// Unicode //
အခန်းမီးမှိန်ပြပြလေးအောက်တွင် အဖျားရှိန်ဖြင့်နှစ်ခြိုက်စွာအိပ်ပျော်နေသည့် Taehyungသည်သူ့လက်ကိုဆွဲကိုင်အိပ်ပျော်နေပါသည်။ သူဒီအိမ်ကို စရောက်တည်းက ဘယ်သောအခါမှ အိမ်ပြန်မအိပ်သည့်Taehyung၏အမျိုးသားကို အားနာလှသော်လည်း ညတိုင်းကြောက်လို့ဟုဆိုကာ အဖော်မဲ့နေရှာသော ဒီကလေးငယ်ကိုတော့Jungkook လစ်လျူမရှုနိုင်ခဲ့။
ကုတင်ဘေးနားလေးပေါ်တွင်Taehyung အိပ်ပျော်သည်အထိစောင့်ပေးရသည့်အတွက် တချို့ညတွေဆိုသူပါကုတင်ပေါ်ခေါင်းလေးမှီပြီအိပ်ပျော်သွားခဲ့ရသည်။ အိပ်ပျော်နေသည့် Taehyungမျက်လုံးပေါ်တွင်ကျနေသည့် ဆံပင်လေးတွေကိုသပ်ပေးကာ သူသဘောကျစွာပြုံးလိုက်မိသည်။ အေးချမ်းစွာ အိပ်ပျော်နေသည်ပဲ။ ဒီအိမ်ရောက်တည်းက ဒီကလေးရဲ့အပြုံးတွေကို သူတခါမှမတွေ့ဖူးသေး။ မည်ကဲ့သို့သော စိတ်စွမ်းအင်တွေကြောင့်လဲတော့မသိ သူTaehyungလေးကိုပြုံးပျော်နေစေချင်ပါသည်။ သူများမိသားစုအတွင်းရေးတွေထဲ ဝင်မပါသင့်ပေမဲ့ Taehyungလေးပျော်ရွှင်အောင်လုပ်ပေးဖို့တော့ သူကြိုးစားခွင့်ရှိတယ်မလား?
-
-
-
-
"CEO Min သောကြာနေ့ညနေ Hopeကုမ္ပဏီနှစ်ပတ်လည်ပွဲတက်ဖို့ရှိပါတယ် ဖျက်လို့မရပါဘူးCEO"
" Hope? အာ ဟိုးတလောက Weddingဖိတ်တုန်းကလား? "
"Nae အဲ့တုန်းကလည်းCEOမသွားလိုက်ပါဘူး ဂုဏ်ပြုပန်းစည်းပို့လိုက်ပါသေးတယ် ပြီးတော့Hopeကဆက်ခံသူရဲ့အမျိုးသားကျန်းမာရေးမကောင်းလို့ ဆေးရုံတက်တုန်းကလည်း သတင်းသွားမမေးဖြစ်ပါဘူး ဒီတခေါက်နှစ်ပတ်လည်ပွဲတော့ တက်မှဖြစ်မယ်ထင်ပါတယ်"
အမျိုးသားဆိုတော့ Yoongiမျက်မှောင်ကြုံ့သွားရပါသည်။ သူသိသည်က Hopeရဲ့ဆက်ခံသူကသားမဟုတ်ဘူးလား? သမီးရှိသေးတာလား? မင်္ဂလာပွဲမတက်လိုက်ရသည့်အတွက် သူမသိလိုက်။ အဲ့ချိန်တုန်းက သူလည်းသူ့အပူနဲ့သူမလား? ဆက်ခံသူရဲ့မင်္ဂလာဆောင်ဆိုတော့ သူတို့ကုမ္ပဏီshareရှင်တွေကတစ်ဦးဖြစ်သည့် Jung Hoseok?
"အမျိုးသား? Hopeကဆက်ခံသူက သားမဟုတ်ဘူးလား?"
"Nae....ဟုတ်ပါတယ် လိင်တူလက်ထပ်ပွဲလို့တော့သိရပါတယ်။ အဲ့တုန်းကလည်း အတွင်းလူတွေနဲ့Churchမှာပဲလုပ်တာပါ မီဒီယာတွေတောင်မပါဘူးလို့သိရပါတယ်"
"OK နားလည်ပြီ အဲ့နေ့မင်းလဲပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ပါ"
Yoongiပြောသည့် ပြင်ဆင်စရာရှိတာပြင်ဆင်ဆိုသည်ကို အတွင်းရေးမှုမလေးကောင်းစွာနားလည်ပါသည်။ သူမဆိုတာ ညဏ်ရည်ထက်မြက် လုပ်ရည်ကိုင်ရည်မှာလိမ္မာပါးနပ်ပြီး အလုပ်မှာတိကျပြတ်သားသူမို့ အလုပ်သရဲအချေကိုယ်တော်Min Yoongiနားတွင် အချိန်ကြာရှည်ယှဉ်တွဲလုပ်ကိုင်နိုင်သည့်တစ်ဦးတည်းသော အတွင်းရေးမှုး။ ဒီကုမ္ပဏီမှာလုပ်သက်က နှစ်အချို့ရှိပြီမို့ သူ့သူေဋ္ဌးMin Yoongiအကြောင်းလဲသူမ နောကြေနေပြီသား။ သူေဋ္ဌးတစ်ယောက်၏အတွင်းရေးမှုးတို့ တာဝန်အတိုင်းပွဲတက်စရာရှိရင် ပြင်ဆင်စရာပြင်ဆင်ပေးပြီး လိုအပ်ပါကသူပါလိုက်တက်ရသည့်အခါမျိုးရှိသည်။
သို့သော်ယခုတခါတော့မတူညီတော့။ အလုပ်ကိစ္စနှင့်လည်းမသက်ဆိုင်သည်ကတစ်ကြောင်း၊ အရင်ကသူေဋ္ဌးကလူပျိုလူလွတ်ဖြစ်သော်လည်း ယခုသူေဋ္ဌးကယခုအိမ်ထောင်ကျပြီးသားဖြစ်သည်မလို့ ယခုပွဲမျိုးတွေကိုကိုယ့်ကြင်ဖက်နှင့်သာ တက်ရောက်သင့်သည်မဟုတ်ပါလား။ အခုလည်းသူေဋ္ဌးက သူ့ကိုအတူပွဲတက်ဖို့ပြင်ဆင်ခိုင်းမှန်းသိတာကြောင့် သူအကျိုးအကြောင်းပြောပြမှဖြစ်မည်။
အတွင်းရေးမှုးမလေးသည် ထိုသို့သောအမျိုးသမီးကောင်းလေးဖြစ်သည်။ သူေဋ္ဌးနှင့် အနီးကပ်အလုပ်တူတူလုပ်ကိုင်ရသော်လည်း ကလပ်တက်တက်အမူအယာမျိုးမရှိ။ ရှက်ကိုးရှက်ကန့်အမူအယာမပြု။ ကုမ္ပဏီတော်တော်များများတွင် ဖြစ်လေ့ဖြစ်ထရှိသည့်သူေဌးနှင့်အတွင်းရေးမှုးဇာတ်လမ်းတို့တွင် သူမမပါစေရ။ ထို့ကြောင့် Min Yoongiနှင့်သူမအတော်အဆင်ပြေသည်။
"CEO Min...ပြောရမှာအားနာပေမဲ့ ဒီပွဲကပါတနာနဲ့တက်ဖို့ဖိတ်တာပါ "
"အင်း သိတယ်လေ အဲ့တာကြောင့်အတွင်းရေးမှုးချွဲကိုပြင်ဆင်ခိုင်းတာ"
"CEOရဲ့ အိမ်ထောင်ဖက်နဲ့ပွဲတက်မှသင့်တော်မှာCEO.... Hopeနဲ့ပက်သက်တဲ့ အလုပ်ကိစ္စတွေကအကုန်ဖြေရှင်းပြီးသားတွေပါ shareရှင်အစည်းအဝေးက နောက်လထဲမှကျင်းပမှာဆို မျက်နှာပြပွဲတက်ရုံပါပဲCEO Min...."
"အိုကေ နားလည်ပြီ"
ထို့နောက်အတွင်းရေးမှုးချွဲထွက်သွားတော့မှ Yoongiသက်ပြင်းချမိသည်။ အဆင်မပြေဘူး လုံးဝအဆင်ပြေမနေဘူး။ သူTaehyungကိုပွဲတက်ဖို့ခေါ်သွားရမှာလား? Taehyungieကရော အဆင်ပြေပါ့မလား?
-
-
-
-
"ကျွန်တော်ဒယ်ဂူကိုပြန်ချင်တယ်"
နေ့လည်ထမင်းစားပြီး ခြံထဲကထိုင်ခုံလေးပေါ်သို့ လေကောင်းလေသန့်ရစေရန်အလို့ငှာTaehyungကိုခေါ်လာပေးနေကြဖြစ်သည်။ သူနှင့်Taehyung အနီးကပ်ရှိနေသည်မှာ အချိန်တစ်ခုကြာပြီဖြစ်သော်လည်း ရင်းနှီးမှုသိပ်မရှိကြသေး။ Jungkookဘက်က စကားတွေဝေဝေဆာဆာပြောပေးနေသလောက် ထိုကောင်လေးဆီမှအရယ်အပြုံးမလာသလို စကားသေချာပြန်ပြောတာမျိုးလဲမရှိခဲ့။ ထိုကလေးငယ်ကရင်းနှီးလွယ်မည့်ပုံလေးမဟုတ်နိုင်။ စည်းအထပ်ထပ်ချထားသည့်အတွက် Taehyungနှင့်ရင်းနှီးဖို့ နည်းမျိုးစုံနဲ့Jungkookကြိုးစားမြဲဖြစ်သည်။ သို့ပေမဲ့ ဒီနေ့တော့ထိုကလေးဆီမှ ပထမဆုံးစကားစပြောသည့်အတွက် သူဝမ်းသာရသည်။
"ဒယ်ဂူ?? Taeကဒယ်ဂူကလား? အင်း ...Taeသွားလည်ချင်ရင်ကိုယ်Yoongi siiကို..."
ရင်းနှီးမှုအနည်းငယ်ရရှိစေရန် အခေါ်အဝါ်တွေကိုပြောင်းလဲခေါ်ဆိုဖို့ပြောတုန်းက ကလေးငယ်ကကြည်ဖြူစွာလက်ခံခဲ့သည်မို့ တအားတော့စိမ်းမနေတော့။
"ဟင့်အင်း....hyungမပါဘူး...ကျွန်တော်ပဲသွားမှာ ဒီမှာမနေချင်တော့ဘူး Ommaနဲ့Appaဆီမှာပဲနေချင်တယ်"
သူ့စကားတောင်ဆုံးအောင်မပြောလိုက်ရ ။ ဖြတ်ပြောသည့်ကလေးငယ်သည် Min Yoongiကိုခေါ်ချင်ပုံမရ။
"ဆရာ...ဆရာကျွန်တော့်ကိုလိုက်ပို့ပေးပါလားဟင်...ကျွန်တော်ကျေးဇူးပြန်ဆပ်မှာပါ ကျွန်တော့်ကို ဒီကနေဒယ်ဂူကိုလိုက်ပို့ပေးပါနော် ကျွန်တော်ဒီမှာမနေချင်ဘူးလေနော်"
ပြောနေရင်းနဲ့ မျက်ရည်လေးတလက်လက်ဖြစ်လာကာ သူ့လက်ကိုစမ်းရင်းအားကိုးတကြီးပြောလာသည့်Taehyungကိုကြည့်ပြီး Jungkookစိတ်တို့ရှုပ်ထွေးတင်းကြပ်သွားရသည်။ Taehyungကိုသူရင်းနှီးသည်။ သနားသည်။ ကြင်နာသည်။ဂရုစိုက်သည်။ ဒါပေမဲ့သူ့တာဝန်အရ Taehyungကိုအနီးကပ်စောင့်ရှောက်မှုပြုနေရသော်လည်း တကယ်တမ်းတော့သူတို့နှစ်ယောက်သည် သူစိမ်းတွေသာဖြစ်သည်။ အခုတော့ Taehyungအကူအညီတောင်းသည့်ကိစ္စသည် သူကူညီရန်မသင့်တော်သလို။ သူများမိသားစုရေးထဲလည်း ဝင်ရောက်စွက်ဖက်ခွင့်မရှိ။
"Taeဒီမှာနေရတာ မပျော်လို့လား?"
သူပြောတော့ ကလေးငယ်ကမျက်ရည်လေးတွေကျလာပါသည်။
"ပျော်စရာအချိန်တွေမှ မရှိနိုင်တော့တာ....အေးချမ်းမဲ့နေရာမဲ့နေရာမှာပဲ တစ်ယောက်တည်းနေချင်တော့တယ်"
"Tae မျက်စိပြန်မမြင်ချင်ဘူးလား? မျက်စိခွဲစိတ်ပြီး ပြန်မြင်ရတဲ့တနေ့ရောက်ရင် ဘာတွေလုပ်မယ် ဘယ်သူတွေနဲ့ဘယ်ကိုသွားမယ်ဆိုပြီး စိတ်ကူးပြီးမျှော်လင့်ချက်လေးထားရမယ်လေ ....
ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင်ပဲရှာဖွေရမယ်လေ ....ကိုယ်ကိုယ်တိုင်ပျော်ရွှင်နေမှ သူများကိုပျော်ရွှင်အောင်လုပ်ပေးလို့ရနိုင်မယ်... အင်း ဥပမာကိုယ့်လိုပေါ့ ကိုယ်ကကိုယ့်ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းတယ် ဒါကကိုယ်မျက်စိမြင်နေရလို့ပြောတာမဟုတ်ဘူးနော် ကိုယ့်မျက်စိတွေကွယ်နေခဲ့ရင်လည်း ကိုယ့်အခြေအနေကိုလက်ခံပြီး ကိုယ့်ကိုကိုယ်အကောင်းဆုံးအခြေအနေဖြစ်အောင်နေဖို့ကိုယ်ကြိုးစားမိမှာပဲ အခုကိုယ်ကပျော်ရွှင်အောင်နေတယ် ပြီးတော့Taeကိုလည်း ပျော်ရွှင်မှုတွေရှာတွေ့အောင်ကူညီပေးမယ်လေ"
သူပြောတော့ Taehyungဘက်ကအတန်ကြာအောင်တိတ်ဆိတ်သွားသည်။ အငိုလည်းတိတ်သွားသလို မျက်လုံးလေးပုတ်ခပ်ပုတ်ခပ်လုပ်ကာ တစ်ခုခုကိုစဉ်းစားနေဟန်ပေါ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ...... ကျွန်တော့်ကိုအခုလိုပြောပေးတဲ့အတွက်"
ပထမဆုံးအကြိမ်ပါပဲ။ Taehyungပြုံးလိုက်တာ။ Taehyungရဲ့မျက်ရည်လေးတွေကြားထဲမှ တောက်ပတဲ့အပြုံးသေးသေးလေးတစ်ခုပေါ်လာလိုက်တာ ပထမဆုံးမြင်ဖူးတာဖြစ်သည့်အတွက် Jungkookပင်ငေးခနဲဖြစ်သွားရပါသည်။ တကယ်လဲ Taehyungစိတ်ထဲအနည်းငယ်အားဖြစ်သွားတာတော့အမှန်ပါ။ အရင်းနှီးဆုံးမိသားစုဝင်ဖြစ်သည့်hyungကတောင် ဒီလိုမျိုး
နှစ်သိမ့်အားပေးစကားမပြောပေးဖူးတော့ ဒီလိုမျှော်လင့်ချက်အလင်းရောင်လဲစိတ်ထဲဖြစ်လာမယ်လို့လဲတခါမှ မထင်ထားမိခဲ့။
"Taeက ပြုံးနေရင်အရမ်းချစ်စရာကောင်းတာပဲ အဲ့လိုလေးအမြဲပြုံးနေပါTaeရဲ့ ကြည့်ပါအုံးငိုထားတာမျက်ရည်တွေရော နှာရည်တွေရောထွက်ကုန်ပြီ မနက်ကမှရေချိုးထားတာ ပေပွကုန်ပြီ"
မျက်ရည်လေးတွေကို လက်လေးနှင့်ဖွဖွလေးသုပ်ပေးတော့ ပါးလေးတွေရဲတက်လာသည့်ကောင်လေး။ သူ့ကိုမမြင်ရသော်လည်း သူပြောလိုက်သည်ကြောင့် ရှက်လို့ထင်သည် မျက်လုံးလေးတောင်ပို့မြောက်ပို့နှင့်။ Taehyungပုံစံလေးမှာချစ်စရာကောင်းနေသည့်အတွက် သူပင်လိုက်ပြုံးမိသည်အထိ။
"ဒါနဲ့ ဆရာကဒီကိုဘယ်လိုရောက်လာတာလဲဟင်?"
Taehyungမေးလိုက်တော့Jungkookဆီမှ တော်တော်နှင့်အဖြေမလာ။ Jungkookရဲ့တည်သွားတဲ့မျက်နှာကိုတော့Taehyungမမြင်လိုက်။ ထို့နောက်အပြုံးလေးတစ်ခုထပ်ပြုံးလိုက်ရင်း
"သူေဋ္ဌးကတော်က centreကိုဆက်သွယ်လာတာလေ Taeကိုအနီးကပ်စောင့်ရှောက်ဖို့ဆိုပြီး ပြီးတော့ကိုယ်ကအဲ့centreမှာပဲလုပ်တာလေ အဲ့တော့Taeကိုစောင့်ရှောက်ပေးဖို့အဆက်အသွယ်ရတာနဲ့ ရောက်လာခဲ့တာ"
"ဒါဆို ဆရာကnurseပေါ့?"
"အော် nurseရယ်လို့လဲမဟုတ်ပါဘူး....ဒီတိုင်းကျန်းမာရေးဝန်းထမ်းပါပဲ "
"အော်...."
" Tae ကဘယ်နှနှစ်ရှိပြီလဲ? ကိုယ့်ထက်တော့ငယ်မဲ့ပုံပဲ"
"ကျွန်တော်တတိယတတိယနှစ်တက်နေတာ ဒီနှစ်မှ၂၃ပြည့်မှာ"
"ကိုယ့်ထက်ငါးနှစ်လောက်တောင်ငယ်တာပဲ ကိုယ်က၂၈ပြည့်ပြီးပြီ"
"အော် Nae..."
"ဒါနဲ့ေနောက်ဖက်ဧည့်ဆောင်က PianoကြီးကTaeတီးတာလား?"
"ဟင့်အင်း အဲ့တာHyungရဲ့Pianoကြီး ဒါပေမဲ့ငယ်ငယ်ကhyungကကျွန်တော့်ကိုသင်ပေးဖူးတော့ နည်းနည်းတော့တီးတတ်ပေမဲ့ အခုမတီးတာကြာတော့မေ့နေပါပြီ"
သူ့Hyungအကြောင်းပြောလိုက်သည်နှင့် မျက်နှာလေးဝင်းလက်သွားသည့်ကလေးငယ်။ အမှန်ဆိုTaehyungအရွယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့လောကကြီးမှာ အကောင်းဆုံးရှင်သန်ပြီး ပျော်ရွှင်မှုတွေနဲ့တောက်ပနေမည့်အချိန်ဖြစ်သည်။ သို့သော် Taehyungလေးသည်နဂိုတည်းက အနေအေးသူလေးဖြစ်မည်။ နူးညံ့သည့်အရာတွေသည် ထိလွယ်ရှလွယ်ကြသည်မလား? အသက်ငယ်ငယ်လေးနှင့်လည်းအိမ်ထောင်ကျနေပြီ။ သူမြင်ရသမျှတော့ သူ့အမျိုးသားဖြစ်သူနဲ့လဲအဆင်ပြေဟန်မရှိ။ အမြင်အာရုံကလဲ ချို့ယွင်း။ လောကဓံရဲ့ဒဏ်ကိုဒီကလေး ဘယ်လောက်တောင်ခံရမှာပါလိမ့်?
"ကိုယ်သင်ပေးရမလား?"
သူပြောလိုက်တော့ မျက်လုံးလေးကတလက်လက်ဖြစ်လာသည်။
"ဆရာက တီးတတ်တယ်လား? "
"Nae ....ကိုယ်လည်းPianoတီးရတာဝါသနာပါတယ်လေ တက္ကသိုလ်တက်တော့မှစာတွေနဲ့မနိုင်တော့လို့ piano clubတွေမသွားဖြစ်တော့ပေမဲ့ အဆက်တော့မပြတ်သွားပါဘူး Taeတီးချင်ရင် နောက်နေ့ကိုယ်သင်ပေးမယ်လေ"
"တကယ်လားဟင်..? ဒါပေမဲ့ ကျွန်တော်မှ မ.. မြင်..ရ..တာ..ကို "
ပြောပြီးခေါင်းငုံ့သွားသည့်Taehyungကြောင့် မေးလေးကနေပြန်မော့တင်ကလိုက်ရင်း ခေါင်းလေးကိုဖွကာ
"Pianoတီးတာ လက်နဲ့တီးတာလေTaeရဲ့ မျက်လုံးနဲ့တီးတာမှမဟုတ်တာ....အနုပညာကိုနှလုံးသားနဲ့ခံစားတတ်ရင်ရပြီ ဟုတ်ပြီလား?"
"Nae...ကျေးဇူးတင်ပါတယ် ဆရာ"
-
-
-
-
တဖက်တွင်လည်း ဆေးရုံခုတင်ပေါ်တွင် ဖြူဖျော့စွာအိပ်မောကျနေသည့် ကောင်လေးကို ခုတင်ဘေးမှအမျိုးသားတစ်ဦးကလည်းလက်လေးကိုဆုပ်ကိုင်ကာ မျက်ရည်တို့ကျနေသည်။
"သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်Min Yoongi....မင်းရဲ့ယောကျာ်းလေးကို မင်းအရိပ်အောက်ရှိနေတုန်း တန်ဖိုးထားပါ ....ငါကမင်းရဲ့အဖြူရောင်ပန်းချီကားပေါ်မှာ အရောင်ဆိုးပေးမှာမလို့"
-
-
-
-
TBC...
(နေ့တိုင်းတော့မupdateနိုင်ပေမဲ့ တစ်ပတ်ကို နှစ်ပိုင်းလောက်တော့upဖြစ်မှာပါနော်)
With Love💜
|| Tae_For_Jeon
Jeon_To_Tae||
//Zawgyi//
-
-
-
-
"အိုကေ နားလည်ပြီ"
-
-
-
-
ရင်းနှီးမှုအနည်းငယ်ရရှိစေရန် အခေါ်အဝ်ါတွေကိုပြောင်းလဲခေါ်ဆိုဖို့ပြောတုန်းက ကလေးငယ်ကကြည်ဖြူစွာလက်ခံခဲ့သည်မို့ တအားတော့စိမ်းမနေတော့။
"သူဋ္ဌေးကတော်က centreကိုဆက်သွယ်လာတာလေ Taeကိုအနီးကပ်စောင့်ရှောက်ဖို့ဆိုပြီး ပြီးတော့ကိုယ်ကအဲ့centreမှာပဲလုပ်တာလေ အဲ့တော့Taeကိုစောင့်ရှောက်ပေးဖို့အဆက်အသွယ်ရတာနဲ့ ရောက်လာခဲ့တာ"
"ဒါဆို ဆရာကnurseပေါ့?"
"အော်...."
"အော် Nae..."
"ဒါနဲ့အနောက်ဖက်ဧည့်ဆောင်က PianoကြီးကTaeတီးတာလား?"
"ကိုယ်သင်ပေးရမလား?"
"ဆရာက တီးတတ်တယ်လား? "
-
-
-
-
-
-
-
-
TBC...
With Love💜
|| Tae_For_Jeon
Jeon_To_Tae||