ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(123)
အိမ္ျပန္ေရာက္လာတာနဲ႔...ဦးေသွ်ာင္တို႔မွာမနားႏိုင္ေသးဘူး...။
ေဆးရံုကဝတ္စံုေတြေလွ်ာ္ပစ္ၿပီးေတာ့ပိုးသတ္လို႔လွန္း...
ေရခ်ိဳးၿပီးတဲ့အခ်ိန္မွာႀကိဳးကေလးကႏိုးေနၿပီ...။
"ပါးပါးျပန္လာၿပီ..."
"ေမာနင္း....ယုန္ေပါက္စေလး...နဲ႔...ယုန္ညီမေလး..."
လက္ထဲမွာယုန္ကေလးကိုနားရြက္ကေနဆြဲလ်က္သားနဲ႔...ေရခ်ိဳးခန္းဝေရာက္လာေတာ့...ပါးေလးကိုငံု႔နမ္းလိုက္သည္။
"ေရေသာက္ၿပီးၿပီလား..."
"ေသာက္ၿပီးၿပီ..."
"တဗူးလံုးကုန္လား..."
"အကုန္ပဲ..."
"မ်က္ႏွာသစ္ေတာ့...ပါးပါးသြားတိုက္ေဆးထည့္ထားၿပီးၿပီ"
အိမ္မွာသူရွိေနတိုင္း၊ ႀကိဳးကေလးသူနဲ႔လာအိပ္တိုင္းဘယ္တုန္းကမွဦးေသွ်ာင္တို႔ဝတၱရားမပ်က္တတ္ဘူး။
အခုလည္း...
ေက်ာက္စိမ္းႏိုးလာရင္လဲဝတ္မယ့္အဝတ္ကအစ...အကုန္အဆင္သင့္...။
နိႈးမလာေသးတဲ့ေက်ာက္စိမ္းကသူ႔ေခါင္းအံုးေလးပိုက္လ်က္သားနဲ႔...အိပ္ယာေပၚမွာေကြးေကြးေလး...အိပ္ေနတုန္း...။
ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကိုသိမ္းဖယ္ၿပီးေတာ့...
ပါးေလးကိုသူ႔ႏွာေခါင္းခြ်န္ခြ်န္ေလးနစ္ဝင္ေအာင္နမ္းမိသည္။
ေရခ်ိဳးၿပီးကာစမို႔...အသားအေရရဲ႕အထိအေတြ႕ကေအးျမေနတာေၾကာင့္...
ေက်ာက္စိမ္းကလူးလြန္႔လို႔ႏိုးလာခဲ့သည္။
"ဟင္...!..မင္းျပန္လာၿပီလား..."
"ေမာနင္း...နိႈးလိုက္သလိုျဖစ္သြားလား...ေဆာရီး..."
"မင္းေစာစီးလိုက္တာ...ေျခာက္နာရီခြဲပဲရွိေသးတာ..."
ဒီေန႔အေစာႀကီးထ,မယ္ဆိုၿပီးေတာ့...နိႈးစက္ေတာင္ေပးထားတာ မျမည္ေသးဘူး...။
ျပံဳးျပံဳးႀကီးနဲ႔...စားပြဲေပၚကေရဗူးကိုသူ႔လက္ထဲကမ္းလာတဲ့ဦးေသွ်ာင့္မ်က္ႏွာက...ေရခ်ိဳးၿပီးကာစမို႔...ေရသီးေလးေတြစိုေနတုန္း...။
တညလံုးမအိပ္ထားတာေၾကာင့္မ်က္ဝန္းေလးေတြကနီလို႔...။
"မင္းမ်က္စဥ္းခပ္ၿပီးၿပီလား...မ်က္လံုးအရမ္းရဲေနတာ..."
"အင္း...မအိပ္ရလို႔ပါ..."
"အဝတ္လဲၿပီးရင္အိပ္ေတာ့...ညဆိုင္းကပင္ပန္းလား..."
"အင္း...ဒီလိုပါပဲ..."
"ေန႔ဘက္ပဲေျပာင္းလို႔မရဘူးလား..."
"ေျပာင္းေစခ်င္တယ္ေပါ့..."
"အင္း...ညမအိပ္တာကမေကာင္းဘဲကို...
ပံုမွန္ထက္ပိုပင္ပန္းမွာ..."
"ဒါပဲလား...အေၾကာင္းျပခ်က္က...?..."
ေရဗူးကိုဖြင့္ၿပီးေရေသာက္ေနတုန္း...
ဒါပဲလားဆိုတဲ့ေသွ်ာင့္စကားေၾကာင့္...ေရပါသီးသြားတယ္...။
မသီးဘဲဘယ္ေနပါ့မလဲ...ၿပီတီတီနဲ႔ေရေသာက္ေနတဲ့သူ႔အနားကိုဦးေသွ်ာင္ကကပ္လာတာကိုး...။
"အဟြတ္...."
အဟြတ္ဟြတ္နဲ႔...ျဖစ္သြားတဲ့ေက်ာက္စိမ္းကိုၾကည့္ရင္းရယ္မိကာေက်ာကိုခပ္ဖြဖြေလးပြတ္ေပးရတယ္...။
"အဟား....ေဆာရီး....အသက္ကိုေအာင့္လိုက္ၿပီးရင္ခပ္ရွည္ရွည္ျပန္ရွဴထုတ္...
ေရဗူးကိုေပး...ေမွာက္ကုန္ေတာ့မယ္..."
တဟြတ္ဟြတ္အသံေလးကသိပ္မထြက္ေတာ့ေပမယ့္...
ေက်ာက္စိမ္းရဲ႕မ်က္ႏွာေလးအရမ္းရဲေနတာေၾကာင့္...
ေရဗူးေလးက္ိုလက္ထဲကေနယူၿပီးေတာ့ကိုင္ကာ...
တစ္ဖက္ကေက်ာကိုထပ္ပြတ္ေပးရသည္။
"အဟြန္႔...လန္႔စရာလား...
ဒီကဘာမွမလုပ္ရေသးဘူး..."
"မင္း...!....အဟြတ္....ဟြတ္..."
"ေနာက္မွေျပာ...ထပ္ၿပီးေခ်ာင္းဆိုးလာေတာ့မယ္..."
မလြမ္းဘူးလားလို႔ေမးၿပီးရစ္မလို႔ကို...
ေက်ာက္စိမ္းတို႔ကေတာ့တကယ္ပါပဲ...။
ေအးေလ...သူကလည္းေရေသာက္ေနတုန္းသြားကလိမိတာကိုး...။
ဆက္ၿပီးေစးကပ္ကပ္လုပ္ခ်င္တဲ့စိတ္ကိုခ်ိဳးႏွိမ္ပစ္လိုက္ၿပီးေတာ့...
လက္ထဲကလက္က်န္ေရေတြကိုကုန္ေအာင္...သူပဲေသာက္ပစ္လိုက္သည္။
"မအိပ္ရင္လဲထေတာ့...ေရခ်ိဳး...
ဒီေန႔ေက်ာင္းရွိလား..."
"အင္း...ခဏပဲ...စာတမ္းသြားထပ္ရမွာ..."
xxxxx
"ႀကိဳးေရ...ဒီေန႔ဝက္အူေခ်ာင္းစားဦးမွာလား..."
"ဟုတ္ကဲ့...ယူမွာ..."
မအိပ္ဘဲနဲ႔ေအာက္ထပ္မွာဦးေသွ်ာင္ကမီးဖိုခန္းဝင္ေနျပန္သည္။
"ေသွ်ာင္...မင္း...တညလံုးမအိပ္ထားဘဲနဲ႔...
လာလုပ္ေနျပန္ၿပီ...
အိပ္ေတာ့...ငါလုပ္ေပးလိုက္မယ္..."
ေရဝင္ခ်ိဳးေနတုန္းသူတို႔သားအဖကအိမ္ေအာက္ထပ္ဆင္းၿပီးေတာ့...
မနက္စာျပင္ထားျပန္တာ...။
မေန႔ကမအိပ္ထားဘဲနဲ႔လည္း...ေတာင့္ခံေနႏိုင္တာအံ့ၾသစရာ...။
"ေမေမလည္းေျပာတာပဲ...သြားမအိပ္ဘူး၊ ေခါင္းမာၿပီးေတာ့လာလုပ္ေနတာ..."
"ခဏေလးကို...ေမေမေလးကလည္း...
ဒီထမင္းဗူးထည့္တာကဘာၾကာတာမွတ္လို႔..."
(ထမင္းဗူးထည့္တာကမၾကာဘူး၊
သူ႔လင္ေလးအတြက္မနက္စာလုပ္ေနတာကၾကာတာ...ဟုတ္တယ္...)
"ကဲ...ရပါၿပီဗ်ာ.....ဒီကခ်စ္လွစြာေသာေႏွာင္ႀကိဳးအတြက္...ပါးပါးရဲ႕စပါယ္ရွယ္မီႏူးေလး..."
"အဟိ...bat man ႐ုပ္ေလးနဲ႔..."
ႀကိဳးကေလးကို...ထမင္းဗူးကိုျမင္ေအာင္ေတာင္ျပလိုက္ေသးတာ...။
"ရွည္ေနေသးတယ္၊ သြားနားေတာ့ဆိုေန...
မ်က္လံုးကတြင္းခ်ိဳင့္ျဖစ္ေနၿပီ...စားၿပီးအိပ္ေတာ့..."
သူ႔ကိုၾကည့္ရင္းနဲ႔ေက်ာက္စိမ္းကစိတ္ေတြမရွည္ေတာ့ဘူး...။
သိပ္ကိုအရစ္ရွည္တတ္တဲ့ေကာင္ပဲ...ဦးေသွ်ာင္ရာ...။
"ႀကိဳးကေလးကိုေက်ာင္းပို႔ဦးမယ္ေလ...ၿပီးမွအိပ္မွာ..."
"ဟာ့..မင္းေတာ္ေတာ့္ကိုပဲေျပာရခက္လိုက္တာ...
သြား...ဒီေန႔ငါပို႔မယ္...ငါလဲေက်ာင္းသြားရမွာနဲ႔...အိပ္ေတာ့...
ရွည္မေနနဲ႔...ငါ့စကားနားေထာင္လိုက္"
စိတ္ေတြမရွည္ေတာ့တာနဲ႔...သူ႔လက္ထဲကထမင္းဗူးကိုပါဇြတ္ဇြတ္ဇတ္ဇတ္ဆြဲယူပစ္လိုက္ၿပီး...ႀကိဳးကေလးရဲ႕လြယ္အိတ္ကိုပါလုလိုက္ရသည္။
"အဲဒါဆိုလည္း...ကားယူသြားေနာ္...
ဆိုင္ကယ္မစီးနဲ႔ေတာ့..."
ဦးေသွ်ာင္ကရေအာင္ကိုခ်ဳပ္လိုက္ေသးတာ...။
ေက်ာက္စိမ္းက....အင္းမလုပ္...အဲမလုပ္နဲ႔...
အလစ္ေခ်ာင္းၿပီးဆိုင္ကယ္ေသာ့ျဖဳတ္လို႔......ဂိုေဒါင္တံခါးေသခ်ာဖြင့္ရသည္။
ႀကိဳးကေလးကလည္းေျမႇာက္ေပးေနခဲ့ေသး၏။
"ပါးပါးမသိတုန္းဆိုင္ကယ္စီးရေအာင္ပါ၊ ေဖေဖရယ္...ေနာ္.....
ႀကိဳးကဆိုင္ကယ္ႀကိဳက္တာ၊ ပါးပါးေအာ္မွာစိုးလို႔..."
ေအး...မင္းပဲေကာင္းတယ္၊ လာ...သြားမယ္၊ တက္....
ဝူး...ဗ႐ူး....နဲ႔.....ေက်ာင္းသြားတဲ့လမ္းတစ္ေလွ်ာက္မွာသူတို႔ႏွစ္ေယာက္ျပံဳးေပ်ာ္လို႔...။
ဒီမနက္ပိုင္းရဲ႔...ရာသီဥတုကကိုယ့္ဘက္ပါေနတယ္...။
xxxxx
ညေနႀကိဳးကေလးကိုႀကိဳၿပီးအိမ္ျပန္ေရာက္ေတာ့မွဂ်ိန္ေနာင္ၾကတယ္...။
"မစီးပါနဲ႔ဆိုတာကိုမင္း...ရေအာင္စီးတယ္...
နာေတာ့မယ္..."
ေက်ာက္စိမ္းကဂိုေဒါင္ထဲမွာ.....
ေပကပ္ကပ္နဲ႔...လက္ထဲမွာလည္းဗူးတစ္ခုကိုင္ထားေသးတာ...။
"ဘာလဲ...လက္ထဲကဟာ...."
"စကိတ္..."
"ဘာ..!..."
ေဆာင့္ခုန္ထြက္လာတဲ့...ဦးေသွ်ာင့္ရဲ႕...ဘာ...ဆိုတဲ့အသံကေက်ာခ်မ္းစရာႀကီး။
"ထပ္ဝယ္ျပန္ၿပီလား...မစီးပါနဲ႔ေတာ့ဆိုေနတာ..."
"ႀကိဳးကေလးအတြက္စကိတ္အသစ္..."
ဟား...ဒီေကာင့္ကိုဘယ္လိုလုပ္လိုက္ရမလဲေတာင္မသိေတာ့ဘူး...။
"စကိတ္မစီးပါနဲ႔လို႔မွာထားတာ...မင္း.....သိပ္ကိုစကားနားေထာင္တယ္ေပါ့..."
"ႀကိဳးကေလးအတြက္ပါဆို..."
"ႀကိဳးကေလးစီးရင္...မင္းလဲစီးမွာပဲကို...
မင္းတို႔ေနာ္.....ေျပာရတာလက္ေပါက္ကပ္လိုက္တာ..."
"ႀကိဳးကေလးရဲ႕သူငယ္ခ်င္းႏွစ္ေယာက္လာဦးမွာတဲ့...
စကိတ္စီးသင္ခ်င္လို႔တဲ့..."
"ဘာ...!...ဘာေျပာတယ္..."
အိမ္လာၿပီးစကိတ္လာသင္ၾကမယ္ဆိုတဲ့ကိစၥကျကားေနရတာၾကာပါၿပီ။
သေဘာမတူဘူးေျပာလို႔လဲမရျပန္ဘူး။
က်စ္...အဲဒီေကာင္နဲ႔ေတာ့ျပႆနာပဲ...
"ဘယ္ေတာ့တဲ့လဲ..."
"ဒီပတ္တနဂၤေႏြ..."
ေသွ်ာင့္မွာျပန္ေျပာစရာစကားတကယ္ရွားသြားတာ...
ဒီပံုနဲ႔ဆိုကေလးဘယ္လိုယူရဦးမွာလဲ။
တကယ္ပဲ...ေမာင္ေက်ာက္စိမ္းတို႔အလိုက္မသိတတ္ဘူး...။
တေန႔ကလဲ...ႀကိဳးကေလးနဲ႔အတူဂိုေဒါင္ထဲကမွန္ခန္းထဲမွာအကသင္ေနၾကတာတဲ့...။
တေနကုန္တေနခန္း...ျပန္ထြက္မလာၾကဘူး။
လိုက္သြားၾကည့္မွ...ေမ်ာက္လိုပဲခုန္လိုက္ေပါက္လိုက္နဲ႔...
ၾကားထဲ...ကြ်မ္းဘားထိုးတာပါသင္ေနေသးတာ...
ၾကည့္ေနရတဲ့လူကမူးေမ့လဲသြားခ်င္ေလာက္စရာေတြ...။
မလုပ္ၾကပါနဲ႔ေတာ့လို႔ေအာ္ဟစ္ၿပီးေျပးဆြဲပစ္လိုက္ခ်င္တာအသည္းပါယားတယ္...။
ျပႆနာရွာလိုက္တာကြာ...လို႔ပဲေတြးၿပီးေခါင္းကိုတဗ်င္းဗ်င္းကုတ္ေနလိုက္ရတယ္။
ဂ်ဴတီခ်ိန္ကနီးလာၿပီမို႔...စိတ္ေလ်ာ့ခ်ၿပီးေတာ့...
အလုပ္သြားလိုက္ရတယ္။
ပါးစပ္ေလးပိတ္ၿပီးရပ္က်န္ခဲ့တဲ့ေက်ာက္စိမ္းကေတာ့မေျပာလိုက္ရတဲ့စကားေလးေတြျပန္မ်ိဳခ်လို႔...။
ေနာက္အပတ္ထဲမွာေက်ာင္းမွာစကိတ္စီးၿပိဳင္ဖို႔ရွိတာ...
ဘယ္လိုလုပ္ၿပီးညာရရင္ေကာင္းမလဲ....။
သူစိတ္ပူေနတာကိုသိေပမယ့္....
ကိုယ့္ဝါသနာကလည္း...မ႐ိုးမရြနဲ႔တားဆီးလို႔မွမရတာ.....
ငါ...လြတ္လပ္ေနသေရြ႕ေတာ့ဝါသနာပါတာေလးေတြလုပ္ခြင့္ေပးပါကြာ...။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(123)
အိမ်ပြန်ရောက်လာတာနဲ့...ဦးသျှောင်တို့မှာမနားနိုင်သေးဘူး...။
ဆေးရုံကဝတ်စုံတွေလျှော်ပစ်ပြီးတော့ပိုးသတ်လို့လှန်း...
ရေချိုးပြီးတဲ့အချိန်မှာကြိုးကလေးကနိုးနေပြီ...။
"ပါးပါးပြန်လာပြီ..."
"မောနင်း....ယုန်ပေါက်စလေး...နဲ့...ယုန်ညီမလေး..."
လက်ထဲမှာယုန်ကလေးကိုနားရွက်ကနေဆွဲလျက်သားနဲ့...ရေချိုးခန်းဝရောက်လာတော့...ပါးလေးကိုငုံ့နမ်းလိုက်သည်။
"ရေသောက်ပြီးပြီလား..."
"သောက်ပြီးပြီ..."
"တဗူးလုံးကုန်လား..."
"အကုန်ပဲ..."
"မျက်နှာသစ်တော့...ပါးပါးသွားတိုက်ဆေးထည့်ထားပြီးပြီ"
အိမ်မှာသူရှိနေတိုင်း၊ ကြိုးကလေးသူနဲ့လာအိပ်တိုင်းဘယ်တုန်းကမှဦးသျှောင်တို့ဝတ္တရားမပျက်တတ်ဘူး။
အခုလည်း...
ကျောက်စိမ်းနိုးလာရင်လဲဝတ်မယ့်အဝတ်ကအစ...အကုန်အဆင်သင့်...။
နှိုးမလာသေးတဲ့ကျောက်စိမ်းကသူ့ခေါင်းအုံးလေးပိုက်လျက်သားနဲ့...အိပ်ယာပေါ်မှာကွေးကွေးလေး...အိပ်နေတုန်း...။
ဆံနွယ်ပျော့ပျော့လေးတွေကိုသိမ်းဖယ်ပြီးတော့...
ပါးလေးကိုသူ့နှာခေါင်းချွန်ချွန်လေးနစ်ဝင်အောင်နမ်းမိသည်။
ရေချိုးပြီးကာစမို့...အသားအရေရဲ့အထိအတွေ့ကအေးမြနေတာကြောင့်...
ကျောက်စိမ်းကလူးလွန့်လို့နိုးလာခဲ့သည်။
"ဟင်...!..မင်းပြန်လာပြီလား..."
"မောနင်း...နှိုးလိုက်သလိုဖြစ်သွားလား...ဆောရီး..."
"မင်းစောစီးလိုက်တာ...ခြောက်နာရီခွဲပဲရှိသေးတာ..."
ဒီနေ့အစောကြီးထ,မယ်ဆိုပြီးတော့...နှိုးစက်တောင်ပေးထားတာ မမြည်သေးဘူး...။
ပြုံးပြုံးကြီးနဲ့...စားပွဲပေါ်ကရေဗူးကိုသူ့လက်ထဲကမ်းလာတဲ့ဦးသျှောင့်မျက်နှာက...ရေချိုးပြီးကာစမို့...ရေသီးလေးတွေစိုနေတုန်း...။
တညလုံးမအိပ်ထားတာကြောင့်မျက်ဝန်းလေးတွေကနီလို့...။
"မင်းမျက်စဉ်းခပ်ပြီးပြီလား...မျက်လုံးအရမ်းရဲနေတာ..."
"အင်း...မအိပ်ရလို့ပါ..."
"အဝတ်လဲပြီးရင်အိပ်တော့...ညဆိုင်းကပင်ပန်းလား..."
"အင်း...ဒီလိုပါပဲ..."
"နေ့ဘက်ပဲပြောင်းလို့မရဘူးလား..."
"ပြောင်းစေချင်တယ်ပေါ့..."
"အင်း...ညမအိပ်တာကမကောင်းဘဲကို...
ပုံမှန်ထက်ပိုပင်ပန်းမှာ..."
"ဒါပဲလား...အကြောင်းပြချက်က...?..."
ရေဗူးကိုဖွင့်ပြီးရေသောက်နေတုန်း...
ဒါပဲလားဆိုတဲ့သျှောင့်စကားကြောင့်...ရေပါသီးသွားတယ်...။
မသီးဘဲဘယ်နေပါ့မလဲ...ပြီတီတီနဲ့ရေသောက်နေတဲ့သူ့အနားကိုဦးသျှောင်ကကပ်လာတာကိုး...။
"အဟွတ်...."
အဟွတ်ဟွတ်နဲ့...ဖြစ်သွားတဲ့ကျောက်စိမ်းကိုကြည့်ရင်းရယ်မိကာကျောကိုခပ်ဖွဖွလေးပွတ်ပေးရတယ်...။
"အဟား....ဆောရီး....အသက်ကိုအောင့်လိုက်ပြီးရင်ခပ်ရှည်ရှည်ပြန်ရှူထုတ်...
ရေဗူးကိုပေး...မှောက်ကုန်တော့မယ်..."
တဟွတ်ဟွတ်အသံလေးကသိပ်မထွက်တော့ပေမယ့်...
ကျောက်စိမ်းရဲ့မျက်နှာလေးအရမ်းရဲနေတာကြောင့်...
ရေဗူးလေးက်ိုလက်ထဲကနေယူပြီးတော့ကိုင်ကာ...
တစ်ဖက်ကကျောကိုထပ်ပွတ်ပေးရသည်။
"အဟွန့်...လန့်စရာလား...
ဒီကဘာမှမလုပ်ရသေးဘူး..."
"မင်း...!....အဟွတ်....ဟွတ်..."
"နောက်မှပြော...ထပ်ပြီးချောင်းဆိုးလာတော့မယ်..."
မလွမ်းဘူးလားလို့မေးပြီးရစ်မလို့ကို...
ကျောက်စိမ်းတို့ကတော့တကယ်ပါပဲ...။
အေးလေ...သူကလည်းရေသောက်နေတုန်းသွားကလိမိတာကိုး...။
ဆက်ပြီးစေးကပ်ကပ်လုပ်ချင်တဲ့စိတ်ကိုချိုးနှိမ်ပစ်လိုက်ပြီးတော့...
လက်ထဲကလက်ကျန်ရေတွေကိုကုန်အောင်...သူပဲသောက်ပစ်လိုက်သည်။
"မအိပ်ရင်လဲထတော့...ရေချိုး...
ဒီနေ့ကျောင်းရှိလား..."
"အင်း...ခဏပဲ...စာတမ်းသွားထပ်ရမှာ..."
xxxxx
"ကြိုးရေ...ဒီနေ့ဝက်အူချောင်းစားဦးမှာလား..."
"ဟုတ်ကဲ့...ယူမှာ..."
မအိပ်ဘဲနဲ့အောက်ထပ်မှာဦးသျှောင်ကမီးဖိုခန်းဝင်နေပြန်သည်။
"သျှောင်...မင်း...တညလုံးမအိပ်ထားဘဲနဲ့...
လာလုပ်နေပြန်ပြီ...
အိပ်တော့...ငါလုပ်ပေးလိုက်မယ်..."
ရေဝင်ချိုးနေတုန်းသူတို့သားအဖကအိမ်အောက်ထပ်ဆင်းပြီးတော့...
မနက်စာပြင်ထားပြန်တာ...။
မနေ့ကမအိပ်ထားဘဲနဲ့လည်း...တောင့်ခံနေနိုင်တာအံ့သြစရာ...။
"မေမေလည်းပြောတာပဲ...သွားမအိပ်ဘူး၊ ခေါင်းမာပြီးတော့လာလုပ်နေတာ..."
"ခဏလေးကို...မေမေလေးကလည်း...
ဒီထမင်းဗူးထည့်တာကဘာကြာတာမှတ်လို့..."
(ထမင်းဗူးထည့်တာကမကြာဘူး၊
သူ့လင်လေးအတွက်မနက်စာလုပ်နေတာကကြာတာ...ဟုတ်တယ်...)
"ကဲ...ရပါပြီဗျာ.....ဒီကချစ်လှစွာသောနှောင်ကြိုးအတွက်...ပါးပါးရဲ့စပါယ်ရှယ်မီနူးလေး..."
"အဟိ...bat man ရုပ်လေးနဲ့..."
ကြိုးကလေးကို...ထမင်းဗူးကိုမြင်အောင်တောင်ပြလိုက်သေးတာ...။
"ရှည်နေသေးတယ်၊ သွားနားတော့ဆိုနေ...
မျက်လုံးကတွင်းချိုင့်ဖြစ်နေပြီ...စားပြီးအိပ်တော့..."
သူ့ကိုကြည့်ရင်းနဲ့ကျောက်စိမ်းကစိတ်တွေမရှည်တော့ဘူး...။
သိပ်ကိုအရစ်ရှည်တတ်တဲ့ကောင်ပဲ...ဦးသျှောင်ရာ...။
"ကြိုးကလေးကိုကျောင်းပို့ဦးမယ်လေ...ပြီးမှအိပ်မှာ..."
"ဟာ့..မင်းတော်တော့်ကိုပဲပြောရခက်လိုက်တာ...
သွား...ဒီနေ့ငါပို့မယ်...ငါလဲကျောင်းသွားရမှာနဲ့...အိပ်တော့...
ရှည်မနေနဲ့...ငါ့စကားနားထောင်လိုက်"
စိတ်တွေမရှည်တော့တာနဲ့...သူ့လက်ထဲကထမင်းဗူးကိုပါဇွတ်ဇွတ်ဇတ်ဇတ်ဆွဲယူပစ်လိုက်ပြီး...ကြိုးကလေးရဲ့လွယ်အိတ်ကိုပါလုလိုက်ရသည်။
"အဲဒါဆိုလည်း...ကားယူသွားနော်...
ဆိုင်ကယ်မစီးနဲ့တော့..."
ဦးသျှောင်ကရအောင်ကိုချုပ်လိုက်သေးတာ...။
ကျောက်စိမ်းက....အင်းမလုပ်...အဲမလုပ်နဲ့...
အလစ်ချောင်းပြီးဆိုင်ကယ်သော့ဖြုတ်လို့......ဂိုဒေါင်တံခါးသေချာဖွင့်ရသည်။
ကြိုးကလေးကလည်းမြှောက်ပေးနေခဲ့သေး၏။
"ပါးပါးမသိတုန်းဆိုင်ကယ်စီးရအောင်ပါ၊ ဖေဖေရယ်...နော်.....
ကြိုးကဆိုင်ကယ်ကြိုက်တာ၊ ပါးပါးအော်မှာစိုးလို့..."
အေး...မင်းပဲကောင်းတယ်၊ လာ...သွားမယ်၊ တက်....
ဝူး...ဗရူး....နဲ့.....ကျောင်းသွားတဲ့လမ်းတစ်လျှောက်မှာသူတို့နှစ်ယောက်ပြုံးပျော်လို့...။
ဒီမနက်ပိုင်းရဲ့...ရာသီဥတုကကိုယ့်ဘက်ပါနေတယ်...။
xxxxx
ညနေကြိုးကလေးကိုကြိုပြီးအိမ်ပြန်ရောက်တော့မှဂျိန်နောင်ကြတယ်...။
"မစီးပါနဲ့ဆိုတာကိုမင်း...ရအောင်စီးတယ်...
နာတော့မယ်..."
ကျောက်စိမ်းကဂိုဒေါင်ထဲမှာ.....
ပေကပ်ကပ်နဲ့...လက်ထဲမှာလည်းဗူးတစ်ခုကိုင်ထားသေးတာ...။
"ဘာလဲ...လက်ထဲကဟာ...."
"စကိတ်..."
"ဘာ..!..."
ဆောင့်ခုန်ထွက်လာတဲ့...ဦးသျှောင့်ရဲ့...ဘာ...ဆိုတဲ့အသံကကျောချမ်းစရာကြီး။
"ထပ်ဝယ်ပြန်ပြီလား...မစီးပါနဲ့တော့ဆိုနေတာ..."
"ကြိုးကလေးအတွက်စကိတ်အသစ်..."
ဟား...ဒီကောင့်ကိုဘယ်လိုလုပ်လိုက်ရမလဲတောင်မသိတော့ဘူး...။
"စကိတ်မစီးပါနဲ့လို့မှာထားတာ...မင်း.....သိပ်ကိုစကားနားထောင်တယ်ပေါ့..."
"ကြိုးကလေးအတွက်ပါဆို..."
"ကြိုးကလေးစီးရင်...မင်းလဲစီးမှာပဲကို...
မင်းတို့နော်.....ပြောရတာလက်ပေါက်ကပ်လိုက်တာ..."
"ကြိုးကလေးရဲ့သူငယ်ချင်းနှစ်ယောက်လာဦးမှာတဲ့...
စကိတ်စီးသင်ချင်လို့တဲ့..."
"ဘာ...!...ဘာပြောတယ်..."
အိမ်လာပြီးစကိတ်လာသင်ကြမယ်ဆိုတဲ့ကိစ္စကကြားနေရတာကြာပါပြီ။
သဘောမတူဘူးပြောလို့လဲမရပြန်ဘူး။
ကျစ်...အဲဒီကောင်နဲ့တော့ပြဿနာပဲ...
"ဘယ်တော့တဲ့လဲ..."
"ဒီပတ်တနင်္ဂနွေ..."
သျှောင့်မှာပြန်ပြောစရာစကားတကယ်ရှားသွားတာ...
ဒီပုံနဲ့ဆိုကလေးဘယ်လိုယူရဦးမှာလဲ။
တကယ်ပဲ...မောင်ကျောက်စိမ်းတို့အလိုက်မသိတတ်ဘူး...။
တနေ့ကလဲ...ကြိုးကလေးနဲ့အတူဂိုဒေါင်ထဲကမှန်ခန်းထဲမှာအကသင်နေကြတာတဲ့...။
တနေကုန်တနေခန်း...ပြန်ထွက်မလာကြဘူး။
လိုက်သွားကြည့်မှ...မျောက်လိုပဲခုန်လိုက်ပေါက်လိုက်နဲ့...
ကြားထဲ...ကျွမ်းဘားထိုးတာပါသင်နေသေးတာ...
ကြည့်နေရတဲ့လူကမူးမေ့လဲသွားချင်လောက်စရာတွေ...။
မလုပ်ကြပါနဲ့တော့လို့အော်ဟစ်ပြီးပြေးဆွဲပစ်လိုက်ချင်တာအသည်းပါယားတယ်...။
ပြဿနာရှာလိုက်တာကွာ...လို့ပဲတွေးပြီးခေါင်းကိုတဗျင်းဗျင်းကုတ်နေလိုက်ရတယ်။
ဂျူတီချိန်ကနီးလာပြီမို့...စိတ်လျော့ချပြီးတော့...
အလုပ်သွားလိုက်ရတယ်။
ပါးစပ်လေးပိတ်ပြီးရပ်ကျန်ခဲ့တဲ့ကျောက်စိမ်းကတော့မပြောလိုက်ရတဲ့စကားလေးတွေပြန်မျိုချလို့...။
နောက်အပတ်ထဲမှာကျောင်းမှာစကိတ်စီးပြိုင်ဖို့ရှိတာ...
ဘယ်လိုလုပ်ပြီးညာရရင်ကောင်းမလဲ....။
သူစိတ်ပူနေတာကိုသိပေမယ့်....
ကိုယ့်ဝါသနာကလည်း...မရိုးမရွနဲ့တားဆီးလို့မှမရတာ.....
ငါ...လွတ်လပ်နေသရွေ့တော့ဝါသနာပါတာလေးတွေလုပ်ခွင့်ပေးပါကွာ...။