Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 198

4.9K 856 12
By Dancing_Breeze

[Zawgyi]

<ငါ့က်ည္ဆန္ထက္ပိုျမန္တယ္။>

ဘုန္း..ဘုန္း!

ဗီဇကဲြzombieက ကားေခါင္မိုးကိုထုရိုက္ေနသည္။ သို႔ေသာ္လည္း အန္ကယ့္ကားက အေတာ္ေလးႀကံ႕ခိုင္ကာ ေလာေလာဆယ္ေတာ့ အေျခအေနေကာင္းေနေသး၏။

ေက်ာင္းဆရာဝန္အန္ကယ္က လီဗာကိုခပ္ျပင္းျပင္းေလးဖိနင္းလိုက္ကာ ေနွးေကြးစြာလႈပ္ရွားေနၾကတဲ့အဆင့္နိမ့္zombieေတြကို ကားမရပ္ခင္ခါထုတ္လိုက္သည္။ ထို႔ေနာက္ သူကေျပာလိုက္သည္။

"ကားေပၚကဆင္းၿပီး ဒီzombieကိုရင္ဆိုင္။"

လူေတြဟာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ကားေပၚကဆင္းလိုက္ၾကရကာ အမိုးေပၚကzombieကို သူတို႔မွာရွိတဲ့ပစၥည္းတိုင္းနဲ႔ ပစ္ေပါက္ၾကေလေတာ့သည္။ ဒါေပမယ့္လည္း ဒါကzombieကို မထိခိုက္ေစနိုင္ေပ။

သူတို႔နဲ႔ရန္သူ႔ၾကားက ကြာျခားခ်က္က ႀကီးမားလြန္းေနတဲ့အတြက္ လူတိုင္းရဲ႕မ်က္နွာမွာ အကူအညီမဲ့ေနတဲ့အမူအရာေတြေပၚလာေတာ့သည္။ နဥ္ရႈကေတာ့ ဗီဇကဲြzombieကို ပစ္ခတ္ဖို႔ႀကိဳးစားေနဆဲျဖစ္ေသာ္လည္း zombieက သူမရဲ႕က်ည္အားလံုးကို ေရွာင္တိမ္းလိုက္ေလသည္။

စိတ္တိုခ်င္စရာႀကီး? ဗီဇကဲြzombieလိုဟာမ်ိဳးေတြက ဘာလို႔ရွိေနရတာလဲ?

ေက်ာင္းဆရာဝန္အန္ကယ္က ဗီဇကဲြzombieရဲ႕ေခါင္းကို ေသနတ္နဲ႔ခ်ိန္လိုက္ရင္း မ်က္လံုးေတြေမွးက်ဥ္းလိုက္သည္။ သို႔ေသာ္ ဗီဇကဲြzombieက အရမ္းကိုျမန္လြန္းေနတာေၾကာင့္ သူမပစ္ေပ။

က်ည္ကုန္သြားတဲ့အခါ Wolfက ေသနတ္ကိုလႊင့္ပစ္လိုက္ၿပီး လက္နက္ပုန္းေတြကိုအားကိုးရန္ျပင္လိုက္ေသာ္လည္း လံုးဝအသံုးမဝင္ေခ်။ Zombieက လ်င္ျမန္စြာခ်ဥ္းကပ္လာၿပီး Wolfရဲ႕နွလံုးသားဆီဦးတည္လိုက္သည္။

"Wolf..!"

Phoenixက ေအာ္လိုက္သည္။

"ျမန္ျမန္ပစ္လိုက္စမ္းပါ!"

Wolfက ေျမေပၚလွဲခ်လိုက္ၿပီး လွိမ့္ကာေရွာင္တိမ္းလိုက္ရင္း ေက်ာင္းဆရာဝန္အန္ကယ္ကို ေအာ္လိုက္သည္။

Phoenixနဲ႔ Spiderက ကူညီဖို႔လႈပ္ရွားလိုက္ေပမယ့္ ဗီဇကဲြzombieက Wolfကိုပဲ အာရံုစိုက္ထားပံုေပၚသည္။ သူက တစ္ျခားဟာေတြနဲ႔မတိုက္ခိုက္ခင္ အမ်ိဳးသားဇာတ္လိုက္ကို အျပင္းအထန္ပင္သတ္ခ်င္ေနေလ၏။

ေက်ာင္းဆရာဝန္အန္ကယ္က မပစ္ေပ။ သူက ခ်ိန္ထားဆဲပင္ျဖစ္ေသာ္လည္း အခ်ိန္ေကာင္းကိုေစာင့္ေနသည့္အတိုင္း ခလုတ္မဆဲြေခ်။

Zombieက Wolfကိုေနာက္တစ္ႀကိမ္ထပ္မံတိုက္ခိုက္လိုက္သည္။ ဒီတစ္ႀကိမ္မွာေတာ့ Wolfက အရမ္းကိုေျခကုန္လက္ပမ္းက်ေနၿပီး မေရွာင္နိုင္ေတာ့ေပ။ Wolfေသေတာ့မယ့္အခ်ိန္မွာပဲ သူ႔လက္ကေန လ်ွပ္စီးအလင္းတစ္ခ်က္ထြက္လာၿပီး ဗီဇကဲြzombieကို သြားထိသည္။

အျဖဴ ေရာင္မီးခိုးေတြက ဗီဇကဲြzombieေပၚမွာ ေပၚလာသည္။ ဗီဇကဲြzombieက ရပ္တန္႔သြား၏။ သူက အံ့အားသင့္ေနၿပီး သူ႔ရဲ႕မဲြျပာေနတဲ့မ်က္နွာက ေၾကာက္လန္႔ေနပံုေပၚသည္။

လူတိုင္းကလည္း အံ့အားသင့္ေနၾကၿပီး Wolfရဲ႕လက္ကို ေၾကာင္အစြာစိုက္ၾကည့္ေနၾကေလသည္။ Wolfကိုယ္တိုင္လည္္း ရႈပ္ေထြးေနၿပီးမွ သူ႔မ်က္နွာက အင္မတန္ေပ်ာ္ရႊင္ေနပံုေပါက္လာ၏။

"ဒါက အထူးစြမ္းရည္ပဲ။ အထူးစြမ္းအား..။"

အခုထိရပ္တန္႔ေနေသးတဲ့zombieအေပၚမွာ ေက်ာင္းဆရာဝန္အန္ကယ္က အခြင့္ေကာင္းယူလိုက္သည္။ zombieရဲ႕ေခါင္းက ခ်က္ခ်င္းေပါက္ကဲြသြားေလသည္။

ေက်ာင္းဆရာဝန္အန္ကယ္က zombieကိုရွင္းလိုက္ေသာ္လည္း Wolfရဲ႕နွလံုးသားထဲမွာ ေဒါသေတြနဲ႔ျပည့္လာၿပီး သူက ေဒါသထြက္စြာေမးလာသည္။

"ခင္ဗ်ား ေစာေစာက ဘာလို႔မပစ္တာလဲ?"

Wolfက ေက်ာင္းဆရာဝန္အန္ကယ္ကို ၾကည့္လိုက္သည္။ သူ႔လက္ေတြက တဖ်စ္ဖ်စ္ျမည္ေနတဲ့ မိုးႀကိဳးေတြထုတ္လႊတ္ေနတုန္းပင္။ သူက ေက်ာင္းဆရာဝန္အန္ကယ္ကို သတ္ခ်င္ေနတယ္ဆိုတာ ရွင္းပါသည္။

နဥ္ရႈ စိတ္လႈပ္ရွားသြားၿပီး Wolfကို အလ်င္အျမန္ေျပာလိုက္သည္။

"အန္ကယ္က ဒီလိုလုပ္ဖို႔ အမ်ားႀကီးစဥ္းစားခဲ့ရတာ။ သူက ရွင့္ကို အႏၱရာယ္ၾကားထဲတြန္းပို႔ၿပီး ရွင့္ရဲ႕အထူးစြမ္းရည္နိုးထလာေအာင္ လုပ္ေပးဖို႔ႀကိဳးစားတာပါ။"

ကမၻာရဲ႕မ်က္နွာသာေပးျခင္းခံရတဲ့သူအေနနဲ႔ ထင္တဲ့အတိုင္းပင္ မိုးႀကိဳးစြမ္းအင္ကို နႈိးဆြနိုင္ခဲ့သည္။ မိုးႀကိဳးစြမ္းအင္က zombieေတြကို အထိခိုက္ေစနိုင္ဆံုးပင္။

နဥ္ရႈ ႀကိဳးစားရွင္းျပတာကိုၾကားတဲ့အခါ Wolfက သေရာ္လိုက္သည္။

"ငါ့စြမ္းရည္နိုးထလာလို႔သာမဟုတ္ရင္ ငါဒီzombieသတ္တာခံေနရေလာက္ၿပီ။ ငါ ဒီေကာင့္ကို လႊတ္ေပးစရာအေၾကာင္းမရွိဘူး။"

Wolfက သူသန္မာလာတဲ့အခါ လက္စားေခ်ခ်င္ေနၿပီလို႔ပဲ နဥ္ရႈေျပာနိုင္ေတာ့သည္။ ဒီလိုလုပ္ျခင္းအားျဖင့္ အဖဲြ႕ထဲမွာ နာမည္ေကာင္းကိုလည္း တည္ေထာင္နိုင္ဦးမယ္ေလ။

Wolfလက္ထဲက မိုးႀကိဳးက တဖ်စ္ဖ်စ္ျမည္လာသည္။ သူက ေက်ာင္းဆရာဝဇန္အန္ကယ္ကို သတ္ဖို႔စိတ္အားထက္သန္ေနပံုေပၚသည္။

ေက်ာင္းဆရာဝန္အန္ကယ္က ေသနတ္ကိုေျမႇာက္ကာ Wolfရဲ႕နဖူးကိုခ်ိန္လိုက္သည္။ သူကသေရာ္သလိုၿပံဳးကာ ေျပာလာသည္။

"ဒါက အခုမွနိုးထလာတဲ့စြမ္းအင္ေပမယ့္ ဘာမွမဟုတ္ဘူး။ ငါ့က်ည္ဆန္ထက္ျမန္သလားဆိုတာ မင္းစမ္းၾကည့္ခ်င္ေသးလား?"

Wolfမ်က္နွာက ရႈံ႕မဲ့သြားသည္။ သူက ကတၱရာေစးေရာင္မည္းနက္ေနတဲ့ ေသနတ္ေျပာင္းဝကိုၾကည့္လိုက္ၿပီး အမူအရာကင္းမဲ့ေနတဲ့ ေက်ာင္းဆရာဝန္အန္ကယ္ကို ၾကည့္လိုက္သည္။ ေနာက္ဆံုးမွာေတာ့ သူက အင္တင္တင္ျဖင့္ပင္ သူ႔စြမ္းရည္ကို ၿပိဳကဲြေစလိုက္ေလ၏။
......

အန္ကယ္သည္ ေက်ာက္ခ်ဥ္မဟုတ္ :3
.....

[Unicode]

<ငါ့ကျည်ဆန်ထက်ပိုမြန်တယ်။>

ဘုန်း..ဘုန်း!

ဗီဇကွဲzombieက ကားခေါင်မိုးကိုထုရိုက်နေသည်။ သို့သော်လည်း အန်ကယ့်ကားက အတော်လေးကြံ့ခိုင်ကာ လောလောဆယ်တော့ အခြေအနေကောင်းနေသေး၏။

ကျောင်းဆရာဝန်အန်ကယ်က လီဗာကိုခပ်ပြင်းပြင်းလေးဖိနင်းလိုက်ကာ နှေးကွေးစွာလှုပ်ရှားနေကြတဲ့အဆင့်နိမ့်zombieတွေကို ကားမရပ်ခင်ခါထုတ်လိုက်သည်။ ထို့နောက် သူကပြောလိုက်သည်။

"ကားပေါ်ကဆင်းပြီး ဒီzombieကိုရင်ဆိုင်။"

လူတွေဟာ ရွေးချယ်စရာမရှိတော့ဘဲ ကားပေါ်ကဆင်းလိုက်ကြရကာ အမိုးပေါ်ကzombieကို သူတို့မှာရှိတဲ့ပစ္စည်းတိုင်းနဲ့ ပစ်ပေါက်ကြလေတော့သည်။ ဒါပေမယ့်လည်း ဒါကzombieကို မထိခိုက်စေနိုင်ပေ။

သူတို့နဲ့ရန်သူ့ကြားက ကွာခြားချက်က ကြီးမားလွန်းနေတဲ့အတွက် လူတိုင်းရဲ့မျက်နှာမှာ အကူအညီမဲ့နေတဲ့အမူအရာတွေပေါ်လာတော့သည်။ နဉ်ရှုကတော့ ဗီဇကွဲzombieကို ပစ်ခတ်ဖို့ကြိုးစားနေဆဲဖြစ်သော်လည်း zombieက သူမရဲ့ကျည်အားလုံးကို ရှောင်တိမ်းလိုက်လေသည်။

စိတ်တိုချင်စရာကြီး? ဗီဇကွဲzombieလိုဟာမျိုးတွေက ဘာလို့ရှိနေရတာလဲ?

ကျောင်းဆရာဝန်အန်ကယ်က ဗီဇကွဲzombieရဲ့ခေါင်းကို သေနတ်နဲ့ချိန်လိုက်ရင်း မျက်လုံးတွေမှေးကျဉ်းလိုက်သည်။ သို့သော် ဗီဇကွဲzombieက အရမ်းကိုမြန်လွန်းနေတာကြောင့် သူမပစ်ပေ။

ကျည်ကုန်သွားတဲ့အခါ Wolfက သေနတ်ကိုလွှင့်ပစ်လိုက်ပြီး လက်နက်ပုန်းတွေကိုအားကိုးရန်ပြင်လိုက်သော်လည်း လုံးဝအသုံးမဝင်ချေ။ Zombieက လျင်မြန်စွာချဉ်းကပ်လာပြီး Wolfရဲ့နှလုံးသားဆီဦးတည်လိုက်သည်။

"Wolf..!"

Phoenixက အော်လိုက်သည်။

"မြန်မြန်ပစ်လိုက်စမ်းပါ!"

Wolfက မြေပေါ်လှဲချလိုက်ပြီး လှိမ့်ကာရှောင်တိမ်းလိုက်ရင်း ကျောင်းဆရာဝန်အန်ကယ်ကို အော်လိုက်သည်။

Phoenixနဲ့ Spiderက ကူညီဖို့လှုပ်ရှားလိုက်ပေမယ့် ဗီဇကွဲzombieက Wolfကိုပဲ အာရုံစိုက်ထားပုံပေါ်သည်။ သူက တစ်ခြားဟာတွေနဲ့မတိုက်ခိုက်ခင် အမျိုးသားဇာတ်လိုက်ကို အပြင်းအထန်ပင်သတ်ချင်နေလေ၏။

ကျောင်းဆရာဝန်အန်ကယ်က မပစ်ပေ။ သူက ချိန်ထားဆဲပင်ဖြစ်သော်လည်း အချိန်ကောင်းကိုစောင့်နေသည့်အတိုင်း ခလုတ်မဆွဲချေ။

Zombieက Wolfကိုနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ Wolfက အရမ်းကိုခြေကုန်လက်ပမ်းကျနေပြီး မရှောင်နိုင်တော့ပေ။ Wolfသေတော့မယ့်အချိန်မှာပဲ သူ့လက်ကနေ လျှပ်စီးအလင်းတစ်ချက်ထွက်လာပြီး ဗီဇကွဲzombieကို သွားထိသည်။

အဖြူ ရောင်မီးခိုးတွေက ဗီဇကွဲzombieပေါ်မှာ ပေါ်လာသည်။ ဗီဇကွဲzombieက ရပ်တန့်သွား၏။ သူက အံ့အားသင့်နေပြီး သူ့ရဲ့မွဲပြာနေတဲ့မျက်နှာက ကြောက်လန့်နေပုံပေါ်သည်။

လူတိုင်းကလည်း အံ့အားသင့်နေကြပြီး Wolfရဲ့လက်ကို ကြောင်အစွာစိုက်ကြည့်နေကြလေသည်။ Wolfကိုယ်တိုင်လည်း ရှုပ်ထွေးနေပြီးမှ သူ့မျက်နှာက အင်မတန်ပျော်ရွှင်နေပုံပေါက်လာ၏။

"ဒါက အထူးစွမ်းရည်ပဲ။ အထူးစွမ်းအား..။"

အခုထိရပ်တန့်နေသေးတဲ့zombieအပေါ်မှာ ကျောင်းဆရာဝန်အန်ကယ်က အခွင့်ကောင်းယူလိုက်သည်။ zombieရဲ့ခေါင်းက ချက်ချင်းပေါက်ကွဲသွားလေသည်။

ကျောင်းဆရာဝန်အန်ကယ်က zombieကိုရှင်းလိုက်သော်လည်း Wolfရဲ့နှလုံးသားထဲမှာ ဒေါသတွေနဲ့ပြည့်လာပြီး သူက ဒေါသထွက်စွာမေးလာသည်။

"ခင်ဗျား စောစောက ဘာလို့မပစ်တာလဲ?"

Wolfက ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်သည်။ သူ့လက်တွေက တဖျစ်ဖျစ်မြည်နေတဲ့ မိုးကြိုးတွေထုတ်လွှတ်နေတုန်းပင်။ သူက ကျောင်းဆရာဝန်အန်ကယ်ကို သတ်ချင်နေတယ်ဆိုတာ ရှင်းပါသည်။

နဉ်ရှု စိတ်လှုပ်ရှားသွားပြီး Wolfကို အလျင်အမြန်ပြောလိုက်သည်။

"အန်ကယ်က ဒီလိုလုပ်ဖို့ အများကြီးစဉ်းစားခဲ့ရတာ။ သူက ရှင့်ကို အန္တရာယ်ကြားထဲတွန်းပို့ပြီး ရှင့်ရဲ့အထူးစွမ်းရည်နိုးထလာအောင် လုပ်ပေးဖို့ကြိုးစားတာပါ။"

ကမ္ဘာရဲ့မျက်နှာသာပေးခြင်းခံရတဲ့သူအနေနဲ့ ထင်တဲ့အတိုင်းပင် မိုးကြိုးစွမ်းအင်ကို နှိုးဆွနိုင်ခဲ့သည်။ မိုးကြိုးစွမ်းအင်က zombieတွေကို အထိခိုက်စေနိုင်ဆုံးပင်။

နဉ်ရှု ကြိုးစားရှင်းပြတာကိုကြားတဲ့အခါ Wolfက သရော်လိုက်သည်။

"ငါ့စွမ်းရည်နိုးထလာလို့သာမဟုတ်ရင် ငါဒီzombieသတ်တာခံနေရလောက်ပြီ။ ငါ ဒီကောင့်ကို လွှတ်ပေးစရာအကြောင်းမရှိဘူး။"

Wolfက သူသန်မာလာတဲ့အခါ လက်စားချေချင်နေပြီလို့ပဲ နဉ်ရှုပြောနိုင်တော့သည်။ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ထဲမှာ နာမည်ကောင်းကိုလည်း တည်ထောင်နိုင်ဦးမယ်လေ။

Wolfလက်ထဲက မိုးကြိုးက တဖျစ်ဖျစ်မြည်လာသည်။ သူက ကျောင်းဆရာဝဇန်အန်ကယ်ကို သတ်ဖို့စိတ်အားထက်သန်နေပုံပေါ်သည်။

ကျောင်းဆရာဝန်အန်ကယ်က သေနတ်ကိုမြှောက်ကာ Wolfရဲ့နဖူးကိုချိန်လိုက်သည်။ သူကသရော်သလိုပြုံးကာ ပြောလာသည်။

"ဒါက အခုမှနိုးထလာတဲ့စွမ်းအင်ပေမယ့် ဘာမှမဟုတ်ဘူး။ ငါ့ကျည်ဆန်ထက်မြန်သလားဆိုတာ မင်းစမ်းကြည့်ချင်သေးလား?"

Wolfမျက်နှာက ရှုံ့မဲ့သွားသည်။ သူက ကတ္တရာစေးရောင်မည်းနက်နေတဲ့ သေနတ်ပြောင်းဝကိုကြည့်လိုက်ပြီး အမူအရာကင်းမဲ့နေတဲ့ ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အင်တင်တင်ဖြင့်ပင် သူ့စွမ်းရည်ကို ပြိုကွဲစေလိုက်လေ၏။
......

အန်ကယ်သည် ကျောက်ချဉ်မဟုတ် :3
.....








Continue Reading

You'll Also Like

55.9K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
76.6K 8.2K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
557K 75.5K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
10.2K 391 6
This book is the Myanmar Translation of Quick transmigration Cannon Fodder counter attack REALM- 22 .