I Can Hear Your Voice (Comple...

By Light730

501K 60.3K 1.5K

The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits... More

I Can Hear Your Voice - 1(Z,U)
I Can Hear Your Voice -2(Z,U)
I Can Hear Your Voice - 3(Z,U)
I Can Hear Your Voice - 4(Z,U)
I Can Hear Your Voice - 5(Z,U)
I Can Hear Your Voice-6(Z,U)
I Can Hear Your Voice - 7(Z,U)
I Can Hear You Voice-8(Z,U)
I Can Hear Your Voice-9(Z,U)
I Can Hear Your Voice-10(Z,U)
I Can Hear Your Voice-11(Z,U)
I Can Hear Your Voice-12(Z,U)
I Can Hear Your Voice-13(Z,U)
I Can Hear Your Voice-14(Z,U)
I Can Hear Your Voice-15(Z,U)
I Can Hear Your Voice-16(Z,U)
I Can Hear Your Voice-17(Z,U)
I Can Hear Your Voice-18(Z,U)
I Can Hear Your Voice-19(Z,U)
I Can Hear Your Voice-20(Z,U)
I Can Hear Your Voice-21(Z,U)
I Can Hear Your Voice-22(Z,U)
I Can Hear Your Voice-23(Z,U)
I Can Hear Your Voice-24(Z,U)
I Can Hear Your Voice-25(Z,U)
I Can Hear Your Voice-26(Z,U)
I Can Hear Your Voice-27(Z,U)
I Can Hear Your Voice-28(Z,U)
I Can Hear Your Voice-29(Z,U)
I Can Hear Your Voice-30(Z,U)
I Can Hear Your Voice-31(Z,U)
I Can Hear Your Voice-32(Z,U)
I Can Hear Your Voice-33(Z,U)
I Can Hear Your Voice-34(Z,U)
I Can Hear Your Voice-35(Z,U)
I Can Hear Your Voice-36(Z,U)
I Can Hear Your Voice-37(Z,U)
I Can Hear Your Voice-38(Z,U)
I Can Hear Your Voice-The End (Z,U)
Extra-2
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9
Extra-10
Extra-11(Final Part)
I Can Hear Your Voice-39(Z,U)
I Can Hear Your Voice-40(Z,U)
စျေးဗန်း(ေစ်းဗန္း)
(ေတာင္းပန္ျခင္းႏွင့္အသိေပးျခင္း)

Extra-1

8.8K 994 17
By Light730

(zawgyi)

" ျမန္ျမန္လုပ္ၾကေဟ့... ပုလဲ ကိုဆက္က အခုထိ
ဆင္းမလာေသးဘူးလား ေခၚလိုက္ေတာ့ဟ..."
ပုလဲက ေစာင္ေတြ အေႏြးထည္ေတြ မိုးကာ အက်ႌေတြလိုရမယ္ရ ထည့္ထားသည့္ျခင္းေတာင္းကို ကိုင္ေနရင္းမွ စစ္ေသြးကို မ်က္ေစာင္း လွမ္းထိုးသည္။အိမ္ထဲဝင္ၿပီး အေပၚတစ္ေခါက္ျပန္တက္ေနရသည္က ဒင္းေၾကာင့္ပဲမဟုတ္လား။
ဒင္းကို ကင္မရာ ယူခဲ့ခိုင္းတာေလ ဒါကို ဒင္းကေမ့
လာေတာ့ အကုန္လံုးၿပီးစီးၿပီးအိမ္ေတာင္ေသာ့ခတ္
ၿပီးေနသည့္ သူမေယာက်ာ္းက အိမ္တံခါးေသာ့ဖြင့္ အေပၚတစ္ေခါက္ထိတက္ယူရတာေပါ့။

သူမတို႔ သူငယ္ခ်င္းတစ္စု ဘိုေကာင္းရဲ႕ အကူအညီနဲ႔ ရွမ္းျပည္ဘက္က ရြာေလးတစ္ရြာကို သြားလည္ၾကမလို႔ျဖစ္သည္။သူမ မဂၤလာေဆာင္ၿပီးကတည္းက ခရီးထြက္ျခင္းမရွိ။ဝိုင္ႏွင့္ ဖုန္းေျပာရင္း စကားစပ္မိခါမွခရီးထြက္ခ်င္သည္
ဟု ေျပာေလေတာ့ ဘိုေကာင္းႏွင့္စစ္ေသြးကို ဝမ္းသာအားရ ဆက္သြယ္လိုက္သည္။ဘိုေကာင္းက ရွမ္းျပည္ဘက္မွာေနထိုင္သည့္
သူ႔သူငယ္ခ်င္းဆီ အလည္သြားရန္ရွိသည္ဆိုေတာ့
သူငယ္ခ်င္းေတြ ေပ်ာ္ေပ်ာ္ပါးပါးခရီးသြားႏိုင္ရန္ ဘိုေကာင္း၏ သူငယ္ခ်င္းေတြဆီဆက္သြယ္ကာ ခရီးတစ္ခုစီစဥ္လိုက္ျခင္းျဖစ္သည္။

ဘိုေကာင္းဆီက ၾကားသိရသေလာက္ေတာ့ ရြာေလးက သစ္ရိပ္ဝါးရိပ္ေတြႏွင့္ ေအးခ်မ္းကာ အရမ္းသာယာဖို႔ ေကာင္းသည္ဟုပင္။လက္ဖက္ခင္းေတြ
လိေမၼာ္ျခံေတြႏွင့္ ေတာေတာင္တန္းေတြေပါသည့္
ေနရာေဒသျဖစ္သည္။ေဆာင္းတြင္းျဖစ္သည့္အျပင္
ရွမ္းျပည္ဘက္ကရြာေလးဆိုေတာ့ သူမတို႔ ေစာင္ေတြ အေႏြးထည္ေတြကို လံုလံုေလာက္ေလာက္ယူလာရသည္ ။ေနာက္ၿပီးႏွစ္ေယာက္အိပ္Tent ေလးေတြ။ထိုရြာေလးမွာရွိသည့္ ဆင္ေတာင္ဟုေခၚသည့္
ေတာင္ကို သူမတို႔တစ္ေပ်ာ္တစ္ပါးျဖင့္ တက္ၾကရန္ျဖစ္သည္။တစ္ခါမွေတာင္မတက္ဖူးသည္
ျဖစ္ရာ လိုအပ္မည္ထင္သည့္အရာေတြကိုေတာ့ အားလံုးတိုင္ပင္ၿပီး စုယူခဲ့ၾကသည္။အားလံုးယူ
ၿပီးကားထဲထည့္ၿပီးၾကကာ ျပည့္စံုမစံုေသခ်ာစြာ
စီစစ္ၿပီးမွ ကားေနာက္ဖံုးကိုပိတ္လိုက္ၾကသည္။ေနာက္
ကားထဲသို႔ဝင္ကာ ေနရာအသီးသီးယူလိုက္ၾကသည္။

ကားထဲသို႔ေရာက္ေတာင္ မ်က္ႏွာႀကီးသုန္မွဳန္ကာ
ဝိုင့္ကို အဖက္မလုပ္ပဲ တစ္ဖက္သို႔လွည့္ထားသည့္ေသာ္ေၾကာင့္ ဝိုင္သက္ျပင္း ခ်မိသည္။ေပ်ာ္ေပ်ာ္ပါးပါး ခရီးထြက္ၾကပါမည္ဆိုမွ ဒီလိုႀကီးစိတ္မညစ္ခ်င္ပါ။သို႔ေသာ္ ကားစေမာင္းထြက္ကတည္းက
ေသာ္ကစကားတစ္ခြန္းမွမေျပာ။ပုလဲတို႔ဘိုေကာင္း
တို႔က အစီအစဥ္ေတြဘာေတြညာေတြနဲ႔ တိုင္ပင္ေနၾကတာကို ေသာ္ကတစ္ခြန္းမွဝင္မေျပာ။ေသာ္ စိတ္မပါလက္မပါႀကီးျဖစ္ေနတာကို ပုလဲတို႔သိသြားရင္
မေကာင္း။ေသာ္က သူငယ္ခ်င္းေတြစုၿပီး ခရီးထြက္
ၾကမည္ဆိုေတာ့ မထြက္ခ်င္။ဝိုင္ႏွင့္ ခ်စ္သူစျဖစ္ၾကကတည္းက ေသာ္ကခရီးတစ္ခုထြက္ခ်င္ေနခဲ့တာ။

အလုပ္ေတြမအားအလပ္ ျဖစ္ေနသည့္ ၾကား မရမက ေသာ္ ခြင့္ယူၿပီးေတာ့မွ
ဘယ္သြားရမလဲ ဝိုင္ႏွင့္ ႏွစ္ေယာက္သား စီစဥ္ေနၾကတုန္း ပုလဲက သူမ ခရီး
ထြက္ခ်င္ေနသည့္ အေၾကာင္းဖုန္းဆက္ေျပာလာေလေရာ။အဲ့ဒီ့မွာ
ဝိုင္ကလည္း ခရီးထြက္ခ်င္သည့္ အေၾကာင္းျပန္ေျပာရင္း အခုလိုခရီးထြက္ျဖစ္ခဲ့ၾကသည္။

အဲ့ဒီ့မွာ ေသာ္က စေဖာက္ေတာ့တာပဲ။လြတ္လြတ္လပ္လပ္ ဝိုင္ႏွင့္ ႏွစ္ေယာက္တည္း ေသာ္က သြားခ်င္တာ။ဝိုင္က ႏွစ္ေယာက္တည္းဆို ပ်င္းေနမွာသိတာမို႔လို႔ ပုလဲစီစဥ္သည့္
ခရီးစဥ္ကိုလက္ခံလိုက္တာ။ဘိုေကာင္းကလည္း သူ႔သူငယ္ခ်င္းအလည္ေခၚထားတာ သြားရမွာႏွင့္ အံကိုက္ျဖစ္သြားခဲ့သည္ေပါ့။အဲ့မွာ တစ္ပတ္တည္းႏွင့္ ရွမ္းျပည္ဘက္ကို ခရီးထြက္ဖို႔ အျမန္စီစဥ္ခဲ့ၾကသည္ေလ။တက္ႂကြေနၾကသည့္ အုပ္စုထဲေတာ့ ေသာ္မပါခဲ့ဘူး။

ေသာ္က ႏွစ္ေယာက္တည္းထြက္ခ်င္သည့္ ခရီးကို တစ္ျခားသူေတြအကုန္ပါလာခဲ့လို႔ စိတ္ပ်က္ၿပီး စိတ္ေကာက္ေနတာ။ဝိုင္က ႏွာေခါင္းရွံဳ႕လိုက္ၿပီး တစ္ဖက္သို႔ လွည့္ေနသည့္ ေသာ့္ကို မရမက ၾကည့္လိုက္သည္။

ေသာ္က မ်က္လံုးေတြမွိတ္ၿပီး တစ္ဖက္သို႔ ေစာင္းငဲ့ကာအိပ္ေနၿပီ။မနက္ငါးနာရီ ပဲရွိေသးတာ။အလင္းေတာင္ေဖ်ာ့ေတာ့ေတာ့ေလးပဲ လင္းရွာရံုရွိေသးတာ ပတ္ဝန္းက်င္အေျခအေနကိုေတာင္ေကာင္းေကာင္းမျမင္ရေသးဘူး။ဝိုင္က အေရွ႕လွည့္ၿပီး ကားေမာင္းရင္း စကားေျပာေနၾကသည့္ ကိုဆက္ႏွင့္ ပုလဲကိုလွမ္းၾကည့္လိုက္သည္။ပုလဲက ကိုဆက္ႏွင့္ မဂၤလာေဆာင္ထားတာႏွစ္လေလာက္ပဲရွိေသးသည္။

ဘိုေကာင္းႏွင့္ စစ္ေသြးကေတာ့ ဘြဲ႕ယူဖို႔ေစာင့္ေနၾကတာမို႔ ႏွစ္ေယာက္လံုး လုပ္ငန္းခြင္ေတာ့ မဝင္ၾကေသးဘူး။

ဝိုင္ကေတာ့ ေသာ့္အေဖပိုင္သည့္ ကုမၸဏီ၏ marketingပိုင္းတြင္ အလုပ္သင္အျဖစ္ ဝင္လုပ္ေနသည္။တည္ၾကည္က စာဘက္တြင္ပါရမီပါကာ ထူးခၽြန္သည့္သူမို႔ ေနာက္ဆံုးႏွစ္မွာထပ္ၿပီး ဂုဏ္ထူးတန္းဝင္ကာ အခုေတာ့ျဖင့္ masterတန္းဆက္တက္ေနသည္။

မိုလင္း မိုးလင္းကေတာ့  ဝိုင္တို႔မသိသည့္ ေနရာတစ္ခုမွာ ေပ်ာ္ရႊင္ေနမွာပါ။

ဆတ္ခနဲ ေတြးေနသည့္ အေတြးေတြကိုဖယ္ပစ္လိုက္ရင္း အဖက္မလုပ္ပဲ အိပ္ေနသည့္ ေသာ့္ကို ဝိုင္လ်စ္လ်ဴရွဳလိုက္ကာ မ်က္လံုးေတြမွိတ္ၾကိဳစားၿပီး အိပ္လိုက္ေတာ့သည္။

တစ္ခဏၾကာအိပ္ေပ်ာ္သြားခဲ့ျပီးေနာက္တြင္...ဝိုင့္ မ်က္လံုးထဲ ျမင္ကြင္းတစ္ခုက ခပ္ေရးေရးေပၚလာခဲ့သည္။ျမဴေတြလား ႏွင္းေတြလား...မသဲကြဲသည့္
ျဖဴဖတ္ျဖဴေလ်ာ္ေတြထဲမွာ တစ္ေယာက္ေယာက္က အသည္းအသဲေျပးလႊားေနသည္။

အေနာက္ကတစ္ခုခု ဟုတ္သည္။အေနာက္ကေန တစ္ေယာက္ေယာက္က ေျပးလိုက္ေနေသးသည္။သို႔ေသာ္ ဘယ္သူကေျပးၿပီး ဘယ္သူကလိုက္ေနသည္လည္း ဝိုင္မသိ။

ေျပးရတာေမာလာၿပီ။ေျခကုန္လက္ပမ္းက်လာသည့္ အျပင္ ထြက္ေပါက္ဘယ္မွာမွန္းမသိသည့္မရင္းႏွီးသည့္ေနရာႀကီးမွာေျပးေနရသည္။

ပိန္းပိတ္သထက္ ေမွာင္လာဟန္ရွိသည့္ မရင္းႏွီးသည့္ ေနရာတြင္ အေမာတေကာ ေျပးေနရသည္။

~~အ~~

သစ္ငုတ္တို တစ္ခုႏွင့္ ဝင္တိုက္မိကာ လူက ေရွ႕ကို
ေမွာက္ရက္လဲက်သြားခဲ့သည္။

~~ဟင့္အင္း မဟုတ္ဘူး မလဲက်ရဘူး~~
စိတ္တြင္းမွ ေအာ္ဟစ္ေနၿပီး လက္ႏွစ္ဖက္ကိုေျမႀကီးေပၚေထာက္လိုက္ကာ ေျခက်င္းဝတ္ လည္သြားပံုရသည့္ ေျခေထာက္ကိုအားမျပဳပဲ တစ္ရြတ္တိုက္
သြားရန္ျပင္လိုက္သည္။

တစ္စံုတစ္ေယာက္က အေနာက္ကလိုက္ေနတယ္။အဲ့ဒါက အႏၲရာယ္ရွိလြန္းတယ္။ဘာမွန္းမသိေပမယ့္ အႏၲရာယ္ရွိေနတယ္။ဒါေၾကာင့္...

~~ေသခ်ာေပါက္ ျပန္ထႏိုင္မွ ျဖစ္မယ္~~

သို႔ေပမယ့္ မတ္တပ္ျပန္မရပ္ႏိုင္ခင္ အခ်ိန္ေလးမွာ တင္ ေအးစက္ က်ဥ္ခဲေနသည့္ လက္ေအးႀကီးတစ္ဖက္က ေျမႀကီးေပၚတစ္ရြတ္တိုက္ဆြဲေနသည့္ သူ၏ ေျခက်င္းဝတ္တစ္ဖက္ဆီသို႔ လာေရာက္ဆုပ္ကိုင္လိုက္ျခင္းကို ခံစားလိုက္ရေလသည္။

~~အား~~

အာေခါင္ျခစ္ေအာ္သံက ပတ္ဝန္းက်င္အႏွံ့ပ်ံ႕ႏွံ့သြား ခဲ့ၿပီး သစ္ပင္ေတြေပၚခိုနားေနသည့္ ေက်းငွက္ကေလးေတြကို ေလထဲဝွဲပ်ံသြားေစခဲ့သည္။
အသိစိတ္တြင္ ေနာက္ဆံုးသတိထားလိုက္မိသည္က ဝိုးတဝါး ျမဴေတြထဲတြင္
မ်ားျပားလွသည့္ ထင္းရွဴးပင္ေတြရွိေနျခင္းကိုပင္။

" ဝိုင္ ဝိုင္ အဆင္ေျပရဲ႕လား...."

" ဟင္ အင္..."

အထိတ္တလန္႔ႏွင့္ ဝိုင့္ကို ဝိုင္းၾကည့္ေနၾကသည့္ သူ
ေတြကို ဝိုင္အူေၾကာင္ေၾကာင္ ၾကည့္ေနမိသည္။ဝိုင့္ အေတြးထဲတြင္ေတြးေနမိသည္က ဘာလို႔ ဝိုင့္ကို ဝိုင္းအံုၿပီး လာၾကည့္ေန
ေနၾကသလဲပင္။

" အိုေက အိုေက ဘာမွမျဖစ္ေတာ့ဘူး ကိုယ္ရွိတယ္
စိတ္ၿငိမ္ၿငိမ္ထားေနာ္..."
ေသာ္က ေျပာလဲေျပာ ဝိုင့္ကိုယ္ေလးကို သူ႔ရင္ခြင္
ထဲသို႔ ဆြဲသြင္းလိုက္သည္။ထိုအခါမွ ဝိုင့္တစ္ကိုယ္လံုး အခုမွပင္
ေႏြးေထြးျပီးလံုျခံဳသြားခဲ့သလို ခံစားလိုက္ရသည္။ဝိုင္ မ်က္လံုးေတြမွိတ္လိုက္သည့္ အခ်ိန္
မ်က္လံုးထဲျမင္ေယာင္လာခဲ့သည္က ထင္ရွဴးပင္
ေတြျပည့္ေနသည့္ ေတာတစ္ေတာပင္။ဟုတ္သား
ဝိုင္ အိမ္မက္ မက္ေနခဲ့သည္ပဲ။ေၾကာက္စရာေကာင္းလြန္းသည့္ အိမ္မက္ပင္ ။အိမ္မက္ထဲတြင္ အေနာက္ဘက္ဆီကေန တကယ္ပဲတစ္ေယာက္ေယာက္က တစ္ခုခု
လုပ္ဖို႔ လိုက္ေနခဲ့သလိုပဲ။ဒါေပမယ့္ ေသခ်ာေပါက္က
ေျပးလႊားေနသည့္ သူက ဝိုင္ မဟုတ္သလို လိုက္ေနတဲ့သူ
ကလဲ ဝိုင္ မဟုတ္ဘူး။ဒါေပမယ့္ ဘယ္သူကလိုက္ၿပီး
ဘယ္သူကေျပးေနတယ္ဆိုတာကိုလည္း ဝိုင္ မေတြ႕ရဘူး။
အလိုက္ခံရတဲ့ ခံစားခ်က္ကိုပဲ ဝိုင္ခံစားမိသည္။
အဲ့ဒါက ေကာင္းသည့္ ခံစားခ်က္ေတာ့ မဟုတ္ဘူး။
အလင္းဆံုးၿပီးကတည္းက ဝိုင့္ဆီ ဝိဉာဥ္ေတြအကူအညီလာ
ေတာင္းတာေတြ အေတာ္ရွားလာၿပီး အေကာင္လိုက္ မ်က္ျမင္ေတြ႕လာတာေတြက မ်ားလာေတာ့တာပဲ။ဒါေပမယ့္ ဝိုင္က မိုးလင္းျပဳမူခဲ့သည့္အတိုင္း မျမင္ခ်င္ေယာင္ေဆာင္သည္။

စကားေတြလာေျပာရင္လည္း မၾကားသလိုေနလိုက္ေတာ့ ေနာက္ပိုင္း အကူအညီလာေတာင္းတာေတြ အင္မတန္ရွားလာေတာ့သည္။

အိမ္မက္ မက္ၿပီးစိတ္ေတြေျခာက္ျခားရတာကေတာ့ ဒါပထမဆံုးပဲ။

ဝိုင္ သက္ျပင္းရွည္ႀကီး ခ်လိုက္မိသည္။ခရီးထြက္ခါမွ မဟုတ္သည့္ အိမ္မက္ေတြ က လာမက္ေနေသးသည္။

ေသာ့္ရင္ခြင္ထဲ ခိုေနရာမွ မတ္မတ္ျပန္ထိုင္လိုက္ၿပီး စိုးရိမ္ေနၾကသည့္ သူငယ္ခ်င္းေတြ
အားလံုးကို တစ္ခ်က္ေဝ့ၾကည့္လိုက္ရင္း

" ရၿပီ ငါအဆင္ေျပပါတယ္ ဘာလို႔ကားရပ္လိုက္တာလဲ ငါတစ္ခုခုမ်ားေအာ္လိုက္မိလို႔လား..."

" အင္း နင္ေအာ္လိုက္တာေလ အားဆိုၿပီး အက်ယ္ႀကီးပဲ.... ေသာ္က နင့္ကို ႏွိုးေတာ့လည္း အတင္းကို႐ုန္းၿပီး ဝူးဝူးဝါးဝါးနဲ႔ ႐ုန္းရင္းဆန္ခတ္ ေတြျဖစ္ေနတာ..."

" ေဆာရီးကြာ ငါနည္းနည္းစိတ္လြတ္သြားတယ္ အခုငါ ဘာမွမျဖစ္ေတာ့ပါဘူး ဆက္သြား ဆက္သြား ငါတို႔မိုးခ်ဳပ္သြား လိမ့္မယ္...."

" ေသာ္ ဂ႐ုစိုက္ေပးလိုက္ဦး... ကိုဆက္ ေညာင္းရင္
ကၽြန္ေတာ့္ကိုေျပာေနာ္ တစ္လွည့္ေမာင္းေပးမယ္..."

ဘိုေကာင္းက ေခါင္းညိတ္ကာ ေသာ့္ကိုပါေျပရင္း တစ္ဆက္တည္း ကိုဆက္ကိုပါေျပာလိုက္သည္။

" အင္း ရပါတယ္ ညီတို႔ မႏၲေလးေရာက္မွပဲ ကိုယ့္ကို
ေမာင္းေပးေတာ့... "

" ဟုတ္ ကၽြန္ေတာ္ေမာင္းလိုက္မယ္ ကိုဆက္ ကၽြန္ေတာ္ ရွမ္းျပည္ဘက္လမ္းေတြကၽြမ္းတယ္..."

" အိုေက အိုေက မင္းသူငယ္ခ်င္းနဲ႔ ေသခ်ာဆက္သြယ္ ၿပီး႐ဲ႕လား...."

" ဟုတ္ကဲ့ ကိုဆက္ မေန႔ကတင္ ဖုန္းေျပာျဖစ္တယ္
အစ္ကို သူက ဟိုးတစ္လတည္းကရင္း ကၽြန္ေတာ့္
ကို ေခၚေနတာ သူငယ္ခ်င္းဆိုေပမယ့္ သူက ကၽြန္ေတာ့္ထက္ ႀကီးတယ္ သူရန္ကုန္ကို ခဏခဏလာျဖစ္တဲ့အခ်ိန္ ကၽြန္ေတာ္ အကူအညီေပးဖူးထားတာေတြရွိဖူးတယ္ အဲ့ဒါကိုေက်းဇူးတင္တဲ့အေနနဲ႔ သူတို႔ရြာေလးကို အလည္ေခၚေနတာၾကာၿပီ....အဲ့ဒါ ဟိုးတစ္ေန႔က လိုင္းေပၚမွာစကားေျပာျဖစ္ၾကရင္း ခရီးထြက္မယ့္ကိစၥ စကားစပ္မိရင္းက ေန သူ႔ရြာကို အတင္းေခၚလည္တဲ့ အစီအစဥ္ ျဖစ္သြားခဲ့တာပဲ ကိုဆက္တို႔ ေသာ္တို႔ကိုလည္း သူကအတင္းေခၚေနေတာ့တာ သူငယ္ခ်င္းေတြနဲ႔ တစ္ေပ်ာ္တစ္ပါး လာေစခ်င္တာတဲ့ေလ... "

ကိုဆက္ႏွင့္ ဘိုေကာင္းရဲ႕ စကားေတြကို နားေထာင္ရင္း ဝိုင္က အိမ္မက္အေၾကာင္းကိုျပန္ေတြးေနမိသည္။ကားေလးက တစ္ေရြ႕ေရြ႕ေမာင္းထြက္လာေတာ့ရီေဝေနသည့္ မ်က္လံုးေတြက တစ္ဖန္ ျပန္အိပ္ခ်င္လာေလသည္။

" ခ်စ္ ေခါင္းမူးေနေသးလား လာ ကိုယ့္ရင္ခြင္ထဲမွာအိပ္..."

ေသာ္ကေျပာလည္းေျပာ ဝိုင့္မ်က္ႏွာေလးကိုၾကည့္လိုက္ရင္း လံုးဝန္းေသာေခါင္းေလးကိုရင္ခြင္ထဲျပန္ဆြဲသြင္းလိုက္သည္။

" မင္း ငါ့ကို စိတ္ဆိုးေနတာ မဟုတ္ဘူးလား ေသာ္.."
ဝိုင္က ေရွ႕မွာထိုင္ေနၾကသည့္သူငယ္ခ်င္းေတြကို
အားနာတာေၾကာင့္ ခပ္တိုးတိုးသာေမးလိုက္မိသည္။

ေသာ္ စိတ္ဆိုးေနတာမဟုတ္ပါ။စိတ္မေကာင္းျဖစ္ေနျခင္းသာ။အလုပ္ေတြအရမ္းရွဳပ္ၿပီး သူတစ္ေယာက္တည္းသာ ကုမၸဏီအလုပ္ေတြ သိမ္းက်ံုးလုပ္ေန
ရေတာ့ ဝိုင္ႏွင့္ေတြ႕ခြင့္ရဖို႔ အခြင့္အေရးကခပ္ရွားရွား။သူတို႔အလုပ္ကအေရးႀကီးproject တစ္ခု ၿပီးေအာင္ လုပ္ေနရေတာ့ ဝိုင့္ကိုအခ်ိန္ေပးဖို႔မအား။

အလုပ္ေတြလည္း ျပီးprojectႀကီးလည္း ေအာင္ျမင္သြားေတာ့ သူ႔ရဲ႕ ယံုၾကည္ရသည့္ အတြင္းေရးမွဴးကို အကူအညီေတာင္းကာ ခြင့္ တစ္ပတ္ယူလိုက္သည္။ဝိုင့္ကိုအခ်ိန္ေပးၿပီး အတူေနခ်င္လို႔ပင္။သို႔ႏွင့္ ႏွစ္ေယာက္အတူ
ခရီးထြက္ဖို႔ အစီအစဥ္ကို စဥ္းစားသြားမိၾကသည္။

သူ႔မွာ ဝိုင္ႏွင့္တစ္ခါမွ ႏွစ္ေယာက္တည္းခရီးအတူ မထြက္ဖူးသျဖင့္ အခါအခြင့္ၾကံဳလာေတာ့ ေပ်ာ္ရႊင္မိတာရင္ခုန္မတတ္။ေနာက္ၾကဘာတဲ့လဲ။ခရီးစဥ္က သူတို႔ ႏွစ္ေယာက္တင္မဟုတ္ပဲ အရွဳပ္ထုပ္ေတြ ပါ ပါ လာၾကသည္ေလ။

ေနာက္ၿပီး ထြက္လာၾကသည့္ ခရီးက သူတို႔
တစ္ခါမွဝအကၽြမ္းတဝင္မရွိၾကသည့္ သူစိမ္းတစ္ေယာက္၏ ရြာကို။

ရွမ္းျပည္ဘက္ကို သူလည္းမေရာက္ဖူးတာမို႔လို႔ သြားခ်င္ပါသည္။ဒါဆိုလည္း ကေလာတို႔ ေတာင္ႀကီးတို႔ သီေပါတို႔ဘက္
သြားေလ။သီေပါဆိုလည္းေစာ္ဘြားနယ္ေျမမို႔ ေဟာ္နန္းတို႔ဘာတို႔ကိုသူေရာက္ဖူးခ်င္သည္။

ေတာင္ႀကီးႏွင့္
ကေလာဆိုလည္း အင္းေလးအျပင္ေရျပာအိုင္တို႔ တစ္ျခား အထင္ကရေနရာေတြသိပ္ေပါရဲ႕သားႏွင့္ တကယ္တမ္းခရီးထြက္ၾကေတာ့ သူစိမ္းတစ္ေယာက္၏ အိမ္ကိုပါတဲ့။

နဂိုကတည္းက မွ ႏွစ္ေယာက္တည္းမသြားရလို႔ ေငါင္ေနပါသည္ ဆိုသည့္ စိတ္က ခရီးစဥ္ကို
ၾကားၿပီး စိတ္ပ်က္ေရာ။

သူ႔လို စကားကိုဘုေဘာက္ေျပာတတ္သည့္ သူႏွင့္ သူမ်ားအိမ္မွာတည္းခိုရမည့္ဟာႏွင့္ စိတ္ပ်က္မိတာမဆန္း။ေနာက္ဆံုးေတာ့လည္း
ဝိုင့္အလိုက် ေအာင့္သည္းေအာင့္သက္ႏွင့္ ခရီးစဥ္ကို သူ႔မွာလိုက္လာရေတာ့တာပဲ။

" မင္းသိလား အဲ့ရြာေလးက အ႐မ္းသာယာတယ္လို႔
ေျပာတယ္...ငါတို႔ဟိုေရာက္ရင္ အားလံုးအဆင္ေျပ
သြားမွာပါ...ေနာ္ ငါတို႔ေပ်ာ္ရမွာပါ..."
ဝိုင္က သူ႔ရင္ခြင္ထဲကေန ေခါင္းေလးေမာ့ၿပီး ေခ်ာ့ရွာသည္။သူ သက္ျပင္းတစ္ခ်က္ ရွိဳက္လိုက္သည္။

" မင္းနဲ႔အတူထြက္တဲ့ ခရီးကကိုယ္အေပ်ာ္ဆံုးခရီးပဲေပါ့ ခ်စ္ရယ္...ကိုယ့္စိတ္ထဲဘာမွ မရွိေတာ့ဘူးေနာ္ စိတ္မပူနဲ႔ေတာ့... "

" တကယ္လား မင္းေနာင္တရေနတာေတာ့မဟုတ္ဘူးမလား မင္းက အလုပ္ေတြမအားတဲ့ၾကားက ငါ့ကို အခ်ိန္ေပးရတာေလ အဲ့ဒါကို ငါက ငါ့စိတ္တိုင္းက် ငါ့သေဘာနဲ႔ငါ စီစဥ္လိုက္မိတယ္..."

" ကိုယ္ဘာလို႔ေနာင္တရ ရမွာလဲကြာ တစ္လြဲေတြ
ေတြးေနတာ ေတာ္ေတာ့... "

" မင္းကိုခ်စ္လိုက္တာ အခ်စ္ဆံုးပဲ..."

" ကိုယ္လည္း မင္းကိုခ်စ္လိုက္တာမွ တုန္ေနေရာပဲ..."
ဝိုင့္ကိုယ္ေလးကို ရင္ခြင္ထဲ တင္းတင္းက်ပ္က်ပ္ပိုၿပီးဖက္တြယ္လိုက္ကာ နဖူးစက ဆံႏြယ္ေလးေတြကို
အျမတ္တႏိုးငံု႔နမ္းလိုက္သည္။ဒီလူသားေလးကို
သူ႔မွာခ်စ္လိုက္ရတာ။
~~~~~~~~~~~~~~<<<<>>>>~~~~~~~~~~
မႏၲေလးေရာက္ေတာ့ ဝိုင္တို႔ ထမင္းစားနားၾကသည္။ေသာ့္ရင္ခြင္ထဲ အိပ္စက္အနားယူခဲ့ေတာ့ ခုဏကလို ၿငီးၿငီးေငြ႕ေငြ႕ႏွင့္ ေခါင္းေႏွာက္တာမရွိေလေတာ့။အေတာ္ေလးေနလို႔ေကာင္းကာ စိတ္ၾကည္လာသည္။ထမင္းစားၿပီးေသာက္ၿပီးၾကေတာ့ အခ်ိန္ဆြဲမေနၾကပဲ ဘိုေကာင္းနဲ႔ ကိုဆက္ ကားေမာင္းသည့္ ေနရာလဲလိုက္ၾကသည္။ေနာက္ ဘိုေကာင္းက မေျဖးမျမန္ ႏွဳန္းႏွင့္ကား
ကို ေမာင္းထြက္ခဲ့ေလေတာ့သည္။

တစ္ျဖည္းျဖည္း ေနလံုးႀကီးက အေနာက္ဘက္သို႔ဝင္သြားကာ ေမွာင္ရီပ်ိဳးစသန္းလာခဲ့သည္။ေနာက္ အေအးဓါတ္က ခ်က္ခ်င္းႀကီးအေမွာင္ေနာက္လိုက္လာခဲ့သည္။ေဆာင္းတြင္းလည္း ျဖစ္ ရွမ္းျပည္ဘက္သို႔ေရာက္လာသည္မို႔ အေအးဓါတ္က ေက်ာ႐ိုးတစ္ေလွ်ာက္ေတာင္ စိမ့္လာသလိုလို။ဝိုင့္ကိုယ္လံုး
က်ံဳ႕ေနတာျမင္ေတာ့ ေသာ္က ငုတ္တုတ္ထထိုင္ကာ
အေနာက္ဘက္သို႔လွည့္ၿပီး ေက်ာပိုးအိတ္ထဲမွ အေႏြးထည္ႏွင့္ေစာင္ပါးတစ္ထည္ထုတ္ယူလိုက္သည္။ဝိုင့္ကို အေႏြးထည္ကူဝတ္ေပးကာ ရင္ခြင္ထဲဆြဲ
သြင္းၿပီး ေစာင္ပါးေလးကို ၂ေယာက္အတူ ျခံဳလိုက္
ၾကသည္။

" ေအးပါ ငါက မေအးတတ္ပါဘူး..."

ဝိုင္တို ႏွစ္ေယာက္ အျဖစ္သည္းပံုကို ကားေမာင္းေနသည့္ ဘိုေကာင္းက ေနာက္ၾကည့္မွန္ကတစ္ဆင့္ျမင္
သြားျခင္းျဖစ္သည္။ဘိုေကာင္းအသံ အက္ရွရွ အသံေၾကာင့္ စစ္ေသြးေရာ ပုလဲေရာ ကိုဆက္ကပါ
ျပံဳးစိစိႏွင့္ ဝိုင္တို႔ ႏွစ္ေယာက္ကို လွည့္ၾကည့္လာသည္။သူတို႔က ေစာင္မျခံဳထားသည့္ အျပင္ ဘယ္သူမွ
အေႏြးထည္မဝတ္ထားၾကေသးေပ။ဝိုင္ကရဲတက္လာသည့္ မ်က္ႏွာကို ေစာင္ႏွင့္အသာအယာယူ
အုပ္လိုက္မိသည္။ေအးေနလို႔ ျခံဳတာေလ ဘာလို႔
ဝိုင္းအံုၿပီး ျပံဳးစိစိနင့္ လုပ္ေနၾကတာတုန္း။

" ဘိုေကာင္း မင္းခ်မ္းေနရင္ ငါတစ္လွည့္ေမာင္းေပးမယ္ အပိုေတြ လာေျပာမေနနဲ႔..."

" ေအးပါကြာ မင္းကလည္း စလို႔ေတာင္မရဘူး..."

" ငေကာင္း ငါအိပ္ခ်င္လာၿပီကြာ မင္းရြာကမေရာက္ေသးဘူးလား မင္းေျပာတဲ့ သူငယ္ခ်င္းက မင္းဆီ
တစ္ေနကုန္ ဖုန္းလည္း မဆက္လာပါလား...."

စစ္ေသြးက အိပ္ငိုက္ေနရင္းႏွင့္ တစ္ခ်က္သန္းေဝရင္း ကားေမာင္းေနသည့္ ဘိုေကာင္းကိုလွမ္းေျပာလိုက္သည္။ဘိုေကာင္းက စစ္ေသြးစကားေၾကာင့္
ကိုတိမ္လႊာ့ထံ ဖုန္းလွမ္းဆက္လိုက္သည္။သို႔ေသာ္
ဖုန္းကဆက္သြယ္လို႔မရ။စက္ပိတ္ထားသည္တဲ့။
အဲ့မွာေသေရာေလ။

" က်စ္ ျပသာနာပဲ..."

ရြာကေရာက္ေတာ့မည္ျဖစ္သည္။သို႔ေသာ္ ဖုန္းက
စထြက္လာကတည္းက ဆက္လာတာ အခုခ်ိန္ထိဆက္၍မရ။ကိုတိမ္လႊာကလည္း သူ႔ဆီဆက္မလာ။မေန႔ကတင္ ဒီဖုန္းနဲ႔ပဲ အဆက္အသြယ္ရခဲ့ေသးတာ။

သူက တစ္ခါမွ ကိုတိမ္လႊာေနသည့္ ရြာေရာက္ဖူးခဲ့တာ
မဟုတ္။ကိုတိမ္လႊာ အထပ္ထပ္ ေျပာျပဖူးထားေသာလိပ္စာကို GPS ဖြင့္ၿပီး လာခဲ့လို႔သာ ရြာကို တန္းတန္းမတ္မတ္ ေရာက္လာျခင္းျဖစ္သည္။သို႔ေသာ္ ဖုန္းက
အခုအခ်ိန္ဆက္လို႔မရေတာ့။မတတ္ႏိုင္ ရြာထဲ
ေရာက္မွ ေမးျမန္းၿပီးသြားရေတာ့မွာပဲ ။

ကိုတိမ္လႊာဘုန္းဆိုလွ်င္ေတာ့ သိၾကသည့္သူေတြရွိေလာက္မွာပါ။ရြာထဲ စဝင္ေတာ့ အဆက္အသြယ္မရေကာင္းလား ဆိုၿပီးသေကာင့္သား ေသာ္ႏွင့္ စစ္ေသြးက
ဝိုင္းၿပီးအျပစ္တင္ေတာ့သည္။မတတ္ႏိုင္ စက္ပိတ္
ထားသည့္ဖုန္းကို သူ လွမ္းဖြင့္လိုက္လို႔ရတာမွ မဟုတ္တာ။ရြာထဲဝင္လိုက္ေတာ့ မီးေရာင္ေဖ်ာ့ေဖ်ာ့ႏွင့္ တံခါးပိတ္ထားၾကၿပီျဖစ္ေသာ အိမ္ေသးေသးေလး
ေတြကို ေတြ႕လိုက္ရသည္။သို႔ေသာ္ လူရိပ္လူေျခေတာ့ မေတြ႕ရ။တစ္ျဖည္းျဖည္းႏွင့္ ကားဆက္ေမာင္းလိုက္ေတာ့ ထမင္းဆိုင္လို႔ေခၚရေလာက္သည့္
စားပြဲခံုထိုင္ခံုေတြႏွင့္ အိမ္အျပင္ဘက္တြင္တဲထိုးထားသည့္ အျပင္အဆင္ကိုေတြ႕လိုက္ရသည္။ဘိုေကာင္း ကားေပၚကဆင္းကာ အေျခအေနကို အကဲခတ္လိုက္သည္။အိမ္အတြင္းမွ အေဒၚႀကီးတစ္ေယာက္
ထြက္လာတာေတြ႕ေတာ့ ဘိုေကာင္းဝမ္းသာအားရႏွင့္ ကိုတိမ္လႊာ့နာမည္ကို ေမးလိုက္မိသည္။
အေဒၚႀကီးက ေအးေအးသက္သာပင္ ကိုတိမ္လႊာ့
အိမ္ကို လမ္းၫႊန္ေပးလိုက္ေလသည္။

ဘိုေကာင္း ေပ်ာ္ရႊင္စြာႏွင့္ ကားေပၚအျမန္တက္ကာ
အေဒၚႀကီးၫႊန္ျပေလသည့္ ရြာရဲ႕ အေနာက္ဘက္
စြန္းစြန္းသို႔ထြက္ခဲ့လိုက္သည္။လက္ဖက္ခင္းေတြ ေတာ္ေတာ္မ်ားမ်ားျဖတ္ေက်ာ္ၿပီးေနာက္ လူေျခတိတ္ေသာ ကိုတိမ္လႊာ၏ အိမ္သို႔ေရာက္ရွိခဲ့ၾကသည္။
ရြာအစြန္အဖ်ားတြင္ရွိၿပီး လူအသြားအလာနည္းသည့္ ေနရာမွာ အိမ္ႀကီးကို လာေဆာက္ထားျခင္းပင္။

ဝိုင္ကားေပၚမွဆင္းကာ မီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္
တြင္ မည္းနက္စြာလွပေနသည့္ရဲတိုက္ႀကီးသဖြယ္
အိမ္ႀကီးကိုၾကည့္လိုက္မိသည္။ရြာလမ္းတစ္ေလွ်ာက္လံုး ေသးငယ္သည့္ အိမ္ေလးေတြသာေတြ႕ခဲ့ရၿပီး ရြာတစ္ရြာလံုးတြင္ အႀကီးဆံုးႏွင့္အခမ္းနားဆံုးဟု ေျပာလို႔ရသည့္ အိမ္အိုႀကီးတစ္အိမ္ပင္။

ျခံတံခါးေရွ႕တြင္ ျခံတံခါးလာဖြင့္သည္ကို ေစာင့္ေနၾကသည့္
အခ်ိန္ျဖစ္သည္။ျခံဝန္းႀကီးကလည္း က်ယ္လိုက္တာ။
တစ္စံုတစ္ေယာက္စိုက္ၾကည့္ေနသလိုလို  ခံစားလိုက္ရတာေၾကာင့္ ခပ္လွမ္းလွမ္းတြင္ရွိေနသည့္ အိမ္အိုႀကီးအေပၚကိုဝိုင္ေမာ့ျကည့္မိေတာ့ အျဖဴေရာင္အလႊာပါးေလးက ျပတင္းေပါက္နားမွာရပ္ေနတာေတြ႕လိုက္ရသလိုလို ။စိတ္ထင္လို႔ပဲလား မသိ အိမ္ထဲမွာရွိေနသည့္ တစ္စံုတစ္ခုက ဝိုင့္ကို အိမ္ထဲကိုဝင္မလာဖို႔ တြန္းအားေပးေနသလိုပဲ။

မလာဖို႔တဲ့လား။ဝိုင္ကေတာ့
ဒီအိမ္ႀကီးကိုမေရာက္ခင္ ခရီးထြက္ဖို႔ တိုင္ပင္ကတည္းက၊
ဘိုေကာင္းႏွဳတ္က ခရီးကိစၥစေျပာကတည္းက မသိစိတ္က ဒီကိုပဲလာခ်င္ေနခဲ့တာ။ဘာလို႔လဲ ဘာလို႔
ဒီအိမ္ႀကီးက ဝိုင့္စိတ္ေတြကို ဆြဲေဆာင္ေနရတာလဲ
ဝိုင္မသိ။တစ္ခုခုေတာ့ ထူးျခားလိမ့္မည္ဟု ဝိုင့္စိတ္
ထဲကေတြးေနမိသည္။

လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ၿပီး ဝိုင္ အိမ္ႀကီး ကိုစိုက္ၾကည့္လိုက္မိသည္။
အခုခ်ိန္ထိ ဝိုင့္ကို တစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသည့္ အသိႀကီးကို ဝိုင့္စိတ္ေတြက ခံစားလို႔
ရေနတုန္းပင္။ေသာ္က ဝိုင့္အနားေရာက္လာကာ ဝိုင့္
ပုခံုးေလးကို တယုတယ ဖက္လိုက္ၿပီး ေသာ့ဖြင့္အလာကိုေစာင့္ေနလိုက္သည္။အၾကာႀကီးေစာင့္ေနရလို႔ ေသာ္စိတ္တိုေနၿပီေလ။ကားဟြန္းတီးလိုက္ၿပီး
ကတည္းက အသံသာၾကားၿပီးေပၚမလာေသး။

ေနာက္ ျခံတံခါးနားမီးသီး ျဖတ္ခနဲ လင္းလာၿပီး အိမ္ႀကီးဆီမွ တစ္ေရြ႕ေရြ႕ လာေနသည့္ လူ၁ေယာက္ကိုေတြ႕မွ တြန္႔ခ်ိဳးေနသည့္ မ်က္ခံုးေတြကို ေျဖေလ်ာ့လိုက္သည္။ဝိုင့္ကိုယ္ေလးကိုဖက္ၿပီး သူအိပ္ခ်င္ေနၿပီျဖစ္သည္။

Extra-1
(unicode)

" မြန်မြန်လုပ်ကြဟေ့... ပုလဲ ကိုဆက်က အခုထိ
ဆင်းမလာသေးဘူးလား ခေါ်လိုက်တော့ဟ..."
ပုလဲက စောင်တွေ အနွေးထည်တွေ မိုးကာ အင်္ကျီတွေလိုရမယ်ရ ထည့်ထားသည့်ခြင်းတောင်းကို ကိုင်နေရင်းမှ စစ်သွေးကို မျက်စောင်း လှမ်းထိုးသည်။အိမ်ထဲဝင်ပြီး အပေါ်တစ်ခေါက်ပြန်တက်နေရသည်က ဒင်းကြောင့်ပဲမဟုတ်လား။
ဒင်းကို ကင်မရာ ယူခဲ့ခိုင်းတာလေ ဒါကို ဒင်းကမေ့
လာတော့ အကုန်လုံးပြီးစီးပြီးအိမ်တောင်သော့ခတ်
ပြီးနေသည့် သူမယောကျာ်းက အိမ်တံခါးသော့ဖွင့် အပေါ်တစ်ခေါက်ထိတက်ယူရတာပေါ့။

သူမတို့ သူငယ်ချင်းတစ်စု ဘိုကောင်းရဲ့ အကူအညီနဲ့ ရှမ်းပြည်ဘက်က ရွာလေးတစ်ရွာကို သွားလည်ကြမလို့ဖြစ်သည်။သူမ မင်္ဂလာဆောင်ပြီးကတည်းက ခရီးထွက်ခြင်းမရှိ။ဝိုင်နှင့် ဖုန်းပြောရင်း စကားစပ်မိခါမှခရီးထွက်ချင်သည်
ဟု ပြောလေတော့ ဘိုကောင်းနှင့်စစ်သွေးကို ဝမ်းသာအားရ ဆက်သွယ်လိုက်သည်။ဘိုကောင်းက ရှမ်းပြည်ဘက်မှာနေထိုင်သည့်
သူ့သူငယ်ချင်းဆီ အလည်သွားရန်ရှိသည်ဆိုတော့
သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးခရီးသွားနိုင်ရန် ဘိုကောင်း၏ သူငယ်ချင်းတွေဆီဆက်သွယ်ကာ ခရီးတစ်ခုစီစဉ်လိုက်ခြင်းဖြစ်သည်။

ဘိုကောင်းဆီက ကြားသိရသလောက်တော့ ရွာလေးက သစ်ရိပ်ဝါးရိပ်တွေနှင့် အေးချမ်းကာ အရမ်းသာယာဖို့ ကောင်းသည်ဟုပင်။လက်ဖက်ခင်းတွေ
လိမ္မော်ခြံတွေနှင့် တောတောင်တန်းတွေပေါသည့်
နေရာဒေသဖြစ်သည်။ဆောင်းတွင်းဖြစ်သည့်အပြင်
ရှမ်းပြည်ဘက်ကရွာလေးဆိုတော့ သူမတို့ စောင်တွေ အနွေးထည်တွေကို လုံလုံလောက်လောက်ယူလာရသည် ။နောက်ပြီးနှစ်ယောက်အိပ်Tent လေးတွေ။ထိုရွာလေးမှာရှိသည့် ဆင်တောင်ဟုခေါ်သည့်
တောင်ကို သူမတို့တစ်ပျော်တစ်ပါးဖြင့် တက်ကြရန်ဖြစ်သည်။တစ်ခါမှတောင်မတက်ဖူးသည်
ဖြစ်ရာ လိုအပ်မည်ထင်သည့်အရာတွေကိုတော့ အားလုံးတိုင်ပင်ပြီး စုယူခဲ့ကြသည်။အားလုံးယူ
ပြီးကားထဲထည့်ပြီးကြကာ ပြည့်စုံမစုံသေချာစွာ
စီစစ်ပြီးမှ ကားနောက်ဖုံးကိုပိတ်လိုက်ကြသည်။နောက်
ကားထဲသို့ဝင်ကာ နေရာအသီးသီးယူလိုက်ကြသည်။

ကားထဲသို့ရောက်တောင် မျက်နှာကြီးသုန်မှုန်ကာ
ဝိုင့်ကို အဖက်မလုပ်ပဲ တစ်ဖက်သို့လှည့်ထားသည့်သော်ကြောင့် ဝိုင်သက်ပြင်း ချမိသည်။ပျော်ပျော်ပါးပါး ခရီးထွက်ကြပါမည်ဆိုမှ ဒီလိုကြီးစိတ်မညစ်ချင်ပါ။သို့သော် ကားစမောင်းထွက်ကတည်းက
သော်ကစကားတစ်ခွန်းမှမပြော။ပုလဲတို့ဘိုကောင်း
တို့က အစီအစဉ်တွေဘာတွေညာတွေနဲ့ တိုင်ပင်နေကြတာကို သော်ကတစ်ခွန်းမှဝင်မပြော။သော် စိတ်မပါလက်မပါကြီးဖြစ်နေတာကို ပုလဲတို့သိသွားရင်
မကောင်း။သော်က သူငယ်ချင်းတွေစုပြီး ခရီးထွက်
ကြမည်ဆိုတော့ မထွက်ချင်။ဝိုင်နှင့် ချစ်သူစဖြစ်ကြကတည်းက သော်ကခရီးတစ်ခုထွက်ချင်နေခဲ့တာ။

အလုပ်တွေမအားအလပ် ဖြစ်နေသည့် ကြား မရမက သော် ခွင့်ယူပြီးတော့မှ
ဘယ်သွားရမလဲ ဝိုင်နှင့် နှစ်ယောက်သား စီစဉ်နေကြတုန်း ပုလဲက သူမ ခရီး
ထွက်ချင်နေသည့် အကြောင်းဖုန်းဆက်ပြောလာလေရော။အဲ့ဒီ့မှာ
ဝိုင်ကလည်း ခရီးထွက်ချင်သည့် အကြောင်းပြန်ပြောရင်း အခုလိုခရီးထွက်ဖြစ်ခဲ့ကြသည်။

အဲ့ဒီ့မှာ သော်က စဖောက်တော့တာပဲ။လွတ်လွတ်လပ်လပ် ဝိုင်နှင့် နှစ်ယောက်တည်း သော်က သွားချင်တာ။ဝိုင်က နှစ်ယောက်တည်းဆို ပျင်းနေမှာသိတာမို့လို့ ပုလဲစီစဉ်သည့်
ခရီးစဉ်ကိုလက်ခံလိုက်တာ။ဘိုကောင်းကလည်း သူ့သူငယ်ချင်းအလည်ခေါ်ထားတာ သွားရမှာနှင့် အံကိုက်ဖြစ်သွားခဲ့သည်ပေါ့။အဲ့မှာ တစ်ပတ်တည်းနှင့် ရှမ်းပြည်ဘက်ကို ခရီးထွက်ဖို့ အမြန်စီစဉ်ခဲ့ကြသည်လေ။တက်ကြွနေကြသည့် အုပ်စုထဲတော့ သော်မပါခဲ့ဘူး။

သော်က နှစ်ယောက်တည်းထွက်ချင်သည့် ခရီးကို တစ်ခြားသူတွေအကုန်ပါလာခဲ့လို့ စိတ်ပျက်ပြီး စိတ်ကောက်နေတာ။ဝိုင်က နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်သို့ လှည့်နေသည့် သော့်ကို မရမက ကြည့်လိုက်သည်။

သော်က မျက်လုံးတွေမှိတ်ပြီး တစ်ဖက်သို့ စောင်းငဲ့ကာအိပ်နေပြီ။မနက်ငါးနာရီ ပဲရှိသေးတာ။အလင်းတောင်ဖျော့တော့တော့လေးပဲ လင်းရှာရုံရှိသေးတာ ပတ်ဝန်းကျင်အခြေအနေကိုတောင်ကောင်းကောင်းမမြင်ရသေးဘူး။ဝိုင်က အရှေ့လှည့်ပြီး ကားမောင်းရင်း စကားပြောနေကြသည့် ကိုဆက်နှင့် ပုလဲကိုလှမ်းကြည့်လိုက်သည်။ပုလဲက ကိုဆက်နှင့် မင်္ဂလာဆောင်ထားတာနှစ်လလောက်ပဲရှိသေးသည်။

ဘိုကောင်းနှင့် စစ်သွေးကတော့ ဘွဲ့ယူဖို့စောင့်နေကြတာမို့ နှစ်ယောက်လုံး လုပ်ငန်းခွင်တော့ မဝင်ကြသေးဘူး။

ဝိုင်ကတော့ သော့်အဖေပိုင်သည့် ကုမ္ပဏီ၏ marketingပိုင်းတွင် အလုပ်သင်အဖြစ် ဝင်လုပ်နေသည်။တည်ကြည်က စာဘက်တွင်ပါရမီပါကာ ထူးချွန်သည့်သူမို့ နောက်ဆုံးနှစ်မှာထပ်ပြီး ဂုဏ်ထူးတန်းဝင်ကာ အခုတော့ဖြင့် masterတန်းဆက်တက်နေသည်။

မိုလင်း မိုးလင်းကတော့  ဝိုင်တို့မသိသည့် နေရာတစ်ခုမှာ ပျော်ရွှင်နေမှာပါ။

ဆတ်ခနဲ တွေးနေသည့် အတွေးတွေကိုဖယ်ပစ်လိုက်ရင်း အဖက်မလုပ်ပဲ အိပ်နေသည့် သော့်ကို ဝိုင်လျစ်လျူရှုလိုက်ကာ မျက်လုံးတွေမှိတ်ကြိုစားပြီး အိပ်လိုက်တော့သည်။

တစ်ခဏကြာအိပ်ပျော်သွားခဲ့ပြီးနောက်တွင်...ဝိုင့် မျက်လုံးထဲ မြင်ကွင်းတစ်ခုက ခပ်ရေးရေးပေါ်လာခဲ့သည်။မြူတွေလား နှင်းတွေလား...မသဲကွဲသည့်
ဖြူဖတ်ဖြူလျော်တွေထဲမှာ တစ်ယောက်ယောက်က အသည်းအသဲပြေးလွှားနေသည်။

အနောက်ကတစ်ခုခု ဟုတ်သည်။အနောက်ကနေ တစ်ယောက်ယောက်က ပြေးလိုက်နေသေးသည်။သို့သော် ဘယ်သူကပြေးပြီး ဘယ်သူကလိုက်နေသည်လည်း ဝိုင်မသိ။

ပြေးရတာမောလာပြီ။ခြေကုန်လက်ပမ်းကျလာသည့် အပြင် ထွက်ပေါက်ဘယ်မှာမှန်းမသိသည့်မရင်းနှီးသည့်နေရာကြီးမှာပြေးနေရသည်။

ပိန်းပိတ်သထက် မှောင်လာဟန်ရှိသည့် မရင်းနှီးသည့် နေရာတွင် အမောတကော ပြေးနေရသည်။

~~အ~~

သစ်ငုတ်တို တစ်ခုနှင့် ဝင်တိုက်မိကာ လူက ရှေ့ကို
မှောက်ရက်လဲကျသွားခဲ့သည်။

~~ဟင့်အင်း မဟုတ်ဘူး မလဲကျရဘူး~~
စိတ်တွင်းမှ အော်ဟစ်နေပြီး လက်နှစ်ဖက်ကိုမြေကြီးပေါ်ထောက်လိုက်ကာ ခြေကျင်းဝတ် လည်သွားပုံရသည့် ခြေထောက်ကိုအားမပြုပဲ တစ်ရွတ်တိုက်
သွားရန်ပြင်လိုက်သည်။

တစ်စုံတစ်ယောက်က အနောက်ကလိုက်နေတယ်။အဲ့ဒါက အန္တရာယ်ရှိလွန်းတယ်။ဘာမှန်းမသိပေမယ့် အန္တရာယ်ရှိနေတယ်။ဒါကြောင့်...

~~သေချာပေါက် ပြန်ထနိုင်မှ ဖြစ်မယ်~~

သို့ပေမယ့် မတ်တပ်ပြန်မရပ်နိုင်ခင် အချိန်လေးမှာ တင် အေးစက် ကျဉ်ခဲနေသည့် လက်အေးကြီးတစ်ဖက်က မြေကြီးပေါ်တစ်ရွတ်တိုက်ဆွဲနေသည့် သူ၏ ခြေကျင်းဝတ်တစ်ဖက်ဆီသို့ လာရောက်ဆုပ်ကိုင်လိုက်ခြင်းကို ခံစားလိုက်ရလေသည်။

~~အား~~

အာခေါင်ခြစ်အော်သံက ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့သွား ခဲ့ပြီး သစ်ပင်တွေပေါ်ခိုနားနေသည့် ကျေးငှက်ကလေးတွေကို လေထဲဝှဲပျံသွားစေခဲ့သည်။
အသိစိတ်တွင် နောက်ဆုံးသတိထားလိုက်မိသည်က ဝိုးတဝါး မြူတွေထဲတွင်
များပြားလှသည့် ထင်းရှူးပင်တွေရှိနေခြင်းကိုပင်။

" ဝိုင် ဝိုင် အဆင်ပြေရဲ့လား...."

" ဟင် အင်..."

အထိတ်တလန့်နှင့် ဝိုင့်ကို ဝိုင်းကြည့်နေကြသည့် သူ
တွေကို ဝိုင်အူကြောင်ကြောင် ကြည့်နေမိသည်။ဝိုင့် အတွေးထဲတွင်တွေးနေမိသည်က ဘာလို့ ဝိုင့်ကို ဝိုင်းအုံပြီး လာကြည့်နေ
နေကြသလဲပင်။

" အိုကေ အိုကေ ဘာမှမဖြစ်တော့ဘူး ကိုယ်ရှိတယ်
စိတ်ငြိမ်ငြိမ်ထားနော်..."
သော်က ပြောလဲပြော ဝိုင့်ကိုယ်လေးကို သူ့ရင်ခွင်
ထဲသို့ ဆွဲသွင်းလိုက်သည်။ထိုအခါမှ ဝိုင့်တစ်ကိုယ်လုံး အခုမှပင်
နွေးထွေးပြီးလုံခြုံသွားခဲ့သလို ခံစားလိုက်ရသည်။ဝိုင် မျက်လုံးတွေမှိတ်လိုက်သည့် အချိန်
မျက်လုံးထဲမြင်ယောင်လာခဲ့သည်က ထင်ရှူးပင်
တွေပြည့်နေသည့် တောတစ်တောပင်။ဟုတ်သား
ဝိုင် အိမ်မက် မက်နေခဲ့သည်ပဲ။ကြောက်စရာကောင်းလွန်းသည့် အိမ်မက်ပင် ။အိမ်မက်ထဲတွင် အနောက်ဘက်ဆီကနေ တကယ်ပဲတစ်ယောက်ယောက်က တစ်ခုခု
လုပ်ဖို့ လိုက်နေခဲ့သလိုပဲ။ဒါပေမယ့် သေချာပေါက်က
ပြေးလွှားနေသည့် သူက ဝိုင် မဟုတ်သလို လိုက်နေတဲ့သူ
ကလဲ ဝိုင် မဟုတ်ဘူး။ဒါပေမယ့် ဘယ်သူကလိုက်ပြီး
ဘယ်သူကပြေးနေတယ်ဆိုတာကိုလည်း ဝိုင် မတွေ့ရဘူး။
အလိုက်ခံရတဲ့ ခံစားချက်ကိုပဲ ဝိုင်ခံစားမိသည်။
အဲ့ဒါက ကောင်းသည့် ခံစားချက်တော့ မဟုတ်ဘူး။
အလင်းဆုံးပြီးကတည်းက ဝိုင့်ဆီ ဝိဉာဉ်တွေအကူအညီလာ
တောင်းတာတွေ အတော်ရှားလာပြီး အကောင်လိုက် မျက်မြင်တွေ့လာတာတွေက များလာတော့တာပဲ။ဒါပေမယ့် ဝိုင်က မိုးလင်းပြုမူခဲ့သည့်အတိုင်း မမြင်ချင်ယောင်ဆောင်သည်။

စကားတွေလာပြောရင်လည်း မကြားသလိုနေလိုက်တော့ နောက်ပိုင်း အကူအညီလာတောင်းတာတွေ အင်မတန်ရှားလာတော့သည်။

အိမ်မက် မက်ပြီးစိတ်တွေခြောက်ခြားရတာကတော့ ဒါပထမဆုံးပဲ။

ဝိုင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ခရီးထွက်ခါမှ မဟုတ်သည့် အိမ်မက်တွေ က လာမက်နေသေးသည်။

သော့်ရင်ခွင်ထဲ ခိုနေရာမှ မတ်မတ်ပြန်ထိုင်လိုက်ပြီး စိုးရိမ်နေကြသည့် သူငယ်ချင်းတွေ
အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း

" ရပြီ ငါအဆင်ပြေပါတယ် ဘာလို့ကားရပ်လိုက်တာလဲ ငါတစ်ခုခုများအော်လိုက်မိလို့လား..."

" အင်း နင်အော်လိုက်တာလေ အားဆိုပြီး အကျယ်ကြီးပဲ.... သော်က နင့်ကို နှိုးတော့လည်း အတင်းကိုရုန်းပြီး ဝူးဝူးဝါးဝါးနဲ့ ရုန်းရင်းဆန်ခတ် တွေဖြစ်နေတာ..."

" ဆောရီးကွာ ငါနည်းနည်းစိတ်လွတ်သွားတယ် အခုငါ ဘာမှမဖြစ်တော့ပါဘူး ဆက်သွား ဆက်သွား ငါတို့မိုးချုပ်သွား လိမ့်မယ်...."

" သော် ဂရုစိုက်ပေးလိုက်ဦး... ကိုဆက် ညောင်းရင်
ကျွန်တော့်ကိုပြောနော် တစ်လှည့်မောင်းပေးမယ်..."

ဘိုကောင်းက ခေါင်းညိတ်ကာ သော့်ကိုပါပြေရင်း တစ်ဆက်တည်း ကိုဆက်ကိုပါပြောလိုက်သည်။

" အင်း ရပါတယ် ညီတို့ မန္တလေးရောက်မှပဲ ကိုယ့်ကို
မောင်းပေးတော့... "

" ဟုတ် ကျွန်တော်မောင်းလိုက်မယ် ကိုဆက် ကျွန်တော် ရှမ်းပြည်ဘက်လမ်းတွေကျွမ်းတယ်..."

" အိုကေ အိုကေ မင်းသူငယ်ချင်းနဲ့ သေချာဆက်သွယ် ပြီးရဲ့လား...."

" ဟုတ်ကဲ့ ကိုဆက် မနေ့ကတင် ဖုန်းပြောဖြစ်တယ်
အစ်ကို သူက ဟိုးတစ်လတည်းကရင်း ကျွန်တော့်
ကို ခေါ်နေတာ သူငယ်ချင်းဆိုပေမယ့် သူက ကျွန်တော့်ထက် ကြီးတယ် သူရန်ကုန်ကို ခဏခဏလာဖြစ်တဲ့အချိန် ကျွန်တော် အကူအညီပေးဖူးထားတာတွေရှိဖူးတယ် အဲ့ဒါကိုကျေးဇူးတင်တဲ့အနေနဲ့ သူတို့ရွာလေးကို အလည်ခေါ်နေတာကြာပြီ....အဲ့ဒါ ဟိုးတစ်နေ့က လိုင်းပေါ်မှာစကားပြောဖြစ်ကြရင်း ခရီးထွက်မယ့်ကိစ္စ စကားစပ်မိရင်းက နေ သူ့ရွာကို အတင်းခေါ်လည်တဲ့ အစီအစဉ် ဖြစ်သွားခဲ့တာပဲ ကိုဆက်တို့ သော်တို့ကိုလည်း သူကအတင်းခေါ်နေတော့တာ သူငယ်ချင်းတွေနဲ့ တစ်ပျော်တစ်ပါး လာစေချင်တာတဲ့လေ... "

ကိုဆက်နှင့် ဘိုကောင်းရဲ့ စကားတွေကို နားထောင်ရင်း ဝိုင်က အိမ်မက်အကြောင်းကိုပြန်တွေးနေမိသည်။ကားလေးက တစ်ရွေ့ရွေ့မောင်းထွက်လာတော့ရီဝေနေသည့် မျက်လုံးတွေက တစ်ဖန် ပြန်အိပ်ချင်လာလေသည်။

" ချစ် ခေါင်းမူးနေသေးလား လာ ကိုယ့်ရင်ခွင်ထဲမှာအိပ်..."

သော်ကပြောလည်းပြော ဝိုင့်မျက်နှာလေးကိုကြည့်လိုက်ရင်း လုံးဝန်းသောခေါင်းလေးကိုရင်ခွင်ထဲပြန်ဆွဲသွင်းလိုက်သည်။

" မင်း ငါ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား သော်.."
ဝိုင်က ရှေ့မှာထိုင်နေကြသည့်သူငယ်ချင်းတွေကို
အားနာတာကြောင့် ခပ်တိုးတိုးသာမေးလိုက်မိသည်။

သော် စိတ်ဆိုးနေတာမဟုတ်ပါ။စိတ်မကောင်းဖြစ်နေခြင်းသာ။အလုပ်တွေအရမ်းရှုပ်ပြီး သူတစ်ယောက်တည်းသာ ကုမ္ပဏီအလုပ်တွေ သိမ်းကျုံးလုပ်နေ
ရတော့ ဝိုင်နှင့်တွေ့ခွင့်ရဖို့ အခွင့်အရေးကခပ်ရှားရှား။သူတို့အလုပ်ကအရေးကြီးproject တစ်ခု ပြီးအောင် လုပ်နေရတော့ ဝိုင့်ကိုအချိန်ပေးဖို့မအား။

အလုပ်တွေလည်း ပြီးprojectကြီးလည်း အောင်မြင်သွားတော့ သူ့ရဲ့ ယုံကြည်ရသည့် အတွင်းရေးမှူးကို အကူအညီတောင်းကာ ခွင့် တစ်ပတ်ယူလိုက်သည်။ဝိုင့်ကိုအချိန်ပေးပြီး အတူနေချင်လို့ပင်။သို့နှင့် နှစ်ယောက်အတူ
ခရီးထွက်ဖို့ အစီအစဉ်ကို စဉ်းစားသွားမိကြသည်။

သူ့မှာ ဝိုင်နှင့်တစ်ခါမှ နှစ်ယောက်တည်းခရီးအတူ မထွက်ဖူးသဖြင့် အခါအခွင့်ကြုံလာတော့ ပျော်ရွှင်မိတာရင်ခုန်မတတ်။နောက်ကြဘာတဲ့လဲ။ခရီးစဉ်က သူတို့ နှစ်ယောက်တင်မဟုတ်ပဲ အရှုပ်ထုပ်တွေ ပါ ပါ လာကြသည်လေ။

နောက်ပြီး ထွက်လာကြသည့် ခရီးက သူတို့
တစ်ခါမှဝအကျွမ်းတဝင်မရှိကြသည့် သူစိမ်းတစ်ယောက်၏ ရွာကို။

ရှမ်းပြည်ဘက်ကို သူလည်းမရောက်ဖူးတာမို့လို့ သွားချင်ပါသည်။ဒါဆိုလည်း ကလောတို့ တောင်ကြီးတို့ သီပေါတို့ဘက်
သွားလေ။သီပေါဆိုလည်းစော်ဘွားနယ်မြေမို့ ဟော်နန်းတို့ဘာတို့ကိုသူရောက်ဖူးချင်သည်။

တောင်ကြီးနှင့်
ကလောဆိုလည်း အင်းလေးအပြင်ရေပြာအိုင်တို့ တစ်ခြား အထင်ကရနေရာတွေသိပ်ပေါရဲ့သားနှင့် တကယ်တမ်းခရီးထွက်ကြတော့ သူစိမ်းတစ်ယောက်၏ အိမ်ကိုပါတဲ့။

နဂိုကတည်းက မှ နှစ်ယောက်တည်းမသွားရလို့ ငေါင်နေပါသည် ဆိုသည့် စိတ်က ခရီးစဉ်ကို
ကြားပြီး စိတ်ပျက်ရော။

သူ့လို စကားကိုဘုဘောက်ပြောတတ်သည့် သူနှင့် သူများအိမ်မှာတည်းခိုရမည့်ဟာနှင့် စိတ်ပျက်မိတာမဆန်း။နောက်ဆုံးတော့လည်း
ဝိုင့်အလိုကျ အောင့်သည်းအောင့်သက်နှင့် ခရီးစဉ်ကို သူ့မှာလိုက်လာရတော့တာပဲ။

" မင်းသိလား အဲ့ရွာလေးက အရမ်းသာယာတယ်လို့
ပြောတယ်...ငါတို့ဟိုရောက်ရင် အားလုံးအဆင်ပြေ
သွားမှာပါ...နော် ငါတို့ပျော်ရမှာပါ..."
ဝိုင်က သူ့ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီး ချော့ရှာသည်။သူ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

" မင်းနဲ့အတူထွက်တဲ့ ခရီးကကိုယ်အပျော်ဆုံးခရီးပဲပေါ့ ချစ်ရယ်...ကိုယ့်စိတ်ထဲဘာမှ မရှိတော့ဘူးနော် စိတ်မပူနဲ့တော့... "

" တကယ်လား မင်းနောင်တရနေတာတော့မဟုတ်ဘူးမလား မင်းက အလုပ်တွေမအားတဲ့ကြားက ငါ့ကို အချိန်ပေးရတာလေ အဲ့ဒါကို ငါက ငါ့စိတ်တိုင်းကျ ငါ့သဘောနဲ့ငါ စီစဉ်လိုက်မိတယ်..."

" ကိုယ်ဘာလို့နောင်တရ ရမှာလဲကွာ တစ်လွဲတွေ
တွေးနေတာ တော်တော့... "

" မင်းကိုချစ်လိုက်တာ အချစ်ဆုံးပဲ..."

" ကိုယ်လည်း မင်းကိုချစ်လိုက်တာမှ တုန်နေရောပဲ..."
ဝိုင့်ကိုယ်လေးကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ပိုပြီးဖက်တွယ်လိုက်ကာ နဖူးစက ဆံနွယ်လေးတွေကို
အမြတ်တနိုးငုံ့နမ်းလိုက်သည်။ဒီလူသားလေးကို
သူ့မှာချစ်လိုက်ရတာ။
~~~~~~~~~~~~~~<<<<>>>>~~~~~~~~~~
မန္တလေးရောက်တော့ ဝိုင်တို့ ထမင်းစားနားကြသည်။သော့်ရင်ခွင်ထဲ အိပ်စက်အနားယူခဲ့တော့ ခုဏကလို ငြီးငြီးငွေ့ငွေ့နှင့် ခေါင်းနှောက်တာမရှိလေတော့။အတော်လေးနေလို့ကောင်းကာ စိတ်ကြည်လာသည်။ထမင်းစားပြီးသောက်ပြီးကြတော့ အချိန်ဆွဲမနေကြပဲ ဘိုကောင်းနဲ့ ကိုဆက် ကားမောင်းသည့် နေရာလဲလိုက်ကြသည်။နောက် ဘိုကောင်းက မဖြေးမမြန် နှုန်းနှင့်ကား
ကို မောင်းထွက်ခဲ့လေတော့သည်။

တစ်ဖြည်းဖြည်း နေလုံးကြီးက အနောက်ဘက်သို့ဝင်သွားကာ မှောင်ရီပျိုးစသန်းလာခဲ့သည်။နောက် အအေးဓါတ်က ချက်ချင်းကြီးအမှောင်နောက်လိုက်လာခဲ့သည်။ဆောင်းတွင်းလည်း ဖြစ် ရှမ်းပြည်ဘက်သို့ရောက်လာသည်မို့ အအေးဓါတ်က ကျောရိုးတစ်လျှောက်တောင် စိမ့်လာသလိုလို။ဝိုင့်ကိုယ်လုံး
ကျုံ့နေတာမြင်တော့ သော်က ငုတ်တုတ်ထထိုင်ကာ
အနောက်ဘက်သို့လှည့်ပြီး ကျောပိုးအိတ်ထဲမှ အနွေးထည်နှင့်စောင်ပါးတစ်ထည်ထုတ်ယူလိုက်သည်။ဝိုင့်ကို အနွေးထည်ကူဝတ်ပေးကာ ရင်ခွင်ထဲဆွဲ
သွင်းပြီး စောင်ပါးလေးကို ၂ယောက်အတူ ခြုံလိုက်
ကြသည်။

" အေးပါ ငါက မအေးတတ်ပါဘူး..."

ဝိုင်တို နှစ်ယောက် အဖြစ်သည်းပုံကို ကားမောင်းနေသည့် ဘိုကောင်းက နောက်ကြည့်မှန်ကတစ်ဆင့်မြင်
သွားခြင်းဖြစ်သည်။ဘိုကောင်းအသံ အက်ရှရှ အသံကြောင့် စစ်သွေးရော ပုလဲရော ကိုဆက်ကပါ
ပြုံးစိစိနှင့် ဝိုင်တို့ နှစ်ယောက်ကို လှည့်ကြည့်လာသည်။သူတို့က စောင်မခြုံထားသည့် အပြင် ဘယ်သူမှ
အနွေးထည်မဝတ်ထားကြသေးပေ။ဝိုင်ကရဲတက်လာသည့် မျက်နှာကို စောင်နှင့်အသာအယာယူ
အုပ်လိုက်မိသည်။အေးနေလို့ ခြုံတာလေ ဘာလို့
ဝိုင်းအုံပြီး ပြုံးစိစိနင့် လုပ်နေကြတာတုန်း။

" ဘိုကောင်း မင်းချမ်းနေရင် ငါတစ်လှည့်မောင်းပေးမယ် အပိုတွေ လာပြောမနေနဲ့..."

" အေးပါကွာ မင်းကလည်း စလို့တောင်မရဘူး..."

" ငကောင်း ငါအိပ်ချင်လာပြီကွာ မင်းရွာကမရောက်သေးဘူးလား မင်းပြောတဲ့ သူငယ်ချင်းက မင်းဆီ
တစ်နေကုန် ဖုန်းလည်း မဆက်လာပါလား...."

စစ်သွေးက အိပ်ငိုက်နေရင်းနှင့် တစ်ချက်သန်းဝေရင်း ကားမောင်းနေသည့် ဘိုကောင်းကိုလှမ်းပြောလိုက်သည်။ဘိုကောင်းက စစ်သွေးစကားကြောင့်
ကိုတိမ်လွှာ့ထံ ဖုန်းလှမ်းဆက်လိုက်သည်။သို့သော်
ဖုန်းကဆက်သွယ်လို့မရ။စက်ပိတ်ထားသည်တဲ့။
အဲ့မှာသေရောလေ။

" ကျစ် ပြသာနာပဲ..."

ရွာကရောက်တော့မည်ဖြစ်သည်။သို့သော် ဖုန်းက
စထွက်လာကတည်းက ဆက်လာတာ အခုချိန်ထိဆက်၍မရ။ကိုတိမ်လွှာကလည်း သူ့ဆီဆက်မလာ။မနေ့ကတင် ဒီဖုန်းနဲ့ပဲ အဆက်အသွယ်ရခဲ့သေးတာ။

သူက တစ်ခါမှ ကိုတိမ်လွှာနေသည့် ရွာရောက်ဖူးခဲ့တာ
မဟုတ်။ကိုတိမ်လွှာ အထပ်ထပ် ပြောပြဖူးထားသောလိပ်စာကို GPS ဖွင့်ပြီး လာခဲ့လို့သာ ရွာကို တန်းတန်းမတ်မတ် ရောက်လာခြင်းဖြစ်သည်။သို့သော် ဖုန်းက
အခုအချိန်ဆက်လို့မရတော့။မတတ်နိုင် ရွာထဲ
ရောက်မှ မေးမြန်းပြီးသွားရတော့မှာပဲ ။

ကိုတိမ်လွှာဘုန်းဆိုလျှင်တော့ သိကြသည့်သူတွေရှိလောက်မှာပါ။ရွာထဲ စဝင်တော့ အဆက်အသွယ်မရကောင်းလား ဆိုပြီးသကောင့်သား သော်နှင့် စစ်သွေးက
ဝိုင်းပြီးအပြစ်တင်တော့သည်။မတတ်နိုင် စက်ပိတ်
ထားသည့်ဖုန်းကို သူ လှမ်းဖွင့်လိုက်လို့ရတာမှ မဟုတ်တာ။ရွာထဲဝင်လိုက်တော့ မီးရောင်ဖျော့ဖျော့နှင့် တံခါးပိတ်ထားကြပြီဖြစ်သော အိမ်သေးသေးလေး
တွေကို တွေ့လိုက်ရသည်။သို့သော် လူရိပ်လူခြေတော့ မတွေ့ရ။တစ်ဖြည်းဖြည်းနှင့် ကားဆက်မောင်းလိုက်တော့ ထမင်းဆိုင်လို့ခေါ်ရလောက်သည့်
စားပွဲခုံထိုင်ခုံတွေနှင့် အိမ်အပြင်ဘက်တွင်တဲထိုးထားသည့် အပြင်အဆင်ကိုတွေ့လိုက်ရသည်။ဘိုကောင်း ကားပေါ်ကဆင်းကာ အခြေအနေကို အကဲခတ်လိုက်သည်။အိမ်အတွင်းမှ အဒေါ်ကြီးတစ်ယောက်
ထွက်လာတာတွေ့တော့ ဘိုကောင်းဝမ်းသာအားရနှင့် ကိုတိမ်လွှာ့နာမည်ကို မေးလိုက်မိသည်။
အဒေါ်ကြီးက အေးအေးသက်သာပင် ကိုတိမ်လွှာ့
အိမ်ကို လမ်းညွှန်ပေးလိုက်လေသည်။

ဘိုကောင်း ပျော်ရွှင်စွာနှင့် ကားပေါ်အမြန်တက်ကာ
အဒေါ်ကြီးညွှန်ပြလေသည့် ရွာရဲ့ အနောက်ဘက်
စွန်းစွန်းသို့ထွက်ခဲ့လိုက်သည်။လက်ဖက်ခင်းတွေ တော်တော်များများဖြတ်ကျော်ပြီးနောက် လူခြေတိတ်သော ကိုတိမ်လွှာ၏ အိမ်သို့ရောက်ရှိခဲ့ကြသည်။
ရွာအစွန်အဖျားတွင်ရှိပြီး လူအသွားအလာနည်းသည့် နေရာမှာ အိမ်ကြီးကို လာဆောက်ထားခြင်းပင်။

ဝိုင်ကားပေါ်မှဆင်းကာ မီးရောင်ဖျော့ဖျော့အောက်
တွင် မည်းနက်စွာလှပနေသည့်ရဲတိုက်ကြီးသဖွယ်
အိမ်ကြီးကိုကြည့်လိုက်မိသည်။ရွာလမ်းတစ်လျှောက်လုံး သေးငယ်သည့် အိမ်လေးတွေသာတွေ့ခဲ့ရပြီး ရွာတစ်ရွာလုံးတွင် အကြီးဆုံးနှင့်အခမ်းနားဆုံးဟု ပြောလို့ရသည့် အိမ်အိုကြီးတစ်အိမ်ပင်။

ခြံတံခါးရှေ့တွင် ခြံတံခါးလာဖွင့်သည်ကို စောင့်နေကြသည့်
အချိန်ဖြစ်သည်။ခြံဝန်းကြီးကလည်း ကျယ်လိုက်တာ။
တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုလို  ခံစားလိုက်ရတာကြောင့် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် အိမ်အိုကြီးအပေါ်ကိုဝိုင်မော့ကြည့်မိတော့ အဖြူရောင်အလွှာပါးလေးက ပြတင်းပေါက်နားမှာရပ်နေတာတွေ့လိုက်ရသလိုလို ။စိတ်ထင်လို့ပဲလား မသိ အိမ်ထဲမှာရှိနေသည့် တစ်စုံတစ်ခုက ဝိုင့်ကို အိမ်ထဲကိုဝင်မလာဖို့ တွန်းအားပေးနေသလိုပဲ။

မလာဖို့တဲ့လား။ဝိုင်ကတော့
ဒီအိမ်ကြီးကိုမရောက်ခင် ခရီးထွက်ဖို့ တိုင်ပင်ကတည်းက၊
ဘိုကောင်းနှုတ်က ခရီးကိစ္စစပြောကတည်းက မသိစိတ်က ဒီကိုပဲလာချင်နေခဲ့တာ။ဘာလို့လဲ ဘာလို့
ဒီအိမ်ကြီးက ဝိုင့်စိတ်တွေကို ဆွဲဆောင်နေရတာလဲ
ဝိုင်မသိ။တစ်ခုခုတော့ ထူးခြားလိမ့်မည်ဟု ဝိုင့်စိတ်
ထဲကတွေးနေမိသည်။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဝိုင် အိမ်ကြီး ကိုစိုက်ကြည့်လိုက်မိသည်။
အခုချိန်ထိ ဝိုင့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသည့် အသိကြီးကို ဝိုင့်စိတ်တွေက ခံစားလို့
ရနေတုန်းပင်။သော်က ဝိုင့်အနားရောက်လာကာ ဝိုင့်
ပုခုံးလေးကို တယုတယ ဖက်လိုက်ပြီး သော့ဖွင့်အလာကိုစောင့်နေလိုက်သည်။အကြာကြီးစောင့်နေရလို့ သော်စိတ်တိုနေပြီလေ။ကားဟွန်းတီးလိုက်ပြီး
ကတည်းက အသံသာကြားပြီးပေါ်မလာသေး။

နောက် ခြံတံခါးနားမီးသီး ဖြတ်ခနဲ လင်းလာပြီး အိမ်ကြီးဆီမှ တစ်ရွေ့ရွေ့ လာနေသည့် လူ၁ယောက်ကိုတွေ့မှ တွန့်ချိုးနေသည့် မျက်ခုံးတွေကို ဖြေလျော့လိုက်သည်။ဝိုင့်ကိုယ်လေးကိုဖက်ပြီး သူအိပ်ချင်နေပြီဖြစ်သည်။

Continue Reading

You'll Also Like

1M 228K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
308K 24.7K 29
Mini Story Uni Life Style Sweet Romance
24.5K 2.2K 98
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
151K 14.5K 49
အတွဲပေါင်းစုံRoကြမယ့်seasonပါ❤️ အချိုများများ အဆွေးအနည်းငယ်ရောကြမယ်ပေါ့😁