မှောင်မိုက်လွန်းတယ် ။ ဘဝကအထီးကျန်ဆန်လွန်းတယ်။
နောက်ပြီး မချစ်တတ်တဲ့နှလုံးသားနဲ့လူတစ်ယောက်။ ဟုတ်တယ်။ မချစ်တတ်တာ ။ အချစ်ဆိုတာကို နားမလည်သေးတာ။
မီးအလင်းရောင်မရှိ တိတ်ဆိတ်လွန်းတဲ့ အမှောင်ကျနေတဲ့ အခနငယ်တစ်ခုအတွင်း တိုးဝင်လာတဲ့ မီးအလင်းရောင်လေး တစ်ဖြတ် ။ ကြားလိုက်ရတဲ့စကားသံနူးနူးညံ့ညံ့လေးက ပူလောင်နေတဲ့ဒဏ်ရာပေါ် သာယာမိစေသလို။
သုတ အခန်းငယ်ရဲ့ထောင်တစ်နေရာ မှာ ပြိုလဲကျနေပါသည်။ သို့ပေမဲ့ သူ့အိမ်ကို သူမိဘတွေ သိပ်ပြီးမဝင်မထွက်ဖြစ်ခဲ့ကြ။ အိမ်တစ်လုံးသူ နဲ့သုခသာ အတူရှိနေကြခြင်းပါ။ ခုသူအရမ်းပြိုလဲကျနေပြီ သူ့အနားခုဘယ်သူမှမရှိနေခဲ့ကြ။ သုတ ရင်တွေကွဲမတတ်ပါ။ သူမချစ်တတ်တဲ့နှလုံးသားကို သူအရမ်းမုန်းနေပြီထင်ပါတယ်။
" ဟာ အကို ဘာလို့ မှောင်ကြီးမဲကြီး တစ်ယောက်တည်းထိုင်နေရတာလဲ. မီးမဖွင့်ဘာမဖွင့်နဲ့"
လေသံပျော့ပျော့လေးတစ်ချက်နားထဲတိုးဝင်လာတော့ သုတ ခေါင်းလေးမေ့ာပြီး လှမ်းကြည့်လိုက်တယ် ။
မျက်နှာမှာ နာကျင်မှု့တွေအပြည့်နဲ့။
"ဘာရယ် မဟုတ်ပါဘူး။ ငါအမှောင်ကိုကြိုက်လို့"
သုတဘယ်လောက်ပြိုလဲနေပါစေ။ သုခကိုတော့ သူ့ခံစားချက်တွေ မမြင်စေချင်။
"နေမကောင်းလို့လား"
သုတရဲ့ အနားကိုလျှောက်သွားရင်း သုတရဲ့နှဖူးလေးပေါ်သူရဲ့လက်လေးတင်ရင်း ကိုယ်ပူနေသလားဆိုတဲ့ စိုးရိမ်စိတ်နဲ့မေးပါသည်။
"ကိုယ်လည်းမပူပါဘူး ဘာဖြစ်လို့လဲ"
သုခလည်း သူ့အခန်းထဲပြန်သွားရန် ထလိုက်ချိန်တွင်
"သုခထည်ဝါ"
လေသန်မာမာနဲ့ လှမ်းအခေါ် သုခ အံသြစွာနောက်သို့ပြန်လှည့်လာပါသည်။
"မင်းက ငါ့ကိုဘာလို့ စိတ်ပူနေတာလဲ"
"ဟို အကို က ကျနော့်ကျေးဇူးရှင်လည်း ဖြစ်တယ် နောက်ပြီး အကို့ကို ဂရုစိုက်ဖို့ ဦးလေးတို့အန်တီတို့က ကျနော့ကို မှာထားလို့"
"အဲ့ဒါကြောင့်လား"
"ဟုတ် ဟုတ်ပါတယ် ဘာဖြစ်လို့လဲ အကို"
"ဘာမှမဟုတ်ဘူး သွားတေ့ာ"
သုတသွားတော့လို့ အော်လိုက်တဲ့ အသံမှာ သုခ အနည်းငယ်လန့်သွားခဲ့ပါတယ်။
သုတလည်းသုခထွက်သွားသည့်အချိန် ဘေးနားရှိ သဘတ်ကို လှမ်းယူရင်း ရေချိုးခန်းထဲ ဝင်သွားလေတယ်။
သုခလည်းအခန်းထဲ ပြန်ရောက်လာပြီး
အကိုက ဘာဖြစ်ပြန်ပြီလဲ သူ့စိတ်ကအလိုမကျအမြဲဖြစ်နေတော့တာပဲ
သူစိတ်ထဲ တစ်ခုခုဖြစ်နေတာများလား
သူ့ကောင်မလေးတစ်ယောက်ယောက်ကြောင့်ဖြစ်တာနေမှာပပါလေ။
ဘောင်းဘီအိပ်ကပ်ထဲကဖုန်းကို ဘေးနားကစားပွဲပေါ်လှမ်းတင်လိုက်ပြီး ကုတင်ပေါ် သက်သောင့်သက်တာ လှဲလိုက်ပါသည်။
အိပ်ပျော်သွားသည့်အချိန်ကျမှ ကလင် ကလင် လင်......ဖုန်း တီးလုံးသံသည်အဆက်မပြတ်ထွက်ပေါ်လာပါသည်။ သုခလည်းအရမ်းပင်ပန်းလာသည့်အတွက် မထချင်လောင်အောင် မျက်လုံးများကမပွင့်
ဘေးနားက အဆက်မပြတ်သော ဖုန်းသံကြောင့် ဆက်အိပ်လို့မရတော့ဘဲ ဖုန်းကို လှမ်းယူလိုက်ပါသည်။
ဖုန်းနံပါတ်အစိမ်းတစ်ခုကြောင့် ဘာလဲကွာ ဒီအိပ်ကောင်းတဲ့အချိန်ကြီးကြမှ
"ဟယ်လို "
"ဟုတ်ကဲ့အမိန့်ရှိပါ။ ကျနော် သုခ..."
"သိပါတယ် "
"အန် "
"ဟုတ်တယ် ငါက မင်းရဲ့ ရန်ဖက်ကြီးလေ "
"ဘယ်လို ကျနော့် ရန်ဖက် "
"ဟုတ်တယ် ငါက မင်းရဲ့ရန်ဖက်ကြီး ပြီးတော့ မင်းမေ့နေမှာဆိုးလို့ သတိလာပေးတာ "
"ဟာ မဖြစ်နိုင်တာ ကျနော်ဘယ်သူ့ကိုမှ ရန်ဖက်အဖြစ်မသတ်မှတ်ပါဘူး"
"တော်စမ်း မင်းမသတ်မှတ်ပေမဲ့ ငါသတ်မှတ်တယ် "
ဒေါသတွေနဲ့ပြည့်နေ့တဲ့ မိန်းကလေးအသံကို သုခ မယုံနိုင်။ ငါမိန်းကလေးတွေနဲ့ မပတ်သတ်ခဲ့ဖူးပါဘူး ဘာကိစ္စကြောင့်များ ငါ့မှာရန်ဖက်ရှိသွားရတာလဲ။
"ပြီးတော့ မင်းနေပြန်ကောင်းလာပေမဲ့ ငါကမင်းသေတဲ့အထိနှောက်ယှက်နေဦးမှာ "
"ခင်ဗျားက ဘယ်သူလဲ ဘာရန်ညိုးရန်စရှိနေခဲ့လို့လဲ
ပြီးတော့ ဘာလို့ကျနော့်ကို သတ်ချင်နေရတာလဲ"
"မင်းတကယ်မသိဘူးပဲကိုး မင်းကိုသုတက မပြောခဲ့ဘူးခဲ့ဘူးထင်တယ်"
"ဗျာ အကို အကိုက ဘာကိုမပြောခဲ့တာလဲ"
"မင်းကို သုတက မုန်းနေတာ ပြီးတော့
မင်းက သူ့အမွေတွေကို ခွဲယူမဲ့သူလို့ မင်းကိုထင်နေတာ"
"မဟုတ်ဘူး မဖြစ်နိုင်တာဗျာ အကိုက ကျနေ့ာ်ကို ဘာလို့မုန်း မုန်းရမှာလဲ မဖြစ်နိုင်ဘူး"
"တကယ်မင်းမယုံရင်လေ ငါမင်းကို သတ်သေပြမယ်
မင်းကို လူတွေဝိုင်းရိုက်ပြီး မင်းကိုကားနဲ့တိုက်ခိုင်းခဲ့တာလဲ သုတကိုယ်တိုင်ပဲ "
"အကို မလုပ်ပါဘူး ကျနော် ယုံတယ် အကိုက အဲ့လိုလူမျိုးမဟုတ်ဘူး"
"မင်းက သိပ်အယုံလွယ်တာကို မင်းယုံကြည်တဲ့သုတက
မင်းကိုသိပ်မုန်းတယ်ဆိုတာ မင်းတစ်နေ့သိလာလိမ့်မယ်"
"အကိုက ကျနော့်ကို တကယ်ပဲမုန်းနေတာလား"
"ဒါပေါ့ မင်းကိုသတိလာပေးတာ "
"......"
သုခကိုင်ထားတဲ့ဖုန်းလေးလက်ထဲက လွှတ်ကျသွားခဲ့တယ် ။ ပြီးတော့ သူအတွေးနယ်ချဲ့နေမိတယ်။
အကိုက ငါ့ကိုဘာကြောင့်များ သတ်ချင်ရတာလဲ။
သူတကယ်ပဲ ငါ့ကိုမုန်းနေတာလား ။ ဟုတ်မှာပါလေ ငါက ဘာမှသွေးမတော်သားမစပ် လူတစ်ယောက်။
အကို့မိဘတွေက ငါ့ကိုမွေးစားထားခဲ့တာ။
ငါ့အဖေ အမေဘယ်သူရယ် ဆိုတာ ငါမသိရဘူး ။ ငါကတကယ်တော့ မိဘမရှိတဲ့တစ်ကောင်ကြွက် ။
ငါ့ကို သူမုန်းတာမဆန်းပါဘူးလေ ။
ငါဒီမှာဆက်နေရင် ငါ့ကိုပိုမုန်းနေမှာ။ ငါ ငါထွက်သွားသင့်လား ။ မဖြစ်ဘူး ငါ့အကိုနားကထွက်သွားရင် ငါရူးသွားနိုင်တယ်။ ငါအကို့ကိုချစ်တယ်။ အကိုငါ့ကို မုန်းနေပေမဲ့လည်း ငါချစ်တယ်လေ။
အတိုင်းအဆမရှိကျဆင်းလာတဲ့ မျက်ရည်စတွေကို လက်နဲ့ဖယ်ထုတ်ရင်း တစ်ယောက်တည်းငိုကြွေးနေခဲ့တယ်။
ထိုကလေး ငိုနေခဲ့တာ ဲအဲ့ဒီတစ်ညလုံးတဲ့ သူအငိုမတိတ်နိူင်ခဲ့။ ယောကျာ်းလေးတစ်ယောက်ပေမဲ့ အားငယ်တတ်တဲ့သူ။ အားငယ်တယ်ဆိုလို့ ကျနော်က အခြောက်တော့မဟုတ်ဘူးနော် ။ကျနော်က အကို့ကိုပဲချစ်တဲ့ယောကျ်ားတစ်ယောက်ဖြစ်နေတာတစ်ခုပဲ။
နာကျင်တာလား။ ထွက်ပြေးချင်မိလား ။ မဝေခွဲနိုင်ဘူး ရက်စက်ပါတယ် အကိုရယ် သေစေချင်ခဲ့တယ်ဆိုရင ဘာအတွက်များ ကျနော့်ကို ဂရုစိုက်ပေးခဲ့ဖူးရတာလဲဗျာ။
ထိုအခန်းငယ်အတွင်း ငိုကြွေးသံတွေအပြည့်နဲ့ ကုတင်အထက်သုခဆိုတဲ့ကောင်လေးတစ်ယောက် အိပ်ပျော်သွားခဲ့တယ်။
.............................
ဒေါက် ဒေါက် ဒေါက်..
တံခါးခေါက်သံအဆုံး ဦးဟိန်းထက်ရာဇာ တံခါးသွားဖွင့်ခဲ့ပါသည်။
"ကိုထက်ရှိန်ဝါ ဘယ်လိုရောက်လာတာလဲ "
ဦးဟိန်းထက်ရာဇာက ဝင်လာတဲ့ ဦးထက်ရှိန်ဝါကို အံ့သြစွာမေးနေပါသည်။
"ဟုတ်တယ်။ မင်းကိုလည်းတွေ့ချင်လို့ဝင်လာခဲ့တာ။
ငါ့သမီးက ဒီပြန်ရောက်နေတာလေ။ ခုတောင်ဒီမှာ အလုပ်ရနေပြီ"
"အော် ဟုတ်လား သမီးလေးရွဲကော မပါဘူးလား"
"မပါလာဘူးလေ နက်ဖန် သူ(၂၂)နှစ်ပြည့်တာလေ
မွေးနေ့ပွဲလေး လာဖို့ဖိတ်တာ ။ ပြီးတော့သားနှစ်ယောက်ကိုလည်း ခေါ်ခဲ့ဦးနော်"
"အော် ဒါများကိုထက်ရှိန်ဝါရယ် အိမ်ထိလာ ပင်ပန်းတာပေါ့ ဖုန်းဆက်လိုက်ပြီးရော"
"လူကိုယ်တိုင်ဖိတ်တော့ အားမနာရတော့ဘူးပေါ့ဗျာ"
"ဟုတ်ပါပီဗျာ ကျနော် နက်ဖန်လာခဲ့ပါ့မယ် သမီးလေးရွဲနဲ့လည်းမတွေ့တာကြာပြီ "
"ဒါဆို ကျနော် ပြန်လိုက်ပါဦးမယ် ခွင့်ပြုပါဦး"
"ဂရုစိုက်ပြန်ပါ"
ဦးထက်ရှိန်ဝါပြန်သွားပြီးအကြာ သုတရုံးကိုဖုန်းဆက်ပါတော့သည်။
"သား နက်ဖန် ည အဖေ့သူငယ်ချင်းရဲ့သမီးမွေးနေ့ပွဲရှိတယ် ။ ဖိတ်စာပေးသွားတယ် သားနဲ့သုခကိုလည်းခေါ်ခဲ့ပါဆိုလို့ "
"အော် ဟုတ်အဖေ နက်ဖန်ကျရင် အဖေ့အိမ်ကိုစောစောလာခဲ့ပါ့မယ်"
"အေးအေး သုခကော ဘယ်မှာလဲ "
"သူရှိပါတယ် ။ ဒီနေ့ မီဒီယာတွေရဲ့ဆွေးနွေးပွဲသွားခိုင်းလိုက်လို့ပါ"
"အေးအေး ဒါပဲကွာ အဲ့ဒါလှမ်းပြောတာ"
"ဟုတ်ကဲ့အဖေ"
သုတလည်း လက်ထဲက လချုပ်စာရင်းတွေကိုပြန်စစ်ဆေးရင်း ကုလားထိုင်တွင်မှီရင်း
ခေါင်းကို လက်ဖြင့်နှိပ်နေလေသည်။
သုခလည်း ဆွေးနွေးပွဲအပြီး အိမ်ကိုသာတမ်းပြန်လာခဲ့သည်။ ပြီးတော့ မော်ဒယ် ရွဲရှိန်ဝါကလည်း သူ့ကိစ္စရှိတယ်ဆိုပြီးစောစောပြန်သွားတယ်။
သုတကတော့ ရုံးမှာအလုပ်တွေကြောင့် ပင်ပန်းနေလေသည်။
သုခလည်း အိမ်ရောက်ရောက်ခြင်း မနေ့ကတစ်ညလုံး
စိတ်ပင်ပန်းခဲ့တာကြောင့် စောစောနားလိုခြင်းဖြစ်သည်။
ညနေရုံးဆင်းချိန်လည်းရောက်ရောသုတ အိမ်ကိုအမြန်ပြန်လာခဲ့သည်။
သုခကို မနက်ကတည်းကလွှတ်လိုက်တာ အခုထိ
ရုံးပြန်ရောက်မလာခဲ့တာကြောင့်ပင်ဖြစ်သည်။
သုတ လည်း အိမ်အခန်းထဲမီးပွင့်နေသဖြင့်သုခ ပြန်ရောက်နေတာကို သိလေသည်။ အိမ်ထဲဝင်ဝင်ခြင်း ရုံးအိတ်ကို ဧည့်ခန်းထဲတွင်သာပြစ်ထားပြီး
သုခရဲ့အခန်းသို့ တတ်လာခဲ့သည်။
သူ အခန်းဝလည်းရောက်ရော
မှေးဆက်စွာ အိပ်ပျော်နေတဲ့ ကောင်လေးကို တွေ့တာနဲ့ သူ့ရဲ့အနားနားသွားပြီး သုခရဲ့ဆံပင်ဝဲဝဲလေးတွေကိုဆော့ကစားနေသည်။
သုခလည်း အိပ်ပျော်နေရာက လှုပ်နိုးလာပြီး
"အကို ကျနော့် ကိုခွင့်လွှတ်ပါနော် ။
ကျနော် အရမ်းပင်ပန်းနေလို့ အိပ်တန်းပြန်လာခဲ့တာ
အကို့ကို မထိမဲ့မြင်လုပ်တာမဟုတ်ပါဘူး "
"အေးပါ ငါဘာပြောလို့လဲ မနက်ဖန်ညကျရင် အဖေ့ဆီသွားရမယ် ပြီးတော့ လက်ဆောင်တစ်ခုပါပြင်ထား ငါဖုန်းဆက်လိုက်မယ် မနက်ဖန်လည်းမင်းရုံးမတတ်နဲ့တော့ရတယ် နားနေလိုက်"
"ဟုတ် ဟုတ်ကဲ့"
သုတပြောပြီးပြီးချင်း အခန်းထဲကထွက်သွားလေသည်။ သုခလည်း သုတထွက်သွားပြီး မှေးဆက်စွာအိပ်ပျော်သွားခဲ့သည်။
.............................
"ဒီရေ ဆိုတာ မင်းလား"
"ဟုတ်ပါတယ် ဘာလို့လဲ မသိ"
"ကျမက မာယာပါ "
"ဟုတ်ကဲ့ ကျနော့်ကို ဘယ်လိုသိတာလဲ"
"မင်းက သုတရာဇာရဲ့အချစ်ဆုံးသူငယ်ချင်း မလား"
"ဟုတ်ပါတယ် ဒါနဲ့ဒီက ဘယ်လိုပတ်သတ်နေလို့လဲ"
"မင်းကိုသုတက မပြောဖူးဘူးလား"
"ဘာကိုပြောရမှာတုန်း ခင်ဗျား စကားပြောတာ အရမ်းရစ်နေတယ် လိုရင်းပြောတော့ဗျာ"
"အို မင်းကလည်း စိတ်မရှည်လိုက်တာ "
"ကျနော်က ခင်ဗျားကိုမှမသိတာ"
ဒီရေလည်း နဂိုက သုတလိုပဲ စိတ်မရှည်တတ်တဲ့သူဆိုတော့ ဘုကလန့် ပဲပြောလိုက်တော့
ဘေးနားကပါလာတဲ့ ကောင်မလေးက
"ဒီလိုပါ သူက မာယာတဲ့ သုတရာဇာရဲ့ အရင် ရည်းစားဟောင်း ဆိုတာပေါ့"
"အော် ဒဲ့ပြောလည်းရရဲ့သားနဲ့"
"ဟုတ်တယ် တို့က မာယာပဲ ။ မင်းကို အကူညီတောင်းစရာရှိလို့ "
"ဘာကူညီရမှာလဲ"
"မင်းကတိတော့တည်ဖို့လိုတယ်."
"ကူလည်းကူညီရဦးမယ် ကတိလည်းတည်ရဦးမယ် ။
ပြီးတော့ခင်ဗျားကလေသံက မာသေး"
"ဒီလိုပါအကို ဒီရေရယ် သူက အကို့အကူညီလိုနေတာ ကူညီပေးလိုက်ပါ "
"မင်းကတော့စကားပြောတာ ချိုပါတယ် ငါလည်းကူညီနိုင်ရင်တော့ ကူညီပါ့မယ် "
"ကျေးဇူးတင်လိုက်တာရှင် ဒီမှာ ကျမရဲ့ ကဒ်ပါ"
"ဟုတ်ပါပြီ ဒါနဲ့ မင်းနာမည်ပဲပြောခဲ့တော့ မင်းရဲ့မာယာနဲ့က စကားပြောရတာ အဆင်မပြေဘူး"
"ကျမ နာမည်က အေရီရယ်ပါ"
"ဟုတ်ပြီ ဒါဆို ကျုပ်ကိုခု ခွင့်ပြုပါဦး အလုပ်ကိစ္စလေးရှိသေးလို့"
"ဟုတ်ကဲ့ ကူညီနိုင်မယ်လို့မျှော်လင့်မိတယ်ရှင်"
ဒီရေ လည်း ထိုင်နေရာကနေကားဆီသို့ ဦးတည်သွားပြီး ကော်ဖီဆိုင်ရှေ့ရှိကားလေးတစ်စီးထွက်ခွာသွားလေသည်။
နဲနဲပေါ့သွားသလိုပဲ ဒါပေမဲ့နောက်အပိုင်းတွေ ကြရင် ပိုပြီးခံစားမျုတွေလာမယ်နော်
ချစ််တယ်ရှင် ဖတ်ပေးကြတဲ့ လူတွေအကုန်လုံးနဲ့ voteလေးတွေမြင်ရတော့အရမ်းပျော်တယ်။ 🤗🤗
12. မမုန်းပါနဲ့ 💔
လေသံပျော့ပျော့လေးတစ်ချက်နားထဲတိုးဝင်လာတော့ သုတ ခေါင်းလေးမော့ပြီး လှမ်းကြည့်လိုက်တယ် ။
"နေမကောင်းလို့လား"
"သုခထည်ဝါ"
"အဲ့ဒါကြောင့်လား"
"ဘာမှမဟုတ်ဘူး သွားတော့"
"ဟယ်လို "
"ဟုတ်ကဲ့အမိန့်ရှိပါ။ ကျနော် သုခ..."
"သိပါတယ် "
"အန် "
"ဘယ်လို ကျနော့် ရန်ဖက် "
"မဟုတ်ဘူး မဖြစ်နိုင်တာဗျာ အကိုက ကျနော့်ကို ဘာလို့မုန်း မုန်းရမှာလဲ မဖြစ်နိုင်ဘူး"
"......"
.............................
ဒေါက် ဒေါက် ဒေါက်..
"ဂရုစိုက်ပြန်ပါ"
"ဟုတ်ကဲ့အဖေ"
"ဟုတ် ဟုတ်ကဲ့"
.............................
"ဒီရေ ဆိုတာ မင်းလား"
"ကျမက မာယာပါ "
"ဘာကူညီရမှာလဲ"
"ကျမ နာမည်က အေရီရယ်ပါ"
ချစ်တယ်ရှင် ဖတ်ပေးကြတဲ့ လူတွေအကုန်လုံးနဲ့ voteလေးတွေမြင်ရတော့အရမ်းပျော်တယ်။ 🤗🤗