အပိုင်း ၈

2K 287 46
                                    

ကျူးယင့်လည်ပင်လေးရဲ့ နူးညံ့မှုက နတ်ဘုရားတစ်ပါးကိုတောင် ထိန်းချုပ်မှုလွတ်ကင်းမတတ်ဖြစ်စေသည်။

ရှန့်ယန်ခမျာ မျက်လုံးတွေ နက်မှောင်လို့ သွေးကြောတွေပင် ထောင်ထကာ စိမ်းတက်လာတဲ့အထိ ပြင်းပြင်းထန်ထန် ထိန်းချုပ်နေရ၏။ တစ်ဖက်သူက လောကအစကတည်းက သူစောင့်မျှော်နေခဲ့ရသူမို့ အခုလို ကိုင်တွယ်ပွေ့ဖက်ခွင့်ရနေတာနဲ့တင် ပီတိအဟုန်က လောင်မြိုက်သည်။ သူတော့ ကျူးယင်ကြောင့် ရူးတော့မယ်ထင်ပါရဲ့။

" ရှန့်ယန် မ.. ကိုက် နဲ့..နဲ့လေ"

စိတ်ထိန်းနိုင်တော့မယ့် ရှန့်ယန်မှာ ကျူးယင်၏ ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့ ခပ်တိုးတိုးပြောသံကြောင့် ယန်သွေးတို့ ဆူပွက်လာမှုကို မထိန်းနိုင်ဖြစ်ရသည်။

ရှန့်ယန် လုပ်လက်စကိုရပ်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းရင်း ယန်သွေးတို့ကို ဖိနှိပ်ရသည်။ ဆိုးသည်က သည်ကိုယ်တွင် ယန်စွမ်းအားတစ်မျိုးတည်းသာ ရှိနေခြင်းပင်၊ ထို့ကြောင့် စွမ်းအားတို့ကို အလုံးစုံဖိနှိပ်ခြင်းဌာ မစွမ်းနိုင်ပေ။ ဒါ့အပြင် စိတ်ဆန္ဒကြီးမားသည့် မြေခွေးဘ၀ကို သူကရောက်နေသေးသည်၊ သူ့ကိုယ်အမှန်နဲ့လည်း ဟုတ်မနေသေး။

ရှန့်ယန် အသက်ရှူခြင်းကိုရပ်ကာ သူ၏ အာရုံခံနိုင်စွမ်းတို့ကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချလိုက်သည်။

ကျူးယင်ကတော့ ရှန့်ယန်၏ ပွေ့ဖက်မှုတွေကြား ထွန့်ထွန့်ထူးနေရင်းက ခေါင်းမော့ကြည့်လိုက်မိသည်။

ကျူးယင် မျက်လုံးပြူးသွားပါ၏။

ရှန့်ယန်၏ အစိမ်းရင့်ရောင်ပြည့်ကာ နက်စွေးနေသည့် မျက်ဝန်းဗလာက သူ့ကို ကြောက်ရွံ့လာစေသည်။ တစ်ပြိုင်နက်ထဲမှာပဲ စိတ်လှုပ်ရှားလာစေ၏။
ထိုမျက်ဝန်းတို့အထက်၇ှိ ထူထဲသည့်မျက်ခုံးစိမ်းတွေက စုကျုံ့ကာတစ်စုံတစ်ရာကို ချုပ်တည်းနေပုံပေါက်သည်။ မျက်ခမ်းစပ်မှ သွေးကြောတွေပါ နက်စွေးလာသည့်အခါ ရှန့်ယန်ကိုကြည့်နေသည့် ကျူးယင်ပင် အစိမ်းနုပြည့်သည့် ဗလာမျက်ဝန်းကို ပြောင်းသွားသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now