BXG Fanfic
(73)
မေမေရေ...သေပါပြီ။
ငါသိပ်မမြင်ရလို့လေ..."
အား.....သေပါပြီ။
တွန်းချတယ်၊
အပေါ်ပိုင်းကတီရှပ်အင်္ကျီကိုတောင်မှဆွဲချွတ်နေပြီ။
"ဟာ့.....အ.....မသိပါဘူး.....
ရူးရတော့မှာပဲ...
ဦးသျှောင်ရဲ့"
သူထင်နေတာကဦးသျှောင်အသိစိတ်ကဘာမှမစဉ်းစားနိုင်တော့ဘူးလို့ပါ။
အမငီးသွားပါပြီ...
တကယ်ကြီးလွှတ်နေပြီ။
မရဘူး...ကွာ..."
"မဟုတ်...မဟုတ်ဘူးလေ...
မင်းသတိထားစမ်း..."
"အီး......မေမေလေးရဲ့....
သူမုန်းသွားပြန်ပြီ"
မဖြစ်ဘူး။
ကြံရာတကယ်မရဘဲနဲ့...
ဘာနဲ့တူသလဲဆိုရင်...
"ငါမရတော့ဘူး၊ ဒီမှာပဲ"
အဲ...ဒါမှ...ပြဿနာပဲ။
အဲဒါလူမြင်ကွင်းကြီး၊
မဖြစ်ဘူး....."
ဒါက...ဒါက...
ဟင်...!....
ဘာလဲ...ဟ....ခုနတုန်းက...
အခုကဘယ်လိုမျိုး...
လွှတ်...ဦးသျှောင်"
ရှူး.... "
ငြိမ်ငြိမ်နေစမ်း..."
"ဟာ့...လွတ်စမ်း....."
လူညစ်ကြီး...
မေမေရေ...
ဒီညမှဘဝမပျက်ရင်.....
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(73)
လူမြင်တဲ့နေရာမှာဘာမှလာမလုပ်နိုင်ဘူးလို့ထင်လိုက်မိတာမှားသွားတယ်။
မှေးကနဲဖြစ်ပြီးတော့မှ...ပါးတစ်ဖက်မှာယားလာလို့...
ကျောက်စိမ်းပြန်နိုးသွားတာ...
မျက်လုံးဖွင့်ကြည့်တော့...
သူ့ကိုစီးမိုးပြီးငုံ့နမ်းနေတဲ့ဦးသျှောင်....
မေမေရေ...သေပါပြီ။
အောက်ထပ်မှာဖြစ်နေတော့...အသံကျယ်ကြီးမထွက်မိအောင်သတိထားပြီးတော့...
တွန်းထုတ်ရင်းခပ်ကြိတ်ကြိတ်အော်ရသည်။
"သျှောင်.....ဖယ်စမ်း၊ ဒါလူမြင်ကွင်းကြီးမှာ"
"အင်...အဲဒါမင်းအခန်းမဟုတ်ဘူးလား၊
မင်းအိပ်နေတာတွေ့တော့မင်းအခန်းလို့ထင်နေတာ၊
ငါသိပ်မမြင်ရလို့လေ..."
"အား...မနမ်းနဲ့လေ၊ လက်....အဲဒီလက်ဖယ်စမ်း"
ဘောင်းဘီထဲရောက်နေတဲ့သျှောင့်လက်ကိုအသေအကြေဆွဲထုတ်ရတာ၊
လုံးဝမူးချင်ယောင်ဆောင်နေတဲ့...
ယုန်ဆိုးကမထုတ်ပေးဘူး။
နောက်ပြီးတော့.....သူလုံးဝအထိမခံချင်တဲ့နေရာမှာလက်က......
အား.....သေပါပြီ။
ဘယ်အချိန်ကတည်းကရောက်နေတာလဲမသိ။
ငုံ့မိုးနေတဲ့ကျောကုန်းကိုတဘုန်းဘုန်းနဲ့ထုတယ်၊
တွန်းချတယ်၊
ဒါပေမယ့်...တမင်ယောင်ဆောင်ပြီးတော့တက်ဖိထားတဲ့သျှောင့်ကိုတွန်းဖယ်လို့မရဘူး။
ကယ်ကြပါလို့လဲမအော်နိုင်ဘူး။
အဲဒါမှတအိမ်လုံးကိုနှိုးလိုက်သလိုဖြစ်သွားမှာ...
တအိမ်လုံးကသူတို့အကြောင်းသိနေကြပါတယ်ဆိုရင်တောင်မှ...
အဲလိုကြီးကြေညာလိုက်ဖို့က...ခက်တယ်။
နောက်ပြီးတော့...ရှက်တယ်။
ကျောက်စိမ်းအသံမထွက်နိုင်ဘဲနဲ့...တွန်းကန်နေရင်း...
တွေးနေရင်းနဲ့ဟိုကခရီးလွန်ချင်နေပြီ။
အပေါ်ပိုင်းကတီရှပ်အကျႌကိုတောင်မှဆွဲချွတ်နေပြီ။
ရင်ဘတ်တွေပေါ်နယ်ကျွံလာတဲ့နှုတ်ခမ်းတွေကသိပ်ပြီးတော့သူ့ကိုခံစားမှုကောင်းကောင်းတွေပေးနေပြီ။
ဗိုက်ကိုလာထောက်ထားတဲ့သူ့ငနဲကလည်း...ပိုးတုံးလုံးကောင်ဘဝကနေအတောင်ပံဖြန့်မယ့်လိပ်ပြာရောင်စုံဖြစ်နေပြီ။
အဲဒီကြားမှာကျောက်စိမ်းရဲ့ခါးအောက်ပိုင်းမှာလည်းဒိန်းဂျားတွေဖြစ်ကုန်ပြီ။
မဖြစ်ဘူး...လူမြင်ကွင်းကြီးမှာပြဿနာတက်တော့မှာပဲ။
မူးနေပေမယ့်လည်းအဲလောက်ကတော့အသိရှိသေးတာကြောင့်...
ဦးသျှောင့်ကို...သူမနိုင်ပေမယ့်အတင်းတွန်းကန်ထားရင်း...
"ဟိတ်ကောင်...လွှတ်စမ်း.....သတိထားဦး၊
ဒီနေရာကဧည့်ခန်းကြီးဆိုနေ"
"ဟာ့.....အ.....မသိပါဘူး.....
ငါမင်းကိုချစ်ချင်တာပဲသိတာ...အေ့"
"အာ......တိုးတိုးပါဆို...ကြားကုန်တော့မှာပဲ"
ပြောနေရင်းနဲ့မှ...ဦးသျှောင်က...
လျှာဖျားတွေနဲ့...သူ့ကိုမထိတထိနမ်းလာခဲ့သည်။
ခါတိုင်းထက်ပိုအူမြူးချင်နေတဲ့ခံစားချက်တွေက...
သူ့ကိုသျှောင်ကထိလိုက်တာနဲ့အုံနဲ့ကျင်းနဲ့သွေးသားထဲမှာစိမ့်တက်လာတာ...
လူတကိုယ်လုံးထူပူသွားပြီး...
ရူးရတော့မှာပဲ...
ရီဝေချင်နေတဲ့ဦးနှောက်ထဲမှာလည်း...
အဲဒါကိုငြင်းဆန်နိုင်တဲ့အသိတရားကိုလုံလောက်စွာထုတ်မပေးတော့ဘူး။
တဖြည်းဖြည်းနဲ့ရစ်ပတ်တင်းကျပ်လာတဲ့သူ့လက်မောင်းတွေကြားမှာ...
ကျောက်စိမ်းအသက်ငင်နေရသလိုပဲ။
တွန်းကန်နေလေတင်းကျပ်လေ...
ဟင့်အင်း...မဖြစ်ပါဘူးဆို။
"မလုပ်ပါနဲ့...ငါ...ငါတို့...ဒီမှာတော့မဖြစ်ဘူး၊
ဦးသျှောင်ရဲ့"
"ဘာလို့လဲဟင်...မင်းငါ့ကိုငြင်းဆန်ချင်နေတုန်းလား"
ဦးသျှောင့်အသံကဘယ်လိုဖြစ်နေမှန်းမသိဘူး။
တကယ်ကြီးအသိစိတ်လွှတ်နေတဲ့ပုံနဲ့...
တုန်ရီနေတဲ့နှုတ်ခမ်းလေးတွေနဲ့...
"မဟုတ်ဘူး...ဒီနေရာက...ဧည့်ခန်းကြီး၊
အိမ်ကလူတွေ....လူတွေသိ...ကုန်...လိမ့်မယ်၊
ဖယ်ပါ...သျှောင်...မင်းသတိထားစမ်း"
သူထင်နေတာကဦးသျှောင်အသ်ိစိတ်ကဘာမှမစဉ်းစားနိုင်တော့ဘူးလို့ပါ။
"ဟင့်အင်း...ဒီမှာဆို ဒီမှာပဲလုပ်မှာ၊
ဒီနေရာလေးကဘယ်လောက်သာယာလဲ..."
အမငီးသွားပါပြီ...
တကယ်ကြီးလွှတ်နေပြီ။
ဒါပေမယ့်...သူ့ကိုဖက်ပြီးတော့အုပ်မိုးထားတဲ့အားကိုကျောက်စိမ်းမရုန်းဖယ်နိုင်ပါ။
"သျှောင်...ဟိတ်ကောင်...သတိထားစမ်း...
အာ့...မင်းလက်.....ဖယ်....ဖယ်တော့..
မရဘူး...ကွာ..."
"ကျောက်စိမ်း...ဘာလို့လဲဟင်...!...မင်းငါ့ကိုမချစ်တော့ပြန်ဘူးလား"
တကယ်ငိုချတော့မလိုကြီးနဲ့ဦးသျှောင့်အသံကအဖျားခတ်နေပြီ...။
"မဟုတ်...မဟုတ်ဘူးလေ...
ဒီမှာ...ဒီနေရာမှာမဖြစ်တာ...
မင်းသတိထားစမ်း..."
"အား...မင်းငါ့ကိုမုန်းသွားပြန်ပြီလား...
မချစ်တော့ဘူးတဲ့လား...ဟင်...!...
လက်မခံတော့ဘူးတဲ့လား...ဟင်!...
ငါ့မှာတော့ချစ်လိုက်ရတာ...
ဒီရင်ဘတ်ကြီးကချစ်လိုက်ရတာ..."
ဦးသျှောင်က...သူ့ရင်ဘတ်ကိုသူတဗုန်းဗုန်းနဲ့ထုထုပြောနေတာ၊
အိမ်ကလူတွေကြားကုန်တော့မှာပဲ...
"ဦးသျှောင်...ဟိတ်ကောင်...တိုးတိုးဆို..."
"အီး......မေမေလေးရဲ့....
သူမုန်းသွားပြန်ပြီ"
အသံကအနည်းငယ်ပြဲထွက်လာတာကြောင့်...
အာ....မေမေနိုးလာရင်သေကုန်တော့မယ်။
ညနက်ကြီးမှာလေတိုးသံလောက်နဲ့စကားပြောတာတောင်မှကြားတဲ့အခါကြားရတတ်တာ..
ကြားသွားလို့နိုးလာရင်ဒီအခြေနေကြီးနဲ့...
မဖြစ်ဘူး။
ကြံရာတကယ်မရဘဲနဲ့...
ကျောက်စိမ်း.....မူးနေတာတောင်...
ကြက်ပျောက်ငှက်ပျောက်ပါ။
အဲဒီတအီအီလုပ်နေတဲ့ပါးစပ်ကိုအရင်ပိတ်ရမှာ...
လက်ကိုလည်းတုပ်ဖက်ထားတော့ရုန်းမရဘဲနဲ့...
ကုန်းကျနေတဲ့သျှောင့်နှုတ်ခမ်းကိုပဲအတင်းဖိကပ်ပြီးနမ်းရတော့တာ။
ခဏကြာလို့...သူ့အသံတွေငြိမ်သွားတော့မှပဲ...
တိုးတိုးလေးကပ်ပြောရသည်။
"ခဏနေဦး...အခန်းထဲသွားမယ်.....တဲ့။
ဟန်ဆောင်ပန်ဆောင်နဲ့မာယာများနေခဲ့တဲ့ဦးသျှောင်ကတော့...
သူ့လေသံလေးနဲ့တိုးတိုးလေးလာကပ်ပြောတာကိုအသည်းတွေယားလို့...
ဘာနဲ့တူသလဲဆိုရင်...
မိန်းကလေးကအတင်းကြီးဝင်လုံးနေလို့...
ချော့မော့ပြီးတော့ထွက်ပြေးနေရတဲ့ယောကျာ်းလေးတစ်ယောက်ရဲ့ပရိယာယ်လေသံလေးနဲ့တူတာ။
သျှောင်...ရယ်ချင်တဲ့စိတ်ကိုထိန်းပြီးတော့ထပ်ပြီးချွဲရသည်။
"ငါမရတော့ဘူး၊ ဒီမှာပဲ"
အဲ...ဒါမှ...ပြဿနာပဲ။
အတည်ကြီးနဲ့အဝတ်တွေကျွတ်ကုန်ပြီ။
"မရဘူး...အဲဒီမှာ။ ဟာ.....ဦးသျှောင့်...နေပါဦးဆို၊
အဲဒါလူမြင်ကွင်းကြီး၊
မဖြစ်ဘူး....."
"ဒါဆို...အခန်းထဲရောက်ရင်...ငါလိုတာမင်းပေးမှာလား..."
ဧည့်ခန်းထဲမှာမီးရောင်အနည်းငယ်ရှိနေတော့...
ဝေတေဝါးတားလောက်ကတော့မြင်ရသည်။
ဦးသျှောင့်မျက်ဝန်းလေးတွေကသနားစဖွယ်လေးဖြစ်နေတာ...
မျက်ရည်လေးတွေစို့နေတာလား...။
သူ့ကိုပဲဆွေးဆွေးမြေ့မြေ့ကြည့်နေပြီး...
တကယ်ကိုဘာမှသိသလိုနဲ့...ငိုချမှာစိုးမိသွားတာ။
ဒါ့ကြောင့်လတ်တလောတော့အချိုသတ်ပြီးအခန်းထဲသွားပို့ရမှာပဲ။
ဘာဖြစ်ဖြစ်ဒီလူမြင်ကွင်းကနေထွက်ခွာရဖို့ကအရေးကြီးတာမို့...
ဘာမှမတွေးတော့ဘဲကျောက်စိမ်းကခေါင်းကိုညိတ်ချသည်။
"အင်း...ပေးမယ်၊ မင်းလိုချင်တာကိုပေးမယ်၊
အရင်ဆုံးအခန်းထဲသွားရအောင်လေ"
ကျောက်စိမ်းကခေါင်းညိတ်ချလိုက်တာနဲ့...
သူ့ကိုတက်ဖိထားတဲ့ဦးသျှောင်က...
ချက်ချင်းကြီးထရပ်လို့...
"ကတိနော်...မင်းခေါင်းညိတ်ပြီးပြီ"....တဲ့။
ဘာလဲ...ခုနတုန်းကဦးသျှောင်ကအဲလိုမဟုတ်ပါဘူး။
ဒါက...ဒါက...
ကျောက်စိမ်းမတွေးတောနိုင်တော့ဘဲဆွံ့အနေဆဲမှာ...
ဦးသျှောင်ကသူ့ကိုစွေ့ကနဲပွေ့ယူသည်။
ဟင်...!....
ဘာလဲ...ဟ....ခုနတုန်းက...
ခုနတုန်းက...သျှောင်ကအသိစိတ်လွှတ်နေတာပါ။
အခုကဘယ်လိုမျိုး...
အား...ယုတ်မာတာခံလိုက်ရပြီ။
"ဟိတ်ကောင်...ငါ့ကိုအောက်ချပေးစမ်း...
လွှတ်...ဦးသျှောင်"
"ဟာ့...တိုးတိုးလေ၊ မင်းပဲခုနတုန်းကကြားကုန်မှာဆို၊
အိမ်ကလူတွေနိုးကုန်မှာကြောက်တယ်ဆို၊
ရှူး.... "
ဒီညမှမင်းကို...အမဲမဖျက်ရရင်ဘယ်တော့မှဖျက်ရမလဲ...မောင်ကျောက်စိမ်းရဲ့...
ဟွန့်....ငါ့ကိုခဏခဏလုပ်စားဖို့ပဲကြံနေတာ၊
မင်းကိုဒီလိုမှ...မသတ်ရင်မင်းငါ့ကိုကြံနေဦးမှာပဲ။
"မရုန်းနဲ့နော်...တကယ်ကြီးဒီဧည့်ခန်းထဲမှာမင်းတစစီဖြစ်သွားမယ်"
ပွေ့ယူထားတဲ့အနေထားကနေမရုန်းနိုင်အောင်ကိုချီယူထားရတာ၊
ငတိကဒါတောင်မှရုန်းကန်နေသေး။
"အသံထွက်သွားရင်နိုးကုန်ကြမှာနော်...
ငြိမ်ငြိမ်နေစမ်း..."
"မင်း...မယုတ်မာနဲ့...သျှောင့်"
"ဟားဟား...မင်းကအရင်ယုတ်မာတာလေ၊ ကျောက်စိမ်းရဲ့...
ဘာလို့ငါ့ကိုလာဆွတာလဲ၊ ဟမ်...
ထွက်လဲပြေးသေးတယ်၊ ငါ့ကိုလဲဆေးနဲ့ကြံသေးတာ..."
"ဟာ့...လွတ်စမ်း....."
"မရုန်းနဲ့နော်...လှေကားပေါ်မှာပြုတ်ကျသွားလိမ့်မယ်၊
အသံလည်းတိုးချဦး၊ လူသိမှာကြောက်တာလဲမင်းပဲရှိတာ"
ဘယ်လောက်တောင်ငသျှောင်တို့ညှို့တတ်သလဲဆိုရင်...
သူ့ကိုချီထားပြီးတော့အပေါ်ထပ်ရောက်လာတဲ့အထိကျောက်စိမ်းလွှတ်မသွားဘူး။
ခုနတုန်းကတံခါးသော့ခတ်ထားတဲ့သူ့အခန်းကလဲပွင့်လျက်သားနဲ့...
အဆင်သင့်ဝင်သွားရုံလေး...
တံခါးကိုဒုန်းကနဲဆောင့်ပိတ်သံကြားမှကျောက်စိမ်းတို့အသိတရားတွေအကုန်ပြန်နိုးထသည်။
လူညစ်ကြီး...
သူအကုန်ကြံစည်ထားတာပဲ....
မေမေရေ...
ဒီညမှဘဝမပျက်ရင်.....