အပိုင်း ၁၃

1K 160 9
                                    

ZAWGYI

ရှန့်ယန်က လောကကို ဖန်ဆင်းသည့် နတ်ဘုရားလို့ ဆိုရမည်ဆိုလျှင် သီကို သုံးလောကရဲ့ ဦးဆုံး နတ်ဘုရားတစ်ပါးလို့ သုံးနှုန်းရမည်ပေ။ ထိုကဲ့သို့သော နတ်ဘုရားကြီးတွေရဲ့ စိတ်ဝိဥာဉ်က သံသယရှိစရာ မလိုလောက်အောင် ကြောက်မက်ဖွယ် စိတ်အင်အားတို့ကို သယ်ဆောင်ထားသည်ပေ။ ကျူးယင်က စိတ်ဝိဥာဉ်သာ အဆင့်တက်သေးတဲ့ ယင်နတ်ဘုရားဖြစ်သည်။ သူ့စိတ်ဝိဥာဉ်ရဲ့ နတ်ဘုရားအဆင့်က ရက်ပိုင်းသာ ရှိသေးပေ၏။ ထို့ကြောင့် ထိုနတ်ဘုရားစစ်ကြီးတွေ၏ စိတ်ဝိဥာဉ်ကို ပေါင်းစည်းစေရန် ကြိုးစားရသည်က ခက်ခဲလို့နေတော့သည်။

ကျူးယင် သူ့ေ၇ှ့ရှိ မြင်ကွင်းကို မျက်မှောင်ကြုတ်ရင်း ကြည့်နေခဲ့သည်။ သူ့စိတ်ထဲ စိုးရိမ်မှုတို့သာ ပြည့်နေခဲ့၏။ တစ်ယောက်ရဲ့ စိတ်ဝိဥာဉ်ကိုသာ ကယ်ရပါက အခြေအနေက ကောင်းနိုင်သေးသည်၊ သို့သော် လက်၇ှိက ရှန့်ယန်နဲ့ သီဆိုသည့် နတ်ဘုရား နှစ်ပါးရဲ့ စိတ်ဝိဥာဉ်ဖြစ်နေခဲ့၏။ သူ တစ်ယောက်မှကို အဆုံးရှုံးမခံနိုင်ပေ။ သို့သော် သူ့ရဲ့လက်၇ှိအင်အားနဲ့လည်း ကယ်တင်နိုင်ခြင်း ရှိမနေခဲ့။ ရုတ်တရက် ကျူးယင် အကြံတစ်ခု ရလာသည်။

ကျူးယင့်ကိုယ်ထဲမှ အစိမ်းရင့်ရောင် အလင်းစက်တွေ ထိုးထွက်လာခဲ့ကာ သူ့အား စက်ဝိုင်းပုံ လှည့်ပတ်သည်။ ထိုအလင်းရောင်က ရေနန်းတော်တစ်ခုလုံးအား ထင်းချင်းသွားစေ၏။ ထိုအလင်းစက်တွေကို လက်ဟန်နှင့် လမ်းညွှန်ကာ တိုက်ခိုက်နေသည့် စိတ်ဝိဥာဉ်နှစ်ခုထံ စေလွှတ်လိုက်သည်။ထိုစိတ်ဝိဥာဉ်နှစ်ခုအား  အစိမ်းရင့်ရောင့် အလင်းစက်တွေ ထိလိုက်မိသည်နှင့် ကျူးယင့် နှုတ်ခမ်းထောင့်မှ သွေးတွေ စီးကျလာတော့သည်။ စိမ်းရင့်နေသည့် ထိုသွေးတွေက သူ့ရဲ့ယင်နှလုံးသွေးဖြစ်ကြောင်း သက်သေပြနေခဲ့ပေသည်။

တစ်ခါမှ ထိုမျှ နာကျင်သည့် ဒဏ်ကို မခံဖူးလေတော့ ကျူးယင် နှုတ်ခမ်းကို ဖိကိုက်ကာ မနည်းအားတင်းရတော့သည်။ သူ ရှန့်ယန်နှင့် သီကို အဆုံးရှုံးမခံနိုင်ပေ။ သူ ချစ်တဲ့သူကို သူ ဘယ်တော့မှ အဆုံးရှုံးခံမည် မဟုတ်၊ ဘယ်လိုနည်းနဲ့မဆို ရအောင် ကယ်မည်ဖြစ်သည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now