Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 202

5K 896 59
By Dancing_Breeze

[Zawgyi]

<ဗိုလ္ခ်ဳပ္>

နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္ေဘးကိုေလ်ွာက္လာၿပီး ေမးလိုက္သည္။

"အန္ကယ္...ကြၽန္မတို႔ အခုဘယ္လိုလုပ္ၾကမလဲ? ကြၽန္မတို႔က နိမ့္က်တဲ့လူေတြဆိုေတာ့ ေနစရာမရွိေလာက္ဘူး။"

ဒါက 'နိမ့္က်တဲ့သူေတြ'ကို လက္ခံတာကပင္ baseရဲ႕သနားၾကင္နာမႈျဖစ္ေနၿပီျဖစ္တာေၾကာင့္ သူတို႔က သူတ္ို႔(နိမ့္က်တဲ့သူေတြ)ကို ရိုးရွင္းတဲ့အေထာက္အပံ့တစ္ခ်ိဳ႕ ဒါမွမဟုတ္ လူေတြျပည့္က်ပ္ေနတဲ့ အိမ္ေသးေသးေလးတစ္လံုးသာေပးတတ္သည္။

Wolfနဲ႔ တစ္ျခားသူေတြက ပိုေကာင္းတဲ့အခန္းနဲ႔ အေထာက္အပံ့ေတြကိုရကတည္းက ထြက္သြားၿပီျဖစ္သည္။ သို႔ေသာ္လည္း နဥ္ရႈနွင့္ေက်ာင္းဆရာဝန္အန္ကယ္ကေတာ့ သနားစရာအေျခအေနမွာပဲရွိေနေသးသည္။

ေက်ာင္းဆရာဝတ္အန္ကယ္က စိတ္မရွိဘဲ baseကိုပင္ ေျဖာင့္တန္းစြာေလ်ွာက္ဝက္သြားသည္။ နဥ္ရႈ သူ႔ေနာက္က အလ်င္စလိုပင္လိုက္ရေလ၏။

"ငါ့ကို ဒီမွာေစာင့္ေန။ ငါ ပစၥည္းတစ္ခ်ိဳ႕ သြားရွာဦးမယ္။ ဒီမွာပဲေစာင့္ေနေနာ္။ ဟုတ္ၿပီလား? ေလ်ွာက္မသြားဘဲ ဒီမွာပဲ ငါျပန္လာတာကိုေစာင့္ေန။"

ထိုသို႔ေျပာျပီးသည္နွင့္ ေက်ာင္းဆရာဝန္အန္ကယ္္က လွည့္ထြက္သြားေတာ့သည္။

နဥ္ရႈ မလႈပ္ဘဲ နာခံစြာျဖင့္ ေက်ာင္းဆရာဝန္အန္ကယ္ျပန္အလာကိုသာ ေစာင့္ေနလိုက္သည္။ နဥ္ရႈ လွည့္ပတ္ၾကည့္လိုက္ၿပီး လူတိုင္းက အမူအရာနွစ္မ်ိဳးထဲက တစ္မ်ိဳးျဖင့္ျဖတ္သြားၾကသည္ကို ေတြ႕လိုက္သည္။

တစ္ခ်ိဳ႕က ေမွာင္မဲေနကာ အသက္မဲ့တဲ့အမူအရာေတြနဲ႔ျဖစ္သည္။ သူတို႔မ်က္လံုးေတြက ေမးမွိန္ေနကာ အနာဂတ္ကိုပင္ျမင္နိုင္ပံုမေပၚေတာ့ေခ်။ သူတို႔က လမ္းေလ်ွာက္ေနတဲ့အေလာင္းေကာင္ေတြနဲ႔ပင္ တူေနေသး၏။

က်န္တဲ့လူေတြကေတာ့ သန္မာၿပီးျပင္းထန္တဲ့ ေအာ္ရာေတြကိုထုတ္လႊတ္ေနသည္။ သူတို႔ထဲက အမ်ားစုက အထူးစြမ္းရည္ေတြနိုးထၿပီျဖစ္တဲ့အတြက္ သူတို႔အားလံုးရဲ႕အမူအရာေတြက ဘဝင္ခိုက္ေနကာ ကိုယ့္ကိုကိုယ္ေက်နပ္ေနတဲ့အမူအရာေတြျဖစ္သည္။

အထူးစြမ္းရည္နိုးထေနတဲ့သူေတြက နဥ္ရႈကို သူမကလည္း သူတို႔ထဲကတစ္ေယာက္လားလို႔ စူးစမ္းတဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနၾကသည္။

"ေဒစီ?"

သူမေနာက္ကေန အသံတစ္သံထြက္ေပၚလာသည္။ နဥ္ရႈလွည့္ၾကည့္လိုက္ၿပီး စစ္ဝတ္စံုဝတ္ထားတဲ့လူတစ္ေယာက္က အံ့အားသင့္ေနတဲ့အမူအရာနဲ႔ေလ်ွာက္လာတာကို ျမင္လိုက္ရသည္။ သူေရာက္လာတဲ့အခါ သူကမွတ္ခ်က္ခ်သည္။

"မင္း အခုထိအသက္ရွင္ေနေသးတယ္?"

မူလခႏၶာရွင္ရဲ႕ မွတ္ဥာဏ္ေတြအရ ဒီလူလတ္ပိုင္းႀကီးက အထူးအဖဲြ႕ရဲ႕ ဗိုလ္္ခ်ဳပ္ဆိုတာ နဥ္ရႈသိလိုက္သည္။ သူမက ဗိုလ္ခ်ဳပ္ကိုေတြ႕လိုက္ရတဲ့အတြက္ အံ့ၾသေနၿပီး အနည္းငယ္ေပ်ာ္ရႊင္သြားသည္။ သူမက ေလးစားစြာနႈတ္ဆက္လိုက္သည္။

"ဗိုလ္ခ်ဳပ္။"

"က်န္တဲ့လူေတြေရာ?"

ဗိုလ္ခ်ဳပ္က နဥ္ရႈကိုၾကည့္ရင္း ေမးလိုက္သည္။

"Wolfနဲ႔က်န္တဲ့လူေတြ ျပန္လာပါၿပီ။ ဒါေပမယ့္ ကြၽန္မတို႔ လူနွစ္ေယာက္ဆံုးရႈံးခဲ့ရတယ္။"

ဗိုလ္ခ်ဳပ္ရဲ႕မ်က္ဝန္းေတြက ရွားပါးတဲ့ႏူးညံ့မႈေတြျပည့္သြားသည္။ သူက သက္ျပင္းခ်ကာေျပာလိုက္သည္။

"မင္းတို႔ထြက္သြားၿပီးသိပ္မၾကာခင္မွာပဲ နိုင္ငံေတာ္က ၿပိဳကဲြသြားတယ္။"

နဥ္ရႈ ဘာေျပာရမွန္းမသိေခ်။ အဲ့ဒီ့အေၾကာင္းနည္းနည္းေလာက္စဥ္းစားၿပီးေနာက္မွာ သူမက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ထုတ္လိုက္ၿပီး ဗိုလ္ခ်ဳပ္ကိုကမ္းေပးလိုက္သည္။

"ဒါက ကြၽန္မရွာေတြ႕ခဲ့တဲ့ မ်ိဳးရိုးဗီဇအဆီအနွစ္ပဲ။ Wolfနဲ႔ တစ္ျခားသူေတြ ဒီအေၾကာင္းမသိဘူး။"

ဗိုလ္ခ်ဳပ္က ေခါင္းယမ္းကာေျပာလိုက္သည္။

"မင္းဘာသာမင္းပဲ သိမ္းထားသင့္တယ္။ မင္း အထူးစြမ္းရည္နိုးထၿပီလား?"

"လူသားေတြက အခု သူတို႔ဘာသာ စြမ္းအင္ေတြနႈိးဆြနိုင္ၿပီျဖစ္လို႔ မ်ိဳးရိုးဗီဇအဆီအနွစ္က သိပ္အသံုးမဝင္ေတာ့ဘူး။ မင္း အထူးစြမ္းရည္မနႈိးဆြရေသးရင္ မ်ိဳးရိုးဗီဇအဆီအနွစ္ကိုသံုးၿပီး နႈိးဆြလိုက္ေလ။"

ဗိုလ္ခ်ဳပ္ရဲ႕မ်က္နွာက ညိွဳးေရာ္ေနသည္။

"ကပ္ကမၻာက အရမ္းရက္စက္တယ္။ မင္းကိုယ္မင္း ေကာင္းေကာင္းကာကြယ္ရမယ္။"

နဥ္ရႈ မေနနိုင္ဘဲ သက္ျပင္းရႈိက္လိုက္မိသည္။ ဒီလူက မူလခႏၶာရွင္ကို မိဘမဲ့ေဂဟာကေနေခၚလာၿပီး မရွိမျဖစ္လိုအပ္တဲ့စေကးေတြကိုသင္ေပးကာ ေျမေတာင္ေျမႇာပ္ေပးခဲ့သည္။ သူက မူလခႏၶာပိုင္ရွင္ရဲ႕စိတ္ထဲမွာ အေရးႀကီးတဲ့လူျဖစ္ရမည္။

"ဗိုလ္ခ်ဳပ္...ဗိုလ္ခ်ဳပ္ မ်ိဳးရိုးဗီဇအဆီအနွစ္ကို ယူသင့္တယ္။ ဒါက ေဒစီ့ပထမဆံုးတာဝန္ျဖစ္ၿပီးေတာ့ ဗိုလ္ခ်ဳပ္ေပးအပ္တဲ့တာဝန္ကို ေဒစီတကယ္ပဲၿပီးေျမာက္ခ်င္ပါတယ္။"

နဥ္ရႈက စိတ္အားထက္သန္စြာေျပာရင္း မ်ိဳးရိုးဗီဇအဆီအနွစ္ကို ဗိုလ္ခ်ဳပ္ဆီကမ္းေပးလိုက္သည္။

ဗိုလ္ခ်ဳပ္က နဥ္ရႈကို တားရန္မႀကိဳးစားေတာ့ဘဲ မ်ိဳးရိုးဗီဇအဆီအနွစ္ကို ယူလိုက္သည္။ ထို႔ေနာက္ သူကေမးလာ၏။

"မင္းမွာ ေနစရာရွိၿပီလား?"

နဥ္ရႈ ေခါင္းယမ္းလိုက္သည္။

"အခုထိေတာ့ မရွိေသးဘူး။ ဘယ္ေနရာမွာေနရမယ္မွန္း ကြၽန္မမသိေသးဘူး။"

"ငါမင္းအတြက္ ေနစရာစီစဥ္ေပးမယ္။"

ဗိုလ္ခ်ဳပ္ကေျပာသည္။

နဥ္ရႈ ေခါင္းၿငိမ့္ေတာ့မယ့္အခ်ိန္မွာပဲ ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕အသံကိုၾကားလိုက္ရသည္။

"ေဒစီ။"

နဥ္ရႈနဲ႔ ဗိုလ္ခ်ဳပ္က ေက်ာင္းဆရာဝန္အန္ကယ္ကို ၾကည့္လိုက္ၾကသည္။ သူက လွပတဲ့ေျခလွမ္းက်ဲႀကီးေတြျဖင့္ေလ်ွာက္လာကာ သူ႔လႈပ္ရွားမႈေၾကာင့္ အနက္ေရာင္ေလကာအက်ႌကို ေျမာက္ႂကြေနေစသည္။ သူ႔ရဲ႕တည္ရွိမႈက ယွဥ္ၿပိဳင္စရာအားလံုးကို ေမွးမွိန္သြားေစသည္။ သူက ဒီလိုအားေကာင္းတဲ့ေအာ္ရာရွိတဲ့ တစ္ေယာက္တည္းေသာသူျဖစ္နိုင္ေလသည္။

ေက်ာင္းဆရာဝန္အန္ကယ္က မၾကာမီ နဥ္ရႈဆီေရာက္ရွိလာ၏။ နဥ္ရႈက မိတ္ဆက္ေပးလိုက္သည္။

"အန္ကယ္...သူက ကြၽန္မဗိုလ္ခ်ဳပ္။"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈမ်က္နွာေပၚက အၿပံဳးကိုၾကည့္လိုက္ၿပီး ဗိုလ္ခ်ဳပ္ကို လက္ဆဲြနႈတ္ဆက္လိုက္သည္။

"ဟဲလို။"

ဗိုလ္ခ်ဳပ္က ေက်ာင္းဆရာဝန္အန္ကယ္ကို မ်က္ေမွာင္ၾကဳတ္ကာ ေစ့ေစ့စပ္စပ္ၾကည့္ရႈလိုက္သည္။

"ခင္ဗ်ားကို ရင္းနွီးေနတယ္။"

ေက်ာင္းဆရာဝန္အန္ကယ္က တုန္႔ျပန္ျခင္းမရွိဘဲ လက္ေျမႇာက္ကာ နဥ္ရႈကို ေသာ့တစ္ေခ်ာင္းျပလာသည္။

"ငါ ေနစရာတစ္ခုရွာေတြ႕လာတယ္။"
......

Comment:

ေက်ာင္းဆရာဝန္က နဥ္ရႈကိုဒီမွာေစာင့္ေနဖို႔ထပ္ကာထပ္ကာေျပာလိုက္တဲ့အခိုက္အတန္႔ေလး...။ နဥ္ရႈ တစ္ျခားေယာက်္ားတစ္ေယာက္နဲ႔စကားေျပာေနတာကိုျမင္တဲ့အခါ လွမ္းေခၚလိုက္တဲ့အခ်ိန္ေလး...။ ၿပီးေတာ့...သူ႔မွာ အသန္႔ႀကိဳက္ေရာဂါရွိေနတာေတာင္ ဗိုလ္ခ်ဳပ္ကိုလက္ဆဲြနႈတ္ဆက္လိုက္တာက နဥ္ရႈၿပံဳးေနလို႔ပဲ။ အားးးငါ နဥ္ရႈနဲ႔ေက်ာင္းဆရာဝန္ကို အရမ္းshipတယ္!! ဒီလိုဆိုေပမယ့္ သူတို႔က တကယ့္အတဲြေတြမဟုတ္ဘူး! ဒါေပမယ့္ သူက နဥ္ရႈကိုအနိုင္က်င့္ရင္ေတာင္ ငါသေဘာက်တယ္~:3

[ဟဲ..ဟဲ..ဒါက E-translator(s)ရဲ႕ comment။ အိုင္လည္း ဘာသာျပန္ရင္း ဖိုးသိုးဖတ္သပ္ေတြျဖစ္ေနၿပီ။ ထပ္ေျပာရရင္ေလ အန္ကယ္က နဥ္ရႈကိုေသာ့ေျမႇာက္ျပလိုက္တဲ့အခ်ိန္ေလးမွာ သူ႔ႀကိဳးစားမႈကိုဂုဏ္ယူဝ႔ံႂကြးေနတဲ့ေခြးေပါက္ေလးလိုျမင္ေနတာ...ဝူးဝူး...လိုရာဆဲြေတြးၿပီး အရမ္းေတြheart touchingျဖစ္ေနၿပီ။( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)
.......

[Unicode]

<ဗိုလ်ချုပ်>

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ဘေးကိုလျှောက်လာပြီး မေးလိုက်သည်။

"အန်ကယ်...ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲ? ကျွန်မတို့က နိမ့်ကျတဲ့လူတွေဆိုတော့ နေစရာမရှိလောက်ဘူး။"

ဒါက 'နိမ့်ကျတဲ့သူတွေ'ကို လက်ခံတာကပင် baseရဲ့သနားကြင်နာမှုဖြစ်နေပြီဖြစ်တာကြောင့် သူတို့က သူတ်ို့(နိမ့်ကျတဲ့သူတွေ)ကို ရိုးရှင်းတဲ့အထောက်အပံ့တစ်ချို့ ဒါမှမဟုတ် လူတွေပြည့်ကျပ်နေတဲ့ အိမ်သေးသေးလေးတစ်လုံးသာပေးတတ်သည်။

Wolfနဲ့ တစ်ခြားသူတွေက ပိုကောင်းတဲ့အခန်းနဲ့ အထောက်အပံ့တွေကိုရကတည်းက ထွက်သွားပြီဖြစ်သည်။ သို့သော်လည်း နဉ်ရှုနှင့်ကျောင်းဆရာဝန်အန်ကယ်ကတော့ သနားစရာအခြေအနေမှာပဲရှိနေသေးသည်။

ကျောင်းဆရာဝတ်အန်ကယ်က စိတ်မရှိဘဲ baseကိုပင် ဖြောင့်တန်းစွာလျှောက်ဝက်သွားသည်။ နဉ်ရှု သူ့နောက်က အလျင်စလိုပင်လိုက်ရလေ၏။

"ငါ့ကို ဒီမှာစောင့်နေ။ ငါ ပစ္စည်းတစ်ချို့ သွားရှာဦးမယ်။ ဒီမှာပဲစောင့်နေနော်။ ဟုတ်ပြီလား? လျှောက်မသွားဘဲ ဒီမှာပဲ ငါပြန်လာတာကိုစောင့်နေ။"

ထိုသို့ပြောပြီးသည်နှင့် ကျောင်းဆရာဝန်အန်ကယ်က လှည့်ထွက်သွားတော့သည်။

နဉ်ရှု မလှုပ်ဘဲ နာခံစွာဖြင့် ကျောင်းဆရာဝန်အန်ကယ်ပြန်အလာကိုသာ စောင့်နေလိုက်သည်။ နဉ်ရှု လှည့်ပတ်ကြည့်လိုက်ပြီး လူတိုင်းက အမူအရာနှစ်မျိုးထဲက တစ်မျိုးဖြင့်ဖြတ်သွားကြသည်ကို တွေ့လိုက်သည်။

တစ်ချို့က မှောင်မဲနေကာ အသက်မဲ့တဲ့အမူအရာတွေနဲ့ဖြစ်သည်။ သူတို့မျက်လုံးတွေက မေးမှိန်နေကာ အနာဂတ်ကိုပင်မြင်နိုင်ပုံမပေါ်တော့ချေ။ သူတို့က လမ်းလျှောက်နေတဲ့အလောင်းကောင်တွေနဲ့ပင် တူနေသေး၏။

ကျန်တဲ့လူတွေကတော့ သန်မာပြီးပြင်းထန်တဲ့ အော်ရာတွေကိုထုတ်လွှတ်နေသည်။ သူတို့ထဲက အများစုက အထူးစွမ်းရည်တွေနိုးထပြီဖြစ်တဲ့အတွက် သူတို့အားလုံးရဲ့အမူအရာတွေက ဘဝင်ခိုက်နေကာ ကိုယ့်ကိုကိုယ်ကျေနပ်နေတဲ့အမူအရာတွေဖြစ်သည်။

အထူးစွမ်းရည်နိုးထနေတဲ့သူတွေက နဉ်ရှုကို သူမကလည်း သူတို့ထဲကတစ်ယောက်လားလို့ စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။

"ဒေစီ?"

သူမနောက်ကနေ အသံတစ်သံထွက်ပေါ်လာသည်။ နဉ်ရှုလှည့်ကြည့်လိုက်ပြီး စစ်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်က အံ့အားသင့်နေတဲ့အမူအရာနဲ့လျှောက်လာတာကို မြင်လိုက်ရသည်။ သူရောက်လာတဲ့အခါ သူကမှတ်ချက်ချသည်။

"မင်း အခုထိအသက်ရှင်နေသေးတယ်?"

မူလခန္ဓာရှင်ရဲ့ မှတ်ဥာဏ်တွေအရ ဒီလူလတ်ပိုင်းကြီးက အထူးအဖွဲ့ရဲ့ ဗိုလ်ချုပ်ဆိုတာ နဉ်ရှုသိလိုက်သည်။ သူမက ဗိုလ်ချုပ်ကိုတွေ့လိုက်ရတဲ့အတွက် အံ့သြနေပြီး အနည်းငယ်ပျော်ရွှင်သွားသည်။ သူမက လေးစားစွာနှုတ်ဆက်လိုက်သည်။

"ဗိုလ်ချုပ်။"

"ကျန်တဲ့လူတွေရော?"

ဗိုလ်ချုပ်က နဉ်ရှုကိုကြည့်ရင်း မေးလိုက်သည်။

"Wolfနဲ့ကျန်တဲ့လူတွေ ပြန်လာပါပြီ။ ဒါပေမယ့် ကျွန်မတို့ လူနှစ်ယောက်ဆုံးရှုံးခဲ့ရတယ်။"

ဗိုလ်ချုပ်ရဲ့မျက်ဝန်းတွေက ရှားပါးတဲ့နူးညံ့မှုတွေပြည့်သွားသည်။ သူက သက်ပြင်းချကာပြောလိုက်သည်။

"မင်းတို့ထွက်သွားပြီးသိပ်မကြာခင်မှာပဲ နိုင်ငံတော်က ပြိုကွဲသွားတယ်။"

နဉ်ရှု ဘာပြောရမှန်းမသိချေ။ အဲ့ဒီ့အကြောင်းနည်းနည်းလောက်စဉ်းစားပြီးနောက်မှာ သူမက မျိုးရိုးဗီဇအဆီအနှစ်ကို ထုတ်လိုက်ပြီး ဗိုလ်ချုပ်ကိုကမ်းပေးလိုက်သည်။

"ဒါက ကျွန်မရှာတွေ့ခဲ့တဲ့ မျိုးရိုးဗီဇအဆီအနှစ်ပဲ။ Wolfနဲ့ တစ်ခြားသူတွေ ဒီအကြောင်းမသိဘူး။"

ဗိုလ်ချုပ်က ခေါင်းယမ်းကာပြောလိုက်သည်။

"မင်းဘာသာမင်းပဲ သိမ်းထားသင့်တယ်။ မင်း အထူးစွမ်းရည်နိုးထပြီလား?"

"လူသားတွေက အခု သူတို့ဘာသာ စွမ်းအင်တွေနှိုးဆွနိုင်ပြီဖြစ်လို့ မျိုးရိုးဗီဇအဆီအနှစ်က သိပ်အသုံးမဝင်တော့ဘူး။ မင်း အထူးစွမ်းရည်မနှိုးဆွရသေးရင် မျိုးရိုးဗီဇအဆီအနှစ်ကိုသုံးပြီး နှိုးဆွလိုက်လေ။"

ဗိုလ်ချုပ်ရဲ့မျက်နှာက ညှိုးရော်နေသည်။

"ကပ်ကမ္ဘာက အရမ်းရက်စက်တယ်။ မင်းကိုယ်မင်း ကောင်းကောင်းကာကွယ်ရမယ်။"

နဉ်ရှု မနေနိုင်ဘဲ သက်ပြင်းရှိုက်လိုက်မိသည်။ ဒီလူက မူလခန္ဓာရှင်ကို မိဘမဲ့ဂေဟာကနေခေါ်လာပြီး မရှိမဖြစ်လိုအပ်တဲ့စကေးတွေကိုသင်ပေးကာ မြေတောင်မြှောပ်ပေးခဲ့သည်။ သူက မူလခန္ဓာပိုင်ရှင်ရဲ့စိတ်ထဲမှာ အရေးကြီးတဲ့လူဖြစ်ရမည်။

"ဗိုလ်ချုပ်...ဗိုလ်ချုပ် မျိုးရိုးဗီဇအဆီအနှစ်ကို ယူသင့်တယ်။ ဒါက ဒေစီ့ပထမဆုံးတာဝန်ဖြစ်ပြီးတော့ ဗိုလ်ချုပ်ပေးအပ်တဲ့တာဝန်ကို ဒေစီတကယ်ပဲပြီးမြောက်ချင်ပါတယ်။"

နဉ်ရှုက စိတ်အားထက်သန်စွာပြောရင်း မျိုးရိုးဗီဇအဆီအနှစ်ကို ဗိုလ်ချုပ်ဆီကမ်းပေးလိုက်သည်။

ဗိုလ်ချုပ်က နဉ်ရှုကို တားရန်မကြိုးစားတော့ဘဲ မျိုးရိုးဗီဇအဆီအနှစ်ကို ယူလိုက်သည်။ ထို့နောက် သူကမေးလာ၏။

"မင်းမှာ နေစရာရှိပြီလား?"

နဉ်ရှု ခေါင်းယမ်းလိုက်သည်။

"အခုထိတော့ မရှိသေးဘူး။ ဘယ်နေရာမှာနေရမယ်မှန်း ကျွန်မမသိသေးဘူး။"

"ငါမင်းအတွက် နေစရာစီစဉ်ပေးမယ်။"

ဗိုလ်ချုပ်ကပြောသည်။

နဉ်ရှု ခေါင်းငြိမ့်တော့မယ့်အချိန်မှာပဲ ကျောင်းဆရာဝန်အန်ကယ်ရဲ့အသံကိုကြားလိုက်ရသည်။

"ဒေစီ။"

နဉ်ရှုနဲ့ ဗိုလ်ချုပ်က ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်ကြသည်။ သူက လှပတဲ့ခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်လာကာ သူ့လှုပ်ရှားမှုကြောင့် အနက်ရောင်လေကာအင်္ကျီကို မြောက်ကြွနေစေသည်။ သူ့ရဲ့တည်ရှိမှုက ယှဉ်ပြိုင်စရာအားလုံးကို မှေးမှိန်သွားစေသည်။ သူက ဒီလိုအားကောင်းတဲ့အော်ရာရှိတဲ့ တစ်ယောက်တည်းသောသူဖြစ်နိုင်လေသည်။

ကျောင်းဆရာဝန်အန်ကယ်က မကြာမီ နဉ်ရှုဆီရောက်ရှိလာ၏။ နဉ်ရှုက မိတ်ဆက်ပေးလိုက်သည်။

"အန်ကယ်...သူက ကျွန်မဗိုလ်ချုပ်။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုမျက်နှာပေါ်က အပြုံးကိုကြည့်လိုက်ပြီး ဗိုလ်ချုပ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဟဲလို။"

ဗိုလ်ချုပ်က ကျောင်းဆရာဝန်အန်ကယ်ကို မျက်မှောင်ကြုတ်ကာ စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။

"ခင်ဗျားကို ရင်းနှီးနေတယ်။"

ကျောင်းဆရာဝန်အန်ကယ်က တုန့်ပြန်ခြင်းမရှိဘဲ လက်မြှောက်ကာ နဉ်ရှုကို သော့တစ်ချောင်းပြလာသည်။

"ငါ နေစရာတစ်ခုရှာတွေ့လာတယ်။"
......

Comment:

ကျောင်းဆရာဝန်က နဉ်ရှုကိုဒီမှာစောင့်နေဖို့ထပ်ကာထပ်ကာပြောလိုက်တဲ့အခိုက်အတန့်လေး...။ နဉ်ရှု တစ်ခြားယောက်ျားတစ်ယောက်နဲ့စကားပြောနေတာကိုမြင်တဲ့အခါ လှမ်းခေါ်လိုက်တဲ့အချိန်လေး...။ ပြီးတော့...သူ့မှာ အသန့်ကြိုက်ရောဂါရှိနေတာတောင် ဗိုလ်ချုပ်ကိုလက်ဆွဲနှုတ်ဆက်လိုက်တာက နဉ်ရှုပြုံးနေလို့ပဲ။ အားးးငါ နဉ်ရှုနဲ့ကျောင်းဆရာဝန်ကို အရမ်းshipတယ်!! ဒီလိုဆိုပေမယ့် သူတို့က တကယ့်အတွဲတွေမဟုတ်ဘူး! ဒါပေမယ့် သူက နဉ်ရှုကိုအနိုင်ကျင့်ရင်တောင် ငါသဘောကျတယ်~:3

[ဟဲ..ဟဲ..ဒါက E-translator(s)ရဲ့ comment။ အိုင်လည်း ဘာသာပြန်ရင်း ဖိုးသိုးဖတ်သပ်တွေဖြစ်နေပြီ။ ထပ်ပြောရရင်လေ အန်ကယ်က နဉ်ရှုကိုသော့မြှောက်ပြလိုက်တဲ့အချိန်လေးမှာ သူ့ကြိုးစားမှုကိုဂုဏ်ယူဝံ့ကြွးနေတဲ့ခွေးပေါက်လေးလိုမြင်နေတာ...ဝူးဝူး....လိုရာဆွဲတွေးပြီး အရမ်းတွေheart touchingဖြစ်နေပြီ။ ( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)
.......



Continue Reading

You'll Also Like

55.9K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
65.9K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
50.2K 8K 34
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
103K 13.6K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...