စူးနစ်ခဲ့သော လမ်းတစ်ခု စူး...
By YuZuOkazaki
207K 8.8K 508
Bl ficပါ +ပါတယ်နော် 😁 အရမ်းမှောင်တယ်မထင်ပါန့ဲ semeကြီးကukeလေးကို မချစ်သလို နဲ့ အမြဲ ဂရုစိုက်တာပါ မဖတ်ကြည့်... More
1.နှလုံးသား ရဲ့ ခိုင်းစေရာUni+Zaw
2.😷ကျွန်တစ်ယောက်လို😷Uni+Zaw
3.ကွဲကြေမှု့ 🤕🤕Unicode+Zawgyi
4. အကိုရဲ့ အစေခံ👦💘Uni+Zaw
5.ကျနော်က😖 အခြောက်မဟုတ်ဘူးအကိုun+Zaw
6.+18(warning)🔞
7.အကို့ရဲ့ ကြွေရုပ်👦un+zaw
8.မျက်ရည်တွေကို မုန်းတယ်အကို💔
9. 18+🙆‍♂️🔞
10.မျက်ရည်ခသောနေ့♥♥
12. မမုန်းပါနဲ့ 💔
13.မိတ်ဆက်ခြင်း
14.ရက်စက်ပါ😭 ပြီးရင်ချစ်တယ်ဆိုတဲ့စကားနဲ့သတ်ပါ💔
15.သုံးပွင့်ဆိုင်💔
16.မိုးရေထဲမှာပဲ 💔
17.ညမအကို့အချစ်ကို လုယူမိပြီ
18.အတ္တဆိုတာ အခုမှစမှာ။🧡
19.သိပ်ချစ်တယ် အကို💞
20.ကျောခိုင်းထွက်ခွာသွားပါ့မယ်💔
21.လှောင့်ချိုင်ထဲက ငှက်လေး😭
22.အသက်ရှုသံ
23.ပြန်လာပေးပါ
24.အတိတ်ကိုမသိချင်တော့ဘူး
25.နောက်ဘဝမှကိုယ်မင်းကိုချစ်မယ်
26.ရက်စက်ပြီးမှမချစ်ပါနဲ့လား
27.ထပ်မံရွာသောမိုး
28.အကို့ရဲ့အချစ်တွေ မင်းမြင်ပါစေ
29.ပျော်ရွှင်မှု့က အကိုနဲ့အတူရှိနေမှ
30.အချစ်❤
31. မင်းနဲ့အတူ🤟🏻
New one
32.မိသားစုတဲ့နွေးထွေးတယ်မလား။
33.မင်းဖြစ်နေဖို့ပဲလိုတယ်
34.ကလေးမွေးဖွားခြင်း
35.အဆုံးသတ်ဟာလှပခဲ့သည်။
11.သုံးပွင့်ဆိုင်လာတဲ့အခါ😭
6.4K 267 12
By YuZuOkazaki
Unicode
🧡 မင်းကိုယ်တိုင် ဖန်တီးထားတဲ့ ခပ်ညင်းညင်း
အမှောင်ထုထဲက ထွက်ခဲ့ပါ ညီ
မင်းဟာ ပျော်ရွှင်ဖို့ ထိုက်တန်တဲ့ ကိုယ့်ရဲ့အလင်းရောင်လေးပါ🧡
တစ်ရက်ကြာမှေးဆက်အိပ်ပျော်နေခဲ့တဲ့ ကလေးငယ် မျက်လုံးလေးတွေတောင် အလင်းရောင်ကို မခစားနိုင်ခင် နှုတ်ကရေရွတ်မိနေတဲ့စကားလုံးတွေ
"အကို  ကျနော့်ကို မ မထားခဲ့ပါနဲ့နော်
အကို မရှိလို့ မ ဖြစ် မဖြစ်ဘူး 😭"
အိပ်မက်ထဲထိ ငိုအောင်လုပ်ထားသည်ထင်ပါတယ်။
ငိုသံတွေအဆုံး ရှိုက်ရှိုက်ဝင်စွာပြောနေတဲ့ အသံတိမ်တိမ်လေးတွေကို နားထောင်ရင်း
"သုခ ခ လေး သတိရပြီလား"
ကလေးငယ်ရဲ့ ငိုသံတွေကို သူသေချာနားထဲသိမ်းဆည်းရင်း
" မငိုနဲ့တော့နော် မင်းကို နောက်တခါအဲ့လို တစ်ယောက်တည်း အလုပ်လုပ်ခိုင်းလို့ မရတော့ဘူးဆိုတာ
ငါသိသွားပြီ"
" ဟို ဟိုလေ"
ကုတင်ကနေထဖို့ ပြင်တဲ့ကလေးငယ်ကို ဖြေးညှင်းစွာထူပေးရင်း နံရံနဲ့ကျောပြင်ကိုမှီရင် အအေးပတ်မည်စိုး၍ နံရံနဲ့ ေကျာပြင်အကြား ရှေ့ရှိ ခေါင်းဦးကိုယူပြီး မှီခိုင်းမိတယ်။
"နာနေသေးလား"
" ခေါင်းတော့ နဲနဲကိုက်နေသေးတယ် "
"ဘာလို့ အကူညီမတောင်းတာလဲ"
"ဗျာ"
ဗျာ ဆိုတဲ့စကားလုံးလေးတစ်လုံးကြားတိုင်း သုတရင်ခွင်ကို လေပြေ တချက်ဝှေ့လာသလို အေးချမ်းသွားတဲ့အသွင်။
သုခရဲ့ ပါးပြင်ဖောင်းဖောင်းလေးတစ်ဖက်ကို ငုံ့နမ်းရင်း နူးညံ့တဲ့ကလေးငယ်ရဲ့ လက်ကို မိမိ၏ လက်ဖဝါးကြီးကြီးနှစ်ဖက်နဲ့ ဆုတ်ကိုင်ထားပြီး
"ဒီတခါ အကို့ကိုခွင့်လွှတ်ပါနော် အကိုမင်းကို ဒီတစ်ကြိမ် မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး"
"......"
သုခ တကယ်ကို နားမလည်သောမျက်လုံးများဖြင့် သူသိပ်ချစ်ရတဲ့အကို ကိုကြည့်ရင်း တွေဝေနေခဲ့ပါ၏။
ဒေါက်.ဒေါက်. ဒေါက်.
နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေရာမှ အခန်းထဲသို့ဝင်လာသော လူနှစ်ဦး
"သက်သာရဲ့လား ညီ "
"ဟုတ်ကဲ့ ဒေါက်တာ ခေါင်းတော့ နည်းနည်းကိုက်နေတယ်"
" ညီထိထားတဲ့ဒဏ်ရာက အရှိန်တော်တော်ထိထားတာ
အနောက်ကနေထိတာ မဟုတ်ပဲ နှဖူးကနေထိတာဆိုတော့ ညီအတော်ကံကောင်းသွားတာ နောက်မို့ဆို အတိတ်ပါမေ့သွားနိုင်တယ်"
"......"
"တစ်ပတ်ကိုတခါတော့ ကျောက်ပတ်တီးလာစီးပေးမှရမယ်
ခြေထောက်အခြေအနေမြန်မြန်သက်သာဖို့ဆိုရင်လေ"
"ဟုတ်ကဲ့ ဒေါက်တာ ကျနော် သူ့ကို တစ်ပတ် တခါ ဆေးရုံမှာလာပြပါ့မယ်"
ဒေါက်တာသည် သူစမ်းသပ်ပြီးသောနားကျပ်ကို ဘူးအလွတ်ထဲ​​သို့ပြန်ထည့်ရင်း
ဆေးထိုးပြီးသော ဆေးထိုးအပ်တစ်ချောင်းကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ
ဘေးနားရပ်နေသော သူနာပြုဆရာမလေးကိုလည်းစာရွက်တရွက်လှမ်းပေးရင်း
"ဆရာမ ဒီညီလေးအတွက် ဆေးစာ သူ့ကိုလိုတာတွေ လုပ်ပေးလိုက်ပါဦး"
"ဒါဆို ကျနော်ကိုခွင့်ပြုပါဦး" ဆိုကာ ဘေးနားကှိသူ့ဆေးအိတ်ကိုပြန်ယူကာ သုတကို နှုတ်ဆက်ပြီး အခန်းထဲမှထွက်သွားလေသည်။
သူနာပြုမလေးသည်လည်း သုခ လိုအပ်သည်များကိုလုပ်ထားပေးခဲ့ပြီး ပြန်ထွက်သွားလေသည်။
ထိုအချိန် သုတတို့မိဘတွေရောက်လာပြီး
"အမယ်လေး သားရယ် ဘယ်လိုတောင်ဖြစ်ရတာလဲ"
သုခအမေက စိတ်ရိမ်မှု့အပြည့်မျက်ဝန်းတို့ဖြင့် သုခခေါင်းလေးကိုကိုင်ပြီး ပြောလိုက်လေသည်။
"အရမ်းတော့ မစိုးရိမ်ရတော့ပါဘူးတဲ့ ခုနပဲ ဆရာဝန်ကပြောသွားတာ"
သုတလည်း သူ့အမေရဲ့ပြာပြာသလဲ မေးခွန်းတို့ကို အမြန်ဖြေရှင်းရင်း ။
" ဟုတ်တယ် အန်တီနဲ့ ဦးလေး ခ သက်သာပါတယ် ခြေထောက်ကလည်း တစ်ပတ်တစ်ခါ ပုံမှန်လာပြရင် အရင်ကလိုပြန်ကောင်းလာမှာပါတဲ့"
သုခလည်း သူ့ကိုစိတ်ပူနေတဲ့ ကျွေးကျေးဇူးရှင်နှစ်ဦးကို စိတ်မပူရန်ပြောလိုက်ပါသည်။
Ringing........
"သုခ သတိရပြီလား ငါမနက်စောစော ဆေးရုံလာခဲ့မယ်
"
"အေး သတိရပြီကွ ရပါတယ် မင်းမအားရင် မလာပါနဲ့"
"မလာလို့ မရဘူးလေ သုခက ငါ့အတွက် အဖိုးတန်တဲ့ကလေးလေး တစ်ယောက်ဖြစ်နေလို့"
"အေးကွာ မင်းကထိန်းမနိုင်သိမ်းမနိုင်တဲ့ကောင်ပဲ"
"ရက်စက်လိုက်တာ ယောက်ဖကြီးရယ်"
"မခေါ်နဲ့ မကြိုက်ဘူးကွ "
"အေးပါ ဒါဆို နက်ဖန်မှတွေ့မယ် သုခလေး သတိမရခင် ငါပြန်သွားတယ်ဆိုတာ ကို ပြောပေးပါဦး
သူစိတ်မကောင်းဖြစ်မှာဆိုးလို့"
"တောက်စ် မင်းမရှိလို့ သုခက စိတ်မကောင်းဖြစ်မယ်
မဖြစ်စေရဘူး သာရီးရေ"
"ဒါဘဲကွာ ဘိုင့်ဘိုင့်"
ဒေါသအရမ်းကြီးပါတဲ့ဆိုတဲ့ ကျားဆိုးလေးတစ်ကောင်ကို ဒေါသတွေဖြေလျော့အောင်လုပ်နိုင်တဲ့ မျက်ဝန်းလေးတခုက
စိုက်ကြည့်နေတော့
"ဟိုလေ ဒီရေ က မင်းသတိမရခင် ပြန်သွားလို့
မစောင့်လိုက်ရလို့ စိတ်မဆိုးပါနဲ့လို့ အကို့ကိုပြောခိုင်းတာ"
"ဟုတ် "
ဖုန်းပြောပြီးရပ်နေသောနေရာမှ ကုတင်ဘေးသို့ရောက်လာကာ သုခရဲ့ဆံသားဝဲဝဲလေးတွေကိုဖွရင်း အပြုံးတွေနဲ့ပြုစားရင်း
"သုခလေး ဘာစားချင်လဲ"
"ခ အဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ်"
"ဒါဆို ခနစောင့်နော် အကိုဆန်ပြုတ်သွားယူလိုက်ဦးမယ်"
"ဟုတ်"
ရှေ့ဆက်လျှောက်ရမဲ့ ခရီးလမ်းတွေကို မင်းနဲ့ပဲအတူရှိချင်တယ် ကလေးရယ် ။
မင်းဒီရေကို မရွေးချယ်လိုက်ပါနဲ့ကွာ ။
မင်းကို ငါ့ရဲ့ညီတစ်ယောက်ထပ် ငါမပိုခဲ့ဘူးလား
ငါမသိဘူး ဟုတ်တယ် တကယ်မသိတာ ။
ပြီးတော့ မင်းငါ့တစ်ယောက်နားမှာပဲ နေခွင့်ပေးမယ် ။
တစ်သက်လုံး ပေါ့ ။ ငါအရမ်းများအတ္တကြီးသွားလား။
အတ္တကြီးဆိုလည်း ကြီးရမှာပဲ မင်းကို ငါ့အနားကမပျောက်ကွယ်စေချင်ဘူး ။
အချိန်တိုင်းငါနဲ့ အတူရှိနေပေးပါ။
အချိန်တွေကြာလာတာနဲ့အမျှ သံယောဇဥ်ကြိုးတွေပိုညှိလာသလိုပေါ့
သုတကလည်း သုခကိုမစွန့်လွှတ်နိုင်။
သုခကလည်း မဝေခွဲနိုင်။
ဒီရေကလည်း သုခအနားကနေထွက်ခွာမသွားနိုင်။
ဒီလိုဆုံလာတဲ့ ရေစက်သုံးစက်ကို ဘယ်လိုများ ကံကြမ္မာကများဖန်တီးလိုက်လေသလဲနော်။
အကို မင်းကို သိပ်ချစ်တယ် သုခ....
Noteစာအုပ်လေးရဲ့နောက်ဆုံးက နေရာလေးကို အပိုင်ယူထားပြီးသားစာသားလေး တစ်ကြောင်းပေါ့။
ဒါပေမဲ့ ဒီစာသားလေးကို ဘယ်သူမှ မမြင်ခဲ့သလို မသိခဲ့ကြဘူးတဲ့လေ ။
သူကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ဘူးတဲ့ ။
သူကိုယ်တိုင် ဂေးပါလို့ အထင်မခံနိုင်လို့ပါတဲ့ ။သူသိပ်ချင်တဲ့ သုခလေးကိုလည်း ဂေးတစ်ယောက်လို့ လူတွေ အမြင်မှာ နှိမ်မှာအရမ်းစိုးရိမ်လို့တဲ့လေ ။
ဘယ်လိုတောင်မှလဲ သုတရယ် ။မင်းအဖြစ်ကလည်း ကောက်ရိုးပုံစောက်တဲ့ ခွေးလိုပါပဲလား ။
မင်းစောက်ရှောက်ထားပင်မဲ့လည်း အခြားသူလက်ထဲ မင်းကိုယ်တိုင်ထည့်ရတော့မှာပါလား။
ရယ်သံတွေပါတဲ့ ဖန်ပုလင်းလေးတစ်လုံးကျကွဲသွားတဲ့အခါ
အိပ်စက်ခြင်းဟာ ပြတင်းပေါက်ကနေလွင့်ထွက်သွားတယ်။
"ဒီရေ မင်းဘယ်လိုခံစားရလဲ ငါမသိဘူး
ဒါပေမဲ့ ဂေးဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာတော့
အတော်နာကျင်ရတယ်။ ဟုတ်တယ် ငါက အသည်းနှလုံး မရှိဘူးဆိုသလိုပဲ ။
ငါကြေကွဲနေချိန် ငါ့အနား ဘယ်သူ့မှ မရှိပေးကြဘူး။
ငါပြိုလဲနေချိန် ငါ့အနား ဘယ်သူ့မှမရှိကြဘူး ။
ငါ့အဆင်ပြေသလားလို့ ဘယ်သူမှမမေးကြဘူး။
လူတိုင်းကငါ့ကို လျစ်လျူရှုကြတယ်။
ဒါပေမဲ့ အဲ့လိုတွေပြိုကွဲနေချိန်တွေ ငါ့ကို အလင်းရောင်ဖန်ဆင်းပေးတဲ့ ငါရဲ့ အရိပ်ကလေးတော့ ငါ့အနား အမြဲရှိတယ် ။
မင်းစဥ်းစားကြည့်စမ်းပါကွာ ။
ငါ့အတွက် အလင်းပေးနိုင်တဲ့ တစ်ဦးတည်းသော သူကို မင်းလက်ထဲငါ ပေးအပ်ရမယ်တဲ့လား ဒီရေ။
မင်းကိုတောင်းဆိုပါတယ် ဒီရေ ရယ် ငါမင်းကို တောင်းဆိုပါတယ် ငါ့ရဲ့ တစ်ဦးတည်းသော သုခဆိုတဲ့ကလေးကို ငါ့အနားကနေဆွဲမထုတ်ချင်ပါနဲ့ကွာ
ငါတကယ် တောင်းဆိုတာပါ တောင်းဆိုတာပါ"
အတော်ပင်ပြိုလဲကျနေသော မျက်ရည်လဲ့နေတဲ့မျက်ဝန်းတွေကို သူကိုယ်တိုင် ဒဏ်ခတ်ရင်း မျက်ရည်တွေကိုအလားမထိုးနိုင်အောင် နာကျင်နေတဲ့ နှလုံးသားကို သူကုသဖို့ ဘေးနားက အုတ်နံရံကို အငြိုးကြီးသောအပြုံးတွေနဲ့ ထပ်ဆင့်ထပ်ဆင့်ပိတ်ထိုးနေလေသည်။
"တော်ပါတော့ကွာ မင်းကိုငါနားလည်ပါတယ် ။
မင်းလိုပဲ ငါကလေးကိုသိပ်ချစ်တယ် ။
မင်းက ညီတစ်ယောက်လိုပဲချစ်တာပါ။
ငါက ကလေးကို ငါရဲ့ဘဝ တစ်ခုအဖြစ်ချစ်ခဲ့တာ ။
မင်းကိုတောင်းပန်ပါတယ်ကွာ ။
ငါနောက်ဆုတ်လို့မရဘူး ။
ငါနောက်ဆုတ်လိုက်ရင် ငါပဲ ခံစားရမှာ ။
ပြီးတော့ ငါကလေ သုခကို ဘဝနဲ့ရင်းပြီးတောင် ငါစောင့်ရှောက်ချင်တာပါကွာ။"
တားဆီးမှု့မရှိ ကျဆင်းလာတဲ့ ယောကျာ်းတို့ရဲ့မျက်ရည်ဆိုတာပေါ့ ။ ဖြေညင်းစွာကျဆင်းလာခဲ့တဲ့ မျက်ရည်စတွေက မြေသို့ခရပြီလေ ။ ကျဆင်းလာသော မျက်ရည်စတွေကို လက်နဲ့သုတ်ရင်း သူ့နားက သုတကိုဆွဲထူကာ
"ငါတို့ပြန်ရအောင်ကွာ
မင်းလည်းအရမ်းမူးနေပြီ"
"ငါ ချစ်တယ် သုခ "
ချစ်တာကို နူးနူးညံ့ညံ့ မပြောတတ်တဲ့အခါ ချစ်တယ် သုခဆိုတဲ့ စကားပဲ သူသုံးတတ်တယ်။ အရမ်းမနုရွတတ်ဘူး သုခ။ ငါကလေ ချစ်လည်းမချစ်တတ်ဘူး ။ ပြီးတော့ငါမင်းကိုလည်း မချစ်ပါဘူး ဒီအတိုင်း ဒီအတိုင်းလေး ပဲ ။
ချစ်တယမဟုတ်ဘူးနော် ။ သတိရတာ ။ ဟုတ်တယ် သတိရတာ ။ မင်းကို လက်မလွှတ်ချင်တာ ။ အဲ့လောက်ပါပဲ။
ကားလေးတလှိမ့်လှိမ့်နဲ့ Barကနေထွက်ခွာလာတာ အခုဆို သုတတို့ ခြံထဲတောင်ရောက်လာပြီ။
ကျွီ.....
"ဦးထွန်း ဦးထွန်း "
"သားသုတ အရက်တွေသောက်လာပြန်ပြီလား "
"သုခ သုခလေးကော ဝေါ့"
"သား အန်နေပြီ လာလာ နောက်မှ သုခဆိီသွားပေါ့"
"ဦးလေး သားပြန်တော့မယ်နော် "
သုတနဲ့အတူပါလာသော ဒီရေကကားနားရပ်နေရင်းမှ နှုတ်ဆက်စကားဆိုတာ ထွက်သွားလေသည်။
"ကျေးဇူးပဲ သားဒီရေ ရေ ကားလည်းဂရုစိုက်မောင်းဦးနော်"
"ဟုတ်ကဲ့ ဦးလေး"
ဆိုကာ ခနလေးအတွင်းဝင်လာသော ကားလေးတစ်စီး ထွက်သွားခဲ့လေသည်။
.............................
"ကလေး စားရတာ အဆင်ပြရဲ့လား"
"ဟို ရပါတယ် အကိုဒီရေ ခ စားတတ်ပါတယ်"
" အခုမှ လမ်းကကောင်းကောင်းလျှောက်နိုင်တာဆိုတော့ အစားလည်းများများစားပါဦး"
"ဟုတ်"
"နေမကောင်းတုန်းက ပိန်သွားလိုက်တာများ ကိုယ့်ကလေးလေးက"
"အကို ခ့ ကို သုခ လိုပဲခေါ်ပါ ကလေးလေးဆိုတော့ ခ က မိန်းကလေးလည်းမဟုတ်"
"ကိုယ်က ဒီက သုခဆိုတဲ့ ကောင်လေးကို ချစ်နေတာကြာပေါ့ အဲ့တော့ ချစ်လို့ကလေးလေးလို့ခေါ်တာပေါ့"
ကလေးတစ်ယောက်လို့ ဖြူစင်လွန်းတဲ့သုခလေးရဲ့လက်တစ်ဖက်ကို ဆွဲယူကာ
"အကို့ကို ချစ်လားဟင်"
"ဗျာ "
"အွန်း အကိုကလေးကို ချစ်နေတာ ကလေးသိတယ်မလား"
"အကို ခ တို့ဆက်ဆံရေးကလေ ညီအကိုတွေလို"
"အာ အစားများများစားနော် ဒါမှ ဝပြီးပိုချစ်ဖို့ကောင်းလာမှာ "
ဒီရေ သုခ ပြောလာမည့်စကားများကို သိပါတယ် ။သူမခံစားနိုင်ဘူးလေ ။ရက်စက်ပါပေ့ ကံကြမ္မာရယ် ကျနော့်အတွက် ဘာလို့မျက်နှာသာ မရခဲ့ရတာလဲ ဗျာ။
ဘဝက ပင်လယ်ဆန်တယ်တဲ့ ။
လေပြည်တွေ ချည်းမလာတတ်ဘူး
မုန်တိုင်းဆိုတာလည်း လာတတ်တယ်တဲ့။
ကျနော့်အချစ်လိုပဲ။ မိုးကုတ်စက်ဝိုင်းကြီးကို ငေးနေရသလိုပေါ့ မရှိမှန်းလည်းသိတယ်။
ရှိတယ်လို့တော့ အမြဲ ထင်နေရတာပါပဲ။
ကလေးရယ် မင်းစကားတွေကို ကိုယ်နားမထောင်နိုင်ဘူး
မင်းမချစ်ဘူးလို့ပြာတာ မခံစားနိုင်ဘူး။ မင်းအနား ဒီအတိုင်းလေး ရှိရတာပဲ ကိုယ်ကံကောင်းတယ်လို့ယူဆမိတယ် ။
နာကျင်တာလား မဝေကွဲနိုင်ဘူး အကို ခ ကလေ အကိုဆိုတဲ့ လူတစ်ယောက်ကိုပဲ သစ္စာရှိရှိ ခင်တွယ်မိတာ ။တစ်ခြားလူအပေါ် ညီအကို ဆိုတာထက်ပိုမပေးနိုင်လို့ပါ။ အကိုဒီရေ ခ ရက်စက်မိတာတောင်းပန်ပါတယ်။
သူတို့နှစ်ယောက်စကားပြောနေကြသည်ကို ဆိုင်ရဲ့ထောင့်တစ်နေရာမှ စူးရှိုက်သောအကြည့်တွေနဲ့ကြည့်နေခဲ့တဲ့ ကောင်လေးတစ်ယောက်ရှိသည်ကို သူတို့တွေ မသိခဲ့ကြဘူးထင်ပါတယ်။
မျက်ရည်ကျတာ အရှုံးပေးတာတဲ့ ။
ကျနော် ဘယ်တော့မှ မျက်ရည်မကျဘူး ဘာလို့ကျနော်
ဘယ်တော့မှ မရှုံးဘူး ။
ဟုတ်တယ် ကျနော်က သုခ အပေါ်အမြဲနိုင်နေပြီးသားလူတစ်ယောက်။
မေ့နိုင်ဖို့ကြိုးစားလေ ပိုလွမ်းလေ။
ရုန်းလေ နစ်လေဆိုတာမျိုးပေါ့ သုခရယ်။
မင်းက ငါ့အပိုင်ပဲဖြစ်နေရမှာကွ။
မင်း့ငါ့အနားကထွက်သွားလို့မရဘူးနော် ။
မှောင်မိုက်နေတဲ့အခန်းလေးတခန်းငယ်အတွင်း ပြိုလဲနေသော ကောင်လေးကို ဘယ်သူကများ ရက်စက်နေကြပါလိမ့်နော် ။
မငိုပါနဲ့တော့ ကလေးရယ် ။မင်းအတွက် နာကျင်ရတာတွေ ပြန်အစားထိုးပေးတော့မှာပါ ။ သုတဆိုတဲ့ကောင်လေး ပြိုလဲနေပါပြီ။ သူ့မျက်စိရှေ့မှာတင် ပျော်နေတဲ့ သူအနိုင်ယူထားတဲ့ကလေးငယ်ကို ဘယ်မြင်ချင်မလဲ ။ သူ့အနားမှာရှိနေပြီးပြုံးပျော်နေတာမျိုးကိုပဲ သူမြင်ချင်ခဲ့တာပါ။
Upလိုက်ပြီ ။ အရမ်းချစ်ပါတယ်လို့နော် ပြီးတော့ဒီကလေးတွေကိုလည်း ချစ်ပေးကြပါနော် ။ သုံပွင့်ဆိုင်ကြုံလာတဲ့🤥 အခါ ဘယ်သူကနောက်ဆုတ်ပေးရမလဲ ။ပိုချစ်လေ ဆုံးရှုံးလေတဲ့ ။ 😭
Voteလေးတွေပေးကြပါဦးနော်။ အမြဲတမ်းဖတ်ပေးကြတဲ့သူတွေကိုလည်းချစ်ပါတယ်လို့🤗🤗
Zawgyi
11.သုံးပြင့္ဆိုင္လာတဲ့အခါ😭
"သုခ ခ လေး သတိရပြီလား"
ငါသိသွားပြီ"
" ဟို ဟိုလေ"
ကုတင်ကနေထဖို့ ပြင်တဲ့ကလေးငယ်ကို ဖြေးညှင်းစွာထူပေးရင်း နံရံနဲ့ကျောပြင်ကိုမှီရင် အအေးပတ်မည်စိုး၍ နံရံနဲ့ ကြောပွငျအကွား ရှေ့ရှိ ခေါင်းဦးကိုယူပြီး မှီခိုင်းမိတယ်။
"နာနေသေးလား"
"ဗျာ"
"......"
ဒေါက်.ဒေါက်. ဒေါက်.
"သက်သာရဲ့လား ညီ "
"......"
Ringing........
"
မဖြစ်စေရဘူး သာရီးရေ"
"ဒါဘဲကွာ ဘိုင့်ဘိုင့်"
စိုက်ကြည့်နေတော့
"ဟုတ် "
"သုခလေး ဘာစားချင်လဲ"
"ဟုတ်"
သုခကလည်း မဝေခွဲနိုင်။