Who Allowed you to Get on the...

By Disappear_cat

417K 44.7K 1K

My 2nd Pick for translation... Hope u'll like it. Translation completed... More

Prologue
အခန္း (၂)/ အခန်း (၂)
အခန္း(၃)/အခန်း(၃)
အခန္း (၄)/အခန်း (၄)
အခန္း (၅)/အခန်း (၅)
အခန္း (၆)/အခန်း (၆)
အခန္း (၇)/အခန်း (၇)
အခန္း (၈)/အခန်း (၈)
အခန္း (၉)/အခန်း (၉)
အခန္း (၁၀)/အခန်း (၁၀)
အခန္း (၁၁)/အခန်း (၁၁)
အခန္း (၁၂)/အခန်း (၁၂)
အခန္း (၁၃)/အခန်း (၁၃)
အခန္း (၁၄)/အခန်း (၁၄)
အခန္း (၁၅)/အခန်း (၁၅)
အခန္း (၁၆)/အခန်း (၁၆)
အခန္း (၁၇)/အခန်း (၁၇)
အခန္း (၁၈)/အခန်း (၁၈)
အခန္း (၁၉)/အခန်း (၁၉)
အခန္း (၂၀)/အခန်း (၂၀)
အခန္း (၂၁)/အခန်း (၂၁)
အခန္း (၂၂)/အခန်း (၂၂)
အခန္း (၂၃)/အခန်း (၂၃)
အခန္း (၂၄)/အခန်း (၂၄)
အခန္း (၂၅)/အခန်း (၂၅)
အခန္း (၂၆)/အခန်း (၂၆)
အခန္း (၂၇)/အခန်း (၂၇)
အခန္း (၂၈)/အခန်း (၂၈)
အခန္း (၂၉)/အခန်း (၂၉)
အခန္း (၃၀)/အခန်း (၃၀)
အခန္း (၃၁)/အခန်း (၃၁)
အခန္း (၃၂)/အခန်း (၃၂)
အခန္း (၃၃)/အခန်း (၃၃)
အခန္း (၃၄)/အခန်း (၃၄)
အခန္း (၃၅)/အခန်း (၃၅)
အခန္း (၃၆)/အခန်း (၃၆)
အခန္း (၃၇)/အခန်း (၃၇)
အခန္း (၃၈)/အခန်း (၃၈)
အခန္း (၃၉) (ဇာတ္သိမ္း)/အခန်း (၃၉) (ဇာတ်သိမ်း)
Note

အခန္း (၁)/ အခန်း (၁)

21.1K 1.4K 8
By Disappear_cat

Zawgyi~

ခန္း (၁)

ေနျခည္ေႏြးေႏြးသည္ မွန္သားျပင္ကိုျဖတ္ၿပီး မွန္လံုအိမ္ထဲမွာရွိတဲ့ အမ်ိဳးသမီး၃ဦးဆီကို က်ေရာက္လို႔ေနုသည္။

လံု ကေတာ္သည္ ကတ္ေၾကးေသးေသးေလးကို လက္ထဲမွာကိုင္ထားေလရင္း သူမ ႏွစ္သက္လွတဲ့ ပန္းအိုးနဲ႔စိုက္ထားတဲ့အပင္ေလးေတြရဲ႕ အရြက္ပိုေတြကို ဂရုတစုိက္ တိကာျဖတ္ေနသည္။ သူမဟာ အလုပ္ရႈပ္ေနေလေသာ္ျငား အပင္ေလးေတြကို ဘယ္လိုက်န္းမာေအာင္ ၊ ျဖတ္ေတာက္သင့္ျဖတ္ေတာက္ရမယ္ဆိုတာ သူမသမီးငယ္ကို သင္ျပေပးေနဖို႔ကိုေတာ့ မေမ့ေန...

ခါးတူးေနတဲ့မ်က္ႏွာနဲ႔ လံုဟူကေတာ့ သူမလက္ထဲက ကတ္ေၾကးေသးေသးေလးကို စိုက္ၾကည့္လို႔ေနသည္။ သူမရဲ႕ ပင္ကိုယ္စရုိက္ဟာ တက္ၾကြရႊင္လန္းသူတစ္ေယာက္ျဖစ္ေလတာေၾကာင့္ ဒီလိုမ်ိဳး ၿငိမ္သက္စြာေနရမယ့္ အျပဳအမူတစ္ခုကို သူမဘယ္လိုမ်ား သည္းခံႏုိင္ပါ့မလဲ? ေလွာင္အိုက္မြန္းၾကပ္ လာတာနဲ႔အတူ သူမသည္ လက္ထဲက ကတ္ေၾကးငယ္ေလးကို အျပင္ဘက္ဆီ လႊင့္ပစ္လိုက္ခ်င္လွၿပီ။

တဖ်တ္ဖ်တ္လႈပ္ခတ္ေနတဲ့ အရည္လဲ့ေနတဲ့ မ်က္လံုးေတြသည္ ဘယ္ညာကိုၾကည့္ေနရာမွ ေနာက္ဆံုးမွာေတာ့ ဒီေန႔မွာ တျခားေန႔ေတြထက္ အနည္းငယ္ထူးျခားလို႔ေနတဲ့ သူမရဲ႕ ငယ္ငယ္ေလးကတည္းက ကစားေဖာ္ဆီကို အၾကည့္ေရာက္သြားေလေတာ့သည္။

"လင္းလန္? ေနမေကာင္းဘူးလား? နင့္မ်က္ႏွာဘာလို႔ ဒီေလာက္ေတာင္ ျဖဴေဖ်ာ့ေနတာလဲ?"

သူမရဲ႕ စကားလံုးေတြဟာ လံုကေတာ္ရဲ႕ အာရုံကိုပါ ဆြဲေဆာင္မိသြားပံုေပၚသည္။

သက္ေတာ္ေစာင့္ေတြလို႔သာ ေခၚေသာ္ျငား လံုကေတာ္သည္ ဒီကေလးေတြကို သူမရဲ႕ ကိုယ္ပိုင္ကေလးေတြလိုမ်ိဳး ဆက္ဆံတာျဖစ္သည္။ အထူးသျဖင့္ တုလင္းလန္ အေပၚကိုပင္။ သူမရဲ႕ သမီးအရင္းအေပၚ သေဘာမက်ႏုိင္သမွ် အခ်က္ေတြအားလံုးကို ေျဖေလ်ာ့ေပးႏုိင္ဖို႔ ေကာင္းကင္က ပို႔လိုက္တဲ့ လက္ေဆာင္လိုမ်ိဳး ဒီကေလးမေလးဟာ သူမရဲ႕ သမီးအရင္းထက္ကို ေတြးေတာတတ္၊ ရင္းႏွီးတတ္ၿပီး သူမကို ဂုဏ္ယူစရာျဖစ္ေစသည္။

တုလင္းလန္ဟာ မ်က္ႏွာကို ေမာ့လိုက္သည္၊ ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းတစ္စံုဟာေတာ့ အလြန္ႏူးညံ့လွတဲ့ ခပ္ပါးပါးအၿပံဳးတစ္ခုကို ဆင္ျမန္းလို႔ထားေလသည္။

"မေန႔ညက အိပ္လို႔ေကာင္းေကာင္းမေပ်ာ္လို႔ပါ... မမေလး စိုးရိမ္စရာမလိုပါဘူး..."

အားမရွိတာ သိသာလွေနတဲ့ ဒီအသံဟာ တျခားလူတစ္ေယာက္ကုိ စိတ္ေအးေစဖို႔ရာ ဘယ္လိုမ်ားျဖစ္ႏုိင္ပါ့မလဲ?

မတ္တပ္ရပ္ေနတဲ့ တုလင္းလန္ကို သူမနံေဘးက ခံုမွာထုိင္ဖို႔ လံုဟူဆြဲလိုက္ေလသည္။ သူမကုိ ေလးနက္တဲ့အၾကည့္ေတြနဲ႔ ၾကည့္လိုက္ေလရင္း...

"တုလင္းလန္... နင္ငါ့ကို ကတိေပးထားတယ္ေလ... တစ္ခုခုျဖစ္တာနဲ႔ ငါ့ကို မလိမ္ပဲေျပာျပမယ္ဆို... ကတိကိုဖ်က္ခ်င္ေနတာလား? ..."

တုလင္းလန္ဟာ အျပစ္ကင္းၿပီးလွပလွတဲ့ မ်က္ႏွာေသးေသးေလးကိုၾကည့္လိုက္ေလရင္း ဒီေန႔ရဲ႕ အစစ္မွန္ဆံုးေသာ အၿပံဳးကုိ ေဖာ္ထုတ္လိုက္သည္။

"မမေလးနဲ႔ ထားထားတဲ့ကတိကို လင္းလန္ဘယ္လိုမ်ား ေဖာက္ဖ်က္ႏုိင္ပါ့မလဲ? ... မမေလးကို မလိမ္ပါဘူး... မေန႔ညက တကယ့္ကုိ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့လို႔ပါ။ ကိုယ့္ခႏၶာကိုယ္အေၾကာင္းလဲ ကိုယ့္ဘာသာသိပါတယ္... ေမေမႀကီးကိုေရာ မလိမ္သလို ေနေကာင္းခ်င္ေယာင္ေဆာင္ေနတာလဲ မဟုတ္ပါဘူး..."

လံုဟူသည္ တုလင္းလန္ရဲ႕ မ်က္ႏွာအမူအရာကို ေသခ်ာေလ့လာလိုက္ေလရင္း သူမကို တကယ္မလိမ္ဘူးဆိုတာ ေသခ်ာမွန္း လက္ခံလိုက္ေတာ့သည္။ လံုဟူ ေက်နပ္စြာနဲ႔ ေခါင္းညိတ္လိုက္ေလေသာ္ျငား ၿခိမ္းေျခာက္ဖို႔ကိုေတာ့ မေမ့...

"လင္းလန္... ငါနင့္ကိုေျပာမယ္... ငါ့ကို မလိမ္တာေကာင္းတယ္ေနာ္... မဟုတ္လို႔ကေတာ့... ငါ... ငါ... ဟမ့္..."...

သူမ ေၾကာက္စရာအမူအရာကို ျပသေလရင္း အႀကိမ္အနည္းငယ္မွ် ႏွာေခါင္းရႈံ႕လိုက္ေသးသည္...

ဒီလိုမ်ိဳး ရယ္စရာအမူအရာဟာ သူမကုိ တကယ္ႀကီးၿခိမ္းေျခာက္ႏိုင္လိမ့္မယ္လို႔ ထင္ေနသည္လား?

တုလင္းလန္ ခိုးရယ္လိုက္သည္။ ဒီလိုမ်ိဳး သေဘာေကာင္းလွတဲ့ အမ်ိဳးသမီးေလးနဲ႔ သူမ ဘယ္လိုမ်ား ယွဥ္ႏုိင္ပါ့မလဲေလ?

ႏွလံုးသားကို အႀကမ္းပတမ္းဖ်စ္ညစ္ခံလိုက္ရသလိုမ်ိဳးခံစားလိုက္ရခ်ိန္မွေတာ့ တုလင္းလန္ အသက္ကိုသာ ျပင္းျပင္းရွဴလိုက္ေလရင္း လံုဟူ လက္ထဲက ကတ္ေၾကးေသးေသးေလးကုိ ယူလုိက္ေလကာ သူမမ်က္စိေရွ႕က ႏွင္းဆီပန္းအိုးကို ယူလိုက္ေတာ့သည္။

ၿငီးေငြ႕စရာအလုပ္ကို တျခားသူယူသြားၿပီျဖစ္တာေၾကာင့္ လံုဟူတစ္ေယာက္ ေပ်ာ္လို႔ေနၿပီ... လံုကေတာ္နဲ႔ တုလင္းလန္တို႔ႏွစ္ဦးသား တက္တက္ၾကြၾကြနဲ႔ အရြက္ေတြကို ျဖတ္ေတာက္ေနတာကိုသာ ခံုမွာမွီရင္းၿပံဳးၾကည့္ေနလိုက္ေတာ့သည္။

"လင္းလန္... နင္ ဒီေကာင္မေလးကိုသိပ္အလိုလိုက္တာပဲ..." လံုကေတာ္သည္ သူမ သမီးရဲ႕ ခပ္ဆုိးဆိုးဟန္ပန္ကို ၾကည့္လိုက္ေလရင္း မေနႏုိင္လွစြာပဲ တုလင္းလန္ကို ေျပာလိုက္ေတာ့သည္။

"ဘာမွ မျဖစ္ပါဘူး၊ ေမေမႀကီး..." တုလင္းလန္ ေခါင္းကိုခါလုိက္ေလတယ္... "လင္းလန္က ပန္းအိုးေတြကုိ ဂရုစိုက္ရတာ ႀကိဳက္လုိ႔ပါ..."

"မားမားကလည္း... သမီးနဲ႔ လင္းလန္ၾကားက သံေယာဇဥ္ကို မနာလုိျဖစ္ၿပီး ဖ်က္ဆီးဖို႔ မႀကိဳးစားပါနဲ႔..." လံုဟူ မ်က္ေမွာင္က်ံဳ႕ကာ လံုကေတာ္ကို မ်က္ႏွာကို ရႈံ႕ျပရင္း မတ္တပ္ထရပ္လိုက္သည္။

"အိုး...ဒီေကာင္မေလးကေတာ့!!!!" လံုကေတာ္သည္ အလိုလိုက္စြာျဖင့္ ရယ္ေမာလိုက္ရင္း စကားတစ္ေၾကာင္းကိုသာ ဆိုလိုက္ေတာ့သည္။ ထုိ႔ေနာက္မွာေတာ့ အရြက္ေတြကို တိေနျခင္းကိစၥေပၚမွာသာ အာရုံျပန္စုိက္လိုက္ေတာ့သည္။

တုလင္းလန္ ဒီအေမနဲ႔ သမီးၾကားက ဆက္ဆံေရးကို အၿပံဳးတစ္ခုနဲ႔သာ ၾကည့္ေနမိသည္။ သူမနဲ႔ႏွလံုးသားထဲမွာေတာ့ အားက်လို႔ေနသည္။ ဒါဟာ သူမႏွင့္အတူ အရိပ္သက္ေတာ္ေစာင့္အားလံုးရဲ႕ တူညီတဲ့ အခ်က္ပင္ျဖစ္သည္။ သူတို႔အားလံုးဟာ အေဖေရာ အေမပါ မရွိၾကေတာ့တဲ့ မိဘမဲ့ေတြပင္။ လံုအိမ္ေတာ္ရဲ႕ အသက္အရြယ္မေရြး အစ္ကိုႏွင့္ ညီငယ္လိုမ်ိဳး ေလးစားစြာ ဆက္ဆံတတ္သည့္ သဟဇာတျဖစ္လွသည့္ အထက္ေအာက္ပတ္သတ္မႈေတြကို ငယ္ငယ္ကတည္းကပင္ သူမ အင္မတန္အားက်လာခဲ့ရသည္။

အခ်ိန္တခဏထုိင္ေနၿပီးေနာက္ပိုင္းမွာေတာ့ လံုဟူဟာ မေနႏိုင္လွစြာပဲ မွန္လံုအိမ္ထဲကေနထြက္ၿပီး အေပ်ာ္ရွာေတာ့သည္။ လံုကေတာ္သည္လည္း တစ္စံုတစ္ခုေသာ အေၾကာင္းျပခ်က္နဲ႔အတူ ထြက္သြားေတာ့သည္။

အိမ္ေတာ္ႀကီးထဲကိုသြားၾကသည့္အတြက္ တုလင္းလန္ဟာ လံုဟူနဲ႔အတူ လုိက္သြားစရာမလုိ... ဒါေၾကာင့္ပါပဲ... သူမ မွန္လံုအိမ္ထဲမွာသာ ဆက္ေနရင္း တျခားပန္းအိုးေတြကိုသာ ဆက္ၿပီး တိညွပ္ေနလိုက္ေတာ့သည္။

သူမ ဒီဖန္လံုအိမ္ထဲက ပန္းေတြ အပင္ေတြလိုမ်ိဳး အပင္ေတြကို ႀကိဳက္သည္။ ဟိုခ်င္းထင္း ဆီက အၿမဲလိုလိုအေလွာင္ခံေနရေသာ္ျငား သူမရဲ႕ အနာဂတ္အၿငိမ္းစားယူရင္ အေကာင္အထည္ေဖာ္မည့္ အိမ္မက္ကေတာ့ တိတ္ဆိတ္တဲ့ေနရာတစ္ခုမွာ ၿငိမ္သက္စြာအပင္စိုက္ရင္း ပန္းဆုိင္ငယ္တစ္ခုကုိလည္း ဖြင့္ေကာင္းဖြင့္မည္။ ပန္းအိုးငယ္နဲ႔စိုက္ထားတဲ့အပင္ငယ္တစ္ခ်ိဳ႕နဲ႔ အပင္တစ္ခ်ိဳ႕အပါအ၀င္ ဆက္စပ္ပစၥည္းေတြကို ေရာင္းခ်မည္ေလ။ ခပ္တိုတုိေျပာရရင္ ဒီအပင္ေတြၾကားကထြက္ကို မထြက္ခ်င္ေလဘူး။

ေနာက္ဆံုးသစ္ရြက္ပိုတစ္ခုကို တိခ်အၿပီးမွာ သူမ မတ္တပ္ထရပ္လိုက္ရင္း သူမရဲ႕ ကိုယ္ပိုင္လက္ရာေလးကို ၾကည့္လိုက္သည္။ သတိမထားလိုက္သည့္အခ်ိန္မွာပင္ သူမေျခေထာက္ႏွစ္ေခ်ာင္းၾကားက ေဖာ္မျပႏုိင္ေလာက္တဲ့နာၾကင္မႈဟာ ျပန္လည္ေပၚေပါက္လာသည္။ သူမရဲ႕ လႈပ္ရွားမႈေတြဟာ တုန္႔ဆိုင္းသြားေလရင္း မတ္မတ္ရပ္ႏုိင္ေအာင္ အခ်ိန္တစ္ခုေစာင့္လိုက္ရေတာ့သည္။

သူမ ခါးသက္စြာပင္ ၿပဳံးလိုက္မိသည္။ သူမ တကယ့္ကို အသံုးမက်တာပဲ... ဒီေလာက္နာၾကင္မႈေလးကုိေတာင္ သည္းမခံႏုိင္ဘူး...

ရုတ္ခ်ည္းဆိုသလိုပါပဲ သူမလည္တုိင္က ေမႊးညွင္းေလးေတြေထာင္ထသြားရသည္။ တစ္ကိုယ္လံုးရွိ ၾကြက္သားအားလံုးလည္း ေတာင့္တင္းသြားေလရင္း အရာရာဟာ အသင့္အေနအထားအတုိင္း ျဖစ္သည္သြားရေတာ့သည္။ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္လာရျခင္းသည္ သူမကို ဒီဖန္လံုအိမ္ထဲမွာ တျခားသူတစ္ဦးရွိေနေလမွန္း နားလည္ေစသည္။ ထုိတျခားသူဟာ သူစိမ္းမဟုတ္ရုံေလးပါပဲ။

ထုိတစ္စံုတစ္ေယာက္သည္ ဒီဖန္လံုအိမ္ထဲကို က်ဴးေက်ာ္၀င္ေရာက္လာသူမဟုတ္ေလမွန္း ရင္းႏွီးေနက် ေလထုဟာသူမကို နားလည္ေစသည္။

ဒါဟာ သူ ပင္...

သုိ႕ေသာ္ျငား သူမရဲ႕ ၾကြက္သားေတြဟာေတာ့ ေတာင့္တင္းေနဆဲျဖစ္ၿပီး သက္ေတာင့္သက္သာ မျဖစ္ေနႏုိင္... သူမ ျဖည္းညင္းစြာသာ လွည့္လုိက္ေလရင္း ခံစားခ်က္ကင္းမဲ့ၿပီး ဂရုစိုက္မႈကင္းေနတဲ့ မွင္နက္ေရာင္ မ်က္လံုးေတြကုိ ႏႈတ္ဆက္လိုက္သည္။

"ေခါင္းေဆာင္..." စိတ္အားထက္သံမႈကင္းေသာ၊ တစ္ဖက္မွာလည္း စိမ္းကားျခင္းကင္းေနရမည့္ ေလးစားသည့္ ေလသံ၊ ဒါဟာ အထက္လူႀကီးနဲ႔ လက္ေအာက္ငယ္သားၾကားက တာ၀န္တစ္ခုပင္။

ဟန္ေလာ့ထင္း ရဲ႕ ထက္ျမက္တဲ့ဓါးသြားလိုမ်ိဳးအၾကည့္စူးစူးဟာ ဖန္လံုအိမ္တစ္ခုလံုးကုိ ေ၀့ကာၾကည့္လိုက္သည္။ သူျမင္ခ်င္သည့္ ပံုရိပ္ေလးကို မေတြ႕ရေတာ့မွသာ သူမရဲ႕ ႏႈတ္ဆက္မႈကို အသိအမွတ္ျပဳဟန္ရသည့္ ပံုျဖင့္ သူဟာေခါင္းကို ေျဖးညင္းစြာ ညိတ္လိုက္ေလေတာ့သည္။

သူ ေမးစရာမလိုေလာက္ေအာင္ပင္ လံုဟူ ဘယ္ေနရာမွာ ရွိေနမွန္းေျပာႏုိင္ဖို႔ကို တုလင္းလန္သည္ ေလ့က်င့္ေပးခံထားရၿပီးမို႔ သူမကိုေတာ့ တစ္ဦးတည္းခ်န္ထားရင္း သူလွည့္ထြက္သြားတာကိုသာ ေစာင့္ေနရုံပင္။

ထြက္ခြာသြားသည့္သူ႔ပံုရိပ္ကို ၾကည့္ေနရင္းႏွင့္ သူမ အခ်ိန္အေတာ္ၾကာသည္အထိ အသိမ၀င္လာႏိုင္မည့္အျပင္သူမရဲ႕ ႏုံအလွသည့္မ်က္၀န္းေတြကုိလည္း ျပန္မသိမ္းလိုက္ႏုိင္မွာလည္းေသခ်ာေလသည္။

======<===>======

Unicode~
အခန်း (၁)

နေခြည်နွေးနွေးသည် မှန်သားပြင်ကိုဖြတ်ပြီး မှန်လုံအိမ်ထဲမှာရှိတဲ့ အမျိုးသမီး၃ဦးဆီကို ကျရောက်လို့နေုသည်။

လုံ ကတော်သည် ကတ်ကြေးသေးသေးလေးကို လက်ထဲမှာကိုင်ထားလေရင်း သူမ နှစ်သက်လှတဲ့ ပန်းအိုးနဲ့စိုက်ထားတဲ့အပင်လေးတွေရဲ့ အရွက်ပိုတွေကို ဂရုတစိုက် တိကာဖြတ်နေသည်။ သူမဟာ အလုပ်ရှုပ်နေလေသော်ငြား အပင်လေးတွေကို ဘယ်လိုကျန်းမာအောင် ၊ ဖြတ်တောက်သင့်ဖြတ်တောက်ရမယ်ဆိုတာ သူမသမီးငယ်ကို သင်ပြပေးနေဖို့ကိုတော့ မမေ့နေ...

ခါးတူးနေတဲ့မျက်နှာနဲ့ လုံဟူကတော့ သူမလက်ထဲက ကတ်ကြေးသေးသေးလေးကို စိုက်ကြည့်လို့နေသည်။ သူမရဲ့ ပင်ကိုယ်စရိုက်ဟာ တက်ကြွရွှင်လန်းသူတစ်ယောက်ဖြစ်လေတာကြောင့် ဒီလိုမျိုး ငြိမ်သက်စွာနေရမယ့် အပြုအမူတစ်ခုကို သူမဘယ်လိုများ သည်းခံနိုင်ပါ့မလဲ? လှောင်အိုက်မွန်းကြပ် လာတာနဲ့အတူ သူမသည် လက်ထဲက ကတ်ကြေးငယ်လေးကို အပြင်ဘက်ဆီ လွှင့်ပစ်လိုက်ချင်လှပြီ။

တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့ အရည်လဲ့နေတဲ့ မျက်လုံးတွေသည် ဘယ်ညာကိုကြည့်နေရာမှ နောက်ဆုံးမှာတော့ ဒီနေ့မှာ တခြားနေ့တွေထက် အနည်းငယ်ထူးခြားလို့နေတဲ့ သူမရဲ့ ငယ်ငယ်လေးကတည်းက ကစားဖော်ဆီကို အကြည့်ရောက်သွားလေတော့သည်။

"လင်းလန်? နေမကောင်းဘူးလား? နင့်မျက်နှာဘာလို့ ဒီလောက်တောင် ဖြူဖျော့နေတာလဲ?"သူမရဲ့ စကားလုံးတွေဟာ လုံကတော်ရဲ့ အာရုံကိုပါ ဆွဲဆောင်မိသွားပုံပေါ်သည်။

သက်တော်စောင့်တွေလို့သာ ခေါ်သော်ငြား လုံကတော်သည် ဒီကလေးတွေကို သူမရဲ့ ကိုယ်ပိုင်ကလေးတွေလိုမျိုး ဆက်ဆံတာဖြစ်သည်။ အထူးသဖြင့် တုလင်းလန် အပေါ်ကိုပင်။ သူမရဲ့ သမီးအရင်းအပေါ် သဘောမကျနိုင်သမျှ အချက်တွေအားလုံးကို ဖြေလျော့ပေးနိုင်ဖို့ ကောင်းကင်က ပို့လိုက်တဲ့ လက်ဆောင်လိုမျိုး ဒီကလေးမလေးဟာ သူမရဲ့ သမီးအရင်းထက်ကို တွေးတောတတ်၊ ရင်းနှီးတတ်ပြီး သူမကို ဂုဏ်ယူစရာဖြစ်စေသည်။

တုလင်းလန်ဟာ မျက်နှာကို မော့လိုက်သည်၊ ဖြူဖျော့ဖျော့နှုတ်ခမ်းတစ်စုံဟာတော့ အလွန်နူးညံ့လှတဲ့ ခပ်ပါးပါးအပြုံးတစ်ခုကို ဆင်မြန်းလို့ထားလေသည်။

"မနေ့ညက အိပ်လို့ကောင်းကောင်းမပျော်လို့ပါ... မမလေး စိုးရိမ်စရာမလိုပါဘူး..."

အားမရှိတာ သိသာလှနေတဲ့ ဒီအသံဟာ တခြားလူတစ်ယောက်ကို စိတ်အေးစေဖို့ရာ ဘယ်လိုများဖြစ်နိုင်ပါ့မလဲ?

မတ်တပ်ရပ်နေတဲ့ တုလင်းလန်ကို သူမနံဘေးက ခုံမှာထိုင်ဖို့ လုံဟူဆွဲလိုက်လေသည်။ သူမကို လေးနက်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်လေရင်း...

"တုလင်းလန်... နင်ငါ့ကို ကတိပေးထားတယ်လေ... တစ်ခုခုဖြစ်တာနဲ့ ငါ့ကို မလိမ်ပဲပြောပြမယ်ဆို... ကတိကိုဖျက်ချင်နေတာလား? ..."

တုလင်းလန်ဟာ အပြစ်ကင်းပြီးလှပလှတဲ့ မျက်နှာသေးသေးလေးကိုကြည့်လိုက်လေရင်း ဒီနေ့ရဲ့ အစစ်မှန်ဆုံးသော အပြုံးကို ဖော်ထုတ်လိုက်သည်။

"မမလေးနဲ့ ထားထားတဲ့ကတိကို လင်းလန်ဘယ်လိုများ ဖောက်ဖျက်နိုင်ပါ့မလဲ? ... မမလေးကို မလိမ်ပါဘူး... မနေ့ညက တကယ့်ကို ကောင်းကောင်းအိပ်မပျော်ခဲ့လို့ပါ။ ကိုယ့်ခန္ဓာကိုယ်အကြောင်းလဲ ကိုယ့်ဘာသာသိပါတယ်... မေမေကြီးကိုရော မလိမ်သလို နေကောင်းချင်ယောင်ဆောင်နေတာလဲ မဟုတ်ပါဘူး..."

လုံဟူသည် တုလင်းလန်ရဲ့ မျက်နှာအမူအရာကို သေချာလေ့လာလိုက်လေရင်း သူမကို တကယ်မလိမ်ဘူးဆိုတာ သေချာမှန်း လက်ခံလိုက်တော့သည်။ လုံဟူ ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်လေသော်ငြား ခြိမ်းခြောက်ဖို့ကိုတော့ မမေ့...

"လင်းလန်... ငါနင့်ကိုပြောမယ်... ငါ့ကို မလိမ်တာကောင်းတယ်နော်... မဟုတ်လို့ကတော့... ငါ... ငါ... ဟမ့်..."...

သူမ ကြောက်စရာအမူအရာကို ပြသလေရင်း အကြိမ်အနည်းငယ်မျှ နှာခေါင်းရှုံ့လိုက်သေးသည်...ဒီလိုမျိုး ရယ်စရာအမူအရာဟာ သူမကို တကယ်ကြီးခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်နေသည်လား? တုလင်းလန် ခိုးရယ်လိုက်သည်။ ဒီလိုမျိုး သဘောကောင်းလှတဲ့ အမျိုးသမီးလေးနဲ့ သူမ ဘယ်လိုများ ယှဉ်နိုင်ပါ့မလဲလေ?

နှလုံးသားကို အကြမ်းပတမ်းဖျစ်ညစ်ခံလိုက်ရသလိုမျိုးခံစားလိုက်ရချိန်မှတော့ တုလင်းလန် အသက်ကိုသာ ပြင်းပြင်းရှူလိုက်လေရင်း လုံဟူ လက်ထဲက ကတ်ကြေးသေးသေးလေးကို ယူလိုက်လေကာ သူမမျက်စိရှေ့က နှင်းဆီပန်းအိုးကို ယူလိုက်တော့သည်။

ငြီးငွေ့စရာအလုပ်ကို တခြားသူယူသွားပြီဖြစ်တာကြောင့် လုံဟူတစ်ယောက် ပျော်လို့နေပြီ... လုံကတော်နဲ့ တုလင်းလန်တို့နှစ်ဦးသား တက်တက်ကြွကြွနဲ့ အရွက်တွေကို ဖြတ်တောက်နေတာကိုသာ ခုံမှာမှီရင်းပြုံးကြည့်နေလိုက်တော့သည်။

"လင်းလန်... နင် ဒီကောင်မလေးကိုသိပ်အလိုလိုက်တာပဲ..." လုံကတော်သည် သူမ သမီးရဲ့ ခပ်ဆိုးဆိုးဟန်ပန်ကို ကြည့်လိုက်လေရင်း မနေနိုင်လှစွာပဲ တုလင်းလန်ကို ပြောလိုက်တော့သည်။

"ဘာမှ မဖြစ်ပါဘူး၊ မေမေကြီး..." တုလင်းလန် ခေါင်းကိုခါလိုက်လေတယ်... "လင်းလန်က ပန်းအိုးတွေကို ဂရုစိုက်ရတာ ကြိုက်လို့ပါ..."

"မားမားကလည်း... သမီးနဲ့ လင်းလန်ကြားက သံယောဇဉ်ကို မနာလိုဖြစ်ပြီး ဖျက်ဆီးဖို့ မကြိုးစားပါနဲ့..." လုံဟူ မျက်မှောင်ကျုံ့ကာ လုံကတော်ကို မျက်နှာကို ရှုံ့ပြရင်း မတ်တပ်ထရပ်လိုက်သည်။

"အိုး...ဒီကောင်မလေးကတော့!!!!" လုံကတော်သည် အလိုလိုက်စွာဖြင့် ရယ်မောလိုက်ရင်း စကားတစ်ကြောင်းကိုသာ ဆိုလိုက်တော့သည်။ ထို့နောက်မှာတော့ အရွက်တွေကို တိနေခြင်းကိစ္စပေါ်မှာသာ အာရုံပြန်စိုက်လိုက်တော့သည်။

တုလင်းလန် ဒီအမေနဲ့ သမီးကြားက ဆက်ဆံရေးကို အပြုံးတစ်ခုနဲ့သာ ကြည့်နေမိသည်။ သူမနဲ့နှလုံးသားထဲမှာတော့ အားကျလို့နေသည်။ ဒါဟာ သူမနှင့်အတူ အရိပ်သက်တော်စောင့်အားလုံးရဲ့ တူညီတဲ့ အချက်ပင်ဖြစ်သည်။ သူတို့အားလုံးဟာ အဖေရော အမေပါ မရှိကြတော့တဲ့ မိဘမဲ့တွေပင်။ လုံအိမ်တော်ရဲ့ အသက်အရွယ်မရွေး အစ်ကိုနှင့် ညီငယ်လိုမျိုး လေးစားစွာ ဆက်ဆံတတ်သည့် သဟဇာတဖြစ်လှသည့် အထက်အောက်ပတ်သတ်မှုတွေကို ငယ်ငယ်ကတည်းကပင် သူမ အင်မတန်အားကျလာခဲ့ရသည်။

အချိန်တခဏထိုင်နေပြီးနောက်ပိုင်းမှာတော့ လုံဟူဟာ မနေနိုင်လှစွာပဲ မှန်လုံအိမ်ထဲကနေထွက်ပြီး အပျော်ရှာတော့သည်။ လုံကတော်သည်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်နဲ့အတူ ထွက်သွားတော့သည်။အိမ်တော်ကြီးထဲကိုသွားကြသည့်အတွက် တုလင်းလန်ဟာ လုံဟူနဲ့အတူ လိုက်သွားစရာမလို... ဒါကြောင့်ပါပဲ... သူမ မှန်လုံအိမ်ထဲမှာသာ ဆက်နေရင်း တခြားပန်းအိုးတွေကိုသာ ဆက်ပြီး တိညှပ်နေလိုက်တော့သည်။

သူမ ဒီဖန်လုံအိမ်ထဲက ပန်းတွေ အပင်တွေလိုမျိုး အပင်တွေကို ကြိုက်သည်။ ဟိုချင်းထင်း ဆီက အမြဲလိုလိုအလှောင်ခံနေရသော်ငြား သူမရဲ့ အနာဂတ်အငြိမ်းစားယူရင် အကောင်အထည်ဖော်မည့် အိမ်မက်ကတော့ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ငြိမ်သက်စွာအပင်စိုက်ရင်း ပန်းဆိုင်ငယ်တစ်ခုကိုလည်း ဖွင့်ကောင်းဖွင့်မည်။ ပန်းအိုးငယ်နဲ့စိုက်ထားတဲ့အပင်ငယ်တစ်ချို့နဲ့ အပင်တစ်ချို့အပါအဝင် ဆက်စပ်ပစ္စည်းတွေကို ရောင်းချမည်လေ။ ခပ်တိုတိုပြောရရင် ဒီအပင်တွေကြားကထွက်ကို မထွက်ချင်လေဘူး။

နောက်ဆုံးသစ်ရွက်ပိုတစ်ခုကို တိချအပြီးမှာ သူမ မတ်တပ်ထရပ်လိုက်ရင်း သူမရဲ့ ကိုယ်ပိုင်လက်ရာလေးကို ကြည့်လိုက်သည်။ သတိမထားလိုက်သည့်အချိန်မှာပင် သူမခြေထောက်နှစ်ချောင်းကြားက ဖော်မပြနိုင်လောက်တဲ့နာကြင်မှုဟာ ပြန်လည်ပေါ်ပေါက်လာသည်။ သူမရဲ့ လှုပ်ရှားမှုတွေဟာ တုန့်ဆိုင်းသွားလေရင်း မတ်မတ်ရပ်နိုင်အောင် အချိန်တစ်ခုစောင့်လိုက်ရတော့သည်။သူမ ခါးသက်စွာပင် ပြုံးလိုက်မိသည်။ သူမ တကယ့်ကို အသုံးမကျတာပဲ... ဒီလောက်နာကြင်မှုလေးကိုတောင် သည်းမခံနိုင်ဘူး...

ရုတ်ချည်းဆိုသလိုပါပဲ သူမလည်တိုင်က မွှေးညှင်းလေးတွေထောင်ထသွားရသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားအားလုံးလည်း တောင့်တင်းသွားလေရင်း အရာရာဟာ အသင့်အနေအထားအတိုင်း ဖြစ်သည်သွားရတော့သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်လာရခြင်းသည် သူမကို ဒီဖန်လုံအိမ်ထဲမှာ တခြားသူတစ်ဦးရှိနေလေမှန်း နားလည်စေသည်။ ထိုတခြားသူဟာ သူစိမ်းမဟုတ်ရုံလေးပါပဲ။

ထိုတစ်စုံတစ်ယောက်သည် ဒီဖန်လုံအိမ်ထဲကို ကျူးကျော်ဝင်ရောက်လာသူမဟုတ်လေမှန်း ရင်းနှီးနေကျ လေထုဟာသူမကို နားလည်စေသည်။

ဒါဟာ သူ ပင်...

သို့သော်ငြား သူမရဲ့ ကြွက်သားတွေဟာတော့ တောင့်တင်းနေဆဲဖြစ်ပြီး သက်တောင့်သက်သာ မဖြစ်နေနိုင်... သူမ ဖြည်းညင်းစွာသာ လှည့်လိုက်လေရင်း ခံစားချက်ကင်းမဲ့ပြီး ဂရုစိုက်မှုကင်းနေတဲ့ မှင်နက်ရောင် မျက်လုံးတွေကို နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်..." စိတ်အားထက်သံမှုကင်းသော၊ တစ်ဖက်မှာလည်း စိမ်းကားခြင်းကင်းနေရမည့် လေးစားသည့် လေသံ၊ ဒါဟာ အထက်လူကြီးနဲ့ လက်အောက်ငယ်သားကြားက တာဝန်တစ်ခုပင်။

ဟန်လော့ထင်း ရဲ့ ထက်မြက်တဲ့ဓါးသွားလိုမျိုးအကြည့်စူးစူးဟာ ဖန်လုံအိမ်တစ်ခုလုံးကို ဝေ့ကာကြည့်လိုက်သည်။ သူမြင်ချင်သည့် ပုံရိပ်လေးကို မတွေ့ရတော့မှသာ သူမရဲ့ နှုတ်ဆက်မှုကို အသိအမှတ်ပြုဟန်ရသည့် ပုံဖြင့် သူဟာခေါင်းကို ဖြေးညင်းစွာ ညိတ်လိုက်လေတော့သည်။

သူ မေးစရာမလိုလောက်အောင်ပင် လုံဟူ ဘယ်နေရာမှာ ရှိနေမှန်းပြောနိုင်ဖို့ကို တုလင်းလန်သည် လေ့ကျင့်ပေးခံထားရပြီးမို့ သူမကိုတော့ တစ်ဦးတည်းချန်ထားရင်း သူလှည့်ထွက်သွားတာကိုသာ စောင့်နေရုံပင်။

ထွက်ခွာသွားသည့် သူ့ပုံရိပ်ကို ကြည့်နေရင်းနှင့် သူမ အချိန်အတော်ကြာသည်အထိ အသိမဝင်လာနိုင်မည့်အပြင် သူမရဲ့ နုံအလှသည့်မျက်ဝန်းတွေကိုလည်း ပြန်မသိမ်းလိုက်နိုင်မှာလည်းသေချာလေသည်။

======<===>=====

Continue Reading

You'll Also Like

1.1K 69 20
office love! BL/Normal Zawgyi/Unicode
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
200K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔