နီးစပ္ျခင္းေတြက ဝမ္ရိေပၚရဲ႕ ရယ္သံခ်ိဳခ်ိဳေလးေတြက
စတယ္ဆိုရင္ ေဝးကြာျခင္းေတြက ဝမ္ရိေပၚဆီက
က်ြန္ေတာ္အလုပ္ရၿပီ ဆိုတဲ့ စကားေလးက စတင္တယ္ ထင္ရဲ႕။
အလုပ္နဲ့အကိုင္နဲ႔ ျဖစ္သြားတဲ့ ဝမ္ရိေပၚဟာ
ေ႐ွာင္းက်န္႔အနားမွာ အရင္လုိ အခ်ိန္ျပည့္ ကပ္မေန
ႏိုင္ေတာ့ဘူး။ သို႔ေပမယ့္လည္း
အလုပ္သြား၊ အလုပ္ျပန္ အျမဲအၾက်ိဳအပို႔လုပ္ေပးတဲ့
ေကာင္ေလးက တစ္ေန႔ကို ခ်ိဳခ်ဥ္တစ္လံုးေကြၽးဖို႔
ေတာ့ မေမ့ေလ်ာ့ခဲ့ဘူး။
ရသေလာက္ အခြင့္အေရးေလးေတြနဲ႔ပဲ ေက်နပ္ရပါတယ္။ပိုျပီးေတာင္းဆိုဖို႔ ေ႐ွာင္းက်န္႔က သတၱိနည္းလြန္းခဲ့တယ္။
ေပါေပါေလာေလာ ၾကားေနက် ကယ္သံေလးေတြ ႐ွား
ပါးလာတဲ့အခါ သတိတရနဲ႔ လြမ္းေမာရတာလည္း
ေ႐ွာင္းက်န္႔ပဲ ျဖစ္ျပန္တယ္။
ဝမ္ရိေပၚက အရင္ကေလာက္ အခ်ိန္မေပးႏိုင္ေတာ့
ေပမယ့္ ဘာမွေတာ့ မေျပာင္းလဲပါဘူး။ေျပာင္းလဲ
သြားတာက ေ႐ွာင္းက်န္႔...။ဒီေကာင္ေလးကို ခနေလာက္ မေတြ႔ရရင္ေတာင္ အေၾကာင္းမ႐ွိ အေၾကာင္း႐ွာၿပီး
လြမ္းေနတတ္ေသးတာ။
ဆြဲထားဖို္႔ သတၱိမ႐ွိတဲ့သူမို႔ မင္းထြက္မသြားဖို႔ကို
တိတ္တိတ္ေလးပဲ ဆုေတာင္းမယ္။
ျပည့္ပါေစကြယ္.....။
_________________________________
ေ႐ွာင္းက်န္႔ကို လာႀကိဳတဲ့ ဝမ္ရိေပၚက ဒီေန႔မွအရင္ေန႔
ေတြကထပ္ တက္ႂကြေနသေယာင္...။
အသံၾကားတာနဲ႔ ဝမ္ရိေပၚရဲ႕ စိတ္အေျခအေနကို
ခန္႔မွန္းႏိုင္တာမို႔ ေ႐ွာင္းက်န္႔ ပထမဆံုးေတြးမိတာက ဒီေကာင္ေလး ဘာမဟုတ္တာ လုပ္ထားျပန္ၿပီလဲ။
"အစ္ကို"
"ကဲ ေျပာ။ဘာပူဆာမလို႔လဲ"
"အယ္..။အစ္ကိုကႀကိဳသိေနတယ္ေပါ့"
"မင္းအသံၾကားတာနဲ႔တစ္ခုခုပူဆာေတာ့မယ္ဆိုတာ
သိၿပီးသား"
"ဟီးဟီး။ကြၽန္ေတာ္တို႔ညေစ်းသြားရေအာင္"
"ဘာလုပ္ဖို႔လဲ"
"Parisရဲ႕ညေစ်းတန္းေတြကအရမ္းလွတာအစ္ကိုရဲ႕။Street performanceေတြလည္း႐ွိတယ္"
"မင္းဗိုက္ဆာရင္ဆာတယ္ေျပာပါ"
"မဆာပါဘူး။အစ္ကိုေနာ္..။ကြၽန္ေတာ့ကိုအစားပုပ္
လို႔မ်ားထင္ေနလား"
"မဟုတ္လို႔လား"
"ေတာ္ၿပီ အစ္ကိုရာ၊မသြားခ်င္လည္းမသြားေတာ့ဘူး"
"ေဟာဗ်ာ..စိတ္ဆိုးတာလား"
"မဆိုးပါဘူး။စိတ္ဆိုးရေအာင္ကြၽန္ေတာ္က ကေလး
လား"
"ဟုတ္ပါၿပီ။လာပါ..သြားမယ္"
"ကြၽန္ေတာ္သြားခ်င္လို႔မဟုတ္ဘူးေနာ္။အကိုဇြတ္ေခၚလို္႔"
"ဟုတ္ပါၿပီကြာ။ကိုယ့္ေၾကာင့္ပါ ဟုတ္ၿပီလား"
"Okေလ။သြားမယ္"
---------------------------------
Parisရဲ႕night marketေတြမွာ ေလ်ွာက္လည္
ရတာကဘဒီေလာက္ေပ်ာ္စရာေကာင္းမွန္း ေ႐ွာင္းက်န္႔ မသိခဲ့ဘူး။
ေပ်ာ္ရႊင္မႈကို ကိုယ္တိုင္႐ွာေဖြဖို႔ မႀကိဳးစားခဲ့တဲ့
ေ႐ွာင္းက်န္႔ဘဝထဲကို ဝမ္ရိေပၚက ေပ်ာ္ရႊင္မႈေတြ
တေပြ႔တပိုက္နဲ႔ ဝင္လာခဲ့တယ္။
ေပ်ာ္ရႊင္မႈေတြက လွပပါတယ္။
ဝမ္ရိေပၚဖန္တီးေပးတဲ့ ေပ်ာ္ရႊင္မႈေတြက ပိုလို႔လွတယ္။
ေ႐ွာင္းက်န္႔ဘဝမွာ လူတစ္ေယာက္ကို ဒီေလာက္
တြယ္တာသြားမိမယ္လို႔ မေတြးခဲ့မိဖူးဘူး။
အထူးသျဖင့္ ဝမ္ရိေပၚလိုလူမ်ိဳးဆို ပိုလို႔ဆိုးေသး။
ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမ်ွ
ဒီေကာင္ေလးဟာ သူ႔အတြက္ျဖစ္တည္လာသလို
သူကလည္း ဒီေကာင္ေလးနဲ႔ဆံုဖို႔ တည္႐ွိေနသလို
ခံစားလာရတယ္။
သူ႔ရဲ႕တြယ္တာမႈေတြကို ျပန္လည္ဆန္းစစ္တဲ့အခါမွာ
ျမတ္ႏိုးျခင္းေတြက သူငယ္ခ်င္းဆိုတဲ့ စည္းေလးကို
ေက်ာ္ဖို႔ ေျခလွမ္းျပင္လာတာမို႔ ကိုယ့္ကိုယ္ကိုျပန္ထိန္းရတယ္။ အႏိုင္ႏိုင္ပါပဲ.....။
"အစ္ကို!!!"
"ဟင္..ေျပာ..ေျပာေလ ရိေပၚ"
"ကြၽန္ေတာ္ေခၚေနတာၾကာၿပီ။ဘာလို႔ျပန္မထူးတာလဲ"
"အာ...ေဆာရီး။ကိုယ္အေတြးလြန္သြားလို႔"
"ဘာအေၾကာင္းေတြမ်ားအဲ့ေလာက္ေတြးေနတာလဲ"
"ဘာမွမဟုတ္ပါဘူး။ရိေပၚက ကိုယ့္ကိုဘာလို႔ေခၚ
တာလဲဟင္"
"Cotton Candyစားရေအာင္လို႔"
"ဝမ္ရိေပၚ။ေတာ္ၿပီ၊မစားနဲ႔ေတာ့။မင္းအခ်ိဳေတြစားတာေလ်ွာ့သင့္ေနၿပီ"
"အယ္....ကြၽန္ေတာ္ကကေလးမွမဟုတ္တာ၊စိတ္ပူ
စရာမလိုပါဘူး"
"ကေလးမဟုတ္လို႔စိတ္ပူတာေပါ့။ကေလးဆိုစကား
နားေထာင္တယ္။မင္းကျပန္မေျပာ၊နားမေထာင္"
"ကြၽန္ေတာ္ကလိမၼာပါတယ္ အစ္ကိုရဲ႕"
"မင္းဘာလို႔အဲ့ေလာက္အခ်ိဳႀကိဳက္တာလဲ"
"စိတ္ညစ္ေနတဲ့အခ်ိန္တို႔၊ေဒါသထြက္ေနတဲ့အခ်ိန္တို႔မွာအခ်ိဳစားေပးရတယ္တဲ့၊အဲ့တာဆိုစိတ္ၿငိမ္တယ္"
"မင္းကအခုစိတ္ညစ္ေနလို႔လား"
"ဟင့္အင္း။ကြၽန္ေတာ္က စားခ်င္လို႔စားတာ"
"အဲ့တာမ်ားႀကီးႀကီးက်ယ္က်ယ္ေတြေျပာေနေသးတယ္"
"လာပါ။Cotton candyသြားဝယ္ရေအာင္"
ေနာက္ဆံုးေတာ့လည္း ဝမ္ရိေပၚဆြဲေခၚတဲ့ေနာက္ကို
ေ႐ွာင္းက်န္႔ ပါသြားရေတာ့တာပါပဲ။ ဒီေကာင္ေလးက
သိပ္အႏိုင္ယူတတ္လြန္းတယ္။ ေ႐ွာင္းက်န္႔ကိုယ္တိုင္
ကလည္း အ႐ွံုးေပးခ်င္ေနတာ ျဖစ္ပါလိမ့္မယ္။
"ေရာ့။အစ္ကိုလည္းတစ္ခုစား"
"ေတာ္ပါၿပီ။မင္းပဲစားပါ"
"စားပါ အစ္ကိုရဲ႕။အစ္ကို႔လိုေဒါသႀကီးတဲ့သူေတြက
အခ်ိဳမ်ားမ်ားစားေပးရတယ္တဲ့"
"ဝမ္ရိေပၚ!!!"
"စတာ စတာ..။စားပါ"
ျငင္းမရတဲ့အဆံုး ဝမ္ရိေပၚေကြၽးတဲ့
CottonCandyကို စားလိုက္ရေတာ့တယ္။
Cotton Candyထပ္ မင္းရယ္သံေလးေတြက
ပိုခ်ိဳေၾကာင္းကို အခြင့္ၾကံဳမွ ေသခ်ာေျပာျပရဦးမယ္
အခ်ိဳႀကိဳက္တဲ့ ေကာင္ေလးေရ...။
"အစ္ကို"
"ဟင္"
"အစ္ကို႔ႏႈတ္ခမ္းနားမွာCotton Candyစေလးကပ္
ေနတယ္"
"ဟင္...ဘယ္နားမွာလဲ"
"ႏႈတ္ခမ္းေအာက္နားမွာ"
"......."
"မဟုတ္ေသးဘူး။ကြၽန္ေတာ္လုပ္ေပးမယ္"
ေျပာေျပာဆိုဆိုနဲ႔ ဝမ္ရိေပၚရဲ႕ လက္ေခ်ာင္းေလးေတြက ေ႐ွာင္းက်န္႔ရဲ႕ ႏႈတ္ခမ္းေထာင့္ကို လာေရာက္ထိေတြ႔လာတဲ့အခါမွာ ေ႐ွာင္းက်န္႔တစ္ေယာက္အသက္႐ွဴ
ပင္ ေအာင့္ထားမိလိုက္သည္ထင္ရဲ႕။
ျမန္ဆန္လြန္းေနတဲ့ နွလံုးခုန္သံက ေသြး႐ိုးသား႐ိုးမဟုတ္တာေတာ့ အမွန္။ ႏွလံုးေရာဂါျဖစ္ေနတာမဟုတ္ရင္
ေတာ့ ေသခ်ာပါၿပီ....သူဒီေကာင္ေလးကို ရင္ခုန္ေနတာပဲ။ ပထမဆံုးျဖစ္ေပၚလာတဲ့ ရင္ခုန္သံက ေယာက်ာ္းေလးတစ္ေယာက္ ျဖစ္မယ္လို႔ေ႐ွာင္းက်န္႔မေတြးခဲ့မိဖူးဘူး။ မိန္းကေလးလို႔လည္း မေတြးမိဖူးပါဘူး။
သူ႔ဘဝမွာ ဘယ္သူ႔ကိုမွ ရင္ခုန္မိမွာမဟုတ္ဘူးလို္႔
ထင္ခဲ့မိတာေၾကာင့္ ျဖစ္ပါလိမ့္မယ္။
"အစ္ကို႔ရဲ႕ႏႈတ္ခမ္းေအာက္ကမွည့္နက္ကေလးက
သိပ္လွတာပဲ"
"....."
"မနာလိုလိုက္တာ"
"ကိုယ့္ကိုလား"
"ဟင့္အင္း။မွည့္နက္ေလးကို"
ဝမ္ရိေပၚရဲ႕ စကားလံုးေတြက ေ႐ွာင္းက်န္႔ရဲ႕ႏွလံုးခုန္သံ
ကို ပိုလို႔ျမန္ေစတယ္။ မင္းကေတာ့ ႐ိုး႐ိုးသားသားပါပဲ။
မ႐ိုးသားတဲ့ ကိုယ္ကသာ အေတြးလြန္လို႔ အ႐ွက္ပို
ရပါတယ္။သိပ္မျပဳစားပါနဲ႔လားကြာ။
"တျဖည္းျဖည္းနဲ႔ လူေတြမ်ားလာသလိုပဲ"
"....."
"လက္တြဲထားမလား အစ္ကို"
"ဟင္...ရ..ရပါတယ္"
"ရရင္လည္းၿပီးတာပါပဲ။ကြၽန္ေတာ္ကလူကြဲသြားမွာ
စိုးလို႔ပါ"
ကိုယ့္စိတ္ကိုယ္သိေနတဲ့ ေ႐ွာင္းက်န္႔အဖို႔ ဒီေကာင္ေလးနဲ႔
လက္ခ်င္းထိမိတာနဲ႔တင္ အေငြ႔ပ်ံသြားေလာက္တယ္။ မေသခ်ာေသးတဲ့ ခံစားခ်က္ေတြကို အဆံုးစြန္ထိ ျငင္းပယ္ဖို႔ ႀကိဳးစားၾကည့္ဦးမယ္။ စြန္႔စားဖို႔ ေ႐ွာင္းက်န္႔မွာ သတၱိမ႐ွိေသးဘူး။
ႏွစ္ေယာက္အတူေလ်ွာက္လာရင္း တစ္ေနရာအေရာက္မွာ ေ႐ွာင္းက်န္႔ကို လူတစ္ေယာက္က ဝင္တိုက္မိသြားတယ္။
"Dèsolè"
(ေတာင္းပန္ပါတယ္)
"It's okay"
ထိူလူထြက္သြားေတာ့ ေ႐ွာင္းက်န္႔သတိထားမိလိုက္တာက ဝမ္ရိေပၚ..။သူ႔ေဘးမွာရေနက်
marshmellowရနွံ႔ေလး မ႐ွိေတာ့ဘူး။
ဒီေကာင္ေလး ဘယ္ေရာက္သြားတာပါလိမ့္။
"ဝမ္ရိေပၚ"
ျပန္ထူးသံကို မၾကားရတဲ့အဆံုးမွာ ေ႐ွာင္က်န္႔ပူထူ
သြားတယ္။ တျဖည္းျဖည္းမ်ားလာတဲ့ လူေတြၾကားမွာ သူဝမ္ရိေပၚကိုဘယ္လို႐ွာရမလဲ။
အျမင္အာရံုက သံုးမရတာေၾကာင့္ ပိုလို႔ပင္ စိတ္ပင္ပန္းရတယ္။
"ဝမ္ရိေပၚ!!!ဝမ္ရိေပၚ...။ဝမ္ရိေပၚ မင္းဘယ္မွာလဲ"
လူေတြၾကားကေန တိုးေဝွ့ၿပီးဘဝမ္ရိေပၚနာမည္ကို ေအာ္ေခၚေနမိေပမယ့္ ျပန္ေျဖသံေလးထြက္မလာခဲ့ဘူး။
ေ႐ွာင္းက်န္႔ေလ်ွာက္လာတာ ဘယ္ေလာက္ေဝးေဝး
ေရာက္ေနၿပီမွန္းေတာင္မသိ။ သြားေနက် လမ္းမဟုတ္တာေၾကာင့္ လမ္းမွာလည္း တစ္ခုၿပီးတစ္ခု ဝင္တိုက္ေနမိတယ္။ ဒါလည္းအေရးမႀကီးဘူး။ သူအခုသိတာက ဝမ္ရိေပၚကို သူ႐ွာရမယ္။
ႏႈတ္ဖ်ားကလည္း ဝမ္ရိေပၚဆိုတဲ့နာမည္ကို ေခၚရင္း တစ္ေနရာအေရာက္မွာေတာ့ ေ႐ွာင္းက်န္႔ ဒူးေထာက္ၿပီး ထိုင္ခ်လိုက္မိေတာ့တယ္။
လမ္းေပ်ာက္တဲ့ ခံစားခ်က္က သိပ္ကိုဆိုးရြားလြန္းတယ္။ အထူးသျဖင့္ တစ္စံုတစ္ေယာက္က ကိုယ့္ကို
႐ွာမေတြ႔တာမ်ိဳး။ ဒီလိုခံစားခ်က္ကို ေ႐ွာင္းက်န္႔ကသိပ္
မုန္းတယ္။ အထီးက်န္တာေတြ၊ ေမ်ွာ္လင့္ခ်က္မဲ့တာ
ေတြ၊ ဝမ္းနည္းတာေတြ၊ ဆံုး႐ွံုးလိုက္ရတာေတြ စတဲ့
ခံစားခ်က္အကုန္လံုးကို တၿပိဳင္တည္း ခံစားမိေစတယ္။
တစ္ဆက္တည္းမွာပဲ ေမ့ထားတဲ့ အတိတ္ေတြကိုျပန္
ၿပီး ျမင္ေယာင္ေစတယ္။
မ်က္မျမင္ဆိုတာနဲ႔ လူေတြက သာမန္မဟုတ္တဲ့သူလို႔
တန္းသတ္မွတ္လိုက္ၾကေတာ့တာပဲ။ အဆိုးဆံုးက
ေတာ့ သူတို႔ရဲ႕အေတြးေတြနဲ႔ တန္ဖိုးသတ္မွတ္ပစ္
လိုက္တာပဲ။ တခ်ိဳ႕က သနားစရာလို႔ျမင္ၾကၿပီး တခ်ိဳ႕
ကေတာ့ အႏိုင္က်င့္စရာလို႔ျမင္တယ္။ တခ်ိဳ႕ေတြရဲ႕
ငါတို႔မကူညီရင္ သူ႔ခမ်ာ ဘာမွမလုပ္ႏိုင္႐ွာေလာက္ဘူး
ဆိုၿပီး သူေတာ္ေကာင္းေယာင္ေဆာင္တာမ်ိဳးေတြက
ေ႐ွာင္းက်န္႔ကို စိတ္အေႏွာက္အယွက္ ျဖစ္ေစသလို ဒုကၡိတကမ်ား..ဆိုတဲ့ ရင့္သီးတဲ့ စကားလံုးေတြကလည္း ဘယ္ႏွစ္ခါၾကားၾကား က်င့္သားမရႏိုင္တဲ့ အသံေတြ။
ေ႐ွာင္းက်န္႔ကသာမန္ပါပဲ။ သူ႔ဘဝမွာ ဘာမွထူးထူး
ျခားျခားျဖစ္ေအာင္ လုပ္ခဲ့တာမ်ိဳးမ႐ွိသလို လူေတြ
အာရံုစိုက္တာ ခံရဖို႔လည္း ဘယ္တုန္းကမွ ဆုမေတာင္းခဲ့ဖူးပါဘူး။ သူလိုခ်င္တာ သာမန္ဘဝေလးပါပဲ။
ဘာမွမတတ္ႏိုင္တဲ့ အေျခအေနမွာ ေ႐ွာင္းက်န္႔ေရြးခ်ယ္မိတာက ပုန္းကြယ္ေနဖို႔ပဲ။ ဘယ္သူမွ သူ႔ကိုမျမင္
ႏိုင္ေအာင္၊ ဘာမွမေျပာႏိုင္ေအာင္ ဘယ္သူမွ႐ွာမေတြ႔ႏိုင္တဲ့ တစ္ေနရာရာမွာ ပုန္းေနတတ္တဲ့ အက်င့္ေလးတစ္ခုျဖစ္လာတယ္။ သူမ်ားေတြအျမင္မွာေတာ့
ရင္မဆိုင္ရဲလို႔ ပုန္းေ႐ွာင္ေနတယ္လို႔ ထင္ေနႏိုင္ေပမယ့္ တကယ္ေတာ့ ေ႐ွာင္းက်န္႔က ေစာင့္ေမ်ွာ္ေနခဲ့တာ။ သူ႔ကို႐ွာေတြ႔မယ့္ တစ္ေယာက္ေယာက္၊သူ႔ကိုလက္ကမ္းၿပီး သူနဲ႔အတူရင္ဆိုင္ေပးမယ့္ တစ္ေယာက္ေယာက္ကို ေ႐ွာင္းက်န္႔က ေစာင့္ေနခဲ့တာ။
စာၾကည့္တိုက္ထဲက စာအုပ္စင္ေတြေထာင့္၊ ျမစ္ကမ္းတံတားေအာက္၊ ကစားကြင္းထဲက ေမပယ္လ္ပင္ေအာက္.....ဒီေနရာေတြကပဲ သိပ္ကိုလံုျခံဳလြန္းေန
တာလား မသိေပမယ့္ ေ႐ွာင္းက်န္႔ကို ဘယ္သူမွ ႐ွာမေတြ႔ခဲ့ဖူးတာေတာ့ အမွန္။
ၾကာလာေတာ ေ႐ွာင္းက်န္႔နားလည္လာတယ္။
တကယ္က သူ႔ကိုဘယ္သူမွ လိုက္မ႐ွာခဲ့ဖူးတာေၾကာင့္ပဲ။ သူက ဘယ္သူ႔အတြက္မွ မ႐ွိမျဖစ္တဲ့ျဖစ္တည္မႈ
မ်ိဳး မဟုတ္ခဲ့ဘူး၊သူမ႐ွိလည္း ဘယ္သူမွ သတိတရ႐ွိ
ေနေပးမွာမဟုတ္ဘူးေလ။ ဒါေၾကာင့္ ေ႐ွာင္းက်န္႔က
အရာရာကို ကိုယ္တိုင္ရင္ဆိုင္ဖို႔ ဆံုးျဖတ္လိုက္တယ္။
တစ္စံုတစ္ေယာက္က ကိုယ့္အတြက္ ႐ွင္သန္ေပးမွာကို ေစာင့္ေနမယ့္အစား ကိုယ့္အတြက္ကိုယ္ ႐ွင္သန္မယ္။ ကိုယ့္ကိုယ္ကို႐ွာေဖြမယ္။ ဒါဟာေ႐ွာင္းက်န္႔ရဲ႕
အေၾကာက္တရားေတြနဲ႔ သိမ္ငယ္မႈေတြကို ရင္းႏွီးၿပီး
မွ ရလာတဲ့ သင္ခန္းစာတစ္ခု။
ေျပးေပမယ့္လည္း မေဝးႏိုင္တဲ့အရာေတြထဲမွာ အတိတ္ေတြက ထိပ္ဆံုးကပါတယ္ထင္ရဲ႕။ ဘယ္လိုပဲေမ့
ေဖ်ာက္ဖို႔ ႀကိဳးစားႀကိဳးစား အတိတ္ရဲ႕ လႊမ္းမိုးမႈေတြကေန မလြတ္ေျမာက္ႏိုင္ဘူး။ တစ္ေယာက္တည္းဆိုတဲ့
အသိထပ္ တစ္စံုတစ္ေယာက္က ႐ွာမေတြ႔ႏိုင္ဘူးဆို
တဲ့ အသိက ပိုၿပီးနာက်င္ရတယ္။ မုန္းလိုက္တာ....
ဒီခံစားခ်က္ႀကီးကို သိပ္မုန္းတာပဲ။ ရင္မဆိုင္ခ်င္ေလာက္ေအာင္.......။
စိတ္ကိုေလ်ွာ့ခ်လိုက္မိေတာ့ မ်က္ရည္ကဝဲလာတယ္။
သူဟာ အခုအခ်ိန္ထိ ေပ်ာ့ညံ့ေနတုန္းပါလား။
အေနာက္က ၾကားလိုက္ရတဲ့ ေျခသံေလးေၾကာင့္
ေပ်ာက္ဆံုးေနတဲ့ ေ႐ွာင္းက်န္႔ရဲ႕ ေမ်ွာ္လင့္ခ်က္ေလးက
ျပန္ၿပီး လင္းလက္လာတယ္။ အသံခ်ိဳခ်ိဳေလးကို ၾကား
လိုက္ရခ်ိန္မွာေတာ့ သူဟန္မေဆာင္ႏိုင္ေလာက္ေအာင္ကို ဝမ္းသာသြားခဲ့တယ္။
"အစ္ကို"
"ရိေပၚ..."
"အစ္ကိုရယ္။ဘယ္ေရာက္သြားရတာလဲ။ကြၽန္ေတာ္
လိုက္႐ွာေနတာႏွံ႕ေန..."
ရိေပၚစကားမဆံုးခင္မွာပဲ ဒူးေထာက္ၿပီး ထိုင္ေနတဲ့သူ႔ကို ထူေပးေနတဲ့ ရိေပၚကို ေ႐ွာင္းက်န္႔ဖက္ထားမိလိုက္တယ္။
"႐ွာေတြ႔ၿပီ"
"....."
"မင္း ငါ့ကို႐ွာေတြ႔ခဲ့ၿပီ"
"....."
မရည္ရြယ္ပါဘဲနဲ႔ က်ဆင္းလာတဲ့ မ်က္ရည္ေတြကတားမရဆီးမရ။ ဝမ္းနည္းလို႔လားဆိုရင္......
မဟုတ္ပါဘူး။ ေပ်ာ္လြန္းလို႔ပါ..။ သူ႔ကိုရိေပၚက႐ွာေတြ႔
ခဲ့ၿပီေလ။
တာေဝးအေျပးသမားတစ္ေယာက္က ပန္းတိုင္ကို
ေရာက္သြားတဲ့အခါ ေမာပန္းတာေတြ ေပ်ာက္သြား
သလို ဝမ္ရိေပၚကို ေတြ႔တဲ့အခါမွာ သူ႔ဘဝတစ္ေလ်ွာက္လံုး ပင္ပန္းခဲ့ရသမ်ွက ဒီအခိုက္အတန္႔ေလးမွာ
အရာရာေပ်ာက္ကြယ္သြားသေယာင္....။
ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ ေအးခ်မ္းမႈေလး။
အဲ့ဒီအခိုက္အတန္႔ေလးမွာ သူ႔စိတ္ကိုသူနားလည္
သြားတယ္။သူဒီေကာင္ေလးကို ခ်စ္တယ္။
ခ်စ္တယ္ဆိုတာထပ္ပိုတဲ့ ျမတ္ႏိုးျခင္းေတြနဲ႔ခ်စ္တာ။
သၾကားလံုးခ်ိဳခ်ိဳေလးေတြကို စြဲလမ္းမိရာကေန ခ်စ္သြားတာလား။ ပါးေဖာင္းေဖာင္းေလးကို အသည္းယားလို႔
ပဲ ခ်စ္မိသြားတာလား။သီခ်င္းသံခ်ိဳခ်ိဳေလးကို ခ်စ္မိသြား
တာလား။ ေသခ်ာတာကေတာ့...မင္းကအစျပဳလို႔
မင္းနဲ႔သက္ဆိုင္တဲ့အရာရာကို ခ်စ္ေနမိေတာ့တာပါပဲ။
"မင္းငါ့ကို႐ွာေတြ႔ခဲ့ၿပီ ဝမ္ရိေပၚ"
"အင္း.....ကြၽန္ေတာ္ အစ္ကို႔ကို႐ွာေတြ႔ခဲ့ၿပီ။
အစ္ကိုဘယ္ေနရာပဲေရာက္ေနေန၊ ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကအစ္ကို႔ကိုေတြ႔ေအာင္႐ွာမွာမို႔ မငိုနဲ႔ေတာ့ေနာ္"
"အင္း"
"အစ္ကိုကလိမၼာလိုက္တာ။အိမ္ျပန္ၾကရေအာင္ေနာ္"
"အင္း။ရိေပၚ...."
"ေျပာေလ အစ္ကို။ဘာေျပာမလို႔လဲ"
"ဟိုေလ....ကိုယ္တို႔လက္တြဲထားၾကမလား"
"ဟင္.."
"ေနာက္တစ္ခါ လူကြဲသြားတာမ်ိဳးမျဖစ္ေအာင္"
"အင္း"
ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕လက္ေလးေတြကို
အသာအယာဆုပ္ကိုင္လိုက္တယ္။ရိေပၚလက္က
ပိုႀကီးတာမို႔ ေ႐ွာင္းက်န္႔လက္ကေလးက
ရိေပၚလက္ထဲမွာ ျမႇဳပ္လို႔...။ပန္းခ်ီဆြဲတဲ့ ေ႐ွာင္းက်န္႔
ရဲ႕ ႏူးညံ့တဲ့လက္ကေလးေတြနဲ႔ ယွဥ္လိုက္ရင္ေတာ့
ဝမ္ရိေပၚရဲ႕ လက္က ၾကမ္းတယ္လို႔ ေျပာလို႔ရေပမယ့္ အထိအေတြ႔က တကယ္ကိုႏူးညံ့တာ။လက္ကေလး ကိုင္ထားရံုနဲ႔တင္ လံုျခံဳတယ္လို႔ခံစားရေစတယ္။
တကယ္ေတာ့ ထိုေန႔ညက ဝမ္ရိေပၚက ေ႐ွာင္းက်န္႔
ကို ႐ွာေတြ႔ခဲ့တာမဟုတ္ဘဲ ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကို ႐ွာေတြ႔ခဲ့တာ...။သူ႔ဘဝရဲ႕ မျပည့္စံုေသးတဲ့ တစ္စိတ္တစ္ပိုင္းကို ေ႐ွာင္းက်န္႔က ႐ွာေတြ႔ခဲ့ျခင္းျဖစ္တယ္။
ခင္မင္ျခင္းနဲ႔ အစျပဳလို႔ ခ်စ္ျခင္းနဲ႔ အဆံုးသတ္တယ္။
ပတ္သက္မွုတိုင္းရဲ႕ အေၾကာင္းခံဟာ မင္းဆိုတဲ့
ျဖစ္တည္မႈေလးေၾကာင့္ပါပဲ။
______________________________
Unicode
Chapter 8
နီးစပ်ခြင်းတွေက ဝမ်ရိပေါ်ရဲ့ ရယ်သံချိုချိုလေးတွေက
စတယ်ဆိုရင်ဝေးကွာခြင်းတွေက ဝမ်ရိပေါ်ဆီက
ကျွန်တော်အလုပ်ရပြီ ဆိုတဲ့ စကားလေးက စတင်တယ် ထင်ရဲ့။
အလုပ်နဲ့အကိုင်နဲ့ ဖြစ်သွားတဲ့ ဝမ်ရိပေါ်ဟာ
ရှောင်းကျန့်အနားမှာ အရင်လို အချိန်ပြည့် ကပ်မနေ
နိုင်တော့ဘူး။ သို့ပေမယ့်လည်း
အလုပ်သွား၊ အလုပ်ပြန် အမြဲအကျြိုအပို့လုပ်ပေးတဲ့
ကောင်လေးက တစ်နေ့ကို ချိုချဉ်တစ်လုံးကျွေးဖို့
တော့ မမေ့လျော့ခဲ့ဘူး။
ရသလောက် အခွင့်အရေးလေးတွေနဲ့ပဲကျေနပ်ရပါတယ်။ပိုပြီးတောင်းဆိုဖို့ ရှောင်းကျန့်က သတ္တိနည်းလွန်းခဲ့တယ်။
ပေါပေါလောလော ကြားနေကျ ကယ်သံလေးတွေ ရှား
ပါးလာတဲ့အခါ သတိတရနဲ့ လွမ်းမောရတာလည်း
ရှောင်းကျန့်ပဲ ဖြစ်ပြန်တယ်။
ဝမ်ရိပေါ်က အရင်ကလောက် အချိန်မပေးနိုင်တော့
ပေမယ့် ဘာမှတော့ မပြောင်းလဲပါဘူး။ပြောင်းလဲ
သွားတာကရှောင်းကျန့်...။ဒီကောင်လေးကို ခနလောက် မတွေ့ရရင်တောင် အကြောင်းမရှိ အကြောင်းရှာပြီး
လွမ်းနေတတ်သေးတာ။
ဆွဲထားဖို့် သတ္တိမရှိတဲ့သူမို့ မင်းထွက်မသွားဖို့ကို
တိတ်တိတ်လေးပဲ ဆုတောင်းမယ်။
ပြည့်ပါစေကွယ်.....။
_________________________________
ရှောင်းကျန့်ကို လာကြိုတဲ့ ဝမ်ရိပေါ်က ဒီနေ့မှအရင်နေ့
တွေကထပ် တက်ကြွနေသယောင်...။
အသံကြားတာနဲ့ ဝမ်ရိပေါ်ရဲ့ စိတ်အခြေအနေကို
ခန့်မှန်းနိုင်တာမို့ ရှောင်းကျန့် ပထမဆုံးတွေးမိတာက ဒီကောင်လေး ဘာမဟုတ်တာ လုပ်ထားပြန်ပြီလဲ။
"အစ်ကို"
"ကဲ ပြော။ဘာပူဆာမလို့လဲ"
"အယ်..။အစ်ကိုကကြိုသိနေတယ်ပေါ့"
"မင်းအသံကြားတာနဲ့တစ်ခုခုပူဆာတော့မယ်ဆိုတာ
သိပြီးသား"
"ဟီးဟီး။ကျွန်တော်တို့ညဈေးသွားရအောင်"
"ဘာလုပ်ဖို့လဲ"
"Parisရဲ့ညဈေးတန်းတွေကအရမ်းလှတာအစ်ကိုရဲ့။Street performanceတွေလည်းရှိတယ်"
"မင်းဗိုက်ဆာရင်ဆာတယ်ပြောပါ"
"မဆာပါဘူး။အစ်ကိုနော်..။ကျွန်တော့ကိုအစားပုပ်
လို့များထင်နေလား"
"မဟုတ်လို့လား"
"တော်ပြီ အစ်ကိုရာ၊မသွားချင်လည်းမသွားတော့ဘူး"
"ဟောဗျာ..စိတ်ဆိုးတာလား"
"မဆိုးပါဘူး။စိတ်ဆိုးရအောင်ကျွန်တော်က ကလေး
လား"
"ဟုတ်ပါပြီ။လာပါ..သွားမယ်"
"ကျွန်တော်သွားချင်လို့မဟုတ်ဘူးနော်။အကိုဇွတ်ခေါ်လို့်"
"ဟုတ်ပါပြီကွာ။ကိုယ့်ကြောင့်ပါ ဟုတ်ပြီလား"
"Okလေ။သွားမယ်"
---------------------------------
Parisရဲ့night marketတွေမှာလျှောက်လည်
ရတာကဘဒီလောက်ပျော်စရာကောင်းမှန်းရှောင်းကျန့် မသိခဲ့ဘူး။
ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေဖို့ မကြိုးစားခဲ့တဲ့
ရှောင်းကျန့်ဘဝထဲကို ဝမ်ရိပေါ်ကပျော်ရွှင်မှုတွေ
တပွေ့တပိုက်နဲ့ ဝင်လာခဲ့တယ်။
ပျော်ရွှင်မှုတွေက လှပပါတယ်။
ဝမ်ရိပေါ်ဖန်တီးပေးတဲ့ပျော်ရွှင်မှုတွေက ပိုလို့လှတယ်။
ရှောင်းကျန့်ဘဝမှာ လူတစ်ယောက်ကို ဒီလောက်
တွယ်တာသွားမိမယ်လို့ မတွေးခဲ့မိဖူးဘူး။
အထူးသဖြင့် ဝမ်ရိပေါ်လိုလူမျိုးဆို ပိုလို့ဆိုးသေး။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ
ဒီကောင်လေးဟာ သူ့အတွက်ဖြစ်တည်လာသလို
သူကလည်း ဒီကောင်လေးနဲ့ဆုံဖို့ တည်ရှိနေသလို
ခံစားလာရတယ်။
သူ့ရဲ့တွယ်တာမှုတွေကို ပြန်လည်ဆန်းစစ်တဲ့အခါမှာ
မြတ်နိုးခြင်းတွေက သူငယ်ချင်းဆိုတဲ့ စည်းလေးကို
ကျော်ဖို့ခြေလှမ်းပြင်လာတာမို့ ကိုယ့်ကိုယ်ကိုပြန်ထိန်းရတယ်။ အနိုင်နိုင်ပါပဲ.....။
"အစ်ကို!!!"
"ဟင်..ပြော..ပြောလေ ရိပေါ်"
"ကျွန်တော်ခေါ်နေတာကြာပြီ။ဘာလို့ပြန်မထူးတာလဲ"
"အာ...ဆောရီး။ကိုယ်အတွေးလွန်သွားလို့"
"ဘာအကြောင်းတွေများအဲ့လောက်တွေးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး။ရိပေါ်က ကိုယ့်ကိုဘာလို့ခေါ်
တာလဲဟင်"
"Cotton Candyစားရအောင်လို့"
"ဝမ်ရိပေါ်။တော်ပြီ၊မစားနဲ့တော့။မင်းအချိုတွေစားတာလျှော့သင့်နေပြီ"
"အယ်....ကျွန်တော်ကကလေးမှမဟုတ်တာ၊စိတ်ပူ
စရာမလိုပါဘူး"
"ကလေးမဟုတ်လို့စိတ်ပူတာပေါ့။ကလေးဆိုစကား
နားထောင်တယ်။မင်းကပြန်မပြော၊နားမထောင်"
"ကျွန်တော်ကလိမ္မာပါတယ် အစ်ကိုရဲ့"
"မင်းဘာလို့အဲ့လောက်အချိုကြိုက်တာလဲ"
"စိတ်ညစ်နေတဲ့အချိန်တို့၊ဒေါသထွက်နေတဲ့အချိန်တို့မှာအချိုစားပေးရတယ်တဲ့၊အဲ့တာဆိုစိတ်ငြိမ်တယ်"
"မင်းကအခုစိတ်ညစ်နေလို့လား"
"ဟင့်အင်း။ကျွန်တော်က စားချင်လို့စားတာ"
"အဲ့တာများကြီးကြီးကျယ်ကျယ်တွေပြောနေသေးတယ်"
"လာပါ။Cotton candyသွားဝယ်ရအောင်"
နောက်ဆုံးတော့လည်း ဝမ်ရိပေါ်ဆွဲခေါ်တဲ့နောက်ကို
ရှောင်းကျန့် ပါသွားရတော့တာပါပဲ။ ဒီကောင်လေးက
သိပ်အနိုင်ယူတတ်လွန်းတယ်။ရှောင်းကျန့်ကိုယ်တိုင်
ကလည်း အရှုံးပေးချင်နေတာ ဖြစ်ပါလိမ့်မယ်။
"ရော့။အစ်ကိုလည်းတစ်ခုစား"
"တော်ပါပြီ။မင်းပဲစားပါ"
"စားပါ အစ်ကိုရဲ့။အစ်ကို့လိုဒေါသကြီးတဲ့သူတွေက
အချိုများများစားပေးရတယ်တဲ့"
"ဝမ်ရိပေါ်!!!"
"စတာ စတာ..။စားပါ"
ငြင်းမရတဲ့အဆုံး ဝမ်ရိပေါ်ကျွေးတဲ့
CottonCandyကို စားလိုက်ရတော့တယ်။
Cotton Candyထပ် မင်းရယ်သံလေးတွေက
ပိုချိုကြောင်းကို အခွင့်ကြုံမှသေချာပြောပြရဦးမယ်
အချိုကြိုက်တဲ့ကောင်လေးရေ...။
"အစ်ကို"
"ဟင်"
"အစ်ကို့နှုတ်ခမ်းနားမှာCotton Candyစလေးကပ်
နေတယ်"
"ဟင်...ဘယ်နားမှာလဲ"
"နှုတ်ခမ်းအောက်နားမှာ"
"......."
"မဟုတ်သေးဘူး။ကျွန်တော်လုပ်ပေးမယ်"
ပြောပြောဆိုဆိုနဲ့ ဝမ်ရိပေါ်ရဲ့ လက်ချောင်းလေးတွေကရှောင်းကျန့်ရဲ့ နှုတ်ခမ်းထောင့်ကို လာရောက်ထိတွေ့လာတဲ့အခါမှာ ရှောင်းကျန့်တစ်ယောက်အသက်ရှူ
ပင်အောင့်ထားမိလိုက်သည်ထင်ရဲ့။
မြန်ဆန်လွန်းနေတဲ့ နှလုံးခုန်သံကသွေးရိုးသားရိုးမဟုတ်တာတော့ အမှန်။ နှလုံးရောဂါဖြစ်နေတာမဟုတ်ရင်
တော့ သေချာပါပြီ....သူဒီကောင်လေးကို ရင်ခုန်နေတာပဲ။ ပထမဆုံးဖြစ်ပေါ်လာတဲ့ ရင်ခုန်သံက ယောကျာ်းလေးတစ်ယောက် ဖြစ်မယ်လို့ရှောင်းကျန့်မတွေးခဲ့မိဖူးဘူး။ မိန်းကလေးလို့လည်း မတွေးမိဖူးပါဘူး။
သူ့ဘဝမှာ ဘယ်သူ့ကိုမှ ရင်ခုန်မိမှာမဟုတ်ဘူးလို့်
ထင်ခဲ့မိတာကြောင့် ဖြစ်ပါလိမ့်မယ်။
"အစ်ကို့ရဲ့နှုတ်ခမ်းအောက်ကမှည့်နက်ကလေးက
သိပ်လှတာပဲ"
"....."
"မနာလိုလိုက်တာ"
"ကိုယ့်ကိုလား"
"ဟင့်အင်း။မှည့်နက်လေးကို"
ဝမ်ရိပေါ်ရဲ့ စကားလုံးတွေက ရှောင်းကျန့်ရဲ့နှလုံးခုန်သံ
ကို ပိုလို့မြန်စေတယ်။ မင်းကတော့ ရိုးရိုးသားသားပါပဲ။
မရိုးသားတဲ့ ကိုယ်ကသာ အတွေးလွန်လို့ အရှက်ပို
ရပါတယ်။သိပ်မပြုစားပါနဲ့လားကွာ။
"တဖြည်းဖြည်းနဲ့ လူတွေများလာသလိုပဲ"
"....."
"လက်တွဲထားမလား အစ်ကို"
"ဟင်...ရ..ရပါတယ်"
"ရရင်လည်းပြီးတာပါပဲ။ကျွန်တော်ကလူကွဲသွားမှာ
စိုးလို့ပါ"
ကိုယ့်စိတ်ကိုယ်သိနေတဲ့ရှောင်းကျန့်အဖို့ ဒီကောင်လေးနဲ့
လက်ချင်းထိမိတာနဲ့တင် အငွေ့ပျံသွားလောက်တယ်။ မသေချာသေးတဲ့ ခံစားချက်တွေကို အဆုံးစွန်ထိ ငြင်းပယ်ဖို့ ကြိုးစားကြည့်ဦးမယ်။ စွန့်စားဖို့ရှောင်းကျန့်မှာ သတ္တိမရှိသေးဘူး။
နှစ်ယောက်အတူလျှောက်လာရင်း တစ်နေရာအရောက်မှာရှောင်းကျန့်ကို လူတစ်ယောက်က ဝင်တိုက်မိသွားတယ်။
"Dèsolè"
(တောင်းပန်ပါတယ်)
"It's okay"
ထိူလူထွက်သွားတော့ ရှောင်းကျန့်သတိထားမိလိုက်တာက ဝမ်ရိပေါ်..။သူ့ဘေးမှာရနေကျ
marshmellowရနှံ့လေး မရှိတော့ဘူး။
ဒီကောင်လေး ဘယ်ရောက်သွားတာပါလိမ့်။
"ဝမ်ရိပေါ်"
ပြန်ထူးသံကို မကြားရတဲ့အဆုံးမှာ ရှောင်ကျန့်ပူထူ
သွားတယ်။ တဖြည်းဖြည်းများလာတဲ့ လူတွေကြားမှာ သူဝမ်ရိပေါ်ကိုဘယ်လိုရှာရမလဲ။
အမြင်အာရုံက သုံးမရတာကြောင့် ပိုလို့ပင် စိတ်ပင်ပန်းရတယ်။
"ဝမ်ရိပေါ်!!!ဝမ်ရိပေါ်...။ဝမ်ရိပေါ် မင်းဘယ်မှာလဲ"
လူတွေကြားကနေ တိုးဝှေ့ပြီးဘဝမ်ရိပေါ်နာမည်ကိုအော်ခေါ်နေမိပေမယ့် ပြန်ဖြေသံလေးထွက်မလာခဲ့ဘူး။
ရှောင်းကျန့်လျှောက်လာတာ ဘယ်လောက်ဝေးဝေး
ရောက်နေပြီမှန်းတောင်မသိ။ သွားနေကျ လမ်းမဟုတ်တာကြောင့် လမ်းမှာလည်း တစ်ခုပြီးတစ်ခု ဝင်တိုက်နေမိတယ်။ ဒါလည်းအရေးမကြီးဘူး။ သူအခုသိတာက ဝမ်ရိပေါ်ကို သူရှာရမယ်။
နှုတ်ဖျားကလည်း ဝမ်ရိပေါ်ဆိုတဲ့နာမည်ကို ခေါ်ရင်း တစ်နေရာအရောက်မှာတော့ ရှောင်းကျန့် ဒူးထောက်ပြီး ထိုင်ချလိုက်မိတော့တယ်။
လမ်းပျောက်တဲ့ ခံစားချက်က သိပ်ကိုဆိုးရွားလွန်းတယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ကို
ရှာမတွေ့တာမျိုး။ ဒီလိုခံစားချက်ကိုရှောင်းကျန့်ကသိပ်
မုန်းတယ်။ အထီးကျန်တာတွေ၊မျှော်လင့်ချက်မဲ့တာ
တွေ၊ ဝမ်းနည်းတာတွေ၊ ဆုံးရှုံးလိုက်ရတာတွေ စတဲ့
ခံစားချက်အကုန်လုံးကို တပြိုင်တည်း ခံစားမိစေတယ်။
တစ်ဆက်တည်းမှာပဲမေ့ထားတဲ့ အတိတ်တွေကိုပြန်
ပြီး မြင်ယောင်စေတယ်။
မျက်မမြင်ဆိုတာနဲ့ လူတွေက သာမန်မဟုတ်တဲ့သူလို့
တန်းသတ်မှတ်လိုက်ကြတော့တာပဲ။ အဆိုးဆုံးက
တော့ သူတို့ရဲ့အတွေးတွေနဲ့ တန်ဖိုးသတ်မှတ်ပစ်
လိုက်တာပဲ။ တချို့က သနားစရာလို့မြင်ကြပြီး တချို့
ကတော့ အနိုင်ကျင့်စရာလို့မြင်တယ်။ တချို့တွေရဲ့
ငါတို့မကူညီရင် သူ့ခမျာ ဘာမှမလုပ်နိုင်ရှာလောက်ဘူး
ဆိုပြီး သူတော်ကောင်းယောင်ဆောင်တာမျိုးတွေက
ရှောင်းကျန့်ကို စိတ်အနှောက်အယှက် ဖြစ်စေသလို ဒုက္ခိတကများ..ဆိုတဲ့ ရင့်သီးတဲ့ စကားလုံးတွေကလည်း ဘယ်နှစ်ခါကြားကြား ကျင့်သားမရနိုင်တဲ့ အသံတွေ။
ရှောင်းကျန့်ကသာမန်ပါပဲ။ သူ့ဘဝမှာ ဘာမှထူးထူး
ခြားခြားဖြစ်အောင် လုပ်ခဲ့တာမျိုးမရှိသလို လူတွေ
အာရုံစိုက်တာ ခံရဖို့လည်း ဘယ်တုန်းကမှ ဆုမတောင်းခဲ့ဖူးပါဘူး။ သူလိုချင်တာ သာမန်ဘဝလေးပါပဲ။
ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာရှောင်းကျန့်ရွေးချယ်မိတာက ပုန်းကွယ်နေဖို့ပဲ။ ဘယ်သူမှ သူ့ကိုမမြင်
နိုင်အောင်၊ ဘာမှမပြောနိုင်အောင် ဘယ်သူမှရှာမတွေ့နိုင်တဲ့ တစ်နေရာရာမှာ ပုန်းနေတတ်တဲ့ အကျင့်လေးတစ်ခုဖြစ်လာတယ်။ သူများတွေအမြင်မှာတော့
ရင်မဆိုင်ရဲလို့ ပုန်းရှောင်နေတယ်လို့ ထင်နေနိုင်ပေမယ့် တကယ်တော့ ရှောင်းကျန့်က စောင့်မျှော်နေခဲ့တာ။ သူ့ကိုရှာတွေ့မယ့် တစ်ယောက်ယောက်၊သူ့ကိုလက်ကမ်းပြီး သူနဲ့အတူရင်ဆိုင်ပေးမယ့် တစ်ယောက်ယောက်ကိုရှောင်းကျန့်ကစောင့်နေခဲ့တာ။
စာကြည့်တိုက်ထဲက စာအုပ်စင်တွေထောင့်၊ မြစ်ကမ်းတံတားအောက်၊ ကစားကွင်းထဲကမေပယ်လ်ပင်အောက်.....ဒီနေရာတွေကပဲ သိပ်ကိုလုံခြုံလွန်းနေ
တာလား မသိပေမယ့်ရှောင်းကျန့်ကို ဘယ်သူမှ ရှာမတွေ့ခဲ့ဖူးတာတော့ အမှန်။
ကြာလာတောရှောင်းကျန့်နားလည်လာတယ်။
တကယ်က သူ့ကိုဘယ်သူမှ လိုက်မရှာခဲ့ဖူးတာကြောင့်ပဲ။ သူက ဘယ်သူ့အတွက်မှ မရှိမဖြစ်တဲ့ဖြစ်တည်မှု
မျိုး မဟုတ်ခဲ့ဘူး၊သူမရှိလည်း ဘယ်သူမှ သတိတရရှိ
နေပေးမှာမဟုတ်ဘူးလေ။ ဒါကြောင့်ရှောင်းကျန့်က
အရာရာကို ကိုယ်တိုင်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
တစ်စုံတစ်ယောက်က ကိုယ့်အတွက် ရှင်သန်ပေးမှာကိုစောင့်နေမယ့်အစား ကိုယ့်အတွက်ကိုယ် ရှင်သန်မယ်။ ကိုယ့်ကိုယ်ကိုရှာဖွေမယ်။ ဒါဟာရှောင်းကျန့်ရဲ့
အကြောက်တရားတွေနဲ့ သိမ်ငယ်မှုတွေကို ရင်းနှီးပြီး
မှ ရလာတဲ့ သင်ခန်းစာတစ်ခု။
ပြေးပေမယ့်လည်း မဝေးနိုင်တဲ့အရာတွေထဲမှာ အတိတ်တွေက ထိပ်ဆုံးကပါတယ်ထင်ရဲ့။ ဘယ်လိုပဲမေ့
ဖျောက်ဖို့ ကြိုးစားကြိုးစား အတိတ်ရဲ့ လွှမ်းမိုးမှုတွေကနေ မလွတ်မြောက်နိုင်ဘူး။ တစ်ယောက်တည်းဆိုတဲ့
အသိထပ် တစ်စုံတစ်ယောက်က ရှာမတွေ့နိုင်ဘူးဆို
တဲ့ အသိက ပိုပြီးနာကျင်ရတယ်။ မုန်းလိုက်တာ....
ဒီခံစားချက်ကြီးကို သိပ်မုန်းတာပဲ။ ရင်မဆိုင်ချင်လောက်အောင်.......။
စိတ်ကိုလျှော့ချလိုက်မိတော့ မျက်ရည်ကဝဲလာတယ်။
သူဟာ အခုအချိန်ထိပျော့ညံ့နေတုန်းပါလား။
အနောက်က ကြားလိုက်ရတဲ့ခြေသံလေးကြောင့်
ပျောက်ဆုံးနေတဲ့ရှောင်းကျန့်ရဲ့မျှော်လင့်ချက်လေးက
ပြန်ပြီး လင်းလက်လာတယ်။ အသံချိုချိုလေးကို ကြား
လိုက်ရချိန်မှာတော့ သူဟန်မဆောင်နိုင်လောက်အောင်ကို ဝမ်းသာသွားခဲ့တယ်။
"အစ်ကို"
"ရိပေါ်..."
"အစ်ကိုရယ်။ဘယ်ရောက်သွားရတာလဲ။ကျွန်တော်
လိုက်ရှာနေတာနှံ့နေ..."
ရိပေါ်စကားမဆုံးခင်မှာပဲ ဒူးထောက်ပြီး ထိုင်နေတဲ့သူ့ကို ထူပေးနေတဲ့ ရိပေါ်ကိုရှောင်းကျန့်ဖက်ထားမိလိုက်တယ်။
"ရှာတွေ့ပြီ"
"....."
"မင်း ငါ့ကိုရှာတွေ့ခဲ့ပြီ"
"....."
မရည်ရွယ်ပါဘဲနဲ့ ကျဆင်းလာတဲ့ မျက်ရည်တွေကတားမရဆီးမရ။ ဝမ်းနည်းလို့လားဆိုရင်......
မဟုတ်ပါဘူး။ပျော်လွန်းလို့ပါ..။ သူ့ကိုရိပေါ်ကရှာတွေ့
ခဲ့ပြီလေ။
တာဝေးအပြေးသမားတစ်ယောက်က ပန်းတိုင်ကို
ရောက်သွားတဲ့အခါမောပန်းတာတွေပျောက်သွား
သလို ဝမ်ရိပေါ်ကိုတွေ့တဲ့အခါမှာ သူ့ဘဝတစ်လျှောက်လုံး ပင်ပန်းခဲ့ရသမျှက ဒီအခိုက်အတန့်လေးမှာ
အရာရာပျောက်ကွယ်သွားသယောင်....။
ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့အေးချမ်းမှုလေး။
အဲ့ဒီအခိုက်အတန့်လေးမှာ သူ့စိတ်ကိုသူနားလည်
သွားတယ်။သူဒီကောင်လေးကို ချစ်တယ်။
ချစ်တယ်ဆိုတာထပ်ပိုတဲ့ မြတ်နိုးခြင်းတွေနဲ့ချစ်တာ။
သကြားလုံးချိုချိုလေးတွေကို စွဲလမ်းမိရာကနေ ချစ်သွားတာလား။ ပါးဖောင်းဖောင်းလေးကို အသည်းယားလို့
ပဲ ချစ်မိသွားတာလား။သီချင်းသံချိုချိုလေးကို ချစ်မိသွား
တာလား။သေချာတာကတော့...မင်းကအစပြုလို့
မင်းနဲ့သက်ဆိုင်တဲ့အရာရာကို ချစ်နေမိတော့တာပါပဲ။
"မင်းငါ့ကိုရှာတွေ့ခဲ့ပြီ ဝမ်ရိပေါ်"
"အင်း.....ကျွန်တော် အစ်ကို့ကိုရှာတွေ့ခဲ့ပြီ။
အစ်ကိုဘယ်နေရာပဲရောက်နေနေ၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော်ကအစ်ကို့ကိုတွေ့အောင်ရှာမှာမို့ မငိုနဲ့တော့နော်"
"အင်း"
"အစ်ကိုကလိမ္မာလိုက်တာ။အိမ်ပြန်ကြရအောင်နော်"
"အင်း။ရိပေါ်...."
"ပြောလေ အစ်ကို။ဘာပြောမလို့လဲ"
"ဟိုလေ....ကိုယ်တို့လက်တွဲထားကြမလား"
"ဟင်.."
"နောက်တစ်ခါ လူကွဲသွားတာမျိုးမဖြစ်အောင်"
"အင်း"
ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့လက်လေးတွေကို
အသာအယာဆုပ်ကိုင်လိုက်တယ်။ရိပေါ်လက်က
ပိုကြီးတာမို့ရှောင်းကျန့်လက်ကလေးက
ရိပေါ်လက်ထဲမှာ မြှုပ်လို့...။ပန်းချီဆွဲတဲ့ရှောင်းကျန့်
ရဲ့ နူးညံ့တဲ့လက်ကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့
ဝမ်ရိပေါ်ရဲ့ လက်က ကြမ်းတယ်လို့ပြောလို့ရပေမယ့် အထိအတွေ့က တကယ်ကိုနူးညံ့တာ။လက်ကလေး ကိုင်ထားရုံနဲ့တင် လုံခြုံတယ်လို့ခံစားရစေတယ်။
တကယ်တော့ ထိုနေ့ညက ဝမ်ရိပေါ်ကရှောင်းကျန့်
ကို ရှာတွေ့ခဲ့တာမဟုတ်ဘဲ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ရှာတွေ့ခဲ့တာ...။သူ့ဘဝရဲ့ မပြည့်စုံသေးတဲ့ တစ်စိတ်တစ်ပိုင်းကိုရှောင်းကျန့်က ရှာတွေ့ခဲ့ခြင်းဖြစ်တယ်။
ခင်မင်ခြင်းနဲ့ အစပြုလို့ ချစ်ခြင်းနဲ့ အဆုံးသတ်တယ်။
ပတ်သက်မှုတိုင်းရဲ့ အကြောင်းခံဟာ မင်းဆိုတဲ့
ဖြစ်တည်မှုလေးကြောင့်ပါပဲ။
_________________________________