ်ယောက်။ မိဘအရှိန်အဝါနဲ့ ဆိုးနေတာဆို ပိုမှန်မယ်။လီလီ သူ့နောက်ကို စလိုက်ပါပြီ ဆိုကတည်းက လီလီ့ရဲ့ချစ်သူဆိုတဲ့ တစ်ယောက်ကလည်း သူ့ကို အမျိုးစုံ
ဒုက္ခပေးတော့တာပဲ။ လူဆိုးလူမိုက်တစ်ယောက်နဲ့ မျက်မမြင်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ကြပါပြီတဲ့...။ အနိုင်အရှုံးက ကွဲပြားနေပြီးသားပဲလေ။ ဘယ်လိုကြည့်ကြည့်ရှောင်းကျန့်က မပြိုင်ခင်ကတည်းက ရှုံးပြီးသား။
လီလီနဲ့ဝေးဝေးနေလို့ပြောတယ်။ ရတယ်.....
သွားနေကျ ကော်ဖီဆိုင်ကို မသွားတော့ဘူး။
ပြန်နေကျ လမ်းကနေလည်း အိမ်မပြန်တော့ဘူး။
အစကတည်းက နီးချင်ခဲ့တာမှ မဟုတ်တာ။
တစ်ခါတစ်ခါ အုပ်စုဖွဲ့ပြီးအနိုင်ကျင့်တယ်။ ရတယ်...
ကျောင်းမှာချော်လဲတာလို့ပြောပြီး အိမ်ကိုလိမ်လိုက်
တယ်။ရှောင်ပြေးလို့ရသလောက် ရှောင်ပြေးမယ်။
ထိပ်တိုက်ရင်ဆိုင်လည်း ရှုံးမယ့်အတူတူ မလိုတဲ့
သတ္တိတွေ မမွေးချင်ဘူး။
အတိုင်းအတာတစ်ခုအထိ ရှောင်းကျန့် သည်းခံခဲ့ပေမယ့် အဲ့ဒီအတိုင်းအတာကိုကျော်လာတဲ့အခါ......
အဲ့ဒီနေ့က ထုံးစံအတိုင်းပဲ လီလီ့ကိစ္စနဲ့ ပတ်သတ်လို့ ယဲ့မင်က ရှောင်းကျန့်ကို ပြဿ နာရှာတယ်။
"မင်းကိုငါ လီလီနဲ့ဝေးဝေးနေလို့ပြောတယ်မလား။
ဟိုနေ့က ဘာလို့ မင်းလီလီ့နဲ့ကော်ဖီဆိုင်မှာ တူတူ ထိုင်နေတာလဲ"
"အဲ့တာငါမသိဘူး။ ငါခေါ်ထားတာလည်း မဟုတ်ဘူး။
သူ့ဟာသူရောက်လာတာ။ သူနဲ့ဝေးဝေးနေဆိုလို့်
ငါသွားနေကျကော်ဖီဆိုင်ကိုတောင် မသွားတော့ဘူး"
"မင်းဆင်ခြေတွေ လာပေးမနေနဲ့။ ဘာလို့လဲ...ဘာလို့လီလီက မင်းလိုကောင်အတွက် ငါ့ကိုထားသွားရတာလဲ"
"......."
"မင်းက ငါ့ထပ် ဘာတွေများသာနေလို့လဲ။ မင်းလို
ဒုက္ခိတက ဘာတွေများ သာနေလို့ မင်းမှမင်း ဖြစ်နေ
ရတာလဲ!!!"
"......"
"ဒီမျက်နှာလှလှလေးကြောင့်လား"
ယဲ့မင်ရဲ့လက်က ရှောင်းကျန့်ပါးပြင်ပေါ်ကို လာထိတွေ့တယ်။
"ဟက်။ မင်းကသေချာကြည့်တော့မှ တော်တော်ချောတာပဲ။ဟင့်အင်း...လှတာ...။ဒီမျက်နှာလှလှလေး
ရယ်၊ အားနွဲ့တဲ့ခန္ဓာကိုယ်ရယ်....ရှောင်းကျန့်.. မင်းက
ယောကျာ်းစစ်စစ်ရောဟုတ်ရဲ့လား"
"ဘာ!!!!မင်းဘာစကားပြောတာလဲ!!သည်းခံတာ
အတိုင်းအတာရှိတယ်။အဲ့အတိုင်းအတာကိုကျော်မလာနဲ့"
"ဟားဟား...မင်းပြောတဲ့သည်းခံနိုင်တဲ့အတိုင်းအတာကို တစ်ခေါက်လောက်ကျော်ကြည့်ရအောင်။
မင်းဘာပြန်လုပ်နိုင်မလဲလို့..."
ယဲ့မင်ရဲ့လက်တွေကရှောင်းကျန့်ရဲ့ ပါးပြင်ပေါ်ကနေ
တဆင့် လည်တိုင်ပေါ်ကိုရောက်လာခဲ့တယ်။
လက်တစ်ဖက်ကရှောင်းကျန့်ခန္ဓာကိုယ်အနှံ့ပြေးလွှား
နေပြီး ကျန်လက်တစ်ဖက်ကတော့ ရှောင်းကျန့်ရဲ့
လက်တွေကို ချုပ်ထားတယ်။
ဟင့်အင်း။ မဖြစ်ရဘူး။ ရွံစရာကောင်းလွန်းတယ်။
ရှက်တဲ့စိတ်ရော၊ဒေါသရောပေါင်းပြီးရှောင်းကျန့်
အားကုန်သုံးလို့ ကန်လိုက်တဲ့အချိန်မှာ ယဲ့မင်လဲကျ
သွားတယ်။ အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရှောင်းကျန့် ထွက်ပြေးလာခဲ့တယ်။
ဘယ်ကို ဦးတည်ပြီးပြေးနေမှန်းလည်း မသိပေမယ့် သူမရပ်မနားပြေးနေခဲ့တယ်။ အနောက်က ကြားနေရတဲ့ ခြေသံတွေနဲ့ဝေးရာကိုပြေးဖို့ပဲ သူစိတ်အားသန်နေတယ် ။သူပြေးရမယ်။ မိသွားလို့ လုံးဝမဖြစ်ဘူး....မဖြစ်ဘူး။
ရှောင်းကျန့်ပြေးနေရင်းနဲ့ ရုတ်တရက် ကြားလိုက်ရတဲ့
အသံကြောင့်ခြေလှမ်းတွေက ရပ်တန့်သွားတယ်။
"ရှောင်းကျန့်"
"ကျိုးချန်....ကျိုးချန်..ငါ့ကိုကယ်ပါဦး"
"ရှောင်းကျန့် မင်းပြန်မရောက်သေးလို့ငါလိုက်ရှာနေတာ။ဘာဖြစ်လာတာလဲ။ငါ့ကိုပြော"
"ငါ့ကိုဒီနေရာကနေအမြန်ခေါ်သွားပေးပါ။မြန်မြန်"
"အင်း အင်း...သွားမယ်နော်"
အဲ့ဒီနေ့ကစပြီးရှောင်းကျန့် အခန်းထဲက မထွက်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့တယ်။ဘာလို့လဲ။ ဘာလို့သူဖြစ်နေရတာလဲ။ သူဘာတွေများလုပ်
မိလိုလဲ။ သူဘယ်သူ့အပေါ်ကို မကောင်းကြံဖူးလို့လဲ။
ဘာလို့အားလုံးရဲ့ ပစ်မှတ်က သူဖြစ်နေရတာလဲ။
တစ်ပတ်တိတိ အခန်းထဲက အခန်းပြင်မထွက်လာတဲ့ရှောင်းကျန့်က အမှောင်ထဲမှာ တစ်ယောက်တည်း
ထိုင်စဉ်းစားနေမိတယ်။နောက်ဆုံးမှာ သူသိလိုက်တယ်။ သူက ဘယ်တော့မှ ရင်ဆိုင်ဖို့ မကြိုးစားဘဲ ရှောင်ပြေးနေခဲ့တာပဲ။ အဲ့တာက သူ့ကို သတ္တိနည်းတဲ့သူလို့ ထင်သွားစေတယ်။ဒါကြောင့်ပဲ
သူက အားလုံးရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာ။
နောက်ဆုံးမှာတော့ သူရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘယ်သူ့အတွက်မှ မဟုတ်ဘဲ သူ့အတွက်သူ ပြန်ပြီး
တိုက်ခိုက်ရမယ်။ သူ့ကိုယ်သူ ကာကွယ်ရမယ်။
အဖြစ်မှန်တွေကို ဦးလေးကိုပြောပြလိုက်တော့ ဦးလေးက ယဲ့မင်ကို တိုင်ချက်ဖွင့်တယ်။
သက်သေအပြည့်အစုံရှိပေမယ့် ယဲ့မင်မိဘတွေကြောင့်ရယ်၊ အသက်မပြည့်သေးတာရယ်ကြောင့် ယဲ့မင်ကို လူငယ်လေ့ကျင့်ထိန်းသိမ်းရေးစခန်းကိုပဲ ပို့လိုက်ကြတယ်။
ဒါပေမယ့် ရှောင်းကျန့်ကြောက်နေတုန်းပဲ။ ယဲ့မင်က အရမ်းအငြိုးကြီးတယ်။ သူ့ကိုထပ်ပြီး ထိခိုက်အောင် လုပ်ဦးမယ်ဆိုတာကိုရှောင်းကျန့်သိတယ်။
ရှောင်းကျန့်ရဲ့ စိတ်ကို နားလည်တဲ့ ဦးလေးက
အဲ့ဒီမြို့ကနေပြောင်းခဲ့တယ်။နေရာအသစ်မှာ စိတ်
သစ်လူသစ်နဲ့ ပြန်နေဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ယဲ့မင်ကရှောင်းကျန့်အတွက်မေ့မရမယ့်
အိပ်မက်ဆိုးပဲ။
အခု ရှောင်းကျန့်ဘဝက သာမန်အတိုင်းလေး
လည်ပတ်နေခဲ့ပြီ။ ဝါသနာပါတဲ့ ပန်းချီဆွဲတဲ့ အလုပ်ကိုလည်း လုပ်နိုင်ခဲ့ပြီ။ ပုံမျန်ဝင်ငွေရတဲ့အလုပ်လေးတစ်ခုလည်း
ရှိနေခဲ့ပြီ။ အသက်တမျှ ချစ်ရတဲ့သူလည်း ရှိနေခဲ့ပြီ။
အရာအားလုံး အတည်တကျ ဖြစ်နေခဲ့ပြီဆိုခါမှ
ဘာလို့ သူက ပြန်ပေါ်လာရတာလဲ။
သူမဟုတ်တာလည်း ဖြစ်နိုင်တာပဲ။
10နှစ်ကျော်ကျော် မကြားခဲ့ရတဲ့အသံကို အခုပြန်ကြား
ရရုံလေးနဲ့ သူလို့သတ်မှတ်လို့မှမရတာ။
ကျိုးချန်ပြောသလို ပြောင်းလဲသွားနိုင်တာပဲလေ။
တကယ်လို့ သူဖြစ်နေခဲ့ရင်လည်း 10နှစ်တောင်
ရှိခဲ့ပြီပဲ။ သူလည်းအငြိုးတွေ ပျယ်ရောပေါ့။ ဟုတ်တယ်။ဘာမှကြောက်နေစရာမလိုဘူး။
တကယ်ပဲ ယဲ့မင်ဖြစ်နေရင်လည်း ဒီတစ်ခါ ထွက်မပြေး
တော့ဘူး။ သူကာကွယ်ရမယ့် အရာတွေ ရှိသေးတယ်။
သူ့ရဲ့တည်ငြိမ်နေတဲ့ ဘဝလေးနဲ့ သူချစ်ရတဲ့ ရိပေါ်ကို
သူကာကွယ်ရဦးမယ်။ သူပျော့ညံ့လို့မဖြစ်ဘူး။
မင်းနာမည်လေးကိုရေရွတ်လို့ သတ္တိမွေးကြည့်မယ်။
ဒီတစ်ခါတော့ ကိုယ်မရှုံးစေရပါဘူး။
______________________________