အပိုင်း ၂၂

1.4K 186 17
                                    

သုံးလောကတွင် ယင်နတ်ဘုရားမှ တပည့်လက်ခံမည်ဟူသည့် သတင်းက ပြန့်နှံ့နေလေသည်။ နတ်ဘုရား အဆင့်အောက်၇ှိ လူလွတ်တိုင်း အစစ်ဆေးခံရန် တာဆူနေကြသည်။ အားလုံးတိုင်း နေ့ရက်၊ နေရာနှင့် အချိန်ကို သိချင်နေကြလေသည်။

ရေနန်းတော်ကို တင်းကျပ်သည့် အကာအကွယ်လွှာ အပြည့်ချထားသည့်တိုင် ရှန့်ယန်ကဲ့သို့ အရှင်သခင် နတ်ဘုရားကြီးနှင့် သီကဲ့သို့ လောကအ၇ှင်ဟာ အသာအယာ ၀င်ထွက်နိုင်စွမ်း ရှိလေသည်။ အထပ်ထပ် ချထားသည့် အကာအကွယ်လွှာအား အနက်ရောင် အရိပ်တစ်ခုက ဖြတ်သန်းသွားသည့်အခါ ရေနန်းတော်တွင်း၇ှိ မည်သူမှ မသိလိုက်ကြချေ။ ထိုအရိပ်ဟာ ရေနန်းတော်အနှံ့သွားလာလေသည်။ ထိုအရိပ်သည် တစ်စုံတစ်ရာကို ရှာချင်နေဟန်ရသော်လည်း တွေ့သွားခဲ့ဟန် မတူပေ။ တခဏအကြာ ထိုအရိပ်လည်း ပျောက်ကွယ်သွားတော့သည်။

ပန်းမြို့တော်နှင့် ရေနန်းတော် စပ်ကြားနေရာတွင် ခမ်းနားလှသည့် နန်းတော်ကြီး တစ်ခုတည်ရှိသည်။ ထိုနန်းတော်သည် နန်းတော်ရှင် သဘောအတိုင်း ကွယ်ပျောက်နိုင်စွမ်း ရှိသည်။ ထိုနန်းတော်က မည်သည့်အချိန်ကတည်းက ရှိနေခဲ့ကြောင်း ထိုနယ်မြေရှိ နတ်တွေပင် မသိခဲ့ကြချေ။ သို့သော် သည်နေ့တွင်တော့ ရုတ်တရက် လေထဲတွင် တွဲလျောင်း အနေအထားဖြင့် ထွက်ပေါ်လာလေသည်။ ထို့ကြောင့် ထိုနယ်မြေ၇ှိ နတ်တွေလည်း အလန့်တကြားဖြစ်လေတော့သည်။ သိပ်မကြာခင် အချိန်တွင်ပင် သုံးလောကတွင် ကောလဟာလ ပြန့်လာသည်။ ယင်နတ်ဘုရားသည် ရေနန်းတော်တွင် မနေတော့လေဘဲ ကိုယ်ပိုင် နယ်မြေဖန်ဆင်းကာ နေသည်ဟုပင်။ တစ်ဆက်တည်းမှာပင် သည်နေ့ တစ်နေ့လုံး တပည့် လက်ခံပေးမည့်အကြောင်း သတင်းထွက်လာသည်။ ထို့ကြောင့် နတ်တိုင်း ထိုနေရာသို့ အပြေးအလွှား သွားနေလေတော့သည်။

သုံးလောကတွင် သတင်းပြန့်ချင်သည့်အခါ နတ်ဌက်ငယ်လေးတွေကိုသာ ကြားစေလိုက်၇ုံဖြင့် အချိန်တိုအတွင်း ပြန့်နှံ့သွားပေလိမ့်မည်။ ယခုလည်း ထိုနည်းတူပင်။ နန်းတော်ဝန်းကျင်တွင် ပျံဝဲနေသည့် နတ်ဌက်တွေကို ကြည့်ကာ ကျူးယင် ပြုံးလိုက်သည်။ သူ သည်နေ့တော့ မျက်နှာကို ကွယ်ထားရလောက်သည်။ လာကြမည့်နတ်တွေက နတ်ဘုရား အောက်အဆင့်တွေသာ ဖြစ်သဖြင့် အကာအကွယ်လွှာနှင့်တင် လုံလောက်ပေသည်။ ရုတ်တရက် လှုပ်ခတ်လာသည့် လက်သန်းကြွယ်ကြောင့်သာ မဟုတ်လျှင် သူလည်း သည်နေ့ချက်ချင်း စီစဉ်လိုက်ရမည် မဟုတ်ပေ။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now