" မာယာ နင်လုပ်ခဲ့တာတကယ်လား"
ရင်ခွင်ထဲက အေရီရယ်ပြန်ထွက်ခွာရင်းမာယာ့ကို မေးပြန်သည်။
"ဟုတ်တယ် ငါလေ ဒီရေကို ချစ်မိသွားတယ်။ ဒါပေမဲ့ သူကငါ့ကိုပြန်မချစ်ဘူး ငါသူ့ကို သွားတွေ့ခဲ့တာ။ ပြီးတော့."
"ပြီးတော့ဘာဖြစ်လဲ "
"နင်သိလား ငါရင်နာတယ် သူက နင့်ကိုလည်းမချစ်ဘူး ငါ့ကိုလည်းပြန်မကြိုက်ဘူး "
"အင်း ငါသိတယ် ဒါပေမဲ့ ငါချစ်နေရင်ရပြီလေ"
"သူက သုတလိုပဲ သုခကို ချစ်နေတာတဲ့ ငါဒီနေ့ပဲသူ့ဆီသွားတွေ့ပြီးဖွင့်ပြောလိုက်တာ ။ သူကငါ့ကို ငြင်းတယ်လေ ငါလည်း သုခနဲ့သုတတို့အကြောင်းအကုန်ပြောပြလိုက်တယ်။ "
"ဟာ မာယာ နင်အလိုပြောတော့ သူဘာဆက်ပြောလဲ"
"သူကလား "
မာယာပြတင်းပေါက်နားသို့တစ်လှမ်းချင်းသွားရင်း အေရီရယ်ကိုကျောခိုင်းလိုက်သည်။
"သူကမယုံဘူးတဲ့ ငါ့ကိုသူကစမ်းတာလေ
အဲ့တော့ ငါပြောလိုက်တယ် "
"....."
မျက်နှာငယ်လေးနှင့်နားထောင်နေခဲ့သောအေရီရယ်ကို
"သုခက သုတနဲ့ ဟိုအဆင့်ထိ ရောက်ပြီးသားလို့ ပြောလိုက်တာ ချက်ချင်းဖုန်းကျသွားတယ်လေ
ဟားဟား င့ါကိုအဲ့လိုလုပ်လို့မရဘူး "
"နင်ဘာလို့ မဟုတ်တာပြောလိုက်တာလဲ
အဲ့ဒါကြောင့်ကားမှောက်ပြီး ချောက်ထဲကျတာ နင်လုပ်ရက်တယ်မာယာ"
မာယာဖုန်းဆက်ပြီးေပြာခဲ့တဲ့စကားတွေကြောင့်ဖုန်းကို ချက်ချင်း ကျသွားခဲ့သည်။ အရှေ့က ကွေ့ကို ဖုန်းထဲကစကားသံတစ်ခုကြောင့်မမြင်ပဲပြောင်းပြန်ကွေ့မိခဲ့သည်။ ထိုအနီးအနားဆိုင်ကယ်တွေ သွားနေတာကြောင့် အမြန်ကားကို ဆွဲယူပေမဲ့ ကားက အရေးမကြီးတာကောင့် လူကိုသာ ဆွဲထုတ်ခဲ့ကြသည်။ သို့ပေမဲ့ အချိန်က မမှီခဲ့တော့ပေ။ သုခရဲ့စိတ်နဲ့ ဒီရေ ကိုင်ထားတဲ့ဖုန်းကို ဘေးနားကလူများက နောက်ဆုံး ဒီရေနဲ့ပြောနေသူထံဖုန်းဆက်ပြီး ပြောကြားခဲ့ကြသည်။ ရွဲကိုဖုန်းဆက်ဖို့ ဒီရေ ကိုယ်တိုင်ပြောခဲ့တာကြောင့် အကူညီပေးကြပေမဲ့ ခေါင်းထဲသို့ ကားကလွှင့်စင်လာတဲ့မှန်စတွေကြောင့် အတော်ပင် သွေးတွေစီးကျနေခဲ့သည်။ သို့ပေမဲ့ အားယူကာ ပြောခဲ့သေးသည်။
ထားခဲ့သူထက် ထွက်ခွာသွားသူကပိုနာကျင်ရတယ် ။ မင်းကိုတာဝန်ယူဖို့ကိုယ်ဒီဘဝအတွက်မဖြစ်လာခဲ့ပြန်ဘူး။ နောက်ဘဝများတွေ့ခဲ့ရင် အကိုမင်းကိုပဲပြန်
ရွေးချယ်ပါရစေ။ အခုတော့ ကိုယ် မယုံနိုင်တဲ့စကားလေးတစ်ခွန်းကြောင့်ကိုယ့်ဘဝကြီး ပျက်ဆီးသွားခဲ့ပြီ။ ကလေးရေ ပျော်ပျော်နေခဲ့ပါ။ အကိုသွားပြီနော်။
................................................................
"မမရေ ပင်လယ်ကြီးက လှလိုက်တာ ရေကူးရအောင်လေ"
"မလုပ်နဲ့မောင်လေး အဲ့ကိုမဆင်းနဲ့ မဆင်းနဲ့ အ့ "
အိမ်မက်ထဲက ဒီရေရဲ့ စကားသံလေးကို စွဲမက်စွာ ယောင်နေခဲ့သည်။
"မမရွဲ မမ အဆင်ပြေရဲ့လား ဟင် "
ရွဲယောင်နေတာကြောင့် ရွဲရဲ့ခုတင်လေးဘေး လှဲအိပ်နေသော သုခပါနိုးသွားခဲ့သည်။
"ဟင် မောင်လေး မမကိုထားသွားပြီ"
ရွဲ သုခကို ဖက်ရင်းရှိုက်ကာငိုနေမိသည်။
"မမရွဲ အဲ့ဒါကျနော် ကြောင့်ဖြစ်ရတ ကျနော်သာ ဒီကိုယ်ဝန်မရခဲ့ရင် အကိုဒီရေ ဒီလိုဖြစ်မှာမဟုတ်ဘူး "
"မဟုတ်ဘူး မင်းကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့ သူက မင်းကိုသိပ်ချစ်တာ မင်းအတွက် သူရဲ့ဘဝကိုတောင်ပေးဆပ်သွားတာ "
"ကျနော်မှားသွားပါတယ် မမရွဲရယ် ကျနော်မှားသွားတယ်"
နှစ်ယာက်သားတစ်ယောက်ကိုတစ်ယောက်ဖက်ငိုနေရင်း နှစ်သိမ့်နေကြသည်။
"မင်းသိလား မမက ဒီရေနဲ့မင်းကို လက်ထပ်စေချင်ခဲ့တာ "
"ဟင့်အင်း ဘာလို့အဲ့လိုလုပ်ရတာလဲ မမရွဲ"
"မမမောင်လေးက မင်းကို သိပ်ချစ်တာ ခုရလာတဲ့ကိုယ်ဝန်ကို သူကတာဝန်ယူမယ်ဆိုပြီး မင်းနဲ့အတူနေဖို့ သူကြိုးစားပြီးထွက်သွားတာ
ဒါ ဒါပေမဲ့ သူက ဘယ်တော့မှ ပြန်မလာတော့ဘူး မင်းသိရဲ့လား"
"တောင်းပန်ပါတယ် ကျနော့်ကို ကျနော့် အပြစ်ရှိသလို ခံစားနေရပြီ "
"မမလိုက်သွားချင်တယ် မေမေတို့ကို ဖုန်းဆက်ပြီး
ခုလိုက်သွားချင်တယ်"
"ဟုတ် ကျနော်လည်းလိုက်မယ် မမရွဲ"
"မလိုက်ပါနဲ့ ပြင်ဦးလွင်မြို့က အရမ်းအကွေ့အကောက်များတယ် မင်းက ခုမှနေကောင်းခါစလေ မဖြစ်ပါဘူး မင်းမှာလည်းရင်သွေးလေးကျန်သေးတယ် မမပဲလိုက်သွားမယ် မေမေတို့နဲ့သွားမှာမို့ စိတ်မပူနဲ့နော်"
ထိုအချိန် ဒေါက်တာ နဲ့သူနာပြုဆရာမလေးတစ်ယောက်က ဆေးရုံဆင်းလု့ိရပြီဖြစ်ကြောင်းလာပြောသည်။
ဆေးရုံဆင်းဖို့အတွက် ရွဲကူညီပြီး အိမ်သို့ကားငှားပြီးသာပြန်လာခဲ့သည်။ ကားကိုဒီရေယူသွားတာကြောင့် taxiသာငှားစီးလာခဲ့ရသည်။ အိမ်သို့ရောက်တော့ မိဘတွေကိုပြောပြသည်။ သို့ပေမဲ့ ရွဲမိဘတွေက တူဖြစ်တာကြောင့်သိပ်ပြီး ဂရုစိုက်ပုံမပါ်ခဲ့။ ရွဲမှာတော့ ငိုယိုပြီးပြောနေသော်လည်း မိဘများက အလေးမထားသဖြင့် စိတ်အနည်းငယ်တိုလာခဲ့သည်။ ကားမှောက်တယ်ဆိုသောစကားကိုပဲရွဲတို့သိကြပေမဲ့ ကားမှောက်ရချင်းအကြောင်းကိုတော့ ကောင်မလေးနှစ်ယောက်မှလွဲပြီးမသိခဲ့ကြ။ ထိုကောင်မလေးနှစ်ယောက် ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေလေ တစ်ယောက်ကိုတစ်ယောက်တော့ လွဲချမည်မထင်။
"မမရွဲ ငိုမနေပါနဲ့တော့ နော် မမတစ်နေကုန်ငိုနေတာ ထမင်းလည်းမစားရသေးဘူး"
"မမမှာ ဒီမောင်လေးတစ်ယောက်ပဲရှိတာ ပြီးတော့ ခုမမကို သူက အပြီးထားသွားပြီ "
ရွဲနှင့်အတူ မျက်ရည်လေးတွေစီးကျလာသော ကလေးငယ်ကို ရွဲကြည့်ရင်းပြုံးလိုက်သည်။
"မင်းရဲ့ကလေးအဖေက ဒီရေလားဟင် မမရဲ့တူလေးတူမလေးများလားဟင် သုခ "
"မမ ကျနော့်ကိုအဲ့ဒါမမေးပါနဲ့လားဟင် အကိုဒီရေလည်းမဟုတ်ပါဘူး မမစိတ်ထဲမထားနဲ့တော့နော် ကျနော့်ကို ဒီကလေးလေးက မမရဲ့တူလည်းဖြစ်သလိုတူမလေးလဲ ဖြစ်လာမှာပါ။ မမက ကျနော့်အတွက်အမအရင်းတစ်ယောက်လိုပါပဲ"
"ဒါဆိုမငိုနဲ့တော့နော် "
"ဟာ မမလည်းငိုနေပြီးတော့ "
"ဟင့်အင်း မငိုတော့ဘူး မင်းလည်းမငိုနဲ့တော့သုခ"
"အဲ့ဆို ထမင်းလေးစားဦး ကျနော်ယူလာတာလေး"
"အင်း စားမယ် မင်း ဒီကလေးလေးမွေးတဲ့ထိမမဆီမှာနေမယ်မလား"
" ဟုတ် မမနားမှာနေမှာပေါ့ "
ရွဲရှိန်ဝါဆီသို့အပြုံးလေးတစ်ချက်ကူးဆက်စေဖို့ သုခကြိုစားလိိုက်သည်။ ရွဲလက်ထဲက ထမင်းပန်ကန်ကိုသာငုံ့ကြည့်ရင်းစားနေခဲ့သည်။
"သွားအိပ်တော့ နက်ဖန် ရုံးတတ်ရမယ်
မမလည်းရုံးမတတ်တာကြာနေပြီ "
"ဟင့်အင်း ကျနော်အဲ့ကိုမလုပ်ပါရစေနဲ့မမရွဲ
အကို သိရင်ကျနော့်ကိုသတ်လိမ့်မယ် "
"မဖြစ်ပါဘူး သုခရဲ့ မမသူ့ကို ပြောလိုက်မယ်လေ"
"မမ ကျနော့်ရင်သွေးလေး အတွက် ကျနော့်ကိုငဲ့ပေးပါလားမမ မပြောပါနဲ့နော် "
"ဟူးးး အင်းပါ"
.
"ကျေးဇူးပါမမရွဲရယ် ဒါဆို ကျနော် သွားအိပ်တော့မယ်နော်"
ရွဲခေါင်းလေးငြိမ့်ပြသဖြင့် သုခအပြင်သို့တံခါးလေးပြန်ပိတ်ပြီးထွက်သွားခဲ့သည်။
................................................................
"သက်လွင်ဘယ်လိုလဲ ဆေးရုံမှာတွေ့ခဲ့လား"
"မတွေ့ခဲ့ဘူးဆရာ သူက လွန်ခဲ့တဲ့ နှစ်နာရီထဲက ဆင်းသွားတဲ့ ကျနော်သိတာတော့ ကောင်မလေးတစ်ယောက်နဲ့အတူဆင်းသွားတာတဲ့ "
"အဲ့ကောင်မလေးကို ခုချက်ချင်းသွားစုံစမ်း "
"အဲ့ကောင်မလေးက ကျနော့်ကိုရဲ့ no1 photo model ရွဲရှိန်ဝါပါ ဆရာ"
"အမရွဲနဲ့လား"
"ဟုတ်ပါတယ်ဆရာ ကျနော်ဘာဆက်လုပ်ပေးရမလဲ"
"ဘာမှဆက်မလုပ်နဲ့ မနက်ဖန်အမရွဲရောက်ရင် ငါ့ဆီကိုချက်ချင်းလွှတ်ပေး "
"ဟုတ်ကဲ့ဆရာ"
သုခပြောလေကဲလေ လားကွာ မင်းကို ဒီရေနဲ့သူ့အမကို မထိပါနဲ့လို့ပြောထားတာကိုကွာ ။ တကယ်လို့ မင်းအမရွဲကို ချစ်မိသွားရင်ကော ငါက ငါနဲ့လက်ထပ်ရမဲ့အမျ်ုးသမီးကို မင်းလက်ထဲထည့်လိုက်ရမှာလား ။ မင်းငါ့ဆဖိ ပြန်ကိုလာရမယ် ။ နော်သုခ ပြန်လာပါ။
မင်းရဲ့ ရင်သွေးလေးကိုလည်း ငါ့ကိုဦးလေးတစ်ယောက်အနေနဲ့ တွေ့ခွင့်ပေးပါဦး သုခရဲ့။
ရွဲ အိပ်ပျော်သွားပြီး မနက်ရောက်တော့သုခကို အတင်းနိုးလေရဲ့။ ဒါပေမဲ့ အိပ်ပုတ်ကြီးနေတဲ့ သုခ မထဘူးလေ။ သူရုံးသွားဖို့ ကြောက်လို့တဲ့။ ကလေးငယ်အတော်ကြောက်နေခဲ့တာ။ ရွဲလညး်နိုးမရတဲ့အဆုံးသူ့ပြန်ထွက်သွားပြီး ရုံးသို့ဦးတည်ခဲ့တယ်။ ရွဲရောက်ရောက်ချင်း သက်လွင်နှင့်အတူကောင်မလေးတစ်ယောက်က ရွဲရဲ့အနားသို့အတင်းပြေးလာကြသည်။
"မမရွဲရှိန်ဝါ ဆရာခေါ်ခိုင်းလိုက်လို့ မြန်မြန်လာပါ "
ရွဲကိုဘေးနှစ်ဖက်က အတင်းဆွဲခေါ်သွားတာကြောင့်ကြောင်ကြောင်လေးလိုက်လာခဲ့မိသည်။ အခန်းဝသို့ရောက်မှ လက်ကိုလွှတ်ပေးပြီး ပြန်ထွက်ခွာသွားကြသည်။
တောက် တောက် တောက်.....
"ဝင်ခဲ့"
"သုတ အမကိုခေါ်တာ"
သုတကိုင်ထားတဲ့စာရွက်ကို စားပွဲပေါ်အမြန်ပြန်ချလိုက်ပြီး ရွဲနားသို့ အမြန်သွားလိုက်သည်။
"သုခ ဘယ်မှာလဲ အမရွဲ သုခလေ"
ရွဲပြန်ဖြေ ဖို့အားနည်းနေခဲ့သည်။
"ပြီးတော့ သုခနဲ့ဒီရေ က တကယ်ပဲချစ်သွားကြတာလား ဘယ်မှာလဲ ဒီရေ ကျနော်သူ့ကိုသတ်မယ်"
သုတစကားကြောင့်ရွဲ မျက်ရည်ဝိုင်းလာပြီးသုတရဲ့ လက်ဖဝါးကိုကိုင်လိုက်သည်။
"မင်းသတ်စရာမလိုပါဘူးသုတ ဒီရေက သေ သွားပြီ မင်းမသတ်ပဲနဲ့တောင်သူကသေ သွားပြီ သုတရဲ့"
"ဘာ"
"ဟုတ်တယ် သုခရဲ့စိတ်နဲ့သူသေ သွားပြီ မင်းကျေနပ်လိုက်ပါတော့သုတရဲ့"
"ကျနော် ပြောမိတာ မှားသွားပြီမမရွဲကို မငိုပါနဲ့တောဲအမရွဲ"
"သုခကိုမင်းဘာလို့နှိပ်ဆက်တာလဲ "
ထိုစကားကြောင့် သုတ မျက်လုံးပြူးသွားပြီး
"အမ ကျနော့်ကို သုခနဲ့တွေ့ခွင့်ပေးပါ အမ"
"မင်းတွေ့ချင်ပေမဲ့ သုခကတော့ မတွေ့ချင်ဘူးလေ"
"မဟုတ်ဘူး သူကျနော့်ကိုတွေ့ရမယ်အမရွဲ မတွေ့လို့မရဘူး"
"ဒါဆို မင်းအမကိုကတိတစ်ခုပေး "
"ရတယ် ဘာကတိမဆိုပေးမယ် အမသာသုခနဲ့တွေ့ခွင့်ပေးပါ"
"မင်းသုခကိုမနှိပ်ဆက်ရဘူး "
"ရတယ် ကျနော်ပေးတယ် ခုကျနော့်ကိုသုခဆီခေါ်သွားပေး"
"ခေါ်သွားစရာမလိုဘူး မင်းလိုက်သွားယုံပဲ သုခက အမတို့အိမ်မှာ
"ဒါဆို ကျနော်ခုပဲလိုက်သွားတော့မယ် ခွင့်ပြုပါဥိး"
ရွဲကိုနှုတ်ဆက်ပြီး ရုံးခန်းထဲကထွက်လာသည်။ နောက် car parkingကိုသွားပြီး ကားကိုထုတ်ကာ ရွဲအိမ်သို့ဦးတည်ခဲ့သည်။
ကားကို ဖြေးဖြေးမှန်မှန်မောင်းနှင်လာခဲ့ပြိး ရွဲတို့အိမ်ထဲသို့ ကားကိုသွင်းလိုက်သည်။ နောက် အပေါ်ထပ်ရှိအခန်းတိုင်းသို့ တံခါးဖွင့်ဝင်ရှာသည်။ ရွဲရဲ့ မိဘတွေက အောက်ထပ်မှာနေသည်မို့ အပေါ်ထပ်သို့တက်ရှာလည်းအကြောင်းမရှိပေ။
နောက်ဆုံးလှေကားရဲ့အစွန်ကအခန်းလေးသို့ တံခါးခေါက်ခဲ့သည်။
ဒေါက် ဒေါက် ဒေါက်......
" မမရွဲကလည်း ပြန်လာတာ စောလိုက်တာ"
တံခါးဖွင့်သံနှင့်အတူ သုခပြောဆိုလိုက်သည်။ သို့ပေမဲ့ နောက်သို့လှည့်မကြည့်တာကြောင့်
သုခရဲ့နောက်ကျောကနေ လှမ်းဖက်လိုက်သည်။
"ဟာ ဘယ်သူလဲ လွှတ် ကျနော့်ကိုလွှတ် မလွှတ်ရင် အော်လိုက်မှာနော်"
"သုခလေး "
သုတရဲ့ ခေါ်လိုက်တဲ့စကားလေးကြောင့်လူပါတွန့်သွားပြီးအတင်းရုန်းထွက်လိုက်သည်။
"အကို "
"ဟုတ်တယ် မင်းရဲ့အကို မင်းကိုသိပ်ချစ်တဲ့အကိုလေ"
"မဟုတ်ဘူး အကိုက ကျနော့်ကိုသိပ်မုန်းတဲ့အကို "
"သုခ အကိုတောင်းပန်ပါတယ် ပြန်လိုက်ခဲ့ပါ"
"ဟင့်အင်း မလိုက်ဘူး ကြောက်တယ် ကျနော် အရမ်းကြောက်သွားပြီ မရက်စက်ပါနဲ့တော့ ကျနော်အခု အဆင်ပြေနေပါပီ ကျနော့်ကို မရက်စက်ပါနဲ့တော့"
"အင်းပါ ကိုယ်တောင်းပန်ပါတယ်ကွာ ပြန်လိုက်ခဲ့ပါ"
"မလိုက်ဘူး ကျနော့်ရဲ့ခေါင်းက ဒဏ်ရာကမသက်သာသေးဘူး ကျနော့်ကို ထပ်မနှိပ်ဆက်ပါနဲ့ဗျာ ကျနော် သေ သွားလိမ့်မယ် "
စကားသံတွေပါ မျက်ရည်ကျလာတဲ့အထိ ရှိုက်ကာငိုနေခဲ့သည့် ကလေးငယ်ကို သူ့ရဲ့ ရင်ခွင်ထဲ အတင်းထိုးပွေ့ရင်း တင်းကျပ်စွာဖက်ထားလိုက်သည်။
"မငိုပါနဲ့တော့ကွာ အကိုမှားသွားပါတယ် အကိုလေ မင်းကို မခွဲနိုင်လွန်းလို့ မင်းထားခဲ့မှာကြောက်လွန်းလို့ပါ "
"ဒါပေမဲ့ အကို ကျနော့်ကို မုန်းတယ်လေ"
"မပြောနဲ့တော့ လာခုပြန်မယ်"
လက်ကြီးကိုအတင်းဆွဲခေါ်တော့ သုခ ပြန်မလိုက်ရဲတာကြောင့်အတင်းတွန်းဖယ်သည်။
"လွှတ် ကျနော် မလိုက်ဘူး"
လက်ကိုလွှတ်အောင်ဖယ်လိုက်တာမို့ သုခရဲ့ခန္ဓာကိုယ်ကို သုတ ပွေ့ချီလိုက်သည်။ ကြောင်အ့သွားသော ခံစားချက်နှင့်အတူ သုတရဲ့ ရင်ခွင်ထဲ လိုက်ပါလာမိသည်။
💞💞 အချစ်လေးတွေ ဒီက updateမှန်ပါတယ်နော် ။ မချစ်ဘူးလားဟင်။
ချစိရင် voteလေးတွေတိုးပေးကြပါ။
26.ရက်စက်ပြီးမှမချစ်ပါနဲ့လား
"ပြီးတော့ဘာဖြစ်လဲ "
"သူကလား "
"....."
................................................................
ခုလိုက်သွားချင်တယ်"
ထိုအချိန် ဒေါက်တာ နဲ့သူနာပြုဆရာမလေးတစ်ယောက်က ဆေးရုံဆင်းလို့ရပြီဖြစ်ကြောင်းလာပြောသည်။
"ဟူးးး အင်းပါ"
.
................................................................
"အမရွဲနဲ့လား"
"ဟုတ်ကဲ့ဆရာ"
တောက် တောက် တောက်.....
"ဝင်ခဲ့"
"သုတ အမကိုခေါ်တာ"
"ဘာ"
"ကျနော် ပြောမိတာ မှားသွားပြီမမရွဲကို မငိုပါနဲ့တေဲာအမရှဲ"
ဒေါက် ဒေါက် ဒေါက်......
"သုခလေး "
"အကို "