Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 195

5.2K 896 36
By Dancing_Breeze

[Zawgyi]

<ငါက မ်ိဳးရိုးဗီဇအဆီအနွစ္ေပ်ာက္သြားတဲ့တစ္ေယာက္မဟုတ္ဘူး>

ေက်ာင္းဆရာဝန္အန္ကယ္က ရုပ္တည္ႀကီးနဲ႔ အဓိပၸါယ္မရွိေပါက္ကေရေတြေျပာေနတာကိုၾကားတဲ့အခါ နဥ္ရႈ ရႈပ္ေထြးသြားေတာ့သည္။ အမွန္တရားကိုသိတဲ့ တစ္ေယာက္တည္းေသာသူအေနနဲ႔ သူမအမွန္တကယ္ကို ေအာ္ဟစ္ပစ္ခ်င္လာသည္။ သူက Psychoဆိုတဲ့လူထူးဆန္းပဲ! သူက Psychoကိုဟဘယ္လိုလုပ္သတ္မွာလဲ!?

ကိုယ့္ကိုကိုယ္သတ္ေသၿပီးေတာ့လား?

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကိုၾကည့္ေနရင္း သူ႔မ်က္ခံုးေတြ ျမင့္တက္သြားသည္။ နဥ္ရႈ အရမ္းနင္ေနၿပီး မ်က္စိေတြစလည္ေနတာကို သူျမင္တဲ့အခါ လက္ဆန္႔လိုက္ၿပီး သူမေက်ာကိုပုတ္ေပးလိုက္သည္။ ထို႔ေနာက္ သူက ႏူးညံ့စြာေမးေလ၏။

"ဒါက အရမ္းကိုျပင္းထန္တဲ့တုန္႔ျပန္မႈပဲ။ ဘာလဲ? မင္းမွာ ကန္႔ကြက္စရာရွိလို႔လား?"

နဥ္ရႈ လက္ကိုယမ္းၿပီး ေျပာလိုက္သည္။

"ကြၽန္မမွာ ဘာမွကန္႔ကြက္စရာမရွိပါဘူး။"

သူမမွာ ဘာမ်ားကန္႔ကြက္စရာရွိနိုင္လို႔လဲ?

ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕ ေအးစက္ၿပီးထီမထင္တဲ့မ်က္နွာက သူမေရွ႕မွာေလ! သူမမွာ ကန္႔ကြက္စရာရွ္ိတယ္ဆိုရင္ေတာင္ အသံမထြက္ရဲပါဘူးေနာ္။

"မ်ိဳးရိုးဗီဇအဆီအနွစ္ကိုေပ်ာက္ၿပီးတာေတာင္ နင္က ဒီမွာေနရဲေသးတယ္ေနာ္။ အေရထူလိုက္တာ! အျပစ္ရွိတယ္လို႔ နည္းနည္းေလးမွမခံစားရဘူးလား?"

Phoenixက စိတ္တိုကာေအာ္လိုက္သည္။

"မေရမတြက္နိုင္တဲ့လူေတြက နင့္ေၾကာင့္ အသတ္ခံရၿပီး ကူးစက္ခံရေတာ့မယ္။"

နဥ္ရႈ : (☉。☉)

Phoenixရဲ႕ အျပစ္တင္သံကို နဥ္ရႈၾကားတဲ့အခါ သူမက ေက်ာင္းဆရာဝန္အန္ကယ္ကို ျပန္ၾကည့္လိုက္မိ၏။ ဒီစကားက ေက်ာင္းဆရာဝန္အန္ကယ္အတြက္ ျဖစ္သင့္တာ..ဟုတ္တယ္မလား? မေကာင္းဆိုးဝါးေတြလို Zombieေတြကို ဖန္တီးခဲ့တဲ့သူက အျပစ္ရွိသလိုခံစားေနသင့္တဲ့သူပဲ။

နဥ္ရႈက သူ႔ကိုၾကည့္ေနတာကိုျမင္တဲ့အခါ ေက်ာင္းဆရာဝန္အန္ကယ္က ပခုံးတြန္႔ကာေျပာ၏။

"ငါက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ေပ်ာက္သြားတဲ့သူနဲ႔လည္း မတူပါဘူး။ ငါ့ကိုၾကည့္ေနလို႔ အသံုးမဝင္ဘူး။"

နဥ္ရႈ : Pfff...!

ေက်ာင္းဆရာဝန္အန္ကယ္အေပၚ သူမရဲာနားလည္မႈက ေနာက္တစ္ႀကိမ္ထပ္တိုးသြားျပန္ၿပီ။ ကမၻာေပၚမွာ ေက်ာင္းဆရာဝန္အန္ကယ္က အေရအထူဆံုးပဲဆိုတာ သံသယဝင္စရာမလိုဘူး။

"ငါနင့္ကိုေျပာေနတာ ေဒစီ။ နင္ မ်ိဳးရိုးဗီဇအဆီအနွစ္ကို ဘယ္ေနရာမွာ အတိအက်ေပ်ာက္ခဲ့တာလဲ? မ်ိဳးရိုးဗီဇအဆီအနွစ္က ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ နင္မသိဘူးလား?"

Phoenixက ေမွာင္မိုက္ေနေသာ အမူအရာျဖင့္ နဥ္ရႈကို ေမးခြန္းထုတ္၏။

နဥ္ရႈ မ်က္လံုးလွန္လိုက္သည္။

"ဘယ္နားမွာေပ်ာက္သြားတာလဲဆိုတာ ငါမသိဘူး။ အဲ့ဒီမွာ zombieေတြအမ်ားႀကီးပဲ။ ငါအားကုန္သံုးၿပီး zombieေတြကို ခုခံခဲ့ရတာ။ မ်ိဳးရိုးဗီဇအဆီအနွစ္ေလးနည္းနည္းကို ငါဘယ္လိုလုပ္ ဂရုစိုက္အားပါ့မလဲ?"

"နင္ေသမယ္ဆိုရင္ေတာင္ မ်ိဳးရိုးဗီဇအဆီအနွစ္ကို ကာကြယ္သင့္တယ္။"

Phoenixက နဥ္ရႈကို အျပစ္ရွာလိုက္၏။

ငါယိုး? ဒါက မၿပီးနိုင္ေတာ့ဘူး။ နဥ္ရႈက စားပဲြကိုရိုက္လိုက္တာေၾကာင့္ စားပဲြအေဟာင္းေလးက လဲက်သြားသည္။

"Phoenix! နင္ ငါနဲ႔ရန္ျဖစ္ခ်င္ေနတာလား?"

အရင္ကဆို Phoenixက သူမကိုသေဘာမက်ေပမယ့္လည္း သူမရဲ႕ျမင့္ျမတ္ၿပီးသီးသန္႔ဆန္တဲ့အျပဳအမူကို ထိန္းသိမ္းထားေသးသည္။ သို႔ေသာ္လည္း အခုေတာ့ သူမက သူမနဲ႔ အရာရာတိုင္းမွာ ရန္ျဖစာ္ဖို႔ႀကိဳးစားေနၿပီး အရွက္ကဲြေအာင္ပါလုပ္ေန၏။

နဥ္ရႈ မတုန္မလႈပ္ရွိေနေသာ ေက်ာင္းဆရာဝန္အန္ကယ္ကို ၾကည့္လိုက္သည္။ သူမက အန္ကယ္နဲ႔ ရင္းနွီးလို႔ အမ်ိဳးသမီးဇာတ္လိုက္samaက မနာလိုျဖစ္ေနတာလား?

"ေဒစီ...ငါနင္နဲ႔ မျငင္းခုန္ရတဲ့အေၾကာင္းက နင္က အရမ္းငယ္လြန္းေနေသးတာကို စဥ္းစားေပးေနလို႔ပဲ။ ဒါေပမယ့္ နင္ဘာလုပ္လဲ? အခု နင့္ကိုေထာက္ခံေပးမယ့္လူတစ္ေယာက္ရွိတာနဲ႔ပဲ နင္လုပ္ခ်င္သလို အက်ိဳးမသင့္အေၾကာင္းမသင့္လုပ္လို႔ရၿပီလို႔ နင္ထင္ေနတာလား?"

Phoenixက ေအးစက္စြာေျပာလာသည္။ ထို႔ေနာက္ တိတ္တဆိတ္မေက်နပ္ခ်က္မ်ားရွိေနေသာမ်က္ဝန္းနွင့္ ေက်ာင္းဆရာဝန္အန္ကယ္ကို ၾကည့္လိုက္သည္။

ေဒစီက ရုပ္လည္းမေခ်ာသလို ထူးခြၽန္တဲ့ပံုလည္းမရွိပါဘူး။ သူမနဲ႔ယွဥ္ရင္ ေဒစၤက ရုပ္ဆိုးတဲ့လူျပက္သာသာပဲရွိတယ္။ ဒါေပမယ့္ ဘာလို႔မ်ား ဒီလူက သူမထက္စာရင္ ေဒစီ့ကို ပိုခ်ဥ္းကပ္ခ်င္ေနရတာလဲ?

ဒီအေတြးေတြေတြးမိတဲ့အခါ Phoenixရဲ႕အမူအရာက ပိုလို႔သာ သုန္မႈန္လာေလသည္။

Wolfက Phoenixရဲ႕ အမူအရာကို သတိထားမိသြားၿပီး သူ႔မ်က္နွာက ခ်က္ခ်င္းပဲေမွာင္မိုက္သြားကာ ေအာ္ေလေတာ့သည္။

"မင္းတို႔ေတြ ဘာအတြက္ျငင္းခုန္ေနၾကတာလဲ? အေသးအဖဲြေလးေတြေၾကာင့္ျငင္းခုန္ေနမယ့္အစား ငါတို႔လုပ္သင့္တာက ေနာက္ထပ္ဘယ္ေနရာကိုသြားၾကမလဲဆိုတာ ဆံုးျဖတ္ဖို႔ပဲ!"

Phoenixက ျပန္ေျပာသည္။

"မ်ိဳးရိုးဗီဇအဆီအနွစ္မရွိရင္ ေနာက္ထပ္ဘယ္အစီအစဥ္ကမွ အသံုးမဝင္ဘူး။"

ေနာက္ဆံုးမွာေတာ့ Wolfကမေျပာခင္မွာ ေက်ာင္းဆရာဝန္အန္ကယ္ကို ရႈပ္ေထြးေနတဲ့အမူအရာနဲ႔ၾကည့္လိုက္သည္။

"Psychoကေသၿပီး မ်ိဴးရိုးဗီဇအဆီအနွစ္ကလည္း ဖ်က္ဆီးခံလိုက္ရမွေတာ့ ငါတို႔ျပန္သြားသင့္ၿပီ။"

Wolfဆိုလိုတာက ရွင္းပါသည္။ တာဝန္ဆက္ထမ္းေဆာင္ဖို႔ ဘာအေၾကာင္းမွမရွိေတာ့တာေၾကာင့္ သူတို႔ ျပန္ဖို႔ျပင္ဆင္သင့္ၿပီလို႔ေျပာတာပင္။

နဥ္ရႈ ကန္႔ကြက္စရာမရွိေပ။ ဘယ္လိုပဲျဖစ္ျဖစ္ သူမမွာ မ်ိဳးရိုးဗီဇအဆီအနွစ္ရွိတာေၾကာင့္ သူမတို႔ျပန္သြားရင္ ဗိုလ္ခ်ဳပ္ဆီ မ်ိဳးရိုးဗီဇအဆီအနွစ္ကိုအပ္လိုက္နိုင္လ်ွင္ သူမတာဝန္ၿပီးၿပီလို႔ သတ္မွတ္နိုင္သည္။ ဒါၿပီးလ်ွင္ေတာ့ သူမရဲ႕အခ်ိန္ေတြကို ဘဝရဲ႕အဓိပၸါယ္ကိုစဥ္းစားရင္းျဖင့္ ကုန္လြန္ေစရံုသာ။

သို႔ေသာ္လည္း သူမျပန္သြားခ်င္တယ္ဆိုတာ သူတို႔ကိုမသိေစခ်င္တာေၾကာင့္ သူမက အထစ္ထစ္အေငါ့ေငါ့နွင့္ေျပာလိုက္သည္။

"ဘာရလဒ္မွမရွိဘဲ ျပန္သြားမလို႔လား? ကြၽန္မတို႔ အျပစ္ေပးခံရလိမ့္မယ္။"

Phoenixက နဥ္ရႈကို မ်က္လံုးလွန္ျပေလ၏။

"တရားခံက ဘယ္သူလို႔နင္ထင္ေနတာလဲ?"

ေသခ်ာတာကေတာ့ သူမမဟုတ္ဘူးေပါ့။ နဥ္ရႈ တိတ္တိတ္ကေလး ျပန္ေျပာလိုက္၏။

အဆံုးမွာေတာ့ အဖဲြ႕က ျပန္သြားဖို႔ တညီတၫြတ္တည္းသေဘာတူလိုက္ၾကသည္။လက္ထဲမွာ မ်ိဳးရိုးဗီဇအဆီအနွစ္မရွိတာေၾကာင့္ သူတို႔ရဲ႕ အထူးစြမ္းရည္ေတြကိုမနႈိးဆြနိုင္ေတာ့သလို နိုင္ငံေတာ္ရဲ႕ ကာကြယ္ေပးမႈကို မွီခိုေနရဦးမွာျဖစ္၏။ ဒါေၾကာင့္ နိုင္ငံကိုသစၥာေဖာက္ီု႔ဆိုတဲ့အေတြးက အခုထိေတာ့ ေပၚလာဦးမွာမဟုတ္ေပ။

ေလထုက ထပ္မံနစ္ျမဳပ္သြားျပန္သည္။ Wolfက ေအးစက္စြာနွာမႈတ္လိုက္ၿပီး ထြက္သြားရန္ မတ္တပ္ရပ္လိုက္သည္။ ထြက္မသြားခင္မွာ သူကနဥ္ရႈကို စိတ္ရႈပ္ေနကာလူသတ္ခ်င္တဲ့အၾကည့္နဲ႔ ၾကည့္လိုက္ေလသည္။

နဥ္ရႈက ေက်ာင္းဆရာဝန္အန္ကယ္နားကို ကပ္သြားလိုက္၏။ ေက်ာင္းဆရာဝန္အန္ကယ္က Wolfရဲ႕အၾကည့္ကို ေအးစက္စြာပင္ရင္ဆိုင္သည္။ Wolfက နွာထပ္မႈတ္ကာ လွည့္ထြက္သြားေတာ့သည္။

"ေဖာ္လံဖား။"

Spiderက သေရာ္သည္။

ေက်ာင္းဆရာဝနန္အန္ကယ္ကလည္း လွည့္လာကာ နဥ္ရႈကို သေရာ္သည္။

"ေကာင္းေကာင္းဆိုးဆိုး...မင္းတို႔က အသင္းေဖာ္ေတြပဲ။ မင္းက ဘာလို႔ နည္းနည္းေလးေတာင္ သိကၡာမရွိရတာလဲ?"

နဥ္ရႈ : ဟား..ဟား။ ဘယ္သူသိမွာလဲ?
.......

ကားစီးရင္း ဖုန္းၾကည့္ရင္ မူးတတ္တဲ့အိုင္ေလးက Updateေပးခ်င္လြန္းလို႔ ကားစီးရင္းဘာသာျပန္ေပးထားတာ။ ငါစိတ္ပါတဲ့အခ်ိန္၊ငါအားတဲ့အခ်ိန္မွျပန္မယ္ကြာဆိုၿပီး လုပ္လို႔ရေပမယ့္ ျမန္ျမန္ၿပီးခ်င္စိတ္ရယ္၊ updateမွန္ေပးခ်င္တဲ့စိတ္ရယ္က အေတာ္ေလးဖိအားမ်ား။ ဒီArcၿပီးရင္ နဥ္ရႈarcထပ္မျပန္ေတာ့ဘူး -,- တစ္ျခားtrans workေတြလည္း ထပ္မpickေတာ့ဘူး။ ဝြန္း!
......
[Unicode]

<ငါက မျိုးရိုးဗီဇအဆီအနှစ်ပျောက်သွားတဲ့တစ်ယောက်မဟုတ်ဘူး>

ကျောင်းဆရာဝန်အန်ကယ်က ရုပ်တည်ကြီးနဲ့ အဓိပ္ပါယ်မရှိပေါက်ကရေတွေပြောနေတာကိုကြားတဲ့အခါ နဉ်ရှု ရှုပ်ထွေးသွားတော့သည်။ အမှန်တရားကိုသိတဲ့ တစ်ယောက်တည်းသောသူအနေနဲ့ သူမအမှန်တကယ်ကို အော်ဟစ်ပစ်ချင်လာသည်။ သူက Psychoဆိုတဲ့လူထူးဆန်းပဲ! သူက Psychoကိုဟဘယ်လိုလုပ်သတ်မှာလဲ!?

ကိုယ့်ကိုကိုယ်သတ်သေပြီးတော့လား?

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုကြည့်နေရင်း သူ့မျက်ခုံးတွေ မြင့်တက်သွားသည်။ နဉ်ရှု အရမ်းနင်နေပြီး မျက်စိတွေစလည်နေတာကို သူမြင်တဲ့အခါ လက်ဆန့်လိုက်ပြီး သူမကျောကိုပုတ်ပေးလိုက်သည်။ ထို့နောက် သူက နူးညံ့စွာမေးလေ၏။

"ဒါက အရမ်းကိုပြင်းထန်တဲ့တုန့်ပြန်မှုပဲ။ ဘာလဲ? မင်းမှာ ကန့်ကွက်စရာရှိလို့လား?"

နဉ်ရှု လက်ကိုယမ်းပြီး ပြောလိုက်သည်။

"ကျွန်မမှာ ဘာမှကန့်ကွက်စရာမရှိပါဘူး။"

သူမမှာ ဘာများကန့်ကွက်စရာရှိနိုင်လို့လဲ?

ကျောင်းဆရာဝန်အန်ကယ်ရဲ့ အေးစက်ပြီးထီမထင်တဲ့မျက်နှာက သူမရှေ့မှာလေ! သူမမှာ ကန့်ကွက်စရာရှ်ိတယ်ဆိုရင်တောင် အသံမထွက်ရဲပါဘူးနော်။

"မျိုးရိုးဗီဇအဆီအနှစ်ကိုပျောက်ပြီးတာတောင် နင်က ဒီမှာနေရဲသေးတယ်နော်။ အရေထူလိုက်တာ! အပြစ်ရှိတယ်လို့ နည်းနည်းလေးမှမခံစားရဘူးလား?"

Phoenixက စိတ်တိုကာအော်လိုက်သည်။

"မရေမတွက်နိုင်တဲ့လူတွေက နင့်ကြောင့် အသတ်ခံရပြီး ကူးစက်ခံရတော့မယ်။"

နဉ်ရှု : (☉。☉)

Phoenixရဲ့ အပြစ်တင်သံကို နဉ်ရှုကြားတဲ့အခါ သူမက ကျောင်းဆရာဝန်အန်ကယ်ကို ပြန်ကြည့်လိုက်မိ၏။ ဒီစကားက ကျောင်းဆရာဝန်အန်ကယ်အတွက် ဖြစ်သင့်တာ..ဟုတ်တယ်မလား? မကောင်းဆိုးဝါးတွေလို Zombieတွေကို ဖန်တီးခဲ့တဲ့သူက အပြစ်ရှိသလိုခံစားနေသင့်တဲ့သူပဲ။

နဉ်ရှုက သူ့ကိုကြည့်နေတာကိုမြင်တဲ့အခါ ကျောင်းဆရာဝန်အန်ကယ်က ပခုံးတွန့်ကာပြော၏။

"ငါက မျိုးရိုးဗီဇအဆီအနှစ်ကို ပျောက်သွားတဲ့သူနဲ့လည်း မတူပါဘူး။ ငါ့ကိုကြည့်နေလို့ အသုံးမဝင်ဘူး။"

နဉ်ရှု : Pfff...!

ကျောင်းဆရာဝန်အန်ကယ်အပေါ် သူမရဲာနားလည်မှုက နောက်တစ်ကြိမ်ထပ်တိုးသွားပြန်ပြီ။ ကမ္ဘာပေါ်မှာ ကျောင်းဆရာဝန်အန်ကယ်က အရေအထူဆုံးပဲဆိုတာ သံသယဝင်စရာမလိုဘူး။

"ငါနင့်ကိုပြောနေတာ ဒေစီ။ နင် မျိုးရိုးဗီဇအဆီအနှစ်ကို ဘယ်နေရာမှာ အတိအကျပျောက်ခဲ့တာလဲ? မျိုးရိုးဗီဇအဆီအနှစ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ နင်မသိဘူးလား?"

Phoenixက မှောင်မိုက်နေသော အမူအရာဖြင့် နဉ်ရှုကို မေးခွန်းထုတ်၏။

နဉ်ရှု မျက်လုံးလှန်လိုက်သည်။

"ဘယ်နားမှာပျောက်သွားတာလဲဆိုတာ ငါမသိဘူး။ အဲ့ဒီမှာ zombieတွေအများကြီးပဲ။ ငါအားကုန်သုံးပြီး zombieတွေကို ခုခံခဲ့ရတာ။ မျိုးရိုးဗီဇအဆီအနှစ်လေးနည်းနည်းကို ငါဘယ်လိုလုပ် ဂရုစိုက်အားပါ့မလဲ?"

"နင်သေမယ်ဆိုရင်တောင် မျိုးရိုးဗီဇအဆီအနှစ်ကို ကာကွယ်သင့်တယ်။"

Phoenixက နဉ်ရှုကို အပြစ်ရှာလိုက်၏။

ငါယိုး? ဒါက မပြီးနိုင်တော့ဘူး။ နဉ်ရှုက စားပွဲကိုရိုက်လိုက်တာကြောင့် စားပွဲအဟောင်းလေးက လဲကျသွားသည်။

"Phoenix! နင် ငါနဲ့ရန်ဖြစ်ချင်နေတာလား?"

အရင်ကဆို Phoenixက သူမကိုသဘောမကျပေမယ့်လည်း သူမရဲ့မြင့်မြတ်ပြီးသီးသန့်ဆန်တဲ့အပြုအမူကို ထိန်းသိမ်းထားသေးသည်။ သို့သော်လည်း အခုတော့ သူမက သူမနဲ့ အရာရာတိုင်းမှာ ရန်ဖြစ်ာဖို့ကြိုးစားနေပြီး အရှက်ကွဲအောင်ပါလုပ်နေ၏။

နဉ်ရှု မတုန်မလှုပ်ရှိနေသော ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်သည်။ သူမက အန်ကယ်နဲ့ ရင်းနှီးလို့ အမျိုးသမီးဇာတ်လိုက်samaက မနာလိုဖြစ်နေတာလား?

"ဒေစီ...ငါနင်နဲ့ မငြင်းခုန်ရတဲ့အကြောင်းက နင်က အရမ်းငယ်လွန်းနေသေးတာကို စဉ်းစားပေးနေလို့ပဲ။ ဒါပေမယ့် နင်ဘာလုပ်လဲ? အခု နင့်ကိုထောက်ခံပေးမယ့်လူတစ်ယောက်ရှိတာနဲ့ပဲ နင်လုပ်ချင်သလို အကျိုးမသင့်အကြောင်းမသင့်လုပ်လို့ရပြီလို့ နင်ထင်နေတာလား?"

Phoenixက အေးစက်စွာပြောလာသည်။ ထို့နောက် တိတ်တဆိတ်မကျေနပ်ချက်များရှိနေသောမျက်ဝန်းနှင့် ကျောင်းဆရာဝန်အန်ကယ်ကို ကြည့်လိုက်သည်။

ဒေစီက ရုပ်လည်းမချောသလို ထူးချွန်တဲ့ပုံလည်းမရှိပါဘူး။ သူမနဲ့ယှဉ်ရင် ဒေင်္စက ရုပ်ဆိုးတဲ့လူပြက်သာသာပဲရှိတယ်။ ဒါပေမယ့် ဘာလို့များ ဒီလူက သူမထက်စာရင် ဒေစီ့ကို ပိုချဉ်းကပ်ချင်နေရတာလဲ?

ဒီအတွေးတွေတွေးမိတဲ့အခါ Phoenixရဲ့အမူအရာက ပိုလို့သာ သုန်မှုန်လာလေသည်။

Wolfက Phoenixရဲ့ အမူအရာကို သတိထားမိသွားပြီး သူ့မျက်နှာက ချက်ချင်းပဲမှောင်မိုက်သွားကာ အော်လေတော့သည်။

"မင်းတို့တွေ ဘာအတွက်ငြင်းခုန်နေကြတာလဲ? အသေးအဖွဲလေးတွေကြောင့်ငြင်းခုန်နေမယ့်အစား ငါတို့လုပ်သင့်တာက နောက်ထပ်ဘယ်နေရာကိုသွားကြမလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ!"

Phoenixက ပြန်ပြောသည်။

"မျိုးရိုးဗီဇအဆီအနှစ်မရှိရင် နောက်ထပ်ဘယ်အစီအစဉ်ကမှ အသုံးမဝင်ဘူး။"

နောက်ဆုံးမှာတော့ Wolfကမပြောခင်မှာ ကျောင်းဆရာဝန်အန်ကယ်ကို ရှုပ်ထွေးနေတဲ့အမူအရာနဲ့ကြည့်လိုက်သည်။

"Psychoကသေပြီး မျိူးရိုးဗီဇအဆီအနှစ်ကလည်း ဖျက်ဆီးခံလိုက်ရမှတော့ ငါတို့ပြန်သွားသင့်ပြီ။"

Wolfဆိုလိုတာက ရှင်းပါသည်။ တာဝန်ဆက်ထမ်းဆောင်ဖို့ ဘာအကြောင်းမှမရှိတော့တာကြောင့် သူတို့ ပြန်ဖို့ပြင်ဆင်သင့်ပြီလို့ပြောတာပင်။

နဉ်ရှု ကန့်ကွက်စရာမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ မျိုးရိုးဗီဇအဆီအနှစ်ရှိတာကြောင့် သူမတို့ပြန်သွားရင် ဗိုလ်ချုပ်ဆီ မျိုးရိုးဗီဇအဆီအနှစ်ကိုအပ်လိုက်နိုင်လျှင် သူမတာဝန်ပြီးပြီလို့ သတ်မှတ်နိုင်သည်။ ဒါပြီးလျှင်တော့ သူမရဲ့အချိန်တွေကို ဘဝရဲ့အဓိပ္ပါယ်ကိုစဉ်းစားရင်းဖြင့် ကုန်လွန်စေရုံသာ။

သို့သော်လည်း သူမပြန်သွားချင်တယ်ဆိုတာ သူတို့ကိုမသိစေချင်တာကြောင့် သူမက အထစ်ထစ်အငေါ့ငေါ့နှင့်ပြောလိုက်သည်။

"ဘာရလဒ်မှမရှိဘဲ ပြန်သွားမလို့လား? ကျွန်မတို့ အပြစ်ပေးခံရလိမ့်မယ်။"

Phoenixက နဉ်ရှုကို မျက်လုံးလှန်ပြလေ၏။

"တရားခံက ဘယ်သူလို့နင်ထင်နေတာလဲ?"

သေချာတာကတော့ သူမမဟုတ်ဘူးပေါ့။ နဉ်ရှု တိတ်တိတ်ကလေး ပြန်ပြောလိုက်၏။

အဆုံးမှာတော့ အဖွဲ့က ပြန်သွားဖို့ တညီတညွတ်တည်းသဘောတူလိုက်ကြသည်။လက်ထဲမှာ မျိုးရိုးဗီဇအဆီအနှစ်မရှိတာကြောင့် သူတို့ရဲ့ အထူးစွမ်းရည်တွေကိုမနှိုးဆွနိုင်တော့သလို နိုင်ငံတော်ရဲ့ ကာကွယ်ပေးမှုကို မှီခိုနေရဦးမှာဖြစ်၏။ ဒါကြောင့် နိုင်ငံကိုသစ္စာဖောက်ီု့ဆိုတဲ့အတွေးက အခုထိတော့ ပေါ်လာဦးမှာမဟုတ်ပေ။

လေထုက ထပ်မံနစ်မြုပ်သွားပြန်သည်။ Wolfက အေးစက်စွာနှာမှုတ်လိုက်ပြီး ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။ ထွက်မသွားခင်မှာ သူကနဉ်ရှုကို စိတ်ရှုပ်နေကာလူသတ်ချင်တဲ့အကြည့်နဲ့ ကြည့်လိုက်လေသည်။

နဉ်ရှုက ကျောင်းဆရာဝန်အန်ကယ်နားကို ကပ်သွားလိုက်၏။ ကျောင်းဆရာဝန်အန်ကယ်က Wolfရဲ့အကြည့်ကို အေးစက်စွာပင်ရင်ဆိုင်သည်။ Wolfက နှာထပ်မှုတ်ကာ လှည့်ထွက်သွားတော့သည်။

"ဖော်လံဖား။"

Spiderက သရော်သည်။

ကျောင်းဆရာဝနန်အန်ကယ်ကလည်း လှည့်လာကာ နဉ်ရှုကို သရော်သည်။

"ကောင်းကောင်းဆိုးဆိုး...မင်းတို့က အသင်းဖော်တွေပဲ။ မင်းက ဘာလို့ နည်းနည်းလေးတောင် သိက္ခာမရှိရတာလဲ?"

နဉ်ရှု : ဟား..ဟား။ ဘယ်သူသိမှာလဲ?
.......

ကားစီးရင်း ဖုန်းကြည့်ရင် မူးတတ်တဲ့အိုင်လေးက Updateပေးချင်လွန်းလို့ ကားစီးရင်းဘာသာပြန်ပေးထားတာ။ ငါစိတ်ပါတဲ့အချိန်၊ငါအားတဲ့အချိန်မှပြန်မယ်ကွာဆိုပြီး လုပ်လို့ရပေမယ့် မြန်မြန်ပြီးချင်စိတ်ရယ်၊ updateမှန်ပေးချင်တဲ့စိတ်ရယ်က အတော်လေးဖိအားများ။ ဒီArcပြီးရင် နဉ်ရှုarcထပ်မပြန်တော့ဘူး -,- တစ်ခြားtrans workတွေလည်း ထပ်မpickတော့ဘူး။ ဝွန်း!
......










Continue Reading

You'll Also Like

162K 25.5K 61
Name(s) Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) Hen Shi Jiao Qing(很是矫情) E-translator(s) Butterfly...
77.1K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
51.3K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
134K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...