Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 6

7.2K 896 23
By Kirara-16

ဝမ္ရိေပၚကို ဟင္းခ်က္ခိုင္းမိတာက ေ႐ွာင္းက်န့္အတြက္ေတာ့ အႀကီးမားဆံုးအမွားတစ္ခု က်ဴးလြန္မိလိုက္
သလိုပဲ။

*ဒုန္း!!!!!*

"အမေလး....ဘုရား။ဘာသံႀကီးလဲ"

"ဟီးဟီး။ဘာသံမွမဟုတ္ပါဘူး အစ္ကိုရဲ႕။ကြၽန္ေတာ္
သခြားသီးလွီးေနတာ"

"သခြားသီးလွီးတာေရာ ဟုတ္ရဲ႕လား။ငါ့အိမ္ကို
ဗံုးေဖာက္သြားတယ္လို႔ကိုထင္ေနတာ"

"အစ္ကိုကေတာ့ မျဖစ္ႏိုင္တာေတြေျပာၿပီ.."

"ရြဲ႔ေျပာေနတာကြ။သခြားသီးလွီးတာ အဲ့ေလာက္
အသံက်ယ္စရာလိုလို႔လား"

"အစ္ကိုနားမလည္ပါဘူး။ဒါသခြားသီးဓားျပား႐ိုက္သုပ္မလို႔ အစ္ကိုရ...ကြၽန္ေတာ္အႀကိဳက္ဆံုးအစားအစာ"

"မင္းငါ့မီးဖိုေခ်ာင္ကိုေတာ့ မဖ်က္ဆီးပါဘူးေနာ္"

"အစ္ကိုကေတာ့ေလ...ၾကံဖန္ပူေနျပန္ၿပီ။စိတ္ခ်
ဘာမွမျဖစ္ေစရဘူး။ကြၽန္ေတာ့ကိုယံုစမ္းပါ"

ဝမ္ရိေပၚရဲ႕ ကြၽန္ေတာ့ကိုယံုစမ္းပါဆိုတဲ့ စကားကို
ဒုန္း ဆိုတဲ့အသံက်ယ္က်ယ္က ဆန္႔က်င္္တယ္။
ဘုရား..ဘုရား...ငါ့မီးဖိုေခ်ာင္ေလးေတာ့ ဘဝပ်က္
ပါၿပီ။

ေ႐ွာင္းက်န္႔ ထမင္းဟင္းခ်က္ျပဳတ္ၿပီးေတာ့ ဝမ္ရိေပၚရဲ႕ သခြားသီးဓားျပား႐ိုက္သုပ္ ဆိုတာႀကီးကလည္း လက္စသတ္ၿပီးၿပီထင္ရဲ႕။ တဒုန္းဒုန္းအသံေတြ
မၾကားရေတာ့ဘူး။

စားပြဲေပၚမွာ ဟင္းပြဲေတြခ်ၿပီး ဝင္ထိုင္လိုက္ေတာ့
ေကာင္စုတ္ေလးကလည္း သူခ်က္ထားတဲ့ ဟင္းခြက္ကိုကိုင္လို႔ ​ေဘးမွာဝင္ထိုင္တယ္။

"ဟီးဟီး..။အစ္ကို...။ဟင္းလဲစားရေအာင္.။မေကာင္း
ဘူးလား"

"မေကာင္းဘူး။မင္းခ်က္တာ မင္းစား။ငါ့ပန္းကန္ေတြလာမထိနဲ႔"

"အစ္ကိုက လူမ႐ွိတဲ့အသည္းႏွလံုးတစ္ေယာက္"

"ဘာေျပာတယ္.."

"ဘာမွမေျပာဘူး။စားၿပီ...အကိုက အၾကင္နာတရား ​ေခါင္းပါးေပမယ့္ ကြၽန္ေတာ္ကေတာ့ သေဘာထား
ျပည့္ဝတဲ့သူ ျဖစ္တာေၾကာင့္ ကြၽန္ေတာ္ခ်က္တဲ့ဟင္း
ကို အစ္ကို႔ကိုေကြၽးမယ္။စားၾကည့္ပါလား.."

"ေတာ္ၿပီ။ရတယ္။မင္းဖာသာစား..."

"စားၾကည့္ပါ အစ္ကိုရဲ႕...ေနာ္..ေနာ္"

ဒီေကာင္စုတ္ေလးက ခြၽဲသံေလးနဲ႔ ​ေျပာလာတဲ့အခါမွာ
ေတာ့ ​ေ႐ွာင္းက်န္႔ မျငင္းႏိုင္ေတာ့ဘူး။ဝမ္ရိေပၚက
ဒီလိုလည္း လူကိုခ်ည္တုပ္ထားတတ္ေသးတာ။

သူခ်က္ထားတဲ့ သခြားသီးဓားျပား႐ိုက္သုပ္ ဆိုတာႀကီး
ကို စားလိုက္မိေတာ့.......အားပါးပါး....ခ်ဥ္လိုက္တာ
ဆိုတာ...သြားေတြေတာင္ ကြၽတ္ထြက္ကုန္ၿပီလား မွတ္ရတယ္။ဒီေကာင္ေလး ႐ွာလကာရည္ တစ္ပုလင္းလံုးမ်ား
ထည့္လာသလားမသိ။

"ဝမ္ရိေပၚ!!!မင္း...မင္းဘယ္လိုေတြ ခ်က္ထားတာလဲ။မင္းဟင္းက ခ်ဥ္တဲ့အဆင့္ကိုေက်ာ္ၿပီး ခါးတဲ့အဆင့္ထိ ​ေရာက္ေနၿပီ"

"အစ္ကိုကလည္း ပိုၿပီ..။ကြၽန္ေတာ္က႐ွာလကာရည္
ႀကိဳက္လို႔ နည္းနည္းေလးပိုထည့္ထားတာ"

"နည္းနည္းေလးဆိုတာ ဘယ္ေလာက္လဲ"

"ပုလင္းတစ္ဝက္"

"ဘာ!!!!႐ွာလကာရည္ ပုလင္းတစ္ဝက္က နည္းနည္း
ေလး...!!။မင္း႐ူးေနတာလား ဝမ္ရိေပၚ"

"အစ္ကိုကလည္း...အဲ့ေလာက္ႀကီးမဆိုးပါဘူး။
အစ္ကိုေျပာမွပဲ ကြၽန္ေတာ့ဟင္းပြဲေလး ရစရာမ႐ွိေတာ့ဘူး"

"မင္းဟာက အလြန္အကြၽံႀကီးေလ။ဒီဟင္းပြဲကိုစား
ႏိုင္တဲ့သူက ​ေသခ်ာတယ္....လူမဟုတ္ဘူး"

"အဲ့ေလာက္ဆိုးစရာ အေၾကာင္းမ႐ွိပါဘူး...။
မွန္း....ကြၽန္ေတာ္စားၾကည့္္မယ္"

ရိေပၚက သူခ်က္ထားတဲ့ဟင္းကို ျပန္ျမည္းၾကည့္ၿပီး..

"အဟမ္း....နည္းနည္းေလးခ်ဥ္သြားတယ္"

"နည္းနည္းမဟုတ္ဘူး။မ်ားမ်ား...။မင္းဒါနဲ႔ဘယ္လိုစားမလဲ။ေတာ္ေတာ့ မစားနဲ႔ေတာ့။ငါခ်က္ထားတာပဲ
ယူစားေတာ့"

"ဟီး...အစ္ကိုကသေဘာေကာင္းလိုက္တာ။ဒါေၾကာင့္လည္းအရမ္းေတြၾကည့္ေကာင္းေနတာ"

"ေတာ္စမ္း....လာေျမႇာက္မေနနဲ႔"

"စားပါေတာ့မယ္..."

ထမင္းစားေသာက္ၿပီးေတာ့ ဝမ္ရိေပၚက ဘယ္ကယူ
လာမွန္းမသိတဲ့ ဂစ္တာႀကီးကိုကိုင္လို႔ ဧည့္ခန္းမွာ
ထိုင္ေနတယ္။

"အကိုဂစ္တာတီးတတ္လား"

"ဟင့္အင္း"

"ကြၽန္ေတာ္ သင္ေပးရမလား"

"မင္းကတီးတတ္လို႔လား"

"တီးတတ္တာေပါ့။အကိုနားေထာင္မလား။ကြၽန္ေတာ္တီးျပမယ္"

"အင္း"

သာယာစြာနဲ႔ ​ေပၚထြက္လာတဲ့ ဂစ္တာသံေၾကာင့္
ဝမ္ရိေပၚ ဂစ္တာတီးကြၽမ္းက်င္တယ္ဆိုတာ ​ေ႐ွာင္းက်န္႔သိလိုက္တယ္။ ဂစ္တာသံခပ္ေဆြးေဆြးေလးနဲ႔
တြဲဖက္ၿပီး သီဆိုလိုက္တဲ့သီခ်င္းက Remember Me။

*Remember Me.....

Though I have to to say goodbye
Remember Me....

Don't let it make you cry

For even if I'm far away
I hold you in my heart

I sing a secret song for you
Each night we are apart

Remember me.....

Though I have to travel far
Remember Me.......

Each time you hear a sad guitar
Know that I'm with you
The only way that I can be

Until you're in my arms again
Remember Me.....*

ဒီသီခ်င္းေလးကို ​ေကာင္ေလးရဲ႕ အသံေအးေအးေလးနဲ႔ တြဲဖက္ၿပီးသီဆိုလိုက္တဲ့အခါမွာ ေ႐ွာင္းက်န္႔အတြက္ေတာ့ အလွပဆံုးနဲ႔ အခ်ိဳၿမိန္ဆံုး သီခ်င္းေလးတစ္ပုဒ္ပဲ။အာ...မွားလို႔။
အခ်ိုျမိန္ဆံုးေတာ့ မဟုတ္ဘူး။အခ်ိုျမိန္ဆံုးသီခ်င္းေလးက ဝမ္ရိေပၚကိုယ္တိုင္ပဲမို႔။

"အစ္ကို.....သတိရေနေပးပါဆိုတဲ့စကားကို အစ္ကို
ဘယ္လိုျမင္လဲ"

"ဟင္....."

"လူေတြက သူတို႔ကိုအေမ့ခံလိုက္ရမွာကိုအေၾကာက္ဆံုးပဲမလား။ဒါေၾကာင့္လည္း သတိရေနေပးပါလို႔
ေတာင္းဆိုၾကတာေပါ့။ဒါေပမယ့္ အဲ့ဒီေတာင္းဆိုမႈကသိပ္ကိုအတၱႀကီးလြန္းတယ္လို႔မထင္ဘူးလား။
သတိရခံခ်င္တဲ့သူတို႔ရဲ႕ဆႏၵေၾကာင့္ တစ္ဖက္လူရဲ႕
စိတ္ထဲမွာဘယ္ေလာက္ႀကီးမားတဲ့ဝန္ထုပ္ႀကီးကို
ထမ္းထားရမလဲဆိုတာကိုမေတြးေပးၾကဘူး။
နာက်င္ရလြန္းလို႔ အရာရာကိုေမ့ၿပီးအသစ္ကျပန္စ
ခ်င္ရင္ေတာင္ သတိရေပးပါဆိုတဲ့စကားတစ္ခြန္း
ေၾကာင့္ လက္မလြတ္ႏိုင္ျဖစ္ေနရတဲ့သူအတြက္
မတရားဘူးေလ။သတိရေပးပါဆိုတဲ့စကားကို
က်ိန္စာတစ္ခုလို႔ပဲကြၽန္ေတာ္ကေတာ့ျမင္္တယ္။
မလြတ္ေျမာက္ႏိုင္တဲ့က်ိန္စာဆိုးတစ္ခုနဲ႔ခ်ည္ေႏွာင္
လိုက္ျခင္းပဲ...."

"ကိုယ္ကေတာ့ အဲ့လိုမေတြးမိဘူး။နာက်င္ေနရတာ
ေတာင္ ဒီလူကိုမေမ့ႏိုင္ဘူးဆိုကတည္းက ဒီလူက
သူ႔အတြက္အေရးပါတဲ့သူတစ္ေယာက္ျဖစ္လို႔ပဲ။
ဗလာစာအုပ္ေလးတစ္အုပ္လိုေပါ့။ဆက္ေရးစရာ
စာမ်က္ႏွာအလြတ္မ႐ွိေတာ့ေပမယ့္ ေရးခဲ့ဖူးတဲ့
စာလံုးေလးေတြတစ္လံုးခ်င္းစီတိုင္းက တန္ဖိုးထား
စရာပဲမဟုတ္လား။အဲ့လိုပဲ....။ဒီလူမ႐ွိေတာ့ေပမယ့္
သူနဲ႔အတူ႐ွိခဲ့ဖူးတဲ့မွတ္ဥာဏ္ေလးေတြက နာနာ
က်င္က်င္ ဆုပ္ကိုင္ထားစရာေလးေတြမို႔ေပါ့"

"အစ္ကို႔မွာေရာ..အဲ့လိုသတိရေနရမယ့္သူ႐ွိလား"

"႐ွိတယ္ပဲဆိုရမွာေပါ့။ကိုယ့္ရဲ႕မိဘေတြေလ။
မားနဲ႔ပါးက ကိုယ္ငယ္ငယ္ေလးကတည္းကဆံုးသြား
တာဆိုေတာ့ အမွတ္တရေတာ့မ်ားမ်ားစားစားမ႐ွိခဲ့ဘူး။ကိုယ္မွတ္မိသေလာက္အမွတ္တရေတြထဲမွာ
ေတာ့သူတို႔ႏွစ္ယာက္လံုးကိုယ့္ကိုခ်စ္ေပးခဲ့ပါတယ္။
ေမြးရာပါ အျမင္အာရံုခ်ိဳ႕ယြင္းေနတာမို႔ မားနဲ႔ပါး
ရဲ႕မ်က္ႏွာကိုမျမင္ဖူးေပမယ့္ သူတို႔မွာေႏြးေထြးတဲ့
အျပံဳးခ်ိဳခ်ိဳေလးေတြ ႐ွိမွာေသခ်ာပါတယ္။မင္းလိုေပါ့"

"ကြၽန္ေတာ္ကလည္း အစ္ကို႔အတြက္ ​ေႏြးေထြးေစတဲ့
တစ္ေယာက္ေပါ့"

"မင္းမွာေရာ သတိရရမယ့္သူမ႐ွိဘူးလား"

ေ႐ွာင္းက်န္႔ေမးခြန္းအဆံုးမွာ တိတ္ဆိတ္သြားတဲ့ဘရိေပၚေၾကာင့္ ေမးမိတဲ့ကိုယ့္ကိုယ္ကို အျပစ္တင္ခ်င္မိသြားတယ္။ သူစပ္စုလြန္းရာက်သြားတာလား။
ခနၾကာေတာ့ ရိေပၚဆီက သက္ျပင္းခ်သံ သဲ့သဲ့
ၾကားလိုက္ရတယ္။သူတကယ္မွားသြားတာပဲ။
ဒီေမးခြန္းကိုသူမေမးခဲ့သင့္ဘူး။

"မ႐ွိပါဘူး"

"....."

"ကြၽန္ေတာ့မွာ သတိရရမယ္႔သူမ႐ွိဘူး"

"အင္း"

ႏွစ္ေယာက္ၾကားက ​ေလထုကတိတ္ဆိတ္သြားၿပီး
အပ္က်သံပင္ ၾကားရေလာက္တဲ့အထိ...။
ေ႐ွာင္းက်န္႔ ဒီအေျခအေနကို တကယ္သေဘာမက်ဘူး။ ပတ္ဝန္းက်င္ရဲ႕ တိတ္ဆိတ္မႈကို သေဘာမက်တာ မဟုတ္ေပမယ့္ ဒီေကာင္ေလးရဲ႕ တိတ္ဆိတ္မႈကိုေတာ့ သူတကယ္ကို သေဘာမက်ပါဘူး။

ဒီအေျခအေနကို သေဘာမက်ဘူးလို႔သာ စိတ္ထဲကေန အထပ္ထပ္ေအာ္ဟစ္ေနေပမယ့္ ေ႐ွာင္းက်န္႔တကယ္လုပ္မိတာက ဘာစကားမွမေျပာဘဲ ၿငိမ္ၿငိမ္ေလး ေနေနခဲ့မိတာပဲ။ သူကသတၱိနည္းလြန္းပါတယ္။စတင္ျခင္းေတြကို သူမစြမ္းေဆာင္ႏိုင္ေသးဘူး။

"တကယ္ေတာ့.....ကြၽန္ေတာ္လိမ္လိုက္တာ"

"အင္း။ကိုယ္သိတယ္"

"ဘာလို႔လိမ္တာလဲလို႔မေမးေတာ့ဘူးလား"

"ဟင့္အင္း..။မင္းကိုယံုခ်င္လို႔ ဒီတိုင္းပဲထားလိုက္ေတာ့မယ္"

"အစ္ကို....."

"အင္း။ေျပာေလ.."

"ဟင့္အင္း..။ဘာမွမဟုတ္ေတာ့ဘူး။ကြၽန္ေတာ္အိပ္
ခ်င္လို႔ သြားအိပ္ေတာ့မယ္။Goodnightပါ"

"Goodnightပါ ရိေပၚ"

ရိေပၚက တစ္ခါတစ္ခါ အခုလိုလည္းပေဟဋိဆန္
တတ္ေသးတာ။ ဒီေကာင္ေလးကPuzzleတစ္ခုလို...။ေျဖ႐ွင္းဖို႔ႀကိဳးစားေလေလ ပိုခက္ခဲလာေလပဲ။
ရိေပၚရဲ႕စိတ္က ေရမ်က္ႏွာျပင္လိုပဲ။တစ္ခါတစ္ခါ
ၿငိမ္သက္ေနတတ္သလို၊ တစ္ခါတစ္ခါမွာ လိႈင္းထန္ေနတတ္တယ္။ဒါေပမယ့္ အားလံုးကခနပဲ။
ဒါေၾကာင့္လည္း ဝမ္ရိေပၚကနားလည္ရခက္တဲ့လူလို႔ ​ေ႐ွာင္းက်န္႔ကျမင္တယ္။

စကားေတြ တတြတ္တြတ္ေျပာေနရင္းနဲ႔ ႐ုတ္တရက္ တိတ္ဆိတ္သြားတာေတြ၊ မရယ္ရတဲ့ဟာသေတြကို ေျပာရင္း အူလိႈက္သည္းလိႈက္ ရယ္ေမာေနသံေတြရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရင္းကို ေ႐ွာင္းက်န္႔ ေဖာ္ထုတ္ဖို႔ မႀကိဳးစားခဲ့ဖူးဘူး။
ေဖာ္ထုတ္ဖို႔မလိုဘူးလို႔လည္း သူကယူဆတယ္။
ဖုံုးကြယ္ထားတဲ့ ဝမ္ရိေပၚရဲ႕အျခားတစ္ဖက္ကိုျမင္ႏိုင္ဖို႔ထပ္ သူအခုလက္႐ွိျမင္ေနရတဲ့ ဝမ္ရိေပၚကိုပဲ ပိုၿပီးနားလည္ေအာင္ ႀကိဳးစားခ်င္တယ္။

႐ိုး႐ွင္းတာကို သေဘာက်တဲ့ ​ေ႐ွာင္းက်န္႔က
ဝမ္ရိေပၚဆိုတဲ့ ခပ္႐ႈပ္႐ႈပ္ပုစၥာေလးကိုေတာ့
စိတ္႐ွည္လက္႐ွည္ အေျဖ႐ွာခ်င္ပါသတဲ့....။

---------------------------------

ေ႐ွာင္းက်န္႔အိပ္မလို႔ၾကံေနတုန္းမွာ တံခါးေခါက္သံ
ၾကားလိုက္ရတာေၾကာင့္ ထသြားၿပီး တံခါးဖြင့္လိုက္
ေတာ့....

"အစ္ကို"

"ရိေပၚ...မအိပ္ေသးဘူးလား"

"ကြၽန္ေတာ္အိပ္လို႔မရဘူး"

"ဟင္..ဘာျဖစ္လို႔လဲ"

"အခန္းထဲကမီးကပ်က္ေနတယ္ထင္တယ္"

"ဟုတ္လား။အခန္းကမသံုးတာၾကာေနလို႔ျဖစ္မယ္"

"ကြၽန္ေတာ္....."

"အင္း။ဆက္ေျပာေလ"

"ကြၽန္ေတာ္ကအေမွာင္ေၾကာက္တယ္။မီးပိတ္ထား
ရင္မအိပ္တတ္ဘူး။ကြၽန္ေတာ္အိပ္ၾကည့္ဖို႔ႀကိဳးစားပါ
ေသးတယ္။ဒါေပမယ့္ မရဘူး"

"အဲ့ေတာ့..."

"ကြၽန္ေတာ္ အစ္ကို႔အခန္းထဲမွာ အိပ္လို႔ရမလား"

"......"

"အဆင္မေျပလည္းရပါတယ္ အစ္ကို။ကြၽန္ေတာ္
ဧည့္ခန္းထဲကဆိုဖာေပၚမွာပဲအိပ္လိုက္မယ္။အေႏွာက္အယွက္ေပးသလို ျဖစ္သြားရင္ ​ေတာင္းပန္ပါတယ္"

"ဆိုဖာေပၚမွာဆိုရင္...မင္းခါးနာေနလိမ့္မယ္။
ကိုယ့္အတြက္က အဆင္မေျပစရာမ႐ွိပါဘူး။ဝင္ခဲ့ေလ"

"ဟုတ္။ေက်းဇူးပါ အကို"

ေ႐ွာင္းက်န္႔ သက္ျပင္းတစ္ခ်က္သာ ခ်လိုက္မိေတာ့တယ္။တကယ္ဆို..သူကသူ႔ပစၥည္းေတြကို တျခားတစ္ေယာက္ ကိုင္တာကိုေတာင္ မႀကိဳက္တတ္တဲ့လူစားမ်ိဳး။ အခုလိုအိပ္ယာတစ္ခုတည္းကို တစ္စံုတစ္ေယာက္နဲ႔ မ်ွသံုးဖို႔ဆိုတာ ေ႐ွာင္းက်န္႔အတြက္ေတာ့ တစ္ခါမွ အိပ္မက္ေတာင္ မမက္ဖူးတဲ့အျဖစ္။ဒါေပမယ့္ သူဘာလို႔လက္ခံမိလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ေတာင္ နားမလည္ႏိုင္ဘူး။

တစ္ေယာက္နဲ႔တစ္ေယာက္ ​ေက်ာေပးထားတဲ့ အေျခအေနဆိုေပမယ့္ ေ႐ွာင္းက်န္႔ တကယ္အဆင္မေျပ
ပါဘူး။အဆင္မေျပမႈရဲ႕ အေၾကာင္းခံကေတာ့ ဝမ္ရိေပၚရဲ႕ အသက္႐ွဴသံမ်ွင္းမ်ွင္းကို အတိုင္းသားၾကားေနရ
တာေၾကာင့္ ျဖစ္တယ္။မေႏွးမျမန္နဲ႔ ပံုမွန္ျဖစ္ေနတဲ့
အသက္႐ွဴသံေလးကို အာရံုစိုက္နားေထာင္ေနမိတဲ့
ေ႐ွာင္းက်န္႔ကိုယ္တိုင္ကေတာ့ အသက္႐ွဴ ျမန္ေနတာကိုသတိမထားခဲ့မိဘူး။

"အစ္ကို"

႐ုတ္တရက္ေခၚလိုက္တဲ့အသံေၾကာင့္ ​ေ႐ွာင္းက်န္႔
စိတ္လႈပ္႐ွားၿပီး က်ံဳ႕ထိုးမိသြားေသးတယ္။
ဒီေကာင္ေလးက ေ႐ွာင္းက်န္႔ကို စိတ္လႈပ္႐ွားေအာင္ လုပ္ႏိုင္လြန္းတယ္။

"ေျပာ..ေျပာေလ"

"အစ္ကိုမီးဖြင့္ၿပီးအိပ္လို႔ရလို့လား"

"ကိုယ့္အတြက္မီးဖြင့္လည္းဘာထူးမွာလဲ။ျမင္မွမျမင္
ရတာ"

"အာ..ေဆာရီးေနာ္။ကြၽန္ေတာ္တစ္ခ်က္သတိေမ့သြားလို႔"

"ရပါတယ္။မင္းကမီးဖြင့္ၿပီးမွအိပ္တတ္တာမလား"

"ဟုတ္ေတာ့ဟုတ္ပါတယ္။ဒါေပမယ့္ ေဘးမွာ
တစ္ေယာက္ေယာက္ ႐ွိေနရင္ေတာ့ မီးပိတ္ထားလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္ကအေမွာင္ထပ္
အထီးက်န္ေနရတာကိုပိုေၾကာက္တယ္။Goodnightပါ အစ္ကို"

"Goodnight"

ထိုေန႔ညက ​ေ႐ွာင္းက်န္႔ တစ္ညလံုး အိပ္မေပ်ာ္ခဲ့ပါဘူး။ဘာလို႔အိပ္မေပ်ာ္ရတာလဲဆိုရင္ အိပ္ေပ်ာ္ေနတဲ့ တစ္စံုတစ္ေယာက္ရဲ႕ အသက္႐ွဴသံေလးကို တစ္ညလံုး ထိုင္နားေထာင္ေနခဲ့လို႔ပါတဲ့။ ႐ူးေၾကာင္ေၾကာင္ႏိုင္လြန္းတဲ့ အေၾကာင္းျပခ်က္ပါပဲ။
ဒီေကာင္ေလးနဲ႔ ပတ္သတ္ရင္ ရယ္သံခ်ိဳဳခ်ိဴေလးကအစ အသက္႐ွဴသံေလးေတြအဆံုး အျမတ္တႏိုးနဲ႔
သိမ္းထားခ်င္တာ။

မ်က္ႏွာေလးကို မျမင္ႏိုင္တဲ့ ဘဝမွာ အခြင့္႐ွိသမ်ွအရာရာကို အမွတ္တရအျဖစ္ သိမ္းဆည္းထားမယ္။
ေ႐ွာင္းက်န္႔တတ္ႏိုင္တာ ဒီေလာက္ပဲမို႔။

တစ္ခ်ိန္က်ရင္ ႐ုန္းမရမွာကို သိသိလ်က္နဲ႔ပဲ
ေ႐ွာင္းက်န္႔က ဝမ္ရိေပၚဆိုတဲ့ ႏြံကေလးမွာ
လိုလိုလားလားနဲ႔ကို နစ္ဝင္ခဲ့တယ္။

_________________________________

Unicode

Chapter 6

ဝမ်ရိပေါ်ကို ဟင်းချက်ခိုင်းမိတာက ရှောင်းကျန့်အတွက်တော့ အကြီးမားဆုံးအမှားတစ်ခု ကျူးလွန်မိလိုက်
သလိုပဲ။

*ဒုန်း!!!!!*

"အမလေး....ဘုရား။ဘာသံကြီးလဲ"

"ဟီးဟီး။ဘာသံမှမဟုတ်ပါဘူး အစ်ကိုရဲ့။ကျွန်တော်
သခွားသီးလှီးနေတာ"

"သခွားသီးလှီးတာရော ဟုတ်ရဲ့လား။ငါ့အိမ်ကို
ဗုံးဖောက်သွားတယ်လို့ကိုထင်နေတာ"

"အစ်ကိုကတော့ မဖြစ်နိုင်တာတွေပြောပြီ.."

"ရွဲ့ပြောနေတာကွ။သခွားသီးလှီးတာ အဲ့လောက်
အသံကျယ်စရာလိုလို့လား"

"အစ်ကိုနားမလည်ပါဘူး။ဒါသခွားသီးဓားပြားရိုက်သုပ်မလို့ အစ်ကိုရ...ကျွန်တော်အကြိုက်ဆုံးအစားအစာ"

"မင်းငါ့မီးဖိုချောင်ကိုတော့ မဖျက်ဆီးပါဘူးနော်"

"အစ်ကိုကတော့လေ...ကြံဖန်ပူနေပြန်ပြီ။စိတ်ချ
ဘာမှမဖြစ်စေရဘူး။ကျွန်တော့ကိုယုံစမ်းပါ"

ဝမ်ရိပေါ်ရဲ့ ကျွန်တော့ကိုယုံစမ်းပါဆိုတဲ့ စကားကို
ဒုန်း ဆိုတဲ့အသံကျယ်ကျယ်က ဆန့်ကျင်တယ်။
ဘုရား..ဘုရား...ငါ့မီးဖိုချောင်လေးတော့ ဘဝပျက်
ပါပြီ။

ရှောင်းကျန့် ထမင်းဟင်းချက်ပြုတ်ပြီးတော့ ဝမ်ရိပေါ်ရဲ့ သခွားသီးဓားပြားရိုက်သုပ် ဆိုတာကြီးကလည်း လက်စသတ်ပြီးပြီထင်ရဲ့။ တဒုန်းဒုန်းအသံတွေ
မကြားရတော့ဘူး။

စားပွဲပေါ်မှာ ဟင်းပွဲတွေချပြီး ဝင်ထိုင်လိုက်တော့
ကောင်စုတ်လေးကလည်း သူချက်ထားတဲ့ ဟင်းခွက်ကိုကိုင်လို့​ဘေးမှာဝင်ထိုင်တယ်။

"ဟီးဟီး..။အစ်ကို...။ဟင်းလဲစားရအောင်.။မကောင်း
ဘူးလား"

"မကောင်းဘူး။မင်းချက်တာ မင်းစား။ငါ့ပန်းကန်တွေလာမထိနဲ့"

"အစ်ကိုက လူမရှိတဲ့အသည်းနှလုံးတစ်ယောက် အဲ...မှားလို႔.. အသည်းနှလုံးမရှိတဲ့လူတစ်ယောက်"

"ဘာပြောတယ်.."

"ဘာမှမပြောဘူး။စားပြီ...အကိုက အကြင်နာတရား​ခေါင်းပါးပေမယ့် ကျွန်တော်ကတော့ သဘောထား
ပြည့်ဝတဲ့သူ ဖြစ်တာကြောင့် ကျွန်တော်ချက်တဲ့ဟင်း
ကို အစ်ကို့ကိုကျွေးမယ်။စားကြည့်ပါလား.."

"တော်ပြီ။ရတယ်။မင်းဖာသာစား..."

"စားကြည့်ပါ အစ်ကိုရဲ့...နော်..နော်"

ဒီကောင်စုတ်လေးက ချွဲသံလေးနဲ့​ပြောလာတဲ့အခါမှာ
တော့​ရှောင်းကျန့် မငြင်းနိုင်တော့ဘူး။ဝမ်ရိပေါ်က
ဒီလိုလည်း လူကိုချည်တုပ်ထားတတ်သေးတာ။

သူချက်ထားတဲ့ သခွားသီးဓားပြားရိုက်သုပ် ဆိုတာကြီး
ကို စားလိုက်မိတော့.......အားပါးပါး....ချဉ်လိုက်တာ
ဆိုတာ...သွားတွေတောင် ကျွတ်ထွက်ကုန်ပြီလား မှတ်ရတယ်။ဒီကောင်လေး ရှာလကာရည် တစ်ပုလင်းလုံးများ
ထည့်လာသလားမသိ။

"ဝမ်ရိပေါ်!!!မင်း...မင်းဘယ်လိုတွေ ချက်ထားတာလဲ။မင်းဟင်းက ချဉ်တဲ့အဆင့်ကိုကျော်ပြီး ခါးတဲ့အဆင့်ထိ​ရောက်နေပြီ"

"အစ်ကိုကလည်း ပိုပြီ..။ကျွန်တော်ကရှာလကာရည်
ကြိုက်လို့ နည်းနည်းလေးပိုထည့်ထားတာ"

"နည်းနည်းလေးဆိုတာ ဘယ်လောက်လဲ"

"ပုလင်းတစ်ဝက်"

"ဘာ!!!!ရှာလကာရည် ပုလင်းတစ်ဝက်က နည်းနည်း
လေး...!!။မင်းရူးနေတာလား ဝမ်ရိပေါ်"

"အစ်ကိုကလည်း...အဲ့လောက်ကြီးမဆိုးပါဘူး။
အစ်ကိုပြောမှပဲ ကျွန်တော့ဟင်းပွဲလေး ရစရာမရှိတော့ဘူး"

"မင်းဟာက အလွန်အကျွံကြီးလေ။ဒီဟင်းပွဲကိုစား
နိုင်တဲ့သူက​သေချာတယ်....လူမဟုတ်ဘူး"

"အဲ့လောက်ဆိုးစရာ အကြောင်းမရှိပါဘူး...။
မှန်း....ကျွန်တော်စားကြည့်မယ်"

ရိပေါ်က သူချက်ထားတဲ့ဟင်းကို ပြန်မြည်းကြည့်ပြီး..

"အဟမ်း....နည်းနည်းလေးချဉ်သွားတယ်"

"နည်းနည်းမဟုတ်ဘူး။များများ...။မင်းဒါနဲ့ဘယ်လိုစားမလဲ။တော်တော့ မစားနဲ့တော့။ငါချက်ထားတာပဲ
ယူစားတော့"

"ဟီး...အစ်ကိုကသဘောကောင်းလိုက်တာ။ဒါကြောင့်လည်းအရမ်းတွေကြည့်ကောင်းနေတာ"

"တော်စမ်း....လာမြှောက်မနေနဲ့"

"စားပါတော့မယ်..."

ထမင်းစားသောက်ပြီးတော့ ဝမ်ရိပေါ်က ဘယ်ကယူ
လာမှန်းမသိတဲ့ ဂစ်တာကြီးကိုကိုင်လို့ ဧည့်ခန်းမှာ
ထိုင်နေတယ်။

"အကိုဂစ်တာတီးတတ်လား"

"ဟင့်အင်း"

"ကျွန်တော် သင်ပေးရမလား"

"မင်းကတီးတတ်လို့လား"

"တီးတတ်တာပေါ့။အကိုနားထောင်မလား။ကျွန်တော်တီးပြမယ်"

"အင်း"

သာယာစွာနဲ့​ပေါ်ထွက်လာတဲ့ ဂစ်တာသံကြောင့်
ဝမ်ရိပေါ် ဂစ်တာတီးကျွမ်းကျင်တယ်ဆိုတာ​ရှောင်းကျန့်သိလိုက်တယ်။ ဂစ်တာသံခပ်ဆွေးဆွေးလေးနဲ့
တွဲဖက်ပြီး သီဆိုလိုက်တဲ့သီချင်းက Remember Me။

*Remember Me.....

Though I have to to say goodbye
Remember Me....

Don't let it make you cry

For even if I'm far away
I hold you in my heart

I sing a secret song for you
Each night we are apart

Remember me.....

Though I have to travel far
Remember Me.......

Each time you hear a sad guitar
Know that I'm with you
The only way that I can be

Until you're in my arms again
Remember Me.....*

ဒီသီချင်းလေးကို​ကောင်လေးရဲ့ အသံအေးအေးလေးနဲ့ တွဲဖက်ပြီးသီဆိုလိုက်တဲ့အခါမှာ ရှောင်းကျန့်အတွက်တော့ အလှပဆုံးနဲ့ အချိုမြိန်ဆုံး သီချင်းလေးတစ်ပုဒ်ပဲ။အာ...မှားလို့။
အချိုမြိန်ဆုံးတော့ မဟုတ်ဘူး။အချိုမြိန်ဆုံးသီချင်းလေးက ဝမ်ရိပေါ်ကိုယ်တိုင်ပဲမို့။

"အစ်ကို.....သတိရနေပေးပါဆိုတဲ့စကားကို အစ်ကို
ဘယ်လိုမြင်လဲ"

"ဟင်....."

"လူတွေက သူတို့ကိုအမေ့ခံလိုက်ရမှာကိုအကြောက်ဆုံးပဲမလား။ဒါကြောင့်လည်း သတိရနေပေးပါလို့
တောင်းဆိုကြတာပေါ့။ဒါပေမယ့် အဲ့ဒီတောင်းဆိုမှုကသိပ်ကိုအတ္တကြီးလွန်းတယ်လို့မထင်ဘူးလား။
သတိရခံချင်တဲ့သူတို့ရဲ့ဆန္ဒကြောင့် တစ်ဖက်လူရဲ့
စိတ်ထဲမှာဘယ်လောက်ကြီးမားတဲ့ဝန်ထုပ်ကြီးကို
ထမ်းထားရမလဲဆိုတာကိုမတွေးပေးကြဘူး။
နာကျင်ရလွန်းလို့ အရာရာကိုမေ့ပြီးအသစ်ကပြန်စ
ချင်ရင်တောင် သတိရပေးပါဆိုတဲ့စကားတစ်ခွန်း
ကြောင့် လက်မလွတ်နိုင်ဖြစ်နေရတဲ့သူအတွက်
မတရားဘူးလေ။သတိရပေးပါဆိုတဲ့စကားကို
ကျိန်စာတစ်ခုလို့ပဲကျွန်တော်ကတော့မြင်တယ်။
မလွတ်မြောက်နိုင်တဲ့ကျိန်စာဆိုးတစ်ခုနဲ့ချည်နှောင်
လိုက်ခြင်းပဲ...."

"ကိုယ်ကတော့ အဲ့လိုမတွေးမိဘူး။နာကျင်နေရတာ
တောင် ဒီလူကိုမမေ့နိုင်ဘူးဆိုကတည်းက ဒီလူက
သူ့အတွက်အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့ပဲ။
ဗလာစာအုပ်လေးတစ်အုပ်လိုပေါ့။ဆက်ရေးစရာ
စာမျက်နှာအလွတ်မရှိတော့ပေမယ့် ရေးခဲ့ဖူးတဲ့
စာလုံးလေးတွေတစ်လုံးချင်းစီတိုင်းက တန်ဖိုးထား
စရာပဲမဟုတ်လား။အဲ့လိုပဲ....။ဒီလူမရှိတော့ပေမယ့်
သူနဲ့အတူရှိခဲ့ဖူးတဲ့မှတ်ဥာဏ်လေးတွေက နာနာ
ကျင်ကျင် ဆုပ်ကိုင်ထားစရာလေးတွေမို့ပေါ့"

"အစ်ကို့မှာရော..အဲ့လိုသတိရနေရမယ့်သူရှိလား"

"ရှိတယ်ပဲဆိုရမှာပေါ့။ကိုယ့်ရဲ့မိဘတွေလေ။
မားနဲ့ပါးက ကိုယ်ငယ်ငယ်လေးကတည်းကဆုံးသွား
တာဆိုတော့ အမှတ်တရတော့များများစားစားမရှိခဲ့ဘူး။ကိုယ်မှတ်မိသလောက်အမှတ်တရတွေထဲမှာ
တော့သူတို့နှစ်ယာက်လုံးကိုယ့်ကိုချစ်ပေးခဲ့ပါတယ်။
မွေးရာပါ အမြင်အာရုံချို့ယွင်းနေတာမို့ မားနဲ့ပါး
ရဲ့မျက်နှာကိုမမြင်ဖူးပေမယ့် သူတို့မှာနွေးထွေးတဲ့
အပြုံးချိုချိုလေးတွေ ရှိမှာသေချာပါတယ်။မင်းလိုပေါ့"

"ကျွန်တော်ကလည်း အစ်ကို့အတွက်​နွေးထွေးစေတဲ့
တစ်ယောက်ပေါ့"

"မင်းမှာရော သတိရရမယ့်သူမရှိဘူးလား"

ရှောင်းကျန့်မေးခွန်းအဆုံးမှာ တိတ်ဆိတ်သွားတဲ့ဘရိပေါ်ကြောင့် မေးမိတဲ့ကိုယ့်ကိုယ်ကို အပြစ်တင်ချင်မိသွားတယ်။ သူစပ်စုလွန်းရာကျသွားတာလား။
ခနကြာတော့ ရိပေါ်ဆီက သက်ပြင်းချသံ သဲ့သဲ့
ကြားလိုက်ရတယ်။သူတကယ်မှားသွားတာပဲ။
ဒီမေးခွန်းကိုသူမမေးခဲ့သင့်ဘူး။

"မရှိပါဘူး"

"....."

"ကျွန်တော့မှာ သတိရရမယ့်သူမရှိဘူး"

"အင်း"

နှစ်ယောက်ကြားက​လေထုကတိတ်ဆိတ်သွားပြီး
အပ်ကျသံပင် ကြားရလောက်တဲ့အထိ...။
ရှောင်းကျန့် ဒီအခြေအနေကို တကယ်သဘောမကျဘူး။ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုကို သဘောမကျတာ မဟုတ်ပေမယ့် ဒီကောင်လေးရဲ့ တိတ်ဆိတ်မှုကိုတော့ သူတကယ်ကို သဘောမကျပါဘူး။

ဒီအခြေအနေကို သဘောမကျဘူးလို့သာ စိတ်ထဲကနေ အထပ်ထပ်အော်ဟစ်နေပေမယ့် ရှောင်းကျန့်တကယ်လုပ်မိတာက ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေး နေနေခဲ့မိတာပဲ။ သူကသတ္တိနည်းလွန်းပါတယ်။စတင်ခြင်းတွေကို သူမစွမ်းဆောင်နိုင်သေးဘူး။

"တကယ်တော့.....ကျွန်တော်လိမ်လိုက်တာ"

"အင်း။ကိုယ်သိတယ်"

"ဘာလို့လိမ်တာလဲလို့မမေးတော့ဘူးလား"

"ဟင့်အင်း..။မင်းကိုယုံချင်လို့ ဒီတိုင်းပဲထားလိုက်တော့မယ်"

"အစ်ကို....."

"အင်း။ပြောလေ.."

"ဟင့်အင်း..။ဘာမှမဟုတ်တော့ဘူး။ကျွန်တော်အိပ်
ချင်လို့ သွားအိပ်တော့မယ်။Goodnightပါ"

"Goodnightပါ ရိပေါ်"

ရိပေါ်က တစ်ခါတစ်ခါ အခုလိုလည်းပဟေဋိဆန်
တတ်သေးတာ။ ဒီကောင်လေးကPuzzleတစ်ခုလို...။ဖြေရှင်းဖို့ကြိုးစားလေလေ ပိုခက်ခဲလာလေပဲ။
ရိပေါ်ရဲ့စိတ်က ရေမျက်နှာပြင်လိုပဲ။တစ်ခါတစ်ခါ
ငြိမ်သက်နေတတ်သလို၊ တစ်ခါတစ်ခါမှာ လှိုင်းထန်နေတတ်တယ်။ဒါပေမယ့် အားလုံးကခနပဲ။
ဒါကြောင့်လည်း ဝမ်ရိပေါ်ကနားလည်ရခက်တဲ့လူလို့​ရှောင်းကျန့်ကမြင်တယ်။

စကားတွေ တတွတ်တွတ်ပြောနေရင်းနဲ့ ရုတ်တရက် တိတ်ဆိတ်သွားတာတွေ၊ မရယ်ရတဲ့ဟာသတွေကို ပြောရင်း အူလှိုက်သည်းလှိုက် ရယ်မောနေသံတွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ရှောင်းကျန့် ဖော်ထုတ်ဖို့ မကြိုးစားခဲ့ဖူးဘူး။
ဖော်ထုတ်ဖို့မလိုဘူးလို့လည်း သူကယူဆတယ်။
ဖုံးကွယ်ထားတဲ့ ဝမ်ရိပေါ်ရဲ့အခြားတစ်ဖက်ကိုမြင်နိုင်ဖို့ထပ် သူအခုလက်ရှိမြင်နေရတဲ့ ဝမ်ရိပေါ်ကိုပဲ ပိုပြီးနားလည်အောင် ကြိုးစားချင်တယ်။

ရိုးရှင်းတာကို သဘောကျတဲ့​ရှောင်းကျန့်က
ဝမ်ရိပေါ်ဆိုတဲ့ ခပ်ရှုပ်ရှုပ်ပုစ္စာလေးကိုတော့
စိတ်ရှည်လက်ရှည် အဖြေရှာချင်ပါသတဲ့....။

---------------------------------

ရှောင်းကျန့်အိပ်မလို့ကြံနေတုန်းမှာ တံခါးခေါက်သံ
ကြားလိုက်ရတာကြောင့် ထသွားပြီး တံခါးဖွင့်လိုက်
တော့....

"အစ်ကို"

"ရိပေါ်...မအိပ်သေးဘူးလား"

"ကျွန်တော်အိပ်လို့မရဘူး"

"ဟင်..ဘာဖြစ်လို့လဲ"

"အခန်းထဲကမီးကပျက်နေတယ်ထင်တယ်"

"ဟုတ်လား။အခန်းကမသုံးတာကြာနေလို့ဖြစ်မယ်"

"ကျွန်တော်....."

"အင်း။ဆက်ပြောလေ"

"ကျွန်တော်ကအမှောင်ကြောက်တယ်။မီးပိတ်ထား
ရင်မအိပ်တတ်ဘူး။ကျွန်တော်အိပ်ကြည့်ဖို့ကြိုးစားပါ
သေးတယ်။ဒါပေမယ့် မရဘူး"

"အဲ့တော့..."

"ကျွန်တော် အစ်ကို့အခန်းထဲမှာ အိပ်လို့ရမလား"

"......"

"အဆင်မပြေလည်းရပါတယ် အစ်ကို။ကျွန်တော်
ဧည့်ခန်းထဲကဆိုဖာပေါ်မှာပဲအိပ်လိုက်မယ်။အနှောက်အယှက်ပေးသလို ဖြစ်သွားရင်​တောင်းပန်ပါတယ်"

"ဆိုဖာပေါ်မှာဆိုရင်...မင်းခါးနာနေလိမ့်မယ်။
ကိုယ့်အတွက်က အဆင်မပြေစရာမရှိပါဘူး။ဝင်ခဲ့လေ"

"ဟုတ်။ကျေးဇူးပါ အကို"

ရှောင်းကျန့် သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့တယ်။တကယ်ဆို..သူကသူ့ပစ္စည်းတွေကို တခြားတစ်ယောက် ကိုင်တာကိုတောင် မကြိုက်တတ်တဲ့လူစားမျိုး။ အခုလိုအိပ်ယာတစ်ခုတည်းကို တစ်စုံတစ်ယောက်နဲ့ မျှသုံးဖို့ဆိုတာ ရှောင်းကျန့်အတွက်တော့ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးတဲ့အဖြစ်။ဒါပေမယ့် သူဘာလို့လက်ခံမိလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်ဘူး။

တစ်ယောက်နဲ့တစ်ယောက်​ကျောပေးထားတဲ့ အခြေအနေဆိုပေမယ့် ရှောင်းကျန့် တကယ်အဆင်မပြေ
ပါဘူး။အဆင်မပြေမှုရဲ့ အကြောင်းခံကတော့ ဝမ်ရိပေါ်ရဲ့ အသက်ရှူသံမျှင်းမျှင်းကို အတိုင်းသားကြားနေရ
တာကြောင့် ဖြစ်တယ်။မနှေးမမြန်နဲ့ ပုံမှန်ဖြစ်နေတဲ့
အသက်ရှူသံလေးကို အာရုံစိုက်နားထောင်နေမိတဲ့
ရှောင်းကျန့်ကိုယ်တိုင်ကတော့ အသက်ရှူ မြန်နေတာကိုသတိမထားခဲ့မိဘူး။

"အစ်ကို"

ရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့်​ရှောင်းကျန့်
စိတ်လှုပ်ရှားပြီး ကျုံ့ထိုးမိသွားသေးတယ်။
ဒီကောင်လေးက ရှောင်းကျန့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်လွန်းတယ်။

"ပြော..ပြောလေ"

"အစ်ကိုမီးဖွင့်ပြီးအိပ်လို့ရလို့လား"

"ကိုယ့်အတွက်မီးဖွင့်လည်းဘာထူးမှာလဲ။မြင်မှမမြင်
ရတာ"

"အာ..ဆောရီးနော်။ကျွန်တော်တစ်ချက်သတိမေ့သွားလို့"

"ရပါတယ်။မင်းကမီးဖွင့်ပြီးမှအိပ်တတ်တာမလား"

"ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမယ့် ဘေးမှာ
တစ်ယောက်ယောက် ရှိနေရင်တော့ မီးပိတ်ထားလည်းဖြစ်ပါတယ်။ ကျွန်တော်ကအမှောင်ထပ်
အထီးကျန်နေရတာကိုပိုကြောက်တယ်။Goodnightပါ အစ်ကို"

"Goodnight"

ထိုနေ့ညက​ရှောင်းကျန့် တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။ဘာလို့အိပ်မပျော်ရတာလဲဆိုရင် အိပ်ပျော်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ အသက်ရှူသံလေးကို တစ်ညလုံး ထိုင်နားထောင်နေခဲ့လို့ပါတဲ့။ ရူးကြောင်ကြောင်နိုင်လွန်းတဲ့ အကြောင်းပြချက်ပါပဲ။
ဒီကောင်လေးနဲ့ ပတ်သတ်ရင် ရယ်သံချိုချိူလေးကအစ အသက်ရှူသံလေးတွေအဆုံး အမြတ်တနိုးနဲ့
သိမ်းထားချင်တာ။

မျက်နှာလေးကို မမြင်နိုင်တဲ့ ဘဝမှာ အခွင့်ရှိသမျှအရာရာကို အမှတ်တရအဖြစ် သိမ်းဆည်းထားမယ်။
ရှောင်းကျန့်တတ်နိုင်တာ ဒီလောက်ပဲမို့။

တစ်ချိန်ကျရင် ရုန်းမရမှာကို သိသိလျက်နဲ့ပဲ
ရှောင်းကျန့်က ဝမ်ရိပေါ်ဆိုတဲ့ နွံကလေးမှာ
လိုလိုလားလားနဲ့ကို နစ်ဝင်ခဲ့တယ်။
_________________________________

Continue Reading

You'll Also Like

184K 18.7K 38
What's wrong with Professor Wang?
EGOISM By 🌼

Fanfiction

292K 35.4K 42
ရင္​ခုန္​ျခင္​းႏွင္​့ အတၱကမၻာ ရင်ခုန်ခြင်းနှင့် အတ္တကမ္ဘာ
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
179K 18.3K 92
နတ္ဘုရား မ်က္ရည္စက္ တစ္ခုကေန အစျပဳကာ သက္ေရာက္ခဲ့သည့္ လူသားတစ္ဦးႏွင့္ နတ္ဘုရားတစ္ပါး.. ဘဝျခင္း မတူေသာ္လည္း ခ်စ္ျခင္းေမတၱာ သည္မွာေတာ့ တူညီေနခဲ့သည္...