အပိုင်း၇

1.7K 273 18
                                    

A/N

မဆိုစလောက်လေး warning

------------------------------

" အလှလေး"

အနက်ရောင်ဘက်သန်းနေသည့် အစိမ်းရင့်ရင့်မြူထုက မြေခွေးလေးကို ဖုံးလွှမ်းထားရင်း ကြီးမားသည့်ပုံ၇ိပ်အဖြစ်ကို ပြောင်းသွားစေသည်။

မြူထု ပျောက်ကွယ်သွားချိန်တွင် ခန့်ညားကာ ဆွဲဆောင်မှုရှိလွန်းသည့် တစ်စုံတစ်ယောက်သာ ကျန်ရစ်တော့သည်။

ထိုသူက သူ့ကိုကြည့်ကာ သူမကြိုက်သည့် စကားကိုဆိုလာသည်။

ကျူးယင်သည်လည်း ယင်စွမ်းအားတို့ တဟုန်ထိုး ထကြွလာသည်မို့ သူ့ဆံနွယ်တို့က အစိမ်းနုရောင်ဖြစ်နေကာ မျက်ဝန်းတို့ကလည်း စိမ်းဖန့်ဖန့်အရောင်ပြောင်းနေလေပြီ။ သူ့ကိုယ်ပေါ်မှ အ၀တ်တို့သည်ပင် အမျိုးမျိုးသော အစိမ်းရောင်တို့အဖြစ် ပြောင်းကုန်သည်။ သူ့မျက်တောင်ဖျားတို့ကအစ အစိမ်းရင့်ရောင်သန်းနေကာ သူ့ကိုပိုလိုသာ လှပမှုပေးသည်။

ယခင် ကျူးယင်ပုံက အလွန်လှသည်ဆိုလျှင် ယခုကျူးယင်ပုံက အလွန်လှသည်ထက် အလွန့်အလွန်ကို လှပေသည်။ သူ့လက်၇ှိရုပ်ရည်ကိုမြင်လျှင် နတ်ဘုရားတို့ပင် ရူးသွပ်သွားစေနိုင်သည်။

ကျူးယင်က သူ့ပြောင်းလဲမှုကို သတိပြုမိပုံမရဘဲ သူ့ေ၇ှ့မှ သူကိုသာ တောက်ပသည့်မျက်ဝန်းတို့ဖြင့် ကြည့်နေသည်။

တစ်ဖက်မှ ပထမဆုံးဆိုလာသည့် စကားကို မကြိုက်ပေမယ့်လို့ပေါ့။

" ခင်များ ကျွန်တော့်ကို မမှတ်မိဘူးပဲ"

ကျူးယင် မျက်ခုံးတွေကြုံ့သွားသည်။

ထိုသူကား သီပင်ဖြစ်သည်။ သီမှန်းမသိသည့်သီ။

သီ၏ ဆံပင်ရဲရဲတို့က ယခုအခါတွင် အနက်ဘက်သန်းသည့် အစိမ်းရင့်ရောင်ဖြစ်နေသည်။ အလွန်ဆွဲဆောင်မှုရှိသည့် မျက်ဝန်းနီနီတို့က နက်မှောင်နေသည့်တိုင် ယခင်အတိုင်း စူးရဲနေဆဲပင်။ ယခင်လို သူ့ကို နားလည်သလို၊ နားမလည်သလို မပြုမူတော့ဘဲ အခြားတစ်ယောက် လုံးဝပြောင်းသွားသည့်အလား သူ့ကိုယ်ကို ပိုင်စိုးပိုင်နင်း အုပ်မိုးလို့လာသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now