Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 3

11.2K 1.1K 27
By Kirara-16

မ်က္လံုးမျမင္ရတာကို အားနည္းခ်က္လို႔မသတ္မွတ္
တဲ့ေ႐ွာင္းက်န္႔ဟာ ဘဝကိုသာမန္လူေတြအတိုင္းပဲ
ေနထိုင္တယ္။"Michaelis"ဆိုတဲ့Coffee and bakery shopေလးမွာ မုန္႔ဖုတ္ဆရာ
အျဖစ္အလုပ္ဝင္တယ္။
နဂိုပါရမီပါတဲ့သူ႔အတြက္ မ်က္စိမျမင္တာက မုန္႔ဖုတ္ရာမွာ အတားအဆီးမျဖစ္ေစခဲ့ဘူး။

တကယ္ေတာ့ေ႐ွာင္းက်န္႔ဒီဆိုင္မွာအလုပ္ဝင္ျဖစ္တဲ့
အေၾကာင္းအရင္းႏွစ္ခု႐ွိတယ္။တစ္ခုက သူ႔ကိုယ္
ပိုင္ဝင္ေငြ႐ွိသင့္တယ္လို႔ ထင္လို႔။တ႐ုတ္မွာက်န္ခဲ့
တဲ့ဦးေလးျဖစ္သူဆီကေငြလွမ္းေတာင္းရမယ့္အျဖစ္
ကိုေ႐ွာင္းက်န္႔ကသေဘာမက်ဘူး။ ကိုယ့္အားကိုယ္
ကိုးရမယ့္အရြယ္မွာ သူမ်ားကိုဘယ္လိုအေၾကာင္း
ျပခ်က္နဲ႔မွေ႐ွာင္းက်န္႔ကမမွီခိုခ်င္ဘူး။

​ေနာက္တစ္ခုကေတာ့ ဒီအလုပ္ကလူေတြနဲ႔
ဆက္ဆံစရာမလိုဘူး။
မုန္႔ဖုတ္ဆရာတစ္ေယာက္ျဖစ္တဲ့အေလ်ာက္
ေ႐ွာင္းက်န္႔ရဲ႕အလုပ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ မုန္႔
ဖုတ္တဲ့ ေနရာမွာပဲကုန္ဆံုးတယ္။အမွန္အတိုင္း
ေျပာရရင္ ေ႐ွာင္းက်န္႔က ဒီဆိုင္မွာအတူအလုပ္တြဲ
လုပ္ေနတဲ့သူေတြကိုေတာင္မသိဘူး။သိဖို႔မလိုဘူး
လို႔ေ႐ွာင္းက်န္႔ကမွတ္ယူထားတာေၾကာင့္ျဖစ္တယ္။
ရလဒ္ကေတာ့ Socialညံ့တယ္ဆိုတဲ့ဂုဏ္ပုဒ္
တစ္ခုေပါ့။ ေ႐ွာင္းက်န္႔အတြက္ေတာ့ ဒီဂုဏ္ပုဒ္က
စိတ္အေႏွာင့္အယွက္မျဖစ္ေစပါဘူး။အနည္းဆံုးေတာ့ သူတို႔အျမင္မွာ ေ႐ွာင္းက်န္႔က မ်က္စိမျမင္တဲ့
သနားစရာသတၱဝါတစ္ေကာင္မျဖစ္ေတာ့ဘူးေပါ့။

ဆိုင္မွာလူျပတ္တဲ့အခ်ိန္ျဖစ္တာေၾကာင့္ ေ႐ွာင္းက်န္႔
လည္း မုန္႔ဖုတ္တာကိုခနရပ္ၿပီး နားေနလိုက္တယ္။
အဲ့ဒီအခ်ိန္မွာပဲ ေငြရွင္းေကာင္တာကေန အသံတစ္သံၾကားလိုက္ရတယ္။

ဒီအသံက....ေသခ်ာတာေပါ့။ဒါ..ဒီမနက္မွေလာေလာလတ္လတ္သူ႔ကိုစိတ္အေႏွာင့္အယွက္ေပးခဲ့
တဲ့ အသံ။

တကယ္ေတာ့ ေ႐ွာင္းက်န္႔နားေနတဲ့ေနရာနဲ႔ေကာင္တာဟာအနည္းငယ္လွမ္းတာမို႔သာမန္လူၾကား
ႏိုင္ေလာက္တဲ့အကြာအေဝး မဟုတ္ေပမယ့္
အျမင္အာရံုခ်ိဳ႕ယြင္းေနတဲ့ ေ႐ွာင္းက်န္႔ကေတာ့
သာမန္လူေတြထပ္ အၾကားအာရံုနဲ႔အနံ႔ခံအာရံု သာလြန္တာေၾကာင့္ သူတို႔ေျပာေနတဲ့စကားေတြကို
အတိုင္းသားၾကားေနရတယ္။

သာမန္ဆို ေ႐ွာင္းက်န့္ကလူေတြနဲ႔ပတ္သတ္တာေတြကိုအေရးတယူမွတ္ထားေလ့မ႐ွိေပမယ့္ ဒီလူ႔
အသံကထူးျခားတယ္။ တစ္ခါၾကားမိတာနဲ႔ တန္း
မွတ္မိႏိုင္မယ့္အသံမ်ိဳး။မၾကမ္းတမ္းသလို မသိမ္ေမြ႔
ဘူး။႐ွတတနဲ႔ ဩတဲ့ဘက္ကိုသြားသလို ခ်ိဳျမျမနဲ႔
တစ္မ်ိဴးနားေထာင္လို႔ေကာင္းျပန္တယ္။

ဒါေတြထားလိုက္ပါ။အဓိကကဒီလူကဘာလို႔ဒီကို
ေရာက္ေနတာလဲ။တိုက္ဆိုင္တယ္ေျပာရေအာင္
ဘဝႀကီးက႐ုပ္႐ွင္မွမဟုတ္တာ။ဒီလူ...မဟုတ္မွလြဲေရာ သူ႔ကိုေနာက္ေယာင္ခံလိုက္ေနတာမ်ားလား။
အကယ္၍ဒီလူသာStalkerတစ္ေယာက္ဆို
​ေ႐ွာင္းက်န္႔အေနနဲ႔လည္း ရဲစခန္းကိုဖုန္းဆက္ဖို႔အထိေတြးၿပီးသားျဖစ္တယ္။ဒါေပမယ့္ဒီလူကေ႐ွာင္းက်န္႔ကိုStalkရေအာင္အထိ ေ႐ွာင္က်န္႔မွာဘာေတြမ်ား႐ွိေနလို႔လဲ။

တစ္ခါတစ္ေလမွာ လူေတြဟာ အေရးမပါတဲ့အရာေတြကိုလုပ္ရတာကို ႏွစ္ၿခိဳက္ၾကတယ္။ဥပမာ...တစ္ခ်ိန္က်ရင္ျပတ္မယ္မွန္းသိတဲ့ စြန္ကိုအားသြန္ခြန္စိုက္နဲ႔အျမင့္မွာပ်ံသန္းေစတာမ်ိဳးေပါ့။

ဒီတစ္ခါေတာ့ ေ႐ွာင္းက်န္႔ထင္တာမွားသြားတယ္
ထင္တယ္။အေျခအေနက ပံုမွန္ပါပဲ။ဒီလူကတကယ္ပဲမုန္႔လာဝယ္ရံုသပ္သပ္တိုက္ဆိုင္သြားတာလား။
ေ႐ွာင္းက်န္႔ကပဲအေတြးလြန္သြားတာလား။ဘယ္လိုပဲျဖစ္ျဖစ္ ေ႐ွာင္းက်န္႔ကိုတိုက္႐ိုက္လာမပတ္သက္
သေရြ႔ေတာ့အဆင္ေျပပါတယ္။တကယ္လို႔ လာပတ္သတ္လာခဲ့ရင္လည္း ေ႐ွာင္းက်န္႔ကေတာ့ ကင္း
ႏိုင္သမ်ွခပ္ကင္းကင္းေနဖို႔ဆံုးျဖတ္ထားတယ္။

သံလိုက္ေခ်ာင္းႏွစ္ေခ်ာင္းရဲ႕အစြန္းႏွစ္ဖက္လိုမ်ိဳးေပါ့။
တစ္ဖက္ကဘယ္ေလာက္ပဲ ဆြဲငင္ေနပါေစ.....
ေနာက္တစ္ဖက္ကတြန္းကန္ေနသေရြ႔ေတာ့ သံလိုက္ေခ်ာင္းႏွစ္ေခ်ာင္းကပူးကပ္သြားမွာမဟုတ္ဘူး။
ေ႐ွာင္းက်န္႔ကလည္း ဒီသီအိုရီကိုလက္ခံက်င့္သံုးတယ္။တစ္ဖက္ကဘယ္လိုပဲ ခ်ည္းကပ္လာပါေစ။
ေ႐ွာင္းက်န္႔ဘက္ကအဆံုးစြန္ထိ လ်စ္လ်ဴ႐ႈႏိုင္ဖို႔သာ
အဓိကပဲ။

ဆိုင္သိမ္းတာကအရင္ေန႔ေတြကထပ္ေနာက္က်တာ
ေၾကာင့္busကားမမွီေတာ့တဲ့ ေ႐ွာင္းက်န္႔က
အိမ္ကိုေျခလ်င္ျပန္ခဲ့တယ္။Parisရဲ႕လူျပတ္တဲ့
လမ္းႀကိဳလမ္းၾကားေတြနဲ႔ ေမွာင္ရီသန္းစအခ်ိန္က
ဆိုးဆိုးရြားရြားကိုလိုက္ဖက္ေနခဲ့တယ္။

ကံၾကမၼာဆိုတာႀကီးကလည္းတစ္ခါတစ္ခါေတာ့ ေ႐ွာင္းက်န္႔ကိုအရြဲ႔တိုက္ေသးတတ္တာ...။
မျဖစ္ခ်င္ဆံုးကိစၥေတြပဲတန္းစီျဖစ္လာေတာ့ ေ႐ွာင္းက်န္႔ကကိုယ့္ကိုယ္ကို​ေတာင္သနားမိေသးရဲ႕။အရာအားလံုးကတိုက္တိုက္ဆိုင္ဆိုင္ပါပဲ။ဒီတစ္ခါေတာ့ တကယ္ပဲ ႐ုပ္႐ွင္ဆန္ဆန္တိုက္ဆိုင္မႈႀကီး....။

ေမွာင္ရိပ္ကြယ္ေနၿပီး လူျပတ္တဲ့လမ္းေပၚမွာ
မ်က္မျမင္ေကာင္ေလးတစ္ေယာက္တည္း ေလ်ွာက္
လာတယ္။ဘာဆက္ျဖစ္မယ္ထင္လဲ...။
ေသခ်ာေပါက္ လူရမ္းကားေတြနဲ႔ေတြ႔တာေပါ့။
ဒီလိုအေျခအေနမ်ိဳးမွာ ကယ္ၾကပါဦးေအာ္ရေအာင္
လည္း ေ႐ွာင္းက်န္႔က႐ုပ္႐ွင္ေတြထဲကမင္းသမီးမဟုတ္။အဲ့ေတာ့ လာအကယ္ခံရမယ့္အစား အသတ္ခံရဖို႔မ်ားသည္။ဒီေတာ့ ေ႐ွာင္းက်န္႔ကေအးေအးေဆးေဆးပဲေျဖ႐ွင္းဖို႔စဥ္းစားတယ္။

တကယ္ေတာ့ ဒီလိုလူေတြနဲ႔ဆက္ဆံရတာပို
အဆင္ေျပတယ္လို႔ေ႐ွာင္းက်န္႔ကထင္တယ္။
႐ူးေၾကာင္ေၾကာင္ထင္ျမင္ခ်က္ပါပဲ..။ဒီလူေတြဟာ သူတို႔လိုခ်င္တာကို ပြင့္ပြင့္လင္းလင္းနဲ႔ရေအာင္
ေတာင္းတယ္။အဲ့ေတာ့ သူတို႔လိုခ်င္တာကိုသာ
ေပးႏိုင္ရင္ အနည္းဆံုးေတာ့ အသက္အႏၱရာယ္မ႐ွိႏိုင္ဘူး.....လို႔ထင္ခဲ့ေပမယ့္သူတို႔လိုခ်င္တာက ေ႐ွာင္းက်န္႔မေပးႏိုင္တဲ့ အရာျဖစ္လာတဲ့အခါမွာ အေျခအေနက တက္တက္စင္ေအာင္လြဲတယ္။
အဲ့ေတာ့လည္း ဘာတတ္ႏိုင္မွာလဲ။ဖက္တြယ္ထားစရာဘာမွမ႐ွိတဲ့ဘဝႀကီးကျမန္ျမန္အဆံုးသတ္သြား
မယ္ဆိုရင္လည္း ေ႐ွာင္းက်န္႔ဘက္ကအားကုန္ခံၿပီး
တားစရာမ႐ွိပါဘူး။

"Hey!!You guys"

ၾကားလိုက္ရတဲ့အသံေၾကာင့္ ေ႐ွာင္းက်န္႔အံ့ဩမိ
တယ္ဆိုတာထပ္ စိတ္ပ်က္သြားမိတယ္။လာျပန္ၿပီ..
ဒီလူပဲလား။ဒါေၾကာင့္ ေ႐ွာင္းက်န္႔ကဒီလိုလူေတြကိုသေဘာမက်ဘူးလို႔ေျပာတာ။ ကိုယ့္ကိစၥမဟုတ္ဘဲ လူစြမ္းေကာင္းဝင္လုပ္တဲ့သူမ်ိဳးေတြ။
အခုလို ဝင္လ်ွာ႐ွည္ျခင္းရဲ႕ရလဒ္က မသကာ....
လက္လြန္ေျခလြန္ျဖစ္သြားရင္အေလာင္းတစ္ေလာင္းထပ္တိုးသြားရံုပဲ႐ွိမယ္။စိတ္နာနာနဲ႔ ေ႐ွာင္းက်န္႔က
ကံၾကမၼာဆိုတာႀကီးကိုလက္ခလယ္ေထာင္ျပလိုက္
ခ်င္တယ္။အနည္းဆံုးေတာ့ တစ္ေယာက္တည္းေသခြင့္မျပဳႏိုင္ဘူးလား...။

ေ႐ွ႕ကလူကျပင္သစ္လိုေျပာေနတာမ်ား native
speakerအလား။ေနပါဦး...။သူကဒီကိုေဟာေျပာပြဲ
လာလုပ္တာလား။မ်ားလိုက္တဲ့စကား..။
ဟိုလူေတြကလည္းသူေျပာတဲ့ဗရမ္းဗတာေတြကို
နားေထာင္ေနတာမ်ားဘာမွျပန္ေျပာသံေတာင္
မၾကားရဘူး။အဲ့လိုေျပာလို႔ ဘာအေရးႀကီးစကား
ေတြေျပာေနလဲလို႔မေတြးလိုက္နဲ႔။တစ္ရာဖိုးသံုးပုဒ္
တန္တဲ့ေရာက္တတ္ရာရာေတြေကာက္​ေျပာေနတာ။ဒီလူ႐ူးမ်ားေနလား.....။

တျဖည္းျဖည္းနဲ႔ထိုလူရဲ႕ေျခသံေတြက ေ႐ွာင္းက်န္႔အနားကိုနီးကပ္လာတယ္။အေတာ္နီးကပ္ေနတဲ့
အေနအထားမ်ိဳးအေရာက္မွာ ေျခသံေတြရပ္သြား
ၿပီး ေလသံတိုးတိုးနဲ႔စကားဆိုတယ္။

"1.2.3ဆိုတာနဲ႔ကြၽန္ေတာ့လက္ကိုဆြဲၿပီးေျပးေတာ့"

"ဟင္..."

"တ႐ုတ္လူမ်ိဳးမလား။တ႐ုတ္စကားနားမလည္ဘူး
လား။ကြၽန္ေတာ္စေရၿပီေနာ္"

"ရိ"

"..."

"အာ့"

"..."

"စန္း!!!"

ထိုလူကစန္း(သံုး)လို႔ေအာ္ၿပီးတာနဲ႔ ေ႐ွာင္းက်န္႔
လက္ကိုဆြဲၿပီးေျပးတယ္။ေ႐ွာင္းက်န္႔လည္း ဘုမသိ
ဘမသိနဲ႔သူေခၚရာပါလာေတာ့တာပဲ။
အသက္တစ္ရက္ပို႐ွည္လည္း နည္းလားေပါ့။

ေ႐ွ႕ကဦးေဆာင္ေျပးတဲ့သူကအဆင္ေျပလား
မသိေပမယ့္ အေနာက္ကေ႐ွာင္းက်န္႔ကေတာ့
အေတာ္ေမာေနၿပီ။ဆက္ေျပးေနရင္လည္း ဒီပံုစံ
အတိုင္းဆိုျပန္မိမွာပဲျဖစ္တာေၾကာင့္ ထိုလူက
ေ႐ွာင္းက်န္႔လက္ကိုဆြဲၿပီးတစ္ေနရာမွာဝင္ပုန္းတယ္။
မဆိုးပါဘူး...။ဒီလူဥာဏ္ေတာ့႐ွိသားပဲ။
ကဲ...။အခု ေ႐ွာငက်န္႔တို႔လုပ္ႏိုင္တာက သူတို႔ပုန္း
ေနတဲ့ေနရာကိုဟိုလူေတြမေတြ႔ေအာင္ဆုေတာင္းရံု
ပဲ႐ွိေတာ့တယ္။

တျဖည္းျဖည္းနဲ႔နီးကပ္လာတဲ့ေျခသံေတြနဲ႔အတူ
ထိုလူနဲ႔ ေ႐ွာင္းက်န္႔ရဲ႕ခႏၶာကိုယ္ေတြကလည္း
တျဖည္းျဖည္းပူးကပ္လာလိုက္တာ..ထိုလူရဲ႕
အသက္႐ွဴသံျပင္းျပင္းက ေ႐ွာင္က်န္႔မ်က္ႏွာကိုလာ
ထိ႐ိုက္တဲ့အထိ။အရမ္းနီးကပ္ေနတဲ့အေျခအေနမ်ိဳး
မွာထိုလူ႔ဆီကခပ္ခ်ိဳခ်ိဳအနံ႔တစ္မ်ိဳးကလည္း စိတ္
အေႏွာင့္အယွက္ျဖစ္စရာ။ဒီလိုအေျခအေနမ်ိဳးမွာ
ၾကာၾကာေနရမယ့္အစား ေ႐ွာင္က်န္႔ကေတာ့
ဟိုလူေတြဆီမွာသာသြားအမိခံလိုက္ခ်င္ေတာ့သည္။

ေျပာပါတယ္..။ဒီေန႔ၾကံဳရသမ််ွက မတရားေတြကို
နင္းကန္ေဆာင့္ၿပီး႐ုပ္႐ွင္ဆန္ေနတယ္လို႔။
ဟိုလူေတြကေ႐ွာင္းက်န္႔တို႔ပုန္းေနတဲ့ေနရာနားအထိေရာက္လာခဲ့ေပမယ့္ေ႐ွာင္းက်န္႔တို႔ကိုျမင္မသြားခဲ့ဘူး။

ဟိုလူေတြထြက္သြားတာနဲ႔ ေ႐ွာင္က်န္႔လည္းလူစြမ္း
ေကာင္းႀကီးကိုေမးစရာ႐ွိတာေမးရေတာ့တယ္။

"မင္းကstalkerလား။ဘာလို႔ငါ့ေနာက္လိုက္ေနတာလဲ"

"ကြၽန္ေတာ့ကိုမွတ္မိတယ္ေပါ့"

"ငါေမးတာသာေျဖပါ"

"ဘာလို႔အဲ့လိုထင္ရတာလဲ။တိုက္ဆိုင္တာေရာ မျဖစ္ႏိုင္ဘူးလား"

"သူစိမ္းတစ္ေယာက္နဲ႔ တစ္ရက္တည္းမွာသံုးႀကိမ္
တိတိဆံုတာကိုတိုက္ဆိုင္တယ္ေျပာရေလာက္တဲ့
အထိ ငါကံၾကမၼာကိုမယံုဘူး"

"ဟက္..။ခင္ဗ်ားကတကယ္စိတ္ဝင္စားစရာေကာင္း
တဲ့သူပဲ"

"မင္းဘာလိုခ်င္လို႔ ငါ့ေနာက္လိုက္ေနတာလဲ။
ဘာလို႔ငါ့ကိုဝင္ကယ္တာလဲ"

"ဘာလို႔လို႔ထင္လဲ"

"မင္းေျပာမွငါသိမွာေပါ့"

"ေကာင္းၿပီေလ။ဒါဆိုလည္းပြင့္ပြင့္လင္းလင္းပဲေျပာ
တာေပါ့။ခင္ဗ်ားကိုကယ္ခဲ့တဲ့အတြက္ ကြၽန္ေတာ့ကို
ဘာျပန္ေပးမလဲ"

ထင္တဲ့အတိုင္းပါပဲ။လူေတြကကိုယ့္အက်ိဳးအျမတ္
မ႐ွိရင္ဘာမွမလုပ္ဘူး။တကယ္ေတာ့ အခုလို
အေနအထားျဖစ္သြားတာကို ေ႐ွာင္းက်န္႔ကပိုသေဘာက်တယ္။အကယ္၍ ဘာမွမလိုခ်င္ဘူး၊ေစတနာ
သန္႔သန္႔နဲ႔ကူညီတာပါလို႔ေျပာရင္ ေ႐ွာင္းက်န္႔အတြက္ပိုၿပီးစိတ္အေႏွာင့္အယွက္ျဖစ္ေစမွာ အမွန္။
ဒါေပမယ့္လည္း ဒီလူ လူေရြးမွားသြားၿပီ။ေ႐ွာင္းက်န္႔
မွာ သူ႔ကိုေပးစရာ ဘာမွမွမပိုင္ဆိုင္ထားတာ။

"မင္းဘာလိုခ်င္လို႔ ငါ့ကိုဘာလို့ကယ္ခဲ့မွန္းမသိေပမယ့္ ငါ့မွာမင္းကိုျပန္ေပးစရာ ဘာမွအဖိုးတန္တာမ႐ွိဘူး။ငါပိုင္ဆိုင္တာဆိုလို႔ ခုနကမင္းကယ္ခဲ့တဲ့
စိတ္ပ်က္စရာဘဝႀကီးပဲ႐ွိတယ္"

"အဲ့တာဆို အဲ့ဘဝႀကီးကိုကြၽန္ေတာ့ကိုေပးေလ"

"......"

"က်ြန္ေတာ္နဲ့သူငယ္ခ်င္းလုပ္ရေအာင္"

စလာၿပီ..။သူငယ္ခ်င္းဆိုတဲ့စကားလံုးက ေ႐ွာင္းက်န္႔အတြက္ေတာ့ မုန္းစရာအေကာင္းဆံုးစကားလံုးပဲ။
အဲ့ဒီစကားလံုးရဲ႕ေနာက္ကြယ္မွာ အသံုးခ်ျခင္းေတြ၊
အခြင့္အေရးယူျခင္းေတြ၊ေတာင္းဆိုျခင္းေတြ၊
သစၥာေဖာက္ျခင္းေတြအမ်ားႀကီးပါတယ္။
အဲ့ဒီသူငယ္ခ်င္းဆိုတဲ့ေဝါဟာရကို ေ႐ွာင္းက်န္႔ရဲ႕
အဘိဓာန္ထဲမွာေဖ်ာက္ထားတာၾကာေပါ့။

"တျခားတစ္ခုေတာင္းဆိုေပးပါ"

"ဘယ္လိုလုပ္ၾကမလဲ။ကြၽန္ေတာ္က ခင္ဗ်ားသူငယ္ခ်င္းပဲျဖစ္ခ်င္တာ။တျခားလိုခ်င္တာမ႐ွိဘူး"

"....."

"ဒါဆိုလည္း ဒီအတိုင္းကူညီတယ္လို႔ပဲသေဘာထားလိုက္ပါ။ဘာမွျပန္လုပ္ေပးစရာမလိုပဲ ေစတနာ
သန္႔သန္႔နဲ႔ကူညီတာေပါ့"

ဒီလူကသိပ္ဥာဏ္မ်ားတယ္။ေ႐ွာင္းက်န္႔အတြက္စိတ္
မသက္မသာျဖစ္ေစမယ့္အေျခအေနေတြကိုပဲေရြးၿပီး
ဖန္တီးေနတယ္။ေကာင္းၿပီေလ... ဒီလိုမ်ိဳး႐ႈပ္႐ႈပ္ယွက္ယွက္ေတြကိုသေဘာမက်ေပမယ့္ အေပးအယူ
ဆန္ဆန္သေဘာမ်ိဴးဆိုရင္ေတာ့ အဆင္ေျပမယ္
ထင္ပါတယ္။ဘာမွျပန္မလုပ္ေပးႏိုင္ဘဲ တစ္ဘဝလံုး
ေက်းဇူးဆိုတဲ့ အ႐ႈပ္ထုပ္ႀကီးသယ္ပိုးထားရတာ
ထပ္စာရင္ေတာ့ အခ်ိန္အတိုင္းအတာတစ္ခုထိ
သည္းခံၾကည့္မယ္။

"ဘယ္အခ်ိန္ထိလဲ"

"ဟင္"

"ဘယ္အခ်ိန္ထိ မင္းသူငယ္ခ်င္းလုပ္ေပးရမွာလဲ"

"သူငယ္ခ်င္းလုပ္တာ အခ်ိန္အကန္႔အသတ္႐ွိတယ္ေပါ့"

"႐ွိတယ္။မင္းကယ္ခဲ့တဲ့ ငါ႔ဘဝကလည္းတစ္သက္လံုးဘာမွမျဖစ္ေတာ့ဘူးတဲ့လား။တစ္ေန႔ေန႔ေတာ့အဆံုးသတ္ရမယ့္ ဘဝႀကီးပဲေလ။အခ်ိန္အတိုင္း
အတာတစ္ခုထိကို မင္းကယ္တင္ခဲ့သလို ငါလည္း
အခ်ိန္အတိုင္းအတာတစ္ခုအထိ မင္းသူငယ္ခ်င္း
လုပ္ေပးမယ္"

"ျငင္းတာထပ္စာရင္ေတာ့မဆိုးပါဘူး။ေကာင္းၿပီေလ။
သံုးႏွစ္.."

"မရဘူး..။တစ္ပတ္"

"ဟင္..။နည္းလြန္းတယ္။ႏွစ္ႏွစ္"

"မ်ားတယ္။တစ္လ"

"တစ္ႏွစ္ကြာ..."

"မ်ားေသးတယ္။သံုးလ"

"ေျခာက္လကြာ..။ေျခာက္လ။ဒါေနာက္ဆံုးပဲ။
ေလ်ွာ့မေပးေတာ့ဘူး"

"ေကာင္းၿပီေလ။ေျခာက္လ..။ဒီေျခာက္လေက်ာ္သြား
ရင္မင္းနဲ႔ငါကသူစိမ္းေတြျပန္ျဖစ္သြားၿပီ။သေဘာ
တူလား"

"တူတယ္"

"ေကာင္းၿပီ။ဒါဆို ငါသြားၿပီ"

"လိုက္ပို႔ေပးရမလား"

"မလိုဘူး"

"ဒါဆို နက္ျဖန္ မေန႔ကေနရာမွာေစာင့္ေနမယ္။
လာျဖစ္ေအာင္လာေနာ္"

"အင္း"

ေ႐ွာင္းက်န္႔လွည့္ထြက္ဖို႔ေျခလွမ္းအျပင္မွာ..
"ခန..ခန!!!"

"ဘာလဲ"

"ပါးစပ္ဟ..."

"ဘာ.."

"ပါးစပ္ဟပါဆို"

ေ႐ွာင္းက်န္႔လည္းဘုမသိဘမသိပါးစပ္ဟေပးလိုက္
ေတာ့ ႐ုတ္တရက္ပါးစပ္ထဲဝင္လာတဲ့ ခပ္ခ်ိဳခ်ိဳအရသာတစ္မ်ိဳး။ခ်ိဳခ်ဥ္ပဲ....။မက္မြန္သီးအရသာ။

"ဟီးဟီး။စိတ္႐ႈပ္ေနတဲ့အခ်ိန္ဆို ခ်ိဳခ်ဥ္စားေပးရတယ္တဲ့။မက္မြန္သီးအရသာက ကြၽန္ေတာ္အႀကိဳက္ဆံုးပဲ။မနည္း႐ွာလာရတာေနာ္။သြားၿပီ။
နက္ျဖန္မွေတြ႔ၾကတာေပါ့။Bye bye...Choco"

လူထူးဆန္းရဲ႕ေျခသံေတြကတျဖည္းျဖည္းေဝးသြား
ေပမယ့္ ေနရာမွာမေရြ႔ပဲက်န္ေနခဲ့တာကေ႐ွာင္းက်န္႔။
ဒါေၾကာင့္ေျပာတာေပါ့။ ဒီလိုလူေတြကေစာက္ရမ္း
စိတ္ဒုကၡေပးတယ္လို႔...။

မဖိတ္ေခၚထားတဲ့ဧည့္သည္ကမျမင္ႏိုင္တဲ့ႀကိဳးေတြနဲ႔
အတူဝင္ေရာက္လာခဲ့တယ္။
အခ်ည္မခံခ်င္တဲ့သူအတြက္ေတာ့ဒါေတြဟာအဆိပ္ပဲ
တႏံု႔ႏံု႔နဲ႔ညႇင္းဆဲမယ့္အဆိပ္....။
_______________________________
Unicode

Chapter 3

မျက်လုံးမမြင်ရတာကို အားနည်းချက်လို့မသတ်မှတ်
တဲ့ရှောင်းကျန့်ဟာ ဘဝကိုသာမန်လူတွေအတိုင်းပဲ
နေထိုင်တယ်။"Michaelis"ဆိုတဲ့Coffee and bakery shopလေးမှာ မုန့်ဖုတ်ဆရာ
အဖြစ်အလုပ်ဝင်တယ်။
နဂိုပါရမီပါတဲ့သူ့အတွက် မျက်စိမမြင်တာက မုန့်ဖုတ်ရာမှာ အတားအဆီးမဖြစ်စေခဲ့ဘူး။

တကယ်တော့ရှောင်းကျန့်ဒီဆိုင်မှာအလုပ်ဝင်ဖြစ်တဲ့
အကြောင်းအရင်းနှစ်ခုရှိတယ်။တစ်ခုက သူ့ကိုယ်
ပိုင်ဝင်ငွေရှိသင့်တယ်လို့ ထင်လို့။တရုတ်မှာကျန်ခဲ့
တဲ့ဦးလေးဖြစ်သူဆီကငွေလှမ်းတောင်းရမယ့်အဖြစ်
ကိုရှောင်းကျန့်ကသဘောမကျဘူး။ ကိုယ့်အားကိုယ်
ကိုးရမယ့်အရွယ်မှာ သူများကိုဘယ်လိုအကြောင်း
ပြချက်နဲ့မှရှောင်းကျန့်ကမမှီခိုချင်ဘူး။

​နောက်တစ်ခုကတော့ ဒီအလုပ်ကလူတွေနဲ့
ဆက်ဆံစရာမလိုဘူး။
မုန့်ဖုတ်ဆရာတစ်ယောက်ဖြစ်တဲ့အလျောက်
ရှောင်းကျန့်ရဲ့အလုပ်ချိန်တော်တော်များများဟာ မုန့်
ဖုတ်တဲ့ နေရာမှာပဲကုန်ဆုံးတယ်။အမှန်အတိုင်း
ပြောရရင် ရှောင်းကျန့်က ဒီဆိုင်မှာအတူအလုပ်တွဲ
လုပ်နေတဲ့သူတွေကိုတောင်မသိဘူး။သိဖို့မလိုဘူး
လို့ရှောင်းကျန့်ကမှတ်ယူထားတာကြောင့်ဖြစ်တယ်။
ရလဒ်ကတော့ Socialညံ့တယ်ဆိုတဲ့ဂုဏ်ပုဒ်
တစ်ခုပေါ့။ ရှောင်းကျန့်အတွက်တော့ ဒီဂုဏ်ပုဒ်က
စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။အနည်းဆုံးတော့ သူတို့အမြင်မှာ ရှောင်းကျန့်က မျက်စိမမြင်တဲ့
သနားစရာသတ္တဝါတစ်ကောင်မဖြစ်တော့ဘူးပေါ့။

ဆိုင်မှာလူပြတ်တဲ့အချိန်ဖြစ်တာကြောင့် ရှောင်းကျန့်
လည်း မုန့်ဖုတ်တာကိုခနရပ်ပြီး နားနေလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ ငွေရှင်းကောင်တာကနေ အသံတစ်သံကြားလိုက်ရတယ်။

ဒီအသံက....သေချာတာပေါ့။ဒါ..ဒီမနက်မှလောလောလတ်လတ်သူ့ကိုစိတ်အနှောင့်အယှက်ပေးခဲ့
တဲ့ အသံ။

တကယ်တော့ ရှောင်းကျန့်နားနေတဲ့နေရာနဲ့ကောင်တာဟာအနည်းငယ်လှမ်းတာမို့သာမန်လူကြား
နိုင်လောက်တဲ့အကွာအဝေး မဟုတ်ပေမယ့်
အမြင်အာရုံချို့ယွင်းနေတဲ့ ရှောင်းကျန့်ကတော့
သာမန်လူတွေထပ် အကြားအာရုံနဲ့အနံ့ခံအာရုံ သာလွန်တာကြောင့် သူတို့ပြောနေတဲ့စကားတွေကို
အတိုင်းသားကြားနေရတယ်။

သာမန်ဆို ရှောင်းကျန့်ကလူတွေနဲ့ပတ်သတ်တာတွေကိုအရေးတယူမှတ်ထားလေ့မရှိပေမယ့် ဒီလူ့
အသံကထူးခြားတယ်။ တစ်ခါကြားမိတာနဲ့ တန်း
မှတ်မိနိုင်မယ့်အသံမျိုး။မကြမ်းတမ်းသလို မသိမ်မွေ့
ဘူး။ရှတတနဲ့ ဩတဲ့ဘက်ကိုသွားသလို ချိုမြမြနဲ့
တစ်မျိူးနားထောင်လို့ကောင်းပြန်တယ်။

ဒါတွေထားလိုက်ပါ။အဓိကကဒီလူကဘာလို့ဒီကို
ရောက်နေတာလဲ။တိုက်ဆိုင်တယ်ပြောရအောင်
ဘဝကြီးကရုပ်ရှင်မှမဟုတ်တာ။ဒီလူ...မဟုတ်မှလွဲရော သူ့ကိုနောက်ယောင်ခံလိုက်နေတာများလား။
အကယ်၍ဒီလူသာStalkerတစ်ယောက်ဆို
​ရှောင်းကျန့်အနေနဲ့လည်း ရဲစခန်းကိုဖုန်းဆက်ဖို့အထိတွေးပြီးသားဖြစ်တယ်။ဒါပေမယ့်ဒီလူကရှောင်းကျန့်ကိုStalkရအောင်အထိ ရှောင်ကျန့်မှာဘာတွေများရှိနေလို့လဲ။

တစ်ခါတစ်လေမှာ လူတွေဟာ အရေးမပါတဲ့အရာတွေကိုလုပ်ရတာကို နှစ်ခြိုက်ကြတယ်။ဥပမာ...တစ်ချိန်ကျရင်ပြတ်မယ်မှန်းသိတဲ့ စွန်ကိုအားသွန်ခွန်စိုက်နဲ့အမြင့်မှာပျံသန်းစေတာမျိုးပေါ့။

ဒီတစ်ခါတော့ ရှောင်းကျန့်ထင်တာမှားသွားတယ်
ထင်တယ်။အခြေအနေက ပုံမှန်ပါပဲ။ဒီလူကတကယ်ပဲမုန့်လာဝယ်ရုံသပ်သပ်တိုက်ဆိုင်သွားတာလား။
ရှောင်းကျန့်ကပဲအတွေးလွန်သွားတာလား။ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကျန့်ကိုတိုက်ရိုက်လာမပတ်သက်
သရွေ့တော့အဆင်ပြေပါတယ်။တကယ်လို့ လာပတ်သတ်လာခဲ့ရင်လည်း ရှောင်းကျန့်ကတော့ ကင်း
နိုင်သမျှခပ်ကင်းကင်းနေဖို့ဆုံးဖြတ်ထားတယ်။

သံလိုက်ချောင်းနှစ်ချောင်းရဲ့အစွန်းနှစ်ဖက်လိုမျိုးပေါ့။
တစ်ဖက်ကဘယ်လောက်ပဲ ဆွဲငင်နေပါစေ.....
နောက်တစ်ဖက်ကတွန်းကန်နေသရွေ့တော့ သံလိုက်ချောင်းနှစ်ချောင်းကပူးကပ်သွားမှာမဟုတ်ဘူး။
ရှောင်းကျန့်ကလည်း ဒီသီအိုရီကိုလက်ခံကျင့်သုံးတယ်။တစ်ဖက်ကဘယ်လိုပဲ ချည်းကပ်လာပါစေ။
ရှောင်းကျန့်ဘက်ကအဆုံးစွန်ထိ လျစ်လျူရှုနိုင်ဖို့သာ
အဓိကပဲ။

ဆိုင်သိမ်းတာကအရင်နေ့တွေကထပ်နောက်ကျတာ
ကြောင့်busကားမမှီတော့တဲ့ ရှောင်းကျန့်က
အိမ်ကိုခြေလျင်ပြန်ခဲ့တယ်။Parisရဲ့လူပြတ်တဲ့
လမ်းကြိုလမ်းကြားတွေနဲ့ မှောင်ရီသန်းစအချိန်က
ဆိုးဆိုးရွားရွားကိုလိုက်ဖက်နေခဲ့တယ်။

ကံကြမ္မာဆိုတာကြီးကလည်းတစ်ခါတစ်ခါတော့ ရှောင်းကျန့်ကိုအရွဲ့တိုက်သေးတတ်တာ...။
မဖြစ်ချင်ဆုံးကိစ္စတွေပဲတန်းစီဖြစ်လာတော့ ရှောင်းကျန့်ကကိုယ့်ကိုယ်ကို​တောင်သနားမိသေးရဲ့။အရာအားလုံးကတိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ဒီတစ်ခါတော့ တကယ်ပဲ ရုပ်ရှင်ဆန်ဆန်တိုက်ဆိုင်မှုကြီး....။

မှောင်ရိပ်ကွယ်နေပြီး လူပြတ်တဲ့လမ်းပေါ်မှာ
မျက်မမြင်ကောင်လေးတစ်ယောက်တည်း လျှောက်
လာတယ်။ဘာဆက်ဖြစ်မယ်ထင်လဲ...။
သေချာပေါက် လူရမ်းကားတွေနဲ့တွေ့တာပေါ့။
ဒီလိုအခြေအနေမျိုးမှာ ကယ်ကြပါဦးအော်ရအောင်
လည်း ရှောင်းကျန့်ကရုပ်ရှင်တွေထဲကမင်းသမီးမဟုတ်။အဲ့တော့ လာအကယ်ခံရမယ့်အစား အသတ်ခံရဖို့များသည်။ဒီတော့ ရှောင်းကျန့်ကအေးအေးဆေးဆေးပဲဖြေရှင်းဖို့စဉ်းစားတယ်။

တကယ်တော့ ဒီလိုလူတွေနဲ့ဆက်ဆံရတာပို
အဆင်ပြေတယ်လို့ရှောင်းကျန့်ကထင်တယ်။
ရူးကြောင်ကြောင်ထင်မြင်ချက်ပါပဲ..။ဒီလူတွေဟာ သူတို့လိုချင်တာကို ပွင့်ပွင့်လင်းလင်းနဲ့ရအောင်
တောင်းတယ်။အဲ့တော့ သူတို့လိုချင်တာကိုသာ
ပေးနိုင်ရင် အနည်းဆုံးတော့ အသက်အန္တရာယ်မရှိနိုင်ဘူး.....လို့ထင်ခဲ့ပေမယ့်သူတို့လိုချင်တာက ရှောင်းကျန့်မပေးနိုင်တဲ့ အရာဖြစ်လာတဲ့အခါမှာ အခြေအနေက တက်တက်စင်အောင်လွဲတယ်။
အဲ့တော့လည်း ဘာတတ်နိုင်မှာလဲ။ဖက်တွယ်ထားစရာဘာမှမရှိတဲ့ဘဝကြီးကမြန်မြန်အဆုံးသတ်သွား
မယ်ဆိုရင်လည်း ရှောင်းကျန့်ဘက်ကအားကုန်ခံပြီး
တားစရာမရှိပါဘူး။

"Hey!!You guys"

ကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်အံ့ဩမိ
တယ်ဆိုတာထပ် စိတ်ပျက်သွားမိတယ်။လာပြန်ပြီ..
ဒီလူပဲလား။ဒါကြောင့် ရှောင်းကျန့်ကဒီလိုလူတွေကိုသဘောမကျဘူးလို့ပြောတာ။ ကိုယ့်ကိစ္စမဟုတ်ဘဲ လူစွမ်းကောင်းဝင်လုပ်တဲ့သူမျိုးတွေ။
အခုလို ဝင်လျှာရှည်ခြင်းရဲ့ရလဒ်က မသကာ....
လက်လွန်ခြေလွန်ဖြစ်သွားရင်အလောင်းတစ်လောင်းထပ်တိုးသွားရုံပဲရှိမယ်။စိတ်နာနာနဲ့ ရှောင်းကျန့်က
ကံကြမ္မာဆိုတာကြီးကိုလက်ခလယ်ထောင်ပြလိုက်
ချင်တယ်။အနည်းဆုံးတော့ တစ်ယောက်တည်းသေခွင့်မပြုနိုင်ဘူးလား...။

ရှေ့ကလူကပြင်သစ်လိုပြောနေတာများ native
speakerအလား။နေပါဦး...။သူကဒီကိုဟောပြောပွဲ
လာလုပ်တာလား။များလိုက်တဲ့စကား..။
ဟိုလူတွေကလည်းသူပြောတဲ့ဗရမ်းဗတာတွေကို
နားထောင်နေတာများဘာမှပြန်ပြောသံတောင်
မကြားရဘူး။အဲ့လိုပြောလို့ ဘာအရေးကြီးစကား
တွေပြောနေလဲလို့မတွေးလိုက်နဲ့။တစ်ရာဖိုးသုံးပုဒ်
တန်တဲ့ရောက်တတ်ရာရာတွေကောက်​ပြောနေတာ။ဒီလူရူးများနေလား.....။

တဖြည်းဖြည်းနဲ့ထိုလူရဲ့ခြေသံတွေက ရှောင်းကျန့်အနားကိုနီးကပ်လာတယ်။အတော်နီးကပ်နေတဲ့
အနေအထားမျိုးအရောက်မှာ ခြေသံတွေရပ်သွား
ပြီး လေသံတိုးတိုးနဲ့စကားဆိုတယ်။

"1.2.3ဆိုတာနဲ့ကျွန်တော့လက်ကိုဆွဲပြီးပြေးတော့"

"ဟင်..."

"တရုတ်လူမျိုးမလား။တရုတ်စကားနားမလည်ဘူး
လား။ကျွန်တော်စရေပြီနော်"

"ရိ"

"..."

"အာ့"

"..."

"စန်း!!!"

ထိုလူကစန်း(သုံး)လို့အော်ပြီးတာနဲ့ ရှောင်းကျန့်
လက်ကိုဆွဲပြီးပြေးတယ်။ရှောင်းကျန့်လည်း ဘုမသိ
ဘမသိနဲ့သူခေါ်ရာပါလာတော့တာပဲ။
အသက်တစ်ရက်ပိုရှည်လည်း နည်းလားပေါ့။

ရှေ့ကဦးဆောင်ပြေးတဲ့သူကအဆင်ပြေလား
မသိပေမယ့် အနောက်ကရှောင်းကျန့်ကတော့
အတော်မောနေပြီ။ဆက်ပြေးနေရင်လည်း ဒီပုံစံ
အတိုင်းဆိုပြန်မိမှာပဲဖြစ်တာကြောင့် ထိုလူက
ရှောင်းကျန့်လက်ကိုဆွဲပြီးတစ်နေရာမှာဝင်ပုန်းတယ်။
မဆိုးပါဘူး...။ဒီလူဥာဏ်တော့ရှိသားပဲ။
ကဲ...။အခု ရှောငကျန့်တို့လုပ်နိုင်တာက သူတို့ပုန်း
နေတဲ့နေရာကိုဟိုလူတွေမတွေ့အောင်ဆုတောင်းရုံ
ပဲရှိတော့တယ်။

တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့ခြေသံတွေနဲ့အတူ
ထိုလူနဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်တွေကလည်း
တဖြည်းဖြည်းပူးကပ်လာလိုက်တာ..ထိုလူရဲ့
အသက်ရှူသံပြင်းပြင်းက ရှောင်ကျန့်မျက်နှာကိုလာ
ထိရိုက်တဲ့အထိ။အရမ်းနီးကပ်နေတဲ့အခြေအနေမျိုး
မှာထိုလူ့ဆီကခပ်ချိုချိုအနံ့တစ်မျိုးကလည်း စိတ်
အနှောင့်အယှက်ဖြစ်စရာ။ဒီလိုအခြေအနေမျိုးမှာ
ကြာကြာနေရမယ့်အစား ရှောင်ကျန့်ကတော့
ဟိုလူတွေဆီမှာသာသွားအမိခံလိုက်ချင်တော့သည်။

ပြောပါတယ်..။ဒီနေ့ကြုံရသမျှက မတရားတွေကို
နင်းကန်ဆောင့်ပြီးရုပ်ရှင်ဆန်နေတယ်လို့။
ဟိုလူတွေကရှောင်းကျန့်တို့ပုန်းနေတဲ့နေရာနားအထိရောက်လာခဲ့ပေမယ့်ရှောင်းကျန့်တို့ကိုမြင်မသွားခဲ့ဘူး။

ဟိုလူတွေထွက်သွားတာနဲ့ ရှောင်ကျန့်လည်းလူစွမ်း
ကောင်းကြီးကိုမေးစရာရှိတာမေးရတော့တယ်။

"မင်းကstalkerလား။ဘာလို့ငါ့နောက်လိုက်နေတာလဲ"

"ကျွန်တော့ကိုမှတ်မိတယ်ပေါ့"

"ငါမေးတာသာဖြေပါ"

"ဘာလို့အဲ့လိုထင်ရတာလဲ။တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား"

"သူစိမ်းတစ်ယောက်နဲ့ တစ်ရက်တည်းမှာသုံးကြိမ်
တိတိဆုံတာကိုတိုက်ဆိုင်တယ်ပြောရလောက်တဲ့
အထိ ငါကံကြမ္မာကိုမယုံဘူး"

"ဟက်..။ခင်ဗျားကတကယ်စိတ်ဝင်စားစရာကောင်း
တဲ့သူပဲ"

"မင်းဘာလိုချင်လို့ ငါ့နောက်လိုက်နေတာလဲ။
ဘာလို့ငါ့ကိုဝင်ကယ်တာလဲ"

"ဘာလို့လို့ထင်လဲ"

"မင်းပြောမှငါသိမှာပေါ့"

"ကောင်းပြီလေ။ဒါဆိုလည်းပွင့်ပွင့်လင်းလင်းပဲပြော
တာပေါ့။ခင်ဗျားကိုကယ်ခဲ့တဲ့အတွက် ကျွန်တော့ကို
ဘာပြန်ပေးမလဲ"

ထင်တဲ့အတိုင်းပါပဲ။လူတွေကကိုယ့်အကျိုးအမြတ်
မရှိရင်ဘာမှမလုပ်ဘူး။တကယ်တော့ အခုလို
အနေအထားဖြစ်သွားတာကို ရှောင်းကျန့်ကပိုသဘောကျတယ်။အကယ်၍ ဘာမှမလိုချင်ဘူး၊စေတနာ
သန့်သန့်နဲ့ကူညီတာပါလို့ပြောရင် ရှောင်းကျန့်အတွက်ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်။
ဒါပေမယ့်လည်း ဒီလူ လူရွေးမှားသွားပြီ။ရှောင်းကျန့်
မှာ သူ့ကိုပေးစရာ ဘာမှမှမပိုင်ဆိုင်ထားတာ။

"မင်းဘာလိုချင်လို့ ငါ့ကိုဘာလို့ကယ်ခဲ့မှန်းမသိပေမယ့် ငါ့မှာမင်းကိုပြန်ပေးစရာ ဘာမှအဖိုးတန်တာမရှိဘူး။ငါပိုင်ဆိုင်တာဆိုလို့ ခုနကမင်းကယ်ခဲ့တဲ့
စိတ်ပျက်စရာဘဝကြီးပဲရှိတယ်"

"အဲ့တာဆို အဲ့ဘဝကြီးကိုကျွန်တော့ကိုပေးလေ"

"......"

"ကျွန်တော်နဲ့သူငယ်ချင်းလုပ်ရအောင်"

စလာပြီ..။သူငယ်ချင်းဆိုတဲ့စကားလုံးက ရှောင်းကျန့်အတွက်တော့ မုန်းစရာအကောင်းဆုံးစကားလုံးပဲ။
အဲ့ဒီစကားလုံးရဲ့နောက်ကွယ်မှာ အသုံးချခြင်းတွေ၊
အခွင့်အရေးယူခြင်းတွေ၊တောင်းဆိုခြင်းတွေ၊
သစ္စာဖောက်ခြင်းတွေအများကြီးပါတယ်။
အဲ့ဒီသူငယ်ချင်းဆိုတဲ့ဝေါဟာရကို ရှောင်းကျန့်ရဲ့
အဘိဓာန်ထဲမှာဖျောက်ထားတာကြာပေါ့။

"တခြားတစ်ခုတောင်းဆိုပေးပါ"

"ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်က ခင်ဗျားသူငယ်ချင်းပဲဖြစ်ချင်တာ။တခြားလိုချင်တာမရှိဘူး"

"....."

"ဒါဆိုလည်း ဒီအတိုင်းကူညီတယ်လို့ပဲသဘောထားလိုက်ပါ။ဘာမှပြန်လုပ်ပေးစရာမလိုပဲ စေတနာ
သန့်သန့်နဲ့ကူညီတာပေါ့"

ဒီလူကသိပ်ဥာဏ်များတယ်။ရှောင်းကျန့်အတွက်စိတ်
မသက်မသာဖြစ်စေမယ့်အခြေအနေတွေကိုပဲရွေးပြီး
ဖန်တီးနေတယ်။ကောင်းပြီလေ... ဒီလိုမျိုးရှုပ်ရှုပ်ယှက်ယှက်တွေကိုသဘောမကျပေမယ့် အပေးအယူ
ဆန်ဆန်သဘောမျိူးဆိုရင်တော့ အဆင်ပြေမယ်
ထင်ပါတယ်။ဘာမှပြန်မလုပ်ပေးနိုင်ဘဲ တစ်ဘဝလုံး
ကျေးဇူးဆိုတဲ့ အရှုပ်ထုပ်ကြီးသယ်ပိုးထားရတာ
ထပ်စာရင်တော့ အချိန်အတိုင်းအတာတစ်ခုထိ
သည်းခံကြည့်မယ်။

"ဘယ်အချိန်ထိလဲ"

"ဟင်"

"ဘယ်အချိန်ထိ မင်းသူငယ်ချင်းလုပ်ပေးရမှာလဲ"

"သူငယ်ချင်းလုပ်တာ အချိန်အကန့်အသတ်ရှိတယ်ပေါ့"

"ရှိတယ်။မင်းကယ်ခဲ့တဲ့ ငါ့ဘဝကလည်းတစ်သက်လုံးဘာမှမဖြစ်တော့ဘူးတဲ့လား။တစ်နေ့နေ့တော့အဆုံးသတ်ရမယ့် ဘဝကြီးပဲလေ။အချိန်အတိုင်း
အတာတစ်ခုထိကို မင်းကယ်တင်ခဲ့သလို ငါလည်း
အချိန်အတိုင်းအတာတစ်ခုအထိ မင်းသူငယ်ချင်း
လုပ်ပေးမယ်"

"ငြင်းတာထပ်စာရင်တော့မဆိုးပါဘူး။ကောင်းပြီလေ။
သုံးနှစ်.."

"မရဘူး..။တစ်ပတ်"

"ဟင်..။နည်းလွန်းတယ်။နှစ်နှစ်"

"များတယ်။တစ်လ"

"တစ်နှစ်ကွာ..."

"များသေးတယ်။သုံးလ"

"ခြောက်လကွာ..။ခြောက်လ။ဒါနောက်ဆုံးပဲ။
လျှော့မပေးတော့ဘူး"

"ကောင်းပြီလေ။ခြောက်လ..။ဒီခြောက်လကျော်သွား
ရင်မင်းနဲ့ငါကသူစိမ်းတွေပြန်ဖြစ်သွားပြီ။သဘော
တူလား"

"တူတယ်"

"ကောင်းပြီ။ဒါဆို ငါသွားပြီ"

"လိုက်ပို့ပေးရမလား"

"မလိုဘူး"

"ဒါဆို နက်ဖြန် မနေ့ကနေရာမှာစောင့်နေမယ်။
လာဖြစ်အောင်လာနော်"

"အင်း"

ရှောင်းကျန့်လှည့်ထွက်ဖို့ခြေလှမ်းအပြင်မှာ..
"ခန..ခန!!!"

"ဘာလဲ"

"ပါးစပ်ဟ..."

"ဘာ.."

"ပါးစပ်ဟပါဆို"

ရှောင်းကျန့်လည်းဘုမသိဘမသိပါးစပ်ဟပေးလိုက်
တော့ ရုတ်တရက်ပါးစပ်ထဲဝင်လာတဲ့ ခပ်ချိုချိုအရသာတစ်မျိုး။ချိုချဉ်ပဲ....။မက်မွန်သီးအရသာ။

"ဟီးဟီး။စိတ်ရှုပ်နေတဲ့အချိန်ဆို ချိုချဉ်စားပေးရတယ်တဲ့။မက်မွန်သီးအရသာက ကျွန်တော်အကြိုက်ဆုံးပဲ။မနည်းရှာလာရတာနော်။သွားပြီ။
နက်ဖြန်မှတွေ့ကြတာပေါ့။Bye bye...Choco"

လူထူးဆန်းရဲ့ခြေသံတွေကတဖြည်းဖြည်းဝေးသွား
ပေမယ့် နေရာမှာမရွေ့ပဲကျန်နေခဲ့တာကရှောင်းကျန့်။
ဒါကြောင့်ပြောတာပေါ့။ ဒီလိုလူတွေကစောက်ရမ်း
စိတ်ဒုက္ခပေးတယ်လို့...။

မဖိတ်ခေါ်ထားတဲ့ဧည့်သည်ကမမြင်နိုင်တဲ့ကြိုးတွေနဲ့
အတူဝင်ရောက်လာခဲ့တယ်။
အချည်မခံချင်တဲ့သူအတွက်တော့ဒါတွေဟာအဆိပ်ပဲ
တနုံ့နုံ့နဲ့ညှင်းဆဲမယ့်အဆိပ်....။
_________________________________

Continue Reading

You'll Also Like

179K 18.5K 31
Both Zawgyi & Unicode {Zawgyi} တကၠသိုလ္​ပထမႏွစ္​​ေက်ာင္​းသားတစ္​​ေယာက္ျဖစ္​တဲ့ရိ​ေပၚရဲ႕စူးစမ္​းခ်င္​​ေသာစိတ္​​ေၾကာင္​့မွားယြင္​းစြာSystemတစ္​ခုအတြင္​...
17.7K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
61.7K 16.1K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
234K 24.6K 31
Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ႕ Season 2 လို႔ ေျပာလို႔ရတာမို႔ Impe...