အပိုင်း ၉

1.9K 287 18
                                    

 ပါးပြင်ကို နူးညံ့စွာ ထိတွေ့နေသည့် ခံစားချက်နှင့် သူ့ကိုလွှမ်းခြုံထားသည့် ပြင်းရှသည့် အပူငွေ့တို့ကြောင့် ကျူးယင် လန့်နိုးလာရသည်။

သူ မျက်လုံးမဖွင့်နိုင်ခင်မှာ နားထောင်ကောင်းလွန်းတဲ့ ရယ်သံကို ကြားရသည်။

" ရှန့်ယန်"

မျက်လုံးပင် မပွင့်သေးတာတောင်မှ သူ့ကိုသာ အရင်ခေါ်လာတော့ ရှန့်ယန်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားရပြီ။

သူက ကျူးယင်ကို ရှားပါးလွန်းတဲ့ ရတနာတစ်ပါးကို ထိတွေ့သလို တယုတယကိုင်တွယ်ကာ သူ့ပေါင်ပေါ် ဆွဲတင်လိုက်သည်။

ကျူးယင်က အလိုက်သင့်လေး သူ့လည်ပင်းကို သိုင်းဖက်လာသည်။

မှိန်းနေသေးပုံရတဲ့ ကောင်လေးက မျက်မှောင်တွေလည်း ကြုံ့ထားသေးသည်။ ကြည့်ရသည်ကတော့ တစ်ခုခုကို တွေးတောနေပုံပင်။

ရုတ်တရက် ကျူးယင် ရုန်းလာကာ သူ့ကိုအဝေးသို့ တွန်းသည်။ ရှန့်ယန့်ရဲ့ မျက်မှောင်တို့ စုကြုံ့ကာ မျက်ဝန်းတို့ မည်းမတတ် ဖြစ်လာသည်။

" ခင်များ မနေ့က ယုတ်မာတာ"

ကျူးယင်ရဲ့ တိုးလျတဲ့ လေသံလေးက ကောင်းကင်နန်းတော်မှ တေးဆိုနတ်သမီးတို့ အားစိုက် သီကျူးနေသည်ထက်ပင် သာယာသေးသည်။ ရှန့်ယန်ရဲ့ မျက်မှောင်တို့ ပြေရပြီ။

ကောင်းကင်ရှိတစ်စင်းထဲသော လမင်းလို အလင်းတို့တောက်ပကာ အလှတို့လျှံထွက်နေသည့်မျက်နှာလေးက သူ့ကို မကြည်သလို ကြည့်လာသည်။

ဒါက သူ့ရဲ့ အစွမ်းကုန်ဒေါသတို့ ထုတ်ဖော်ထားတဲ့ပုံပေါ့.... ဟုတ်လား

ရှန့်ယန်ရဲ့ မျက်လုံးထဲမှာတော့ သူ့ရဲ့အချစ်ကို စိန်ခေါ်နေသလိုသာ ခံစားရသည်။

ကျူးယင်ခမျာ တစ်ဖက်ကိုယ်မှ အရှိန်အဝါတို့ ကြမ်းတမ်းလာသည်ကို ခံစားမိလိုက်တော့ ကျောက်သားကုတင်ပေါ်မှ ထကာ ခပ်လှမ်းလှမ်းကို ပြေးလိုက်သည်။

သို့ပါသော်လည်း ရှန့်ယန်က လက်သည်းကြွယ်ကို တစ်ချက်လှုပ်ရုံနဲ့ ကျူးယင်လက်မှ လက်သန်းကြွယ်ကလည်း တုန့်ပြန်ကာ အလိုလို ရှန့်ယန်ပေါ် ပြန်ရောက်ရသည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now