I Can Hear Your Voice (Comple...

By Light730

501K 60.3K 1.5K

The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits... More

I Can Hear Your Voice - 1(Z,U)
I Can Hear Your Voice -2(Z,U)
I Can Hear Your Voice - 3(Z,U)
I Can Hear Your Voice - 4(Z,U)
I Can Hear Your Voice - 5(Z,U)
I Can Hear Your Voice-6(Z,U)
I Can Hear Your Voice - 7(Z,U)
I Can Hear You Voice-8(Z,U)
I Can Hear Your Voice-9(Z,U)
I Can Hear Your Voice-10(Z,U)
I Can Hear Your Voice-11(Z,U)
I Can Hear Your Voice-12(Z,U)
I Can Hear Your Voice-13(Z,U)
I Can Hear Your Voice-14(Z,U)
I Can Hear Your Voice-15(Z,U)
I Can Hear Your Voice-16(Z,U)
I Can Hear Your Voice-17(Z,U)
I Can Hear Your Voice-18(Z,U)
I Can Hear Your Voice-19(Z,U)
I Can Hear Your Voice-20(Z,U)
I Can Hear Your Voice-21(Z,U)
I Can Hear Your Voice-22(Z,U)
I Can Hear Your Voice-23(Z,U)
I Can Hear Your Voice-24(Z,U)
I Can Hear Your Voice-25(Z,U)
I Can Hear Your Voice-26(Z,U)
I Can Hear Your Voice-27(Z,U)
I Can Hear Your Voice-28(Z,U)
I Can Hear Your Voice-29(Z,U)
I Can Hear Your Voice-30(Z,U)
I Can Hear Your Voice-31(Z,U)
I Can Hear Your Voice-32(Z,U)
I Can Hear Your Voice-33(Z,U)
I Can Hear Your Voice-34(Z,U)
I Can Hear Your Voice-35(Z,U)
I Can Hear Your Voice-36(Z,U)
I Can Hear Your Voice-37(Z,U)
I Can Hear Your Voice-38(Z,U)
I Can Hear Your Voice-The End (Z,U)
Extra-1
Extra-2
Extra-3
Extra-4
Extra-6
Extra-7
Extra-8
Extra-9
Extra-10
Extra-11(Final Part)
I Can Hear Your Voice-39(Z,U)
I Can Hear Your Voice-40(Z,U)
စျေးဗန်း(ေစ်းဗန္း)
(ေတာင္းပန္ျခင္းႏွင့္အသိေပးျခင္း)

Extra-5

5.6K 871 48
By Light730

Extra-5
(zawgyi)

" ကို... ကိုတိမ္လႊာ..."

အကုန္လံုး မွင္သက္ေနၾကၿပီး ဘိုေကာင္းဆီမွ ထြက္လာသည့္ ေခၚသံဟာ အံ့ၾသမွဳတို႔ကို ျဖစ္ေပၚ
ေျပာင္းလဲသြားေစသည္။
ဘိုေကာင္းအပါအဝင္ အားလံုး အံ့ၾသကုန္ၾကသည္။
ကိုတိမ္လႊာက တစ္ပတ္ေလာက္ထက္ၾကာမည္ ေျပာ
ၿပီး ဘယ္ကဘယ္လို အိမ္ေပါက္ေရွ႕မွ မတ္တပ္ရပ္
ေနရတာလဲ။ဝိုင္ ကိုတိမ္လႊာ့မ်က္ႏွာကို မ်က္ေတာင္မခတ္ႏွင့္ မလွဳပ္မယွက္ ၾကည့္ေနမိသည္။
ဝိုင့္ လက္ဖ်ားေတြကို ေသာ္ ဖ်စ္ညစ္လာမွ ကိုတိမ္လႊာ့ဆီမွ အၾကည့္ေတြကို ေသာ့္ဆီေရြ႕လိုက္သည္။
ေသာ္က ဝိုင့္ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္။

" ဘယ္လိုလုပ္ၿပီး... "

" အံ့ၾသေနတယ္မလား....ကိုယ္လည္း တကယ္ကိုမအား
တာပါ ဒါေပမယ့္လဲ အိမ္ထိေတာင္ေရာက္လာတဲ့
ဧည့္သည္ေတြကို ပိုၿပီးဦးစားေပးရမယ္မလား..."

" မဟုတ္တာ ကၽြန္ေတာ္တို႔ေတာင္အရမ္းအားနာေနတာ..."

" ကဲ အထဲဝင္ၾကပါဦး ရြာထဲသြားခဲ့ၾကတယ္ထင္တယ္..."

" ဟုတ္တယ္...မိုးကရြာ ေတာင္ကတက္လို႔မရေသး
တာနဲ႔..."

ကိုတိမ္လႊာႏွင့္ ဘိုေကာင္းစကားေျပာေနသည့္ ေနာက္ကေန ပုလဲႏွင့္ကိုဆက္၊စစ္ေသြးတို႔လိုင္ဝင္သြားၾကသည္။ဝိုင့္စိတ္ထဲ ကိုတိမ္လႊာကိုေတြ႕လိုက္ရေတာ့
တစ္မ်ိဳးႀကီးပဲ စိတ္အေျခအေနမေကာင္းသလိုပဲ။
တစ္ခုခု မွားေနၿပီလို႔ ခံစားလာရသည္။ဝိုင္ သက္ျပင္းခ်ၿပီး လိုက္သြားဖို႔ျပင္ေတာ့ ေသာ္က မတ္တပ္ရပ္ၿပီး ဝိုင့္ကိုစိုက္ၾကည့္ေနသည္။

" ဘာျဖစ္တာလဲ ေသာ္...."

" မင္းမ်က္လံုးေတြ အဲ့ေကာင္မ်က္ခြက္ေပၚကို တစ္စကၠန္႔ထက္ အၾကည့္ပိုၾကည့္ ကိုယ္တစ္ခုခု ထမလုပ္ဘူးဆို ႀကိဳက္သလိုေျပာ..."

ေသာ္ေျပာလာသည့္ စကားကို ဝိုင္ နားလည္ဖို႔အေတာ္ၾကာေအာင္ စဥ္းစားလိုက္ရသည္။ဘာေျပာလိုက္သလည္း ဝိုင္ သိေလေတာ့ စိတ္ညစ္ေနတာ
ေတာင္ ဘယ္နားေရာက္သြားမွန္းမသိေအာင္ ဝိုင္
သေဘာတက်ရယ္လိုက္မိေတာ့သည္။

ေသာ္ရယ္ သဝန္ကလည္း တိုတတ္ပါေပတယ္။

" ကိုတိမ္လႊာၾကည့္ေကာင္းတာ ဟုတ္ပါတယ္ ဒါေပမယ့္ ငါခ်စ္တာ မင္းပါ...မင္းရဲ႕ေနရာကို ဘယ္သူက
မွ မယွဥ္ႏိုင္ဘူး... ဒါေၾကာင့္ မင္းအေတြးေတြ နည္းနည္းေလ်ာ့....ကဲ အထဲဝင္ရေအာင္..."

ဝိုင္ကေခ်ာ့ကာေျပာလိုက္ေသာ္လည္းေသာ္က မေက်နပ္ႏိုင္ေသး။သို႔ေပမယ့္ ဝိုင္ဆြဲေခၚရာေနာက္ေတာ့
ေပကပ္ကပ္နဲ႔လိုက္လာရွာသည္။ဝိုင္ႏွင့္ေသာ္ ပုလဲနဲ႔ကိုဆက္ေဘးမွာ ဝင္ထိုင္လိုက္သည္။
ဘိုေကာင္းႏွင့္ ကိုတိမ္လႊာက စကားေျပာေနၾကတုန္းပဲ။ေနာက္ေတာ့ ဘိုေကာင္းက ဝိုင္တို႔ဘက္လွည့္ၿပီး
မိတ္ဆက္ေပးေလသည္။

" ဒါ ကၽြန္ေတာ့္သူငယ္ခ်င္းေတြ စစ္ေသြး...ဟိုဘက္က ေသာ္...သူ႔ေဘးက ဝိုင္ ေနာက္ၿပီး သူတို႔က ပုလဲနဲ႔ကိုဆက္ ပုလဲနဲ႔ကိုဆက္က လက္ထပ္ထားၾကတာမၾကာေသးဘူးဒါက ကိုတိမ္လႊာဘုန္းတဲ့ ဒီအိမ္ႀကီးရဲ႕ ပိုင္ရွင္ ငါတို႔ေမ်ာ္ေနၾကတဲ့သူ..."

ဘိုေကာင္းက တိုတိုတုပ္တုပ္ပဲ မိတ္ဆက္ေပးလိုက္သည္။နာမည္ေတြရွည္ရွည္ေဝးေဝးႏွင့္ တကူးတက
မိတ္ဆက္ေပးမေနေတာ့ဘူး။အဲ့ဒါ ေအးတာပဲ။
အကုန္လံုးက ကိုတိမ္လႊာကို ၾကည့္ၿပီး ျပံဳးျပလိုက္ၾကသည္။

" ကိုယ္မရွိတုန္း အစစအရာရာအဆင္ေျပၾကရဲ႕လား
ကိုယ္.. ႀကီးမွံဳကိုေတာ့ မင္းတို႔ေတြကို ဂ႐ုစိုက္ေပးဖို႔
ေသခ်ာေလးမွာသြားပါတယ္ တိုက္တိုက္ဆိုင္ဆိုင္
ကြာ မင္းတို႔လာတဲ့ေန႔ၾကမွ ကိုယ္မိုးကုတ္ကို အားခ်င္းသြားခဲ့ရတာ အစက ဖုန္းဆက္မလို႔ပါပဲ ကိုယ္
ဖုန္းဆက္လိုက္တဲ့အခါမွ အားနာၿပီး မလာၾကေတာ့
မွာစိုးလို႔ မဆက္လိုက္ေတာ့တာ ႏွစ္ရက္သံုးရက္ေလာက္ပဲ ဆိုၿပီး မအားတာနဲ႔ အဆင္ေျပရဲ႕လားလည္း ဖုန္းဆက္မေမးခဲ့တာ ေနာက္မွ ကိုယ့္အလုပ္က ဒီ့ထက္ၾကာ
ႏိုင္ေခ်ရွိလို႔ ႀကီးမွံဳကို ဖုန္းဆက္ေျပာတယ္ ဒါေပမယ့္ ျပန္စဥ္းစားၾကည့္ေတာ့ ကိုယ္အရမ္းအားနာသြား
တယ္ ကိုယ္က အလည္ေခၚၿပီး ဘာမွမလုပ္ေပးႏိုင္
ဘူး ဧည့္ဝတ္မေက်သလိုႀကီးလည္း ျဖစ္ေနေတာ့ အလုပ္ေတြကို အေရးႀကီးတာေတြျမန္ျမန္လတ္စသတ္
က်န္တဲ့အလုပ္ေတြကိုေတာ့ သူေဌးေလးကို အပ္ၿပီး
ျမန္ျမန္ဆန္ဆန္ပဲျပန္လာခဲ့တာ...."

" မဟုတ္တာဗ်ာ ကၽြန္ေတာ္တို႔က အားနာရမွာပါ.."

" ဟုတ္ပါတယ္ဗ်ာ အလုပ္မအားတဲ့သူကို ကၽြန္ေတာ္တို႔က လာရွဳပ္သလို ျဖစ္ေနတာ အားနာလိုက္တာဗ်ာ..."

စစ္ေသြးနဲ႔ ကိုဆက္ကပါ စကားဝိုင္းထဲ ဝင္ေျပာလိုက္သည္။ပုလဲႏွင့္ေသာ္က နားေထာင္သူသက္သက္။
ဝိုင္ကေတာ့ စကားလံုးေတြကို ေသခ်ာနားေထာင္ၿပီး
ကိုတိမ္လႊာကို ေသခ်ာအကဲခတ္ေနသည္။

ဟုတ္တယ္ က်န္တဲ့သူေတြက ကိုတိမ္လႊာကို ျမင္ၿပီး
အားနာမွဳေတြေရာႁပြန္းေနတာမို႔ စကားမညီတာေတြ
ကို ဘယ္သူမွသတိထားမိမွာမဟုတ္ဘူး။

ဝိုင္ကၾက
ေတာ့ ထူးျခားသည့္ သူမလား။မနက္ကတင္ မလာႏိုင္ပါဘူးလို႔ ေျပာခဲ့သည့္ ကိုတိမ္လႊာက အခုညေနၾကေတာ့ အိမ္မွာျပန္ေရာက္ေနသည္။မိုးကုတ္ႏွင့္ ဒီရြာေလးက နီးေနရင္ထားပါေတာ့။

အလုပ္ေတြကို လက္စသတ္ၿပီး အျမန္ျပန္လာႏိုင္ခဲ့မယ္ဆိုရင္ေတာင္ ညဆယ္နာရီ ဒါမွမဟုတ္ ဆယ္နာရီေနာက္ပိုင္းမွ ေရာက္ႏိုင္မည္။အခုက အခ်ိန္က ေျခာက္နာရီခြဲပဲရွိေသးသည္။

အရမ္းေစာလြန္းေနသညိ။ဝိုင္ အိမ္ႀကီးအတြင္းကို
ေဝ့ၾကည့္ၿပီးအကဲခတ္လိုက္သည္။ေနာက္...

" ေဒၚေလးမွံဳေရာ ကၽြန္ေတာ္တို႔ရြာထဲက ဝယ္လာခဲ့
တဲ့ ပစၥည္းေလးေတြေပးခ်င္လို႔ပါ အမ်ားႀကီးေတာ့
မဟုတ္ပါဘူး ေစတနာေပါ့ဗ်ာ..."

" ေဟာဗ်ာ ရြာမွာေနတဲ့ သူကို ရြာထြက္ပစၥည္းေတြ လက္ေဆာင္ေပးတာလား ဟား ဟား ေဆာရီး မရည္ရြယ္ပါဘူး ကိုယ္သေဘာက်လို႔ပါ..."

" ရန္ကုန္ကေနလာတာ ကိုတိမ္လႊာ အတြက္ေတာ့
ဝိုင္ေတြအရက္ေတြပါလာခဲ့တယ္ဗ် အဲ လူႀကီးေတြ
အတြက္ေတာ့ မဝယ္ခဲ့မိဘူး အာ့ေၾကာင့္ ကၽြန္ေတာ္
တို႔ ခုဏေလးတင္ပဲ ရြာထဲသြားၿပီး ဝယ္လိုက္ၾကတာ..."

ဝိုင့္ကိုသေဘာတက်ရယ္လိုက္သည့္ ကိုတိမ္လႊာက
ေခ်ာေနေရာပဲ။ရယ္လိုက္မွ ပိုၾကည့္ေကာင္းေနသည္။ဝိုင္မ်က္ႏွာနီနီႏွင့္ ကိုတိမ္လြာ ရယ္တာကို ၾကည့္ေနမိသည္။ဘိုေကာင္းက ဝိုင့္အျဖစ္ကိုသိလို႔ ၾကားက
ဝင္ေျပာေပးလိုက္သည္။

ေသာ္က ဝိုင္နဲ႔ ကိုတိမ္လႊာကိုၾကည့္ၿပီး ေဒါသေတြ
ထြက္ေနတာ ဝိုင္တစ္ေယာက္မသိေလဘူး။

" မလိုပါဘူးကြာ ဒုကၡရွာလို႔ မပါခဲ့လည္း ဘာမွမျဖစ္ပါဘူး တကူးတကလည္း သြားဝယ္ၾကစရာမလိုပါဘူးကြာ
ကဲပါေလ ဝယ္ၿပီးၿပီဆိုေတာ့လည္း ေစတနာကို တန္ဖိုး
ထားၿပီး လက္ခံလိုက္ပါ့မယ္....ဒါေပမယ့္ ႀကီးမွံဳက
သူ႔ညီမတစ္ဝမ္းကြဲက ေနမေကာင္းဘူးဆိုလို႔ ဖုန္းဆက္လို႔ အခုေလးတင္ပဲ ဒီနားကၿမိဳ႕ကို အားခ်င္းျပန္သြားခဲ့တာ သန္ဘက္ခါေလာက္မွျပန္လာလိမ့္မယ္....အဲ့ေတာ့ မင္းတို႔ရဲ႕
လက္ေဆာင္ေတြကို သူျပန္လာမွေပးၾက ဟုတ္ၿပီလား...."

" ဟင္ ဟုတ္လား..."

" ညတြင္းခ်င္းႀကီး သြားခဲ့တာလား..."

" ဟုတ္တယ္ မင္းတို႔နဲ႔ ေရွ႕ဆင့္ေနာက္ဆင့္တင္ပဲ
ကိုသကၠ လိုက္ပို႔ေပးတာေလ...ကဲ ဒါဆို နားလိုက္ၾက
ဦး ေရမိုးခ်ိဳးၿပီး တေအာင့္ၾက ထမင္းစားၾကတာေပါ့ မနက္ျဖန္ေတာင္တက္လို႔ မရေသးေတာ့ အနီးနားက ၿမိဳ႕ေလးေတြကို လိုက္ပို႔ေပးမယ္ေလ ရြာထဲလည္း
လည္ၿပီးၾကၿပီဆိုေတာ့...."

" ဟုတ္ ဒါဆို ကၽြန္ေတာ္တို႔ ေရခ်ိဳးၿပီး ျပန္ဆင္းလာခဲ့ပါ့မယ္ဗ်...."

အကုန္လံုးက ထိုင္ရာမွထၿပီး အေပၚထပ္တက္လာခဲ့ၾကသည္။ဝိုင္က စိတ္ထဲမတင္မၾကႀကီး ျဖစ္ေနၿပီးေနာက္လွည့္ကာ ကိုတိမ္လြာ့ကိုၾကည့္မိေတာ့ ျပံဳးၿပီး
ၾကည့္ေနတာနဲ႔တိုးေလသည္။ဝိုင္လည္း ဘာရယ္မဟုတ္
ျပန္ၿပီးျပံဳးျပလိုက္မိသည္။ဒါေပမယ့္ ၾကာၾကာမျပံဳး
ျပလိုက္ရဘူး။ေသာ္က ဝိုင့္လက္ကို ဆတ္ခနဲ ေဆာင့္
ဆြဲေခၚျပီး ေလွကားေပၚ တစ္ဒုန္းဒုန္းတက္လာခဲသည္ေလ။

ဒုန္း....

အေတြးေတြထဲ ႏွစ္ျမဳပ္ေနစဥ္ လူကို အခန္းထဲ ထိုးထည့္ကာ ဒုန္းခနဲ အခန္းတံခါးပိတ္လိုက္တာေၾကာင့္
ဝိုင့္မွာဆတ္ခနဲ တုန္သြားၿပီး လန္႔သြားရသည္။
ေသာ့္ကို ဘုၾကည့္ၾကည့္လိုက္ၿပီးေျပာလိုက္ေတာ့သည္။

" တံခါးေျဖးေျဖးပိတ္စမ္းပါ သူမ်ားအိမ္ကို..."

" ဘာလဲ မင္းလင္အိမ္မို႔လို႔ မင္းကနာေနတာလား..."

" ေပါက္ကရ..."
ဝိုင္မ်က္လံုးျပဴးႏွင့္ အသည္းအသန္ျငင္းလိုက္မိသည္။

သူ႔ကိုမ်က္လံုးေလးကလယ္ကယ္ႏွင့္ ဘာမွမလုပ္
ထားသလို ေၾကာင္ေတာင္ေတာင္ေလးႏွင့္ ၾကည့္ေနသည့္
ဝိုင့္ကို ေသာ္က တစ္ကိုယ္လံုးဖ်စ္ညစ္ၿပီး ဝါးစားခ်င္စိတ္ကိုၿမိဳသိပ္ေနရသည္။ဒါေပမယ့္ အသည္းယားေနတာကိုေတာ့ ေသာ္ ဘယ္လိုမွမေအာင့္ႏိုင္ေတာ့ဘူး။ကုတင္ေပၚဆြဲထိုင္ခ်ေစၿပီး ဝိုင့္ရဲ႕ျပည့္ျပည့္
ေဖာင္းေဖာင္းပါး၂ဖက္ကို သူ႔လက္၂ဖက္နဲ႔ အတင္း
ဆြဲညစ္လိုက္မိေတာ့သည္။

" အား....နာတယ္ေလ ေသာ္ရ..."

" မင္းအာရံုေတြက ဘယ္ကမ႓ာေရာက္ေနတာလဲ..."

" ဟာ ...ေသာ္ရာ နာလိုက္တာကြာ မင္းအသားမဟုတ္တိုင္း..."

ဝိုင္ကတကယ္ကိုနာသြားတာမို႔ နီရဲသြားရွာမည့္ ပါးျပင္ ႏွစ္ဖက္ကို လက္ႏွစ္ဖက္ႏွင့္ ခပ္ဖြဖြ ပြတ္ေတာ့ ေသာ္က ေနာက္တစ္မ်ိဳး ႏွင့္ ခ်ဥ္းကပ္လာျပန္သည္။

" အား..."

ဝိုင့္လက္ႏွစ္ဖက္ကို သူ႔လက္ႏွစ္ဖက္ႏွင့္ ခ်ဳပ္လိုက္ကာ
ဝိုင့္ရဲ႕ ညာဖက္ပါးေလးကို သြားျဖင့္ ကိုက္ခ်လိုက္
ျခင္းပင္။
ဝိုင့္မွာ နာလြန္းသျဖင့္ မ်က္ရည္ေတာင္ ဝိုင္းသြားရသည္။

" အဲ့ဒါ ကိုယ္မဟုတ္တဲ့သူကို တစ္စကၠန္႔ထက္ပိုၾကည့္
ေနလို႔...အျပစ္ေပးတာ..."

" ေသပါ့လား...ငါဘယ္မွာၾကည့္ေနလို႔လဲ..."

" မၾကည့္ဘူးဟုတ္လား... မ်က္ႏွာနီရဲၿပီး အရွက္သည္းတဲ့ပံုစံနဲ႔ အၾကည့္ခ်င္းဆံုေနတာ ဘယ္သူလဲ..."

" အဲ့ဒါက ဟိုလိုစိတ္နဲ႔ ၾကည့္ေနတာမွမဟုတ္တာ..."

" ဘယ္လိုစိတ္နဲ႔ၾကည့္ၾကည့္...ၾကည့္တာကၾကည့္တာပဲ.... ခဏေန ထမင္းစားရင္ စကားလည္း ဝင္မေျပာ
နဲ႔ ဘယ္သူ႔ကိုမွလဲ မၾကည့္နဲ႔ ထမင္းစားမယ္ဆိုေတာ့
ထမင္းနဲ႔ဟင္းကိုပဲၾကည့္ အဲ့ဒါမွ တအားကိုၾကည့္ခ်င္ ေနသပဆိုရင္ေတာ့ ကိုယ့္ကိုပဲတစ္ခ်ိန္လံုး စိုက္
ၾကည့္ေန..."

" ဟင္း....မဟုတ္ကဟုတ္ကေတြ စိတ္အပင္ပန္းခံၿပီး သဝန္တိုမေနနဲ႔ ငါ ကိုတိမ္လႊာ့ကို စိတ္နဲ႔ေတာင္မျပစ္မွားဘူး ငါေတြးေနတာကတစ္မ်ိဳး... "

" အင္း ကိုယ္လည္း ထူးဆန္းေနတယ္လို႔ေတာ့ ခံစားမိပါတယ္...ေဒၚေလးမွံဳက ႐ုတ္တရက္ႀကီး ေပ်ာက္သြားၿပီး အလုပ္အရမ္းရွဳပ္ပါတယ္ဆိုတဲ့ ကိုတိမ္လႊာ
ကျပန္ေပၚလာတယ္ ေနာက္ၿပီး ကေလးေလး တို႔သားအမိ ဒီအိမ္ႀကီးနဲ႔ ဘယ္လိုပတ္သက္ေနသလဲ..."
ေလးေလးနက္နက္နဲ႔ေျပာလိုက္ၿပီး ကုတင္ေပၚထိုင္ေနတဲ့ ဝိုင့္ေဘးေသာ္ဝင္ထိုင္လိုက္သည္။ဒီအိမ္ႀကီးမွာ
ၾကာၾကာေနဖို႔ သူတို႔အေနနဲ႔ ေကာင္းရဲ႕လား။

" မင္းလည္း ေတြးမိတယ္မလား ငါလည္း အဲ့ဒါပဲ စဥ္းစားေနတာ ေသာ္ ဒါေၾကာင့္ ငါက ကိုတိမ္လႊာကို ေစ့ေစ့စပ္စပ္ အကဲခတ္ေနတာပါ..."

" အင္း ဘိုေကာင္းတို႔က ဟိုကေလးေလးကို မေတြ႕မိထားေတာ့ သံသရ ဝင္စရာလည္း ရွာေတြ႕မွာမဟုတ္ဘူး...ဒါေပမယ့္ ကိုယ္တို႔ကၾက သိေနတယ္...
ကေလးေလးက ဒီအိမ္ကလူေတြကို ဘာလို႔ မေကာင္းၾကဘူးလို႔ေျပာတာလဲ...ကိုယ္လည္း သိခ်င္တယ္...
ဒါေၾကာင့္ အကဲခတ္မယ္ဆိုရင္ေတာင္မွ ကိုယ္ပဲ
တစ္စိမ့္စိမ့္ၾကည့္ၿပီး အကဲခတ္ေပးမယ္ ဟုတ္ၿပီလား မင္းက ထမင္းနဲ႔ဟင္းကိုပဲ ၾကည့္..."
ဝိုင့္ႏွာေခါင္းေလးကို လက္ညိဳးနဲ႔ လက္မ ၂ခုနဲ႔
တို႔ထိၿပီး ခပ္ဖြဖြေလး ဆြဲလိုက္သည္။

" ငါတို႔ ဘာအႏၲရာယ္မွမရွိေလာက္ပါဘူးေနာ္..."

" မရွိေလာက္ပါဘူး တကယ္လို႔ရွိခဲ့ရင္လည္း စိတ္မပူနဲ႔
ကိုယ္က မင္းကိုကာကြယ္ေပးမွာမို႔... "

" အင္းပါ ဒါဆို ေရခ်ိဳးလိုက္ဦးမယ္...ထမင္းစားေစာင့္ေနၾကလိမ့္မယ္..."

ဟင္းခနဲ သက္ျပင္းခ်ၿပီး ဝိုင္ ေရခ်ိဳးခန္းထဲဝင္ခဲ့လိုက္သည္။ဒီအိမ္ႀကီးဆီေရာက္ကတည္းက ဝိုင့္မွာ
ေကာင္းေကာင္းမြန္မြန္ေနရတယ္ဆိုတာမရွိဘူး။
အၿမဲ စိတ္ဖိစည္းမွဳမ်ားေနရသည္။ခုလဲၾကည့္
ကိုတိမ္လႊာကျပန္ေရာက္လာၿပီ...။ဘယ္အခ်ိန္မွ
ျပန္ၾကေတာ့မလည္း မသိဘူး။ဝိုင္ သက္ျပင္းေတြအႀကိမ္ႀကိမ္ခ်ၿပီး ေရကန္ထဲေရဝင္စိမ္လိုက္သည္။ဒါေပမယ့္ ဝိုင့္ကိုသတိေပးသည့္ ျပန္ ဆိုသည့္ စကားလံုးေတြ
မွန္ေပၚမွာ မေပၚလာေတာ့ဘူး။ဘာလို႔လဲ ကိုတိမ္လႊာ
ျပန္ေရာက္လာေတာ့ ဝိုင္တို႔ အႏၲရာယ္ကင္းၿပီလို႔
ဆိုလိုခ်င္တာလား။ဝိုင္မ်ားမ်ားစားစား မေတြးေတာ့။သတိေပးစာမရွိေတာ့ ရင္ထဲနည္းနည္းေတာ့
ေနလို႔ေကာင္းသြားသည္။ဒါေၾကာင့္ အခ်ိန္မဆြဲပဲ
ေရအျမန္ခ်ိဳးၿပီး ေရခ်ိဳးခန္းထဲက ထြက္လာခဲ့လိုက္ေတာ့သည္။စိတ္ထဲ လြတ္လပ္ေပါ့ပါးေနတာေၾကာင့္
ေရခ်ိဳးခန္းထဲမွာ အေငြ႕ေတြႏွင့္ အရင္ကထက္ပိုၿပီးတစ္ခုခုက
ဝိုင့္ကို သတိေပးခ်င္ေနသည္ဆိုတာ ဝိုင္မသိရွာေလေတာ့ဘူး။

~~~~~~<<>>~~~~~<<>>~~~~~~~

ကိုတိမ္လႊာႏွင့္ ထမင္းဝိုင္းမွာ ဝိုင္တို႔ ေအးေအးေဆးေဆး စကားေျပာခဲ့ၾကသည္။သို႔ေပမယ့္ ထိုစကားဝိုင္းထဲ ဝိုင္မပါဝင္ခဲ့ရဘူး။အၾကည့္နဲ႔ေတာင္ ကိုတိမ္လႊာကို အကဲမခတ္ရဘူး။ေသာ္ကပဲေျပာ...ေသာ္ကပဲ
အကဲခတ္သတဲ့ေလ...။ဒါေပမယ့္ အရာအားလံုးက အကုန္အဆင္ေျပေျပပဲျဖစ္ခဲ့ပါသည္။

" ထူးထူးဆန္းဆန္း ကိုယ့္ခ်စ္က အေစာႀကီးအိပ္ေန
ပါလားကြ...."

ေရခ်ိဳးခန္းထဲမွ ေသာ္ ေျခလက္မ်က္ႏွာေဆးၿပီး ထြက္လာေတာ့ ကုတင္ေပၚမွာ ဝိုင္ကေမွာက္ရက္ကေလး အိပ္ေနၿပီေလ...။ေသာ္ ကုတင္ေျခရင္း
ေဘး ဝင္ထိုင္ၿပီး မ်က္ႏွာသုတ္ရင္း လံုးျပည့္ေနသည့္ ဝိုင့္တင္သားေတြကို စိတ္မထိန္းႏိုင္စြာ ျဖန္းခနဲ
႐ိုက္ခ်လိုက္သည္။သို႔ေသာ္ ဝိုင္က အင္းအဲ သာျဖစ္သြားၿပီး အိပ္ၿမဲတိုင္း အိပ္ေနၿမဲပင္။ေသာ္ သေဘာတက်ရယ္ၿပီး မတ္တပ္ထရပ္ကာ ဝိုင့္မ်က္ႏွာေရွ႕
ငံု႔ကိုင္းၿပီးနီေထြးေနသည့္ ႏွဳတ္ခမ္းပါးေလးကို ျဖတ္ခနဲ ငံု႔နမ္းလိုက္သည္။ေနာက္ တဘက္ကို ေဘးကတန္းေပၚမွာအသာအယာ တင္လိုက္ကာ ဝိုင့္ေဘးနား ဝင္လွဲလိုက္ရင္း ဝိုင့္ကိုယ္လံုးေလးကို ရင္ခြင္ထဲ
ထည့္ကာ အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္ေတာ့သည္။

သန္းေခါင္ယံအခ်ိန္...
ထူးထူးဆန္းဆန္း ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနရာမွ
ဆတ္ခနဲ ႏိုးလာသည္က ေသာ္ပင္။
အာေခါင္ေတြေျခာက္ကာ ေရငတ္လာသည္မို႔
ေရထေသာက္ရန္ျပင္လိုက္ေတာ့ ညကေရမခတ္
ထားခဲ့သည္ကို သတိရသည္။ေသာ္က အၿမဲေရထထေသာက္ေနၾကပင္။ေသာ္ သူ႔အေဖ အလုပ္ေတြ
ဝိုင္းကူလုပ္ေပးၿပီးသည့္ေနာက္ ညနက္မွ အိပ္တာ
မ်ားလာၿပီး ေရထေသာက္တတ္သည့္ အက်င့္ပါ စြဲလာ
ျခင္းပင္။သို႔ေၾကာင့္ ေရတစ္စက္မွ မရွိသည့္ ေရခရားေလးကို ဆြဲယူကာ ေရထည့္ရန္ ေအာက္ထပ္သို႔
ဆင္းခဲ့သည္။အျပင္ေရာက္မွ မည္းနက္လြန္းေနသည့္
အေမွာင္ထုႀကီးက ဆီးႀကိဳေနေတာ့ မီးမယူလာသည့္
ကိုယ့္ကိုကိုယ္ က်ိန္ဆဲမိသည္။

ဟုတ္ပါ့ ဒီအခ်ိန္မွေတာ့ မီးေတြအကုန္ပိတ္ထားေလေရာေပါ့။

ေၾကာက္တတ္သည့္သူ
မဟုတ္ေပမယ့္ အေမွာင္ဆိုတာကိုေတာ့ ေသာ္မုန္း
သည္ေလ။သို႔ေပမယ့္ အခန္းထဲျပန္ဝင္ၿပီး ဖုန္းေလး
ယူဖို႔ရာကို ပ်င္းေနျပန္သည္။ဒါေၾကာင့္ ခပ္သြက္သြက္ပဲ ေလွကားေပၚက ဆင္းၿပီး မီးဖိုခန္းထဲသြား
ေရထည့္လိုက္သည္။မီးဖိုခန္းထဲကျပန္ထြက္လာေတာ့ မီးဖိုခန္းအေပါက္ဝႏွင့္ တည့္ေနသည့္ အိမ္အျပင္
ထြက္သည့္ တံခါးေပါက္ႀကီးက ပြင့္ေနတာမို႔ ေသာ္
မ်က္ေမွာင္ၾကဳတ္မိသြားသည္။ေရခရားေလးကို
ကိုင္ၿပီး..ေလွကားထိပ္မွာရပ္ေနရင္း တံခါးေပါက္ဆီ
သြားၾကည့္ရင္ေကာင္းမလား မေကာင္းဘူးလား
စဥ္းစားေနမိသည္။

မထူးပါဘူး သြားၾကည့္လိုက္တာ
ေကာင္းပါတယ္။

အေတြးႏွင့္ ေျခလွမ္းေတြကို...တံခါးေပါက္ႀကီးဆီ လွည့္လိုက္မိသည္။
ဒါေပမယ့္ေရွ႕မွ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေသာ့္ေျခလွမ္းေတြ တုန္႔ခနဲ ရပ္တန္႔သြားခဲ့ရသည္။

ေသာ္ကအေမွာင္ထဲမွာ...
လေရာင္ျဖာေနသည့္ အျပင္ဘက္က အရာေတြကို
ေသာ္ ျမင္ေတြ႕ေနရသည္။အေမွာင္ထဲကလူက အလင္းထဲက လူကို ျမင္ေတြ႕ႏိုင္တယ္ဆိုသလိုမ်ိဳးေပါ့။
ရွပ္အက်ႌအျဖဴလက္ရွည္ကို ဝတ္ဆင္ထားတဲ့ ကိုတိမ္လႊာ...။ေသခ်ာၾကည့္ရင္ အျဖဴစြတ္စြတ္ အက်ႌ
ေပၚမွာ ေသြးေတြစြန္းထင္းေပေနသည္ကိုေတြ႕ျမင္ေနရသည္။တစ္ေရြ႕ေရြ႕ႏွင့္ ေျမႀကီးေပၚက ဘာမွန္းမသိသည့္ အရာႀကီးကို ကိုတိမ္လႊာက တစ္ရြတ္တိုက္ဆြဲၿပီး ေသာ္ရပ္ၾကည့္ေနသည့္ တံခါးေပါက္ေရွ႕ကေန ျဖတ္သြားေနတာ ေသာ္ ေတြ႕ေနရသည္။

ေသာ္ လက္ထဲက ေရခရားေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။ေသာ့္မ်က္လံုးေတြ ေျမႀကီးေပၚေရာက္သြားခ်ိန္ ေသြးစြန္းေနသည့္ လက္တစ္ဖက္ကို ျဖတ္ခနဲ ျမင္လိုက္မိေသးသည္။ဆြဲေခၚရေနာက္ကို ဘာမွျပန္မေျပာႏိုင္ရွာပဲ ေသြးေတြစြန္းထင္းစြာႏွင့္ ပါသြားေနသည့္ သူ...။ေသာ္ ေခါင္းနပန္းႀကီးသြားရသည္။သူတို႔အကုန္လံုး... အႏၲရာယ္ရွိေနၿပီမလား...။ကိုတိမ္လႊာ တရြတ္တိုက္ဆြဲသြားခဲ့သည့္ အရာဟာ အေလာင္းတစ္ေလာင္းဆိုလွ်င္ ေနာက္ထပ္ မစ္မွတ္ေတြဟာ... သူတို႔ျဖစ္ဖို႔ မလြဲဧကန္ပဲ...။ဒီအခ်ိန္မွ
ထြက္မေျပးလွ်င္ ကိုတိမ္လႊာ လက္ထဲမွာ အကုန္
အသတ္ေပ်ာက္ႏိုင္သည္။သူ႔ကိုယ္သူ ဘာမွမျဖစ္ခ်င္သလို ဝိုင့္ကို အထိအခိုက္မခံႏိုင္ဘူး...။
သူ ဝိုင့္ကိုကာကြယ္မွ ျဖစ္မည္....။
ေရခရားေလးကို ဆုပ္ကိုင္ၿပီး ေလွကားတစ္ေလွ်ာက္...ေျပးတက္လာမိသည္။သူတို႔ လြတ္ေအာင္ေျပးႏိုင္ဖို႔ လိုသည္။
..................
အစစအရာရာဂ႐ုစိုက္ၾကပါ။

Extra-5
(unicode)

" ကို... ကိုတိမ်လွှာ..."

အကုန်လုံး မှင်သက်နေကြပြီး ဘိုကောင်းဆီမှ ထွက်လာသည့် ခေါ်သံဟာ အံ့သြမှုတို့ကို ဖြစ်ပေါ်
ပြောင်းလဲသွားစေသည်။
ဘိုကောင်းအပါအဝင် အားလုံး အံ့သြကုန်ကြသည်။
ကိုတိမ်လွှာက တစ်ပတ်လောက်ထက်ကြာမည် ပြော
ပြီး ဘယ်ကဘယ်လို အိမ်ပေါက်ရှေ့မှ မတ်တပ်ရပ်
နေရတာလဲ။ဝိုင် ကိုတိမ်လွှာ့မျက်နှာကို မျက်တောင်မခတ်နှင့် မလှုပ်မယှက် ကြည့်နေမိသည်။
ဝိုင့် လက်ဖျားတွေကို သော် ဖျစ်ညစ်လာမှ ကိုတိမ်လွှာ့ဆီမှ အကြည့်တွေကို သော့်ဆီရွေ့လိုက်သည်။
သော်က ဝိုင့်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

" ဘယ်လိုလုပ်ပြီး... "

" အံ့သြနေတယ်မလား....ကိုယ်လည်း တကယ်ကိုမအား
တာပါ ဒါပေမယ့်လဲ အိမ်ထိတောင်ရောက်လာတဲ့
ဧည့်သည်တွေကို ပိုပြီးဦးစားပေးရမယ်မလား..."

" မဟုတ်တာ ကျွန်တော်တို့တောင်အရမ်းအားနာနေတာ..."

" ကဲ အထဲဝင်ကြပါဦး ရွာထဲသွားခဲ့ကြတယ်ထင်တယ်..."

" ဟုတ်တယ်...မိုးကရွာ တောင်ကတက်လို့မရသေး
တာနဲ့..."

ကိုတိမ်လွှာနှင့် ဘိုကောင်းစကားပြောနေသည့် နောက်ကနေ ပုလဲနှင့်ကိုဆက်၊စစ်သွေးတို့လိုင်ဝင်သွားကြသည်။ဝိုင့်စိတ်ထဲ ကိုတိမ်လွှာကိုတွေ့လိုက်ရတော့
တစ်မျိုးကြီးပဲ စိတ်အခြေအနေမကောင်းသလိုပဲ။
တစ်ခုခု မှားနေပြီလို့ ခံစားလာရသည်။ဝိုင် သက်ပြင်းချပြီး လိုက်သွားဖို့ပြင်တော့ သော်က မတ်တပ်ရပ်ပြီး ဝိုင့်ကိုစိုက်ကြည့်နေသည်။

" ဘာဖြစ်တာလဲ သော်...."

" မင်းမျက်လုံးတွေ အဲ့ကောင်မျက်ခွက်ပေါ်ကို တစ်စက္ကန့်ထက် အကြည့်ပိုကြည့် ကိုယ်တစ်ခုခု ထမလုပ်ဘူးဆို ကြိုက်သလိုပြော..."

သော်ပြောလာသည့် စကားကို ဝိုင် နားလည်ဖို့အတော်ကြာအောင် စဉ်းစားလိုက်ရသည်။ဘာပြောလိုက်သလည်း ဝိုင် သိလေတော့ စိတ်ညစ်နေတာ
တောင် ဘယ်နားရောက်သွားမှန်းမသိအောင် ဝိုင်
သဘောတကျရယ်လိုက်မိတော့သည်။

သော်ရယ် သဝန်ကလည်း တိုတတ်ပါပေတယ်။

" ကိုတိမ်လွှာကြည့်ကောင်းတာ ဟုတ်ပါတယ် ဒါပေမယ့် ငါချစ်တာ မင်းပါ...မင်းရဲ့နေရာကို ဘယ်သူက
မှ မယှဉ်နိုင်ဘူး... ဒါကြောင့် မင်းအတွေးတွေ နည်းနည်းလျော့....ကဲ အထဲဝင်ရအောင်..."

ဝိုင်ကချော့ကာပြောလိုက်သော်လည်းသော်က မကျေနပ်နိုင်သေး။သို့ပေမယ့် ဝိုင်ဆွဲခေါ်ရာနောက်တော့
ပေကပ်ကပ်နဲ့လိုက်လာရှာသည်။ဝိုင်နှင့်သော် ပုလဲနဲ့ကိုဆက်ဘေးမှာ ဝင်ထိုင်လိုက်သည်။
ဘိုကောင်းနှင့် ကိုတိမ်လွှာက စကားပြောနေကြတုန်းပဲ။နောက်တော့ ဘိုကောင်းက ဝိုင်တို့ဘက်လှည့်ပြီး
မိတ်ဆက်ပေးလေသည်။

" ဒါ ကျွန်တော့်သူငယ်ချင်းတွေ စစ်သွေး...ဟိုဘက်က သော်...သူ့ဘေးက ဝိုင် နောက်ပြီး သူတို့က ပုလဲနဲ့ကိုဆက် ပုလဲနဲ့ကိုဆက်က လက်ထပ်ထားကြတာမကြာသေးဘူးဒါက ကိုတိမ်လွှာဘုန်းတဲ့ ဒီအိမ်ကြီးရဲ့ ပိုင်ရှင် ငါတို့မျော်နေကြတဲ့သူ..."

ဘိုကောင်းက တိုတိုတုပ်တုပ်ပဲ မိတ်ဆက်ပေးလိုက်သည်။နာမည်တွေရှည်ရှည်ဝေးဝေးနှင့် တကူးတက
မိတ်ဆက်ပေးမနေတော့ဘူး။အဲ့ဒါ အေးတာပဲ။
အကုန်လုံးက ကိုတိမ်လွှာကို ကြည့်ပြီး ပြုံးပြလိုက်ကြသည်။

" ကိုယ်မရှိတုန်း အစစအရာရာအဆင်ပြေကြရဲ့လား
ကိုယ်.. ကြီးမှုံကိုတော့ မင်းတို့တွေကို ဂရုစိုက်ပေးဖို့
သေချာလေးမှာသွားပါတယ် တိုက်တိုက်ဆိုင်ဆိုင်
ကွာ မင်းတို့လာတဲ့နေ့ကြမှ ကိုယ်မိုးကုတ်ကို အားချင်းသွားခဲ့ရတာ အစက ဖုန်းဆက်မလို့ပါပဲ ကိုယ်
ဖုန်းဆက်လိုက်တဲ့အခါမှ အားနာပြီး မလာကြတော့
မှာစိုးလို့ မဆက်လိုက်တော့တာ နှစ်ရက်သုံးရက်လောက်ပဲ ဆိုပြီး မအားတာနဲ့ အဆင်ပြေရဲ့လားလည်း ဖုန်းဆက်မမေးခဲ့တာ နောက်မှ ကိုယ့်အလုပ်က ဒီ့ထက်ကြာ
နိုင်ချေရှိလို့ ကြီးမှုံကို ဖုန်းဆက်ပြောတယ် ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကိုယ်အရမ်းအားနာသွား
တယ် ကိုယ်က အလည်ခေါ်ပြီး ဘာမှမလုပ်ပေးနိုင်
ဘူး ဧည့်ဝတ်မကျေသလိုကြီးလည်း ဖြစ်နေတော့ အလုပ်တွေကို အရေးကြီးတာတွေမြန်မြန်လတ်စသတ်
ကျန်တဲ့အလုပ်တွေကိုတော့ သူဌေးလေးကို အပ်ပြီး
မြန်မြန်ဆန်ဆန်ပဲပြန်လာခဲ့တာ...."

" မဟုတ်တာဗျာ ကျွန်တော်တို့က အားနာရမှာပါ.."

" ဟုတ်ပါတယ်ဗျာ အလုပ်မအားတဲ့သူကို ကျွန်တော်တို့က လာရှုပ်သလို ဖြစ်နေတာ အားနာလိုက်တာဗျာ..."

စစ်သွေးနဲ့ ကိုဆက်ကပါ စကားဝိုင်းထဲ ဝင်ပြောလိုက်သည်။ပုလဲနှင့်သော်က နားထောင်သူသက်သက်။
ဝိုင်ကတော့ စကားလုံးတွေကို သေချာနားထောင်ပြီး
ကိုတိမ်လွှာကို သေချာအကဲခတ်နေသည်။

ဟုတ်တယ် ကျန်တဲ့သူတွေက ကိုတိမ်လွှာကို မြင်ပြီး
အားနာမှုတွေရောပြွန်းနေတာမို့ စကားမညီတာတွေ
ကို ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး။

ဝိုင်ကကြ
တော့ ထူးခြားသည့် သူမလား။မနက်ကတင် မလာနိုင်ပါဘူးလို့ ပြောခဲ့သည့် ကိုတိမ်လွှာက အခုညနေကြတော့ အိမ်မှာပြန်ရောက်နေသည်။မိုးကုတ်နှင့် ဒီရွာလေးက နီးနေရင်ထားပါတော့။

အလုပ်တွေကို လက်စသတ်ပြီး အမြန်ပြန်လာနိုင်ခဲ့မယ်ဆိုရင်တောင် ညဆယ်နာရီ ဒါမှမဟုတ် ဆယ်နာရီနောက်ပိုင်းမှ ရောက်နိုင်မည်။အခုက အချိန်က ခြောက်နာရီခွဲပဲရှိသေးသည်။

အရမ်းစောလွန်းနေသညိ။ဝိုင် အိမ်ကြီးအတွင်းကို
ဝေ့ကြည့်ပြီးအကဲခတ်လိုက်သည်။နောက်...

" ဒေါ်လေးမှုံရော ကျွန်တော်တို့ရွာထဲက ဝယ်လာခဲ့
တဲ့ ပစ္စည်းလေးတွေပေးချင်လို့ပါ အများကြီးတော့
မဟုတ်ပါဘူး စေတနာပေါ့ဗျာ..."

" ဟောဗျာ ရွာမှာနေတဲ့ သူကို ရွာထွက်ပစ္စည်းတွေ လက်ဆောင်ပေးတာလား ဟား ဟား ဆောရီး မရည်ရွယ်ပါဘူး ကိုယ်သဘောကျလို့ပါ..."

" ရန်ကုန်ကနေလာတာ ကိုတိမ်လွှာ အတွက်တော့
ဝိုင်တွေအရက်တွေပါလာခဲ့တယ်ဗျ အဲ လူကြီးတွေ
အတွက်တော့ မဝယ်ခဲ့မိဘူး အာ့ကြောင့် ကျွန်တော်
တို့ ခုဏလေးတင်ပဲ ရွာထဲသွားပြီး ဝယ်လိုက်ကြတာ..."

ဝိုင့်ကိုသဘောတကျရယ်လိုက်သည့် ကိုတိမ်လွှာက
ချောနေရောပဲ။ရယ်လိုက်မှ ပိုကြည့်ကောင်းနေသည်။ဝိုင်မျက်နှာနီနီနှင့် ကိုတိမ်လွာ ရယ်တာကို ကြည့်နေမိသည်။ဘိုကောင်းက ဝိုင့်အဖြစ်ကိုသိလို့ ကြားက
ဝင်ပြောပေးလိုက်သည်။

သော်က ဝိုင်နဲ့ ကိုတိမ်လွှာကိုကြည့်ပြီး ဒေါသတွေ
ထွက်နေတာ ဝိုင်တစ်ယောက်မသိလေဘူး။

" မလိုပါဘူးကွာ ဒုက္ခရှာလို့ မပါခဲ့လည်း ဘာမှမဖြစ်ပါဘူး တကူးတကလည်း သွားဝယ်ကြစရာမလိုပါဘူးကွာ
ကဲပါလေ ဝယ်ပြီးပြီဆိုတော့လည်း စေတနာကို တန်ဖိုး
ထားပြီး လက်ခံလိုက်ပါ့မယ်....ဒါပေမယ့် ကြီးမှုံက
သူ့ညီမတစ်ဝမ်းကွဲက နေမကောင်းဘူးဆိုလို့ ဖုန်းဆက်လို့ အခုလေးတင်ပဲ ဒီနားကမြို့ကို အားချင်းပြန်သွားခဲ့တာ သန်ဘက်ခါလောက်မှပြန်လာလိမ့်မယ်....အဲ့တော့ မင်းတို့ရဲ့
လက်ဆောင်တွေကို သူပြန်လာမှပေးကြ ဟုတ်ပြီလား...."

" ဟင် ဟုတ်လား..."

" ညတွင်းချင်းကြီး သွားခဲ့တာလား..."

" ဟုတ်တယ် မင်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့်တင်ပဲ
ကိုသက္က လိုက်ပို့ပေးတာလေ...ကဲ ဒါဆို နားလိုက်ကြ
ဦး ရေမိုးချိုးပြီး တအောင့်ကြ ထမင်းစားကြတာပေါ့ မနက်ဖြန်တောင်တက်လို့ မရသေးတော့ အနီးနားက မြို့လေးတွေကို လိုက်ပို့ပေးမယ်လေ ရွာထဲလည်း
လည်ပြီးကြပြီဆိုတော့...."

" ဟုတ် ဒါဆို ကျွန်တော်တို့ ရေချိုးပြီး ပြန်ဆင်းလာခဲ့ပါ့မယ်ဗျ...."

အကုန်လုံးက ထိုင်ရာမှထပြီး အပေါ်ထပ်တက်လာခဲ့ကြသည်။ဝိုင်က စိတ်ထဲမတင်မကြကြီး ဖြစ်နေပြီးနောက်လှည့်ကာ ကိုတိမ်လွာ့ကိုကြည့်မိတော့ ပြုံးပြီး
ကြည့်နေတာနဲ့တိုးလေသည်။ဝိုင်လည်း ဘာရယ်မဟုတ်
ပြန်ပြီးပြုံးပြလိုက်မိသည်။ဒါပေမယ့် ကြာကြာမပြုံး
ပြလိုက်ရဘူး။သော်က ဝိုင့်လက်ကို ဆတ်ခနဲ ဆောင့်
ဆွဲခေါ်ပြီး လှေကားပေါ် တစ်ဒုန်းဒုန်းတက်လာခဲသည်လေ။

ဒုန်း....

အတွေးတွေထဲ နှစ်မြုပ်နေစဉ် လူကို အခန်းထဲ ထိုးထည့်ကာ ဒုန်းခနဲ အခန်းတံခါးပိတ်လိုက်တာကြောင့်
ဝိုင့်မှာဆတ်ခနဲ တုန်သွားပြီး လန့်သွားရသည်။
သော့်ကို ဘုကြည့်ကြည့်လိုက်ပြီးပြောလိုက်တော့သည်။

" တံခါးဖြေးဖြေးပိတ်စမ်းပါ သူများအိမ်ကို..."

" ဘာလဲ မင်းလင်အိမ်မို့လို့ မင်းကနာနေတာလား..."

" ပေါက်ကရ..."
ဝိုင်မျက်လုံးပြူးနှင့် အသည်းအသန်ငြင်းလိုက်မိသည်။

သူ့ကိုမျက်လုံးလေးကလယ်ကယ်နှင့် ဘာမှမလုပ်
ထားသလို ကြောင်တောင်တောင်လေးနှင့် ကြည့်နေသည့်
ဝိုင့်ကို သော်က တစ်ကိုယ်လုံးဖျစ်ညစ်ပြီး ဝါးစားချင်စိတ်ကိုမြိုသိပ်နေရသည်။ဒါပေမယ့် အသည်းယားနေတာကိုတော့ သော် ဘယ်လိုမှမအောင့်နိုင်တော့ဘူး။ကုတင်ပေါ်ဆွဲထိုင်ချစေပြီး ဝိုင့်ရဲ့ပြည့်ပြည့်
ဖောင်းဖောင်းပါး၂ဖက်ကို သူ့လက်၂ဖက်နဲ့ အတင်း
ဆွဲညစ်လိုက်မိတော့သည်။

" အား....နာတယ်လေ သော်ရ..."

" မင်းအာရုံတွေက ဘယ်ကမ္ဘာရောက်နေတာလဲ..."

" ဟာ ...သော်ရာ နာလိုက်တာကွာ မင်းအသားမဟုတ်တိုင်း..."

ဝိုင်ကတကယ်ကိုနာသွားတာမို့ နီရဲသွားရှာမည့် ပါးပြင် နှစ်ဖက်ကို လက်နှစ်ဖက်နှင့် ခပ်ဖွဖွ ပွတ်တော့ သော်က နောက်တစ်မျိုး နှင့် ချဉ်းကပ်လာပြန်သည်။

" အား..."

ဝိုင့်လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့် ချုပ်လိုက်ကာ
ဝိုင့်ရဲ့ ညာဖက်ပါးလေးကို သွားဖြင့် ကိုက်ချလိုက်
ခြင်းပင်။
ဝိုင့်မှာ နာလွန်းသဖြင့် မျက်ရည်တောင် ဝိုင်းသွားရသည်။

" အဲ့ဒါ ကိုယ်မဟုတ်တဲ့သူကို တစ်စက္ကန့်ထက်ပိုကြည့်
နေလို့...အပြစ်ပေးတာ..."

" သေပါ့လား...ငါဘယ်မှာကြည့်နေလို့လဲ..."

" မကြည့်ဘူးဟုတ်လား... မျက်နှာနီရဲပြီး အရှက်သည်းတဲ့ပုံစံနဲ့ အကြည့်ချင်းဆုံနေတာ ဘယ်သူလဲ..."

" အဲ့ဒါက ဟိုလိုစိတ်နဲ့ ကြည့်နေတာမှမဟုတ်တာ..."

" ဘယ်လိုစိတ်နဲ့ကြည့်ကြည့်...ကြည့်တာကကြည့်တာပဲ.... ခဏနေ ထမင်းစားရင် စကားလည်း ဝင်မပြော
နဲ့ ဘယ်သူ့ကိုမှလဲ မကြည့်နဲ့ ထမင်းစားမယ်ဆိုတော့
ထမင်းနဲ့ဟင်းကိုပဲကြည့် အဲ့ဒါမှ တအားကိုကြည့်ချင် နေသပဆိုရင်တော့ ကိုယ့်ကိုပဲတစ်ချိန်လုံး စိုက်
ကြည့်နေ..."

" ဟင်း....မဟုတ်ကဟုတ်ကတွေ စိတ်အပင်ပန်းခံပြီး သဝန်တိုမနေနဲ့ ငါ ကိုတိမ်လွှာ့ကို စိတ်နဲ့တောင်မပြစ်မှားဘူး ငါတွေးနေတာကတစ်မျိုး... "

" အင်း ကိုယ်လည်း ထူးဆန်းနေတယ်လို့တော့ ခံစားမိပါတယ်...ဒေါ်လေးမှုံက ရုတ်တရက်ကြီး ပျောက်သွားပြီး အလုပ်အရမ်းရှုပ်ပါတယ်ဆိုတဲ့ ကိုတိမ်လွှာ
ကပြန်ပေါ်လာတယ် နောက်ပြီး ကလေးလေး တို့သားအမိ ဒီအိမ်ကြီးနဲ့ ဘယ်လိုပတ်သက်နေသလဲ..."
လေးလေးနက်နက်နဲ့ပြောလိုက်ပြီး ကုတင်ပေါ်ထိုင်နေတဲ့ ဝိုင့်ဘေးသော်ဝင်ထိုင်လိုက်သည်။ဒီအိမ်ကြီးမှာ
ကြာကြာနေဖို့ သူတို့အနေနဲ့ ကောင်းရဲ့လား။

" မင်းလည်း တွေးမိတယ်မလား ငါလည်း အဲ့ဒါပဲ စဉ်းစားနေတာ သော် ဒါကြောင့် ငါက ကိုတိမ်လွှာကို စေ့စေ့စပ်စပ် အကဲခတ်နေတာပါ..."

" အင်း ဘိုကောင်းတို့က ဟိုကလေးလေးကို မတွေ့မိထားတော့ သံသရ ဝင်စရာလည်း ရှာတွေ့မှာမဟုတ်ဘူး...ဒါပေမယ့် ကိုယ်တို့ကကြ သိနေတယ်...
ကလေးလေးက ဒီအိမ်ကလူတွေကို ဘာလို့ မကောင်းကြဘူးလို့ပြောတာလဲ...ကိုယ်လည်း သိချင်တယ်...
ဒါကြောင့် အကဲခတ်မယ်ဆိုရင်တောင်မှ ကိုယ်ပဲ
တစ်စိမ့်စိမ့်ကြည့်ပြီး အကဲခတ်ပေးမယ် ဟုတ်ပြီလား မင်းက ထမင်းနဲ့ဟင်းကိုပဲ ကြည့်..."
ဝိုင့်နှာခေါင်းလေးကို လက်ညိုးနဲ့ လက်မ ၂ခုနဲ့
တို့ထိပြီး ခပ်ဖွဖွလေး ဆွဲလိုက်သည်။

" ငါတို့ ဘာအန္တရာယ်မှမရှိလောက်ပါဘူးနော်..."

" မရှိလောက်ပါဘူး တကယ်လို့ရှိခဲ့ရင်လည်း စိတ်မပူနဲ့
ကိုယ်က မင်းကိုကာကွယ်ပေးမှာမို့... "

" အင်းပါ ဒါဆို ရေချိုးလိုက်ဦးမယ်...ထမင်းစားစောင့်နေကြလိမ့်မယ်..."

ဟင်းခနဲ သက်ပြင်းချပြီး ဝိုင် ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ဒီအိမ်ကြီးဆီရောက်ကတည်းက ဝိုင့်မှာ
ကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာမရှိဘူး။
အမြဲ စိတ်ဖိစည်းမှုများနေရသည်။ခုလဲကြည့်
ကိုတိမ်လွှာကပြန်ရောက်လာပြီ...။ဘယ်အချိန်မှ
ပြန်ကြတော့မလည်း မသိဘူး။ဝိုင် သက်ပြင်းတွေအကြိမ်ကြိမ်ချပြီး ရေကန်ထဲရေဝင်စိမ်လိုက်သည်။ဒါပေမယ့် ဝိုင့်ကိုသတိပေးသည့် ပြန် ဆိုသည့် စကားလုံးတွေ
မှန်ပေါ်မှာ မပေါ်လာတော့ဘူး။ဘာလို့လဲ ကိုတိမ်လွှာ
ပြန်ရောက်လာတော့ ဝိုင်တို့ အန္တရာယ်ကင်းပြီလို့
ဆိုလိုချင်တာလား။ဝိုင်များများစားစား မတွေးတော့။သတိပေးစာမရှိတော့ ရင်ထဲနည်းနည်းတော့
နေလို့ကောင်းသွားသည်။ဒါကြောင့် အချိန်မဆွဲပဲ
ရေအမြန်ချိုးပြီး ရေချိုးခန်းထဲက ထွက်လာခဲ့လိုက်တော့သည်။စိတ်ထဲ လွတ်လပ်ပေါ့ပါးနေတာကြောင့်
ရေချိုးခန်းထဲမှာ အငွေ့တွေနှင့် အရင်ကထက်ပိုပြီးတစ်ခုခုက
ဝိုင့်ကို သတိပေးချင်နေသည်ဆိုတာ ဝိုင်မသိရှာလေတော့ဘူး။

~~~~~~<<>>~~~~~<<>>~~~~~~~

ကိုတိမ်လွှာနှင့် ထမင်းဝိုင်းမှာ ဝိုင်တို့ အေးအေးဆေးဆေး စကားပြောခဲ့ကြသည်။သို့ပေမယ့် ထိုစကားဝိုင်းထဲ ဝိုင်မပါဝင်ခဲ့ရဘူး။အကြည့်နဲ့တောင် ကိုတိမ်လွှာကို အကဲမခတ်ရဘူး။သော်ကပဲပြော...သော်ကပဲ
အကဲခတ်သတဲ့လေ...။ဒါပေမယ့် အရာအားလုံးက အကုန်အဆင်ပြေပြေပဲဖြစ်ခဲ့ပါသည်။

" ထူးထူးဆန်းဆန်း ကိုယ့်ချစ်က အစောကြီးအိပ်နေ
ပါလားကွ...."

ရေချိုးခန်းထဲမှ သော်  ခြေလက်မျက်နှာဆေးပြီး ထွက်လာတော့ ကုတင်ပေါ်မှာ ဝိုင်ကမှောက်ရက်ကလေး အိပ်နေပြီလေ...။သော် ကုတင်ခြေရင်း
ဘေး ဝင်ထိုင်ပြီး မျက်နှာသုတ်ရင်း လုံးပြည့်နေသည့် ဝိုင့်တင်သားတွေကို စိတ်မထိန်းနိုင်စွာ ဖြန်းခနဲ
ရိုက်ချလိုက်သည်။သို့သော် ဝိုင်က အင်းအဲ သာဖြစ်သွားပြီး အိပ်မြဲတိုင်း အိပ်နေမြဲပင်။သော် သဘောတကျရယ်ပြီး မတ်တပ်ထရပ်ကာ ဝိုင့်မျက်နှာရှေ့
ငုံ့ကိုင်းပြီးနီထွေးနေသည့် နှုတ်ခမ်းပါးလေးကို ဖြတ်ခနဲ ငုံ့နမ်းလိုက်သည်။နောက် တဘက်ကို ဘေးကတန်းပေါ်မှာအသာအယာ တင်လိုက်ကာ ဝိုင့်ဘေးနား ဝင်လှဲလိုက်ရင်း ဝိုင့်ကိုယ်လုံးလေးကို ရင်ခွင်ထဲ
ထည့်ကာ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်တော့သည်။

သန်းခေါင်ယံအချိန်...
ထူးထူးဆန်းဆန်း နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ
ဆတ်ခနဲ နိုးလာသည်က သော်ပင်။
အာခေါင်တွေခြောက်ကာ ရေငတ်လာသည်မို့
ရေထသောက်ရန်ပြင်လိုက်တော့ ညကရေမခတ်
ထားခဲ့သည်ကို သတိရသည်။သော်က အမြဲရေထထသောက်နေကြပင်။သော် သူ့အဖေ အလုပ်တွေ
ဝိုင်းကူလုပ်ပေးပြီးသည့်နောက် ညနက်မှ အိပ်တာ
များလာပြီး ရေထသောက်တတ်သည့် အကျင့်ပါ စွဲလာ
ခြင်းပင်။သို့ကြောင့် ရေတစ်စက်မှ မရှိသည့် ရေခရားလေးကို ဆွဲယူကာ ရေထည့်ရန် အောက်ထပ်သို့
ဆင်းခဲ့သည်။အပြင်ရောက်မှ မည်းနက်လွန်းနေသည့်
အမှောင်ထုကြီးက ဆီးကြိုနေတော့ မီးမယူလာသည့်
ကိုယ့်ကိုကိုယ် ကျိန်ဆဲမိသည်။

ဟုတ်ပါ့ ဒီအချိန်မှတော့ မီးတွေအကုန်ပိတ်ထားလေရောပေါ့။

ကြောက်တတ်သည့်သူ
မဟုတ်ပေမယ့် အမှောင်ဆိုတာကိုတော့ သော်မုန်း
သည်လေ။သို့ပေမယ့် အခန်းထဲပြန်ဝင်ပြီး ဖုန်းလေး
ယူဖို့ရာကို ပျင်းနေပြန်သည်။ဒါကြောင့် ခပ်သွက်သွက်ပဲ လှေကားပေါ်က ဆင်းပြီး မီးဖိုခန်းထဲသွား
ရေထည့်လိုက်သည်။မီးဖိုခန်းထဲကပြန်ထွက်လာတော့ မီးဖိုခန်းအပေါက်ဝနှင့် တည့်နေသည့် အိမ်အပြင်
ထွက်သည့် တံခါးပေါက်ကြီးက ပွင့်နေတာမို့ သော်
မျက်မှောင်ကြုတ်မိသွားသည်။ရေခရားလေးကို
ကိုင်ပြီး..လှေကားထိပ်မှာရပ်နေရင်း တံခါးပေါက်ဆီ
သွားကြည့်ရင်ကောင်းမလား မကောင်းဘူးလား
စဉ်းစားနေမိသည်။

မထူးပါဘူး သွားကြည့်လိုက်တာ
ကောင်းပါတယ်။

အတွေးနှင့် ခြေလှမ်းတွေကို...တံခါးပေါက်ကြီးဆီ လှည့်လိုက်မိသည်။
ဒါပေမယ့်ရှေ့မှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့်  သော့်ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားခဲ့ရသည်။

သော်ကအမှောင်ထဲမှာ...
လရောင်ဖြာနေသည့် အပြင်ဘက်က အရာတွေကို
သော် မြင်တွေ့နေရသည်။အမှောင်ထဲကလူက အလင်းထဲက လူကို မြင်တွေ့နိုင်တယ်ဆိုသလိုမျိုးပေါ့။
ရှပ်အင်္ကျီအဖြူလက်ရှည်ကို ဝတ်ဆင်ထားတဲ့ ကိုတိမ်လွှာ...။သေချာကြည့်ရင် အဖြူစွတ်စွတ် အင်္ကျီ
ပေါ်မှာ သွေးတွေစွန်းထင်းပေနေသည်ကိုတွေ့မြင်နေရသည်။တစ်ရွေ့ရွေ့နှင့် မြေကြီးပေါ်က ဘာမှန်းမသိသည့် အရာကြီးကို ကိုတိမ်လွှာက တစ်ရွတ်တိုက်ဆွဲပြီး သော်ရပ်ကြည့်နေသည့် တံခါးပေါက်ရှေ့ကနေ ဖြတ်သွားနေတာ သော် တွေ့နေရသည်။

သော် လက်ထဲက ရေခရားလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။သော့်မျက်လုံးတွေ မြေကြီးပေါ်ရောက်သွားချိန် သွေးစွန်းနေသည့် လက်တစ်ဖက်ကို ဖြတ်ခနဲ မြင်လိုက်မိသေးသည်။ဆွဲခေါ်ရနောက်ကို ဘာမှပြန်မပြောနိုင်ရှာပဲ သွေးတွေစွန်းထင်းစွာနှင့် ပါသွားနေသည့် သူ...။သော် ခေါင်းနပန်းကြီးသွားရသည်။သူတို့အကုန်လုံး... အန္တရာယ်ရှိနေပြီမလား...။ကိုတိမ်လွှာ တရွတ်တိုက်ဆွဲသွားခဲ့သည့် အရာဟာ အလောင်းတစ်လောင်းဆိုလျှင် နောက်ထပ် မစ်မှတ်တွေဟာ... သူတို့ဖြစ်ဖို့ မလွဲဧကန်ပဲ...။ဒီအချိန်မှ
ထွက်မပြေးလျှင် ကိုတိမ်လွှာ လက်ထဲမှာ အကုန်
အသတ်ပျောက်နိုင်သည်။သူ့ကိုယ်သူ ဘာမှမဖြစ်ချင်သလို ဝိုင့်ကို အထိအခိုက်မခံနိုင်ဘူး...။
သူ ဝိုင့်ကိုကာကွယ်မှ ဖြစ်မည်....။
ရေခရားလေးကို ဆုပ်ကိုင်ပြီး လှေကားတစ်လျှောက်...ပြေးတက်လာမိသည်။သူတို့ လွတ်အောင်ပြေးနိုင်ဖို့ လိုသည်။
...........
အစစအရာရာဂရုစိုက်ကြပါ။

Continue Reading

You'll Also Like

6.5K 582 20
ကမ္ဘာမြေပေါ်မှာ အပြုံး သန်းပေါင်းခုနစ်ထောင်၊ သဘောအကျဆုံးကတော့ သွားစွယ်ထက်က ကွေးညွတ်မှုတစ်ခု။ ဘာကြောင့်များ...၊ ခဏခဏ မပြုံးရသလဲ။ Title : Smile Author...
316K 25.4K 29
Mini Story Uni Life Style Sweet Romance
127K 11.1K 55
သားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှ...
118K 11.9K 81
ေရွးေခတ္သမိုင္းေႀကာင္းကို စိတ္ကူးးျပီးးေရးးထားးလို႔ တကယ့္အစစ္အမွန္တိုင္း နာမည္ေတြထပ္တူ မက် ပါဘူးးေရွးေခတ္ဘုရင္ မ်ားကို ေစာ္ကားးလိုျခင္းးတစ္စိုးးတစ္စိ...