ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
32K 3K 409
EXO fanfiction More
Intro
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
Ch-1
1.6K 94 13
By maylapyaepyae
" သား yeolli ခနလောက်လာပါအုံးကွယ် "
" ဗျာ မေမေ လာပြီ "
အိမ်ပြန်ရောက်ရောက်ချင်း အမောတောင်မပြေသေးတာကို Wu Chanyeol ရေ မင်းတော့နားငြီးတော့မယ်။ မေမေနဲ့ကျွန်တော်စကားမပြောခင် ကျွန်တော့်အကြောင်း အရင်ပြောမယ်။ ကျွန်တော်က ဦး Wu kris နဲ့ ဒေါ် Tao တို့ရဲ့ တစ်ဦးတည်းသောသား။ အခုလက်ရှိအလုပ်ကိုင်ကတော့ ကျောင်းဆရာပေါ့။ ကျောင်းဆရာဆိုပြီး အထင်မသေးနဲ့နော်။ 10 တန်းမှာ All D နဲ့အောင်လာတာ။ ဆရာဝန်လုပ်ချင်ပေမဲ့ အိမ်ရဲ့တစ်ချက်လွှတ်အမိန့်တော်ကြောင့် ကျောင်းဆရာဘဝရောက်လာတာ။ အခုတော့လည်း ကျောင်းဆရာဘဝကို နှစ်သက်နေပါပြီ။ ကလေး တွေကို စာသင်ရတာ ပင်ပန်းပေမဲ့ ပီတိကိုစားရင်း ပြုံးပျော်ရတယ်လေ။ ကျွန်တော့်အကြောင်းတော်တော်ရှည်သွားပြီ နောက်မှဆက်မယ်။
" Wu chanyeol!!! "
" လာပြီဗျ ။ မေမေကတော့ တကယ်ပဲ။ ပြောလေ မေမေ ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ "
" aww သားကို မေမေ ​junလေးရဲ့သားနဲ့ နေရာချထားပေးချင်ပြီလို့။ သားကိုပြောလာတာလဲ အကြိမ်ပေါင်းမနည်းတော့ဘူးမလား  "
"ဟာဗျာ မေမေကလည်း စပ်စလူးစိန် က ငယ်သေးတဲ့ဟာကို "
" ဒေါက် "
" အား...မေမေ နာတယ်ဗျ။ "
" စပ်စလူးစိန်လို့မခေါ်နဲ့ပြောထားတယ်မလား "
" စပ်စလူးစိန်မလို့ စပ်စလူးစိန်လို့ခေါ်တာလေ။ မေမေ မကြိုက်ရင် စွာတေးလို့ ပြောင်းခေါ်မယ် "
" တယ် ဒီကောင်လေးတော့ ။ ထပ်ခေါက်ခံချင်နေပြီ "
"  မေမေကလည်း "
" တော်စမ်း yeolli ။ မေမေပြောတာနားထောင် "
" ဟုတ်😒 "
" မျက်နှာကမဲ့ရွဲ့မနေနဲ့ "
" မနေပါဘူး "
" Chanyeol !! "
" ဗျာ ဖေဖေ "
ဘေးက ထိုင်နေတဲ့ ဖေဖေ ကပါ ဝင်ပါလာတာကြောင့် အသံတောင်မထွက်ရဲတော့။
" မင်းမေမေပြောတာကိုပဲနားထောင်"
"ဟုတ်"
မေမေက
" Sooငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သား အချိန်ဆွဲနေတာကြာပြီ။ အခု soo လေးက 18 နှစ်ပြည့်ပြီ ။ သားအသက်လည်းမငယ်တော့ဘူး။ အဲ့တော့ သား အခု သူနဲ့လက်ထပ်ရမယ် "
" ဟာဗျာ ကျစ် ။ မေမေကလည်း ကျွန်တော့်အသက် အခုမှ 21 22 ပဲရှိသေးတာ။ ပြီးတော့ အဲ့ပေါက်စ ဘယ်လောက်ဆိုးလဲ မေမေတို့မသိတာကြနေတာပဲ "
" အဲ့ဒီအဆိုးလေးကို နိုင်တာ လည်းသားတစ်ယောက်ထဲရှိတယ်မလား။ ပြီးသားငယ်လေးက ချစ်ဖို့ကောင်းပါတယ်။ပြီးတော့ Soo လေးက သူ့အိမ်က အလိုလိုက်ထားလို့ပါ လိမ္မာပါတယ် သားရယ်"
Chan(pov): 'အဲ့စပ်စလူးလား လိမ္မာတာ ပြသာနာပေါင်း သောင်းခြောက်ထောင်ကို နားမနား၊ညမအား ရှာတာ အဲ့ပေါက်စပဲရှိတဲ့ဟာကို '
" ဒါနဲ့သူရော သိလား  "
" မသိသေးဘူး သား။ သားကိုအရင်ဆုံးမေးတာ "
" သား လက်မခံဘူးနော် မေမေ "
" လက်မခံရတဲ့ အကြောင်းပြချက်လေး ပြောကြည့်ပါအုံး"
" ဟာ မေမေ ကလည်း ကျွန်တော့်မှာ ချစ်ရတဲ့သူရှိတာသိရဲ့သားနဲ့ "
" သားချစ်ရတဲ့သူ ဟုတ်လားသား။သားကို သူ့ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ထားတာ သေချာလားသား။ မေမေ ကြားတာကတော့ သားအပြင်နောက်တစ်ယောက်ရှိနေတဲ့ပုံဘဲ "
" မဟုတ်ဘူး မေမေ ။ အဲ့တာက "
" တော်တော့သား ။ မေမေ ဒီထက်ပိုပြီး ထက်မပြောချင်ဘူး။ အဲ့ကောင်မလေးကိုမေ့လိုက်တော့သား။"
" ဟာ မေမေ ကျစ်...."
မေမေက သူ့ကိုဘာမှမပြောဘဲ ထွက်သွားတော့တယ်။ ဖေဖေကလည်း သူ့မိန်းမသဘောဆိုတဲ့အထာနဲ့ လိုက်သွားလေရဲ့။ ကောင်းတယ် Wu Chanyeol ရေ မင်းတော့ မြွေကိုက်ပြီပဲ။ တကယ်တော့ Chan KS ကို လက်မထပ်ချင်တာတော့မဟုတ် ဒင်းလေးက ဆိုးလွန်းတာကြောင့် လိမ္မာစေချင်သေးတာ ။ အခုတော့ လက်ထပ်ရတော့မယ်။ အိမ်ထောင်ကျပြီးမှပဲ လိမ္မာအောင်လုပ်တော့မယ်။
သူတို့အိမ်နဲ့ KS တို့အိမ်က ရွာမှာအချမ်းသားဆုံးအိမ်နှစ်အိမ်။ ပြီးတော့ နှစ်အိမ်လုံးက မိဘတွေကလည်း သူငယ်ချင်းတွေ။ ဖေနဲ့မေကလည်း သူငယ်ချင်း အချင်းချင်းပြန်ရတာလေ။ ဖေဖေ က မေမေ ဘာလုပ်လုပ်လို့ တစ်ခွန်းမှမပြောဘူး။ အခုလည်းကြည့် သူ့ကို လက်ထပ်ခိုင်းတဲ့ ကိစ္စကို ဘာတစ်ခုမှဝင်မပြောဘူး။ KS က Do yixing နဲ့ Kim Jungmyeon တို့ရဲ့ တစ်ဦးတည်းသောသား။ သူ့ကို စပ်စလူးဆိုပြီးပြောရတဲ့အကြောင်းရင်းက ဒင်းက ရွာက သူကြီးကိုတောင် ပတ်မွှေလာတာ။တစ်ရွာလုံးမှာ အဲ့စွာတေးစပ်စလူး ကြောက်တာဆိုလို့ ဆရာတော်ဘုရားရယ် ၊ သူရယ် နှစ်ယောက်ပဲရှိတာ။ သူ့အိမ်က လူကြီးတွေတောင်ပြန်မွှေတာ။ KS က Chan ကို ကျောင်းဆရာဖြစ်လာတဲ့အကြောင်းပြချက်ထဲက တစ်ခုပေါ့။ KS က Chan ကျောင်းဆရာဖြစ်မှာ အသေကြောက်တာ။ စာမရရင်သူ့ကိုရိုက်မှာကြောက်တာကြောင့် လုံးဝကျောင်းဆရာမလုပ်ခိုင်း။ ဒါပေမဲ့ Chan ကျောင်းဆရာလည်းဖြစ်ရော ဒင်းက Chan စိတ်ဝင်စားနေတဲ့ကောင်မလေး ကို ဒင်းကအတင်းအောင်သွယ်ပေးခဲ့တာ။ Chan နာမှာတော့ ချစ်တယ်လို့တောင်မပြောလိုက်ရပဲ ရည်းစားတစ်ယောက်ရခဲ့တယ်ပေါ့။ အကြံကတော့ သူ့ကို Chanက ဂရုမစိုက်အောင်တဲ့လေ။ ​ဟုတ်တယ် ဒီကောင်က ရည်းစားရသွားတာနဲ့ ဒင်းကို မေ့ပစ်မဲ့ကောင်ဆိုတော့။ သူ့ရှေ့မှာ ဂျီယွန်း တမင်တွဲပြခဲ့တယ်။ အဲ့ကတည်းက KS နဲ့ စကားမပြောဖြစ်ခဲ့သလို သွားတွေ့ဖို့ကြတော့လည်း ကျောင်းက အသစ်ဖြစ်တာကြောင့် ဒီနှစ်အတွင်း လုံးဝမအားခဲ့။ ဂျီယွန်းနဲ့လည်း ချိန်းတွေ့ဖို့နေနေသာသာ စကားတောင်မပြောဖြစ်။ အခုဆိုရင်အချိန်က 3 နှစ်လောက်တောင်ကြာသွားခဲ့ပြီ။ KS အသက်တောင် 18 နှစ်ပြည့်ခဲ့ပြီ။ ပေါက်စ 18 နှစ်ပြည့်တုန်းက ရွာမှမရှိခဲ့တာကြောင့် ပေါက်စနဲ့လည်းမတွေ့ဖြစ်သေး။ မနက်ဖြန်ကျောင်းပိတ် ရက် ဖြစ်တာကြောင့် ပေါက်စ နဲ့သွားတွေ့ရင်း လက်ထပ်ဖို့ကိစ္စကိုသွားမေးရမယ်။ အခုတော့ နားဖို့ ကိုသာစိတ်စောရင်း..........
T.B.C
အမှားပါရင် ခွင့်လွတ်ပေးပါ။ ကျွန်တော် Fic က 3 ပုဒ်လောက်ရေးနေတာဆိုတော့ စိတ်နှစ်ရတာက တကယ်အဆင်မပြောလို့ပါ။ ချစ်ခြင်းရဲ့ယဥ်ကျေးမှုကလည်း season 2 ရေးနေပါတယ်နော်။ ဖတ်ချင်ရင် Wp လာခဲ့ပေါ့။ Wp မှာပဲ တင်မှာပါ season 2 က ။ စာဖတ်သူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်။
Zawgyi
" ဗျာ မေမေ လာပြီ "
" Wu chanyeol!!! "
" ဒေါက် "
" အား...မေမေ နာတယ်ဗျ။ "
" တယ် ဒီကောင်လေးတော့ ။ ထပ်ခေါက်ခံချင်နေပြီ "
"  မေမေကလည်း "
" တော်စမ်း yeolli ။ မေမေပြောတာနားထောင် "
" ဟုတ်😒 "
" မနေပါဘူး "
" Chanyeol !! "
" ဗျာ ဖေဖေ "
"ဟုတ်"
မေမေက
" ဒါနဲ့သူရော သိလား  "
" မသိသေးဘူး သား။ သားကိုအရင်ဆုံးမေးတာ "
" မဟုတ်ဘူး မေမေ ။ အဲ့တာက "
" ဟာ မေမေ ကျစ်...."
T.B.C
Continue Reading
You'll Also Like
5.9K 803 13
တည်ငြိမ်နေတဲ့ရေပြင်ကို ကျောက်ခဲနဲ့ပေါက်မယ် ဒါတောင်မှမလှုပ်ရင် ကျောက်တုံးကြီးပစ်ချမယ် 27.01.22
591K 9.1K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
648K 32.6K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
798K 29.8K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...