YING &YANG ....Volume3 of Bec...

By PannKhattWaiio

55.7K 6.2K 415

Completed OC Cover by KyuKyu 💙 This is a Volume3 of Becoming Empress More

Original Pic
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း၁၁
အပိုင်း ၁၂.၁
အပိုင္း ၁၂.၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
EXTRA 1.1
EXTRA 1.2
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
Final

အပိုင်း၆

1.7K 270 18
By PannKhattWaiio

ကျူးယင် မြေခွေးလေးရဲ့ အမွှေးနုနုတွေကို လက်တစ်ဖက်က ပွတ်သပ်ရင်း ကျန်တစ်ဖက်က အသာပွေ့ထားလိုက်သည်။

လုရန်က သူ့ခြေထောက်ကိုပဲ အကြည့်ရောက်နေတာမို့ ကျူးယင်မှာ မြေပေါ်ခြေမချရဲပါချေ။ မတော် လာပွေ့နေမှ ပန်းနိုင်ငံက နတ်တွေမြင်ပြီး သူအရှက်ကွဲနေလိမ့်မည်။

အကိုလျန်ဒီကို ဘာလို့မလာချင်လဲဆိုတာကို သူသဘောပေါက်လာသလိုပဲ
ပန်းနိုင်ငံက လနတ်ဘုရားမရဲ့ အပန်းဖြေနေရာမဟုတ်လား
ဒီဆေးခင်းကရော ဒီမှာရှိနေတာ သွေးရိုးသားရိုးဟုတ်ရဲ့လား

ကျူးယင် ခေါင်းရမ်းလိုက်ဖြစ်သည်။ သူ့အကိုတွေရဲ့အကြောင်းကို သေချာလေ့လာဖို့လိုနေပြီ။

အကိုကြီးဆိုလည်း အကိုကြီးမို့၊ အကိုလတ်ဆိုလည်း အကိုလတ်မို့ တစ်ယောက်ကို ပုံပြင်တစ်ပုဒ်ဆီဖြစ်နေကြသည်။ အကိုငယ်ကတော့ တစ်ယောက်ထဲ စိတ်ချရသေးသည်။

လုရန်က တစ်ချိန်လုံး ကျူးယင်ခြေထောက်ကိုစိုက်ကြည့်နေရာက ပူပြင်းတဲ့အကြည့်စူးစူးကို အာရုံခံမိလို့ အကြည့်ရွှေ့တော့ သခင့်လက်ထဲက မြေခွေးရဲ့ စူးရဲနေတဲ့အကြည့်တွေကို မြင်ရသည်။

နက်မှောင်နေတဲ့မျက်ဝန်းတွေကြောင့် အကြောက်တရားဆိုတာ ဘာမှန်းမသိတဲ့လုရန်ပင် တန့်သွားရ၏။ မျက်၀န်းတွေကားအစိမ်းရင့်ရောင်သန်းကာ မည်းသည့်ဘက်သို့ ရောက်နေသည်။

ဒီမြေခွေးက သာမန်မြေခွေးမဟုတ်ဘူး

လုရန်မှာ အသိဥာဏ်သိပ်မ၇ှိပေမယ့် ကျူးယင်ရဲ့မှတ်ဥာဏ်တွေအတိုင်း သူဆက်ခံရထားတာမို့ အရမ်းတုံးလွန်းနေတာမျိုးတော့မဟုတ်ပေ။ ကျူးယင်သိထားသမျှကို သူလည်းသိထားပေသည်။ သို့သော်မျက်ဝန်းတစ်ခုလုံးနက်မှောင်နေတတ်တဲ့ သတ္တ၀ါမျိုးကိုတော့ သူမသိသေး။

ဒီမြေခွေးက နတ်ဆိုးများဖြစ်နေမလား

လုရန်ခေါင်းရမ်းလိုက်မိပြန်သည်။ နတ်ဆိုးတွေက အနီရဲရဲမျက်ဝန်းနဲ့ တချို့က ဖြူဖွေးနေတဲ့ မျက်ဝန်းတွေပိုင်ဆိုင်ကြခြင်း။

ကျူးယင် ဆေးခင်းကို လိုက်ကြည့်နေရင်း တစ်နေရာရောက်တော့ သူ့လက်ထဲက မြေခွေးလေးက ခုန်ဆင်းသွားကာ ရှေ့သို့ ပြေးထွက်သွားတာကို တွေ့လိုက်ရသည်။

အကောင်ပေါက်လေးက နောက်ကိုလည်းလှည့်ကြည့်သေးကာ ကျူးယင်မလိုက်လာမှာကို စိုးရိမ်နေပုံရသည်ပေ။

ကျူးယင် သဘောတကျရယ်တော့ လေထဲတွင် ပွင့်ဖက်တို့ဝေကာ ကျူးယင်ကို တောက်ပစွာ လှည့်ပတ်သည်။

မြေခွေးလေးရဲ့ မျက်လုံးတွေ တောက်ပသွားကာ ကျူးယင်ကိုသာ စူးကြည့်နေတော့သည်။

ကျူးယင် အနားရောက်လာမှ မျက်လုံးလေးဝိုင်းကာ ရှေ့ဆက်ပြေး၏။

" ဘယ်ခေါ်သွားမလို့လဲ ကောင်လေး ဟင်"

သူ့ရှေ့တည့်တည့်က မြင်ကွင်းကို ကျူးယင်မျက်လုံးတွေ ၀ိုင်းကာကြည့်နေမိသည်။

ဆေးခင်းရဲ့အပြင်တွင် ပန်းနိုင်ငံနဲ့ဆက်ထားပေမယ့် ထိုကြားထဲက လေထုတွင် လှုပ်၇ှားမှုတွေရှိနေကာ ၀င်ပေါက်သဏ္ဍာန်လျှောက်လမ်းက ပေါ်နေလေသည်။

မြေခွေးလေးက ထိုလျှောက်လမ်းတွင် ဆောင့်ကြောင့်လေးထိုင်ကာ သူ့ကို လှမ်းကြည့်နေ၏။ သူ့ကိုအထဲဝင်စေချင်သည်မှာ အသေအချာ။

ကျူးယင် ရှေ့ကိုတိုးတော့ လုရန်ကအရင် ပြေးဝင်သည်။သို့ပေမယ် ချက်ချင်းပင်  ပြန်ကန်ထွက်လာသည်။

လုရန်က နာကျင်မှုကိုမသိတဲ့သူမို့ မညည်းညူတတ်လို့သာ တော်ပေရာ့သည်။ မဟုတ်၇င်တော့ အခုလို တစ်ကိုယ်လုံး မည်းတူးကာ လောင်ကျွမ်းရင်း ညှော်နံ့တထောင်းထောင်းထတဲ့အထိ ဒဏ်ရာရနေမယ်ဆိုရင်တော့ ငယ်သံပါအောင်အော်နေခဲ့မှာ သေချာသည်။

အခုလုရန်က အရင်က အစိမ်းကောင်လေးဆိုတာကို ကျိန်ပြောရမလိုတောင်ဖြစ်နေသည်။

ကျူးယင် လဲကျနေတဲ့လုရန်အနားကပ်သွားဖို့ လုပ်တော့ လျှောက်လမ်းက မြေခွေးလေးက ပြေးထွက်လာကာ သူ့ပခုံးပေါ် ခုန်တက်သည်။ နောက် တခွီးခွီးနဲ့ မာန်ဖီလာပါ၏။

ကျူးယင်ရယ်လိုက်သည်။

" ကောင်လေး မင်းက ငါနဲ့အခုမှတွေ့တာနော်။ "

မြေခွေးလေးက လုရန်ကို သွားဖြဲကာ သူ့ရဲ့ချွန်ထက်တဲ့အစွယ်တွေကို ဖြဲပြနေတာက ကိုယ်လုံးသေးသေးလေးနဲ့မလိုက်ပေ။ မျက်နှာလေးနီကာ ဒေါသထွက်နေပုံက အတော်ပင် ချစ်ဖို့ကောင်းလှ၏။ ကျူးယင် မြေခွေးလေးကို ဆွဲညှစ်ချင်စိတ်တောင် ပေါက်လာရသည်။

သူပြောတာကြားတော့ မြေခွေးလေးက သူ့ကို မျက်လုံးလေးလဲ့ကာကြည့်လာသည်။

မျက်နှာလေးက မတရားခံရတဲ့ပုံလေးဆိုတော့ ကျူးယင် အသည်းယားလာရသည်။

သူ လုရန်ကိုမေ့ပြီး ပခုံးပေါ်က မြေခွေးလေးကို သူ့ရင်ခွင်ထဲ ဆင်းလာဖို့ လက်ပြလိုက်တော့ ချက်ချင်းပင် ခုန်ဆင်းလာကာ ရင်ဘတ်ကို တိုးဝှေ့နေသည်။ သူ ခပ်တင်းတင်း ဖက်ထားလိုက်ဖြစ်သည်။

ဒီလိုလေထုကို ခွဲပြီး အိမ်ဆောက်နိုင်ကတည်းက ဒီမြေခွေးလေးက သာမန်မဟုတ်တာကို ကျူးယင်လည်းသိသည်။

လျှောက်လမ်းရဲ့အဆုံးကို သူမြင်နိုင်တာမို့ အထဲက မြေခွေးရဲ့အိမ်မှန်းလည်း သိပေသည်။ ဒါကြောင့်သာ သူဝင်ရဲခြင်းပင်။ သို့ပေမယ့် လုရန်က စိုးရိမ်ပြီးအရင်ဝင်တဲ့အခါမှာတော့ မြေခွေးလေးက သဘောမကျဖြစ်ကာ နှင်ထုတ်လိုက်တာမို့ ဒဏ်ရာရသွားရခြင်းပါပေ။

ကျူးယင်မြေခွေးလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင် ချော့မြူရသည်။
" ကောင်စုတ်လေး ဒေါသမကြီးရဘူးလေ လုရန်က ငါဖန်ဆင်းထားတဲ့မြက်ပင်လေးပဲ ။ မင်းသူ့ကိုဒေါသထွက်နေတာက သူ့ကိုအသက်သွင်းပေးတဲ့ ငါ့ကို ဒေါသထွက်နေတာနဲ့ အတူတူပဲ "

ကျူးယင် လုရန်ကိုမကြည့်ပေမယ့် လုရန်ကတော့ သခင့်ကိုသာ မျက်လုံးတွေတောက်ပစွာ ကြည့်နေသည်။
သခင်က သူ့ဘက်ကပဲ။

မြေခွေးလေးရဲ့ တောက်ပတဲ့မျက်ဝန်းတွေထဲ အနက်ရောင်အရည်လဲ့သွားတာကို မျက်လုံးချင်းဆုံနေတဲ့ လုရန်သာ မြင်နိုင်ပေရာ ကျူးယင်ကတော့ သူမြင်နေရတဲ့ခေါင်းလေးကိုသာ ပွတ်သပ်နေရသည်။

မြေခွေးလေးက ငြိမ်ကျသွားတော့ ကျူးယင် လက်ကိုဝေ့ရမ်းကာ လုရန်ရဲ့ ဒဏ်ရာတွေကို ပျောက်စေလိုက်သည်။

သူက နတ်ဘုရားမဖြစ်သေးပေမယ့် နတ်ဘုရားအဆင့်အောက်က ဘယ်လိုအရာကိုမဆို ကုသပေးနိုင်နေပြီဖြစ်သည်။
သေသူကိုတော့ ရှင်အောင်မလုပ်ပေးနိုင်သေး၊ ထိုသို့လုပ်နိုင်ဖို့ကလည်း သူ နတ်ဘုရားဖြစ်မှသာ ဖြစ်ပေလိမ့်မည်။
စစ်ဝူရှဲ့ကို နှစ်သိမ့်နိုင်ဖို့နဲ့ သီနတ်ဘုရားကို ပြန်အသက်သွင်းပေးနိုင်ဖို့က သူနတ်ဘုရားဖြစ်မဖြစ်အပေါ် မူတည်နေသည်။

ကျူးယင်လျှောက်လမ်းထဲ ခြေချလိုက်တဲ့အခါ လျှောက်လမ်းက အလင်းရောင်တွေတောက်ပလာပြီး ပြန်ပိတ်မည်ပြုသည်။

ကျူးယင် ခေါင်းခါကာသာ မြေခွေးလေးကို ငုံ့ကြည့်လိုက်ဖြစ်သည်။

ဒီကောင်လေးက လုရန်ကို လိုက်ဝင်စေချင်ပုံမရပေ။

သူ လုရန်ကို အပြင်မှာနေပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ စေခိုင်းလိုက်ရတော့သည်။

လှိုဏ်ဂူလေးကား တိတ်ဆိတ်ကာ အေးချမ်းမှုကို ခံစားရသည်။ ဒါက သူရောက်လာလို့ပဲလားမသိ။

အပြင်ကမြင်ခဲ့ရတုန်းက လှိုဏ်ဂူပုံက ရှေးဆန်ပြီး အမှောင်ဘက်သန်းနေပေမယ့် အခုတော့ဖြင့် လင်းချင်းကာ တောက်ပနေပေသည်။

မြေခွေးလေးက ခုန်ဆင်းကာ ဂူထဲတွင် ခုန်ပေါက်နေကာ လှည့်ပတ်နေသည်။ သဘောက ကျူးယင်ကို လိုက်ပြတဲ့ပုံ။

" မင်းရဲ့ အိမ်လား"

" ၀ူဝူ၀ူ"
မြေခွေးလေးက အသက်ပင်ပြည့်သေးပုံမရ အသံလေးကလည်း သေးသေးလေးသာဖြစ်သည်။

ကျူးယင် လှိုဏ်ဂူထဲ ခြေချလိုက်တာနဲ့ စွမ်းအင်လှိုင်းတွေပြန့်ကာ ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ကျူးယင် လန့်သွား၏။

မြေခွေးဂူကို သူ့အငွေ့အသက်တွေ လွှမ်းသွားတာက ကောင်းမယ်မထင် ၊

ကျူးယင် ခြေကိုယုတ်ကာ လေထဲတွင်သာဝဲလိုက်တော့ မြေခွေးလေးက မျက်နှာလေးမဲ့ပြီး သူ့ခြေထောက်ကို လာကိုက်ဆွဲသည်။သူ့ကိုခြေချစေချင်သည့်ဟန်

သွားစွယ်က သူ့ခြေချောင်းတွေကို ကိုက်မိသွားတဲ့အခိုက် မနာပေမယ့် ကျူးယင် တုန်ယင်သွားရကာ အောက်သို့ ပြုတ်ကျတော့သည်။

ကျူးယင်က ကျောက်တုံးတစ်ခုဘေး လဲကျသွားတဲ့အထိ မြေခွေးလေးက သူ့ခြေထောက်ကို အလွတ်မပေးသေးဘဲ ဆက်ကိုက်ထားသည်။

ခပ်စူးစူးဖြစ်နေကာ ကြက်သီးတွေထလာသည်က ဘာကြောင့်မှန်း ကျူးယင်မသိချေ။

ကျူးယင်မျက်မှောင်ကုတ်ကာ မြေခွေးလေးကို ကြည့်နေမိသည်။

အကောင်လေးက အစာကိုကိုက်ထားတဲ့ပုံစံလေးနဲ့ လက်သည်းတွေနဲ့ပါ သူ့ခြေထောက်နားက အ၀တ်ကို ကုပ်ထားသေးသည်။

ကျူးယင် ရယ်လိုက်မိသည်။
" မင်း ဗိုက်ဆာနေလို့လား လာ ဒီနားလာခဲ့ "

မြေခွေးလေးက ဆွဲဆောင်မှုရှိလွန်းတဲ့ ခြေထောက်ကို လွှတ်ချင်ပုံမရဘဲ လျှာလေးနဲ့ပါ လျက်လိုက်သေးတော့ ကျူးယင် တုန်သွားရပြန်သည်။

တစ်ချက်လျက်ကြည့်ပြီးတာနဲ့ အရသာကိုစွဲလန်းသွားပုံရတဲ့ မြေခွေးလေးက ခြေဖ၀ါးတွေကို သိုင်းဖက်ပြီး အဆက်မပြတ်လျက်လာသည်။

" မင်း..."

ကျူးယင် မျက်လုံးပြူးကာ ခြေထောက်ကို ဖယ်တော့ လက်သည်းတွေနဲ့ ဆွဲကုပ်မိသွားရာ သွေးစတို့ထွက်လာသည်။

တိုက်တိုက်ဆိုင်ဆိုင် ကျူးမျိုးနွယ်သွေးအစား ယင်နတ်စွမ်းအားတွေပြည့်ဝတဲ့ အစိမ်းရင့်ရောင်သွေးတို့သာ ထွက်ကျလာရာ မွှေးပျံ့တဲ့ရနံ့က ဂူတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

လက်သည်းရာက သွေးစနည်းနည်းကိုသာ ထွက်စေပေမယ့် ယင်စွမ်းအားအရ ပြင်းထန်မှုကိုတော့ မလျော့ချနိုင်ပေ။

ကျူးယင် လက်ကိုလှုပ်၇ှားကာ သူ့သွေးစက်နှစ်စက်ကို လေထဲမြောက်တက်စေတော့ မြေခွေးလေးက ဒေါသတကြီးနဲ့ ခုန်ကာ မြိုချပစ်၏။

ကျူးယင် မျက်လုံးပြူးသွားရပြီ။

ယင်နတ်စွမ်းအားရဲ့ ကြောက်ဖို့ကောင်းပုံကို သူအသိဆုံး၊ လုရန်ကိုတောင်မှ သွေးတစ်စက်နဲ့ဖန်တီးပြီး သူ့ငယ်သားဖြစ်စေခဲ့တာ၊ မြေခွေးလေးသာ သောက်လိုက်ရင် အသိစိတ်ပျောက်ပြီး သူ့ ကျွန် ဖြစ်သွားမှာပင်။

ကျူးယင် လန့်ပြီး မြေခွေးလေးကို ကောက်ချီကာ စစ်ဆေးလိုက်တော့ မျက်လုံးတွေ နက်မှောင်လာတာကလွဲပြီးထူးခြားတာကို မတွေ့ရပေ။ ဒါ့အပြင် သူ့စကားကိုလည်း မနာခံချေ။

" မလှုပ်နဲ့တော့ မင်းငြိမ်ငြိမ်လေးနေတော့"

မြေခွေးလေးက သဘောမကျတဲ့ပုံနဲ့ ရုန်းကန်ပေမယ့် သူ့လက်ကိုတော့ လျက်လိုက်သေးရာ ကျူးယင်တုန်ယင်သွားရပြန်သည်။

ကျူးယင် သူဘာကြောင့် အထိမခံဖြစ်နေလည်း မတွေးတတ်တော့။

မြေခွေးလေးက ငယ်သေးပေမယ့် လျှာကတော့ ကြမ်းရှုသည်၊ သူ့အသားကပဲ နုလွန်းလို့လားမသိ မြေခွေးလေးက တစ်ချက်လျက်လိုက်တိုင်း သူ့မှာ ကြက်သီးတွေ ထရသည်။

ကျူးယင် ငုတ်တုပ်လေးထိုင်နေလျက်သားနဲ့ သူခံစားမိတာကို အတွေးဝင်နေချိန်မို့ မြေခွေးလေးကို သေချာအာရုံမစိုက်မိတော့ပေ။

မြေခွေးလေးကား ကျူးယင်ကို ကျောခိုင်းလိုက်တာနဲ့ သူ့မျက်ဝန်းတွေက လုံးဝကို မည်းနက်သွားကာ သွေးရောင်ပင် ဝေ့လာသေးသည်။ အစိမ်းရောင်အလင်းတို့ကလည်း ​ေ၀့လာ၏။

သူ့လက်သည်းကြောင့် ပေါက်သွားတဲ့ ခြေဖ၀ါးကိုကြည့်ရင်း မျက်ဝန်းတွေက ပိုနက်မှောင်လာ၏။

သူက ခြေဖမိုးလေးကို အသာလျက်ပြီး ဖ၀ါးက ကုတ်ရာကိုပါ လျှာနဲ့အသာလျက်ပေးသည်။
သူ့လျှာနဲ့ကျူးယင်ခြေဖ၀ါးကို ထိမိလိုက်တာနဲ့ ခပ်မှိန်မှိန်အနက်ရောင်အငွေ့တွေထွက်လာကာ သွေးစို့ဆဲအပေါက်လေးထဲ ၀င်သွားသည်။ နောက် တဖြေးဖြေးပိတ်သွားပါ၏။

မြေခွေးလေးရဲ့ မျက်ဝန်းတွေက ကျေနပ်သယောင်ပြုံးသွားသည်။

သို့သော်သူ့မျက်ဝန်းထဲက ဆာလောင်မှုတွေက ပိုဆိုးလာခဲ့၏။

ကျူးယင်အတွေးလွန်နေစဉ် မြေခွေးလေးရဲ့လျှာကြောင့်လန့်သွားရာက ခြေဖ၀ါးကနေ တစ်ခုခုစီးဝင်လာသလို ခံစားရမှုကြောင့် တုန်ယင်လာလေသည်။

ခြေဖ၀ါးကနေ ပြန့်တက်လာတဲ့ ခံစားမှုတစ်ခုက ကျူးယင်ကို တုန်ယင်စေ၏။ သူ့တစ်ကိုယ်လုံး ကြက်သီးတွေထလာတဲ့အပြင် သွေးတွေပင်ဆူတက်လာသလို ခံစားလာရသည်။
ကျူးယင် အသက်ရှူသံတွေမြန်လာကာ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။

နတ်တွေက အသက်ရှူဖို့ မလိုအပ်ဘူးလို့ သူမတွေးနိုင်အား.. သူ့ကိုယ်ရဲ့ ပြောင်းလဲမှုကိုပဲ အာရုံစိုက်နေဖြစ်သည်။

ကျူးယင် ထိုင်ဖို့ပင် အားမ၇ှိတော့ဘဲ ကျောက်တုံးတစ်ခုကို မှီထားလိုက်ရတော့သည်။
ကျူးယင် မြေခွေးလေးကို မင်သက်စွာကြည့်လိုက်မိတဲ့အခါ မြေခွေးလေးရဲ့ မျက်ဝန်းတွေက နက်မှောင်နေတာကို တွေ့ရသည်။

" မင်းက နတ်ဆိုးလား မင်းက မိစ္ဆာလား မင်းက"

မြေခွေးလေးက သူပြောတာကို နားထောင်ရင်း မျက်နှာနားကို တစ်လှမ်းချင်းတိုးလာသည်။

ကျူးယင်မှာ နောက်ဆုတ်ဖို့ အားလည်းမကျန်တော့ပါပေ။ သူ့ကိုယ်တွင်းက ပြင်းထန်တဲ့ယင်စွမ်းအားက အားလှိုင်းတစ်ခုရဲ့ ဖိနှိပ်မှုကို ခံရသလိုမျိုး သူ့ကို စွမ်းအားမဲ့စေသည်။

မြေခွေးလေးရဲ့ အမွှေးတွေက နှင်းလိုမျိုးအဖြူစွတ်စွတ်ဖြစ်ရာကနေ တဖြေးဖြေး အရောင်ပြောင်းလာနေသည်။

တောက်ပလွန်းတဲ့ အစိမ်းရင့်ရောင့်အဖြစ် ပြောင်းသွားတဲ့အခါမှာတော့ ကျူးယင် စိတ်လှုပ်၇ှားလာရသည်။

ဘာကြောင့်မှန်းမသိပါပဲ တစ်ဖက်ရဲ့ အစိမ်းရောင်အရှိန်အ၀ါက သူ့ကိုစိတ်ကျေနပ်စေသည်။ ထိုစွမ်းအားလှိုင်းကို ခံစားမိနေရုံနဲ့ သူ့ကိုယ်က သာယာလာသည်။

ကျူးယင့်မျက်ဝန်းတွေကလည်းစိမ်းဖန့်ဖန့်အရောင်ကို ပြောင်းသွားသည်။ သူက မြေခွေးလေးကတစ်ဆင့် ပြောင်းလဲသွားတဲ့ တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်သည်။

-------------------

A/N

ကိုယ်ရေးတာ ရှုပ်နေလားဟင်

ကျူးယင်ရဲ့ဇာတ်ကြောင်းက ကိုယ်တော့ ရိုးရှင်းတယ်ထင်တာပဲ ဒါပေမယ့် ဖတ်တဲ့သူဘက်ကဆိုရင် ရှုပ်နေမယ်ထင်တယ်

သွေ့ပုချိ

က်ဴးယင္ ေျမေခြးေလးရဲ႕ အေမႊးႏုႏုေတြကို လက္တစ္ဖက္က ပြတ္သပ္ရင္း က်န္တစ္ဖက္က အသာေပြ႕ထားလိုက္သည္။

လုရန္က သူ႕ေျခေထာက္ကိုပဲ အၾကည့္ေရာက္ေနတာမို႔ က်ဴးယင္မွာ ေျမေပၚေျခမခ်ရဲပါေခ်။ မေတာ္ လာေပြ႕ေနမွ ပန္းနိုင္ငံက နတ္ေတြျမင္ၿပီး သူအရွက္ကြဲေနလိမ့္မည္။

အကိုလ်န္ဒီကို ဘာလို႔မလာခ်င္လဲဆိုတာကို သူသေဘာေပါက္လာသလိုပဲ
ပန္းနိုင္ငံက လနတ္ဘုရားမရဲ႕ အပန္းေျဖေနရာမဟုတ္လား
ဒီေဆးခင္းကေရာ ဒီမွာရွိေနတာ ေသြးရိုးသားရိုးဟုတ္ရဲ႕လား

က်ဴးယင္ ေခါင္းရမ္းလိုက္ျဖစ္သည္။ သူ႕အကိုေတြရဲ႕အေၾကာင္းကို ေသခ်ာေလ့လာဖို႔လိုေနၿပီ။

အကိုႀကီးဆိုလည္း အကိုႀကီးမို႔၊ အကိုလတ္ဆိုလည္း အကိုလတ္မို႔ တစ္ေယာက္ကို ပုံျပင္တစ္ပုဒ္ဆီျဖစ္ေနၾကသည္။ အကိုငယ္ကေတာ့ တစ္ေယာက္ထဲ စိတ္ခ်ရေသးသည္။

လုရန္က တစ္ခ်ိန္လုံး က်ဴးယင္ေျခေထာက္ကိုစိုက္ၾကည့္ေနရာက ပူျပင္းတဲ့အၾကည့္စူးစူးကို အာ႐ုံခံမိလို႔ အၾကည့္ေ႐ႊ႕ေတာ့ သခင့္လက္ထဲက ေျမေခြးရဲ႕ စူးရဲေနတဲ့အၾကည့္ေတြကို ျမင္ရသည္။

နက္ေမွာင္ေနတဲ့မ်က္ဝန္းေတြေၾကာင့္ အေၾကာက္တရားဆိုတာ ဘာမွန္းမသိတဲ့လုရန္ပင္ တန႔္သြားရ၏။ မ်က္၀န္းေတြကားအစိမ္းရင့္ေရာင္သန္းကာ မည္းသည့္ဘက္သို႔ ေရာက္ေနသည္။

ဒီေျမေခြးက သာမန္ေျမေခြးမဟုတ္ဘူး

လုရန္မွာ အသိဥာဏ္သိပ္မ၇ွိေပမယ့္ က်ဴးယင္ရဲ႕မွတ္ဥာဏ္ေတြအတိုင္း သူဆက္ခံရထားတာမို႔ အရမ္းတုံးလြန္းေနတာမ်ိဳးေတာ့မဟုတ္ေပ။ က်ဴးယင္သိထားသမွ်ကို သူလည္းသိထားေပသည္။ သို႔ေသာ္မ်က္ဝန္းတစ္ခုလုံးနက္ေမွာင္ေနတတ္တဲ့ သတၱ၀ါမ်ိဳးကိုေတာ့ သူမသိေသး။

ဒီေျမေခြးက နတ္ဆိုးမ်ားျဖစ္ေနမလား

လုရန္ေခါင္းရမ္းလိုက္မိျပန္သည္။ နတ္ဆိုးေတြက အနီရဲရဲမ်က္ဝန္းနဲ႕ တခ်ိဳ႕က ျဖဴေဖြးေနတဲ့ မ်က္ဝန္းေတြပိုင္ဆိုင္ၾကျခင္း။

က်ဴးယင္ ေဆးခင္းကို လိုက္ၾကည့္ေနရင္း တစ္ေနရာေရာက္ေတာ့ သူ႕လက္ထဲက ေျမေခြးေလးက ခုန္ဆင္းသြားကာ ေရွ႕သို႔ ေျပးထြက္သြားတာကို ေတြ႕လိုက္ရသည္။

အေကာင္ေပါက္ေလးက ေနာက္ကိုလည္းလွည့္ၾကည့္ေသးကာ က်ဴးယင္မလိုက္လာမွာကို စိုးရိမ္ေနပုံရသည္ေပ။

က်ဴးယင္ သေဘာတက်ရယ္ေတာ့ ေလထဲတြင္ ပြင့္ဖက္တို႔ေဝကာ က်ဴးယင္ကို ေတာက္ပစြာ လွည့္ပတ္သည္။

ေျမေခြးေလးရဲ႕ မ်က္လုံးေတြ ေတာက္ပသြားကာ က်ဴးယင္ကိုသာ စူးၾကည့္ေနေတာ့သည္။

က်ဴးယင္ အနားေရာက္လာမွ မ်က္လုံးေလးဝိုင္းကာ ေရွ႕ဆက္ေျပး၏။

" ဘယ္ေခၚသြားမလို႔လဲ ေကာင္ေလး ဟင္"

သူ႕ေရွ႕တည့္တည့္က ျမင္ကြင္းကို က်ဴးယင္မ်က္လုံးေတြ ၀ိုင္းကာၾကည့္ေနမိသည္။

ေဆးခင္းရဲ႕အျပင္တြင္ ပန္းနိုင္ငံနဲ႕ဆက္ထားေပမယ့္ ထိုၾကားထဲက ေလထုတြင္ လႈပ္၇ွားမႈေတြရွိေနကာ ၀င္ေပါက္သ႑ာန္ေလွ်ာက္လမ္းက ေပၚေနေလသည္။

ေျမေခြးေလးက ထိုေလွ်ာက္လမ္းတြင္ ေဆာင့္ေၾကာင့္ေလးထိုင္ကာ သူ႕ကို လွမ္းၾကည့္ေန၏။ သူ႕ကိုအထဲဝင္ေစခ်င္သည္မွာ အေသအခ်ာ။

က်ဴးယင္ ေရွ႕ကိုတိုးေတာ့ လုရန္ကအရင္ ေျပးဝင္သည္။သို႔ေပမယ္ ခ်က္ခ်င္းပင္  ျပန္ကန္ထြက္လာသည္။

လုရန္က နာက်င္မႈကိုမသိတဲ့သူမို႔ မညည္းၫူတတ္လို႔သာ ေတာ္ေပရာ့သည္။ မဟုတ္၇င္ေတာ့ အခုလို တစ္ကိုယ္လုံး မည္းတူးကာ ေလာင္ကြၽမ္းရင္း ေညွာ္နံ႕တေထာင္းေထာင္းထတဲ့အထိ ဒဏ္ရာရေနမယ္ဆိုရင္ေတာ့ ငယ္သံပါေအာင္ေအာ္ေနခဲ့မွာ ေသခ်ာသည္။

အခုလုရန္က အရင္က အစိမ္းေကာင္ေလးဆိုတာကို က်ိန္ေျပာရမလိုေတာင္ျဖစ္ေနသည္။

က်ဴးယင္ လဲက်ေနတဲ့လုရန္အနားကပ္သြားဖို႔ လုပ္ေတာ့ ေလွ်ာက္လမ္းက ေျမေခြးေလးက ေျပးထြက္လာကာ သူ႕ပခုံးေပၚ ခုန္တက္သည္။ ေနာက္ တခြီးခြီးနဲ႕ မာန္ဖီလာပါ၏။

က်ဴးယင္ရယ္လိုက္သည္။

" ေကာင္ေလး မင္းက ငါနဲ႕အခုမွေတြ႕တာေနာ္။ "

ေျမေခြးေလးက လုရန္ကို သြားၿဖဲကာ သူ႕ရဲ႕ခြၽန္ထက္တဲ့အစြယ္ေတြကို ၿဖဲျပေနတာက ကိုယ္လုံးေသးေသးေလးနဲ႕မလိုက္ေပ။ မ်က္ႏွာေလးနီကာ ေဒါသထြက္ေနပုံက အေတာ္ပင္ ခ်စ္ဖို႔ေကာင္းလွ၏။ က်ဴးယင္ ေျမေခြးေလးကို ဆြဲညွစ္ခ်င္စိတ္ေတာင္ ေပါက္လာရသည္။

သူေျပာတာၾကားေတာ့ ေျမေခြးေလးက သူ႕ကို မ်က္လုံးေလးလဲ့ကာၾကည့္လာသည္။

မ်က္ႏွာေလးက မတရားခံရတဲ့ပုံေလးဆိုေတာ့ က်ဴးယင္ အသည္းယားလာရသည္။

သူ လုရန္ကိုေမ့ၿပီး ပခုံးေပၚက ေျမေခြးေလးကို သူ႕ရင္ခြင္ထဲ ဆင္းလာဖို႔ လက္ျပလိုက္ေတာ့ ခ်က္ခ်င္းပင္ ခုန္ဆင္းလာကာ ရင္ဘတ္ကို တိုးေဝွ႕ေနသည္။ သူ ခပ္တင္းတင္း ဖက္ထားလိုက္ျဖစ္သည္။

ဒီလိုေလထုကို ခြဲၿပီး အိမ္ေဆာက္နိုင္ကတည္းက ဒီေျမေခြးေလးက သာမန္မဟုတ္တာကို က်ဴးယင္လည္းသိသည္။

ေလွ်ာက္လမ္းရဲ႕အဆုံးကို သူျမင္နိုင္တာမို႔ အထဲက ေျမေခြးရဲ႕အိမ္မွန္းလည္း သိေပသည္။ ဒါေၾကာင့္သာ သူဝင္ရဲျခင္းပင္။ သို႔ေပမယ့္ လုရန္က စိုးရိမ္ၿပီးအရင္ဝင္တဲ့အခါမွာေတာ့ ေျမေခြးေလးက သေဘာမက်ျဖစ္ကာ ႏွင္ထုတ္လိုက္တာမို႔ ဒဏ္ရာရသြားရျခင္းပါေပ။

က်ဴးယင္ေျမေခြးေလးကို ခပ္ဖြဖြပြတ္သပ္ေပးရင္ ေခ်ာ့ျမဴရသည္။
" ေကာင္စုတ္ေလး ေဒါသမႀကီးရဘူးေလ လုရန္က ငါဖန္ဆင္းထားတဲ့ျမက္ပင္ေလးပဲ ။ မင္းသူ႕ကိုေဒါသထြက္ေနတာက သူ႕ကိုအသက္သြင္းေပးတဲ့ ငါ့ကို ေဒါသထြက္ေနတာနဲ႕ အတူတူပဲ "

က်ဴးယင္ လုရန္ကိုမၾကည့္ေပမယ့္ လုရန္ကေတာ့ သခင့္ကိုသာ မ်က္လုံးေတြေတာက္ပစြာ ၾကည့္ေနသည္။
သခင္က သူ႕ဘက္ကပဲ။

ေျမေခြးေလးရဲ႕ ေတာက္ပတဲ့မ်က္ဝန္းေတြထဲ အနက္ေရာင္အရည္လဲ့သြားတာကို မ်က္လုံးခ်င္းဆုံေနတဲ့ လုရန္သာ ျမင္နိုင္ေပရာ က်ဴးယင္ကေတာ့ သူျမင္ေနရတဲ့ေခါင္းေလးကိုသာ ပြတ္သပ္ေနရသည္။

ေျမေခြးေလးက ၿငိမ္က်သြားေတာ့ က်ဴးယင္ လက္ကိုေဝ့ရမ္းကာ လုရန္ရဲ႕ ဒဏ္ရာေတြကို ေပ်ာက္ေစလိုက္သည္။

သူက နတ္ဘုရားမျဖစ္ေသးေပမယ့္ နတ္ဘုရားအဆင့္ေအာက္က ဘယ္လိုအရာကိုမဆို ကုသေပးနိုင္ေနၿပီျဖစ္သည္။
ေသသူကိုေတာ့ ရွင္ေအာင္မလုပ္ေပးနိုင္ေသး၊ ထိုသို႔လုပ္နိုင္ဖို႔ကလည္း သူ နတ္ဘုရားျဖစ္မွသာ ျဖစ္ေပလိမ့္မည္။
စစ္ဝူရွဲ႕ကို ႏွစ္သိမ့္နိုင္ဖို႔နဲ႕ သီနတ္ဘုရားကို ျပန္အသက္သြင္းေပးနိုင္ဖို႔က သူနတ္ဘုရားျဖစ္မျဖစ္အေပၚ မူတည္ေနသည္။

က်ဴးယင္ေလွ်ာက္လမ္းထဲ ေျခခ်လိဳက္တဲ့အခါ ေလွ်ာက္လမ္းက အလင္းေရာင္ေတြေတာက္ပလာၿပီး ျပန္ပိတ္မည္ျပဳသည္။

က်ဴးယင္ ေခါင္းခါကာသာ ေျမေခြးေလးကို ငုံ႕ၾကည့္လိုက္ျဖစ္သည္။

ဒီေကာင္ေလးက လုရန္ကို လိုက္ဝင္ေစခ်င္ပုံမရေပ။

သူ လုရန္ကို အျပင္မွာေနၿပီး ပတ္ဝန္းက်င္ကို ေစာင့္ၾကည့္ဖို႔ ေစခိုင္းလိုက္ရေတာ့သည္။

လွိုဏ္ဂူေလးကား တိတ္ဆိတ္ကာ ေအးခ်မ္းမႈကို ခံစားရသည္။ ဒါက သူေရာက္လာလို႔ပဲလားမသိ။

အျပင္ကျမင္ခဲ့ရတုန္းက လွိုဏ္ဂူပုံက ေရွးဆန္ၿပီး အေမွာင္ဘက္သန္းေနေပမယ့္ အခုေတာ့ျဖင့္ လင္းခ်င္းကာ ေတာက္ပေနေပသည္။

ေျမေခြးေလးက ခုန္ဆင္းကာ ဂူထဲတြင္ ခုန္ေပါက္ေနကာ လွည့္ပတ္ေနသည္။ သေဘာက က်ဴးယင္ကို လိုက္ျပတဲ့ပုံ။

" မင္းရဲ႕ အိမ္လား"

" ၀ူဝူ၀ူ"
ေျမေခြးေလးက အသက္ပင္ျပည့္ေသးပုံမရ အသံေလးကလည္း ေသးေသးေလးသာျဖစ္သည္။

က်ဴးယင္ လွိုဏ္ဂူထဲ ေျခခ်လိဳက္တာနဲ႕ စြမ္းအင္လွိုင္းေတြျပန႔္ကာ ဂူတစ္ခုလုံးကို ဖုံးလႊမ္းသြားသည္။

က်ဴးယင္ လန႔္သြား၏။

ေျမေခြးဂူကို သူ႕အေငြ႕အသက္ေတြ လႊမ္းသြားတာက ေကာင္းမယ္မထင္ ၊

က်ဴးယင္ ေျခကိုယုတ္ကာ ေလထဲတြင္သာဝဲလိုက္ေတာ့ ေျမေခြးေလးက မ်က္ႏွာေလးမဲ့ၿပီး သူ႕ေျခေထာက္ကို လာကိုက္ဆြဲသည္။သူ႕ကိုေျခခ်ေစခ်င္သည့္ဟန္

သြားစြယ္က သူ႕ေျခေခ်ာင္းေတြကို ကိုက္မိသြားတဲ့အခိုက္ မနာေပမယ့္ က်ဴးယင္ တုန္ယင္သြားရကာ ေအာက္သို႔ ျပဳတ္က်ေတာ့သည္။

က်ဴးယင္က ေက်ာက္တုံးတစ္ခုေဘး လဲက်သြားတဲ့အထိ ေျမေခြးေလးက သူ႕ေျခေထာက္ကို အလြတ္မေပးေသးဘဲ ဆက္ကိုက္ထားသည္။

ခပ္စူးစူးျဖစ္ေနကာ ၾကက္သီးေတြထလာသည္က ဘာေၾကာင့္မွန္း က်ဴးယင္မသိေခ်။

က်ဴးယင္မ်က္ေမွာင္ကုတ္ကာ ေျမေခြးေလးကို ၾကည့္ေနမိသည္။

အေကာင္ေလးက အစာကိုကိုက္ထားတဲ့ပုံစံေလးနဲ႕ လက္သည္းေတြနဲ႕ပါ သူ႕ေျခေထာက္နားက အ၀တ္ကို ကုပ္ထားေသးသည္။

က်ဴးယင္ ရယ္လိုက္မိသည္။
" မင္း ဗိုက္ဆာေနလို႔လား လာ ဒီနားလာခဲ့ "

ေျမေခြးေလးက ဆြဲေဆာင္မႈရွိလြန္းတဲ့ ေျခေထာက္ကို လႊတ္ခ်င္ပုံမရဘဲ လွ်ာေလးနဲ႕ပါ လ်က္လိုက္ေသးေတာ့ က်ဴးယင္ တုန္သြားရျပန္သည္။

တစ္ခ်က္လ်က္ၾကည့္ၿပီးတာနဲ႕ အရသာကိုစြဲလန္းသြားပုံရတဲ့ ေျမေခြးေလးက ေျခဖ၀ါးေတြကို သိုင္းဖက္ၿပီး အဆက္မျပတ္လ်က္လာသည္။

" မင္း..."

က်ဴးယင္ မ်က္လုံးျပဴးကာ ေျခေထာက္ကို ဖယ္ေတာ့ လက္သည္းေတြနဲ႕ ဆြဲကုပ္မိသြားရာ ေသြးစတို႔ထြက္လာသည္။

တိုက္တိုက္ဆိုင္ဆိုင္ က်ဴးမ်ိဳးႏြယ္ေသြးအစား ယင္နတ္စြမ္းအားေတြျပည့္ဝတဲ့ အစိမ္းရင့္ေရာင္ေသြးတို႔သာ ထြက္က်လာရာ ေမႊးပ်ံ့တဲ့ရနံ႕က ဂူတစ္ခုလုံးကို ပ်ံ့ႏွံ႕သြားေတာ့သည္။

လက္သည္းရာက ေသြးစနည္းနည္းကိုသာ ထြက္ေစေပမယ့္ ယင္စြမ္းအားအရ ျပင္းထန္မႈကိုေတာ့ မေလ်ာ့ခ်နိဳင္ေပ။

က်ဴးယင္ လက္ကိုလႈပ္၇ွားကာ သူ႕ေသြးစက္ႏွစ္စက္ကို ေလထဲေျမာက္တက္ေစေတာ့ ေျမေခြးေလးက ေဒါသတႀကီးနဲ႕ ခုန္ကာ ၿမိဳခ်ပစ္၏။

က်ဴးယင္ မ်က္လုံးျပဴးသြားရၿပီ။

ယင္နတ္စြမ္းအားရဲ႕ ေၾကာက္ဖို႔ေကာင္းပုံကို သူအသိဆုံး၊ လုရန္ကိုေတာင္မွ ေသြးတစ္စက္နဲ႕ဖန္တီးၿပီး သူ႕ငယ္သားျဖစ္ေစခဲ့တာ၊ ေျမေခြးေလးသာ ေသာက္လိုက္ရင္ အသိစိတ္ေပ်ာက္ၿပီး သူ႕ ကြၽန္ ျဖစ္သြားမွာပင္။

က်ဴးယင္ လန႔္ၿပီး ေျမေခြးေလးကို ေကာက္ခ်ီကာ စစ္ေဆးလိုက္ေတာ့ မ်က္လုံးေတြ နက္ေမွာင္လာတာကလြဲၿပီးထူးျခားတာကို မေတြ႕ရေပ။ ဒါ့အျပင္ သူ႕စကားကိုလည္း မနာခံေခ်။

" မလႈပ္နဲ႕ေတာ့ မင္းၿငိမ္ၿငိမ္ေလးေနေတာ့"

ေျမေခြးေလးက သေဘာမက်တဲ့ပုံနဲ႕ ႐ုန္းကန္ေပမယ့္ သူ႕လက္ကိုေတာ့ လ်က္လိုက္ေသးရာ က်ဴးယင္တုန္ယင္သြားရျပန္သည္။

က်ဴးယင္ သူဘာေၾကာင့္ အထိမခံျဖစ္ေနလည္း မေတြးတတ္ေတာ့။

ေျမေခြးေလးက ငယ္ေသးေပမယ့္ လွ်ာကေတာ့ ၾကမ္းရႈသည္၊ သူ႕အသားကပဲ ႏုလြန္းလို႔လားမသိ ေျမေခြးေလးက တစ္ခ်က္လ်က္လိုက္တိုင္း သူ႕မွာ ၾကက္သီးေတြ ထရသည္။

က်ဴးယင္ ငုတ္တုပ္ေလးထိုင္ေနလ်က္သားနဲ႕ သူခံစားမိတာကို အေတြးဝင္ေနခ်ိန္မို႔ ေျမေခြးေလးကို ေသခ်ာအာ႐ုံမစိုက္မိေတာ့ေပ။

ေျမေခြးေလးကား က်ဴးယင္ကို ေက်ာခိုင္းလိုက္တာနဲ႕ သူ႕မ်က္ဝန္းေတြက လုံးဝကို မည္းနက္သြားကာ ေသြးေရာင္ပင္ ေဝ့လာေသးသည္။ အစိမ္းေရာင္အလင္းတို႔ကလည္း ​ေ၀့လာ၏။

သူ႕လက္သည္းေၾကာင့္ ေပါက္သြားတဲ့ ေျခဖ၀ါးကိုၾကည့္ရင္း မ်က္ဝန္းေတြက ပိုနက္ေမွာင္လာ၏။

သူက ေျခဖမိုးေလးကို အသာလ်က္ၿပီး ဖ၀ါးက ကုတ္ရာကိုပါ လွ်ာနဲ႕အသာလ်က္ေပးသည္။
သူ႕လွ်ာနဲ႕က်ဴးယင္ေျခဖ၀ါးကို ထိမိလိုက္တာနဲ႕ ခပ္မွိန္မွိန္အနက္ေရာင္အေငြ႕ေတြထြက္လာကာ ေသြးစို႔ဆဲအေပါက္ေလးထဲ ၀င္သြားသည္။ ေနာက္ တေျဖးေျဖးပိတ္သြားပါ၏။

ေျမေခြးေလးရဲ႕ မ်က္ဝန္းေတြက ေက်နပ္သေယာင္ၿပဳံးသြားသည္။

သို႔ေသာ္သူ႕မ်က္ဝန္းထဲက ဆာေလာင္မႈေတြက ပိုဆိုးလာခဲ့၏။

က်ဴးယင္အေတြးလြန္ေနစဥ္ ေျမေခြးေလးရဲ႕လွ်ာေၾကာင့္လန႔္သြားရာက ေျခဖ၀ါးကေန တစ္ခုခုစီးဝင္လာသလို ခံစားရမႈေၾကာင့္ တုန္ယင္လာေလသည္။

ေျခဖ၀ါးကေန ျပန႔္တက္လာတဲ့ ခံစားမႈတစ္ခုက က်ဴးယင္ကို တုန္ယင္ေစ၏။ သူ႕တစ္ကိုယ္လုံး ၾကက္သီးေတြထလာတဲ့အျပင္ ေသြးေတြပင္ဆူတက္လာသလို ခံစားလာရသည္။
က်ဴးယင္ အသက္ရႉသံေတြျမန္လာကာ ရင္ဘတ္က နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လာသည္။

နတ္ေတြက အသက္ရႉဖို႔ မလိုအပ္ဘူးလို႔ သူမေတြးနိုင္အား.. သူ႕ကိုယ္ရဲ႕ ေျပာင္းလဲမႈကိုပဲ အာ႐ုံစိုက္ေနျဖစ္သည္။

က်ဴးယင္ ထိုင္ဖို႔ပင္ အားမ၇ွိေတာ့ဘဲ ေက်ာက္တုံးတစ္ခုကို မွီထားလိုက္ရေတာ့သည္။
က်ဴးယင္ ေျမေခြးေလးကို မင္သက္စြာၾကည့္လိုက္မိတဲ့အခါ ေျမေခြးေလးရဲ႕ မ်က္ဝန္းေတြက နက္ေမွာင္ေနတာကို ေတြ႕ရသည္။

" မင္းက နတ္ဆိုးလား မင္းက မိစာၦလား မင္းက"

ေျမေခြးေလးက သူေျပာတာကို နားေထာင္ရင္း မ်က္ႏွာနားကို တစ္လွမ္းခ်င္းတိုးလာသည္။

က်ဴးယင္မွာ ေနာက္ဆုတ္ဖို႔ အားလည္းမက်န္ေတာ့ပါေပ။ သူ႕ကိုယ္တြင္းက ျပင္းထန္တဲ့ယင္စြမ္းအားက အားလွိုင္းတစ္ခုရဲ႕ ဖိႏွိပ္မႈကို ခံရသလိုမ်ိဳး သူ႕ကို စြမ္းအားမဲ့ေစသည္။

ေျမေခြးေလးရဲ႕ အေမႊးေတြက ႏွင္းလိုမ်ိဳးအျဖဴစြတ္စြတ္ျဖစ္ရာကေန တေျဖးေျဖး အေရာင္ေျပာင္းလာေနသည္။

ေတာက္ပလြန္းတဲ့ အစိမ္းရင့္ေရာင့္အျဖစ္ ေျပာင္းသြားတဲ့အခါမွာေတာ့ က်ဴးယင္ စိတ္လႈပ္၇ွားလာရသည္။

ဘာေၾကာင့္မွန္းမသိပါပဲ တစ္ဖက္ရဲ႕ အစိမ္းေရာင္အရွိန္အ၀ါက သူ႕ကိုစိတ္ေက်နပ္ေစသည္။ ထိုစြမ္းအားလွိုင္းကို ခံစားမိေန႐ုံနဲ႕ သူ႕ကိုယ္က သာယာလာသည္။

က်ဴးယင့္မ်က္ဝန္းေတြကလည္းစိမ္းဖန႔္ဖန႔္အေရာင္ကို ေျပာင္းသြားသည္။ သူက ေျမေခြးေလးကတစ္ဆင့္ ေျပာင္းလဲသြားတဲ့ တစ္စုံတစ္ေယာက္ကို ၿပဳံးျပလိုက္သည္။

-------------------

A/N

ကိုယ္ေရးတာ ရႈပ္ေနလားဟင္

က်ဴးယင္ရဲ႕ဇာတ္ေၾကာင္းက ကိုယ္ေတာ့ ရိုးရွင္းတယ္ထင္တာပဲ ဒါေပမယ့္ ဖတ္တဲ့သူဘက္ကဆိုရင္ ရႈပ္ေနမယ္ထင္တယ္

ေသြ႕ပုခ်ိ

Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
52.6K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း
444K 54K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
379K 46.8K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...