Searching in the Apocalypse f...
By Dancing_Breeze
348K 55.6K 2.4K
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More
Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ကျေးဇူးတင်လွှာ
Chapter - 193
5.4K 866 12
By Dancing_Breeze
[Zawgyi]
"ဒီလောက်ဆို ရလား?"
နဉ်ရှု : Pffff...!
နဉ်ရှု မေးလိုက်သည်။
......
Comment :
......
[Unicode]
<ဒီကိုလာ...ငါစမ်းကြည့်ပါရစေ။>
ကျောင်းဆရာဝန်အန်ကယ်က သူမကို ဒီသံမဏိဘားတန်းကို ချိုးဖို့ပြောလာတာကို သူမကြားတဲ့အခါ သူမနားကြားမှားနေတာဖြစ်မယ်လို့ နဉ်ရှုတွေးလိုက်သည်။
"ကျွန်မကို ဒါကြီးကို ချိုးဖို့ ပြောနေတာလား?"
ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုကြည့်လိုက်သည်။ သူ့ရဲ့မျက်မှန်က အလင်းပြန်သွားတာကြောင့် အဖြူ ရောင်အလင်းတစ်ချို့ကိုထုတ်လွှတ်နေပြီး သူ့ကို အတော်လေးအန္တရာယ်များတဲ့သူပုံစံဖြစ်နေစေသည်။ နဉ်ရှု စကားမဆိုတော့ဘဲ မြေပေါ်က စတီးချောင်းကို ချက်ချင်းကောက်ယူလိုက်သည်။
"အားကုန်သုံးပြီးချိုးလိုက်။"
ကျောင်းဆရာဝန်အန်ကယ်က ပြောလာသည်။
နဉ်ရှု ခေါင်းငြိမ့်လိုက်ပြီး အတွင်းအားကိုလှည့်ပတ်ကာ စတီးချောင်းပေါ်မှာ အားစိုက်လိုက်သည်။ သူမ စတီးချောင်းကိုမချိုးနိုင်ပေမယ့် ကွေးတော့ကွေးသွားလေသည်။
"ဒီလောက်ဆို ရလား?"
ကျောင်းဆရာဝန်အန်ကယ်က ခေါင်းငြိမ့်လိုက်ပြီး နဉ်ရှု လက်မောင်းကို လာထိသည်။ နဉ်ရှု စတီးချောင်းကို ချက်ချင်းပစ်ချလိုက်ပြီး ခပ်ဝေးဝေးပြေးကာ ကျောင်းဆရာဝန်အန်ကယ်ကို သတိအနေအထားနဲ့ကြည့်လိုက်သည်။
"အန်ကယ်..ရှင်ဘာလုပ်နေတာလဲ?"
ဆိုးလိုက်တာ။ သူထိတာကိုခံရတာက ကြောက်ဖို့ကောင်းတယ်။
"ငါက မင်းရဲ့ခွန်အားကို စမ်းသပ်ကြည့်ရုံပါ။ စောစောက မင်းက ထူးထူးခြားခြားသန်မာလွန်းနေတာကို ငါတွေ့လိုက်ရတယ်။"
ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို လက်ယပ်ခေါ်လေ၏။
"ဒီကိုလာ...ငါစမ်းကြည့်ပါရစေ။"
နဉ်ရှု : Pffff...!
"ဒီကိုလာ..ငါ မင်းကြွက်သားတွေကို စမ်းကြည့်ပါရစေ။"
ကျောင်းဆရာဝန်အန်ကယ်က ထပ်ပြေညသည်။ နဉ်ရှုတစ်ယောက် ခေါင်းကနေခြေမအထိ မသက်မသာခံစားလိုက်ရလေသည်။
သူမ ထူးထူးခြားခြားသန်မာနေရတာက ပြိုင်ဘက်ကင်းကိုယ်ခံပညာကို လေ့ကျင့်ထားလို့ဖြစ်သည်။ ဒီအကြောင်းပြောရမယ်ဆိုရင် ဒီအတွင်းအားပညာရပ်ရဲ့နာမည်ကို စဉ်းစားမိတဲ့အခါတိုင်း သူမအရမ်းကိုရှက်မိသည်။
နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ဆီ ဖြည်းဖြည်းလေးလျှောက်သွားလိုက်သည်။ သူက သူမကို အမူအရာကင်းမဲ့စွာကြည့်နေတာကို ကြည့်ပြီး သူမကျောချမ်းလာတော့သည်။ ကျောင်းဆရာဝန်အန်ကယ် ခွဲစိတ်တာကို ခံရတော့မယ်လို့ သူမ ဘာကြောင့်ခံစားနေရတာလဲ?
ကျောင်းဆရာဝန်အန်ကယ်က သူမရဲ့ကြွက်သားတွေကိုထိချင်တဲ့ဆန္ဒပြည့်သွားတဲ့အခါ ခေါင်းငြိမ့်လေသည်။
"မင်းကြွက်သားတွေက အရမ်းမကြီးပေမယ့် ကျစ်လျစ်တယ်။ အကောင်းဆုံးပဲ။"
သူစကားပြောနေစဉ်မှာ သူ့ရွှေကိုင်းမျက်မှန်ကလည်း တောက်ပနေတာကြောင့် နဉ်ရှုကို ကြောက်လွန်းလို့ အတွင်းခံထဲ သေးပေါက်ချမိလုနီးပါးဖြစ်သွားစေ၏။
ကျောင်းဆရာဝန်အန်ကယ်က သူမကို ခွဲစိတ်ချင်နေတာတော့ မဖြစ်နိင်ပါဘူးနော်? မဖြစ်နိုင်ပါဘူး..ဟုတ်တယ်မလား? မဖြစ်နိုင်ပါဘူးနော်?
"ဒီမှာ ရှင်တို့အတွက် ညစာ။"
Phoenixလျှောက်လာပြီး နဉ်ရှုနဲ့ ကျောင်းဆရာဝန်အန်ကယ်ရဲ့အခိုက်အတန့်လေးကို ချစ်ရည်ရွှမ်းတဲ့အကြည့်နဲ့ ဖျက်ဆီးလိုက်လေသည်။
သူမက ဘီစကစ်တွေအပြည့်အသိပ်ထည့်ထားသော ဘူးနှစ်ဘူးနှင့် ရေဘူးနှစ်ဘူးကိုကိုင်ထားပြီး ကျောင်းဆရာဝန်အန်ကယ်ကို ကမ်းပေးလိုက်သည်။
ထို့နောက် ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို ဘီစကစ်တစ်ဘူး ကမ်းပေးလာသည်။ နဉ်ရှု အလျင်အမြန်လှမ်းယူလိုက်လေသည်။ သူမ ဗိုက်ဆာနေပြီ!
ဒါကိုမြင်တဲ့အခါ Phoenixရဲ့မျက်လုံးတွေက အဓိပ္ပါယ်တစ်မျိုးနဲ့ အရောင်လက်သွားပြီး သူမက နဉ်ရှုကိုပြောလာသည်။
"ဒေစီ..ခဏလောက်လိုက်ခဲ့။ ငါ နင်နဲ့ စကားပြောချင်တယ်။"
နဉ်ရှု အနည်းငယ်ရှုပ်ထွေးသွားလေ၏။ Phoenixက သူမကို ဘာကိစ္စစကားပြောချင်ရတာလဲ? သို့သော်လည်း သူမ Phpenixနောက်ကနေ လိုက်သွားလိုက်သည်။ ဒီအိမ်ကို ရွှံ့နဲ့လုပ်ထားပြီး အတော်လေးပျက်စီးနေပြီဖြစ်တာကြောင့် အိမ်ရှင်တွေမရှိတော့ပေ။ ဒီအိမ်က အုပ်စုအတွက် ခေတ္တနားနေစရာ နေရာတစ်ခုသာဖြစ်သည်။
သူတို့အပြင်ရောက်လာတဲ့အခါ Phoenixကရပ်လိုက်လေသည်။ နဉ်ရှုလည်း Phoenixနဲ့ နှစ်မီတာခန့်အကွာမှာ ရပ်လိုက်သည်။ ဒီနေရာက ရပ်နေဖို့ ဘေးအကင်းဆုံး အကွာအဝေးပဲ။
"နင် ငါ့ကို ဘာကိစ္စရှာတာလဲ?"
နဉ်ရှု မေးလိုက်သည်။
Phoenixက သူမရဲ့နူးညံ့တဲ့လက်တစ်ဖက်ကို နဉ်ရှုဆီဆန့်ထုတ်လိုက်သည်။ နဉ်ရှုရဲ့ ဝေခွဲမရဖြစ်နေတဲ့အမူအရာကို မြင်တဲ့အခါ သူမက အေးစက်စွာပြောလာလေ၏။
"ဒေစီ...မျိုးရိုးဗီဇအဆီအနှစ်ထုတ်ပေး။ ဒါဆို ငါတို့တာဝန်ပြီးပြီ။"
"မျိုးရိုးဗီဇအဆီအနှစ်? ငါ့ဆ်ီမှာ ရှိမှမရှိတာ။"
Phoenixရဲ့အမူအရာက ပိုပြီးအေးစက်လာတော့သည်။
"ဟန်ဆောင်နေတာရပ်လိုက်စမ်း။ ဗီဇကွဲzombieလုသွားတဲ့ မျိူးရိုးဗီဇအဆီအနှစ်ကိုပြောနေတာ။ နင်က နောက်ဆုံးယူသွားတဲ့သူလေ။"
နဉ်ရှု Phoenixဆိုလိုရင်းကို ရုတ်တရက်သဘောပေါက်သွားသလိုလုပ်ကာ ပြောလိုက်သည်။
"အိုး..နင်ပြောတာ အဲ့ဒီဟာလား? ပျောက်သွားပြီ။ နင်သာမပြောရင် ငါမှတ်တောင်မှတ်မိမှာမဟုတ်ဘူး။"
ထို့နောက် နဉ်ရှုက နောင်တရနေတဲ့အမူအရာလုပ်လိုက်လေ၏။
"အစ်မPhoenix...ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အမှားတွေပါ။"
နဉ်ရှုက သူမကို 'အစ်မ'လို့ခေါ်လိုက်တဲ့အခါ Phoenixစိတ်အနှောင့်အယှက်ဖြစ်သွားလေ၏။ သူမက နဉ်ရှုရဲ့ ကြောင်တောင်တောင်ပုံစံကိုကြည့်ပြီး ပြောလိုက်သည်။
"ဒေစီ...ငါတို့အကုန်လုံးက လျှို့ဝှက်ဌာနတစ်ခုတည်းကနေစေလွှတ်ခံရတဲ့သူတွေပါ။ ငါတို့အားလုံးကို တာဝန်မအောင်မြင်တဲ့အတွက် ဗိုလ်ချုပ်အပြစ်ပေးတာကို နင်လိုချင်နေတာလား?"
နဉ်ရှု စိတ်ထဲမှနေ၍ မျက်လုံးလှန်လိုက်သည်။ နင်တို့က တိုင်းပြည်ကို သစ္စာဖောက်ပြီးနေပြီလေ။ အပြစ်ပေးခံရမှာကို ဂရုစိုက်နေစရာလား? ဒါက ဦးနှောက်မရှိဘဲတုံးအတဲ့ မူလခန္ဓာရှင်အပေါ်မှာပဲ အလုပ်ဖြစ်လိမ့်မယ်။
......
Comment :
ရှေ့အပိုင်းမှာ အိုင်သံမဏိတံခါးလို့ရေးလိုက်မိတယ်။ တကယ်က စတီးချောင်းပါ။ စတီးက သံမဏိဆိုပေမယ့် အသံထွက်အတိုင်းပဲရေးလိုက်တယ်။ ဘာသာပြန်အမှားအတွက် ဂိုးမန်း -,-
......
Continue Reading
You'll Also Like
77.5K 8.3K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
76.4K 6.9K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
128K 25.2K 76
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
273K 18.7K 200
#Villain's Mother - Description ရွမ်ရှ တစ်ယောက် အိပ်ယာထချိန်တွင် သူမ တစ်ညလုံးမအိပ်မနေဖတ်ခဲ့သော ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားပြီး ဗီလိန်ဇာတ်ကောင်၏...