Searching in the Apocalypse f...

By Dancing_Breeze

358K 56.4K 2.5K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 196

5.2K 888 16
By Dancing_Breeze

[Zawgyi]

<မ်ိဳးရိုးဗီဇအဆီအနွစ္ရဲ႕ မူလအစ>

"မင္းက အေတာ္ေလးသန္မာတယ္။ မင္းအဲ့ခြန္အားေတြနဲ႔ ေမြးလာတာလား?"

ေက်ာင္းဆရာဝန္အန္ကယ္က မ်က္မွန္ကိုပင့္တင္လိုက္ၿပီး ဒီေမးခြန္းေမးဖို႔ နဥ္ရႈဘက္ကို လွည့္လိုက္ေလသည္။ သူ႔မ်က္မွန္က အႏၱရာယ္ရွိတဲ့ခံစားမႈကိုေပးေနတဲ့ အျဖဴ ေရာင္အလင္းကိုထုတ္လႊတ္ေန၏။

သူမ သူ႔ေမးခြန္းကို ဘယ္လိုေျဖသင့္လဲ? ေက်ာင္းဆရာဝန္အန္ကယ္မွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္ေတြရွိေနတယ္လို႔ ဘာလို႔ခံစားေနရတာလဲ? ဒီအန္ကယ္ေလးက အထူးစြမ္းေဆာင္ရည္ေတြနဲ႔လူေတြကို ေလ့လာဖို႔အတြက္ ခဲြစိတ္ရတာကို ႀကိဳက္တာပဲ။

နဥ္ရႈ အားယူၿပံဳးရင္းေျဖလိုက္သည္။

"ဟုတ္တယ္။ ကြၽန္မက ဒီလိုမ်ိဳးေမြးဖြားလာတာပဲ။"

ေက်ာင္းဆရာဝန္အန္ကယ္က "အုိး"လို႔သာ ျပန္ေျပာၿပီး နဥ္ရႈကို လက္ယပ္ေခၚေလ၏။ နဥ္ရႈ ခ်က္ခ်င္းပဲ ေက်ာင္းဆရာဝန္အန္ကယ္ဆီ ေလ်ွာက္သြားလိုက္သည္။

"အရမ္းကပ္မလာနဲ႔။"

ေက်ာင္းဆရာဝန္အန္ကယ္က ေျပာသည္။ နဥ္ရႈ နႈတ္ခမ္းေတြတြန္႔ေကြးလုိက္ေပမယ့္ နာခံကာ ေနာက္ကို ေျခလွမ္းအနည္းငယ္ျပန္ဆုတ္လိုက္သည္။ ဒီလိုအက်ိဳးအေၾကာင္းမသင့္တဲ့ အက်င့္မ်ိဳးကို ဒီအန္ကယ္ ဘယ္တုန္းကရသြားတာလဲ?

"မင္းမွာ မ်ိဳးရိုးဗီဇအဆီအနွစ္ရွိတယ္။ မင္းရဲ႕အထူးစြမ္းရည္ေတြကို နႈိးဆြဖို႔ မင္းတစ္ခါမွမေတြးဖူးဘူးလား?"

ေက်ာင္းဆရာဝန္အန္ကယ္က ေမးလာသည္။

နဥ္ရႈ အံ့အားသင့္ကာ ခုန္ဆုတ္မိမလိုျဖစ္သြားသည္။ ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕ မ်က္နွာေပၚက စိတ္မဝင္စားမႈကိုေတြ႕တဲ့အခါ သူမ ျငင္းဆန္ဖို႔ႀကိဳးစားတာကို လက္ေလ်ွာ႔လိုက္ၿပီး ေခါင္းကိုယမ္းရင္း ရိုးသားစြာပင္ ျပန္ေျဖလိုက္သည္။

"ကြၽန္မ မလုပ္ခ်င္ဘူး။"

"ဘာလို႔လဲ? မင္းအဖဲြ႕သားေတြအကုန္လံုးက သူတို႔ရဲ႕အထူးစြမ္းရည္ကိုနႈိးဆြခ်င္လို႔ မ်ိဳးရိုးဗီဇအဆီအနွစ္ကိုလိုခ်င္ေနတာ။ မင္းက ဘာလု္ိ့မလုပ္ခ်င္တာလဲ?"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကိုၾကည့္ရင္း မ်က္ခံုးပင့္လိုက္သည္။

"Zombieတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားမွာကို မင္းေၾကာက္ေနတာလား?"

အမွန္အတိုင္းေျပာရလ်ွင္ ငါးဆယ္ရာခိုင္နႈန္းေအာင္ျမင္နိုင္ေခ်ဆိုတာ ဟာသတစ္ခုပဲျဖစ္သည္။ လူတစ္ယာက္က ခ်က္ခ်င္းေအာင္ျမင္သြားၿပီး အထူးစြမ္းရည္ကို ရရွိနိုင္သည္။ ဒါမွမဟုတ္ zombieတစ္ေကာင္အျဖစ္ေျပာင္းလဲသြားျခင္းကလည္း ဘာမွေတာ့မျဖစ္ေပမယ့္ လူသားကိုေတာ့စားရမွာျဖစ္သည္။

နဥ္ရႈ အလ်င္အျမန္ေခါင္းၿငိမ့္လိုက္သည္။

"ကြၽန္မ zombieတစ္ေကာင္ျဖစ္သြားမွာေၾကာက္တယ္။"

ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕မ်က္နွာဟာ စိတ္ပ်က္မႈေတြျဖင့္ျပည့္သြားေတာ့သည္။

"ငါးဆယ္ရာနႈန္းေအာင္ျမင္နိုင္ေခ်နဲ႔ေတာင္ မင္းက စမ္းၾကည့္ရမွာေၾကာက္ေနတယ္။ အားနည္းလိုက္တာ။"

မင္းလိုအမႈိက္က ဘာမ်ားအသံုးက်လဲ!?

သူ႔ေလသံထဲက စိတ္ပ်က္မႈကို နဥ္ရႈျပတ္သားစြာၾကားနိုင္သည္။ သုိ႔ေသာ္လည္း သူက သူမကို ရယ္ေမာရတာႀကိဳက္တယ္လို႔ပဲ သူမေတြးလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူမဒါကို အသံုးျပဳမွာမဟုတ္ေပ။ သူမရဲ႕တာဝန္ေအာင္ျမင္ဖို႔ မ်ိဳးရိုးဗီဇအဆီအနွစ္ကို သူမ လိုအပ္ေနတုန္းပင္ျဖစ္သည္။

"အန္ကယ္...။"

နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္နားမွာဟထိုင္ခ်လိုက္ၿပီး ေမးရန္အတြက္ ကိုယ္ကိုကိုင္းၫြတ္လိုက္သည္။

"မ်ိဳးရိုးဗီဇအဆီအနွစ္ကို ဘယ္လိုလုပ္ထားတလဲဆိုတာ အန္ကယ္ေျပာျပပါလား?"

မ်ိဳးရိုးဗီဇအဆီအနွစ္ကို ဘယ္လိုမ်ားဖန္တီးလိုက္သလဲလို႔ နဥ္ရႈအေတာ္ၾကာေအာင္သိခ်င္ေနခဲ့တာျဖစ္သည္။

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို ညင္သာေသာအၾကည့္တစ္ခ်က္ျဖင့္ၾကည့္လိုက္သည္။

"မင္းစကားေျပာမွာဆို စကားပဲေျပာ။ ဘာလို႔ အရမ္းႀကီးကပ္ေအာင္ ကိုင္းလာရတာလဲ?"

Tsk...သူက အရမ္းကိုအက်ိဳးအေၾကာင္းမဆီေလ်ာ္လြန္းတာပဲ။ နဥ္ရႈ ေနာက္ကို အနည္းငယ္ျပန္မတ္လိုက္သည္။

ေက်ာင္းဆရာဝန္အန္ကယ္က သူမကို ျပန္ေျဖလိမ့္မည္ဟုေတာ့ နဥ္ရႈ တကယ္မေမ်ွာ္လင့္ထားေပ။ အဆံုးမွာေတာ့ သူက အၿမဲတမ္း အႀကံအစည္ေတြနဲ႔ျပည့္ေနၿပီး သူလုပ္ခ်င္တဲ့ဘယ္အရာကိုမဆို လုပ္တတ္သည္။

ေက်ာင္းဆရာဝန္အန္ကယ္က မ်က္မွန္ကိုပင့္တင္ရင္း ေျပာလာသည္။

"အမွန္ေတာ့ အထူးစြမ္းရည္ေတြမွာ ယံုတမ္းပံုျပင္ေတြထဲကလို က်င့္ႀကံန္ုိင္တဲ့စြမ္းရည္ေတြပါ ပါတယ္လို႔ယူဆလို႔ရတယ္။ ဝိဥာဥ္ရင္းျမစ္ဆိုတာ အဆင့္ျမင့္ဗီဇတစ္မ်ိဳးပဲ။ Psychoက မ်ိဳးရိုးဗီဇအဆီအနွစ္ကို အမ်ိဳးသမီးတစ္ေယာက္အေပၚစမ္းသပ္မႈေတြလုပ္ၿပီး တီထြင္ခဲ့တာ။ သူက သူမကိုယ္ထဲမွာရွိတဲ့ အဆင့္ျမင့္ဗီဇတစ္မ်ိဳးကို ဆဲြထုတ္ၿပီး ျပဳလုပ္ခဲ့တာပဲ။ တစ္ခ်ိဳ႕လူေတြ သူတို႔ရဲ႕စြမ္းအင္ေတြကို မနႈိးဆြနိုင္ရတဲ့အေၾကာင္းအရင္းက မ်ိဳးရိုးဗီဇအဆီအနွစ္ထဲမွာပါတဲ့ ဗီဇနဲ႔ သူတို႔ရဲ႕ဗီဇေတြက မသင့္ေတာ္လို႔ပဲ။ ဒါေၾကာင့္ သူတို႔ရဲ႕ဗီဇေတြက ရႈပ္ေထြးသြားၿပီး မေကာင္းဆိုးဝါးေတြျဖစ္လာတာ။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ ဗီဇေတြကို ေအာင္ေအာင္ျမင္ျမင္ေပါင္းစပ္နိုင္ၿပီး သူတို႔ကိုယ္ထဲက ပုန္းကြယ္ေနတဲ့ အဆင့္ျမင့္ဗီဇေတြကို နႈိးဆြနိုင္သြားတယ္။"

နဥ္ရႈ : (☉。☉)

အန္ကယ္...ရွင္ဘယ္ေလာက္ေတာင္ရူးသြပ္ေနတယ္ဆိုတာ ရွင့္မိသားစုေရာသိရဲ႕လား?

အန္ကယ္ေျပာေနတဲ့အမ်ိဳးသမီးက ေက်ာင္းသားကမၻာမွ အမ်ိဳးသမီးဇာတ္လိုက္samaျဖစ္သည္။ ဒီလိုမ်ိဳးဆက္ဆံခံလိုက္ရတာက သူမကို သမိုင္းမွာ သနားစရာအေကာင္းဆံုး အမ်ိဳးသမီးဇာတ္လိုက္ျဖစ္သြားေစသည္။ အခုဆို သူမက အက်ဥ္းသားတစ္ေယာက္လို ေသဆံုးသြားေလာက္ေခ်ၿပီ။
.......
လင္းရႊယ္အတြက္ မ်က္ရည္နွစ္စက္!
.....
[Unicode]

<မျိုးရိုးဗီဇအဆီအနှစ်ရဲ့ မူလအစ>

"မင်းက အတော်လေးသန်မာတယ်။ မင်းအဲ့ခွန်အားတွေနဲ့ မွေးလာတာလား?"

ကျောင်းဆရာဝန်အန်ကယ်က မျက်မှန်ကိုပင့်တင်လိုက်ပြီး ဒီမေးခွန်းမေးဖို့ နဉ်ရှုဘက်ကို လှည့်လိုက်လေသည်။ သူ့မျက်မှန်က အန္တရာယ်ရှိတဲ့ခံစားမှုကိုပေးနေတဲ့ အဖြူ ရောင်အလင်းကိုထုတ်လွှတ်နေ၏။

သူမ သူ့မေးခွန်းကို ဘယ်လိုဖြေသင့်လဲ? ကျောင်းဆရာဝန်အန်ကယ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ ဘာလို့ခံစားနေရတာလဲ? ဒီအန်ကယ်လေးက အထူးစွမ်းဆောင်ရည်တွေနဲ့လူတွေကို လေ့လာဖို့အတွက် ခွဲစိတ်ရတာကို ကြိုက်တာပဲ။

နဉ်ရှု အားယူပြုံးရင်းဖြေလိုက်သည်။

"ဟုတ်တယ်။ ကျွန်မက ဒီလိုမျိုးမွေးဖွားလာတာပဲ။"

ကျောင်းဆရာဝန်အန်ကယ်က "အိုး"လို့သာ ပြန်ပြောပြီး နဉ်ရှုကို လက်ယပ်ခေါ်လေ၏။ နဉ်ရှု ချက်ချင်းပဲ ကျောင်းဆရာဝန်အန်ကယ်ဆီ လျှောက်သွားလိုက်သည်။

"အရမ်းကပ်မလာနဲ့။"

ကျောင်းဆရာဝန်အန်ကယ်က ပြောသည်။ နဉ်ရှု နှုတ်ခမ်းတွေတွန့်ကွေးလိုက်ပေမယ့် နာခံကာ နောက်ကို ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်သည်။ ဒီလိုအကျိုးအကြောင်းမသင့်တဲ့ အကျင့်မျိုးကို ဒီအန်ကယ် ဘယ်တုန်းကရသွားတာလဲ?

"မင်းမှာ မျိုးရိုးဗီဇအဆီအနှစ်ရှိတယ်။ မင်းရဲ့အထူးစွမ်းရည်တွေကို နှိုးဆွဖို့ မင်းတစ်ခါမှမတွေးဖူးဘူးလား?"

ကျောင်းဆရာဝန်အန်ကယ်က မေးလာသည်။

နဉ်ရှု အံ့အားသင့်ကာ ခုန်ဆုတ်မိမလိုဖြစ်သွားသည်။ ကျောင်းဆရာဝန်အန်ကယ်ရဲ့ မျက်နှာပေါ်က စိတ်မဝင်စားမှုကိုတွေ့တဲ့အခါ သူမ ငြင်းဆန်ဖို့ကြိုးစားတာကို လက်လျှော့လိုက်ပြီး ခေါင်းကိုယမ်းရင်း ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

"ကျွန်မ မလုပ်ချင်ဘူး။"

"ဘာလို့လဲ? မင်းအဖွဲ့သားတွေအကုန်လုံးက သူတို့ရဲ့အထူးစွမ်းရည်ကိုနှိုးဆွချင်လို့ မျိုးရိုးဗီဇအဆီအနှစ်ကိုလိုချင်နေတာ။ မင်းက ဘာလုိ့မလုပ်ချင်တာလဲ?"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

"Zombieတစ်ကောင်အဖြစ် ပြောင်းလဲသွားမှာကို မင်းကြောက်နေတာလား?"

အမှန်အတိုင်းပြောရလျှင် ငါးဆယ်ရာခိုင်နှုန်းအောင်မြင်နိုင်ချေဆိုတာ ဟာသတစ်ခုပဲဖြစ်သည်။ လူတစ်ယာက်က ချက်ချင်းအောင်မြင်သွားပြီး အထူးစွမ်းရည်ကို ရရှိနိုင်သည်။ ဒါမှမဟုတ် zombieတစ်ကောင်အဖြစ်ပြောင်းလဲသွားခြင်းကလည်း ဘာမှတော့မဖြစ်ပေမယ့် လူသားကိုတော့စားရမှာဖြစ်သည်။

နဉ်ရှု အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။

"ကျွန်မ zombieတစ်ကောင်ဖြစ်သွားမှာကြောက်တယ်။"

ကျောင်းဆရာဝန်အန်ကယ်ရဲ့မျက်နှာဟာ စိတ်ပျက်မှုတွေဖြင့်ပြည့်သွားတော့သည်။

"ငါးဆယ်ရာနှုန်းအောင်မြင်နိုင်ချေနဲ့တောင် မင်းက စမ်းကြည့်ရမှာကြောက်နေတယ်။ အားနည်းလိုက်တာ။"

မင်းလိုအမှိုက်က ဘာများအသုံးကျလဲ!?

သူ့လေသံထဲက စိတ်ပျက်မှုကို နဉ်ရှုပြတ်သားစွာကြားနိုင်သည်။ သို့သော်လည်း သူက သူမကို ရယ်မောရတာကြိုက်တယ်လို့ပဲ သူမတွေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဒါကို အသုံးပြုမှာမဟုတ်ပေ။ သူမရဲ့တာဝန်အောင်မြင်ဖို့ မျိုးရိုးဗီဇအဆီအနှစ်ကို သူမ လိုအပ်နေတုန်းပင်ဖြစ်သည်။

"အန်ကယ်...။"

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်နားမှာဟထိုင်ချလိုက်ပြီး မေးရန်အတွက် ကိုယ်ကိုကိုင်းညွတ်လိုက်သည်။

"မျိုးရိုးဗီဇအဆီအနှစ်ကို ဘယ်လိုလုပ်ထားတလဲဆိုတာ အန်ကယ်ပြောပြပါလား?"

မျိုးရိုးဗီဇအဆီအနှစ်ကို ဘယ်လိုများဖန်တီးလိုက်သလဲလို့ နဉ်ရှုအတော်ကြာအောင်သိချင်နေခဲ့တာဖြစ်သည်။

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို ညင်သာသောအကြည့်တစ်ချက်ဖြင့်ကြည့်လိုက်သည်။

"မင်းစကားပြောမှာဆို စကားပဲပြော။ ဘာလို့ အရမ်းကြီးကပ်အောင် ကိုင်းလာရတာလဲ?"

Tsk...သူက အရမ်းကိုအကျိုးအကြောင်းမဆီလျော်လွန်းတာပဲ။ နဉ်ရှု နောက်ကို အနည်းငယ်ပြန်မတ်လိုက်သည်။

ကျောင်းဆရာဝန်အန်ကယ်က သူမကို ပြန်ဖြေလိမ့်မည်ဟုတော့ နဉ်ရှု တကယ်မမျှော်လင့်ထားပေ။ အဆုံးမှာတော့ သူက အမြဲတမ်း အကြံအစည်တွေနဲ့ပြည့်နေပြီး သူလုပ်ချင်တဲ့ဘယ်အရာကိုမဆို လုပ်တတ်သည်။

ကျောင်းဆရာဝန်အန်ကယ်က မျက်မှန်ကိုပင့်တင်ရင်း ပြောလာသည်။

"အမှန်တော့ အထူးစွမ်းရည်တွေမှာ ယုံတမ်းပုံပြင်တွေထဲကလို ကျင့်ကြံန်ိုင်တဲ့စွမ်းရည်တွေပါ ပါတယ်လို့ယူဆလို့ရတယ်။ ဝိဥာဉ်ရင်းမြစ်ဆိုတာ အဆင့်မြင့်ဗီဇတစ်မျိုးပဲ။ Psychoက မျိုးရိုးဗီဇအဆီအနှစ်ကို အမျိုးသမီးတစ်ယောက်အပေါ်စမ်းသပ်မှုတွေလုပ်ပြီး တီထွင်ခဲ့တာ။ သူက သူမကိုယ်ထဲမှာရှိတဲ့ အဆင့်မြင့်ဗီဇတစ်မျိုးကို ဆွဲထုတ်ပြီး ပြုလုပ်ခဲ့တာပဲ။ တစ်ချို့လူတွေ သူတို့ရဲ့စွမ်းအင်တွေကို မနှိုးဆွနိုင်ရတဲ့အကြောင်းအရင်းက မျိုးရိုးဗီဇအဆီအနှစ်ထဲမှာပါတဲ့ ဗီဇနဲ့ သူတို့ရဲ့ဗီဇတွေက မသင့်တော်လို့ပဲ။ ဒါကြောင့် သူတို့ရဲ့ဗီဇတွေက ရှုပ်ထွေးသွားပြီး မကောင်းဆိုးဝါးတွေဖြစ်လာတာ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဗီဇတွေကို အောင်အောင်မြင်မြင်ပေါင်းစပ်နိုင်ပြီး သူတို့ကိုယ်ထဲက ပုန်းကွယ်နေတဲ့ အဆင့်မြင့်ဗီဇတွေကို နှိုးဆွနိုင်သွားတယ်။"

နဉ်ရှု : (☉。☉)

အန်ကယ်...ရှင်ဘယ်လောက်တောင်ရူးသွပ်နေတယ်ဆိုတာ ရှင့်မိသားစုရောသိရဲ့လား?

အန်ကယ်ပြောနေတဲ့အမျိုးသမီးက ကျောင်းသားကမ္ဘာမှ အမျိုးသမီးဇာတ်လိုက်samaဖြစ်သည်။ ဒီလိုမျိုးဆက်ဆံခံလိုက်ရတာက သူမကို သမိုင်းမှာ သနားစရာအကောင်းဆုံး အမျိုးသမီးဇာတ်လိုက်ဖြစ်သွားစေသည်။ အခုဆို သူမက အကျဉ်းသားတစ်ယောက်လို သေဆုံးသွားလောက်ချေပြီ။
.......

လင်းရွှယ်အတွက် မျက်ရည်နှစ်စက်!
.....



Continue Reading

You'll Also Like

77.2K 5.3K 200
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
134K 26K 76
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
151K 16.5K 161
ပြည်သူအချစ်တော်လေးက ၃နှစ်ခွဲသမီးလေး Title - The National Girl is Three and a Half Years Old
101K 7.4K 137
အပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်