ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(82)
"ပါးပါးခ်ီထားမယ္...ေသခ်ာထိုင္ေနာ္"
ႀကိဳးကေလးကိုေက်ာင္းႀကိဳၿပီးျပန္ေတာ့...ဆိုင္ကယ္ကသံုးေယာက္စီးျဖစ္သြားၿပီးအဆင္မေျပ။
ႏွစ္ေယာက္ပဲထိုင္လို႔ရတဲ့ဆိုင္ကယ္မို႔...
အရပ္ထြက္ေနၿပီျဖစ္တဲ့ႀကိဳးကေလးကေရွ႕မွာလည္းမဆံ့ေနာက္မွာလည္းၫွပ္ေနတာ။
အဲဒါေၾကာင့္ေပြ႕ရင္းနဲ႔စီးရမွာပါ။
ဆိုင္ကယ္ကိုဒုတိယအႀကိမ္ေျမႇာက္ေက်ာက္စိမ္းစိတ္ကုန္မိတာပါပဲ။
အိမ္ျပန္ေရာက္ကတည္းကမ်က္ႏွာေလးမေကာင္းဘဲနဲ႔...
ေက်ာက္စိမ္းထမင္းေတာင္ေသခ်ာမစားဘူး။
"ေနမေကာင္းဘူးလားဟင္..."
"မဟုတ္ဘူး၊ မစားခ်င္လို႔"
"ငါဘာလုပ္ေပးရမလဲ၊ တျခားတခုခုစားမလား"
ကေလးရဲ႕ထမင္းပန္းကန္ေလးထဲမွာပဲထမင္းမပူေအာင္လို႔ေသခ်ာေလးတဖူးဖူးမႈတ္ေပးေနရင္းနဲ႔ဦးေသွ်ာင္ကေက်ာက္စိမ္းကိုေမးေနေတာ့...
လက္ကလဲမအား...စိတ္ကလဲမအားျဖစ္ေနတာ၊
သူ႔ဘာသာေတာင္ထမင္းေသခ်ာမစားႏိုင္ေသးဘူး။
ဒါကို...ေက်ာက္စိမ္းကျမင္ေနေတာ့...
"မင္းလည္းေသခ်ာမွမစားတာ၊ ကေလးကိုလုပ္လိုက္စိတ္ေတြမ်ားေနလိုက္နဲ႔...
ေပး...ႀကိဳးကေလးကိုငါပဲလုပ္ေပးမယ္"
ၾကည့္ေနရတာအဆင္မေျပေတာ့...ေက်ာက္စိမ္းကေႏွာင္ႀကိဳးရဲ႕ထမင္းပန္းကန္ကိုေတာင္းေတာ့၏။
ထမင္းစားတိုင္းေသွ်ာင္ကပဲသူ႔ကိုအကုန္လုပ္ေပးတာ၊
ေမေမတို႔ေတာင္ဘာမွသိပ္မလုပ္ေပးေတာ့ဘူး။
သူအိမ္ျပန္တဲ့ေန႔ေတြဆိုရင္ဦးေသွ်ာင္ကပဲအကုန္လံုးလုပ္သြားတာ။
အိမ္မွာလူပိုမထားတာလည္းၾကာေနၿပီ။
ေတာက္တိုမယ္ရခိုင္းဖို႔မယ္ေထြးတစ္ေယာက္ပဲက်န္ေတာ့တာပါ။
ဒါေပမယ့္...
ႀကိဳးကေလးရဲ႕ေဝယ်ာဝစၥဆိုဦးေသွ်ာင္ဘယ္သူ႔ကိုမွမခိုင္းခ်င္ဘူး။
သူ႔ဘာသာပဲလုပ္ခ်င္တာ၊
ျမင္ေနရတိုင္းအိမ္ေရာက္ၿပီဆိုတာနဲ႔ႀကိဳးကေလးရဲ႕အရာရာကိုသူပဲလုပ္ခ်င္တာ။
ထမင္းဗူးထဲမွာထမင္းက်န္ေနတာကအစ...
ေျပာလို႔မၿပီးေတာ့ဘူး။
မနက္ျဖန္က်ရင္ဘာဟင္းထည့္ေပးလိုက္ဘာညာ... အရမ္းနားညည္းတတ္တာ။
သူ႔ေလာက္အေသးစိတ္ၿပီးေတာ့ကေလးနဲ႔ပတ္သက္ရင္သူပဲကဂ်ီကေဂ်ာင္အက်ဆံုး။
တခါတေလေမေမနဲ႔ေတာင္ဦးေသွ်ာင္ရန္ျဖစ္တာ။
"နင့္အသံခ်ည္းပဲေနာ္...ငေသွ်ာင္...
ဂ်ီးသိပ္မကိုက္နဲ႔၊ အိမ္ေပၚကေနႏွင္ခ်မွာ..."
"ဟြန္႔...ေမေမေလးေနာ္...အခုေတာ့ေျပာၿပီလား၊
ေနာက္ထပ္ကေလးထပ္လိုခ်င္ေသးတာဆို..."
အဲဒီအခါရဲရဲတို႔ကေဘးကေနဝိုင္းစည္ေအာင္တီးတဲ့ဗံုဆရာပဲ။
"ဟြန္႔...
ဘာေနာက္ထပ္ကေလးလဲ၊ ကိုကိုႀကီးသာကိုယ့္ေယာက်ာ္းကိုအရင္စည္းရံုးေရးဆင္းလိုက္အံုး၊ ၿပီးေတာ့မွေျပာရေအာင္၊
ညညဆိုေသခ်ာပဲကိုယ့္ဘက္ပါေအာင္အရင္ေခၚအံုး...
လူကျဖင့္ေအာက္ကေနတက္ႏိုင္တဲ့ပံုလဲမဟုတ္ဘူး။
ေနာက္ကေလးတေယာက္မေျပာနဲ႔...
အေပၚမွာေနရဖို႔ေတာင္အႏိုင္ႏိုင္ျဖစ္ေနတာကို..."
"ရဲရဲ...နင္ေတာ့ေသေတာ့မယ္၊
ဒါနင္ေျပာစရာလား...မိန္းကေလးတန္မဲ့"
"ေမေမေနာ္၊ ရဲရဲကေမေမ့အစားဝင္ေျပာရတာ၊
ေမေမပဲညည္းညဴေနတာ၊
ႀကိဳးကေလးကအေဖာ္မဲ့ေနတာသနားပါတယ္...
ဘာညာနဲ႔"
"ငါထုထည့္ေတာ့မယ္၊ ကေလးေရွ႕မွာေပါက္ကရေတြသြားစမ္း...မိရဲရဲ"
သူတို႔ကဒီမွာဂ်ိန္ေနာင္ေနတုန္းေက်ာက္စိမ္းဘယ္တုန္းကလစ္ထြက္သြားလဲမသိဘူး။
ထမင္းပန္ကန္ႀကီးပဲသူထိုင္တဲ့ေနရာမွာက်န္ခဲ့တာ၊
ထမင္းေတာင္မွတဝက္မက်ိဳးခဲ့ဘူး။
အဲဟာေလးလည္းဘယ္ေတာ့မွေခ်ာ့ယူလို႔အဆင္ေျပမလဲမသိဘူး။
အခုထိသူ႔ေရွ႕မွာကေလးအေၾကာင္းေျပာမိရင္ေၾကာက္လန္႔တၾကားျဖစ္ေနတုန္း...
ဘာမွစားမသြားတဲ့ထမင္းပန္းကန္ကိုၾကည့္ၿပီးသက္ျပင္းခ်ရသည္။
အစားသိပ္မစားဘဲနဲ႔ဗိုက္ေအာင့္ေတာ့မွာပဲ။
xxxxx
"မင္းအစာလဲေသခ်ာမစားဘူး...မ်က္ႏွာႀကီးသုန္မႈန္ေနတာပဲ၊ မွန္းစမ္း...ေနမေကာင္းတာလား"
"ဟာ...ဘာမွမျဖစ္ဘူး....ဖယ္"
"တခုခုျဖစ္ေနတာပါ၊ ငါသိတယ္၊ ေျပာၾကည့္...နားေထာင္ေပးမယ္"
စာေရးစာပြဲမွာထိုင္ၿပီးတခုခုလုပ္ေနတဲ့...
ေက်ာက္စိမ္းရဲ႕ခါးေလးကိုဖက္ထားၿပီးေတာ့...ေသွ်ာင္ကေမးေနတာျမတ္ႏိုးတဲ့မ်က္ဝန္းေလးေတြနဲ႔ပါ။
"ေျဖကြာ...မင္းတခုခုျဖစ္ေနတယ္"
"ဟာကြာ၊ စိတ္ရႈပ္တာပါဆို...ဖယ္စမ္းပါ"
"ဟင့္အင္း...မင္းမေျဖရင္မဖယ္ဘူး၊ တညလံုးလိုက္ေႏွာင့္ယွက္မွာ"
"ေသွ်ာင့္...မင္းဘယ္လိုျဖစ္ေနတုန္း"
"ဘာျဖစ္ရလို႔လဲ...မင္းျဖစ္ေနလို႔ေမးေနတာကို၊
မ႐ုန္းနဲ႔ကြာ၊ ဒီတိုင္းေလးပဲဖက္ထားခ်င္လို႔"
ခါးကိုဖက္ၿပီးေတာ့ပုခံုးေပၚမွီအိပ္ခ်ေနတာ၊ အခုကသူကခြ်ဲေနတာလား။
ကိုယ္ျဖစ္ေနတာကိုေမးသလားမသဲကြဲဘူးရယ္။
ေနာက္ၿပီးေက်ာက္စိမ္းကစြပ္က်ယ္ေလးဝတ္ထားမိေတာ့ပုခံုးသားကိုလာၿပီးတြန္းတိုက္ေနတာ၊
သူ႔မုတ္ဆိတ္ေမြးေတြကရိတ္ထားကာစမို႔ၾကမ္းရွရွနဲ႔ဘယ္လိုႀကီးမွန္းမသိဘူး။
မုတ္ဆိတ္ငုတ္စအတိုေလးေတြကအယားတမ်ိဳး၊
အဲဒီအသားနဲ႔တေျပးထဲျဖစ္ေနတဲ့ၾကမ္းရွရွကအယားတမ်ိဳး။
"ဖယ္စမ္း...ငါ့လက္ေမာင္းယားတယ္၊
အဲဒီမုတ္ဆိတ္ေတြစိတ္တိုလာရင္တေခ်ာင္းခ်င္းဆြဲနႈတ္မွာေနာ္"
"အမယ္...ရိတ္ထားကာစပဲရွိေသးတာ၊ အပိုမေျပာနဲ႔၊
ငုတ္စိေတြကယားတာဆို၊
အခုရိတ္ထားတာမွမၾကာေသးတာ"
"အဲဒါလဲယားတာပဲဟ"
"ယားတာမဟုတ္ပါဘူးဆိုေန၊ ဟိုဟာ...."
"ေသာက္ခြက္ကိုထိုးမွာေနာ္၊ စိတ္သိပ္မၾကည္ဘူး၊ ဖယ္ေတာ့"
"မဖယ္ဘူး...မင္းရင္ထဲမွာတခုခုျဖစ္ေနတာ၊ အဲဒါကိုငါ့ကိုေျဖ"
"ဟား.....တကယ္စိတ္တိုလာမွာေနာ္၊ ေသွ်ာင့္"
"ဟုတ္ကဲ့...ကြ်န္ေတာ္မ်ိဳးနားေထာင္ေနတာ၊ တိုပါ။
စိတ္ႀကိဳက္တိုလိုက္၊ ထိုးခ်င္ရင္ရေသးတယ္၊ ဒီေကာင္ကဖြဲအိတ္ႀကိ္းျဖစ္ေပးဦးမွာ"
"ဦးေသွ်ာင္"
"ဗ်ား..."
"မင္း...ဟာကြာ"
ေဘးတေစာင္းေတြ႕ေနရတဲ့ေက်ာက္စိမ္းရဲ႕မ်က္ႏွာေလးကတကယ္အလိုမက်ေတာ့ဘူး။
ဒါကိုသူသိတယ္။
ခါးေပၚကလက္ကိုေရွ႕ပိုတိုးၿပီးေတာ့...
ခ်က္ရွိတဲ့ေနရာေလးကိုလက္ညိဳးေလးနဲ႔လွမ္းကလိတယ္။
ေက်ာက္စိမ္းကတြန္႔ကနဲျဖစ္သြားၿပီး...ခါးလန္႔ေတာ့တယ္။
ဒီအခ်ိန္မွာဗိုက္ထဲကဂြီ'ဆိုၿပီးအသံေလးထြက္လာတာ...
"ဗိုက္ဆာေနၿပီမလား။ စိတ္ေတြတိုၿပီးေတာ့...
လာ...ေအာက္သြားမယ္၊
ငါတခုခုလုပ္ေပးမယ္၊ ဘာစားခ်င္လဲ"
ညဆယ့္တစ္နာရီေတာင္ထိုးေနၿပီ။
လူကမအိပ္ေသးတဲ့အျပင္ညေနကဘာမွေသခ်ာစားမထားဘူး။
ေနာက္ၿပီးေဒါသထြက္တာနဲ႔ဗိုက္ပိုဆာတတ္တာမို႔...
ေသွ်ာင္ဆြဲေခၚတဲ့ေနာက္ကိုပါလာခဲ့သည္။
ဟိုအရင္တုန္းကေက်ာင္းသားဘဝမွာဒီလိုပဲသူတို႔...ညဘက္ေတြထၿပီးတခုခုစားေနၾကပါ။
ေခါက္ဆြဲေျခာက္ရွိရင္ေခါက္ဆြဲေျခာက္ျပဳတ္၊
မရွိရင္ေတာ့ၾကက္ဥေတြျပဳတ္ျပီးထိုင္စားၾကတာ။
ေရခဲေသတၱာထဲမွာရွိသမွ်စားလို႔ရတာေတြအကုန္ရွာစားၾကၿပီးေနာက္ေန႔ဆိုဆူတာခံရတယ္။
အိမ္ေနာက္ေဖးမွာစားထားသမွ်ေတြၿဖဲထားၾကလို႔တဲ့...
ကေလးဘဝရဲ႕ဘယ္အစိတ္အပိုင္းကိုပဲသတိရရဦးေသွ်ာင့္နာမည္ဟာမပါမျဖစ္ေလး။
"ေခါက္ဆြဲရွိတယ္၊ စားမလား"
"အင္း"
ခပ္တည္တည္ေလးပဲထိုင္ေနၿပီးဦးေသွ်ာင္လုပ္သမွ်ကိုၾကည့္ေနခဲ့သည္။
ဦးေသွ်ာင္ဟာ...ဘာပဲျဖစ္ျဖစ္သူ႔မွာမသိတာမရွိဘူး။
ငယ္ကတည္းကအၿမဲပဲသူဆရာႀကီး။
သူပဲေခါင္းေဆာင္။
သူပဲလမ္းျပႀကီး။
တကယ္လည္းအခုထိလမ္းျပေနတဲ့လမ္းျပၾကယ္ေလးပါ။
"ေရာ့...ရၿပီ"
ေခါက္ဆြဲျပဳတ္ၿပီးေတာ့ဒီအတိုင္းၿပီးမသြားဘူး။
ေရခဲတံုးေတြကိုေအာက္မွာခြက္တခုနဲ႔ခံထည့္ၿပီးေတာ့အျမန္စားလို႔ရေအာင္အေအးခံၿပီးမွလာေပးတာ။
အရမ္းပူရင္စားမႏိုင္မွာစိုးလို႔...တဲ့။
"မင္းစားဦးမလား..."
ေမးၿပီးမွၾကည့္မိတာ၊ မ်က္မွန္ႀကီးတပ္ၿပီးေတာ့ေခါက္ဆြဲျပဳတ္ေတာ့...
ေရေငြ႕႐ိုက္ထားတာေလးနဲ႔မ်က္မွန္ဟာမႈန္ေနေရာ...ဒါကိုသူသတိမထားမိဘဲနဲ႔...
ေခါက္ဆြဲကိုမပြသြားဘဲနဲ႔အျမန္စားလို႔ရေအာင္လို႔တဖူးဖူးနဲ႔မႈတ္ေပးေနတာ၊
ပါးေလးေတြေဖာင္းလို႔။
နႈတ္ခမ္းေလးဝိုင္းၿပီးစုေထြးေနတာတကယ္ကိုငယ္ငယ္တုန္းက႐ုပ္ကေလးအတိုင္းပဲ။
ေမ့မရခဲ့ပါဘူး...
ေမ့ဖို႔လြယ္တဲ့လူလည္းမဟုတ္ေတာ့ဘူးသိလား...ဦးေသွ်ာင္...
မင္း...ခ်စ္ဖို႔ေကာင္းတာေတြက.....
မခို႔တ႐ို႕နဲ႔ငါ့ရင္ဘတ္ထဲမွာစြဲေနခဲ့တာ...
ငါ...ကိုယ့္ဘာသာေတာင္သတိမထားမိခဲ့ဘူးေလ။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(82)
"ပါးပါးချီထားမယ်...သေချာထိုင်နော်"
ကြိုးကလေးကိုကျောင်းကြိုပြီးပြန်တော့...ဆိုင်ကယ်ကသုံးယောက်စီးဖြစ်သွားပြီးအဆင်မပြေ။
နှစ်ယောက်ပဲထိုင်လို့ရတဲ့ဆိုင်ကယ်မို့...
အရပ်ထွက်နေပြီဖြစ်တဲ့ကြိုးကလေးကရှေ့မှာလည်းမဆံ့နောက်မှာလည်းညှပ်နေတာ။
အဲဒါကြောင့်ပွေ့ရင်းနဲ့စီးရမှာပါ။
ဆိုင်ကယ်ကိုဒုတိယအကြိမ်မြှောက်ကျောက်စိမ်းစိတ်ကုန်မိတာပါပဲ။
အိမ်ပြန်ရောက်ကတည်းကမျက်နှာလေးမကောင်းဘဲနဲ့...
ကျောက်စိမ်းထမင်းတောင်သေချာမစားဘူး။
"နေမကောင်းဘူးလားဟင်..."
"မဟုတ်ဘူး၊ မစားချင်လို့"
"ငါဘာလုပ်ပေးရမလဲ၊ တခြားတခုခုစားမလား"
ကလေးရဲ့ထမင်းပန်းကန်လေးထဲမှာပဲထမင်းမပူအောင်လို့သေချာလေးတဖူးဖူးမှုတ်ပေးနေရင်းနဲ့ဦးသျှောင်ကကျောက်စိမ်းကိုမေးနေတော့...
လက်ကလဲမအား...စိတ်ကလဲမအားဖြစ်နေတာ၊
သူ့ဘာသာတောင်ထမင်းသေချာမစားနိုင်သေးဘူး။
ဒါကို...ကျောက်စိမ်းကမြင်နေတော့...
"မင်းလည်းသေချာမှမစားတာ၊ ကလေးကိုလုပ်လိုက်စိတ်တွေများနေလိုက်နဲ့...
ပေး...ကြိုးကလေးကိုငါပဲလုပ်ပေးမယ်"
ကြည့်နေရတာအဆင်မပြေတော့...ကျောက်စိမ်းကနှောင်ကြိုးရဲ့ထမင်းပန်းကန်ကိုတောင်းတော့၏။
ထမင်းစားတိုင်းသျှောင်ကပဲသူ့ကိုအကုန်လုပ်ပေးတာ၊
မေမေတို့တောင်ဘာမှသိပ်မလုပ်ပေးတော့ဘူး။
သူအိမ်ပြန်တဲ့နေ့တွေဆိုရင်ဦးသျှောင်ကပဲအကုန်လုံးလုပ်သွားတာ။
အိမ်မှာလူပိုမထားတာလည်းကြာနေပြီ။
တောက်တိုမယ်ရခိုင်းဖို့မယ်ထွေးတစ်ယောက်ပဲကျန်တော့တာပါ။
ဒါပေမယ့်...
ကြိုးကလေးရဲ့ဝေယျာဝစ္စဆိုဦးသျှောင်ဘယ်သူ့ကိုမှမခိုင်းချင်ဘူး။
သူ့ဘာသာပဲလုပ်ချင်တာ၊
မြင်နေရတိုင်းအိမ်ရောက်ပြီဆိုတာနဲ့ကြိုးကလေးရဲ့အရာရာကိုသူပဲလုပ်ချင်တာ။
ထမင်းဗူးထဲမှာထမင်းကျန်နေတာကအစ...
ပြောလို့မပြီးတော့ဘူး။
မနက်ဖြန်ကျရင်ဘာဟင်းထည့်ပေးလိုက်ဘာညာ... အရမ်းနားညည်းတတ်တာ။
သူ့လောက်အသေးစိတ်ပြီးတော့ကလေးနဲ့ပတ်သက်ရင်သူပဲကဂျီကဂျောင်အကျဆုံး။
တခါတလေမေမေနဲ့တောင်ဦးသျှောင်ရန်ဖြစ်တာ။
"နင့်အသံချည်းပဲနော်...ငသျှောင်...
ဂျီးသိပ်မကိုက်နဲ့၊ အိမ်ပေါ်ကနေနှင်ချမှာ..."
"ဟွန့်...မေမေလေးနော်...အခုတော့ပြောပြီလား၊
နောက်ထပ်ကလေးထပ်လိုချင်သေးတာဆို..."
အဲဒီအခါရဲရဲတို့ကဘေးကနေဝိုင်းစည်အောင်တီးတဲ့ဗုံဆရာပဲ။
"ဟွန့်...
ဘာနောက်ထပ်ကလေးလဲ၊ ကိုကိုကြီးသာကိုယ့်ယောကျာ်းကိုအရင်စည်းရုံးရေးဆင်းလိုက်အုံး၊ ပြီးတော့မှပြောရအောင်၊
ညညဆိုသေချာပဲကိုယ့်ဘက်ပါအောင်အရင်ခေါ်အုံး...
လူကဖြင့်အောက်ကနေတက်နိုင်တဲ့ပုံလဲမဟုတ်ဘူး။
နောက်ကလေးတယောက်မပြောနဲ့...
အပေါ်မှာနေရဖို့တောင်အနိုင်နိုင်ဖြစ်နေတာကို..."
"ရဲရဲ...နင်တော့သေတော့မယ်၊
ဒါနင်ပြောစရာလား...မိန်းကလေးတန်မဲ့"
"မေမေနော်၊ ရဲရဲကမေမေ့အစားဝင်ပြောရတာ၊
မေမေပဲညည်းညူနေတာ၊
ကြိုးကလေးကအဖော်မဲ့နေတာသနားပါတယ်...
ဘာညာနဲ့"
"ငါထုထည့်တော့မယ်၊ ကလေးရှေ့မှာပေါက်ကရတွေသွားစမ်း...မိရဲရဲ"
သူတို့ကဒီမှာဂျိန်နောင်နေတုန်းကျောက်စိမ်းဘယ်တုန်းကလစ်ထွက်သွားလဲမသိဘူး။
ထမင်းပန်ကန်ကြီးပဲသူထိုင်တဲ့နေရာမှာကျန်ခဲ့တာ၊
ထမင်းတောင်မှတဝက်မကျိုးခဲ့ဘူး။
အဲဟာလေးလည်းဘယ်တော့မှချော့ယူလို့အဆင်ပြေမလဲမသိဘူး။
အခုထိသူ့ရှေ့မှာကလေးအကြောင်းပြောမိရင်ကြောက်လန့်တကြားဖြစ်နေတုန်း...
ဘာမှစားမသွားတဲ့ထမင်းပန်းကန်ကိုကြည့်ပြီးသက်ပြင်းချရသည်။
အစားသိပ်မစားဘဲနဲ့ဗိုက်အောင့်တော့မှာပဲ။
xxxxx
"မင်းအစာလဲသေချာမစားဘူး...မျက်နှာကြီးသုန်မှုန်နေတာပဲ၊ မှန်းစမ်း...နေမကောင်းတာလား"
"ဟာ...ဘာမှမဖြစ်ဘူး....ဖယ်"
"တခုခုဖြစ်နေတာပါ၊ ငါသိတယ်၊ ပြောကြည့်...နားထောင်ပေးမယ်"
စာရေးစာပွဲမှာထိုင်ပြီးတခုခုလုပ်နေတဲ့...
ကျောက်စိမ်းရဲ့ခါးလေးကိုဖက်ထားပြီးတော့...သျှောင်ကမေးနေတာမြတ်နိုးတဲ့မျက်ဝန်းလေးတွေနဲ့ပါ။
"ဖြေကွာ...မင်းတခုခုဖြစ်နေတယ်"
"ဟာကွာ၊ စိတ်ရှုပ်တာပါဆို...ဖယ်စမ်းပါ"
"ဟင့်အင်း...မင်းမဖြေရင်မဖယ်ဘူး၊ တညလုံးလိုက်နှောင့်ယှက်မှာ"
"သျှောင့်...မင်းဘယ်လိုဖြစ်နေတုန်း"
"ဘာဖြစ်ရလို့လဲ...မင်းဖြစ်နေလို့မေးနေတာကို၊
မရုန်းနဲ့ကွာ၊ ဒီတိုင်းလေးပဲဖက်ထားချင်လို့"
ခါးကိုဖက်ပြီးတော့ပုခုံးပေါ်မှီအိပ်ချနေတာ၊ အခုကသူကချွဲနေတာလား။
ကိုယ်ဖြစ်နေတာကိုမေးသလားမသဲကွဲဘူးရယ်။
နောက်ပြီးကျောက်စိမ်းကစွပ်ကျယ်လေးဝတ်ထားမိတော့ပုခုံးသားကိုလာပြီးတွန်းတိုက်နေတာ၊
သူ့မုတ်ဆိတ်မွေးတွေကရိတ်ထားကာစမို့ကြမ်းရှရှနဲ့ဘယ်လိုကြီးမှန်းမသိဘူး။
မုတ်ဆိတ်ငုတ်စအတိုလေးတွေကအယားတမျိုး၊
အဲဒီအသားနဲ့တပြေးထဲဖြစ်နေတဲ့ကြမ်းရှရှကအယားတမျိုး။
"ဖယ်စမ်း...ငါ့လက်မောင်းယားတယ်၊
အဲဒီမုတ်ဆိတ်တွေစိတ်တိုလာရင်တချောင်းချင်းဆွဲနှုတ်မှာနော်"
"အမယ်...ရိတ်ထားကာစပဲရှိသေးတာ၊ အပိုမပြောနဲ့၊
ငုတ်စိတွေကယားတာဆို၊
အခုရိတ်ထားတာမှမကြာသေးတာ"
"အဲဒါလဲယားတာပဲဟ"
"ယားတာမဟုတ်ပါဘူးဆိုနေ၊ ဟိုဟာ...."
"သောက်ခွက်ကိုထိုးမှာနော်၊ စိတ်သိပ်မကြည်ဘူး၊ ဖယ်တော့"
"မဖယ်ဘူး...မင်းရင်ထဲမှာတခုခုဖြစ်နေတာ၊ အဲဒါကိုငါ့ကိုဖြေ"
"ဟား.....တကယ်စိတ်တိုလာမှာနော်၊ သျှောင့်"
"ဟုတ်ကဲ့...ကျွန်တော်မျိုးနားထောင်နေတာ၊ တိုပါ။
စိတ်ကြိုက်တိုလိုက်၊ ထိုးချင်ရင်ရသေးတယ်၊ ဒီကောင်ကဖွဲအိတ်ကြိ်းဖြစ်ပေးဦးမှာ"
"ဦးသျှောင်"
"ဗျား..."
"မင်း...ဟာကွာ"
ဘေးတစောင်းတွေ့နေရတဲ့ကျောက်စိမ်းရဲ့မျက်နှာလေးကတကယ်အလိုမကျတော့ဘူး။
ဒါကိုသူသိတယ်။
ခါးပေါ်ကလက်ကိုရှေ့ပိုတိုးပြီးတော့...
ချက်ရှိတဲ့နေရာလေးကိုလက်ညိုးလေးနဲ့လှမ်းကလိတယ်။
ကျောက်စိမ်းကတွန့်ကနဲဖြစ်သွားပြီး...ခါးလန့်တော့တယ်။
ဒီအချိန်မှာဗိုက်ထဲကဂွီ'ဆိုပြီးအသံလေးထွက်လာတာ...
"ဗိုက်ဆာနေပြီမလား။ စိတ်တွေတိုပြီးတော့...
လာ...အောက်သွားမယ်၊
ငါတခုခုလုပ်ပေးမယ်၊ ဘာစားချင်လဲ"
ညဆယ့်တစ်နာရီတောင်ထိုးနေပြီ။
လူကမအိပ်သေးတဲ့အပြင်ညနေကဘာမှသေချာစားမထားဘူး။
နောက်ပြီးဒေါသထွက်တာနဲ့ဗိုက်ပိုဆာတတ်တာမို့...
သျှောင်ဆွဲခေါ်တဲ့နောက်ကိုပါလာခဲ့သည်။
ဟိုအရင်တုန်းကကျောင်းသားဘဝမှာဒီလိုပဲသူတို့...ညဘက်တွေထပြီးတခုခုစားနေကြပါ။
ခေါက်ဆွဲခြောက်ရှိရင်ခေါက်ဆွဲခြောက်ပြုတ်၊
မရှိရင်တော့ကြက်ဥတွေပြုတ်ပြီးထိုင်စားကြတာ။
ရေခဲသေတ္တာထဲမှာရှိသမျှစားလို့ရတာတွေအကုန်ရှာစားကြပြီးနောက်နေ့ဆိုဆူတာခံရတယ်။
အိမ်နောက်ဖေးမှာစားထားသမျှတွေဖြဲထားကြလို့တဲ့...
ကလေးဘဝရဲ့ဘယ်အစိတ်အပိုင်းကိုပဲသတိရရဦးသျှောင့်နာမည်ဟာမပါမဖြစ်လေး။
"ခေါက်ဆွဲရှိတယ်၊ စားမလား"
"အင်း"
ခပ်တည်တည်လေးပဲထိုင်နေပြီးဦးသျှောင်လုပ်သမျှကိုကြည့်နေခဲ့သည်။
ဦးသျှောင်ဟာ...ဘာပဲဖြစ်ဖြစ်သူ့မှာမသိတာမရှိဘူး။
ငယ်ကတည်းကအမြဲပဲသူဆရာကြီး။
သူပဲခေါင်းဆောင်။
သူပဲလမ်းပြကြီး။
တကယ်လည်းအခုထိလမ်းပြနေတဲ့လမ်းပြကြယ်လေးပါ။
"ရော့...ရပြီ"
ခေါက်ဆွဲပြုတ်ပြီးတော့ဒီအတိုင်းပြီးမသွားဘူး။
ရေခဲတုံးတွေကိုအောက်မှာခွက်တခုနဲ့ခံထည့်ပြီးတော့အမြန်စားလို့ရအောင်အအေးခံပြီးမှလာပေးတာ။
အရမ်းပူရင်စားမနိုင်မှာစိုးလို့...တဲ့။
"မင်းစားဦးမလား..."
မေးပြီးမှကြည့်မိတာ၊ မျက်မှန်ကြီးတပ်ပြီးတော့ခေါက်ဆွဲပြုတ်တော့...
ရေငွေ့ရိုက်ထားတာလေးနဲ့မျက်မှန်ဟာမှုန်နေရော...ဒါကိုသူသတိမထားမိဘဲနဲ့...
ခေါက်ဆွဲကိုမပွသွားဘဲနဲ့အမြန်စားလို့ရအောင်လို့တဖူးဖူးနဲ့မှုတ်ပေးနေတာ၊
ပါးလေးတွေဖောင်းလို့။
နှုတ်ခမ်းလေးဝိုင်းပြီးစုထွေးနေတာတကယ်ကိုငယ်ငယ်တုန်းကရုပ်ကလေးအတိုင်းပဲ။
မေ့မရခဲ့ပါဘူး...
မေ့ဖို့လွယ်တဲ့လူလည်းမဟုတ်တော့ဘူးသိလား...ဦးသျှောင်...
မင်း...ချစ်ဖို့ကောင်းတာတွေက.....
မခို့တရို့နဲ့ငါ့ရင်ဘတ်ထဲမှာစွဲနေခဲ့တာ...
ငါ...ကိုယ့်ဘာသာတောင်သတိမထားမိခဲ့ဘူးလေ။