H Y U N G

Autorstwa aHMUE-61

326K 35.7K 2.7K

ငယ္ငယ္ကတည္းက hyung လို႔ေခၚကာ အျမဲေနာက္ကတေကာက္ေကာက္ လိုက္ေနခဲ့တဲ့ ​ေကာင္ေလးက ႀကီးတဲ့ထိ မေျပာင္းလဲခဲ့~ ငယ်ငယ်ကတ... Więcej

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 38.2
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
CHANYEOL (Z)
ATTENTION !!
Book Announcement

Part 51

6.4K 702 131
Autorstwa aHMUE-61

Unicode

ကားပေါ်တက်သည့်အချိန်တွင် Baekhyun နှုတ်ခမ်းတစ်ခုလုံး ဖူးယောင်ကာထုံကျဥ်နေပြီဖြစ်သော်ငြား chanyeol သည်ကား ခုဏလေးတင်မှ စိတ်ဆိုးစိတ်ကောက်နေသည့် မျက်နှာပေးနှင့် ကွဲလွဲစွာပင် သွားကြီးတဖြီးဖြီးနှင့် မြင်မကောင်း။ ဤကြားထဲ ထိုင်ခုံခါးပက်ပတ်နေရင်း မပြီးနိုင်မစီးနိုင် ဆက်ရန်ရှိနေသေးသည်မို့ အတင်းအကျပ် တွန်းထုတ်လိုက်ရသေးသည်။ ယခုလည်း ကားမောင်းသူနေရာတွင် ဝင်ထိုင်သည်အထိ မျက်နှာပိုးမသေသေး။ baekhyun နှုတ်ခမ်းစူပုတ်နေသည်ဟုထင်ရသော်ငြား chanyeol ဒဏ်ကြောင့် ဖူးယောင်နေခြင်းသာ။ မျက်မှောင်အဆုံးစွန်ထိ အတင်းကြုတ်ထားသော်ငြား နားရွက်တွေပါးတွေ နီရဲနေသည်ကိုတော့ ဖုံးကွယ်၍မရ။

"hyung အိမ်ကိုလိုက်ပို့ပေးရမှာလား ကျွန်တော့်အိမ်ဘဲလိုက်ပို့ပေးရမှာလား.."

ပြုံးပျော်စွာမေးလာသော chanyeol စကားကြောင့် baekhyun စဥ်းစားမိသွားသည်။ ဒီနေ့ပိတ်ရက်ပေမို့ မားဆိုင်ဖွင့်လောက်မည်မဟုတ်။ baekhyun ကိုအလွယ်တကူ ထွက်သွားခွင့်ပေးလိုက်ကတည်းက ဆေးရုံတွင်သာ မားတစ်နေကုန်ရှိမည့်ပုံပင်။

"ငါဒီနေ့အားတယ်..."

ပြောလိုက်သော်ငြား ခပ်တိုးတိုး။ chanyeol ပို၍ပင် ပြုံးပြုံးပျော်ပျော်ဖြစ်သွားသည်ကို မျက်စိထောင့်ကမြင်လိုက်ရသည်။

"ဒါဆိုကျွန်တော့်အိမ်ဘဲ သွားကြတာပေါ့!"

Baekhyun သက်ပြင်းခပ်တိုးတိုး ချလိုက်မိပြီးမှ ရုတ်တရက် သတိတရမေးလိုက်သည်။

"မား..... ဘာတွေပြောလိုက်တာလဲ.."

chanyeol ခါးပတ်ပတ်နေရင်း တစ်ချက်လှည့်ကြည့်၏။ baekhyun ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ်စိုးရိမ်မိသော်ငြား chanyeol မျက်နှာအမူအရာ ကြည်လင်နေ၍ စိတ်အေးသက်ပြင်းတော့ ချမိသည်။

"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး.."

အပြောအတိုင်း ဘာမျှမဟုတ်သည့်အလား ကားစက်နှိုးနေသော chanyeol ကြောင့် baekhyun မျက်မှောင်ပိုကြုတ်သွားသည်။ ထွေထွေထူးထူးမဟုတ်ဘဲ မားကစကားခေါ်ပြောမည်တဲ့လား။

"သေချာလို့လား..."

သံသယဖြစ်စွာမေးသည့်စကားကြောင့် chanyeol ချက်ချင်းပြန်ဖြေပေး၏။

"တကယ်ဘာမှမဟုတ်ပါဘူး hyung ရဲ့.."

ပြောနေရင်းဖြင့် အနည်းငယ်တွေဝေသွားသည်မို့ baekhyun စိတ်မောသွားသည်။ အချိန်နှစ်စက္ကန့်စာလောက်အေးခဲပြီးမှ chanyeol ချက်ချင်းပင် အမူအရာပြန်ပြင်ကာဆို၏။

"ဘာမှမဖြစ်ဘူး hyung.., ကျွန်တော့်ပေါ်ဘဲမူတည်တာမို့ hyung ဘာမှစိတ်ပူနေစရာမလိုဘူး.."

မျက်လုံးတွေမှေးမှိတ်သွားသည်အထိ ပြုံးပြကာပြောလာသော chanyeol က လက်တစ်ဖက်ကိုလည်း ခေါင်းပေါ်တင်ကာဆံပင်ကို ဆွဲဖွလာ၏။

ဖြောင်း

ခေါင်းပေါ်မှလက်ကို မကြိုက်သည့်အလား မျက်မှောင်ကြုတ်ကာ ရိုက်ချလိုက်ပြီးသည်နှင့် ဟောက်လိုက်၏။

"ငါမင်းထက်အကြီးနော်! ခေါင်းကိုလာမကိုင်နဲ့.."

chanyeol မျက်နှာအီလည်လည်ကြားမှ ခေါင်းညိတ်ပြရရှာသည်။ အားမပြင်းသော်ငြား အလွန်တရာမှ နာကျင်သွားဟန် မျက်နှာရှုံ့မဲ့ပြနေသော chanyeol ကြောင့် ထိုလက်တစ်ဖက်ကို ခပ်မြန်မြန်ဆွဲယူကာ ပွတ်ပေးမိလိုက်သည်။ အမြင်ကပ်ကပ်နှင့်မို့ အားပါကာ အသားပင်နီရဲသွားမည်ထင်၏။

"အား...! အာ! hyung ! ပိုနာသွားပြီဗျ!"

ထိုအခါမှ baekhyun မျက်စောင်းတစ်ချက်နှင့်ရပ်လိုက်သည်။ နီရဲသွားသောလက်ကိုတော့ပြန်မလွှတ်သေးဘဲ ပေါင်ပေါ်တင်ထားစေလိုက်သည်။ chanyeol လည်း အနည်းငယ်လောက်ပင် မရုန်းဘဲ ကျန်တစ်ဖက်တည်းနှင့် ကားပါကင်မှရအောင်ထွက်ကာ မောင်း၏။ အပြင်ကိုကြည့်နေရင်းမှ သတိရစွာပင် ပေါင်ပေါ်တင်ထားသော လက်ဖမိုးတို့ကို ကြည့်မိတော့ baekhyun ပရောဂကြောင့် နီရဲနေ၏။ လက်မနှစ်ဖက်နှင့် သေချာတယုတယပြန်ကိုင်ကာ ပွတ်သပ်ပေးမိတော့ chanyeol လက်အကြောတစ်ချို့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို သတိပြုမိသည်။ ကားမောင်းသည့်အပေါ် အာရုံစိုက်ထားရသည်မို့ baekhyun ဘက်လှည့်မကြည့်နိုင်။ စိတ်ညစ်ညစ်တစ်ခုက ဝင်လာ၏။ လက်ဖမိုးအကြီးကြီးအား baekhyun လက်နှစ်ဖက်နှင့် ဆွဲမကာ မျက်နှာနားကပ်ယူလိုက်သည်။ လက်ဖမိုးကို ပါးပေါ်တင်ကာ ကြောင်တွေကဲ့သို့ ပွတ်သပ်မိတော့ chanyeol တစ်ချက်တွန့်ကာအလန့်တကြားဆို၏။

"hyung!"

baekhyun ပါးပြင်နှင့်ပွတ်ကာ မျက်လုံးမှိတ်ဇိမ်ယူနေရင်းမှ chanyeol အသံကြောင့်ခပ်ဖြေးဖြေးဖွင့်ကြည့်လိုက်သည်။ baekhyun ၏ ရီဝေဝေအကြည့်နှင့် ဆုံသည်နှင့် chanyeol သက်ပြင်းအကျယ်ကြီး တစ်ချက်ချကာ ခပ်ရှရှဆို၏။

"တမင်လုပ်နေတာဘဲ hyung..!"

baekhyun အနည်းငယ်ပြုံးယောင်သမ်းသွားသည်။ သိရင်ဘာလို့ပြောနေသေးလဲ။ ကားမောင်းနေသော အခြေအနေကိုအခွင့်ကောင်းဟူ၍ရသောကြောင့် တမင်လုပ်ရဲခြင်းလည်းပါသည်။ မျက်လုံးခပ်မှေးမှေးကိုပြန်မှိတ်ကာ ပါးပြင်ကိုထိကပ်ထားသော လက်ကိုနှုတ်ခမ်းနားဆွဲကပ်လိုက်သည်။ နမ်းလိုက်ခြင်းတော့မဟုတ်သော်ငြား ထပ်ခါတလဲလဲ နှုတ်ခမ်းပေါ်ဆွဲဖိပွတ်သပ်နေခြင်းကြောင့် chanyeol ထံမှ သက်ပြင်းချသံခဏခဏကို ကျယ်လောင်စွာကြားနေရသည်။ baekhyun နှုတ်ခမ်းတွင်ကပ်ထားသော လက်ကိုကိုင်ကာ ပါးမို့များမို့တက်လာသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ chanyeol ကိုစရသည်မှာ ပျော်စရာကောင်းလွန်းသည်ပင်။

"Hyung ဒီနေ့တော်တော်ပျော်နေတာဘဲ.."

သက်ပြင်းသံများကြားမှ မပီမသပြောသော စကား​ကို baekhyun သက်သေပြလိုက်သည့်အလား နှုတ်ခမ်းနားရှိ chanyeol လက်ကို ဆွဲကိုက်ချလိုက်၏။

"အာ့ hyung!"

တစ်ချက်သာ။ ချက်ချင်းပြန်လွှတ်ရင်း သဘောကျစွာရယ်ပြီးမှ ကိုက်လိုက်မိသည့်နေရာကို ခပ်ဖွဖွပွတ်ပေးမိသည်။ သေချာပြန်ကြည့်မိတော့ သွားရာအကွင်းလိုက်က လက်ညိုးအလယ်တစ်လျှောက် ကျန်ခဲ့၏။ chanyeol သက်ပြင်းချပြန်သည်။

"hyung ပျော်တာပြဿနာမရှိပေမယ့် ဒီလိုပုံနဲ့ဆိုကားပေါ်ကဆင်းတာနဲ့ hyung အခက်တွေ့လိမ့်မယ်နော်.."

တစ်ချက်လှည့်ကြည့်ကာ ခပ်ပြုံးပြုံးဆိုသော chanyeol စကားကြောင့် baekhyun ပြုံးပျော်နေသည်တွေပင် တို့လို့တန်းလန်းရပ်တန့်ကုန်၏။ ရေနွေးနှင့်အပက်ခံလိုက်ရသကဲ့သို့ ရဲတက်လာသော မျက်နှာကိုမဖုံးလိုက်နိုင်။ သေချာအပီအပြင် ဆုပ်ကိုင်ထားသော chanyeol လက်ကို ချက်ချင်းပစ်ချမိကာ အပြင်ဘက်ကို မျက်နှာလွှဲလိုက်သည်။ chanyeol ထံမှ ရယ်သံခပ်ရှရှထွက်လာ၏။

ရုတ်တရက်။
ပေါင်ပေါ်ကိုပစ်ချမိလိုက်သော လက်သည် အငြိမ်မနေဘဲ အနည်းငယ်ကျူးကျူးကျော်ကျော်ဖြစ်လာသည်မို့ အလန့်တဖြတ် ရိုက်ထုတ်မိပြန်၏။ chanyeol နာကျင်ဟန်တော့မပြသော်ငြား baekhyun ကို အဓိပ္ပာယ်ပါပါ ပြုံးကြည့်၏။ baekhyun ကြက်သီးတွေထသွားသလိုပင်။ ခပ်မြန်မြန်အကြည့်လွှဲကာ အပြင်ဘက်က မြူအုံ့ဆိုင်းနေသောရာသီဥတု မြင်ကွင်းကိုသာ အကြည့်ပို့လိုက်ရသည်။ chanyeol ပြောသည့်အဓိပ္ပာယ်ကို နားမလည်နိုင်သည်အထိ baekhyun တုံးမနေ။ အသက်ခပ်ဖြေးဖြေးရှူသွင်းကာ ခေါင်းထဲမှထုတ်ရသည်။ ရုတ်တရက် အကြည့်ရောက်သွားသည်က ကျောင်းသူသုံးယောက်အုပ်စု ဝိုင်းဖွဲ့ရပ်နေသောဆိုင်တစ်ဆိုင်ဆီ။

တော့ပိုကီ !!
လျှာသပ်လိုက်မိသည်။ ကျောင်းသူအရွယ်မိန်းကလေးများသည် ပေါင်တိုစကတ်လေးများကိုသာ ဝတ်ထားကြသော်ငြား ပေါင်ပေါ်ထိခြေအိတ်ရှည်တွေကြောင့် အအေးဒဏ်ကိုတော့ အနည်းငယ်ခံသာမည့်ပုံပင်။ ဆိုင်နားတွင်ခုန်ဆွခုန်ဆွနှင့် တော့ပိုကီပူပူလောင်လောင်ရဲရဲတောက်တောက်အား တဖူးဖူးမှုတ်စားနေကြ၏။ ဤမျှလောက်ချမ်းအေးနေသည့်ကြားထဲ စကားကလည်းပြောနေကြသောကြောင့် အခိုးအငွေ့တို့ကို မာဖလာထူထူကြီးများကြားမှ တွေ့မြင်နေရသေးသည်။ လက်ကနာရီကိုတစ်ချက်ကြည့်မိတော့ မနက် ၉နာရီ။ ကျောင်းတက်ခါနီး အချိန်လေးကို အမြန်စားနေကြသည်ထင်ရဲ့။

ကားကျော်သွားသည်နှင့် တခြားနေရာများထံအကြည့်ပို့လိုက်ပြီး တော့ပိုကီကို ခေါင်းထဲမှဆွဲထုတ်ရသည်။ ဗိုက်ဆာလာသလိုပင်။ ရုတ်တရက် မရင်းနှီးသည့်နေရာတစ်ခုတွင် ကားရပ်သွားသည်မို့ baekhyun , chanyeol ကိုလှည့်ကြည့်မိလိုက်သည်။ အကြည့်ပင်နောက်ကျသေးသည်။ chanyeol ကားစက်သတ်ပြီးသည်နှင့် ကားပေါ်မှဆင်းကာ baekhyun ဘက်တံခါးအား ဆွဲဖွင့်ပေးလာ၏။ တံခါးဖွင့်လိုက်သည်နှင့် အေးစိမ့်သွားသော အပြင်ပတ်ဝန်းကျင်ကြောင့် ပုခုံးကျုံ့လိုက်မိသည်။ baekhyun မဆင်းသေးဘဲမေးလိုက်သည်။

"ဘာလုပ်ဖို့လဲ.."

chanyeol နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ဆို၏။

"တော့ပိုကီစားရအောင် hyung..!"

baekhyun ကြားလိုက်ရချင်း မင်သက်သွားသော်ငြား မငြင်းတော့ဘဲချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ ကားပေါ်မှဆင်းဖို့အရေး လက်လာပေးနေသော chanyeol ကို အမြင်ကပ်စွာကြည့်လိုက်မိသော်ငြား ကျေနပ်စေရန် ကိုင်ပေးလိုက်ပါသည်။ chanyeol ဆိုသည်။

"ဟိုနားမှာ တစ်ဆိုင်တွေ့ခဲ့ပေမယ့် ကားရပ်ဖို့ကဒီနားဘဲ အဆင်ပြေတာမို့လို့.. လမ်းတော့နည်းနည်းလျှောက်ရမယ်နော် hyung.."

Baekhyun ခေါင်းသာတဆတ်ဆတ်ညိတ်ပြလိုက်သည်။ ရာသီဥတုအေးနေသော်ငြား ယခုကဲ့သို့အချိန်မျိုးတွင် ပူပူလောင်လောင်မျိုး စားရသည်ကအလွန်ကောင်းသည်လေ။

"အရမ်းချမ်းနေလား.."

baekhyun ခေါင်းညိတ်ပြလိုက်သည်။ တကယ်လည်းချမ်းလွန်း၏။ chanyeol ၏ ဆွယ်တာအင်္ကျီအထူကြီးကိုသာဝတ်လာခြင်းဖြစ်ပြီး အနွေးထည်တွေဘာတွေလည်း ဝတ်မလာ။ chanyeol သူ့ကုတ်အင်္ကျီချွတ်ပေးကာ baekhyun ကိုပေး၏။ မဝတ်ဟုဆိုကာ အတင်းငြင်းတော့ အတင်းအကျပ်ဝတ်ပေးပြန်၏။ သူကိုယ်တိုင်ကျချမ်းနေမည်စိုး၍ စိတ်ပူသည့်အကြည့်နှင့်ကြည့်မိတော့ ပါးတွေနားတွေနီရဲနေရင်းမှ ခပ်ပါးပါးပြုံးပြ၏။ ကားနောက်ခန်းမှ ထုတ်ယူလာသည့် ကုတ်အင်္ကျီကြီးသည် ဘယ်ကတည်းကဆောင်ထားမှန်းမသိသော်ငြား chanyeol ကတော့ ထိုအင်္ကျီကိုသာဝတ်ထားလိုက်ပြီး အဆင်ပြေသည်ဟုဆို၏။ baekhyun လက်ကိုပိုင်ပိုင်နိုင်နိုင်ဆွဲကာ လမ်းဘေးပလက်ဖောင်းတစ်လျှောက် အေးဆေးလျှောက်လာလိုက်သည်။ chanyeol အိတ်ကပ်ထဲလက်ထည့်ထားရသောကြောင့် နွေးနေသော်ငြား ပတ်ဝန်းကျင်အမြင်ကိုလည်း စိုးရိမ်စွာကြည့်မိသေးသည်။ chanyeol သိသော်ငြား မည်သူ့ကိုမျှမကြည့်ဂရုမစိုက်ဘဲ လက်ကိုမဖြုတ်။

"hyung.."

ရုတ်တရက်အသံပြုသော chanyeol ကြောင့် baekhyun သွားနေရင်း လှည့်ကြည့်လိုက်သည်။ အသက်တစ်ချက်ရှူထုတ်တိုင်း အခိုးအငွေ့တို့ထွက်နေသောကြောင့် chanyeol ချမ်းနေသည်ဟုထင်မိသည်။

"ကျွန်တော်တို့အိမ်လိုက်ခဲ့မလား.."

baekhyun ခြေလှမ်းတွေဖြေးဖြေးချင်းရပ်သွားသည်။

"မင်းအိမ်?"

ခေါင်းစောင်းကာမေးမိသော စကားကို chanyeol က ရယ်၏။ chanyeol အိမ်ရောက်ဖူးနေကြဘဲမဟုတ်လား။

"ကျွန်တော့်မိဘတွေနဲ့ မိတ်ဆက်ပေးမလားလို့.."

ထပ်ပြောလာသော chanyeol စကားကြောင့် baekhyun နားလည်ကာ အနည်းငယ်တွေဝေသွားသည်။ သို့သော်ငြား သူကြောက်သည်။ chanyeol အမေနှင့်က ငယ်ငယ်ကတည်းက သိ၍ပြဿနာမရှိနိုင်သော်ငြား chanyeol အဖေကိုတော့ကြောက်သည်။ chanyeol ပြောစကားများအရ ကြားထားရသည်က ကြောက်စရာများပင်။ ပိုပြီးတုန်လှုပ်စေသည်က baekhyun ကို အမြင်ကြည်ပါ့မလားဟူသော မေးခွန်း။ အဖြေပြန်မလာဘဲ ငြင်းချက်ထုတ်ချင်သည့်ဟန် ခေါင်းငုံ့သွားသောကြောင့် chanyeol ထပ်ဆို၏။

"hyung အဆင်မပြေလည်း..."

"ရတယ်!"

chanyeol စကားမဆုံးသေးခင်တွင်ပင် baekhyun ဝင်ဖြတ်လိုက်သည်။ chanyeol နားမလည်သည့်အလား ကြောင်ကြည့်၏။

"ရတယ်လို့! မိတ်ဆက်တာပေါ့! ဒီ.. ဒီနေ့ဘဲသွားမလား.. ငါအားတယ်ဒီနေ့!"

ချက်ချင်းလက်ငင်းပင် အတွေးပြောင်းသွားသော baekhyun ကြောင့် chanyeol လည်း မင်သက်နေပြီးမှ ခေါင်းညိတ်လိုက်ရသည်။ baekhyun လည်း အစကရှောင်ပြေးနေမည်ကြံသော်ငြား တစ်ခါရှောင်ပြီးလျှင် ထပ်ခါတလဲလဲရှောင်ဖို့ အကြောင်းဖန်လာမည်မို့ ယနေ့ပင်ချက်ချင်းတွေ့ချင်သည်ဟု ပြောလိုက်ခြင်းသာ။ မိမိဘာသာ ဆုံးဖြတ်ချက်ပြန်မပြောင်းစေရန် အိတ်ကပ်အတွင်းမှ chanyeol လက်ကို ဖြစ်ညှစ်ထားမိသည်။ chanyeol တစ်ချက်စောင်းငဲ့ကြည့်သော်ငြား baekhyun ထိုအတိုင်းသာ မသိချင်ယောင်ဆောင်လျက် လမ်းဆက်လျှောက်သည်။

တော့ပိုကီဆိုင်ရောက်သည့်အချိန်တွင် ကျောင်းသူလေးတစ်ချို့ရှိနေဆဲဖြစ်ပြီး စာကလေးသိုက်အလား ဆူညံစွာ စကားတွေများနေကြသည်။ baekhyun တို့ရောက်လာသည့်အချိန်တွင် သိသိသာသာ အသံတိတ်သွားသည်မို့ baekhyun ကြောင်သွားသော်ငြား နည်းနည်းပါးပါး အကဲခတ်ကြည့်မိတော့ ထိုကောင်မလေးတို့အကြည့်က chanyeol အပေါ်၌သာ။ တော့ပိုကီလှည်း၏ ထောင့်ဆုံးမျက်နှာချင်းဆိုင်မှ ကောင်မလေးမှစကာ တံတောင်ဖြင့်တွတ်လိုက်သည်နှင့် အကြည့်တွေကမတိုင်ပင်ဘဲ chanyeol အပေါ်တန်းတန်းမတ်မတ်။ အလယ်ကတစ်ယောက်ဆိုလျှင် ငမ်းသည်မှာပါးစပ်ထဲထည့်နေသည့် တော့ပိုကီပင်အောက်ပြုတ်ကျသည်။ baekhyun မျက်မှောင်ကြုတ်ကာ မျက်နှာမသာမယာဖြစ်နေသည်ကို သူတို့မမြင်။ chanyeol သည်ကား baekhyun စားဖို့ဟုဆိုကာ တခြားမုန့်များကို တစ်ခုပြီးတစ်ခု ကိုယ်တိုင်ကိုယ်ကျရွေးထည့်ပေးနေသည်မို့ သိမည်မထင်။

ရုတ်တရက်တုန်ခါလာသော chanyeol အတွင်းအိတ်ကပ်ထဲမှဖုန်းကြောင့် baekhyun အကြည့်တွေက ထိုကလေးမများထံမှလွှဲကာ ဖုန်းထံရောက်လာ၏။ ဖုန်းကိုဆွဲထုတ်ပြီးသည်နှင့် baekhyun အား လက်ကာပြကာ ရှေ့ထွက်သွားသော chanyeol ကြောင့်ကျေနပ်သလို မကျေနပ်သလို။ လောလောဆယ်တော့ ထိုကလေးမလေးတွေ ငမ်း၍မရတော့သည်မို့ စိတ်ချလက်ချပင် chanyeol ထည့်ပေးသွားသော စက္ကူဗူးအပြည့် ငါးအသားချောင်းလေးများကို တို့တိတို့တိနှင့် စားနေလိုက်၏။

ပါးစပ်ထဲထည့်ထည့်လိုက်ခြင်း ပူသည်ဟုခံစားရသော်ငြား အေးစက်နေသော လေထုကြောင့်အနည်းငယ်တော့ ခံသာသည်။ ပူခြစ်နေသော အသားဖတ်အား ပါးစပ်ထဲတောင်လှိမ့်မြောက်လှိမ့် လုပ်နေရင်းဖြင့်သာ စားရသည်။ အငွေ့တွေသည်လည်း တောက်လျှောက်ထွက်နေသည်မို့ မျက်စိရှေ့မြင်ကွင်းကို ဝိုးတိုးဝါးတားဖြစ်စေသည်။ ရုတ်တရက်အသံတိုးတိုးတစ်သံ ကြားလိုက်ရသည်။

"ဟဲ့ ဟဲ့! ဓာတ်ပုံရိုက် ဓာတ်ပုံရိုက်!"

baekhyun ပါးစပ်ထဲလှိမ့်နေသည့်အသားဖတ်ပင် မပူတော့သယောင်။ ဆိုင်ဘတ်ကိုကျောပေးကာ ဖုန်းပြောနေသော chanyeol အား အနောက်ကနေ ကုတ်ချောင်းကုတ်ချောင်းဖြင့် ဓာတ်ဖမ်းနေကြသော ကျောင်းသူသုံးယောက်ကြောင့် baekhyun မျက်ဖြူလန်သွားသည်။ ပါးစပ်ထဲမြိုမချရသေးသည့် အသားဖတ်ကို ပူသည်မပူသည်ပင် ဂရုမစိုက်ဘဲအတင်းမြိုချပြီးသည်နှင့် မျက်စိရှေ့မှ လက်တောက်လောက်လေးတွေကို ဟောက်ရန်ပြင်လိုက်သည်။

"နင်တို့!"

baekhyun အသံကြောင့် ထိုကျောင်းသူလေးတွေ၏ အာရုံသည် baekhyun ထံရောက်လာ၏။ baekhyun စကားဆက်ဖို့ လုပ်သည့်အချိန်တွင်ပင် ရုတ်တရက်ဆိုင်ထဲပြန်ဝင်လာသော chanyeol ကြောင့် စာစီထားသည်များပင်ပျောက်ကုန်၏။ အမြင်ကပ်စွာပင် ခွက်ထဲမှ တော့ပိုကီကို တုတ်လေးဖြင့်ဆောင့်ကြီးအောင့်ကြီး ထိုးယူကာ ပါးစပ်ထဲထည့်လိုက်သည်။ တော့ပိုကီသည် တစ်ချောင်းမကပါသွား၏။ ပါးစပ်ထဲပလုပ်ပလောင်းဖြစ်နေပြီးမှ ဖြေးဖြေးချင်းဝါးစားရသည်ကို ကြိုက်သည်မို့ ထိုအတိုင်းသာမြုံ့နေလိုက်သည်။ ဆိုင်လှည်းလေး၏အမိုးကိုပင် မဆန့်သော chanyeol အရပ်ကြီးကြောင့် ထိုကျောင်းသူလေးတွေက သဘောကျစွာပင် ပေါ်တင်ဓာတ်ပုံရိုက်ပြန်၏။ baekhyun ဟောက်ချင်သော်ငြား ပါးစပ်ထဲကတော့ပိုကီတွေကြောင့် ပါးစပ်တစ်ခုလုံးဖောင်းကားနေ၍ စကားပြော၍မရဘဲ မျက်မှောင်သာအတင်းကြုံ့ထားမိသည်။

ရုတ်တရက်။
baekhyun နှုတ်ခမ်းထောင့်နားကို ထိတွေ့လာသော လက်တစ်ဖက်ကြောင့် အလန့်တကြားမော့ကြည့်မိတော့ chanyeol..! အလန့်တကြားပြူးကြည့်မိတော့ ခပ်ပြုံးပြုံးအနေအထားဖြင့် နှုတ်ခမ်းကိုဖိဆွဲပွတ်သွားပြီး ပေနေသောလက်မပေါ်ရှိ အနီရောင်ဆော့တို့ကို သူ့ပါးစပ်ထဲထည့်ကာ အသာလျက်လိုက်၏။

"ဝိုး!!!"

အသံတွေထွက်လာသည့်ဘက် အလန့်တကြားကြည့်မိတော့ ထိုကျောင်းသူလေးများပင်ဖြစ်သည်။ မျက်နှာချင်းဆိုင်ပေမို့ Baekhyun မျက်နှာရဲတောက်လာကာ ခေါင်းအမြန်ငုံ့ချလိုက်သည်။ chanyeol သည်မူ ထိုကလေးမလေးတို့ကို ဂရုပင်မစိုက်ဘဲ baekhyun နား နောက်တစ်ဖန်ငုံ့ဆင်းလာပြန်၏။

"ဖြေးဖြေးစား hyung.. ကျွန်တော့်ကိုလမ်းလယ်ခေါင်ကြီး အသည်းယားအောင်မလုပ်နဲ့.."

ဩရှရှအသံကြောင့် baekhyun ခေါင်းပိုငုံ့လိုက်မိသည်။ chanyeol တစ်ချက်ခပ်ဟဟရယ်ကာ ကျောင်းသူလေးတွေဘက် ဘာမှမဖြစ်သလို စကားပြော၏။ baekhyun အနည်းငယ်မော့ကြည့်ပြီးသည်နှင့် သက်ပြင်းချကာ ပါးစပ်ထဲမကုန်သေးသည့် မုန့်တို့ကိုဖြေးဖြေးချင်း ဝါးနေမိသည်။ ကလေးမလေးတစ်ချို့၏ အကြည့်ကိုလည်း အာရုံနောက်စွာခံနေရသည်မို့ baekhyun ခေါင်းသာတွင်တွင်ငုံ့ထားမိသည်။ သို့သော်ငြား စိတ်ကျဥ်းကျပ်ခြင်းမရှိ။ အားကျမှုအပြည့်နှင့် မျက်ဝန်းတွေကြောင့် baekhyun အာရုံစိုက်ခံရသည်ကိုပင် ပျော်သလိုလိုဖြစ်လာ၏။ စားနေရင်း ပါးစပ်ကိုခဏခဏ သုတ်ပေးနေသော chanyeol က သူကိုယ်တိုင်ကျယူမစားဘဲ baekhyun နှုတ်ခမ်းထောင့်က အပေအရေလေးများကိုသာ တို့တိတို့တိစားနေ၏။ သူ့ဘာသူအချိန်မှန် baekhyun ဘက်လှည့်ကာ ဂရုစိုက်ပေးနေရင်း ကလေးမများ၏ စကားကိုလည်း မပြတ်စေဘဲပြုံးပြုံးပျော်ပျော်ပင် ပြန်ဖြေနေသေးသည်။ chanyeol ကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်မိရင်း ပြုံးမိသကဲ့သို့ baekhyun ခိုးကြည့်ပြီး ပြုံးနေသည့်ပုံများ ထိုကလေးမလေးတို့လက်ထဲ ပါသွားသည်ကိုလည်းမသိလိုက်ပေ။

_________

ကြီးမားခမ်းနားသော အိမ်အကြီးကြီးမျိုးမဟုတ်သော်ငြား သူ့ခြံနှင့်သူတော့အလွန်ကျယ်ဝင်းသည်။ အထဲတွင်ကားတစ်စီးရပ်ထားသည်ကို မြင်နေရပြီး ခြံထဲဝင်ဖို့ပင် baekhyun တွန့်ဆုတ်နေမိ၏။ chanyeol လက်ကိုအသေအကြေ ဆုပ်ကိုင်ထားသော်ငြား ခုဏကယုံကြည်မှုတွေက ဘယ်ရောက်လို့ဘယ်ပျောက်မှန်းမသိ။ သေချာပင်မပြင်ဆင်ရသေး။ chanyeol ၏ အင်္ကျီ chanyeol ၏ အနွေးထည်တို့ဖြင့် တစ်ကိုယ်လုံး chanyeol အနံ့ခြုံပြီး ဝင်မိတ်ဆက်ရမည်ဆိုတော့ အနည်းငယ်တော့ ကသိကအောက်နိုင်သလိုပင်။ chanyeol အိမ်တွင်အနားယူပြီးမှ ညနေစောင်းသည့်အချိန်တွင် ထွက်လာခြင်းဖြစ်သည်။ အတော်ကြာတော့မှ ဝဝဖိန့်ဖိန့်အမျိုးသမီးကြီးတစ်ဦး ထွက်လာကာ ပြားသကာနှယ် ချိုသာလှသောအသံဖြင့် ကြိုဆို၏။

"အောင်မလေး သားရယ်.... မမြင်ရတာတောင် တော်တော်ကြာပြီ! လာ လာ ဝင်ခဲ့ချည်!"

chanyeol ကိုလည်း သားအရင်းကဲ့သို့ ပွေ့ဖက်နှုတ်ဆက်ပြီးသည်နှင့် baekhyun ကိုလည်းနှစ်နှစ်ခြိုက်ခြိုက်ပင် ပြုံးပြကာ အထဲကိုအတင်းဆွဲခေါ်၏။ ပါးစပ်မှလည်းအပြောတို့ကမပျက်။ ပြုံးရယ်လိုက်တိုင်း မျက်လုံးပျောက်သွားသော အဒေါ်ကြီးကအေပရွန်ကြီးတကားကားဖြင့်။

"ငယ်လေးရော.. ရှိလား.."

အထဲရောက်ရောက်ချင်း chanyeol ၏ အမေးစကားကြောင့် baekhyun အာရုံပို့လိုက်မိသည်။ ငယ်လေးကဘယ်သူလဲဟူသော သိချင်စိတ်ကြောင့်သာ။ အဒေါ်ကြီးက ခပ်မြန်မြန်တုန့်ပြန်၏။

"ရှိတယ် သား.. အခန်းထဲမှာထင်တယ် သွားခေါ်ပေးရမလား.."

"နေ နေ ရတယ်,"

ပြောပြီးသည်နှင့် baekhyun လက်ကိုဆွဲခေါ်ကာ ဧည့်ခန်းဟုထင်ရသည့် အခန်းထဲခေါ်လာ၏။ ပတ်ပတ်လည်အညိုရောင် လည်သာဆိုဖာကြီးများအလယ်တွင် အနက်ရောင်မဲနက်နေသော စတီစားပွဲအကြီးကြီးတစ်ခုချထားပြီး တင်ထားသည်ဟူ၍ ဂျာနယ်အနည်းငယ် ၊ TV ရီမုတ်နှင့် ပန်းအိုးသာ။ မကြာခဏ သန့်ရှင်းပေးပုံရသောကြောင့် ပတ်ပတ်လည်ပြောင်ရှင်းနေသော်ငြား baekhyun အား တုန်လှုပ်စေသည်မှာ အညိုရောင်ဆိုဖာရင့်ရင့်ပေါ်တွင် နေရာယူထားသည့် အဖြူရောင်အမွှေးလုံးလုံးဖြင့် အကောင်တစ်ကောင်။ baekhyun လန့်ကာတွန့်သွားသော်ငြား chanyeol သည်မူ မထူးဆန်းသည့်အလား baekhyun ကို ဆိုဖာတခြားခုံတွင်ထိုင်စေ၏။ ခုဏကအနောက်ကလိုက်နေသည့် အဒေါ်ကြီးလည်းထွက်သွားပြီဖြစ်ပြီး ယခုbaekhyun နှင့်အတူ ရှိနေသည်မှာ chanyeol ရယ် ထိုအဖြူလုံးလုံးအကောင်ရယ်သာ။ ထိုကြားထဲ chanyeol က အားငယ်စရာစကားကိုပြောသေးသည်။

"hyung.. ခဏစောင့်နေနော်.. ကျွန်တော်အနောက်ဖေးတစ်ချက် ဝင်ကြည့်လိုက်ဦးမယ်..."

ထမည်ဟန်ပြင်နေသော chanyeol လက်ကိုဆုပ်ကိုင်ထားမိလိုက်တော့ ကြောင်တောင်တောင် လှည့်ကြည့်၏။ baekhyun မျက်လုံးတစ်ချက်လှန်ကြည့်ပြီးသည်နှင့် ချက်ချင်းပြန်ချကာ ခပ်တိုးတိုးဆိုလိုက်သည်။

"မသွားနဲ့... ဒီမှာဘဲနေ.."

chanyeol ချက်ချင်းပင်ပြန်ထိုင်ပြီး baekhyun မျက်နှာကိုငုံ့ကြည့်၏။

"ဘာကိုကြောက်နေတာလဲ hyung.., ကျွန်တော်ရှိတယ်လေ.."

Baekhyun ခေါင်းငုံ့နေရာမှ မော့ကာချက်ချင်းပြန်ပြော၏။

"အဲ့ဒါကြောင့် အနားမှာနေပေးလို့!!"

အသံနည်းနည်းကျယ်သွားသလိုပင်။ တုန်ရီလာသော ရင်ဘတ်အစုံနှင့် ခေါင်းပြန်ငုံ့ချမိလိုက်သည်။ chanyeol ထံမှ ခပ်ဖွဖွရယ်သံကြားလိုက်ရသည်။ ဘာကိုရယ်တာလဲ။

"ဟုတ်ပါပြီ... ကျွန်တော် ဒီမှာဘဲနေမယ်"

Baekhyun အနည်းငယ်စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ chanyeol လက်ကိုတော့ နှစ်ဖက်လုံးဖြင့် အသေအကြေကိုင်ထားဆဲပင်။ ခေါင်းငုံ့နေသော်ငြား မျက်စိရှေ့ခုံပေါ်ရှိ ကွေးအိပ်နေသော အဖြူလုံးလေးကို စိုက်ကြည့်နေမိသည်။ ဘာအကောင်လေးလဲ။ အစကအရုပ်ဟု ထင်လိုက်သော်ငြား အသက်ရှူသံမျဥ်းမျဥ်းလေးဖြင့် ကိုယ်လုံးလေးလှုပ်နေသည်မို့ အကောင်တစ်ကောင် အိပ်ပျော်နေမှန်းသိလိုက်သည်။

"အဲ့ဒါခွေး !"

ရုတ်တရက်အသံထွက်လာသော chanyeol ကြောင့် baekhyun အကြည့်ကဘေးသို့ ချက်ချင်းပို့လိုက်မိသည်။ ဆိုဖာလက်ရန်းကို မေးတစ်ဖက်ထောက်ကာ baekhyun ကိုစိုက်ကြည့်နေသော chanyeol က baekhyun အတွေးတို့ကိုသိနေပုံရသည်။ တစ်ချက်ပင်လှည့်မကြည့်ဘဲ ဖြေပေးလာသော chanyeol ကြောင့် baekhyun အော် ဟုသာရေရွတ်ရင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ ခွေးတဲ့။ မထင်ရလိုက်တာ။ သိုးထင်လို့။ ရုတ်တရက် အနောက်ဘက်မှ ခြေသံခပ်ပြင်းပြင်းကြားလိုက်ရသည်မို့ baekhyun လှည့်ကြည့်မိလိုက်သည့်အခိုက် လှေကားပေါ်ကတဝုန်းဝုန်းပြေးဆင်းလာသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ chanyeol ညီဟုဆိုသည့် အိုဆယ်ဟွန်းပင်။ ဒါမှမဟုတ် ပတ်ဆယ်ဟွန်းဟုဘဲ ဆိုရလေမလား။ နားကြပ်ကိုဂုပ်ပေါ် စတိုင်ကျကျတင်ကာ လွယ်အိတ်တစ်စောင်းလွယ်ထားသည့် အိုဆယ်ဟွန်းက ပေါ့ပေါ့ပါးပါးစတိုင်ဖြင့်။

"ဘယ်သွားမှာလဲ.. ငယ်လေး.."

ရုတ်တရက်လှည့်မကြည့်ဘဲ အသံထွက်လာသော chanyeol ကြောင့် အိုဆယ်ဟွန်းတုန်တက်သွား၏။

"ဖွီး!! အိမ်ရောက်မှဘဲ ငယ်လေးဆိုတဲ့နာမည်ကြီးကို ကြားကောင်းအောင်ခေါ်မနေစမ်းပါနဲ့..!!! အူယားလိုက်တာ! သေတော့မယ်..!!"

chanyeol ကိုကြည့်လိုက်မိတော့ အိုဆယ်ဟွန်းဘက် တစ်ချက်ပင်လှည့်မကြည့်။ လက်တစ်ဖက်ဖြင့် မေးထောက်ထားရင်း အကြည့်က baekhyun ပေါ်၌သာရှိသည်။ ထိုနှစ်ယောက်ပြောနေသည်များကို baekhyun နားမလည်သော်ငြား အနည်းငယ်တော့ မှန်းဆ၍ရသည်။ chanyeol ဆက်ပြော၏။

"အခုမသွားနဲ့ဦး! ညနေစာအတူစားပြီးမှသွား,,"

အိုဆယ်ဟွန်း စကားနားမထောင်။ လွယ်အိတ်တစ်ဖက်ကို ပင့်တင်ကာ ဂျစ်ကန်ကန်လေသံနှင့်​ တုန့်ပြန်၏။

"မရဘူး! ငါဒီနေ့ဟိုကောင်တွေနဲ့ ချိန်းထားတယ်..,"

chanyeol လေသံအေးအေးနှင့်ဆက်သည်။

"ငါ vivi ကို ညနေစာလုပ်မစားစေချင်ရင် အိမ်မှာစားပြီးမှသွား"

baekhyun ထူးဆန်းသွားသည်။ vivi ? နို့ဘူးလား?
ပိုပြီးထူးဆန်းစေသည်ကား အိုဆယ်ဟွန်း ထိုတစ်ခွန်းတည်းနှင့်ပင် ချက်ချင်းအပေါ်ပြန်တက်သွားခြင်းပင်။ လိမ်လိမ်မာမာတော့မဟုတ်။ တစ်အိမ်လုံးပြိုကျစေနိုင်လောက်သည့်အားဖြင့် ဝုန်းဒိုင်းကြဲတက်သွားခြင်းသာ။ မျက်စိရှေ့တွင် အိပ်နေသည့် ဖြူဖြူအလုံးလေးသည်လည်း အိုဆယ်ဟွန်းနောက် ​ကောက်ကောက်ပါအောင်လိုက်သွားသည်မို့ baekhyun သဘောတကျပြုံးလိုက်မိသေးသည်။ baekhyun အပြုံးအားသဘောကျစွာပင် chanyeol လည်း ပြုံး၏။

"သူမနေချင်တာကို ဘာလို့အတင်းသွားခေါ်နေတာလဲ.."

baekhyun ပြောမိတော့ chanyeol တစ်ချက်ခေါင်းခါ၏။

"ကျန်တဲ့အချိန်တော့ သူ့ဘာသူဘယ်နေရာ သဝေထိုးထိုးရပေမယ့် ခုကတော့ hyung ရှိတုန်းလေးလေ.. အကုန်လုံးစုံစေချင်လို့.."

baekhyun ခေါင်းသာညိတ်ပြကာ ဆက်ပြောလိုက်သည်။

"ငါဒီလိုထိုင်နေလို့ ကောင်းပါ့မလား... တစ်ခုခုဖြစ်ဖြစ်.."

baekhyun ၏ အေးခဲနေသောလက်ချောင်းလေးများကို chanyeol တစ်ချက်တည်းဖြင့် ဖြစ်ညှစ်ကာစကားဖြတ်၏။

"ဘာမှစိုးရိမ်နေစရာမလိုဘူး hyung..! ဒီမှာ hyung ကို ဘယ်သူမှမထိရဲအောင် ကျွန်တော်လုပ်ထားတာမို့.."

baekhyun မျက်ခုံးပင့်ကာ တမင်တကာ အံ့ဩသည့်အကြည့်နှင့် ကြည့်လိုက်သည်။ chanyeol သဘောတကျရယ်၏။

"hyung က ကျွန်တော့်ရဲ့.... အင်း .. ကျွန်တော့်ရဲ့ဇနီးအနေနဲ့ မိဘတွေကို လာမိတ်ဆက်တာလေ.."

baekhyun မျက်မှောင်ကြုတ်လိုက်မိကာ နီးနီးကပ်ကပ်ရှိနေသည့် chanyeol ဝမ်းဗိုက်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်၏။

"ဘယ်သူ့ ဇနီးလို့လာပြောနေတာလဲ!!! လုပ်မယ့်လုပ် မင်းကငါ့ဇနီးလုပ်ရမှာ..!!!"

ခပ်တိုးတိုးအံကြိတ်ပြောမိသော စကားကြောင့် chanyeol နာကျင်သည့်ဟန် ရှုံ့မဲ့နေရင်းမှ ရအောင်ပြန်ပြော၏။

"ဘာဆိုင်လို့လဲ.."

Baekhyun အဖြေမရှိ ရှိရာကို ဆွဲထည့်၏။

"ဘာပဲဖြစ်ဖြစ် ငါမင်းထက်ကြီးတယ်!!"

"အသက်လေးဘဲကြီးတာကို.."

chanyeol ၏ ခပ်မဲ့မဲ့စကားကြောင့် လက်သီးနောက်တစ်လုံး ပစ်ဝင်လာတော့မည့်အချိန်တွင်ပင် အခန်းထဲမှ တစ်စုံတစ်ယောက်ထွက်လာသည်မို့ baekhyun ငြိမ်ငြိမ်လေး အိန္ဒြေရရ ပြန်ထိုင်နေလိုက်သည်။ ထွက်လာသည်က အမျိုးသမီးတစ်ယောက်ပေ။ အိမ်နေရင်းဝတ်စုံနှင့်ဖြစ်သော်ငြား အလွန်သေသပ်ကာ ကြည့်ကောင်းနေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် chanyeol အမေမှန်းတန်းသိလိုက်သည်။

"ဟယ်... baekhyunee.. ရောက်တောင်ရောက်နေပြီလား.. ကြည့်ပါဦး.. ထွားလာလိုက်တာကွယ်.. ရုတ်တရက်ကြီး မှတ်တောင်မမှတ်မိလိုက်ဘူး!"

လေသံသည် အလွန်တရာမှနွေးထွေး၏။ ချက်ချင်းပင်အနားရောက်လာကာ တဖွဖွကိုင်တွယ်နေရင်း ပြောသော chanyeol အမေကအလွန်တရာမှ အံ့ဩနေပုံရသည်။ baekhyun ခေါင်းပွတ်ပေးနေသည်ကို ငြိမ်ငြိမ်လေးသာ ခံယူနေပြီး ပြုံးနေမိသည်။ မည်သည့်စကားကိုမျှရွေးချယ်မပြောတတ်ဘဲ ငြိမ်ငြိမ်လေးသာ ခံယူနေတော့ ပြောသေးသည်။

"ငယ်ငယ်ကအတိုင်းဘဲ.. အေးလိုက်တာ.." တဲ့။

baekhyun ရယ်မိလိုက်ပြန်သည်။ တကယ်ကိုပြုံးသည်ကလွဲ၍ ဘာမှမလုပ်တတ်တော့သလိုပင်။

"ချန်းယော်လီ ဒီနေ့လာမယ်ဆိုပြီး ဖုန်းဆက်ထားကတည်းက မျှော်နေတာ.. ဘတ်ခဟျွန်းနီး မားရော ဘယ်လိုနေလဲ.. အဆင်ပြေကြရဲ့လား.."

လက်ကိုဖွဖွလေးကိုင်ကာ chanyeol နှင့် baekhyun ကြားတွင်ဝင်ထိုင်ရင်း မေး၏။ chanyeol မျက်နှာစူပုပ်သွားသည်ကို မြင်လိုက်ရသည်။

"ဟုတ် ပြေ.. ပါတယ်..."

ဘယ်လိုပြောရမှန်းမသိ။ ပါးအကြောင်းစလိုက်မိပြန်လျှင်လည်း စကားကအဆုံးသတ်နိုင်တော့မည်မထင်သောကြောင့် ပြေပါတယ် ဟုသာဖြေလိုက်ရသည်။ ရုတ်တရက် baekhyun ခေါင်းလုံးလုံးလေးကို တဖွဖွပွတ်ကာဆိုပြန်သည်။

"အိုက်ဂူးး.. ကြည့်ပါဦး.. နုဖက်နေလိုက်တာ ချန်းယောလ်လီထက်သာကြီးတယ်ဆိုတာ မယုံနိုင်စရာပါဘဲလား"

ပြောရင်းဆိုရင်းဖြင့် chanyeol ကိုလည်း တစ်ချက်လှည့်ကြည့်လိုက်သေးသည်။ baekhyun နေရခက်စွာပင် ပြုံးလိုက်မိပြန်သည်။ စကားထပ်ဆက်ဖို့ပြင်သည့်အချိန်တွင် အပြင်မှလူတစ်ယောက်ဝင်လာသည်မို့ အကုန်လုံး၏အာရုံက ထိုလူပေါ်ကျရောက်သွား၏။ ရုတ်တရက် chanyeol အမေက ထိုင်နေရာမှခပ်မြန်မြန်ထကာ လက်ထဲမှအိတ်တို့ကို လွှဲပြောင်းယူပေးလိုက်၏။ ရုပ်ရင့်သောကြောင့် chanyeol အမေထက်အနည်းငယ် အသက်ကြီးပုံရပြီး တည်ကြည်နေသော မျက်နှာထားကြောင့် လေထုကိုရုတ်တရက် အေးခဲသွားစေသည်။ နက်တိုင်အနည်းငယ်လှုပ်ရှားကာ baekhyun ဘက် လှည့်ကြည့်လာသော ထိုလူသည် chanyeol အဖေပင်ဖြစ်၏။

_______

စားပွဲအောက်ရှိ အေးစက်နေသော လက်ဖမိုးအပေါ် ထပ်ကိုင်အုပ်မိုးလာသော chanyeol က မတုန်မလှုပ် အေးဆေးသက်သာစွာပင်။ ထမင်းစားစားပွဲဝိုင်းသည် baekhyun အမြဲထိုင်နေကျစားပွဲနှင့်မတူ။ အေးစက်နေသည်ထင်ရသော်ငြား သူ့ဟာနှင့်သူတော့ အဆင်ပြေနေသည်ပင်။ များပြားလှသော ဟင်းပွဲတစ်ခုပြီးတစ်ခုချနေသော အဒေါ်ကြီးတို့ကလည်း ပြီးဆုံးတော့မည်မထင်။ လေးထောင့်စားပွဲရှည်ကြီးဖြစ်ပြီး ထိပ်ဆုံးတွင် chanyeol အဖေထိုင်နေ၏။ အလုပ်ကပြန်လာသည့်အချိန်က ဝတ်ထားသည့် suit နှင့်ကွဲလွဲစွာပင် အိမ်နေရင်းညဝတ်အင်္ကျီကဲ့သို့ ဝမ်းဆက်လေးဝတ်ထားသောကြောင့် အနည်းငယ်တော့ ကြောက်စိတ်လျော့သွားသလိုပင်။ သို့သော် ရေခဲရိုက်ထားသည့်နှယ် တင်းမာနေသောမျက်နှာထားကြောင့် တုန်လှုပ်နေသောစိတ်က အစိုးမရ။ တင်းမာနေသောမျက်နှာထားနှင့် ကွဲလွဲစွာပင် ဘယ်ဘက်အခြမ်း ဘေးနားတွင်ထိုင်နေသည့် chanyeol အမေက အပြုံးချိုချိုနှင့်သာ။ chanyeol အမေ၏ဘေးတွင် ထိုင်နေသည်ကား ဖုန်းတစ်လုံးနှင့်အိုဆယ်ဟွန်း။ မည်သူကမှသူ့အား ဖုန်းလောက် မဆွဲဆောင်နိုင်သည့်အလား ထိုဖုန်းကိုသာ သည်းကြီးမည်းကြီးနှိပ်နေ၏။

"သား.. ငယ်လေး.. ထမင်းစားတဲ့အချိန်ဖုန်းမကိုင်ရဘူးလို့ ပြောထားတယ်လေ..!"

ဒေါသသံသည်ပင် ကရုဏာသံပါနေသော chanyeol အမေစကားက ထူးဆန်းစွာပင် အိုဆယ်ဟွန်းကိုနာခံစေသည်။ သို့မဟုတ် စားပွဲထိပ်တွင် ရှုတည်တည်ထိုင်နေသည့် အဖေကိုကြောက်၍ဘဲလားတော့မသိ။ စားပွဲအောက်တွင် အုပ်ကိုင်ပေးထားသော chanyeol လက်ခဏဖယ်သွားကာ baekhyun အတွက် ဇွန်းနှင့်ခက်ရင်းတို့ကို နေရာတကျချပေးလာ၏။

"အဟမ်း!"

ရုတ်တရက် ချောင်းဟန့်လိုက်သော chanyeol အဖေကြောင့် baekhyun မထိန်းလိုက်နိုင်ဘဲ သိသိသာသာတုန်တက်သွားသည်။ chanyeol တစ်ချက်ပြုံးပြလိုက်သည်မို့ baekhyun အနည်းငယ်တော့ စိတ်ချလက်ချဖြစ်သွားပြီး ဇွန်းခက်ရင်း ကောက်ကိုင်လိုက်၏။ တော်သေးသည်က ဟိုတယ်တွင်အများနှင့်စားရတိုင်း ဇွန်းခက်ရင်းဘဲသုံးနေကြမို့ ကံကောင်းစွာပင်အရှက်မကွဲ။ အိုဆယ်ဟွန်းကတော့ မျက်စိရှေ့ပန်းကန်ပင် မစုံသေး အပီအပြင်ဆွဲနေပြီဖြစ်သည်။ baekhyun အလန့်တကြား chanyeol အဖေကိုလှမ်းကြည့်တော့ မထူးဆန်းသည့်အလား သူကိုယ်တိုင်စတင် သုံးဆောင်၏။ စည်းကမ်းကြီးမည်ဟုထင်ခဲ့သည်ပင်။

"သား baekhyunee ထည့်စားနော်.. ပုံမှန်ဆိုဒီထက်တောင် တိတ်ဆိတ်နေတတ်ကြတာမို့ ဘာမှရှက်မနေနဲ့.. ဟုတ်ပြီလား.."

chanyeol အမေကတော့ ပြောရင်းဆိုရင်းဖြင့် မမှီမကန်းအသားတုံးကို လှမ်းထည့်ပေးနေသောကြောင့် မတ်တပ်ရပ်ကာ ပန်းကန်ရှေ့တိုးပေးရသည်။ chanyeol အဖေသည်မူ တစ်ချက်ပင် ခေါင်းထောင်မကြည့်ဘဲ သူ့ဘာသူဆက်စားနေ၏။ baekhyun လည်းအနည်းငယ်စိတ်လျှော့ကာ ကိုယ့်ထမင်းပန်းကန်ပေါ်သာ ပြန်အာရုံစိုက်လိုက်သည်။ ရုတ်တရက် မျက်စိရှေ့က မိမိ၏ဟင်းပန်းကန်ကို ဆွဲယူသွားသော chanyeol က လျင်မြန်စွာပင်မို့ မတားလိုက်နိုင်။ သူ့ပန်းကန်ကိုအစားထိုး ပြန်ထည့်ပေးလာသောကြောင့် ကြည့်မိတော့ ထူးခြားမနား အသားတွေသေးသေးချင်း ဖဲ့ထားပေးခြင်းသာ။ အနေရခက်စွာပင် စားပွဲအောက်မှ ခြေထောက်ကို တက်နင်းပစ်လိုက်ချင်သော်ငြား အပြုအမူကိုထိန်းသိမ်းနေရသည်မို့။ တမင်တကာများလုပ်နေသည်ဟု ထင်ရသည်ပင်။ တမင်တကာ လုပ်မလုပ်တော့မသိ chanyeol အဖေ၏ အာရုံကကျရောက်လာပြီဖြစ်သည်။ သူ့အပြုအမူပေါ် ဂရုမစိုက်စွာပင် တစ်ခုပြီးတစ်ခု ခပ်မြန်မြန်စားသောက်နေသော chanyeol က တစ်ခုချင်းဆီ၏အရသာခံနေပုံရသည်။

"အဟမ်း! အဲ့တော့..., မျိုးဆက်တော့မထုတ်ပေးနိုင်ဘူးပေါ့.."

"အဟွတ်!"

ရေတစ်ခွက်မော့ချပြီး လည်ချောင်းရှင်းမှ ပြောလာသော chanyeol အဖေ၏ မေးခွန်းက baekhyun ချက်ကောင်းထိစေသည်။ အသံသည်တည်ကြည်လွန်းသည်။ သူ့စံနှုန်းနှင့်သူ လေးစားချင်စရာကောင်းသလို ကြောက်စရာလည်းကောင်းနေ၏။ baekhyun လက်မှခက်ရင်းအောက်ပြုတ်မကျအောင် ကိုင်ထားရသော်ငြား သိသိသာသာတုန်ရီနေ၏။ အဓိကအားနည်းချက်ကိုမှ အရင်မေးလာတော့ ဘယ်လိုဖြေသင့်လဲမသိ။ အိုဆယ်ဟွန်းက အခြေအနေကို စိတ်ဝင်စားစွာပင် ဘေးနားကရေခွက်ကိုမော့ချရင်း အကဲခတ်နေသည်။ chanyeol အစားအသောက်မပျက် ဝင်ပြော၏။

"ငယ်လေးရှိသေးတာဘဲ"

"ဖွီး!"

"......"

"အဟွတ်! အဟွတ်!"

ရေတီးသွားသောကြောင့် chanyeol အမေက ပြာပြာသလဲလဲပင် လက်ကိုင်ပုဝါတစ်ထည်ထုတ်ပေး၏။ ပါးစပ်ကိုဖိသုတ်ထားနေရင်းဖြင့်ပင် ချောင်းဆိုးမပြတ်သည့်ကြားမှ အော်၏။

"မင်းတစ်ခုခုဖို့စရာရှိမှ ငယ်လေးဆိုတာကြီးကို လာခေါ်မနေနဲ့လို့! အဟွတ်!"

baekhyun သက်ပြင်းဖြေးဖြေးချလိုက်မိသလို chanyeol အဖေလည်း အခြေအနေပြန်ငြိမ်သွားသည်။ ရုတ်တရက်ပန်းကန်ထဲမှ သခွားသီးကိုမြင်လိုက်ရသည့်အခိုက် baekhyun မင်သက်မိသွားသည်။ အဝိုင်းချပ်သေးသေးလေးဖြစ်သော်ငြား baekhyun နှာခေါင်းတည့်တည့် အနံ့ပင် ဝင်ရောက်လာသလို။ မကြိုက်ကြောင်းပြ၍မဖြစ်။ ပို၍ပင်အမြင်မကြည်ဖြစ်သွားမည်ထင်၏။ ရုတ်တရက် မိမိပန်းကန်ထဲ ဇွက်ကနဲရောက်လာသော chanyeol ခက်ရင်းက သခွားသီးချပ်သေးလေးကို ထိုးယူသွားကာ သူ့ပါးစပ်ထဲအလျင်အမြန်ထည့်လိုက်၏။ baekhyun ကို နူးနူးညံ့ညံ့လှည့်ပြုံးပြကာ ဆက်စားနေသော chanyeol ကြောင့် baekhyun ဆွံ့အမိသွားသည်။ chanyeol သခွားသီးမကြိုက်ဘူးဆို။ chanyeol အဖေထံမှ ချောင်းဟန့်သံထပ်ထွက်လာသည်မို့ အာရုံပြန်စိုက်လိုက်သည်။ ထမင်းစားရသည်မှာလည်း စာမေးပြဖြေနေရသလိုပင်။ စားသောက်နေသည့် တစ်လျှောက်လုံးလည်း ထိုဖြေရခက်သည့် မေးခွန်းတစ်ခုသာမေးပြီး ကျန်သည့်စကားတစ်ခွန်းမပြော။

အားလုံးပြီးသည့်အချိန်တွင် baekhyun ကိုတစ်ချက်မကြည့် အခန်းထဲဝင်သွားသောကြောင့် ဘာမျှပြောကြားရန်ရှိပုံမပေါ်။ chanyeol သည်မူ ထမင်းစားပြီးသည့်အချိန်ကတည်းက အနောက်ဖေးမီးဖိုချောင်တွင် "ဒေါ်ကြီးတို့ကို သခွားသီးမထည့်ပါနဲ့လို့ သေချာမှာထားတယ်လေ!" ဟူသော ဟောက်သံမှအစပြုကာ ယခုထိ ထွက်မလာနိုင်သေး။ အဒေါ်ကြီးတို့သည်လည်း နားကြားမှားပုံရသည်။ သခွားသီးမထည့်နဲ့ဟူသော စကားကို သခွားသီးများများထည့်ဟု ကြားသည်တဲ့။ chanyeol နဖူးရိုက်သံကြီးကို ကြားလိုက်ရ၍ ရယ်မိလိုက်သေးသည်။ မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် ပြန်ထွက်ခဲသော chanyeol ကို ထားခဲ့ကာ အိမ်ရှေ့ဘက်သို့စပ်စပ်စုစုထွက်လာခဲ့၏။ baekhyun ကြောက်သည်မှာ chanyeol အဖေဖြစ်ပြီး ယခု ထိုအဖေဟူသောလူသည် အခန်းထဲတွင်မို့ baekhyun အနည်းငယ်စိတ်လက်ပေါ့ပါးကာ သွားရဲလာရဲရှိနေသည်။

အရှေ့သို့ထွက်ထွက်လိုက်ချင်းပင် မှောင်မဲနေသော ပတ်ဝန်းကျင်ကြောင့် အတော်အချိန်နောက်ကျနေပြီမှန်း သိလိုက်သည်။ သို့သော်ငြား ပန်းခြံသေးသေးလေးတွင် ရေလောင်းနေသော chanyeol အမေကိုတွေ့လိုက်ရသည်မို့ ခြေလှမ်းတွေရပ်တန့်ကုန်၏။ baekhyun ကိုမြင်သည်နှင့် ကြည်ကြည်နူးနူးပင် ပြုံးပြလျက် ထိုင်ခုံကိုညွှန်ပြကာ လာထိုင်ဖို့ခေါ်၏။ ပန်းခြံထဲတွင်မှ ထိုင်စကားပြောလို့ရသည့် စားပွဲရှည်လေးချပေးထားသည်မို့ ထိုနေရာတွင်ဝင်ထိုင်လို့ရသော်ငြား baekhyun ပန်းရေလောင်းနေသည့် အနားကိုသာသွားလိုက်သည်။ chanyeol အမေကပြုံးရယ်ရင်း ဆို၏။

"သား ပန်းပင်တွေကြိုက်လား.."

baekhyun အနည်းငယ်တွေဝေသွား၏။

"ဟုတ် နည်းနည်း.."

မပွင့်တပွင့်အဖြေကြောင့် နှစ်ခြိုက်စွာပင် ခပ်လွင်လွင်ရယ်၏။ ဆံပင်အတိုညှပ်ထား၍ထင်၏။ ပုံမှန်ထက်ပိုနုပျိုနေသည်မှာ မိန်းမပျိုလေးအလား။

"ပုံမှန်ဆို ညနေဘက်လောက်လေး ရေလောင်းဖြစ်ပေမယ့် ဒီနေ့ကနည်းနည်းနောက်ကျသွားတော့...."

စကားကိုဖြတ်ကာ ကောင်းကင်ကို တစ်ချက်မော့ကြည့်၏။

"တော်တော်တောင်မှောင်နေပြီဘဲ.."

အကြည့်ကို baekhyun ထံရွေ့လာ၏။

"ဒီနေ့တော့ ဒီမှာဘဲ အိပ်သွားလိုက်ပါလား baekhyunee.."

မျက်ဝန်းတောက်တောက်များက chanyeol နှင့်တူ၏။ baekhyun ငြင်းရခက်စွာပင် ခေါင်းဖြေးဖြေးချင်း ညိတ်ပြမိတော့ ခပ်ဖွဖွရယ်၏။ ထို့နောက် ရေဖျန်းနေသည့်ပိုက်ကိုပစ်ချကာ ရေပိုက်ခေါင်းပိတ်ပြီးသည်နှင့် ထိုင်ခုံတွင်တူတူဝင်ထိုင်စေသည်။

"chanyeol ဘယ်လိုနေလဲ..."

"ဗျာ!"

ပြုံးပြုံးတုံ့တုံ့မေးလာသော chanyeol အမေ၏စကားကို baekhyun နားမလည်။ ဘာမျှပြန်မပြောသည်မို့ baekhyun အဓိပ္ပာယ်အောင် တဖြေးဖြေးချင်းစဥ်းစားရင်း သတိထား ဖြေလိုက်သည်။

"အင်း.... chanyeol ကောင်းပါတယ်.. သားအပေါ်..."

baekhyun စကားမဆုံးသေး။ ချက်ချင်းဝင်ဖြတ်၏။

"စိတ်ဆိုးစိတ်ကောက်တာလား.."

"ဗျာ!"

baekhyun ၏ အူကြောင်ကြောင်ပုံကို သဘောကျသည့်အလား ဟက်ဟက်ပက်ပက်အော်ရယ်ချ၏။ ဟန်ဆောင်မှုမရှိ။ baekhyun နေရခက်စွာပင် ခေါင်းငုံ့ချလိုက်၏။

"အိုက်ဂူးး ကြည့်ရတာ ချန်းယော်လီလေးက ဒီလိုအပြုအမူလေးတွေကိုဘဲ ကြွေသွားပုံရတယ်.."

ပြောနေရင်းဖြင့် ရယ်ပြန်သည်။ baekhyun မျက်နှာကြီးရဲရဲတောက်သွားသည်။ ဘာအပြုအမူလဲ။ သူဘာမှမလုပ်ရသေးဘဲနှင့်။ မျက်နှာရဲရဲနှင့် ပြုံးလိုက်မိသော်ငြား လုပ်ပြုံးကြီးသာ။

"ချန်းယော်လီပြုံးတာမြင်ရဖို့ဆိုတာ အန်တီ့အတွက်တော့ မဖြစ်နိုင်တော့ဘူးလို့တောင်ထင်ခဲ့တာ.."

ခြေတစ်ဖက်ချိတ်ထိုင်ကာ လက်သန်းကြွယ်ကလက်စွပ်ပေါ် လှည့်ဆော့ရင်းပြောလာသော chanyeol အမေ၏စကားလုံးများသည် baekhyun ထံသို့ဦးတည်မနေ။ အပြင်ဘတ်အမှောင်ရိပ်ကိုသာ ကြည့်နေ၏။

"အဲ့ကလေးက အရမ်းရိုးတယ် သားရဲ့.. သူစိတ်ပျော်နေရင် အကုန်လုံးကို အရူးလိုလိုက်ပြုံးပြနေတတ်ပြီးတော့ ဝမ်းနည်းနေရင် နည်းနည်းလေးတောင် ဟန်ဆောင်မပြုံးပြတတ်ဘူး"

baekhyun ပြန်မဖြေမိ။ chanyeol အမေ၏ပုံရိပ်ကိုသာ စိုက်ကြည့််နေမိသော်ငြား အတွေးတို့က တစ်ယောက်သောသူအပေါ် ပျံ့နှံ့နေ၏။

"အရမ်းရိုးသားသလို အရမ်းလည်းအစွဲအလမ်းကြီးတယ်.."

"ဟင်း... သားကိုချစ်ပါတယ်ဆိုပြီး အော်ဟစ်ဝန်ခံလာတဲ့အချိန်တုန်းကဆို.. အန်တီ့ရဲ့လိမ္မာတဲ့ ချန်းယော်လီလေးပျောက်သွားသလိုဘဲ အဟင်း.."

ရယ်သံသည်အသက်မပါ။

"ဝမ်းနည်းမိသလို ဒေါသလည်းထွက်တယ် သားရဲ့! ​ဒါပေမယ့် သူ့အဖေဒေါသကိုတော့ အန်တီတောင်လိုက်မမှီဘူး.."

baekhyun ဤကြားထဲကဇာတ်လမ်းတွေကို ကြားဖူးပြီးသားပင်။ နားထောင်ပြီးသားဇာတ်လမ်းဖြစ်သော်ငြား နောက်တစ်ခါထပ်ကြားရပြန်တော့ ရင်ဘတ်တွေတင်းကျပ်လာပြန်၏။

"ချန်းယော်လီကလူတစ်ယောက်ကြောင့် အရမ်းပြောင်းလဲသွားတဲ့အပေါ် ဝမ်းနည်းဒေါသဖြစ်ပေမယ့် သူ့ကို ပြန်ပြောင်းလဲစေမှာကလည်း အဲ့လူတစ်ယောက်ဘဲရှိတယ်လေ.."

Baekhyun ရင်တွေတင်းကျပ်လာသော်ငြား အတွေးတစ်စိတ်တစ်ဒေသကပင် ဖြေလျှော့နိုင်ခြင်းအလျဥ်းမရှိ။

"တော်တော်ကြာတဲ့အထိ အခန်းတွင်းပုန်းပြီးတဲ့နောက် ဘာဆေးမှမတိုးတော့တဲ့ ချန်းယော်လီဖို့ စကားလုံးတွေနဲ့ဘဲ ဆေးစကုခဲ့ရတယ်"

ဆေးကုရသည်တဲ့လား။ အိုဆယ်ဟွန်းပြောသည့်ထဲတွင် ဤမျှလောက်ထိ မပါသလိုပင်။

"ဂယောင်ခြောက်ခြားတွေဖြစ်ပြီး အကုန်လုံးကိုပြန်အာခံနေတဲ့ ချန်ယောလ်လီက အန်တီ့ကလေး ချန်းယောလ်လီမဟုတ်သလိုဘဲ.. အဲ့အချိန်မှာ သူ့ပါးစပ်ကတောက်လျှောက်ရွတ်နေခဲ့တာ hyung ဆိုတဲ့တစ်လုံးဘဲ.. သားနာမည်ကိုတောင် သူမှတ်မိပုံမပေါ်ဘူး.. သူ့အဖေရဲ့တင်းကြပ်မှုတွေကြောင့်လည်း ပိုဆိုးသွားတစ်စိတ်တစ်ပိုင်းပေါ့"

"......"

"စိတ်ရောဂါကုဆရာဝန်ကတော့ အဲ့အချိန်ကစပြီး စိတ်ချမ်းသာအောင်ထားခိုင်းပြီး ချန်းယော်လ်အဖေကို အတ္တတွေလျှော့ခိုင်းတယ်."

chanyeol အမေရဲ့ပုံရိပ်က ဝေဝါးလာသလိုပင်။

"အဲ့အချိန်ကစပြီး ချန်းယော်လီရဲ့စိတ်ထဲမှာ သားကိုဆုံးရှုံးရမှာကြောက်တဲ့ ဖိုးဘီးယားကြီး စွဲသွားတော့တာဘဲ.."

လွန်ခဲ့သည့်ရက်အနည်းငယ်က chanyeol ပို့ထားသည့်စာများကို ပြန်လည်မြင်ယောင်မိသည်။ ရူးနေလားလို့မေးလိုက်မိသော်ငြား မှန်ကန်စွာပင် ထိုအချိန်က chanyeol တကယ်ရူးနေခဲ့၏။ baekhyun တင်းကျပ်စွာပင် ခေါင်းငုံ့ချမိလိုက်သည့်အချိန်တွင် chanyeol အမေလှည့်ကြည့်လာ၏။

"သားကို ချန်းယောလ်ကဒါတွေမပြောပြဘူးမလား.."

baekhyun ခေါင်းငုံ့ထားရင်းဖြင့်သာ ဖြေးဖြေးချင်းညိတ်ပြမိသည်။ လုံးဝကိုမပြောပြခဲ့။ သူ့ဘဝထဲ hyung ရှိရင်လုံလောက်ပြီဟူသော chanyeol က hyung မရှိတော့ရင်ဟူသော စကားလုံးနောက်က ပုံရိပ်ကိုတော့မပြခဲ့။

"​ပြောရတာတော့ ရှက်ဖို့ကောင်းပေမယ့် ချန်းယော်လီကို ဂရုစိုက်ပေးပါ သား.. အဲ့ကလေးက ရင့်ကျက်ချင်ယောင်ဆောင်နေပေမယ့် သားနဲ့ပက်သတ်ရင် သေးသေးလေးကအစ ထိခိုက်လွယ်တယ်.."

ထိုစကားကိုတော့ ယုံသည်။ baekhyun ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ ရုတ်တရက် ခေါင်းငုံ့ထားနေရင်းမှ အသံတစ်သံကြားလိုက်ရသည်မို့ baekhyun သွေးကြောတွေ ဆောင့်ခုန်၏။။

"ကျွန်တော့်အကြောင်းပြောနေကြတာလား.."

ဝေဝါးနေသော မြင်ကွင်းရှေ့ချလာသော ကော်ဖီခွက်တစ်ခွက်။ မျက်နှာထက်က အမူအရာတို့ကို မြင်မည်စိုး၍ ခပ်မြန်မြန်တုန့်ပြန်မိတော့ chanyeol ချက်ချင်းပင် မျက်လုံးပွတ်နေသည့်လက်ကိုဖမ်းဆွဲကာ အနားသို့ထိုင်ချလာ၏။

"hyung! ငိုနေတာလား..!"

ချက်ချင်းပင်အကြည့်က အရှေ့တွင်ထိုင်နေသည့်လူအပေါ် ဒိုင်းကနဲကျရောက်လာသည်မို့ chanyeol အမေဟက်ဟက်ပက်ပက်ရယ်ကာ လက်ကာပြ၏။

"အမလေးလေး.. ငါငိုအောင်လည်း မရိုက်လိုက်မိပါဘူးကွယ်.."

baekhyun မျက်ရည်တွေသုတ်နေရင်းကြားမှ ရယ်လိုက်မိသည်။ chanyeol ဒူးတစ်ဖက်ထောက်ထိုင်ကာ baekhyun မျက်နှာကိုဆွဲမော့စေသည်။

"Hyung ဘာဖြစ်လို့လဲ!"

ချက်ချင်းပင် chanyeol အမေအသံထွက်လာ၏။

"သား baekhyunee ကို အထဲခေါ်သွားလိုက်တော့.. အပြင်မှာအေးလာပြီ.."

baekhyun မျက်ရည်တွေအကုန်သုတ်ပြီးသော်ငြား အေးစက်နေသော ပတ်ဝန်းကျင်ကြောင့်လည်း မျက်လုံးတွေနှာခေါင်းတွေ ရဲရဲတွတ်နေ၏။ ပုခုံးကနေဆွဲဖက်ထားသောchanyeol က​လူမမာကို ထိန်းကိုင်လျှောက်နေသည့်အလား။ ရပါတယ် ဟုဆိုသည်ကိုပင် baekhyun မျက်ရည်တွေကိုတွေ့လိုက်ရသည်မို့ စိတ်မချမှန်းသိသာသည်။ အပေါ်ထပ်တောက်လျှောက်တက်လာပြီး အခန်းတစ်ခန်းထဲ ဝင်လိုက်သော်ငြား မှောင်မဲနေသည်မို့ သဲသဲကွဲကွဲမမြင်ရ။

"ဒီမှာခဏနေနော် hyung ကျွန်တော်မီးသွားဖွင့်လိုက်ဦးမယ်.."

ပုခုံးထက်မှ အနွေးဓာတ်ပျောက်သွားသည်နှင့် baekhyun ရင်တွေ လစ်ဟာလာသလိုပင်။ ရုတ်တရက် ခပ်မှိန်မှိန်လင်းသွားသော အခန်းပတ်ပတ်လည်က သန့်ရှင်းသပ်ရပ်နေပြီး အိပ်ရာအကြီးကြီးတစ်ခုနှင့်။ chanyeol ကျောပေးထားရင်း တစ်ခုခုလုပ်နေပုံရသည်။

"ဒါအရင်က ကျွန်တော့်အခန်းလေ.."

"အင်း"

ပြန်ဖြေလိုက်သော်ငြား baekhyun အာရုံသည်အခန်းပေါ်တွင်မရှိ။ chanyeol ပေါ်၌သာရှိသည်။ နောက်ကျောပေးထားသော chanyeol ကျောပြင်ကြီးကကျယ်သော်ငြား အထီးကျန်ဆန်နေသယောင်။

အဲ့အချိန်ကစပြီး ချန်းယော်လီရဲ့စိတ်ထဲမှာ သားကိုဆုံးရှုံးရမှာကြောက်တဲ့ ဖိုးဘီးယားကြီး စွဲသွားတော့တာဘဲ..

ပြန်ကြားယောင်လာသော စကားများက baekhyun ကိုမျက်ရည်ဝဲလာစေပြန်သည်။ မြင်နေရသော်ငြား ဝေဝါးလာသည့် ကျောပြင်ကျယ်အား လက်မလွှတ်ချင်ဇောနှင့် ပြေးဖက်လိုက်မိတော့ chanyeol တစ်ကိုယ်လုံးတောင့်တင်းသွားသည်ကို ခံစားမိလိုက်သည်။ ဘာလို့များ သူ့အပေါ်မကောင်းသည့် မိမိအပေါ် ဤမျှလောက်ထိ ပေးဆပ်နေရသည်လဲ။ ထိစပ်နေမိသည့် ကျောပြင်ကျယ်ကြီးက မျက်ရည်များနှင့်ထိတွေ့ကာ စိုစွတ်စေလာတော့ chanyeol အလန့်တကြားဆို၏။

"hyung! ဘာဖြစ်တာလဲ..!"

ခန္တာကိုယ်ကို ချက်ချင်းလှည့်ကာ baekhyun ကိုငုံ့ကြည့်လာသော လူက baekhyun မျက်ရည်တွေကို ထိပ်ထိပ်ပြာပြာဖြင့် သုတ်ဖယ်ပေးနေ၏။

"ဘာတွေဖြစ်နေတာလဲ hyung ရာ... အမေဘာတွေပြောလိုက်လို့လဲ.. ကျွန်တော့်ကိုပြောပြလို့ရတယ်လေ"

မျက်နှာကိုအတင်းဆွဲမော့နေသောကြောင့် အလိုကျမော့ပေးကာ မျက်ရည်များကြားမှ ရယ်မောရင်းဆိုလိုက်မိသည်။

"နမ်း"

လိုအင်ဆန္ဒကိုဖော်ပြမိသည့် ပထမဆုံးအကြိမ်ပေမို့ chanyeol ကြောင်သွားသော်ငြား ခဏသာ။ ချက်ချင်းပင် ထိတွေ့နမ်းရှိုက်လာသည်က အသက်ရှုဖို့ခက်စွာပင် တရှိုက်မတ်မတ်။ အသက်ရှုကျပ်လာသော်ငြား တွန်းထုတ်ဖို့နှမြောစွာပင် ကော်လာနှစ်ဖက်ကိုဆွဲချကာ တင်းတင်းကျပ်ကျပ်နမ်းမိတော့ chanyeol မျက်လုံးအနည်းငယ် ဖွင့်ကြည့်၏။ baekhyun ဘက်က ဆန္ဒကိုဖော်ပြဖို့ရှားသည်မို့ မယုံကြည်နိုင်ဖြစ်နေပုံပေါ်သည်။ နှစ်ဦးနှစ်ဖက် အလိုက်သိစွာပင် အပေးယူမျှမျှ နှုတ်ခမ်းတို့ကို ခွဲခွာပြီးသည့်နောက် နဖူးချင်းထိကပ်ကာ အသက်လုရှုမိသည်။ chanyeol အမောပင် အလုံးစုံမပြေသေး အသံခပ်ရှရှနှင့်ပြော၏။

"ထပ်နမ်းလို့ရသေးလား hyung.."

baekhyun ရင်ထဲဆောင့်ခုန်သွားကာ အနည်းငယ်တွေဝေသွားပြီးမှ ခပ်တိုးတိုးတုန့်ပြန်မိသည်။

"နမ်းရုံဘဲနော်.."

"အင်း နမ်းရုံဘဲ!"

chanyeol သည်ခွင့်ပြုချက်ရသည်နှင့် baekhyun ကို ချီကာ ခြေထောက်နှစ်ဖက်ကို ခါး၌ခွစေသည်။ လန့်သွားသော်ငြား ခပ်မြန်မြန်ပင် ထိကပ်သွားသော နှုတ်ခမ်းတစ်စုံကြောင့် ဘာဆိုဘာမျှမတားမြစ်လိုက်နိုင်။ တင်ပါးကိုပွေ့ထိန်းထားသော chanyeol လက်တွေက ခါးအတွင်းထဲတစ်လျှောက် ထိတွေ့ပွတ်သပ်လာသည်မို့ လန့်ကာရုန်းမိသည်။ ကျောနှင့်မွေ့ယာထိတွေ့မိသည်နှင့် အသိဝင်သွားပြီး အုပ်မိုးကြည့်နေသော chanyeol ကို ဟောက်လိုက်၏။

"နမ်းရုံဘဲလို့.....! ပြောထားတယ်လေ.."

အသက်ရှူမဝသေးသည့်ကြားမှ ပြောသည်မို့ ရင်ဘတ်တစ်စုံက ဖုတ်လိုက်ဖုတ်လိုက်ဖြင့်။

"အင်း တကယ်နမ်းရုံပါဘဲ hyung.."

ပြောပြီးသည်နှင့် ထပ်မံအုပ်မိုးလာသော chanyeol က နှုတ်ခမ်းတစ်စုံအပြင် လက်ကိုပါအလုပ်ပေးနေသည်မို့ baekhyun တစ်ထည်တည်းသော ဆွယ်တာလေး ကုတင်အောက်ပြုတ်ကျ၏။ ပွတ်သပ်လာသော လက်တို့ကြောင့် ရင်တုန်နေသည့်ကြားမှ အနမ်းကိုတုန့်ပြန်နေရသည်မှာ လွယ်ကူသည်မဟုတ်။ ထိုနေ့က နမ်းရုံဘဲဟူသော chanyeol စကားတည်ခဲ့ပါသည်။ နမ်းရုံဘဲဟုဆိုကာ တစ်ကိုယ်လုံးရှိတစ်နေရာမချန် နမ်းသွားသည့်အပြင် အဆစ်အနေနှင့် ကိုက်ရာတွေပါချန်ထားခဲ့သေး၏။

________•°•°•°•°•

နောက်ကျသွားတယ် ဟဲဟဲ ><"
ဒါနဲ့ နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပြီနော်
Good night ~! 💛✨

Zawgyi

ကားေပၚတက္သည့္အခ်ိန္တြင္ Baekhyun ႏႈတ္ခမ္းတစ္ခုလံုး ဖူးေယာင္ကာထံုက်ဥ္ေနၿပီျဖစ္ေသာ္ျငား chanyeol သည္ကား ခုဏေလးတင္မွ စိတ္ဆိုးစိတ္ေကာက္ေနသည့္ မ်က္ႏွာေပးႏွင့္ ကြဲလြဲစြာပင္ သြားႀကီးတၿဖီးၿဖီးႏွင့္ ျမင္မေကာင္း။ ဤၾကားထဲ ထိုင္ခံုခါးပက္ပတ္ေနရင္း မၿပီးႏိုင္မစီးႏိုင္ ဆက္ရန္ရိွေနေသးသည္မို႔ အတင္းအက်ပ္ တြန္းထုတ္လိုက္ရေသးသည္။ ယခုလည္း ကားေမာင္းသူေနရာတြင္ ဝင္ထိုင္သည္အထိ မ်က္ႏွာပိုးမေသေသး။ baekhyun ႏႈတ္ခမ္းစူပုတ္ေနသည္ဟုထင္ရေသာ္ျငား chanyeol ဒဏ္ေၾကာင့္ ဖူးေယာင္ေနျခင္းသာ။ မ်က္ေမွာင္အဆံုးစြန္ထိ အတင္းၾကဳတ္ထားေသာ္ျငား နားရြက္ေတြပါးေတြ နီရဲေနသည္ကိုေတာ့ ဖံုးကြယ္၍မရ။

"hyung အိမ္ကိုလိုက္ပို႔ေပးရမွာလား ကြၽန္ေတာ့္အိမ္ဘဲလိုက္ပို႔ေပးရမွာလား.."

ၿပံဳးေပ်ာ္စြာေမးလာေသာ chanyeol စကားေၾကာင့္ baekhyun စဥ္းစားမိသြားသည္။ ဒီေန့ပိတ္ရက္ေပမို႔ မားဆိုင္ဖြင့္ေလာက္မည္မဟုတ္။ baekhyun ကိုအလြယ္တကူ ထြက္သြားခြင့္ေပးလိုက္ကတည္းက ေဆးရံုတြင္သာ မားတစ္ေနကုန္ရိွမည့္ပံုပင္။

"ငါဒီေန့အားတယ္..."

ေျပာလိုက္ေသာ္ျငား ခပ္တိုးတိုး။ chanyeol ပို၍ပင္ ၿပံဳးၿပံဳးေပ်ာ္ေပ်ာ္ျဖစ္သြားသည္ကို မ်က္စိေထာင့္ကျမင္လိုက္ရသည္။

"ဒါဆိုကြၽန္ေတာ့္အိမ္ဘဲ သြားၾကတာေပါ့!"

Baekhyun သက္ျပင္းခပ္တိုးတိုး ခ်လိုက္မိၿပီးမွ ရုတ္တရက္ သတိတရေမးလိုက္သည္။

"မား..... ဘာေတြေျပာလိုက္တာလဲ.."

chanyeol ခါးပတ္ပတ္ေနရင္း တစ္ခ်က္လွည့္ၾကည့္၏။ baekhyun ထိုကိစၥႏွင့္ပတ္သက္၍ အနည္းငယ္စိုးရိမ္မိေသာ္ျငား chanyeol မ်က္ႏွာအမူအရာ ၾကည္လင္ေန၍ စိတ္ေအးသက္ျပင္းေတာ့ ခ်မိသည္။

"ဘာမွေထြေထြထူးထူးမဟုတ္ပါဘူး.."

အေျပာအတိုင္း ဘာမ်ွမဟုတ္သည့္အလား ကားစက္ႏိႈးေနေသာ chanyeol ေၾကာင့္ baekhyun မ်က္ေမွာင္ပိုၾကဳတ္သြားသည္။ ေထြေထြထူးထူးမဟုတ္ဘဲ မားကစကားေခၚေျပာမည္တဲ့လား။

"ေသခ်ာလို႔လား..."

သံသယျဖစ္စြာေမးသည့္စကားေၾကာင့္ chanyeol ခ်က္ခ်င္းျပန္ေျဖေပး၏။

"တကယ္ဘာမွမဟုတ္ပါဘူး hyung ရဲ့.."

ေျပာေနရင္းျဖင့္ အနည္းငယ္ေတြေဝသြားသည္မို႔ baekhyun စိတ္ေမာသြားသည္။ အခ်ိန္ႏွစ္စကၠန္႔စာေလာက္ေအးခဲၿပီးမွ chanyeol ခ်က္ခ်င္းပင္ အမူအရာျပန္ျပင္ကာဆို၏။

"ဘာမွမျဖစ္ဘူး hyung.., ကြၽန္ေတာ့္ေပၚဘဲမူတည္တာမို႔ hyung ဘာမွစိတ္ပူေနစရာမလိုဘူး.."

မ်က္လံုးေတြေမွးမိွတ္သြားသည္အထိ ၿပံဳးျပကာေျပာလာေသာ chanyeol က လက္တစ္ဖက္ကိုလည္း ေခါင္းေပၚတင္ကာဆံပင္ကို ဆြဲဖြလာ၏။

ေျဖာင္း

ေခါင္းေပၚမွလက္ကို မႀကိဳက္သည့္အလား မ်က္ေမွာင္ၾကဳတ္ကာ ရိုက္ခ်လိုက္ၿပီးသည္ႏွင့္ ေဟာက္လိုက္၏။

"ငါမင္းထက္အႀကီးေနာ္! ေခါင္းကိုလာမကိုင္နဲ႔.."

chanyeol မ်က္ႏွာအီလည္လည္ၾကားမွ ေခါင္းညိတ္ျပရရွာသည္။ အားမျပင္းေသာ္ျငား အလြန္တရာမွ နာက်င္သြားဟန္ မ်က္ႏွာရႈံ႔မဲ့ျပေနေသာ chanyeol ေၾကာင့္ ထိုလက္တစ္ဖက္ကို ခပ္ျမန္ျမန္ဆြဲယူကာ ပြတ္ေပးမိလိုက္သည္။ အျမင္ကပ္ကပ္ႏွင့္မို႔ အားပါကာ အသားပင္နီရဲသြားမည္ထင္၏။

"အား...! အာ! hyung ! ပိုနာသြားၿပီဗ်!"

ထိုအခါမွ baekhyun မ်က္ေစာင္းတစ္ခ်က္ႏွင့္ရပ္လိုက္သည္။ နီရဲသြားေသာလက္ကိုေတာ့ျပန္မလႊတ္ေသးဘဲ ေပါင္ေပၚတင္ထားေစလိုက္သည္။ chanyeol လည္း အနည္းငယ္ေလာက္ပင္ မရုန္းဘဲ က်န္တစ္ဖက္တည္းႏွင့္ ကားပါကင္မွရေအာင္ထြက္ကာ ေမာင္း၏။ အျပင္ကိုၾကည့္ေနရင္းမွ သတိရစြာပင္ ေပါင္ေပၚတင္ထားေသာ လက္ဖမိုးတို႔ကို ၾကၫ့္မိေတာ့ baekhyun ပေရာဂေၾကာင့္ နီရဲေန၏။ လက္မႏွစ္ဖက္ႏွင့္ ေသခ်ာတယုတယျပန္ကိုင္ကာ ပြတ္သပ္ေပးမိေတာ့ chanyeol လက္အေၾကာတစ္ခ်ိဳ႕ လႈပ္လႈပ္ရွားရွားျဖစ္သြားသည္ကို သတိျပဳမိသည္။ ကားေမာင္းသည့္အေပၚ အာရံုစိုက္ထားရသည္မို႔ baekhyun ဘက္လွည့္မၾကည့္ႏိုင္။ စိတ္ညစ္ညစ္တစ္ခုက ဝင္လာ၏။ လက္ဖမိုးအႀကီးႀကီးအား baekhyun လက္ႏွစ္ဖက္ႏွင့္ ဆြဲမကာ မ်က္ႏွာနားကပ္ယူလိုက္သည္။ လက္ဖမိုးကို ပါးေပၚတင္ကာ ေၾကာင္ေတြကဲ့သို႔ ပြတ္သပ္မိေတာ့ chanyeol တစ္ခ်က္တြန္႔ကာအလန္႔တၾကားဆို၏။

"hyung!"

baekhyun ပါးျပင္ႏွင့္ပြတ္ကာ မ်က္လံုးမိွတ္ဇိမ္ယူေနရင္းမွ chanyeol အသံေၾကာင့္ခပ္ေျဖးေျဖးဖြင့္ၾကည့္လိုက္သည္။ baekhyun ၏ ရီေဝေဝအၾကည့္ႏွင့္ ဆံုသည္ႏွင့္ chanyeol သက္ျပင္းအက်ယ္ႀကီး တစ္ခ်က္ခ်ကာ ခပ္ရွရွဆို၏။

"တမင္လုပ္ေနတာဘဲ hyung..!"

baekhyun အနည္းငယ္ၿပံဳးေယာင္သမ္းသြားသည္။ သိရင္ဘာလို႔ေျပာေနေသးလဲ။ ကားေမာင္းေနေသာ အေျခအေနကိုအခြင့္ေကာင္းဟူ၍ရေသာေၾကာင့္ တမင္လုပ္ရဲျခင္းလည္းပါသည္။ မ်က္လံုးခပ္ေမွးေမွးကိုျပန္မိွတ္ကာ ပါးျပင္ကိုထိကပ္ထားေသာ လက္ကိုႏႈတ္ခမ္းနားဆြဲကပ္လိုက္သည္။ နမ္းလိုက္ျခင္းေတာ့မဟုတ္ေသာ္ျငား ထပ္ခါတလဲလဲ ႏႈတ္ခမ္းေပၚဆြဲဖိပြတ္သပ္ေနျခင္းေၾကာင့္ chanyeol ထံမွ သက္ျပင္းခ်သံခဏခဏကို က်ယ္ေလာင္စြာၾကားေနရသည္။ baekhyun ႏႈတ္ခမ္းတြင္ကပ္ထားေသာ လက္ကိုကိုင္ကာ ပါးမို႔မ်ားမို႔တက္လာသည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးမိသည္။ chanyeol ကိုစရသည္မွာ ေပ်ာ္စရာေကာင္းလြန္းသည္ပင္။

"Hyung ဒီေန့ေတာ္ေတာ္ေပ်ာ္ေနတာဘဲ.."

သက္ျပင္းသံမ်ားၾကားမွ မပီမသေျပာေသာ စကား​ကို baekhyun သက္ေသျပလိုက္သည့္အလား ႏႈတ္ခမ္းနားရိွ chanyeol လက္ကို ဆြဲကိုက္ခ်လိုက္၏။

"အာ့ hyung!"

တစ္ခ်က္သာ။ ခ်က္ခ်င္းျပန္လႊတ္ရင္း သေဘာက်စြာရယ္ၿပီးမွ ကိုက္လိုက္မိသည့္ေနရာကို ခပ္ဖြဖြပြတ္ေပးမိသည္။ ေသခ်ာျပန္ၾကည့္မိေတာ့ သြားရာအကြင္းလိုက္က လက္ညိုးအလယ္တစ္ေလ်ွာက္ က်န္ခဲ့၏။ chanyeol သက္ျပင္းခ်ျပန္သည္။

"hyung ေပ်ာ္တာျပႆနာမရိွေပမယ့္ ဒီလိုပံုနဲ႔ဆိုကားေပၚကဆင္းတာနဲ႔ hyung အခက္ေတြ့လိမ့္မယ္ေနာ္.."

တစ္ခ်က္လွၫ့္ၾကည့္ကာ ခပ္ၿပံဳးၿပံဳးဆိုေသာ chanyeol စကားေၾကာင့္ baekhyun ၿပံဳးေပ်ာ္ေနသည္ေတြပင္ တို႔လို႔တန္းလန္းရပ္တန္႔ကုန္၏။ ေရႏြေးႏွင့္အပက္ခံလိုက္ရသကဲ့သို႔ ရဲတက္လာေသာ မ်က္ႏွာကိုမဖံုးလိုက္ႏိုင္။ ေသခ်ာအပီအျပင္ ဆုပ္ကိုင္ထားေသာ chanyeol လက္ကို ခ်က္ခ်င္းပစ္ခ်မိကာ အျပင္ဘက္ကို မ်က္ႏွာလႊဲလိုက္သည္။ chanyeol ထံမွ ရယ္သံခပ္ရွရွထြက္လာ၏။

ရုတ္တရက္။
ေပါင္ေပၚကိုပစ္ခ်မိလိုက္ေသာ လက္သည္ အၿငိမ္မေနဘဲ အနည္းငယ္က်ူးက်ူးေက်ာ္ေက်ာ္ျဖစ္လာသည္မို႔ အလန္႔တျဖတ္ ရိုက္ထုတ္မိျပန္၏။ chanyeol နာက်င္ဟန္ေတာ့မျပေသာ္ျငား baekhyun ကို အဓိပၸာယ္ပါပါ ၿပံဳးၾကည့္၏။ baekhyun ၾကက္သီးေတြထသြားသလိုပင္။ ခပ္ျမန္ျမန္အၾကည့္လႊဲကာ အျပင္ဘက္က ျမဴအံု႔ဆိုင္းေနေသာရာသီဥတု ျမင္ကြင္းကိုသာ အၾကည့္ပို႔လိုက္ရသည္။ chanyeol ေျပာသည့္အဓိပၸာယ္ကို နားမလည္ႏိုင္သည္အထိ baekhyun တံုးမေန။ အသက္ခပ္ေျဖးေျဖးရႉသြင္းကာ ေခါင္းထဲမွထုတ္ရသည္။ ရုတ္တရက္ အၾကည့္ေရာက္သြားသည္က ေက်ာင္းသူသံုးေယာက္အုပ္စု ဝိုင္းဖြဲ႔ရပ္ေနေသာဆိုင္တစ္ဆိုင္ဆီ။

ေတာ့ပိုကီ !!
လ်ွာသပ္လိုက္မိသည္။ ေက်ာင္းသူအရြယ္မိန္းကေလးမ်ားသည္ ေပါင္တိုစကတ္ေလးမ်ားကိုသာ ဝတ္ထားၾကေသာ္ျငား ေပါင္ေပၚထိေျခအိတ္ရွည္ေတြေၾကာင့္ အေအးဒဏ္ကိုေတာ့ အနည္းငယ္ခံသာမည့္ပံုပင္။ ဆိုင္နားတြင္ခုန္ဆြခုန္ဆြႏွင့္ ေတာ့ပိုကီပူပူေလာင္ေလာင္ရဲရဲေတာက္ေတာက္အား တဖူးဖူးမႈတ္စားေနၾက၏။ ဤမ်ွေလာက္ခ်မ္းေအးေနသည့္ၾကားထဲ စကားကလည္းေျပာေနၾကေသာေၾကာင့္ အခိုးအေငြ့တို႔ကို မာဖလာထူထူႀကီးမ်ားၾကားမွ ေတြ့ျမင္ေနရေသးသည္။ လက္ကနာရီကိုတစ္ခ်က္ၾကည့္မိေတာ့ မနက္ ၉နာရီ။ ေက်ာင္းတက္ခါနီး အခ်ိန္ေလးကို အျမန္စားေနၾကသည္ထင္ရဲ့။

ကားေက်ာ္သြားသည္ႏွင့္ တျခားေနရာမ်ားထံအၾကည့္ပို႔လိုက္ၿပီး ေတာ့ပိုကီကို ေခါင္းထဲမွဆြဲထုတ္ရသည္။ ဗိုက္ဆာလာသလိုပင္။ ရုတ္တရက္ မရင္းႏွီးသည့္ေနရာတစ္ခုတြင္ ကားရပ္သြားသည္မို႔ baekhyun , chanyeol ကိုလွည့္ၾကည့္မိလိုက္သည္။ အၾကည့္ပင္ေနာက္က်ေသးသည္။ chanyeol ကားစက္သတ္ၿပီးသည္ႏွင့္ ကားေပၚမွဆင္းကာ baekhyun ဘက္တံခါးအား ဆြဲဖြင့္ေပးလာ၏။ တံခါးဖြင့္လိုက္သည္ႏွင့္ ေအးစိမ့္သြားေသာ အျပင္ပတ္ဝန္းက်င္ေၾကာင့္ ပုခံုးက်ံဳ႔လိုက္မိသည္။ baekhyun မဆင္းေသးဘဲေမးလိုက္သည္။

"ဘာလုပ္ဖို႔လဲ.."

chanyeol ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးကာ ဆို၏။

"ေတာ့ပိုကီစားရေအာင္ hyung..!"

baekhyun ၾကားလိုက္ရခ်င္း မင္သက္သြားေသာ္ျငား မျငင္းေတာ့ဘဲခ်က္ခ်င္းပင္ ေခါင္းညိတ္ျပလိုက္သည္။ ကားေပၚမွဆင္းဖို႔အေရး လက္လာေပးေနေသာ chanyeol ကို အျမင္ကပ္စြာၾကၫ့္လိုက္မိေသာ္ျငား ေက်နပ္ေစရန္ ကိုင္ေပးလိုက္ပါသည္။ chanyeol ဆိုသည္။

"ဟိုနားမွာ တစ္ဆိုင္ေတြ့ခဲ့ေပမယ့္ ကားရပ္ဖို႔ကဒီနားဘဲ အဆင္ေျပတာမို႔လို႔.. လမ္းေတာ့နည္းနည္းေလ်ွာက္ရမယ္ေနာ္ hyung.."

Baekhyun ေခါင္းသာတဆတ္ဆတ္ညိတ္ျပလိုက္သည္။ ရာသီဥတုေအးေနေသာ္ျငား ယခုကဲ့သို႔အခ်ိန္မ်ိဳးတြင္ ပူပူေလာင္ေလာင္မ်ိဳး စားရသည္ကအလြန္ေကာင္းသည္ေလ။

"အရမ္းခ်မ္းေနလား.."

baekhyun ေခါင္းညိတ္ျပလိုက္သည္။ တကယ္လည္းခ်မ္းလြန္း၏။ chanyeol ၏ ဆြယ္တာအက်ႌအထူႀကီးကိုသာဝတ္လာျခင္းျဖစ္ၿပီး အေနြးထည္ေတြဘာေတြလည္း ဝတ္မလာ။ chanyeol သူ႔ကုတ္အက်ႌခြၽတ္ေပးကာ baekhyun ကိုေပး၏။ မဝတ္ဟုဆိုကာ အတင္းျငင္းေတာ့ အတင္းအက်ပ္ဝတ္ေပးျပန္၏။ သူကိုယ္တိုင္က်ခ်မ္းေနမည္စိုး၍ စိတ္ပူသည့္အၾကည့္ႏွင့္ၾကည့္မိေတာ့ ပါးေတြနားေတြနီရဲေနရင္းမွ ခပ္ပါးပါးၿပံဳးျပ၏။ ကားေနာက္ခန္းမွ ထုတ္ယူလာသည့္ ကုတ္အက်ႌႀကီးသည္ ဘယ္ကတည္းကေဆာင္ထားမွန္းမသိေသာ္ျငား chanyeol ကေတာ့ ထိုအက်ႌကိုသာဝတ္ထားလိုက္ၿပီး အဆင္ေျပသည္ဟုဆို၏။ baekhyun လက္ကိုပိုင္ပိုင္ႏိုင္ႏိုင္ဆြဲကာ လမ္းေဘးပလက္ေဖာင္းတစ္ေလ်ွာက္ ေအးေဆးေလ်ွာက္လာလိုက္သည္။ chanyeol အိတ္ကပ္ထဲလက္ထည့္ထားရေသာေၾကာင့္ ေနြးေနေသာ္ျငား ပတ္ဝန္းက်င္အျမင္ကိုလည္း စိုးရိမ္စြာၾကည့္မိေသးသည္။ chanyeol သိေသာ္ျငား မည္သူ႔ကိုမ်ွမၾကည့္ဂရုမစိုက္ဘဲ လက္ကိုမျဖဳတ္။

"hyung.."

ရုတ္တရက္အသံျပဳေသာ chanyeol ေၾကာင့္ baekhyun သြားေနရင္း လွည့္ၾကည့္လိုက္သည္။ အသက္တစ္ခ်က္ရႉထုတ္တိုင္း အခိုးအေငြ့တို႔ထြက္ေနေသာေၾကာင့္ chanyeol ခ်မ္းေနသည္ဟုထင္မိသည္။

"ကြၽန္ေတာ္တို႔အိမ္လိုက္ခဲ့မလား.."

baekhyun ေျခလွမ္းေတြေျဖးေျဖးခ်င္းရပ္သြားသည္။

"မင္းအိမ္?"

ေခါင္းေစာင္းကာေမးမိေသာ စကားကို chanyeol က ရယ္၏။ chanyeol အိမ္ေရာက္ဖူးေနၾကဘဲမဟုတ္လား။

"ကြၽန္ေတာ့္မိဘေတြနဲ႔ မိတ္ဆက္ေပးမလားလို႔.."

ထပ္ေျပာလာေသာ chanyeol စကားေၾကာင့္ baekhyun နားလည္ကာ အနည္းငယ္ေတြေဝသြားသည္။ သို႔ေသာ္ျငား သူေၾကာက္သည္။ chanyeol အေမႏွင့္က ငယ္ငယ္ကတည္းက သိ၍ျပႆနာမရိွႏိုင္ေသာ္ျငား chanyeol အေဖကိုေတာ့ေၾကာက္သည္။ chanyeol ေျပာစကားမ်ားအရ ၾကားထားရသည္က ေၾကာက္စရာမ်ားပင္။ ပိုၿပီးတုန္လႈပ္ေစသည္က baekhyun ကို အျမင္ၾကည္ပါ့မလားဟူေသာ ေမးခြန္း။ အေျဖျပန္မလာဘဲ ျငင္းခ်က္ထုတ္ခ်င္သည့္ဟန္ ေခါင္းငံု႔သြားေသာေၾကာင့္ chanyeol ထပ္ဆို၏။

"hyung အဆင္မေျပလည္း..."

"ရတယ္!"

chanyeol စကားမဆံုးေသးခင္တြင္ပင္ baekhyun ဝင္ျဖတ္လိုက္သည္။ chanyeol နားမလည္သည့္အလား ေၾကာင္ၾကည့္၏။

"ရတယ္လို႔! မိတ္ဆက္တာေပါ့! ဒီ.. ဒီေန့ဘဲသြားမလား.. ငါအားတယ္ဒီေန့!"

ခ်က္ခ်င္းလက္ငင္းပင္ အေတြးေျပာင္းသြားေသာ baekhyun ေၾကာင့္ chanyeol လည္း မင္သက္ေနၿပီးမွ ေခါင္းညိတ္လိုက္ရသည္။ baekhyun လည္း အစကေရွာင္ေျပးေနမည္ႀကံေသာ္ျငား တစ္ခါေရွာင္ၿပီးလ်ွင္ ထပ္ခါတလဲလဲေရွာင္ဖို႔ အေၾကာင္းဖန္လာမည္မို႔ ယေန့ပင္ခ်က္ခ်င္းေတြ့ခ်င္သည္ဟု ေျပာလိုက္ျခင္းသာ။ မိမိဘာသာ ဆံုးျဖတ္ခ်က္ျပန္မေျပာင္းေစရန္ အိတ္ကပ္အတြင္းမွ chanyeol လက္ကို ျဖစ္ၫွစ္ထားမိသည္။ chanyeol တစ္ခ်က္ေစာင္းငဲ့ၾကည့္ေသာ္ျငား baekhyun ထိုအတိုင္းသာ မသိခ်င္ေယာင္ေဆာင္လ်က္ လမ္းဆက္ေလ်ွာက္သည္။

ေတာ့ပိုကီဆိုင္ေရာက္သည့္အခ်ိန္တြင္ ေက်ာင္းသူေလးတစ္ခ်ိဳ႕ရိွေနဆဲျဖစ္ၿပီး စာကေလးသိုက္အလား ဆူညံစြာ စကားေတြမ်ားေနၾကသည္။ baekhyun တို႔ေရာက္လာသည့္အခ်ိန္တြင္ သိသိသာသာ အသံတိတ္သြားသည္မို႔ baekhyun ေၾကာင္သြားေသာ္ျငား နည္းနည္းပါးပါး အကဲခတ္ၾကည့္မိေတာ့ ထိုေကာင္မေလးတို႔အၾကၫ့္က chanyeol အေပၚ၌သာ။ ေတာ့ပိုကီလွည္း၏ ေထာင့္ဆံုးမ်က္ႏွာခ်င္းဆိုင္မွ ေကာင္မေလးမွစကာ တံေတာင္ျဖင့္တြတ္လိုက္သည္ႏွင့္ အၾကည့္ေတြကမတိုင္ပင္ဘဲ chanyeol အေပၚတန္းတန္းမတ္မတ္။ အလယ္ကတစ္ေယာက္ဆိုလ်ွင္ ငမ္းသည္မွာပါးစပ္ထဲထည့္ေနသည့္ ေတာ့ပိုကီပင္ေအာက္ျပဳတ္က်သည္။ baekhyun မ်က္ေမွာင္ၾကဳတ္ကာ မ်က္ႏွာမသာမယာျဖစ္ေနသည္ကို သူတို႔မျမင္။ chanyeol သည္ကား baekhyun စားဖို႔ဟုဆိုကာ တျခားမုန္႔မ်ားကို တစ္ခုၿပီးတစ္ခု ကိုယ္တိုင္ကိုယ္က်ေရြးထည့္ေပးေနသည္မို႔ သိမည္မထင္။

ရုတ္တရက္တုန္ခါလာေသာ chanyeol အတြင္းအိတ္ကပ္ထဲမွဖုန္းေၾကာင့္ baekhyun အၾကည့္ေတြက ထိုကေလးမမ်ားထံမွလႊဲကာ ဖုန္းထံေရာက္လာ၏။ ဖုန္းကိုဆြဲထုတ္ၿပီးသည္ႏွင့္ baekhyun အား လက္ကာျပကာ ေရ႔ွထြက္သြားေသာ chanyeol ေၾကာင့္ေက်နပ္သလို မေက်နပ္သလို။ ေလာေလာဆယ္ေတာ့ ထိုကေလးမေလးေတြ ငမ္း၍မရေတာ့သည္မို႔ စိတ္ခ်လက္ခ်ပင္ chanyeol ထည့္ေပးသြားေသာ စကၠူဗူးအျပည့္ ငါးအသားေခ်ာင္းေလးမ်ားကို တို႔တိတို႔တိႏွင့္ စားေနလိုက္၏။

ပါးစပ္ထဲထည့္ထည့္လိုက္ျခင္း ပူသည္ဟုခံစားရေသာ္ျငား ေအးစက္ေနေသာ ေလထုေၾကာင့္အနည္းငယ္ေတာ့ ခံသာသည္။ ပူျခစ္ေနေသာ အသားဖတ္အား ပါးစပ္ထဲေတာင္လိွမ့္ေျမာက္လိွမ့္ လုပ္ေနရင္းျဖင့္သာ စားရသည္။ အေငြ့ေတြသည္လည္း ေတာက္ေလ်ွာက္ထြက္ေနသည္မို႔ မ်က္စိေရ႔ျွမင္ကြင္းကို ဝိုးတိုးဝါးတားျဖစ္ေစသည္။ ရုတ္တရက္အသံတိုးတိုးတစ္သံ ၾကားလိုက္ရသည္။

"ဟဲ့ ဟဲ့! ဓာတ္ပံုရိုက္ ဓာတ္ပံုရိုက္!"

baekhyun ပါးစပ္ထဲလိွမ့္ေနသည့္အသားဖတ္ပင္ မပူေတာ့သေယာင္။ ဆိုင္ဘတ္ကိုေက်ာေပးကာ ဖုန္းေျပာေနေသာ chanyeol အား အေနာက္ကေန ကုတ္ေခ်ာင္းကုတ္ေခ်ာင္းျဖင့္ ဓာတ္ဖမ္းေနၾကေသာ ေက်ာင္းသူသံုးေယာက္ေၾကာင့္ baekhyun မ်က္ျဖဴလန္သြားသည္။ ပါးစပ္ထဲၿမိဳမခ်ရေသးသည့္ အသားဖတ္ကို ပူသည္မပူသည္ပင္ ဂရုမစိုက္ဘဲအတင္းၿမိဳခ်ၿပီးသည္ႏွင့္ မ်က္စိေရ႔ွမွ လက္ေတာက္ေလာက္ေလးေတြကို ေဟာက္ရန္ျပင္လိုက္သည္။

"နင္တို႔!"

baekhyun အသံေၾကာင့္ ထိုေက်ာင္းသူေလးေတြ၏ အာရံုသည္ baekhyun ထံေရာက္လာ၏။ baekhyun စကားဆက္ဖို႔ လုပ္သည့္အခ်ိန္တြင္ပင္ ရုတ္တရက္ဆိုင္ထဲျပန္ဝင္လာေသာ chanyeol ေၾကာင့္ စာစီထားသည္မ်ားပင္ေပ်ာက္ကုန္၏။ အျမင္ကပ္စြာပင္ ခြက္ထဲမွ ေတာ့ပိုကီကို တုတ္ေလးျဖင့္ေဆာင့္ႀကီးေအာင့္ႀကီး ထိုးယူကာ ပါးစပ္ထဲထည့္လိုက္သည္။ ေတာ့ပိုကီသည္ တစ္ေခ်ာင္းမကပါသြား၏။ ပါးစပ္ထဲပလုပ္ပေလာင္းျဖစ္ေနၿပီးမွ ေျဖးေျဖးခ်င္းဝါးစားရသည္ကို ႀကိဳက္သည္မို႔ ထိုအတိုင္းသာၿမံဳ႔ေနလိုက္သည္။ ဆိုင္လွည္းေလး၏အမိုးကိုပင္ မဆန္႔ေသာ chanyeol အရပ္ႀကီးေၾကာင့္ ထိုေက်ာင္းသူေလးေတြက သေဘာက်စြာပင္ ေပၚတင္ဓာတ္ပံုရိုက္ျပန္၏။ baekhyun ေဟာက္ခ်င္ေသာ္ျငား ပါးစပ္ထဲကေတာ့ပိုကီေတြေၾကာင့္ ပါးစပ္တစ္ခုလံုးေဖာင္းကားေန၍ စကားေျပာ၍မရဘဲ မ်က္ေမွာင္သာအတင္းႀကံဳ႔ထားမိသည္။

ရုတ္တရက္။
baekhyun ႏႈတ္ခမ္းေထာင့္နားကို ထိေတြ့လာေသာ လက္တစ္ဖက္ေၾကာင့္ အလန္႔တၾကားေမာ့ၾကည့္မိေတာ့ chanyeol..! အလန္႔တၾကားျပဴးၾကည့္မိေတာ့ ခပ္ၿပံဳးၿပံဳးအေနအထားျဖင့္ ႏႈတ္ခမ္းကိုဖိဆြဲပြတ္သြားၿပီး ေပေနေသာလက္မေပၚရိွ အနီေရာင္ေဆာ့တို႔ကို သူ႔ပါးစပ္ထဲထည့္ကာ အသာလ်က္လိုက္၏။

"ဝိုး!!!"

အသံေတြထြက္လာသည့္ဘက္ အလန္႔တၾကားၾကည့္မိေတာ့ ထိုေက်ာင္းသူေလးမ်ားပင္ျဖစ္သည္။ မ်က္ႏွာခ်င္းဆိုင္ေပမို႔ Baekhyun မ်က္ႏွာရဲေတာက္လာကာ ေခါင္းအျမန္ငံု႔ခ်လိုက္သည္။ chanyeol သည္မူ ထိုကေလးမေလးတို႔ကို ဂရုပင္မစိုက္ဘဲ baekhyun နား ေနာက္တစ္ဖန္ငံု႔ဆင္းလာျပန္၏။

"ေျဖးေျဖးစား hyung.. ကြၽန္ေတာ့္ကိုလမ္းလယ္ေခါင္ႀကီး အသည္းယားေအာင္မလုပ္နဲ႔.."

ဩရွရွအသံေၾကာင့္ baekhyun ေခါင္းပိုငံု႔လိုက္မိသည္။ chanyeol တစ္ခ်က္ခပ္ဟဟရယ္ကာ ေက်ာင္းသူေလးေတြဘက္ ဘာမွမျဖစ္သလို စကားေျပာ၏။ baekhyun အနည္းငယ္ေမာ့ၾကည့္ၿပီးသည္ႏွင့္ သက္ျပင္းခ်ကာ ပါးစပ္ထဲမကုန္ေသးသည့္ မုန္႔တို႔ကိုေျဖးေျဖးခ်င္း ဝါးေနမိသည္။ ကေလးမေလးတစ္ခ်ိဳ႕၏ အၾကည့္ကိုလည္း အာရံုေနာက္စြာခံေနရသည္မို႔ baekhyun ေခါင္းသာတြင္တြင္ငံု႔ထားမိသည္။ သို႔ေသာ္ျငား စိတ္က်ဥ္းက်ပ္ျခင္းမရိွ။ အားက်မႈအျပည့္ႏွင့္ မ်က္ဝန္းေတြေၾကာင့္ baekhyun အာရံုစိုက္ခံရသည္ကိုပင္ ေပ်ာ္သလိုလိုျဖစ္လာ၏။ စားေနရင္း ပါးစပ္ကိုခဏခဏ သုတ္ေပးေနေသာ chanyeol က သူကိုယ္တိုင္က်ယူမစားဘဲ baekhyun ႏႈတ္ခမ္းေထာင့္က အေပအေရေလးမ်ားကိုသာ တို႔တိတို႔တိစားေန၏။ သူ႔ဘာသူအခ်ိန္မွန္ baekhyun ဘက္လွည့္ကာ ဂရုစိုက္ေပးေနရင္း ကေလးမမ်ား၏ စကားကိုလည္း မျပတ္ေစဘဲၿပံဳးၿပံဳးေပ်ာ္ေပ်ာ္ပင္ ျပန္ေျဖေနေသးသည္။ chanyeol ကို တစ္ခ်က္တစ္ခ်က္ ခိုးခိုးၾကည့္မိရင္း ၿပံဳးမိသကဲ့သို႔ baekhyun ခိုးၾကည့္ၿပီး ၿပံဳးေနသည့္ပံုမ်ား ထိုကေလးမေလးတို႔လက္ထဲ ပါသြားသည္ကိုလည္းမသိလိုက္ေပ။

_________

ႀကီးမားခမ္းနားေသာ အိမ္အႀကီးႀကီးမ်ိဳးမဟုတ္ေသာ္ျငား သူ႔ၿခံႏွင့္သူေတာ့အလြန္က်ယ္ဝင္းသည္။ အထဲတြင္ကားတစ္စီးရပ္ထားသည္ကို ျမင္ေနရၿပီး ၿခံထဲဝင္ဖို႔ပင္ baekhyun တြန္႔ဆုတ္ေနမိ၏။ chanyeol လက္ကိုအေသအေၾက ဆုပ္ကိုင္ထားေသာ္ျငား ခုဏကယံုၾကည္မႈေတြက ဘယ္ေရာက္လို႔ဘယ္ေပ်ာက္မွန္းမသိ။ ေသခ်ာပင္မျပင္ဆင္ရေသး။ chanyeol ၏ အက်ႌ chanyeol ၏ အေနြးထည္တို႔ျဖင့္ တစ္ကိုယ္လံုး chanyeol အနံ႔ၿခံဳၿပီး ဝင္မိတ္ဆက္ရမည္ဆိုေတာ့ အနည္းငယ္ေတာ့ ကသိကေအာက္ႏိုင္သလိုပင္။ chanyeol အိမ္တြင္အနားယူၿပီးမွ ညေနေစာင္းသည့္အခ်ိန္တြင္ ထြက္လာျခင္းျဖစ္သည္။ အေတာ္ၾကာေတာ့မွ ဝဝဖိန္႔ဖိန္႔အမ်ိဳးသမီးႀကီးတစ္ၪီး ထြက္လာကာ ျပားသကာႏွယ္ ခ်ိဳသာလွေသာအသံျဖင့္ ႀကိဳဆို၏။

"ေအာင္မေလး သားရယ္.... မျမင္ရတာေတာင္ ေတာ္ေတာ္ၾကာၿပီ! လာ လာ ဝင္ခဲ့ခ်ည္!"

chanyeol ကိုလည္း သားအရင္းကဲ့သို႔ ေပြ့ဖက္ႏႈတ္ဆက္ၿပီးသည္ႏွင့္ baekhyun ကိုလည္းႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ ၿပံဳးျပကာ အထဲကိုအတင္းဆြဲေခၚ၏။ ပါးစပ္မွလည္းအေျပာတို႔ကမပ်က္။ ၿပံဳးရယ္လိုက္တိုင္း မ်က္လံုးေပ်ာက္သြားေသာ အေဒၚႀကီးကေအပရြန္ႀကီးတကားကားျဖင့္။

"ငယ္ေလးေရာ.. ရိွလား.."

အထဲေရာက္ေရာက္ခ်င္း chanyeol ၏ အေမးစကားေၾကာင့္ baekhyun အာရံုပို႔လိုက္မိသည္။ ငယ္ေလးကဘယ္သူလဲဟူေသာ သိခ်င္စိတ္ေၾကာင့္သာ။ အေဒၚႀကီးက ခပ္ျမန္ျမန္တုန္႔ျပန္၏။

"ရိွတယ္ သား.. အခန္းထဲမွာထင္တယ္ သြားေခၚေပးရမလား.."

"ေန ေန ရတယ္,"

ေျပာၿပီးသည္ႏွင့္ baekhyun လက္ကိုဆြဲေခၚကာ ဧည့္ခန္းဟုထင္ရသည့္ အခန္းထဲေခၚလာ၏။ ပတ္ပတ္လည္အညိုေရာင္ လည္သာဆိုဖာႀကီးမ်ားအလယ္တြင္ အနက္ေရာင္မဲနက္ေနေသာ စတီစားပြဲအႀကီးႀကီးတစ္ခုခ်ထားၿပီး တင္ထားသည္ဟူ၍ ဂ်ာနယ္အနည္းငယ္ ၊ TV ရီမုတ္ႏွင့္ ပန္းအိုးသာ။ မၾကာခဏ သန္႔ရွင္းေပးပံုရေသာေၾကာင့္ ပတ္ပတ္လည္ေျပာင္ရွင္းေနေသာ္ျငား baekhyun အား တုန္လႈပ္ေစသည္မွာ အညိုေရာင္ဆိုဖာရင့္ရင့္ေပၚတြင္ ေနရာယူထားသည့္ အျဖဴေရာင္အေမႊးလံုးလံုးျဖင့္ အေကာင္တစ္ေကာင္။ baekhyun လန္႔ကာတြန္႔သြားေသာ္ျငား chanyeol သည္မူ မထူးဆန္းသည့္အလား baekhyun ကို ဆိုဖာတျခားခံုတြင္ထိုင္ေစ၏။ ခုဏကအေနာက္ကလိုက္ေနသည့္ အေဒၚႀကီးလည္းထြက္သြားၿပီျဖစ္ၿပီး ယခုbaekhyun ႏွင့္အတူ ရိွေနသည္မွာ chanyeol ရယ္ ထိုအျဖဴလံုးလံုးအေကာင္ရယ္သာ။ ထိုၾကားထဲ chanyeol က အားငယ္စရာစကားကိုေျပာေသးသည္။

"hyung.. ခဏေစာင့္ေနေနာ္.. ကြၽန္ေတာ္အေနာက္ေဖးတစ္ခ်က္ ဝင္ၾကည့္လိုက္ၪီးမယ္..."

ထမည္ဟန္ျပင္ေနေသာ chanyeol လက္ကိုဆုပ္ကိုင္ထားမိလိုက္ေတာ့ ေၾကာင္ေတာင္ေတာင္ လွည့္ၾကည့္၏။ baekhyun မ်က္လံုးတစ္ခ်က္လွန္ၾကည့္ၿပီးသည္ႏွင့္ ခ်က္ခ်င္းျပန္ခ်ကာ ခပ္တိုးတိုးဆိုလိုက္သည္။

"မသြားနဲ႔... ဒီမွာဘဲေန.."

chanyeol ခ်က္ခ်င္းပင္ျပန္ထိုင္ၿပီး baekhyun မ်က္ႏွာကိုငံု႔ၾကည့္၏။

"ဘာကိုေၾကာက္ေနတာလဲ hyung.., ကြၽန္ေတာ္ရိွတယ္ေလ.."

Baekhyun ေခါင္းငံု႔ေနရာမွ ေမာ့ကာခ်က္ခ်င္းျပန္ေျပာ၏။

"အဲ့ဒါေၾကာင့္ အနားမွာေနေပးလို႔!!"

အသံနည္းနည္းက်ယ္သြားသလိုပင္။ တုန္ရီလာေသာ ရင္ဘတ္အစံုႏွင့္ ေခါင္းျပန္ငံု႔ခ်မိလိုက္သည္။ chanyeol ထံမွ ခပ္ဖြဖြရယ္သံၾကားလိုက္ရသည္။ ဘာကိုရယ္တာလဲ။

"ဟုတ္ပါၿပီ... ကြၽန္ေတာ္ ဒီမွာဘဲေနမယ္"

Baekhyun အနည္းငယ္စိတ္ေအးကာ သက္ျပင္းခ်လိုက္မိသည္။ chanyeol လက္ကိုေတာ့ ႏွစ္ဖက္လံုးျဖင့္ အေသအေၾကကိုင္ထားဆဲပင္။ ေခါင္းငံု႔ေနေသာ္ျငား မ်က္စိေရ႔ွခံုေပၚရိွ ေကြးအိပ္ေနေသာ အျဖဴလံုးေလးကို စိုက္ၾကည့္ေနမိသည္။ ဘာအေကာင္ေလးလဲ။ အစကအရုပ္ဟု ထင္လိုက္ေသာ္ျငား အသက္ရႉသံမ်ဥ္းမ်ဥ္းေလးျဖင့္ ကိုယ္လံုးေလးလႈပ္ေနသည္မို႔ အေကာင္တစ္ေကာင္ အိပ္ေပ်ာ္ေနမွန္းသိလိုက္သည္။

"အဲ့ဒါေခြး !"

ရုတ္တရက္အသံထြက္လာေသာ chanyeol ေၾကာင့္ baekhyun အၾကည့္ကေဘးသို႔ ခ်က္ခ်င္းပို႔လိုက္မိသည္။ ဆိုဖာလက္ရန္းကို ေမးတစ္ဖက္ေထာက္ကာ baekhyun ကိုစိုက္ၾကည့္ေနေသာ chanyeol က baekhyun အေတြးတို႔ကိုသိေနပံုရသည္။ တစ္ခ်က္ပင္လွည့္မၾကည့္ဘဲ ေျဖေပးလာေသာ chanyeol ေၾကာင့္ baekhyun ေအာ္ ဟုသာေရရြတ္ရင္း ေခါင္းတဆတ္ဆတ္ ညိတ္ျပလိုက္သည္။ ေခြးတဲ့။ မထင္ရလိုက္တာ။ သိုးထင္လို႔။ ရုတ္တရက္ အေနာက္ဘက္မွ ေျခသံခပ္ျပင္းျပင္းၾကားလိုက္ရသည္မို႔ baekhyun လွည့္ၾကၫ့္မိလိုက္သည့္အခိုက္ ေလွကားေပၚကတဝုန္းဝုန္းေျပးဆင္းလာေသာ လူငယ္တစ္ေယာက္ကို ေတြ့လိုက္ရသည္။ chanyeol ညီဟုဆိုသည့္ အိုဆယ္ဟြန္းပင္။ ဒါမွမဟုတ္ ပတ္ဆယ္ဟြန္းဟုဘဲ ဆိုရေလမလား။ နားၾကပ္ကိုဂုပ္ေပၚ စတိုင္က်က်တင္ကာ လြယ္အိတ္တစ္ေစာင္းလြယ္ထားသည့္ အိုဆယ္ဟြန္းက ေပါ့ေပါ့ပါးပါးစတိုင္ျဖင့္။

"ဘယ္သြားမွာလဲ.. ငယ္ေလး.."

ရုတ္တရက္လွည့္မၾကည့္ဘဲ အသံထြက္လာေသာ chanyeol ေၾကာင့္ အိုဆယ္ဟြန္းတုန္တက္သြား၏။

"ဖြီး!! အိမ္ေရာက္မွဘဲ ငယ္ေလးဆိုတဲ့နာမည္ႀကီးကို ၾကားေကာင္းေအာင္ေခၚမေနစမ္းပါနဲ႔..!!! အူယားလိုက္တာ! ေသေတာ့မယ္..!!"

chanyeol ကိုၾကည့္လိုက္မိေတာ့ အိုဆယ္ဟြန္းဘက္ တစ္ခ်က္ပင္လွည့္မၾကၫ့္။ လက္တစ္ဖက္ျဖင့္ ေမးေထာက္ထားရင္း အၾကည့္က baekhyun ေပၚ၌သာရိွသည္။ ထိုႏွစ္ေယာက္ေျပာေနသည္မ်ားကို baekhyun နားမလည္ေသာ္ျငား အနည္းငယ္ေတာ့ မွန္းဆ၍ရသည္။ chanyeol ဆက္ေျပာ၏။

"အခုမသြားနဲ႔ၪီး! ညေနစာအတူစားၿပီးမွသြား,,"

အိုဆယ္ဟြန္း စကားနားမေထာင္။ လြယ္အိတ္တစ္ဖက္ကို ပင့္တင္ကာ ဂ်စ္ကန္ကန္ေလသံႏွင့္​ တုန္႔ျပန္၏။

"မရဘူး! ငါဒီေန့ဟိုေကာင္ေတြနဲ႔ ခ်ိန္းထားတယ္..,"

chanyeol ေလသံေအးေအးႏွင့္ဆက္သည္။

"ငါ vivi ကို ညေနစာလုပ္မစားေစခ်င္ရင္ အိမ္မွာစားၿပီးမွသြား"

baekhyun ထူးဆန္းသြားသည္။ vivi ? ႏို႔ဘူးလား?
ပိုၿပီးထူးဆန္းေစသည္ကား အိုဆယ္ဟြန္း ထိုတစ္ခြန္းတည္းႏွင့္ပင္ ခ်က္ခ်င္းအေပၚျပန္တက္သြားျခင္းပင္။ လိမ္လိမ္မာမာေတာ့မဟုတ္။ တစ္အိမ္လံုးၿပိဳက်ေစႏိုင္ေလာက္သည့္အားျဖင့္ ဝုန္းဒိုင္းႀကဲတက္သြားျခင္းသာ။ မ်က္စိေရ႔ွတြင္ အိပ္ေနသည့္ ျဖဴျဖဴအလံုးေလးသည္လည္း အိုဆယ္ဟြန္းေနာက္ ​ေကာက္ေကာက္ပါေအာင္လိုက္သြားသည္မို႔ baekhyun သေဘာတက်ၿပံဳးလိုက္မိေသးသည္။ baekhyun အၿပံဳးအားသေဘာက်စြာပင္ chanyeol လည္း ၿပံဳး၏။

"သူမေနခ်င္တာကို ဘာလို႔အတင္းသြားေခၚေနတာလဲ.."

baekhyun ေျပာမိေတာ့ chanyeol တစ္ခ်က္ေခါင္းခါ၏။

"က်န္တဲ့အခ်ိန္ေတာ့ သူ႔ဘာသူဘယ္ေနရာ သေဝထိုးထိုးရေပမယ့္ ခုကေတာ့ hyung ရိွတုန္းေလးေလ.. အကုန္လံုးစံုေစခ်င္လို႔.."

baekhyun ေခါင္းသာညိတ္ျပကာ ဆက္ေျပာလိုက္သည္။

"ငါဒီလိုထိုင္ေနလို႔ ေကာင္းပါ့မလား... တစ္ခုခုျဖစ္ျဖစ္.."

baekhyun ၏ ေအးခဲေနေသာလက္ေခ်ာင္းေလးမ်ားကို chanyeol တစ္ခ်က္တည္းျဖင့္ ျဖစ္ၫွစ္ကာစကားျဖတ္၏။

"ဘာမွစိုးရိမ္ေနစရာမလိုဘူး hyung..! ဒီမွာ hyung ကို ဘယ္သူမွမထိရဲေအာင္ ကြၽန္ေတာ္လုပ္ထားတာမို႔.."

baekhyun မ်က္ခံုးပင့္ကာ တမင္တကာ အံ့ဩသည့္အၾကည့္ႏွင့္ ၾကည့္လိုက္သည္။ chanyeol သေဘာတက်ရယ္၏။

"hyung က ကြၽန္ေတာ့္ရဲ့.... အင္း .. ကြၽန္ေတာ့္ရဲ့ဇနီးအေနနဲ႔ မိဘေတြကို လာမိတ္ဆက္တာေလ.."

baekhyun မ်က္ေမွာင္ၾကဳတ္လိုက္မိကာ နီးနီးကပ္ကပ္ရိွေနသည့္ chanyeol ဝမ္းဗိုက္ထံသို႔ လက္သီးတစ္လံုးပစ္သြင္းလိုက္၏။

"ဘယ္သူ႔ ဇနီးလို႔လာေျပာေနတာလဲ!!! လုပ္မယ့္လုပ္ မင္းကငါ့ဇနီးလုပ္ရမွာ..!!!"

ခပ္တိုးတိုးအံႀကိတ္ေျပာမိေသာ စကားေၾကာင့္ chanyeol နာက်င္သည့္ဟန္ ရႈံ႔မဲ့ေနရင္းမွ ရေအာင္ျပန္ေျပာ၏။

"ဘာဆိုင္လို႔လဲ.."

Baekhyun အေျဖမရိွ ရိွရာကို ဆြဲထည့္၏။

"ဘာပဲျဖစ္ျဖစ္ ငါမင္းထက္ႀကီးတယ္!!"

"အသက္ေလးဘဲႀကီးတာကို.."

chanyeol ၏ ခပ္မဲ့မဲ့စကားေၾကာင့္ လက္သီးေနာက္တစ္လံုး ပစ္ဝင္လာေတာ့မည့္အခ်ိန္တြင္ပင္ အခန္းထဲမွ တစ္စံုတစ္ေယာက္ထြက္လာသည္မို႔ baekhyun ၿငိမ္ၿငိမ္ေလး အိႁႏၵေရရ ျပန္ထိုင္ေနလိုက္သည္။ ထြက္လာသည္က အမ်ိဳးသမီးတစ္ေယာက္ေပ။ အိမ္ေနရင္းဝတ္စံုႏွင့္ျဖစ္ေသာ္ျငား အလြန္ေသသပ္ကာ ၾကည့္ေကာင္းေန၏။ တစ္ခ်က္ၾကည့္ရံုႏွင့္ပင္ chanyeol အေမမွန္းတန္းသိလိုက္သည္။

"ဟယ္... baekhyunee.. ေရာက္ေတာင္ေရာက္ေနၿပီလား.. ၾကည့္ပါၪီး.. ထြားလာလိုက္တာကြယ္.. ရုတ္တရက္ႀကီး မွတ္ေတာင္မမွတ္မိလိုက္ဘူး!"

ေလသံသည္ အလြန္တရာမွေနြးေထြး၏။ ခ်က္ခ်င္းပင္အနားေရာက္လာကာ တဖြဖြကိုင္တြယ္ေနရင္း ေျပာေသာ chanyeol အေမကအလြန္တရာမွ အံ့ဩေနပံုရသည္။ baekhyun ေခါင္းပြတ္ေပးေနသည္ကို ၿငိမ္ၿငိမ္ေလးသာ ခံယူေနၿပီး ၿပံဳးေနမိသည္။ မည္သည့္စကားကိုမ်ွေရြးခ်ယ္မေျပာတတ္ဘဲ ၿငိမ္ၿငိမ္ေလးသာ ခံယူေနေတာ့ ေျပာေသးသည္။

"ငယ္ငယ္ကအတိုင္းဘဲ.. ေအးလိုက္တာ.." တဲ့။

baekhyun ရယ္မိလိုက္ျပန္သည္။ တကယ္ကိုၿပံဳးသည္ကလြဲ၍ ဘာမွမလုပ္တတ္ေတာ့သလိုပင္။

"ခ်န္းေယာ္လီ ဒီေန့လာမယ္ဆိုၿပီး ဖုန္းဆက္ထားကတည္းက ေမ်ွာ္ေနတာ.. ဘတ္ခဟြၽန္းနီး မားေရာ ဘယ္လိုေနလဲ.. အဆင္ေျပၾကရဲ့လား.."

လက္ကိုဖြဖြေလးကိုင္ကာ chanyeol ႏွင့္ baekhyun ၾကားတြင္ဝင္ထိုင္ရင္း ေမး၏။ chanyeol မ်က္ႏွာစူပုပ္သြားသည္ကို ျမင္လိုက္ရသည္။

"ဟုတ္ ေျပ.. ပါတယ္..."

ဘယ္လိုေျပာရမွန္းမသိ။ ပါးအေၾကာင္းစလိုက္မိျပန္လ်ွင္လည္း စကားကအဆံုးသတ္ႏိုင္ေတာ့မည္မထင္ေသာေၾကာင့္ ေျပပါတယ္ ဟုသာေျဖလိုက္ရသည္။ ရုတ္တရက္ baekhyun ေခါင္းလံုးလံုးေလးကို တဖြဖြပြတ္ကာဆိုျပန္သည္။

"အိုက္ဂူးး.. ၾကည့္ပါၪီး.. ႏုဖက္ေနလိုက္တာ ခ်န္းေယာလ္လီထက္သာႀကီးတယ္ဆိုတာ မယံုႏိုင္စရာပါဘဲလား"

ေျပာရင္းဆိုရင္းျဖင့္ chanyeol ကိုလည္း တစ္ခ်က္လွည့္ၾကည့္လိုက္ေသးသည္။ baekhyun ေနရခက္စြာပင္ ၿပံဳးလိုက္မိျပန္သည္။ စကားထပ္ဆက္ဖို႔ျပင္သည့္အခ်ိန္တြင္ အျပင္မွလူတစ္ေယာက္ဝင္လာသည္မို႔ အကုန္လံုး၏အာရံုက ထိုလူေပၚက်ေရာက္သြား၏။ ရုတ္တရက္ chanyeol အေမက ထိုင္ေနရာမွခပ္ျမန္ျမန္ထကာ လက္ထဲမွအိတ္တို႔ကို လႊဲေျပာင္းယူေပးလိုက္၏။ ရုပ္ရင့္ေသာေၾကာင့္ chanyeol အေမထက္အနည္းငယ္ အသက္ႀကီးပံုရၿပီး တည္ၾကည္ေနေသာ မ်က္ႏွာထားေၾကာင့္ ေလထုကိုရုတ္တရက္ ေအးခဲသြားေစသည္။ နက္တိုင္အနည္းငယ္လႈပ္ရွားကာ baekhyun ဘက္ လွည့္ၾကည့္လာေသာ ထိုလူသည္ chanyeol အေဖပင္ျဖစ္၏။

_______

စားပြဲေအာက္ရိွ ေအးစက္ေနေသာ လက္ဖမိုးအေပၚ ထပ္ကိုင္အုပ္မိုးလာေသာ chanyeol က မတုန္မလႈပ္ ေအးေဆးသက္သာစြာပင္။ ထမင္းစားစားပြဲဝိုင္းသည္ baekhyun အၿမဲထိုင္ေနက်စားပြဲႏွင့္မတူ။ ေအးစက္ေနသည္ထင္ရေသာ္ျငား သူ႔ဟာႏွင့္သူေတာ့ အဆင္ေျပေနသည္ပင္။ မ်ားျပားလွေသာ ဟင္းပြဲတစ္ခုၿပီးတစ္ခုခ်ေနေသာ အေဒၚႀကီးတို႔ကလည္း ၿပီးဆံုးေတာ့မည္မထင္။ ေလးေထာင့္စားပြဲရွည္ႀကီးျဖစ္ၿပီး ထိပ္ဆံုးတြင္ chanyeol အေဖထိုင္ေန၏။ အလုပ္ကျပန္လာသည့္အခ်ိန္က ဝတ္ထားသည့္ suit ႏွင့္ကြဲလြဲစြာပင္ အိမ္ေနရင္းညဝတ္အက်ႌကဲ့သို႔ ဝမ္းဆက္ေလးဝတ္ထားေသာေၾကာင့္ အနည္းငယ္ေတာ့ ေၾကာက္စိတ္ေလ်ာ့သြားသလိုပင္။ သို႔ေသာ္ ေရခဲရိုက္ထားသည့္ႏွယ္ တင္းမာေနေသာမ်က္ႏွာထားေၾကာင့္ တုန္လႈပ္ေနေသာစိတ္က အစိုးမရ။ တင္းမာေနေသာမ်က္ႏွာထားႏွင့္ ကြဲလြဲစြာပင္ ဘယ္ဘက္အျခမ္း ေဘးနားတြင္ထိုင္ေနသည့္ chanyeol အေမက အၿပံဳးခ်ိဳခ်ိဳႏွင့္သာ။ chanyeol အေမ၏ေဘးတြင္ ထိုင္ေနသည္ကား ဖုန္းတစ္လံုးႏွင့္အိုဆယ္ဟြန္း။ မည္သူကမွသူ႔အား ဖုန္းေလာက္ မဆြဲေဆာင္ႏိုင္သည့္အလား ထိုဖုန္းကိုသာ သည္းႀကီးမည္းႀကီးႏိွပ္ေန၏။

"သား.. ငယ္ေလး.. ထမင္းစားတဲ့အခ်ိန္ဖုန္းမကိုင္ရဘူးလို႔ ေျပာထားတယ္ေလ..!"

ေဒါသသံသည္ပင္ ကရုဏာသံပါေနေသာ chanyeol အေမစကားက ထူးဆန္းစြာပင္ အိုဆယ္ဟြန္းကိုနာခံေစသည္။ သို႔မဟုတ္ စားပြဲထိပ္တြင္ ရႈတည္တည္ထိုင္ေနသည့္ အေဖကိုေၾကာက္၍ဘဲလားေတာ့မသိ။ စားပြဲေအာက္တြင္ အုပ္ကိုင္ေပးထားေသာ chanyeol လက္ခဏဖယ္သြားကာ baekhyun အတြက္ ဇြန္းႏွင့္ခက္ရင္းတို႔ကို ေနရာတက်ခ်ေပးလာ၏။

"အဟမ္း!"

ရုတ္တရက္ ေခ်ာင္းဟန္႔လိုက္ေသာ chanyeol အေဖေၾကာင့္ baekhyun မထိန္းလိုက္ႏိုင္ဘဲ သိသိသာသာတုန္တက္သြားသည္။ chanyeol တစ္ခ်က္ၿပံဳးျပလိုက္သည္မို႔ baekhyun အနည္းငယ္ေတာ့ စိတ္ခ်လက္ခ်ျဖစ္သြားၿပီး ဇြန္းခက္ရင္း ေကာက္ကိုင္လိုက္၏။ ေတာ္ေသးသည္က ဟိုတယ္တြင္အမ်ားႏွင့္စားရတိုင္း ဇြန္းခက္ရင္းဘဲသံုးေနၾကမို႔ ကံေကာင္းစြာပင္အရွက္မကြဲ။ အိုဆယ္ဟြန္းကေတာ့ မ်က္စိေရ႔ွပန္းကန္ပင္ မစံုေသး အပီအျပင္ဆြဲေနၿပီျဖစ္သည္။ baekhyun အလန္႔တၾကား chanyeol အေဖကိုလွမ္းၾကည့္ေတာ့ မထူးဆန္းသည့္အလား သူကိုယ္တိုင္စတင္ သံုးေဆာင္၏။ စည္းကမ္းႀကီးမည္ဟုထင္ခဲ့သည္ပင္။

"သား baekhyunee ထည့္စားေနာ္.. ပံုမွန္ဆိုဒီထက္ေတာင္ တိတ္ဆိတ္ေနတတ္ၾကတာမို႔ ဘာမွရွက္မေနနဲ႔.. ဟုတ္ၿပီလား.."

chanyeol အေမကေတာ့ ေျပာရင္းဆိုရင္းျဖင့္ မမွီမကန္းအသားတံုးကို လွမ္းထည့္ေပးေနေသာေၾကာင့္ မတ္တပ္ရပ္ကာ ပန္းကန္ေရ႔ွတိုးေပးရသည္။ chanyeol အေဖသည္မူ တစ္ခ်က္ပင္ ေခါင္းေထာင္မၾကည့္ဘဲ သူ႔ဘာသူဆက္စားေန၏။ baekhyun လည္းအနည္းငယ္စိတ္ေလ်ွာ့ကာ ကိုယ့္ထမင္းပန္းကန္ေပၚသာ ျပန္အာရံုစိုက္လိုက္သည္။ ရုတ္တရက္ မ်က္စိေရ႔ွက မိမိ၏ဟင္းပန္းကန္ကို ဆြဲယူသြားေသာ chanyeol က လ်င္ျမန္စြာပင္မို႔ မတားလိုက္ႏိုင္။ သူ႔ပန္းကန္ကိုအစားထိုး ျပန္ထည့္ေပးလာေသာေၾကာင့္ ၾကည့္မိေတာ့ ထူးျခားမနား အသားေတြေသးေသးခ်င္း ဖဲ့ထားေပးျခင္းသာ။ အေနရခက္စြာပင္ စားပြဲေအာက္မွ ေျခေထာက္ကို တက္နင္းပစ္လိုက္ခ်င္ေသာ္ျငား အျပဳအမူကိုထိန္းသိမ္းေနရသည္မို႔။ တမင္တကာမ်ားလုပ္ေနသည္ဟု ထင္ရသည္ပင္။ တမင္တကာ လုပ္မလုပ္ေတာ့မသိ chanyeol အေဖ၏ အာရံုကက်ေရာက္လာၿပီျဖစ္သည္။ သူ႔အျပဳအမူေပၚ ဂရုမစိုက္စြာပင္ တစ္ခုၿပီးတစ္ခု ခပ္ျမန္ျမန္စားေသာက္ေနေသာ chanyeol က တစ္ခုခ်င္းဆီ၏အရသာခံေနပံုရသည္။

"အဟမ္း! အဲ့ေတာ့..., မ်ိဳးဆက္ေတာ့မထုတ္ေပးႏိုင္ဘူးေပါ့.."

"အဟြတ္!"

ေရတစ္ခြက္ေမာ့ခ်ၿပီး လည္ေခ်ာင္းရွင္းမွ ေျပာလာေသာ chanyeol အေဖ၏ ေမးခြန္းက baekhyun ခ်က္ေကာင္းထိေစသည္။ အသံသည္တည္ၾကည္လြန္းသည္။ သူ႔စံႏႈန္းႏွင့္သူ ေလးစားခ်င္စရာေကာင္းသလို ေၾကာက္စရာလည္းေကာင္းေန၏။ baekhyun လက္မွခက္ရင္းေအာက္ျပဳတ္မက်ေအာင္ ကိုင္ထားရေသာ္ျငား သိသိသာသာတုန္ရီေန၏။ အဓိကအားနည္းခ်က္ကိုမွ အရင္ေမးလာေတာ့ ဘယ္လိုေျဖသင့္လဲမသိ။ အိုဆယ္ဟြန္းက အေျခအေနကို စိတ္ဝင္စားစြာပင္ ေဘးနားကေရခြက္ကိုေမာ့ခ်ရင္း အကဲခတ္ေနသည္။ chanyeol အစားအေသာက္မပ်က္ ဝင္ေျပာ၏။

"ငယ္ေလးရိွေသးတာဘဲ"

"ဖြီး!"

"......"

"အဟြတ္! အဟြတ္!"

ေရတီးသြားေသာေၾကာင့္ chanyeol အေမက ျပာျပာသလဲလဲပင္ လက္ကိုင္ပုဝါတစ္ထည္ထုတ္ေပး၏။ ပါးစပ္ကိုဖိသုတ္ထားေနရင္းျဖင့္ပင္ ေခ်ာင္းဆိုးမျပတ္သည့္ၾကားမွ ေအာ္၏။

"မင္းတစ္ခုခုဖို႔စရာရိွမွ ငယ္ေလးဆိုတာႀကီးကို လာေခၚမေနနဲ႔လို႔! အဟြတ္!"

baekhyun သက္ျပင္းေျဖးေျဖးခ်လိုက္မိသလို chanyeol အေဖလည္း အေျခအေနျပန္ၿငိမ္သြားသည္။ ရုတ္တရက္ပန္းကန္ထဲမွ သခြားသီးကိုျမင္လိုက္ရသည့္အခိုက္ baekhyun မင္သက္မိသြားသည္။ အဝိုင္းခ်ပ္ေသးေသးေလးျဖစ္ေသာ္ျငား baekhyun ႏွာေခါင္းတည့္တည့္ အနံ႔ပင္ ဝင္ေရာက္လာသလို။ မႀကိဳက္ေၾကာင္းျပ၍မျဖစ္။ ပို၍ပင္အျမင္မၾကည္ျဖစ္သြားမည္ထင္၏။ ရုတ္တရက္ မိမိပန္းကန္ထဲ ဇြက္ကနဲေရာက္လာေသာ chanyeol ခက္ရင္းက သခြားသီးခ်ပ္ေသးေလးကို ထိုးယူသြားကာ သူ႔ပါးစပ္ထဲအလ်င္အျမန္ထည့္လိုက္၏။ baekhyun ကို ႏူးႏူးညံ့ညံ့လွည့္ၿပံဳးျပကာ ဆက္စားေနေသာ chanyeol ေၾကာင့္ baekhyun ဆြံ႔အမိသြားသည္။ chanyeol သခြားသီးမႀကိဳက္ဘူးဆို။ chanyeol အေဖထံမွ ေခ်ာင္းဟန္႔သံထပ္ထြက္လာသည္မို႔ အာရံုျပန္စိုက္လိုက္သည္။ ထမင္းစားရသည္မွာလည္း စာေမးျပေျဖေနရသလိုပင္။ စားေသာက္ေနသည့္ တစ္ေလ်ွာက္လံုးလည္း ထိုေျဖရခက္သည့္ ေမးခြန္းတစ္ခုသာေမးၿပီး က်န္သည့္စကားတစ္ခြန္းမေျပာ။

အားလံုးၿပီးသည့္အခ်ိန္တြင္ baekhyun ကိုတစ္ခ်က္မၾကည့္ အခန္းထဲဝင္သြားေသာေၾကာင့္ ဘာမ်ွေျပာၾကားရန္ရိွပံုမေပၚ။ chanyeol သည္မူ ထမင္းစားၿပီးသည့္အခ်ိန္ကတည္းက အေနာက္ေဖးမီးဖိုေခ်ာင္တြင္ "ေဒၚႀကီးတို႔ကို သခြားသီးမထည့္ပါနဲ႔လို႔ ေသခ်ာမွာထားတယ္ေလ!" ဟူေသာ ေဟာက္သံမွအစျပဳကာ ယခုထိ ထြက္မလာႏိုင္ေသး။ အေဒၚႀကီးတို႔သည္လည္း နားၾကားမွားပံုရသည္။ သခြားသီးမထၫ့္နဲ႔ဟူေသာ စကားကို သခြားသီးမ်ားမ်ားထည့္ဟု ၾကားသည္တဲ့။ chanyeol နဖူးရိုက္သံႀကီးကို ၾကားလိုက္ရ၍ ရယ္မိလိုက္ေသးသည္။ မီးဖိုေခ်ာင္ထဲ ဝင္လိုက္သည္ႏွင့္ ျပန္ထြက္ခဲေသာ chanyeol ကို ထားခဲ့ကာ အိမ္ေရ႔ွဘက္သို႔စပ္စပ္စုစုထြက္လာခဲ့၏။ baekhyun ေၾကာက္သည္မွာ chanyeol အေဖျဖစ္ၿပီး ယခု ထိုအေဖဟူေသာလူသည္ အခန္းထဲတြင္မို႔ baekhyun အနည္းငယ္စိတ္လက္ေပါ့ပါးကာ သြားရဲလာရဲရိွေနသည္။

အေရ႔ွသို႔ထြက္ထြက္လိုက္ခ်င္းပင္ ေမွာင္မဲေနေသာ ပတ္ဝန္းက်င္ေၾကာင့္ အေတာ္အခ်ိန္ေနာက္က်ေနၿပီမွန္း သိလိုက္သည္။ သို႔ေသာ္ျငား ပန္းၿခံေသးေသးေလးတြင္ ေရေလာင္းေနေသာ chanyeol အေမကိုေတြ့လိုက္ရသည္မို႔ ေျခလွမ္းေတြရပ္တန္႔ကုန္၏။ baekhyun ကိုျမင္သည္ႏွင့္ ၾကည္ၾကည္ႏူးႏူးပင္ ၿပံဳးျပလ်က္ ထိုင္ခံုကိုၫႊန္ျပကာ လာထိုင္ဖို႔ေခၚ၏။ ပန္းၿခံထဲတြင္မွ ထိုင္စကားေျပာလို႔ရသည့္ စားပြဲရွည္ေလးခ်ေပးထားသည္မို႔ ထိုေနရာတြင္ဝင္ထိုင္လို႔ရေသာ္ျငား baekhyun ပန္းေရေလာင္းေနသည့္ အနားကိုသာသြားလိုက္သည္။ chanyeol အေမကၿပံဳးရယ္ရင္း ဆို၏။

"သား ပန္းပင္ေတြႀကိဳက္လား.."

baekhyun အနည္းငယ္ေတြေဝသြား၏။

"ဟုတ္ နည္းနည္း.."

မပြင့္တပြင့္အေျဖၾကောင့္ ႏွစ္ၿခိဳက္စြာပင္ ခပ္လြင္လြင္ရယ္၏။ ဆံပင္အတိုၫွပ္ထား၍ထင္၏။ ပံုမွန္ထက္ပိုႏုပ်ိဳေနသည္မွာ မိန္းမပ်ိဳေလးအလား။

"ပံုမွန္ဆို ညေနဘက္ေလာက္ေလး ေရေလာင္းျဖစ္ေပမယ့္ ဒီေန့ကနည္းနည္းေနာက္က်သြားေတာ့...."

စကားကိုျဖတ္ကာ ေကာင္းကင္ကို တစ္ခ်က္ေမာ့ၾကည့္၏။

"ေတာ္ေတာ္ေတာင္ေမွာင္ေနၿပီဘဲ.."

အၾကည့္ကို baekhyun ထံေရြ့လာ၏။

"ဒီေန့ေတာ့ ဒီမွာဘဲ အိပ္သြားလိုက္ပါလား baekhyunee.."

မ်က္ဝန္းေတာက္ေတာက္မ်ားက chanyeol ႏွင့္တူ၏။ baekhyun ျငင္းရခက္စြာပင္ ေခါင္းေျဖးေျဖးခ်င္း ညိတ္ျပမိေတာ့ ခပ္ဖြဖြရယ္၏။ ထို႔ေနာက္ ေရဖ်န္းေနသၫ့္ပိုက္ကိုပစ္ခ်ကာ ေရပိုက္ေခါင္းပိတ္ၿပီးသည္ႏွင့္ ထိုင္ခံုတြင္တူတူဝင္ထိုင္ေစသည္။

"chanyeol ဘယ္လိုေနလဲ..."

"ဗ်ာ!"

ၿပံဳးၿပံဳးတံု႔တံု႔ေမးလာေသာ chanyeol အေမ၏စကားကို baekhyun နားမလည္။ ဘာမ်ျွပန္မေျပာသည္မို႔ baekhyun အဓိပၸာယ္ေအာင္ တေျဖးေျဖးခ်င္းစဥ္းစားရင္း သတိထား ေျဖလိုက္သည္။

"အင္း.... chanyeol ေကာင္းပါတယ္.. သားအေပၚ..."

baekhyun စကားမဆံုးေသး။ ခ်က္ခ်င္းဝင္ျဖတ္၏။

"စိတ္ဆိုးစိတ္ေကာက္တာလား.."

"ဗ်ာ!"

baekhyun ၏ အူေၾကာင္ေၾကာင္ပံုကို သေဘာက်သည့္အလား ဟက္ဟက္ပက္ပက္ေအာ္ရယ္ခ်၏။ ဟန္ေဆာင္မႈမရိွ။ baekhyun ေနရခက္စြာပင္ ေခါင္းငံု႔ခ်လိုက္၏။

"အိုက္ဂူးး ၾကည့္ရတာ ခ်န္းေယာ္လီေလးက ဒီလိုအျပဳအမူေလးေတြကိုဘဲ ေႂကြသြားပံုရတယ္.."

ေျပာေနရင္းျဖင့္ ရယ္ျပန္သည္။ baekhyun မ်က္ႏွာႀကီးရဲရဲေတာက္သြားသည္။ ဘာအျပဳအမူလဲ။ သူဘာမွမလုပ္ရေသးဘဲႏွင့္။ မ်က္ႏွာရဲရဲႏွင့္ ၿပံဳးလိုက္မိေသာ္ျငား လုပ္ၿပံဳးႀကီးသာ။

"ခ်န္းေယာ္လီၿပံဳးတာျမင္ရဖို႔ဆိုတာ အန္တီ့အတြက္ေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ေတာင္ထင္ခဲ့တာ.."

ေျခတစ္ဖက္ခ်ိတ္ထိုင္ကာ လက္သန္းႂကြယ္ကလက္စြပ္ေပၚ လွည့္ေဆာ့ရင္းေျပာလာေသာ chanyeol အေမ၏စကားလံုးမ်ားသည္ baekhyun ထံသို႔ၪီးတည္မေန။ အျပင္ဘတ္အေမွာင္ရိပ္ကိုသာ ၾကည့္ေန၏။

"အဲ့ကေလးက အရမ္းရိုးတယ္ သားရဲ့.. သူစိတ္ေပ်ာ္ေနရင္ အကုန္လံုးကို အရူးလိုလိုက္ၿပံဳးျပေနတတ္ၿပီးေတာ့ ဝမ္းနည္းေနရင္ နည္းနည္းေလးေတာင္ ဟန္ေဆာင္မၿပံဳးျပတတ္ဘူး"

baekhyun ျပန္မေျဖမိ။ chanyeol အေမ၏ပံုရိပ္ကိုသာ စိုက္ၾကည့္္ေနမိေသာ္ျငား အေတြးတို႔က တစ္ေယာက္ေသာသူအေပၚ ပ်ံ့ႏွံ႔ေန၏။

"အရမ္းရိုးသားသလို အရမ္းလည္းအစြဲအလမ္းႀကီးတယ္.."

"ဟင္း... သားကိုခ်စ္ပါတယ္ဆိုၿပီး ေအာ္ဟစ္ဝန္ခံလာတဲ့အခ်ိန္တုန္းကဆို.. အန္တီ့ရဲ့လိမၼာတဲ့ ခ်န္းေယာ္လီေလးေပ်ာက္သြားသလိုဘဲ အဟင္း.."

ရယ္သံသည္အသက္မပါ။

"ဝမ္းနည္းမိသလို ေဒါသလည္းထြက္တယ္ သားရဲ့! ​ဒါေပမယ့္ သူ႔အေဖေဒါသကိုေတာ့ အန္တီေတာင္လိုက္မမွီဘူး.."

baekhyun ဤၾကားထဲကဇာတ္လမ္းေတြကို ၾကားဖူးၿပီးသားပင္။ နားေထာင္ၿပီးသားဇာတ္လမ္းျဖစ္ေသာ္ျငား ေနာက္တစ္ခါထပ္ၾကားရျပန္ေတာ့ ရင္ဘတ္ေတြတင္းက်ပ္လာျပန္၏။

"ခ်န္းေယာ္လီကလူတစ္ေယာက္ေၾကာင့္ အရမ္းေျပာင္းလဲသြားတဲ့အေပၚ ဝမ္းနည္းေဒါသျဖစ္ေပမယ့္ သူ႔ကို ျပန္ေျပာင္းလဲေစမွာကလည္း အဲ့လူတစ္ေယာက္ဘဲရိွတယ္ေလ.."

Baekhyun ရင္ေတြတင္းက်ပ္လာေသာ္ျငား အေတြးတစ္စိတ္တစ္ေဒသကပင္ ေျဖေလ်ွာ့ႏိုင္ျခင္းအလ်ဥ္းမရိွ။

"ေတာ္ေတာ္ၾကာတဲ့အထိ အခန္းတြင္းပုန္းၿပီးတဲ့ေနာက္ ဘာေဆးမွမတိုးေတာ့တဲ့ ခ်န္းေယာ္လီဖို႔ စကားလံုးေတြနဲ႔ဘဲ ေဆးစကုခဲ့ရတယ္"

ေဆးကုရသည္တဲ့လား။ အိုဆယ္ဟြန္းေျပာသည့္ထဲတြင္ ဤမ်ွေလာက္ထိ မပါသလိုပင္။

"ဂေယာင္ေျခာက္ျခားေတျြဖစ္ၿပီး အကုန္လံုးကိုျပန္အာခံေနတဲ့ ခ်န္ေယာလ္လီက အန္တီ့ကေလး ခ်န္းေယာလ္လီမဟုတ္သလိုဘဲ.. အဲ့အခ်ိန္မွာ သူ႔ပါးစပ္ကေတာက္ေလ်ွာက္ရြတ္ေနခဲ့တာ hyung ဆိုတဲ့တစ္လံုးဘဲ.. သားနာမည္ကိုေတာင္ သူမွတ္မိပံုမေပၚဘူး.. သူ႔အေဖရဲ့တင္းၾကပ္မႈေတြေၾကာင့္လည္း ပိုဆိုးသြားတစ္စိတ္တစ္ပိုင္းေပါ့"

"......"

"စိတ္ေရာဂါကုဆရာဝန္ကေတာ့ အဲ့အခ်ိန္ကစၿပီး စိတ္ခ်မ္းသာေအာင္ထားခိုင္းၿပီး ခ်န္းေယာ္လ္အေဖကို အတၲေတြေလ်ွာ့ခိုင္းတယ္."

chanyeol အေမရဲ့ပံုရိပ္က ေဝဝါးလာသလိုပင္။

"အဲ့အခ်ိန္ကစၿပီး ခ်န္းေယာ္လီရဲ့စိတ္ထဲမွာ သားကိုဆံုးရႈံးရမွာေၾကာက္တဲ့ ဖိုးဘီးယားႀကီး စြဲသြားေတာ့တာဘဲ.."

လြန္ခဲ့သည့္ရက္အနည္းငယ္က chanyeol ပို႔ထားသည့္စာမ်ားကို ျပန္လည္ျမင္ေယာင္မိသည္။ ရူးေနလားလို႔ေမးလိုက္မိေသာ္ျငား မွန္ကန္စြာပင္ ထိုအခ်ိန္က chanyeol တကယ္ရူးေနခဲ့၏။ baekhyun တင္းက်ပ္စြာပင္ ေခါင္းငံု႔ခ်မိလိုက္သည့္အခ်ိန္တြင္ chanyeol အေမလွည့္ၾကၫ့္လာ၏။

"သားကို ခ်န္းေယာလ္ကဒါေတြမေျပာျပဘူးမလား.."

baekhyun ေခါင္းငံု႔ထားရင္းျဖင့္သာ ေျဖးေျဖးခ်င္းညိတ္ျပမိသည္။ လံုးဝကိုမေျပာျပခဲ့။ သူ႔ဘဝထဲ hyung ရိွရင္လံုေလာက္ၿပီဟူေသာ chanyeol က hyung မရိွေတာ့ရင္ဟူေသာ စကားလံုးေနာက္က ပံုရိပ္ကိုေတာ့မျပခဲ့။

"​ေျပာရတာေတာ့ ရွက္ဖို႔ေကာင္းေပမယ့္ ခ်န္းေယာ္လီကို ဂရုစိုက္ေပးပါ သား.. အဲ့ကေလးက ရင့္က်က္ခ်င္ေယာင္ေဆာင္ေနေပမယ့္ သားနဲ႔ပက္သတ္ရင္ ေသးေသးေလးကအစ ထိခိုက္လြယ္တယ္.."

ထိုစကားကိုေတာ့ ယံုသည္။ baekhyun ထပ္ခါတလဲလဲ ေခါင္းညိတ္ျပလိုက္သည္။ ရုတ္တရက္ ေခါင္းငံု႔ထားေနရင္းမွ အသံတစ္သံၾကားလိုက္ရသည္မို႔ baekhyun ေသြးေၾကာေတြ ေဆာင့္ခုန္၏။။

"ကြၽန္ေတာ့္အေၾကာင္းေျပာေနၾကတာလား.."

ေဝဝါးေနေသာ ျမင္ကြင္းေရ႔ွခ်လာေသာ ေကာ္ဖီခြက္တစ္ခြက္။ မ်က္ႏွာထက္က အမူအရာတို႔ကို ျမင္မည္စိုး၍ ခပ္ျမန္ျမန္တုန္႔ျပန္မိေတာ့ chanyeol ခ်က္ခ်င္းပင္ မ်က္လံုးပြတ္ေနသည့္လက္ကိုဖမ္းဆြဲကာ အနားသို႔ထိုင္ခ်လာ၏။

"hyung! ငိုေနတာလား..!"

ခ်က္ခ်င္းပင္အၾကည့္က အေရ႔ွတြင္ထိုင္ေနသည့္လူအေပၚ ဒိုင္းကနဲက်ေရာက္လာသည္မို႔ chanyeol အေမဟက္ဟက္ပက္ပက္ရယ္ကာ လက္ကာျပ၏။

"အမေလးေလး.. ငါငိုေအာင္လည္း မရိုက္လိုက္မိပါဘူးကြယ္.."

baekhyun မ်က္ရည္ေတြသုတ္ေနရင္းၾကားမွ ရယ္လိုက္မိသည္။ chanyeol ဒူးတစ္ဖက္ေထာက္ထိုင္ကာ baekhyun မ်က္ႏွာကိုဆြဲေမာ့ေစသည္။

"Hyung ဘာျဖစ္လို႔လဲ!"

ခ်က္ခ်င္းပင္ chanyeol အေမအသံထြက္လာ၏။

"သား baekhyunee ကို အထဲေခၚသြားလိုက္ေတာ့.. အျပင္မွာေအးလာၿပီ.."

baekhyun မ်က္ရည္ေတြအကုန္သုတ္ၿပီးေသာ္ျငား ေအးစက္ေနေသာ ပတ္ဝန္းက်င္ေၾကာင့္လည္း မ်က္လံုးေတြႏွာေခါင္းေတြ ရဲရဲတြတ္ေန၏။ ပုခံုးကေနဆြဲဖက္ထားေသာchanyeol က​လူမမာကို ထိန္းကိုင္ေလ်ွာက္ေနသည့္အလား။ ရပါတယ္ ဟုဆိုသည္ကိုပင္ baekhyun မ်က္ရည္ေတြကိုေတြ့လိုက္ရသည္မို႔ စိတ္မခ်မွန္းသိသာသည္။ အေပၚထပ္ေတာက္ေလ်ွာက္တက္လာၿပီး အခန္းတစ္ခန္းထဲ ဝင္လိုက္ေသာ္ျငား ေမွာင္မဲေနသည္မို႔ သဲသဲကြဲကြဲမျမင္ရ။

"ဒီမွာခဏေနေနာ္ hyung ကြၽန္ေတာ္မီးသြားဖြင့္လိုက္ၪီးမယ္.."

ပုခံုးထက္မွ အေနြးဓာတ္ေပ်ာက္သြားသည္ႏွင့္ baekhyun ရင္ေတြ လစ္ဟာလာသလိုပင္။ ရုတ္တရက္ ခပ္မိွန္မိွန္လင္းသြားေသာ အခန္းပတ္ပတ္လည္က သန္႔ရွင္းသပ္ရပ္ေနၿပီး အိပ္ရာအႀကီးႀကီးတစ္ခုႏွင့္။ chanyeol ေက်ာေပးထားရင္း တစ္ခုခုလုပ္ေနပံုရသည္။

"ဒါအရင္က ကြၽန္ေတာ့္အခန္းေလ.."

"အင္း"

ျပန္ေျဖလိုက္ေသာ္ျငား baekhyun အာရံုသည္အခန္းေပၚတြင္မရိွ။ chanyeol ေပၚ၌သာရိွသည္။ ေနာက္ေက်ာေပးထားေသာ chanyeol ေက်ာျပင္ႀကီးကက်ယ္ေသာ္ျငား အထီးက်န္ဆန္ေနသေယာင္။

အဲ့အခ်ိန္ကစၿပီး ခ်န္းေယာ္လီရဲ့စိတ္ထဲမွာ သားကိုဆံုးရႈံးရမွာေၾကာက္တဲ့ ဖိုးဘီးယားႀကီး စြဲသြားေတာ့တာဘဲ..

ျပန္ၾကားေယာင္လာေသာ စကားမ်ားက baekhyun ကိုမ်က္ရည္ဝဲလာေစျပန္သည္။ ျမင္ေနရေသာ္ျငား ေဝဝါးလာသည့္ ေက်ာျပင္က်ယ္အား လက္မလႊတ္ခ်င္ေဇာႏွင့္ ေျပးဖက္လိုက္မိေတာ့ chanyeol တစ္ကိုယ္လံုးေတာင့္တင္းသြားသည္ကို ခံစားမိလိုက္သည္။ ဘာလို႔မ်ား သူ႔အေပၚမေကာင္းသည့္ မိမိအေပၚ ဤမ်ွေလာက္ထိ ေပးဆပ္ေနရသည္လဲ။ ထိစပ္ေနမိသည့္ ေက်ာျပင္က်ယ္ႀကီးက မ်က္ရည္မ်ားႏွင့္ထိေတြ့ကာ စိုစြတ္ေစလာေတာ့ chanyeol အလန္႔တၾကားဆို၏။

"hyung! ဘာျဖစ္တာလဲ..!"

ခႏၲာကိုယ္ကို ခ်က္ခ်င္းလွည့္ကာ baekhyun ကိုငံု႔ၾကည့္လာေသာ လူက baekhyun မ်က္ရည္ေတြကို ထိပ္ထိပ္ျပာျပာျဖင့္ သုတ္ဖယ္ေပးေန၏။

"ဘာေတျြဖစ္ေနတာလဲ hyung ရာ... အေမဘာေတြေျပာလိုက္လို႔လဲ.. ကြၽန္ေတာ့္ကိုေျပာျပလို႔ရတယ္ေလ"

မ်က္ႏွာကိုအတင္းဆြဲေမာ့ေနေသာေၾကာင့္ အလိုက်ေမာ့ေပးကာ မ်က္ရည္မ်ားၾကားမွ ရယ္ေမာရင္းဆိုလိုက္မိသည္။

"နမ္း"

လိုအင္ဆႏၵကိုေဖာ္ျပမိသည့္ ပထမဆံုးအႀကိမ္ေပမို႔ chanyeol ေၾကာင္သြားေသာ္ျငား ခဏသာ။ ခ်က္ခ်င္းပင္ ထိေတြ့နမ္းရိႈက္လာသည္က အသက္ရႈဖို႔ခက္စြာပင္ တရိႈက္မတ္မတ္။ အသက္ရႈက်ပ္လာေသာ္ျငား တြန္းထုတ္ဖို႔ႏွေျမာစြာပင္ ေကာ္လာႏွစ္ဖက္ကိုဆြဲခ်ကာ တင္းတင္းက်ပ္က်ပ္နမ္းမိေတာ့ chanyeol မ်က္လံုးအနည္းငယ္ ဖြင့္ၾကည့္၏။ baekhyun ဘက္က ဆႏၵကိုေဖာ္ျပဖို႔ရွားသည္မို႔ မယံုၾကည္ႏိုင္ျဖစ္ေနပံုေပၚသည္။ ႏွစ္ၪီးႏွစ္ဖက္ အလိုက္သိစြာပင္ အေပးယူမ်ွမ်ွ ႏႈတ္ခမ္းတို႔ကို ခြဲခြာၿပီးသည့္ေနာက္ နဖူးခ်င္းထိကပ္ကာ အသက္လုရႈမိသည္။ chanyeol အေမာပင္ အလံုးစံုမေျပေသး အသံခပ္ရွရွႏွင့္ေျပာ၏။

"ထပ္နမ္းလို႔ရေသးလား hyung.."

baekhyun ရင္ထဲေဆာင့္ခုန္သြားကာ အနည္းငယ္ေတြေဝသြားၿပီးမွ ခပ္တိုးတိုးတုန္႔ျပန္မိသည္။

"နမ္းရံုဘဲေနာ္.."

"အင္း နမ္းရံုဘဲ!"

chanyeol သည္ခြင့္ျပဳခ်က္ရသည္ႏွင့္ baekhyun ကို ခ်ီကာ ေျခေထာက္ႏွစ္ဖက္ကို ခါး၌ခြေစသည္။ လန္႔သြားေသာ္ျငား ခပ္ျမန္ျမန္ပင္ ထိကပ္သြားေသာ ႏႈတ္ခမ္းတစ္စံုေၾကာင့္ ဘာဆိုဘာမ်ွမတားျမစ္လိုက္ႏိုင္။ တင္ပါးကိုေပြ့ထိန္းထားေသာ chanyeol လက္ေတြက ခါးအတြင္းထဲတစ္ေလ်ွာက္ ထိေတြ့ပြတ္သပ္လာသည္မို႔ လန္႔ကာရုန္းမိသည္။ ေက်ာႏွင့္ေမြ့ယာထိေတြ့မိသည္ႏွင့္ အသိဝင္သြားၿပီး အုပ္မိုးၾကည့္ေနေသာ chanyeol ကို ေဟာက္လိုက္၏။

"နမ္းရံုဘဲလို႔.....! ေျပာထားတယ္ေလ.."

အသက္ရႉမဝေသးသည့္ၾကားမွ ေျပာသည္မို႔ ရင္ဘတ္တစ္စံုက ဖုတ္လိုက္ဖုတ္လိုက္ျဖင့္။

"အင္း တကယ္နမ္းရံုပါဘဲ hyung.."

ေျပာၿပီးသည္ႏွင့္ ထပ္မံအုပ္မိုးလာေသာ chanyeol က ႏႈတ္ခမ္းတစ္စံုအျပင္ လက္ကိုပါအလုပ္ေပးေနသည္မို႔ baekhyun တစ္ထည္တည္းေသာ ဆြယ္တာေလး ကုတင္ေအာက္ျပဳတ္က်၏။ ပြတ္သပ္လာေသာ လက္တို႔ေၾကာင့္ ရင္တုန္ေနသည့္ၾကားမွ အနမ္းကိုတုန္႔ျပန္ေနရသည္မွာ လြယ္ကူသည္မဟုတ္။ ထိုေန့က နမ္းရံုဘဲဟူေသာ chanyeol စကားတည္ခဲ့ပါသည္။ နမ္းရံုဘဲဟုဆိုကာ တစ္ကိုယ္လံုးရိွတစ္ေနရာမခ်န္ နမ္းသြားသည့္အျပင္ အဆစ္အေနႏွင့္ ကိုက္ရာေတြပါခ်န္ထားခဲ့ေသး၏။

________•°•°•°•°•

ေနာက္က်သြားတယ္ ဟဲဟဲ ><"
ဒါနဲ႔ ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းၿပီေနာ္
Good night ~! 💛✨

Czytaj Dalej

To Też Polubisz

671K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
48.3K 2.8K 44
ချုပ်နှောင်ခြင်းကနေ လွတ်မြှောက်ဖို့ဆို လွတ်လပ်ခြင်းကို ရွေးမလား ... အချစ်ကို ရွေးမလား... ဒါမှ မဟုတ် လွတ်လပ်ခြင်းရှိတဲ့ အချစ် ကိုလား ??? ခ်ဳပ္ေႏွာင္ျခ...
198K 19.2K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
36.9K 1.9K 11
الرِيفي المُحب للصَيف مارسيلُو جِيسونغ ، الفتَى الأكثر إشراقًا يجِد نفسه مُكلف بالإعتنَاء بأُخت الوزِير السابق الصُغرى ، لُورينزُو مينهُو المُصاب بال...