ဝမ္ရိေပၚအေပၚ ထားတဲ့ ေရွာင္းက်န႔္ရဲ႕ အခ်စ္ေတြက ထင္သေလာက္ မျဖဴစင္ခဲ့ဘူး။
ေလာဘစိတ္ေလးေတြ ေရာယွက္လာတဲ့အခါ
ဝမ္ရိေပၚရဲ႕ အရာရာကို ပိုင္ဆိုင္ခ်င္လာတယ္။
ရယ္သံခ်ိဳခ်ိဳေလးေတြအစ ဂ႐ုစိုက္မႈေလးေတြအဆံုး
တစ္ေယာက္တည္း အပိုင္လိုခ်င္တယ္။
ေ႐ွာင္းက်န္႔က ေလာဘႀကီးပါတယ္။ အထူးသျဖင့္
ဝမ္ရိေပၚနဲ႔ ပတ္သတ္လာရင္......။
တြယ္တာရတဲ့ သံေယာဇဥ္ေတြကို အခ်စ္ဆိုတဲ့ ေခါင္းစဥ္ေအာက္ ပို႔လိုက္တဲ့အခါမွာ ပ်က္ကြက္မႈေသးေသး
ေလးေတြကအစ နာက်င္မႈကို ျဖစ္ေပၚေစတယ္။
အလုပ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အိမ္ျပန္ခ်ိန္ ေနာက္က်တတ္လာတဲ့ ေကာင္ေလးဟာ ပထမဆံုး
အေနနဲ႔ ေ႐ွာင္းက်န္႔ကို အႀကိဳအပို႔လုပ္တဲ့ တာဝန္ကို
ပ်က္ကြက္တယ္။
ေ႐ွာင္းက်န္႔ကေတာ့ ျဖစ္ႏိုင္ရင္ ဒီေကာင္ေလးကို
ဖန္ပုလင္းေလးထဲ ထည့္သိမ္းထားလိုက္ခ်င္ေတာ့တာပဲ။ မဆိုင္တဲ့ဘဝမို႔ ပိုင္ခ်င္ေပမယ့္လည္း အခြင့္မ႐ွိခဲ့။
ဒီလိုေျပာလို႔ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုဂ႐ုမစိုက္တာ
လား ဆိုေတာ့လည္း မဟုတ္ပါဘူး။ဝမ္ရိေပၚရဲ႕ အျပဳ
အမူေတြနဲ႔ ေ႐ွာင္းက်န္႔အေပၚ ဆက္ဆံတဲ့ပံုစံက အရင္အတိုင္း မေျပာင္းမလဲပါပဲ။ အရင္ကေလာက္ အခ်ိန္မေပးႏိုင္ေတာ့ေပမယ့္ ရတဲ့အခ်ိန္ေလးမွာေတာ့ ခ်စ္စဖြယ္ အျပဳအမူေလးေတြနဲ႔ ေ႐ွာင္းက်န္႔ကိုျပဳစားႏိုင္ဆဲ။
ခက္တာက ေ႐ွာင္းက်န္႔က ဒီေကာင္ေလးကို ေလာဘ
တက္ေနမိတာ။ နီးမလာတဲ့ အေျခအေနမ်ိဳးမို႔ ေဝးသြားမွာကိုလည္း ေတြးၿပီး ေၾကာက္ေနမိတယ္။
သူ႔ဘက္ကစၿပီး ေျခလွမ္းလွမ္းဖို႔ကလည္း မဝံ့မရဲ။
ကိုယ့္ကိုယ္ကို ညႇင္းဆဲတယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာ
ျဖစ္မယ္။
ပိုင္ဆိုင္ဖို႔ ႀကိဳးစားရင္း ဆံုး႐ွံုးလိုက္ရမွာကို ေၾကာက္တာမို႔ ဒီအတိုင္းေလးပဲ တိတ္တခိုး ျမတ္ႏိုးမယ္။
တခ်ိဳ႕ခ်စ္ျခင္းေတြက ဆိုင္သူမသိတဲ့အခါမ်ိဳးမွာ
ပိုလိုု႔ လွပပါတယ္။
------------------------------
ဒီေန႔ဟာ ဝမ္ရိေပၚေရာ ေ႐ွာင္းက်န္႔ေရာ အလုပ္ပိတ္ရက္ျဖစ္တာမို႔ ႏွစ္ေယာက္လံုး အိမ္မွာအတူ႐ွိတဲ့ ႐ွား႐ွားပါးပါး ရက္တစ္ရက္လည္း ျဖစ္တယ္။
ဝမ္ရိေပၚကေတာ့ အိမ္ငွါးကတည္းက ေ႐ွာင္းက်န္႔
မသံုးျဖစ္တဲ့ တီဗီကို ထိုင္ၾကည့္ၿပီး အလုပ္႐ႈပ္ေနသလို ေ႐ွာင္က်န္႔ကလည္း မီးဖိုေခ်ာင္ထဲမွာ ဝမ္ရိေပၚ
ႀကိဳက္တဲ့ လက္လုပ္ဂ်ံဳေခါက္ဆြဲျပင္ရင္း အလုပ္
႐ႈပ္ေနတယ္။
အခုလို အတူ႐ွိေနခ်ိန္ေလးမွာေတာ့ အတတ္ႏိုင္ဆံုး ေႏြးေထြးမႈေတြ၊ ၾကင္နာမႈေတြေပးခ်င္တယ္။
မင္းတစ္ေယာက္တည္းအတြက္ သီးသန္႔ေစတနာ
ေတြပါပဲ။ ဖြင့္ေျပာစရာ မလိုေလာက္တဲ့အထိ အျပည့္
အဝ ခ်စ္ေပးမွာမို႔ အသိအမွတ္ျပဳရံုေလာက္ဆိုရင္ကို
အဆင္ေျပပါတယ္။
ေ႐ွာင္းက်န္႔ ေခါက္ဆြဲျပင္ေနတုန္း အိမ္ေ႐ွ႕က ဘဲလ္တီးသံ ၾကားတာေၾကာင့္ ဝမ္ရိေပၚကို လွမ္းေျပာလိုက္တယ္။
"ရိေပၚ။အိမ္ေ႐ွ႕မွာဘဲလ္တီးသံၾကားတယ္။ကိုယ္မအားလို႔ရိေပၚသြားၾကည့္ေပးပါလား"
"ဟုတ္ အစ္ကို"
အခ်ိန္အေတာ္ၾကာတဲ့အထိ ဘာသံမွမၾကားရတာေၾကာင့္ ေ႐ွာင္းက်န္႔ မီးဖိုေဆာင္ကေန ထြက္လာလိုက္ေတာ့...
"ရိေပၚ..။ဘယ္သူလာလို႔လဲ"
"ေ႐ွာင္းက်န္႔!!!"
"ဒီအသံက....မဟုတ္မွလြဲေရာ...က်ိဳးခ်န္!!"
"ေ႐ွာင္းက်န္႔.."
က်ိဳးခ်န္က အေပ်ာ္လြန္ၿပီး ေ႐ွာင္းက်န္႔ကို ဖက္လိုက္တယ္။
"ေ႐ွာင္းက်န္႔ရာ....ငါမင္းကိုလြမ္းေနတာ"
"က်ိဳးခ်န္..။တကယ္ပဲက်ိဳးခ်န္လား"
"အင္း။ငါက်ိဳးခ်န္"
"က်ိဳးခ်န္..။ငါလည္းလြမ္းေနတာ"
"မင္းကြာ..ေနႏိုင္လိုက္တာ။အဆက္အသြယ္ေတာင္
မလုပ္ဘူး"
"ေဆာရီးပါကြာ"
"အား!!!!!!!!!!!!!!!!!!!"
႐ုတ္တရက္ ၾကားလိုက္ရတဲ့ ရိေပၚအသံေၾကာင့္ ေ႐ွာင္းက်န္႔တင္မက က်ိဳးခ်န္ပါ လန္႔ၿပီး ဖက္ထားတာကို လြတ္လိုက္တယ္။
"ရိေပၚ..ဘာ..ဘာျဖစ္လို႔လဲဟင္"
"အဲ့တာကြၽန္ေတာ္ေမးရမွာ။ဘာျဖစ္လို႔ကြၽန္ေတာ့လူကိုဖက္ထားတာလဲ"
"ကြၽန္ေတာ့လူ???"
"ကြၽန္ေတာ့လူ???"
"ဟုတ္တယ္ေလ။အစ္ကိုကကြၽန္ေတာ့လူ။ကြၽန္ေတာ္
ပိုင္တာ။အဲ့တာကိုဒီက ဘာမွန္းမသိတဲ့ဦးေလးႀကီးက ဘာလို႔ဖက္ေနတာလဲ"
"ဦးေလးႀကီး!!!။ေ႐ွာင္းက်န္႔ကိုက် အစ္ကိုေခၚၿပီး ငါ့က် ဦးေလးႀကီးတဲ့လား။ေဟ့ေကာင္ ငါကေ႐ွာင္းက်န္႔ထပ္ေတာင္ အသက္ငယ္ေသးတယ္ကြ"
"ေအာ္...ေတာ္ေတာ္႐ုပ္ရင့္တာပဲေနာ္"
"ဘာကြ!!!!!"
"ေတာ္...ေတာ္ၾကပါေတာ့ကြာ...ေနာ္"
"ေတာ္စရာလား။ဒီေကာင္လာျပႆ .နာ႐ွာေနတာေလ"
"စကားေျပာတာဆိုတာလည္း႐ိုင္းတယ္ေရာ္။ကိုယ့္
ထပ္အႀကီးကိုေခၚတာလည္းေ႐ွာင္းက်န္႔တဲ့"
"ငါ့အကိုကို ငါဘယ္လိုေခၚေခၚေပါ့။မင္းနဲ႔ဘာဆိုင္
လို႔လဲ...ဂ်ပုေကာင္ရဲ႕"
"ဘာ!!!!!ဘယ္မွာပုလို႔လဲ။ဒါinternational
အရပ္လို႔ေခၚတယ္ လူ႔ဂြစာႀကီးရဲ႕"
"ဘာမွ အင္တာမေန႐ွင္နယ္ဘူး။ပုတာကပုတာပဲ"
"လူ႔ဂြစာႀကီး!!"
"ဂ်ပု!!"
"လူ႔ဂြစာႀကီး!!!!"
"ဂ်ပု!!!!"
"အား!!!!!!!!!!!!!!!!!!!!!!!!!"
"အကို....ဘာျဖစ္လို႔လဲဟင္"
"ေ႐ွာင္းက်န္႔ ဘာျဖစ္တာလဲ"
"မင္းတို႔ႏွစ္ေကာင္လံုးပါးစပ္ပိတ္စမ္း!!!!"
"ဟုတ္"
"ဟုတ္"
ႏွစ္ေယာက္လံုး သနားကမားအသံေလးေတြနဲ႔ ၿငိမ္
သြားေတာ့ ေ႐ွာင္းက်န္႔ ေဒါသထြက္ေနတာေတာင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။ က်ိဳးခ်န္က ေဒါသႀကီးေပမယ့္ ေ႐ွာင္းက်န္႔နဲ႔ပတ္သတ္ရင္ ငယ္ငယ္ကတည္းက
နည္းနည္းကေလးဆန္တာမို႔ ဝမ္ရိေပၚနဲ႔ေတြ႔ေတာ့
ပိုဆိုး။နည္းနည္းေလာက္ ေလ်ွာ့ေပးလိုက္တာနဲ႔
ရန္ပြဲက ထိန္းရမွာ မဟုတ္ေတာ့ဘူး။
"က်ိဳးခ်န္။ဒါကဝမ္ရိေပၚတဲ့။ငါ့အခန္းေဖာ္"
"ရိေပၚ။ဒါက က်ိဳးခ်န္။ကိ္ုယ့္သူငယ္ခ်င္း..။ညီအကို
လို႔လည္းေျပာလို႔ရတယ္"
"ေတြ႔ရတာ ဝမ္းမသာလိုက္တာ ဦးေလးက်ိဳးခ်န္"
"ေခြးေကာင္။မင္း!!!!"
"ႏွစ္ေယာက္လံုးေတာ္ေတာ့!!"
"....."
"....."
"က်ိဳးခ်န္။မင္းဒီကိုဘယ္လိုလုပ္ေရာက္လာတာလဲ"
"ငါအလုပ္ကိစၥနဲ႔လာတာ။တစ္ပတ္ေလာက္ပဲၾကာမွာ"
"ေဩာ္....ဒီမွာပဲေနမွာမလား"
"ဒါေပါ့။ဘာလဲ....မင္းကေခၚမထားခ်င္လို႔လား။
အသစ္ေရာက္တာနဲ႔ငါ့ကိုေမ့သြားတာလား"
"ႀကီးႀကီးက်ယ္က်ယ္ေတြေျပာမေနနဲ႔။ဝင္ခဲ့"
"အင္း။အခန္းလြတ္တစ္ခု႐ွိ္မလား"
"အာ....အဲ့အခန္းကရိေပၚကိုေပးထားတာ"
"ရတယ္ေလ။ဒါဆို မင္းအခန္းမွာပဲေနလိုက္မယ္"
"မရဘူး!!!"
"မရဘူး!!!"
"ေနပါဦး။ေ႐ွာင္းက်န္႔ကေတာ့ထားပါေတာ့။မင္းကဘာဆိုင္လို႔ဝင္ေျပာရတာလဲ"
"အစ္ကိုက....အစ္ကိုက..သူ႔အခန္းထဲသူမ်ားဝင္တာ
မႀကိဳက္ဘူး။ဟုတ္တယ္မလား အစ္ကို"
"ဟင္....အင္း"
"ငါ့အစ္ကိုအခန္းငါဝင္တာပဲ ဘာျဖစ္လဲ။အာ့ဆို ငါကဘယ္မွာေနရမွာလဲ"
"ဧည့္ခန္းထဲကဆိုဖာေပၚအိပ္ေပါ့"
"ဘာ!!!!!"
"က်ိဳးခ်န္။မင္းငါ့အခန္းထဲမွာအိပ္လိုက္။ငါအျပင္မွာအိပ္မယ္"
"မဟုတ္တာ။ကြၽန္ေတာ္ပဲအျပင္မွာအိပ္ပါ့မယ္"
"ေတာ္ၾကပါေတာ့!!။ငါHotelတစ္ခုခုမွာပဲသြားအိပ္
လိုက္ပါေတာ့မယ္"
"ကြၽန္ေတာ္စီစဥ္ေပးမယ္။ခင္ဗ်ားက ကြၽန္ေတာ့အခန္းမွာေနလိုက္။ကြၽန္ေတာ္ကအစ္ကို႔အခန္းမွာအစ္ကိုနဲ႔အတူသြားေနမယ္။မေကာင္းဘူးလား"
"မေကာင္းပါဘူး။ေနစမ္းပါဦး။မင္းေျပာေတာ့ေ႐ွာင္းက်န္႔ကသူ႔အခန္းထဲသူစိမ္းဝင္တာမႀကိဳက္ဘူးဆို"
"ကြၽန္ေတာ္ကခြၽင္းခ်က္"
"မင္း!!!!"
"ေတာ္ၾကပါေတာ့ကြာ။ရိေပၚေျပာသလိုပဲလုပ္တာေပါ့..ေနာ္.က်ိဳးခ်န္"
"ေ႐ွာင္းက်န္႔..ေ႐ွာင္းက်န္႔။ငါသိေနတယ္ေနာ္"
"လာပါကြာ။ငါေခါက္ဆြဲလုပ္ထားတယ္။စားရေအာင္
ေနာ္"
"ေဝါင္း....ေခါက္ဆြဲရၿပီလား။ကြၽန္ေတာ္ဗိုက္ဆာေနတာနဲ႔အေတာ္ပဲ"
"အင္း။က်ိဳးခ်န္..မင္းလည္းလာေလ"
"အင္း"
-----------------------------
ထမင္းစားပြဲမွာ ေခါက္ဆြဲထိုင္စားေနၾကတာက
လူသံုးေယာက္။ အဲ့ထဲမွာမွ တစ္ေယာက္ေသာသူက အပယ္ခံ။ ဘယ္သူျဖစ္မယ္ထင္လဲ။ ေသခ်ာေပါက္ က်ိဳးခ်န္ေပါ့။
"ရိေပၚ..။နံနံပင္ႀကိဳက္တယ္မလား"
"အင္း"
"......"
"႐ွာလကာရည္ေတြလည္းအမ်ားႀကီးထည့္မေနနဲ႔ဦး"
"နည္းနည္းပါ အစ္ကိုရဲ႕"
"မစပ္ဘူးမလား"
"အင္း"
ေန..ေနပါဦး။ ဂ်ံဳေခါက္ဆြဲကစပ္တယ္ေပါ့။ ငါ့ကို
တစ္ေယာက္ေယာက္ လာကယ္တင္ၾကပါဦး။ေ႐ွာင္းက်န္႔ကလည္း မ်က္လံုးမျမင္ဘူးသာ ေျပာတယ္။
ဝမ္ရိေပၚလုပ္သမ်ွ အကုန္ သူမသိတာ မ႐ွိဘူး။
ငါသည္းမခံႏိုင္ေတာ့ဘူး။ ဘာလို႔ ငါပဲ အပယ္ခံ ျဖစ္ေနတာလဲ။ ငါ့ကို ဖုတ္ေလတဲ့ငပိ ႐ွိတယ္လို႔ေတာင္ မထင္ၾကဘူး။
"ေ႐ွာင္းက်န္႔ေရ။ ငါမေသေသးဘူးသိလား။ ငါလည္း
လူပါဟ။နည္းနည္းပါးပါးေတာ့ အားနာပါးနာဂ႐ုစိုက္
ျပပါလား။ မင္းရဲ႕ငယ္သူငယ္ခ်င္း အရင္းေခါက္ေခါက္
ႀကီးပါဟ"
"ဟုတ္..ဟုတ္သားပဲ။က်ိဳးခ်န္..စားေလ"
"လုပ္မေနပါနဲ႔။ခင္ဗ်ားစားေနတာ ဘယ္ႏွစ္ပန္းကန္
ေတာင္႐ွိေနၿပီလဲ"
"မင္း!!!!"
"ေတာ္ၾကပါေတာ့ကြာ။အစားေလးေတာ့ ေအးေဆး
စားပါရေစ"
ေ႐ွာင္းက်န္႔ ဝင္ျဖန္ေျဖေတာ့မွ ၿငိမ္သြားတဲ့ ႏွစ္ေယာက္။ေသခ်ာပါတယ္..တစ္ေယာက္နဲ႔တစ္ေယာက္
မ်က္ေစာင္းေတြအၿပိဳင္ထိုးေနၾကဦးမွာ။
ဒီႏွစ္ေယာက္နဲ႔ စိတ္ညစ္ရသလို ေပ်ာ္လည္းေပ်ာ္
ရတယ္။
ေတြးၾကည့္ရင္ က်ိဳးခ်န္က ေ႐ွာင္းက်န္႔ဘဝမွာ ပထမဆံုးယံုၾကည္ရတဲ့သူ။ သူ႔ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းလည္း ျဖစ္တယ္။ရိေပၚကေတာ့ သူ႔ဘဝမွာ ပထမဆံုး
ခ်စ္မိတဲ့သူ။ေ႐ွာင္းက်န္႔ တန္ဖိုးအထားရဆံုး လူႏွစ္ေယာက္နဲ႔ အခုလိုအတူတူ႐ွိေနခြင့္ရတာ ေ႐ွာင္က်န္႔
အတြက္ေတာ့ ကံေကာင္းျခင္းတစ္ပါးပဲ။
ေ႐ွာင္းက်န္႔ရဲ႕ ပိုင္ဆိုင္မႈေလးေတြက နည္းပါးပါတယ္။
ဆံုး႐ွံုးလို႔ မျဖစ္ႏိုင္ေလာက္ေအာင္လည္း တန္ဖိုး
ႀကီးလြန္းတယ္။
---------------------------------
က်ိဳးခ်န္ေကာင္းမႈ အေၾကာင္းျပဳလို႔ ဝမ္ရိေပၚနဲ႔အတူ
ေနာက္တစ္ႀကိမ္ တစ္ကုတင္တည္း အိပ္ခြင့္ရခဲ့တယ္။ အေျခအေနေတြက ပထမတစ္ေခါက္နဲ႔ အေတာ္ကြာျခားတယ္။ ဘယ္လိုကြာျခားလဲဆိုေတာ့
တိတ္ဆိတ္ေနတဲ့ အခန္းေလးထဲမွာ ေျဖးေျဖးမွန္မွန္္ အသက္႐ႈသံေလးအျပင္ က်ယ္ေလာင္တဲ့ ႏွလံုးခုန္
သံေလးေတြပါ တိုးလာခဲ့တယ္။
သေဘာက်ျခင္းနဲ႔ နားေထာင္ခဲ့ဖူးတဲ့ အသက္႐ွဴသံေလးကို ျမတ္ႏိုးျခင္းေလးေတြေပါင္းထည့္လို႔ ျပန္နား
ေထာင္မိခ်ိန္မွာ ရင္ခုန္သံကထိန္းမႏိုင္သိမ္းမရ။
တိတ္တိတ္ေနပါဟ။ ေကာင္ေလး ႏိုးသြားလိမ့္မယ္။ေသခ်ာတာေတာ့ ေ႐ွာင္းက်န္႔ ဒီည အိပ္ေပ်ာ္မွာမဟုတ္
ေတာ့ဘူး ဆိုတာပဲ။
အိပ္မေပ်ာ္တဲ့သူေတြဟာ ထူးထူးဆန္းဆန္း အေတြးေတြဝ င္တတ္တယ္ဆိုတဲ့စကားက
မွန္တယ္ထင္ရဲ႕။ေ႐ွာင္းက်န္႔ ေတာင္ေတြးေျမာက္ေတြး ေလ်ွာက္ေတြးေနရင္း ေခါင္းထဲဝင္လာတာက
သူ႔လက္ကို ဆုပ္ကိုင္ထားတဲ့ ဝမ္ရိေပၚရဲ႕ လက္ေခ်ာင္းေလးေတြရဲ႕ ႏူးညံ့တဲ့ အထိအေတြ႔။
အဲ့ဒီလက္ေခ်ာင္းေလးေတြကို ေ႐ွာင္းက်န္႔ေနာက္တစ္ႀကိမ္ ျပန္ၿပီး ထိေတြ႔ခ်င္တယ္။ ဘဝမွာ အခက္ဆံုးအလုပ္က စိတ္ဆႏၵကို ျမိဳသိပ္ေနရတာပဲ။
သူထိလိုက္လို႔ ဝမ္ရိေပၚႏိုးသြားမွာကိုလည္း စိတ္ပူရေသး
တယ္။ သူခိုးေတြရဲ႕ဒုကၡကို ေ႐ွာင္းက်န္႔အခုမွ နားလည္
ေတာ့တယ္။ သူတို႔လည္းအေတာ္စိတ္ပင္ပန္းရမွာပဲ။
အရဲစြန္႔လို႔ အိပ္ေနတဲ့ ရိေပၚကိုထိဖို႔ လက္အလွမ္းမွာ ရိေပၚဆီက ညည္းသံသဲ့သဲ့ ၾကားလိုက္ရတာေၾကာင့္ ေ႐ွာင္းက်န္႔ အလန္႔တၾကား လက္ကို ျပန္႐ုတ္ၿပီး အိပ္ခ်င္ဟန္ေဆာင္ေနလိုက္တယ္။
ရိေပၚႏိုးသြားတာလား။ သူကေရာ ဘာေတြလုပ္ေနမိတာလဲ။ ဒီေကာင္ေလးအေပၚ ဘယ္လိုစိတ္မ်ိဳးေတြ ထားေနမိပါလိမ့္။ သူကသာ ရိေပၚကိုခ်စ္ေနေပမယ့္
ရိေပၚက သူ႔အေပၚ ႐ိုး႐ိုးသားသား ခင္တြယ္တာမ်ိဳးျဖစ္
ေနရင္ေရာ... သူဒီေကာင္ေလးကို ဘယ္လိုမ်က္ႏွာျပရ
မလဲ။ ဒီေကာင္ေလးရဲ႕ ျဖဴစင္တဲ့ သံေယာဇဥ္ေတြကို
သူ႔ဘက္က အေရာင္ဆိုးေနမိတာလား။ အဆိုးဆံုးက
သူ႔စိတ္ကိုသိၿပီး ရိေပၚက သူ႔ကိုရြံမုန္းသြားရင္ေရာ..။
ခင္မင္မႈကိုအခြင့္ေကာင္းယူတယ္လို႔ ထင္သြားခဲ့ရင္
သူဘယ္လိုမွ ခံစားႏို္င္မွာမဟုတ္ဘူး။
ျငင္းပယ္ခံရမွာထပ္
ေဝးေဝးေျပးသြားမွာကို ပိုေၾကာက္တယ္။
မင္းမ႐ွိလို႔မျဖစ္တာမို႔
မင္းမခ်စ္လည္း ျဖစ္ပါတယ္။
_________________________________
Unicode
ဝမ်ရိပေါ်အပေါ် ထားတဲ့ ရှောင်းကျန့်ရဲ့ အချစ်တွေက ထင်သလောက် မဖြူစင်ခဲ့ဘူး။
လောဘစိတ်လေးတွေရောယှက်လာတဲ့အခါ
ဝမ်ရိပေါ်ရဲ့ အရာရာကို ပိုင်ဆိုင်ချင်လာတယ်။
ရယ်သံချိုချိုလေးတွေအစ ဂရုစိုက်မှုလေးတွေအဆုံး
တစ်ယောက်တည်း အပိုင်လိုချင်တယ်။
ရှောင်းကျန့်ကလောဘကြီးပါတယ်။ အထူးသဖြင့်
ဝမ်ရိပေါ်နဲ့ ပတ်သတ်လာရင်......။
တွယ်တာရတဲ့ သံယောဇဉ်တွေကို အချစ်ဆိုတဲ့ခေါင်းစဉ်အောက် ပို့လိုက်တဲ့အခါမှာ ပျက်ကွက်မှုသေးသေး
လေးတွေကအစ နာကျင်မှုကို ဖြစ်ပေါ်စေတယ်။
အလုပ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပြန်ချိန်နောက်ကျတတ်လာတဲ့ကောင်လေးဟာ ပထမဆုံး
အနေနဲ့ရှောင်းကျန့်ကို အကြိုအပို့လုပ်တဲ့ တာဝန်ကို
ပျက်ကွက်တယ်။
ရှောင်းကျန့်ကတော့ ဖြစ်နိုင်ရင် ဒီကောင်လေးကို
ဖန်ပုလင်းလေးထဲ ထည့်သိမ်းထားလိုက်ချင်တော့တာပဲ။ မဆိုင်တဲ့ဘဝမို့ ပိုင်ချင်ပေမယ့်လည်း အခွင့်မရှိခဲ့။
ဒီလိုပြောလို့ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဂရုမစိုက်တာ
လား ဆိုတော့လည်း မဟုတ်ပါဘူး။ဝမ်ရိပေါ်ရဲ့ အပြု
အမူတွေနဲ့ရှောင်းကျန့်အပေါ် ဆက်ဆံတဲ့ပုံစံက အရင်အတိုင်း မပြောင်းမလဲပါပဲ။ အရင်ကလောက် အချိန်မပေးနိုင်တော့ပေမယ့် ရတဲ့အချိန်လေးမှာတော့ ချစ်စဖွယ် အပြုအမူလေးတွေနဲ့ရှောင်းကျန့်ကိုပြုစားနိုင်ဆဲ။
ခက်တာက ရှောင်းကျန့်က ဒီကောင်လေးကိုလောဘ
တက်နေမိတာ။ နီးမလာတဲ့ အခြေအနေမျိုးမို့ ဝေးသွားမှာကိုလည်းတွေးပြီးကြောက်နေမိတယ်။
သူ့ဘက်ကစပြီးခြေလှမ်းလှမ်းဖို့ကလည်း မဝံ့မရဲ။
ကိုယ့်ကိုယ်ကို ညှင်းဆဲတယ်ဆိုတာ ဒါမျိုးကိုပြောတာ
ဖြစ်မယ်။
ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ဆုံးရှုံးလိုက်ရမှာကိုကြောက်တာမို့ ဒီအတိုင်းလေးပဲ တိတ်တခိုး မြတ်နိုးမယ်။
တချို့ချစ်ခြင်းတွေက ဆိုင်သူမသိတဲ့အခါမျိုးမှာ
ပိုလို့ လှပပါတယ်။
------------------------------
ဒီနေ့ဟာ ဝမ်ရိပေါ်ရော ရှောင်းကျန့်ရော အလုပ်ပိတ်ရက်ဖြစ်တာမို့ နှစ်ယောက်လုံး အိမ်မှာအတူရှိတဲ့ ရှားရှားပါးပါး ရက်တစ်ရက်လည်း ဖြစ်တယ်။
ဝမ်ရိပေါ်ကတော့ အိမ်ငှါးကတည်းကရှောင်းကျန့်
မသုံးဖြစ်တဲ့ တီဗီကို ထိုင်ကြည့်ပြီး အလုပ်ရှုပ်နေသလို ရှောင်ကျန့်ကလည်း မီးဖိုချောင်ထဲမှာ ဝမ်ရိပေါ်
ကြိုက်တဲ့ လက်လုပ်ဂျုံခေါက်ဆွဲပြင်ရင်း အလုပ်
ရှုပ်နေတယ်။
အခုလို အတူရှိနေချိန်လေးမှာတော့ အတတ်နိုင်ဆုံး နွေးထွေးမှုတွေ၊ ကြင်နာမှုတွေပေးချင်တယ်။
မင်းတစ်ယောက်တည်းအတွက် သီးသန့်စေတနာ
တွေပါပဲ။ ဖွင့်ပြောစရာ မလိုလောက်တဲ့အထိ အပြည့်
အဝ ချစ်ပေးမှာမို့ အသိအမှတ်ပြုရုံလောက်ဆိုရင်ကို
အဆင်ပြေပါတယ်။
ရှောင်းကျန့်ခေါက်ဆွဲပြင်နေတုန်း အိမ်ရှေ့က ဘဲလ်တီးသံ ကြားတာကြောင့် ဝမ်ရိပေါ်ကို လှမ်းပြောလိုက်တယ်။
"ရိပေါ်။အိမ်ရှေ့မှာဘဲလ်တီးသံကြားတယ်။ကိုယ်မအားလို့ရိပေါ်သွားကြည့်ပေးပါလား"
"ဟုတ် အစ်ကို"
အချိန်အတော်ကြာတဲ့အထိ ဘာသံမှမကြားရတာကြောင့်ရှောင်းကျန့် မီးဖိုဆောင်ကနေ ထွက်လာလိုက်တော့...
"ရိပေါ်..။ဘယ်သူလာလို့လဲ"
"ရှောင်းကျန့်!!!"
"ဒီအသံက....မဟုတ်မှလွဲရော...ကျိုးချန်!!"
"ရှောင်းကျန့်.."
ကျိုးချန်က အပျော်လွန်ပြီးရှောင်းကျန့်ကို ဖက်လိုက်တယ်။
"ရှောင်းကျန့်ရာ....ငါမင်းကိုလွမ်းနေတာ"
"ကျိုးချန်..။တကယ်ပဲကျိုးချန်လား"
"အင်း။ငါကျိုးချန်"
"ကျိုးချန်..။ငါလည်းလွမ်းနေတာ"
"မင်းကွာ..နေနိုင်လိုက်တာ။အဆက်အသွယ်တောင်
မလုပ်ဘူး"
"ဆောရီးပါကွာ"
"အား!!!!!!!!!!!!!!!!!!!"
ရုတ်တရက် ကြားလိုက်ရတဲ့ ရိပေါ်အသံကြောင့်ရှောင်းကျန့်တင်မက ကျိုးချန်ပါ လန့်ပြီး ဖက်ထားတာကို လွတ်လိုက်တယ်။
"ရိပေါ်..ဘာ..ဘာဖြစ်လို့လဲဟင်"
"အဲ့တာကျွန်တော်မေးရမှာ။ဘာဖြစ်လို့ကျွန်တော့လူကိုဖက်ထားတာလဲ"
"ကျွန်တော့လူ???"
"ကျွန်တော့လူ???"
"ဟုတ်တယ်လေ။အစ်ကိုကကျွန်တော့လူ။ကျွန်တော်
ပိုင်တာ။အဲ့တာကိုဒီက ဘာမှန်းမသိတဲ့ဦးလေးကြီးက ဘာလို့ဖက်နေတာလဲ"
"ဦးလေးကြီး!!!။ရှောင်းကျန့်ကိုကျ အစ်ကိုခေါ်ပြီး ငါ့ကျ ဦးလေးကြီးတဲ့လား။ဟေ့ကောင် ငါကရှောင်းကျန့်ထပ်တောင် အသက်ငယ်သေးတယ်ကွ"
"အော်...တော်တော်ရုပ်ရင့်တာပဲနော်"
"ဘာကွ!!!!!"
"တော်...တော်ကြပါတော့ကွာ...နော်"
"တော်စရာလား။ဒီကောင်လာပြဿ .နာရှာနေတာလေ"
"စကားပြောတာဆိုတာလည်းရိုင်းတယ်ရော်။ကိုယ့်
ထပ်အကြီးကိုခေါ်တာလည်းရှောင်းကျန့်တဲ့"
"ငါ့အကိုကို ငါဘယ်လိုခေါ်ခေါ်ပေါ့။မင်းနဲ့ဘာဆိုင်
လို့လဲ...ဂျပုကောင်ရဲ့"
"ဘာ!!!!!ဘယ်မှာပုလို့လဲ။ဒါinternational
အရပ်လို့ခေါ်တယ် လူ့ဂွစာကြီးရဲ့"
"ဘာမှ အင်တာမနေရှင်နယ်ဘူး။ပုတာကပုတာပဲ"
"လူ့ဂွစာကြီး!!"
"ဂျပု!!"
"လူ့ဂွစာကြီး!!!!"
"ဂျပု!!!!"
"အား!!!!!!!!!!!!!!!!!!!!!!!!!"
"အကို....ဘာဖြစ်လို့လဲဟင်"
"ရှောင်းကျန့် ဘာဖြစ်တာလဲ"
"မင်းတို့နှစ်ကောင်လုံးပါးစပ်ပိတ်စမ်း!!!!"
"ဟုတ်"
"ဟုတ်"
နှစ်ယောက်လုံး သနားကမားအသံလေးတွေနဲ့ ငြိမ်
သွားတော့ရှောင်းကျန့်ဒေါသထွက်နေတာတောင် ကြက်ပျောက်ငှက်ပျောက်။ ကျိုးချန်ကဒေါသကြီးပေမယ့်ရှောင်းကျန့်နဲ့ပတ်သတ်ရင် ငယ်ငယ်ကတည်းက
နည်းနည်းကလေးဆန်တာမို့ ဝမ်ရိပေါ်နဲ့တွေ့တော့
ပိုဆိုး။နည်းနည်းလောက်လျှော့ပေးလိုက်တာနဲ့
ရန်ပွဲက ထိန်းရမှာ မဟုတ်တော့ဘူး။
"ကျိုးချန်။ဒါကဝမ်ရိပေါ်တဲ့။ငါ့အခန်းဖော်"
"ရိပေါ်။ဒါက ကျိုးချန်။ကိ်ုယ့်သူငယ်ချင်း..။ညီအကို
လို့လည်းပြောလို့ရတယ်"
"တွေ့ရတာ ဝမ်းမသာလိုက်တာ ဦးလေးကျိုးချန်"
"ခွေးကောင်။မင်း!!!!"
"နှစ်ယောက်လုံးတော်တော့!!"
"....."
"....."
"ကျိုးချန်။မင်းဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
"ငါအလုပ်ကိစ္စနဲ့လာတာ။တစ်ပတ်လောက်ပဲကြာမှာ"
"ဩော်....ဒီမှာပဲနေမှာမလား"
"ဒါပေါ့။ဘာလဲ....မင်းကခေါ်မထားချင်လို့လား။
အသစ်ရောက်တာနဲ့ငါ့ကိုမေ့သွားတာလား"
"ကြီးကြီးကျယ်ကျယ်တွေပြောမနေနဲ့။ဝင်ခဲ့"
"အင်း။အခန်းလွတ်တစ်ခုရှိ်မလား"
"အာ....အဲ့အခန်းကရိပေါ်ကိုပေးထားတာ"
"ရတယ်လေ။ဒါဆို မင်းအခန်းမှာပဲနေလိုက်မယ်"
"မရဘူး!!!"
"မရဘူး!!!"
"နေပါဦး။ရှောင်းကျန့်ကတော့ထားပါတော့။မင်းကဘာဆိုင်လို့ဝင်ပြောရတာလဲ"
"အစ်ကိုက....အစ်ကိုက..သူ့အခန်းထဲသူများဝင်တာ
မကြိုက်ဘူး။ဟုတ်တယ်မလား အစ်ကို"
"ဟင်....အင်း"
"ငါ့အစ်ကိုအခန်းငါဝင်တာပဲ ဘာဖြစ်လဲ။အာ့ဆို ငါကဘယ်မှာနေရမှာလဲ"
"ဧည့်ခန်းထဲကဆိုဖာပေါ်အိပ်ပေါ့"
"ဘာ!!!!!"
"ကျိုးချန်။မင်းငါ့အခန်းထဲမှာအိပ်လိုက်။ငါအပြင်မှာအိပ်မယ်"
"မဟုတ်တာ။ကျွန်တော်ပဲအပြင်မှာအိပ်ပါ့မယ်"
"တော်ကြပါတော့!!။ငါHotelတစ်ခုခုမှာပဲသွားအိပ်
လိုက်ပါတော့မယ်"
"ကျွန်တော်စီစဉ်ပေးမယ်။ခင်ဗျားက ကျွန်တော့အခန်းမှာနေလိုက်။ကျွန်တော်ကအစ်ကို့အခန်းမှာအစ်ကိုနဲ့အတူသွားနေမယ်။မကောင်းဘူးလား"
"မကောင်းပါဘူး။နေစမ်းပါဦး။မင်းပြောတော့ရှောင်းကျန့်ကသူ့အခန်းထဲသူစိမ်းဝင်တာမကြိုက်ဘူးဆို"
"ကျွန်တော်ကချွင်းချက်"
"မင်း!!!!"
"တော်ကြပါတော့ကွာ။ရိပေါ်ပြောသလိုပဲလုပ်တာပေါ့..နော်.ကျိုးချန်"
"ရှောင်းကျန့်..ရှောင်းကျန့်။ငါသိနေတယ်နော်"
"လာပါကွာ။ငါခေါက်ဆွဲလုပ်ထားတယ်။စားရအောင်
နော်"
"ဝေါင်း....ခေါက်ဆွဲရပြီလား။ကျွန်တော်ဗိုက်ဆာနေတာနဲ့အတော်ပဲ"
"အင်း။ကျိုးချန်..မင်းလည်းလာလေ"
"အင်း"
-----------------------------
ထမင်းစားပွဲမှာ ခေါက်ဆွဲထိုင်စားနေကြတာက
လူသုံးယောက်။ အဲ့ထဲမှာမှ တစ်ယောက်သောသူက အပယ်ခံ။ ဘယ်သူဖြစ်မယ်ထင်လဲ။သေချာပေါက် ကျိုးချန်ပေါ့။
"ရိပေါ်..။နံနံပင်ကြိုက်တယ်မလား"
"အင်း"
"......"
"ရှာလကာရည်တွေလည်းအများကြီးထည့်မနေနဲ့ဦး"
"နည်းနည်းပါ အစ်ကိုရဲ့"
"မစပ်ဘူးမလား"
"အင်း"
နေ..နေပါဦး။ ဂျုံခေါက်ဆွဲကစပ်တယ်ပေါ့။ ငါ့ကို
တစ်ယောက်ယောက် လာကယ်တင်ကြပါဦး။ရှောင်းကျန့်ကလည်း မျက်လုံးမမြင်ဘူးသာပြောတယ်။
ဝမ်ရိပေါ်လုပ်သမျှ အကုန် သူမသိတာ မရှိဘူး။
ငါသည်းမခံနိုင်တော့ဘူး။ ဘာလို့ ငါပဲ အပယ်ခံ ဖြစ်နေတာလဲ။ ငါ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ကြဘူး။
"ရှောင်းကျန့်ရေ။ ငါမသေသေးဘူးသိလား။ ငါလည်း
လူပါဟ။နည်းနည်းပါးပါးတော့ အားနာပါးနာဂရုစိုက်
ပြပါလား။ မင်းရဲ့ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်
ကြီးပါဟ"
"ဟုတ်..ဟုတ်သားပဲ။ကျိုးချန်..စားလေ"
"လုပ်မနေပါနဲ့။ခင်ဗျားစားနေတာ ဘယ်နှစ်ပန်းကန်
တောင်ရှိနေပြီလဲ"
"မင်း!!!!"
"တော်ကြပါတော့ကွာ။အစားလေးတော့ အေးဆေး
စားပါရစေ"
ရှောင်းကျန့် ဝင်ဖြန်ဖြေတော့မှ ငြိမ်သွားတဲ့ နှစ်ယောက်။သေချာပါတယ်..တစ်ယောက်နဲ့တစ်ယောက်
မျက်စောင်းတွေအပြိုင်ထိုးနေကြဦးမှာ။
ဒီနှစ်ယောက်နဲ့ စိတ်ညစ်ရသလို ပျော်လည်းပျော်
ရတယ်။
တွေးကြည့်ရင် ကျိုးချန်ကရှောင်းကျန့်ဘဝမှာ ပထမဆုံးယုံကြည်ရတဲ့သူ။ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်တယ်။ရိပေါ်ကတော့ သူ့ဘဝမှာ ပထမဆုံး
ချစ်မိတဲ့သူ။ရှောင်းကျန့် တန်ဖိုးအထားရဆုံး လူနှစ်ယောက်နဲ့ အခုလိုအတူတူရှိနေခွင့်ရတာ ရှောင်ကျန့်
အတွက်တော့ ကံကောင်းခြင်းတစ်ပါးပဲ။
ရှောင်းကျန့်ရဲ့ ပိုင်ဆိုင်မှုလေးတွေက နည်းပါးပါတယ်။
ဆုံးရှုံးလို့ မဖြစ်နိုင်လောက်အောင်လည်း တန်ဖိုး
ကြီးလွန်းတယ်။
---------------------------------
ကျိုးချန်ကောင်းမှု အကြောင်းပြုလို့ ဝမ်ရိပေါ်နဲ့အတူ
နောက်တစ်ကြိမ် တစ်ကုတင်တည်း အိပ်ခွင့်ရခဲ့တယ်။ အခြေအနေတွေက ပထမတစ်ခေါက်နဲ့ အတော်ကွာခြားတယ်။ ဘယ်လိုကွာခြားလဲဆိုတော့
တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာ ဖြေးဖြေးမှန်မှန် အသက်ရှုသံလေးအပြင် ကျယ်လောင်တဲ့ နှလုံးခုန်
သံလေးတွေပါ တိုးလာခဲ့တယ်။
သဘောကျခြင်းနဲ့ နားထောင်ခဲ့ဖူးတဲ့ အသက်ရှူသံလေးကို မြတ်နိုးခြင်းလေးတွေပေါင်းထည့်လို့ ပြန်နား
ထောင်မိချိန်မှာ ရင်ခုန်သံကထိန်းမနိုင်သိမ်းမရ။
တိတ်တိတ်နေပါဟ။ကောင်လေး နိုးသွားလိမ့်မယ်။သေချာတာတော့ ရှောင်းကျန့် ဒီည အိပ်ပျော်မှာမဟုတ်
တော့ဘူး ဆိုတာပဲ။
အိပ်မပျော်တဲ့သူတွေဟာ ထူးထူးဆန်းဆန်း အတွေးတွေဝ င်တတ်တယ်ဆိုတဲ့စကားက
မှန်တယ်ထင်ရဲ့။ရှောင်းကျန့် တောင်တွေးမြောက်တွေးလျှောက်တွေးနေရင်း ခေါင်းထဲဝင်လာတာက
သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ဝမ်ရိပေါ်ရဲ့ လက်ချောင်းလေးတွေရဲ့ နူးညံ့တဲ့ အထိအတွေ့။
အဲ့ဒီလက်ချောင်းလေးတွေကိုရှောင်းကျန့်နောက်တစ်ကြိမ် ပြန်ပြီး ထိတွေ့ချင်တယ်။ ဘဝမှာ အခက်ဆုံးအလုပ်က စိတ်ဆန္ဒကို မြိုသိပ်နေရတာပဲ။
သူထိလိုက်လို့ ဝမ်ရိပေါ်နိုးသွားမှာကိုလည်း စိတ်ပူရသေး
တယ်။ သူခိုးတွေရဲ့ဒုက္ခကို ရှောင်းကျန့်အခုမှ နားလည်
တော့တယ်။ သူတို့လည်းအတော်စိတ်ပင်ပန်းရမှာပဲ။
အရဲစွန့်လို့ အိပ်နေတဲ့ ရိပေါ်ကိုထိဖို့ လက်အလှမ်းမှာ ရိပေါ်ဆီက ညည်းသံသဲ့သဲ့ ကြားလိုက်ရတာကြောင့်ရှောင်းကျန့် အလန့်တကြား လက်ကို ပြန်ရုတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်တယ်။
ရိပေါ်နိုးသွားတာလား။ သူကရော ဘာတွေလုပ်နေမိတာလဲ။ ဒီကောင်လေးအပေါ် ဘယ်လိုစိတ်မျိုးတွေ ထားနေမိပါလိမ့်။ သူကသာ ရိပေါ်ကိုချစ်နေပေမယ့်
ရိပေါ်က သူ့အပေါ် ရိုးရိုးသားသား ခင်တွယ်တာမျိုးဖြစ်
နေရင်ရော... သူဒီကောင်လေးကို ဘယ်လိုမျက်နှာပြရ
မလဲ။ ဒီကောင်လေးရဲ့ ဖြူစင်တဲ့ သံယောဇဉ်တွေကို
သူ့ဘက်က အရောင်ဆိုးနေမိတာလား။ အဆိုးဆုံးက
သူ့စိတ်ကိုသိပြီး ရိပေါ်က သူ့ကိုရွံမုန်းသွားရင်ရော..။
ခင်မင်မှုကိုအခွင့်ကောင်းယူတယ်လို့ ထင်သွားခဲ့ရင်
သူဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူး။
ငြင်းပယ်ခံရမှာထပ်
ဝေးဝေးပြေးသွားမှာကို ပိုကြောက်တယ်။
မင်းမရှိလို့မဖြစ်တာမို့
မင်းမချစ်လည်း ဖြစ်ပါတယ်။
_________________________________