EXTRA 1.2

1.2K 165 3
                                    

သုံးလောကမှ ကင်းလွတ်သော တစ်နေရာ၊ အစိမ်းရောင် အလင်းစက်တွေအပြင် ဂူအပြည့် ပြည့်သိပ်နေသော မြူနက်တွေ ဖုံးလွှမ်းရာ နေရာတစ်ခု။

ကောင်းကင်ပြင်ကျယ် ကင်းစင်သော ဟင်းလင်ပြင်တွင် မြူနက်တွေက တိမ်သဖွယ်ဖြစ်ကာ အစိမ်းရောင် အလင်းစက်တွေက ကြယ်အဖြစ် တည်၇ှိသည်။ လေထုပင် ၀င်ရောက်ခွင့် မ၇ှိသော ထိုနယ်မြေသည် သက်၇ှိသက်မဲ့မည်သည် ကျူးယင်နှင့် သီသာလျှင် ရှိပေသည်။ ရှည်လျား မည်းနက်လှသည့် ဆံနွယ်တွေသည် ကျူးယင်ကို ရစ်ပတ်ထားခဲ့သည်မှာအောက်မှ အ၀တ်ကိုပင် မြင်နိုင်စွမ်း မ၇ှိတော့သည်အထိ ဖြစ်သည်။ အနက်ရောင် သွေးကြောတွေနှင့် အနီရောင် သန်းနေသည့် အသားအရည်ပိုင်၇ှင် သီဟာ သေဆုံးခြင်း နတ်ဘုရား တစ်ပါးအလား အလွန်အမင်း ခန့်ထည်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အ၇ှိန်အ၀ါကို တစ်ပြိုင်တည်း ထုတ်ဖော်နေလေသည်။

သီ၏ အနီအနက် မျက်ဝန်းတွေထဲတွင် ကျူးယင်၏ ပုံရိပ်က ထင်ဟပ်နေသည်။ ကျူးယင်ကလည်း သီ၏ ပုံစံကို ငေးရီနေသည်။ သူ၏ မျက်နှာ၇ှိ အပြုံးက ပို တောက်ပလာသည်။ သူ၏ မျက်တောင်ဖျားတွေက အလင်းတလက်လက်ဖြစ်နေကာ တစ်ချက်ခတ်တိုင်း အလင်းမွှားတွေ ပြန့်သည်။ ထိုသို့ တစ်ချက်ခတ်လိုက်လေတိုင်း သီ၏ အမြုတေခုန်နှုန်းက မြန်လာ၏။ သီကတော့ ကျူးယင်ကို မြိုချပစ်ချင်နေပြီ။

" အ၇ှင် အ၇ှင်က ရုတ်တရက် ကျွန်တော်မျိုးရဲ့ နန်းတော်ကို ရောက်လာပြီး အခုက ဘယ်ကိုများ ခေါ်လာတာပါလဲ။ ကျွန်တော်မျိုးကို အပိုင်းသိမ်းမလို့တော့ မဟုတ်ပါဘူးနော်"

ကျူးယင်၏ ကိုယ်ကို ဆံပင်တွေက ရစ်ပတ်ထားသည့်တိုင် သူကသာ လှုပ်၇ှားချင်လျှင် လွတ်နိုင်ပေသည်။ ယခုလည်း ထိုသို့ပင်။ သူ၏ လက်တစ်ဖက်က မြောက်တက်လာကာ သီ၏ ပါးပြင်ကို ထိကိုင်သည်။ ချောမွေ့ကာ သေသပ်လှသည့် မျက်နှာပိုင်၇ှင် သီဟာ သူ ပြစ်ချက်မ၇ှိ ထွင်းထုထားသည့် ပန်းပုရုပ်တစ်ခုနှင့် တူသည်။

ပါးတစ်ဖက်ကို လက်ဝါးနှင့် အုပ်ကိုင်ကာ အသာပွတ်သပ်လိုက်တော့ အပူမီးက သူ၏ ကိုယ်ထဲ စီးဝင်သည်။ ထိုအပူမီးဟာ မီးစွမ်းအင်တော့ဖြင့် မဟုတ်နိုင်ချေ။ ကျူးယင်၏ မျက်ဝန်းက အနည်းငယ် မှုန်မှိုင်းပြီးမှ အလင်းရောင်တွေ ပြန်လက်လာသည်။ သူ၏ လက်မက အငြိမ်မနေချေ။ မည်သူမဆို ထိုမျှ ခန့်ညားကာ ပြိုင်ဘက်ကင်းသည့် ရုပ်ရည်ပိုင်၇ှင် နတ်ဘုရားကို မြင်ခွင့်ရမည်ဆိုလျှင် သေချာပေါက် တစ်စုံတစ်ရာ လုပ်ချင်စိတ် ပေါက်လာရမည်ပေ။ ယခုလည်း အလားတူပေ။ ကျူးယင်ဟာ စနောက်ရန် ကြံရွယ်ထားသော်ငြား ကိုယ့်အတတ်ကိုယ်စူးကာ မရုန်းထွက်နိုင်တော့ချေ။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now