H Y U N G

aHMUE-61 द्वारा

326K 35.7K 2.7K

ငယ္ငယ္ကတည္းက hyung လို႔ေခၚကာ အျမဲေနာက္ကတေကာက္ေကာက္ လိုက္ေနခဲ့တဲ့ ​ေကာင္ေလးက ႀကီးတဲ့ထိ မေျပာင္းလဲခဲ့~ ငယ်ငယ်ကတ... अधिक

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 38.2
Part 39
Part 40
Part 41
Part 42
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
CHANYEOL (Z)
ATTENTION !!
Book Announcement

Part 43

5.2K 636 120
aHMUE-61 द्वारा

Unicode

မျက်နှာပေါ်တည့်တည့်ကျရောက်နေသော နေရောင်ခြည်စူးစူးကြောင့် အလိုမကျစွာပင် စောင်ကိုခေါင်းပေါ်ထိ ဆွဲခြုံလိုက်သည်။ သို့သော်ငြား ရုတ်တရက် ဆွဲချခံလိုက်ရသော စောင်နှင့်အတူ တင်ပါးမှဖြောင်းဟူသော ရိုက်ခံလိုက်ရသည့် အသံကြီးထွက်လာကာ တစ်ဆက်တည်း မား၏အသံစူးစူးကို ကြားလိုက်ရသည်။

"ထတော့ ဗြောင်ဘတ်! ချန်းယော်လီတောင် နင့်ထက်အစောကြီးနိုးနေတာ.. အကြီးဖြစ်ပြီး အရှက်လေးမရှိဘူးလား.. တစ်ခန်းလုံးလည်း ရှုပ်ပွနေတာဘဲ!"

စောင်ထုတ်ကြီးအား ဆွဲခွာကာ တင်ပါးကိုရိုက်ကာ နှိုးနေသော မားသည် ပါးစပ်မှလည်း အပြောမပျက်။ တဖြောင်းဖြောင်းနှင့် ချနေသောငြား ဂွမ်းစောင်အထူကြီးကြောင့် ဘာမျှမခံစားရကာ ရိုက်လိုက်လည်း နေရောင်ဖွေးဖွေးအောက် ဖုန်မှုန့်များသာထွက်လာ၏။

"အိုက်ဂူး! နင့်ဝက်တဲလိုအခန်းထဲ ချန်းယော်လီကို ပေးအိပ်ခိုင်းရတယ်လို့! ငါရှက်လွန်းလို့သေတော့မယ်! ထစမ်း ဗြောင်ဘတ် ထ!"

baekhyun စောင်ထုတ်ထဲမှ မျက်နှာလေးပေါ်လာကာ အိပ်ချင်မူးတူးဖြင့် မားကိုဝေဝေဝါးဝါးကြည့်မိသည်။

"နှပ်မနေနဲ့! ၁၀နာရီထိုးနေပြီ! ထလာခဲ့တော့! နေကထွက်ပြီးလို့ ပြန်တောင်ဝင်တော့မယ်! အခုထိလာနှိုးနေရတုန်း တကယ်ဘဲ!"

ပွစိပွစိဖြင့် ရေရွတ်ကာ ထွက်သွားသော မားကို baekhyun ကြောင်သာကြည့်နေမိသည်။ ၁၀နာရီတောင် ထိုးသွားပြီဆိုသောကြောင့် ထရန်သာတွေးလိုက်ပြီး ငုပ်တုပ်ထိုင်ကာ ကုတင်ဘေးနားခုံပေါ်ရှိ နာရီကိုယူကြည့်မိလိုက်သည်။

၇နာရီခွဲ!!!!!!!

"အာ....!! မားကလည်း တကယ်ဘဲ!"

ခပ်ဆူဆူညည်းပြီးသည်နှင့် baekhyun ကုတင်ပေါ် ပြန်မှောက်ချကာ အိပ်ပျော်သွားတော့သည်။ အိပ်ပျော်လုဆဲဆဲအခြေအနေတွင် ရုတ်တရက် ပုခုံးစွန်းမှ အထိအတွေ့တစ်ခုကြောင့် အနည်းငယ် လူးလွန့်လာ၏။ အခုမှပြန်အိပ်တာ ပြန်လာနှိုးနေပြန်ပြီတဲ့လား။ ညကအိပ်ပျော်သည့်အချိန် နောက်ကျသောကြောင့် အိပ်ရေးမဝသေး။ ရုတ်တရက် မျက်လုံးပက်ကနဲဖွင့်လိုက်တော့မှ မျက်စိရှေ့ရောက်နေသော chanyeol မျက်နှာအား နေရောင်နုနုတွင် တွေ့လိုက်ရ၍ ထွက်နေသည့်ဒေါသအလုံးစုံသည် လျှောကနဲပြန်ကျသွားသည်။ chanyeol ပြုံးရွှင်ကာဆို၏။

"၈နာရီခွဲနေပြီလေ hyung ထတော့.."

baekhyun ထပ်မံဂျင်းထည့်ခံရမည်စိုးကာ နာရီကိုဆွဲယူကြည့်လိုက်သည်။ တကယ်ကို ၈နာရီခွဲပြီး၍ ၉နာရီပင်ထိုးတော့မည်ဖြစ်သည်။ အိပ်လိုက်ရသည့်အချိန်က ခဏလေးလိုပင်။ အပျင်းကြောဆန့်ကာ chanyeol ဘက်ကျောပေးရင်း မျက်လုံးများ ခဏမှိတ်ထားလိုက်သည်။ သို့သော်ငြား ချက်ချင်းပင် ပုခုံးမှဆွဲလှည့်ခံလိုက်ရပြီး အသံဩရှရှကို မနက်ခင်းစောစော ကြည်လင်စွာ နားထဲကြားရပြန်သည်။

"ကျွန်တော် မနက်စာပြင်ပေးထားတယ် hyung.. ထတော့နော်.."

ဆွဲသာလှည့်ခံလိုက်ရသော်ငြား baekhyun မျက်လုံးမပွင့်။ နဖူးပေါ်မှ ဆံပင်တစ်ချို့ဆို့ကို ခပ်ဖွဖွသပ်တင်ပေးနေသည်ကို ခံစားရသည်။

"ကျွန်တော် နမ်းမှာနော် hyung.."

baekhyun မျက်လုံးပက်ကနဲပွင့်လာ၏။ ရုတ်တရက်အပြုအမူကြောင့် chanyeol ရယ်၏။ မနက်ခင်းကြားနေကျ ငှက်တစ်ချို့ တကျီကျီအော်သံထက် ဤရယ်သံလွင်လွင်က ပိုနားထောင်လို့ကောင်းသည်။ အိပ်ချင်မူးတူးဖြစ်နေလို့ဘဲလားမသိ။ baekhyun ၏ ရှုပ်ပွနေသော ဆံပင်တို့အား တစ်ချက်နှစ်ချက် သပ်တင်ပေးကာ ဆို၏။

"မျက်နှာသစ်လိုက်ဦး hyung.."

ရင်ဘတ်ထဲနွေးနေ၏။ Baekhyun ခေါင်းငြိမ့်ပြကာ ထလာလိုက်သည်။ စောင်ထုပ်ကြီးနှင့် လုံးထွေးနေသောကြောင့် ခပ်မြန်မြန်အကုန်ပစ်ချကာ ရေချိုးခန်းထဲဝင်လာလိုက်သော်ငြား အထဲရောက်သည်အထိ baekhyun အိပ်ချင်မပြေသေး။ မှန်ထဲကိုတစ်ချက်ကြည့်ကာ chanyeol လက်ဖြင့်သပ်တင်ပေးသွားသော ဆံပင်တို့ကို ထိကိုင်ကြည့်မိသည်။ ထို့နောက် ခေါင်းငုံ့ကာ အရူးလိုပြုံးမိပြီး အသိစိတ်ဝင်စေရန် ကိုယ့်ပါးကိုယ်ပြန်ရိုက်မိသည်။ အတွေးတို့ဖြတ်ချရန် ခေါင်းခပ်မြန်မြန်ခါထုတ်ကာ နောက်ဆုံးရေအေးဖြင့် မျက်နှာသစ်ချပြီး လန်းဆန်းစေလိုက်တော့သည်။

ရေချိုးခန်းထဲက ထွက်လာသည့်အချိန်တွင် chanyeol မရှိတော့။ အောက်ဆင်းသွားပုံရသည်။ သို့သော်ငြား အိပ်ရာခင်းနှင့်စောင်ကတော့ အလွန်တရာမှ သေသပ်နေသော အနေအထားတွင်ရှိနေပြီး တစ်စုံတစ်ယောက်မှ စနစ်တကျ ခေါက်ထားပေးသွားမှန်းသိသာသည်။ baekhyun ထိုပုံစံအတိုင်းသာ အောက်ဆင်းခဲ့လိုက်ပြီး လှေကားအဆင်းနားရောက်သည်နှင့်ပင် အနံ့တို့မွှေးကြိုင်လာ၏။ မားသည်မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေပုံရပြီး chanyeol သည် စားပွဲပေါ်တစ်ခုပြီးတစ်ခု ချနေ၏။ အသံကြားသည့်အခါ မားကအရင်လှည့်ကြည့်ပြီး ဦးစွာဆို၏။

"အမလေး!!! မောင်မင်းကြီးသား! ထလာသေးသားဘဲ!... နင်ကသာသေမလိုအိပ်နေတာ ချန်းယော်လီလေး မနက်အစောကြီးကတည်းက ချက်ပြုတ်နေတာ ကြည့်စမ်း!"

baekhyun ဂရုမစိုက်။ ညက အိပ်မပျော်ဘဲ နောက်ကျရသည်လည်း chanyeol ကြောင့်။ အိပ်ရာထနောက်ကျရသည်လည်း chanyeol ကြောင့်ပင်။ မားရှေ့တွင်ပြောလို့မရ၍သာ baekhyun အခုငြိမ်ခံနေရုံပင်။ chanyeol ကို တစ်ချက်လှမ်းကြည့်မိတော့ ပန်းကန်တွေချနေရင်းမှ baekhyun အား ပြုံးပြီးကြည့်သည်။ ထမင်းစား စားပွဲဘေးတွင် ဝင်ထိုင်ကာမေးထောက်ရင်း မျက်လုံးပြန်မှိတ်ထားလိုက်သည်။ ရသည့်အချိန်လေးတော့ ရသလို အိပ်ရေးဝဝနေမှပင်။ တစ်ပတ်လုံးနေမှ တစ်ရက်ဘဲအားလပ်ရက်ရသည်ကို အိပ်ခြင်းဖြင့်သာ အကျိုးရှိရှိ အသုံးချချင်သည်။ ထမင်းစားပွဲရှေ့တွင် ထိုင်ကာ မေးထောက်ရင်းအိပ်ငိုက်နေသော်ငြား မားကကျောပေးထား၍ သိမည်မထင်။

ရုတ်တရက် နှုတ်ခမ်းပေါ်မှ ခပ်ဖွဖွအထိအတွေ့တစ်ခု။
မျက်လုံးချက်ချင်းပြန်ဖွင့်ကြည့်မိတော့ မိမိမျက်နှာရှေ့တည့်တည့် နီးကပ်စွာတည်ရှိနေသည့် chanyeol ! ခပ်ပြုံးပြုံးအနေအထားဖြင့် Baekhyun အား အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ ခပ်ဖွဖွပြော၏။

ပြန်အိပ်မနေနဲ့ hyung..

Baekhyun မျက်လုံးပြူးကာ အလန့်တကြား မားကိုလှမ်းကြည့်လိုက်သည်။ ကျောပေးကာ လှုပ်လီလှုပ်လဲ့နှင့် ပြင်ဆင်နေသောကြောင့် baekhyun တို့ကိုမတွေ့လိုက်။ baekhyun , chanyeol ဘက် ဒေါသတကြီး အမြန်ပြန်လှည့်ကြည့်လိုက်တော့ ပြုံးတုံ့တုံ့လုပ်ကာ နောက်ပြန်ဆုတ်သွားသည်။ အိပ်ချင်စိတ်ပါပြေသည့်အပြင် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားသောကြောင့် မျက်လုံးထပ်မပိတ်ဖြစ်တော့။

နောက်ဆုံးချက်နေသည့်မား၏ ဘာမှန်းမသိသည့်ဟင်းပွဲအား စားပွဲပေါ်ချပြီးသည်နှင့် ထိပ်ဆုံးတွင် ဝင်ထိုင်လိုက်သည်။ မျက်စိရှေ့တွင် ကင်မ်ချီတစ်ခွက်စီချထားပေးသော်ငြား မမေ့မလျော့ chanyeol ခွက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ တူတူလောက်ပင်။ စားသောက်နေရင်း ရုတ်တရက် စားပွဲအောက်မှ ခြေဖမိုးထံထိတွေ့မှုတစ်ခုကြောင့် လန့်ကာတူဖြင့်ညှပ်ထားသည့် ကင်မ်ချီဖက်ပြုတ်ကျသည်။ တော်သေးသည်က ပန်းကန်ထဲကျသွားခြင်းသာ။ ဘေးနားတွင်ထိုင်နေသည့်မားကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အစားအသောက်ကိုသာ အာရုံအလုံးစုံပို့ထားပြီး စားသောက်ချိန်အတွင်း သိပ်စကားမပြောဖြစ်သောကြောင့် baekhyun ဘက်တွင်အာရုံမရှိ။ မျက်နှာချင်းဆိုင်မှ chanyeol အား မသိမသာမျက်လုံးပင့်ကြည့်လိုက်တော့ baekhyun အား ပြုံးပြ၏။

သေချင်နေလား..!!

baekhyun မျက်လုံးပြူးပြမိတော့ နားမလည်သည့်ဟန် အူကြောင်ကြောင်ပုံဖြင့် မျက်ခုံးပင့်ကာ မျက်လုံးပြန်ပြူးပြသည်။ baekhyun မျက်ဖြူတစ်ချက်လန်ကာ ဘာမျှမပြောတော့ဘဲ အစားအသောက်တွင် အာရုံပြန်ပို့လိုက်သည်။ စားပွဲအောက်ရှိ ခြေထောက်ကို မိမိဘက်ပြန် ရုတ်ကာ မထိမိစေရန် သေချာသိမ်းထားလိုက်သည်။ သို့သော်ငြား chanyeol ခြေထောက်သည် ရအောင်လာထိဆဲပင်ဖြစ်သောကြောင့် ထိုခြေတံရှည်ကြီးအား စိတ်ထဲမှ မေတ္တာကြိတ်ပို့မိသည်။ ဤမျှလောက်နှင့်မပြီး။ ခြေအိတ်ကိုယ်စီဝတ်ထားသောကြောင့် အသားချင်းတိုက်ရိုက်ထိတွေ့နေသည်မဟုတ်သော်ငြား chanyeol ခြေထောက်ထိပ်ဖျားသည် တဖြည်းဖြည်းအပေါ်သို့ ဆန်တက်လာသည်မို့ baekhyun ကြက်သီးထကာ မသိမသာအံကြိတ်မိလိုက်သည်။

"ဗြောင်ဘတ် ဘာဖြစ်နေတာလဲ.. မျက်နှာကြီးနီရဲနေတာဘဲ.. နေမကောင်းဘူးလား.."

ရုတ်တရက်မေးလာသော မားကြောင့် baekhyun စိတ်သေချာပြန်ထိန်းကာ ခေါင်းခါပြလိုက်သည်။ ထို့နောက် မား၏အာရုံသည် chanyeol ဘက်ပြန်လှည့်သွားပြီး အစားအသောက်အခြေအနေတို့ကို မေးမြန်းနေသည်မို့ chanyeol ခြေထောက် အနည်းငယ်ရပ်တန့်သွားသည်။ baekhyun သက်ငွေ့ဖြည်းဖြည်းချင်းချကာ အစားအသောက်တွင်သာ အာရုံပြန်ပို့လိုက်သည်။

"ချန်းယော်လီ သခွားသီးမကြိုက်ဘူးလား.."

မေးခွန်းကို ရုတ်တရက် စိတ်ဝင်စားသွားသည်မို့ ခေါင်းထောင်ကြည့်လိုက်မိတော့ ထမင်းပန်းကန်လုံး၏ အောက်ခံပြား ပန်းကန်သေးသေးလေးတွင် ဖယ်ထားခံရသော သခွားသီးအချပ်လိုက်လေးတွေကို တွေ့လိုက်ရသည်။

"ဟုတ် မကြိုက်ဘူးဗျ.."

မားသည် ခပ်လွင်လွင်ရယ်ရင်းဆိုလာ၏။

"ဗြောင်ဘတ်နဲ့တူတာဘဲ.. ဗြောင်ဘတ်လည်းသခွားသီး စားဖို့မပြောနဲ့ အနံ့ရတာနဲ့တင် တော်တော်မုန်းတာ.."

chanyeol ကသိနေသော်ငြား ဟုတ်လား ဟူသောအမေးတစ်ချက်နှင့်အတူ baekhyun အား ခပ်ပြုံးပြုံးလှမ်းကြည့်၏။ baekhyun ချက်ချင်းပင်အကြည့်လွှဲကာ ခေါင်းပြန်ငုံ့ချလိုက်သည်။ chanyeol သခွားသီးမကြိုက်သည်ကို baekhyun ယခုမှသိရခြင်းဖြစ်သည်။ မှတ်မိသလောက် ငယ်ငယ်ကစားသလားလို့ပင်။ မရေရာမသေချာ။ ထမင်းစားပြီးသည့်နောက်တွင် မားနှင့် baekhyun တို့၏ အလှည့်ကျတာဝန်အရ baekhyun ပန်းကန်ဆေးရန်အလှည့်ဖြစ်သည်မို့ ညည်းညူမိသွားသည်။ ထမင်းစားပြီးချင်း အပေါ်တက်အိပ်ဖို့ပြင်ထားခြင်း ဖြစ်သော်ငြား မားကဂုပ်ဆွဲကာ ပန်းကန်တွေရှေ့ချပေးခဲ့သည်။

ဘေစင်နားတွင်ပေတေတေရပ်ကာ ပန်းကန်စင်ကြီးကိုကြည့်မိသည်။ စားထားသည့်ပန်းကန်များက အရမ်းများမနေသော်ငြား ချက်ပြုတ်ထားသည့် အိုးခွက်များက မနည်းမနော။ သက်ပြင်းတစ်ချက်ချကာ လက်အိတ်ကောက်စွတ်လိုက်သည်။ ပန်းကန်တစ်ချပ်ချင်းဆီကို စိတ်မပါစွာပင် ဆွဲချရင်း သေချာပြန်စီကာရေနှင့်အရင် ဆေးချဖြစ်သည်။ လက်ကသာပန်းကန်ဆေးနေသော်ငြား baekhyun မျက်လုံးတွေမှေးစင်းချင်နေသည်။ တဝါးဝါးသန်းနေရင်း ရုတ်တရက် ခါးတစ်ဝိုက်တင်းကျပ်သွားသော အထိအတွေ့ကြောင့် baekhyun သန်းနေသည့်ပါးစပ်ပင် ရုတ်တရက်အမြန်ပြန်ပိတ်ကာ ထအော်မိမလိုပင် ဖြစ်သွားရသည်။

chanyeol !!

အနောက်မှနေကာ ခါးကိုဖက်ထားပြီး ပုခုံးပေါ်မေးစေ့ကို တင်ထားသည်။

"chan.. chanyeol! ဘယ်လိုဖြစ်နေလဲ! မားရှိတယ်နော်..!"

ခပ်တိုးတိုးအော်ငေါက်မိတော့ ပြုံးရယ်ကာဆိုသည်။

"မားကအရှေ့မှာပါ hyung ရဲ့.. ကျွန်တော် hyung ကိုကူပေးဖို့လို့ပြောပြီး ထွက်လာတာမို့ ပြသနာမရှိဘူး hyung"

baekhyun လက်တွေတုန်လာသည်။ အရှေ့ဧည့်ခန်းတွင် TV ဖွင့်ထားကာ အသံကျယ်ဖြင့် အိမ်ခေါင်မိုးလွင့်ထွက်မတတ် ရယ်နေသော မား၏အသံကိုတိုက်ရိုက်ကြားနေရသည်။chanyeol ထံမှ လေငွေ့နွေးနွေးက နားရွက်ဖျားများကို ဖြတ်တိုက်ကျီစယ်နေသည်။

"chanyeol..! လွှတ်လို့! မင်းခုတလောပြောရဆိုရ တော်တော်ခက်လာတယ်!"

ထိုအပြောကြောင့် chanyeol က အနည်းငယ်မျက်နှာတည်သွားကာ စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ဆို၏။ လက်ကိုတော့ဖြင့် မရုတ်သေး။

"hyung ကိုမျက်စိရှေ့မှာ ဒီလိုလေးမြင်နေရတာ အရမ်းအသည်းယားလို့ပါ.."

စူပုတ်ပုတ်အသံလေး။ chanyeol ပြောစကားအရ baekhyun ကဘဲ မှားသည့်ဟန်။

"အရမ်းချစ်ဖို့ကောင်းလွန်းလို့.. မဖက်ထားရရင်ကိုမနေနိုင်ဘူး.."

အပြောနှင့်အတူလက်တို့ကပို၍တင်းကျပ်လာပြီး baekhyun ခန္တာကိုယ်တစ်ခုလုံး ရင်ခွင်ထဲနစ်ကျနေတော့သည်။ baekhyun မျက်နှာတွေ ရဲရဲနီလာသည်။ ဒီလိုအပြောမျိုး! ချစ်ဖို့ကောင်းတယ်ဟူသော အပြောမျိုး! baekhyun အရမ်းမုန်းခဲ့သော စကားလုံးများထဲစာရင်း၌ ပါခဲ့သော်ငြား ယခုဘာဆိုဘာမျှပြန်မတုန့်ပြန်ိုင်ဘဲ မျက်နှာကြီးသာ ရဲရဲနီမြန်းလျက် နှုတ်ဆိတ်နေမိသည်။

"ကျွန်တော်အမြဲတွေးနေကြ သိလား.. hyung သာ သေးသေးလေးဖြစ်သွားရင်ကောင်းမယ်လို့.. အဲ့လိုဆိုရင် ဘယ်သူမှမြင်အောင် ကျွန်တော့်ရင်ဘတ်ထဲဖြစ်ဖြစ် ထည့်ဝှက်ထားလို့ရတာပေါ့.."

ရူးတော့မလိုပင်။

"...... chanyeol လွှတ်... မားမြင်မယ်.."

လက်ထဲမှ ပန်းကန်ချပ်ကြီးအား ကိုင်ထားသည့်အပြင် လက်အိတ်စွတ်ထားသောကြောင့် chanyeol ၏ မည်သည့်နေရာကိုမှ ထိတွေ့မရကာ တစ်ကိုယ်လုံးသိမ်းကျုံးဖက်ခံထားရသောကြောင့် ရုန်းမရပြုမရ အခြေအနေဖြစ်နေသည်။ ဒီလိုအခြေအနေကြီးကို နားရှက်စရာစကားလုံးတွေပြောကာ baekhyun ကို ကျရှုံးအောင်လုပ်နေမှန်းလည်းသိသည်။ မပြစ်မမြင်ဘဲ ပိုပိုသဘောကျလာမိသည်က ခက်သည်။

"ကျွန်တော်ပြန်ရတော့မှာမို့ မပြန်ခင်လေးခဏဘဲလေ hyung.."

"......"

ထိုသို့ကျ baekhyun ငြင်းစရာစကားလုံးပျောက်ပြန်သည်။ chanyeol ပုံစံသည် ကစားကွင်းမှပြန်ရတော့မည့် ကလေးတစ်ယောက်နှယ် မသာမယာ။

"ကိုယ့်အိမ်လေးကိုယ်ပြန်တာကို ဘာလို့ ကလေးပေါက်စလို စူပုတ်နေတာလဲ.."

အားမလိုအားမရ​ပြောသည့်စကားအားကြားသည်နှင့် လည်ဂုပ်ကြားထဲမျက်နှာထည့်ဝှက်ကာ ဆို၏။

"hyung ရဲ့ကလေးဘဲဟာ.."

baekhyun အသံမထွက်မိစေရန် ရယ်လိုက်မိသည်။

"ကလေးဆိုလည်း စကားနားထောင်လေကွာ မင်းကလည်း.. မနက်ဖြန်တွေ့ရမှာဘဲဟာ.."

chanyeol မျက်ဝန်းတို့တောက်ပသွားသည်ကို baekhyun မမြင်လိုက်။ လည်ဂုပ်ကြားထဲ သူ၏နှာတံချွန်ချွန်ဖြင့် ပွတ်တိုက်ရင်းဆို၏။

"ချစ်တယ်လို့ပြော hyung.."

Baekhyun ကြက်သီးထသွား၏။ ထိုစကားလုံးအား တော်တော်ကြားချင်နေပုံရသည်။

"ပြန်တော့.."

လက်မှပန်းကန်အား သေချာပြန်ကောက်ကိုင်ကာ မသိချင်ယောင်ဆောင်ရင်း ပြောလိုက်တော့ နှာမှုတ်သံကြီးကြားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် လေငွေ့နွေးနွေးက ဖြတ်တိုက်သွား၍ baekhyun ပုခုံးတွန့်သွားမိသည်။ ထိုပုံစံအတိုင်းသာ တော်တော်ကြသည်အထိ ရပ်နေပြီး မည်သည့်စကားမျှလည်းမဆို။ baekhyun အား ဖက်ထားဆဲသာ။ baekhyun လည်း အတတ်နိုင်ဆုံး စိတ်ထိန်းကာ မသိချင်ယောင်ဆောင်ရင်း ပန်းကန်ဆက်ဆေးနေလိုက်သည်။ သို့သော်ငြား မား၏အိမ်ရှေ့မှ ရယ်သံကြီးကိုတော့ မသိချင်ယောင်ဆောင်၍မရ။ တစ်ချက်တစ်ချက်များ မားတွေ့သွားမလားဟူသော စိုးရိမ်စိတ်ကြောင့် ပန်းကန်သာဆေးနေရသော်ငြား လူကစိတ်ဖြောင့်လက်ဖြောင့်မဖြစ်။ သို့ဆိုလျှင်လည်း chanyeol အား တွန်းမထုတ်ရက်။ ခုဏကလေးတင် ကြားချင်သည့်ဝေါဟာရအား တစ်ချက်တည်းနှင့် အငြင်းခံလိုက်ရ၍ တော်တော်ခံစားနေရလောက်မည်။ ထိုစကားစုက baekhyun တို့နှစ်ယောက်အတွက် ဤမျှလောက်အရေးကြီးမနေဟု ထင်မိသော်ငြား chanyeol ဘက်ကိုတွေးပေးကြည့်ရတော့မည် ထင်၏။

ခဏအကြာ သက်ပြင်းချသံနှင့်အတူ chanyeol လက်ကိုဖြေးဖြေးချင်း လွှတ်သွား၏။ သို့သော်ငြား နောက်ဆုံးတစ်ချက်အနေနှင့် ပါးကိုအနမ်းခံလိုက်ရသေးသည်။ baekhyun အသက်ရှူချောင်ကာ သက်ပြင်းခိုးချမိလိုက်သည်။ chanyeol ဘက်မသိမသာလှည့်ကြည့်မိတော့ မျက်နှာကိုအတတ်နိုင်ဆုံး ရွှင်သည့်ပုံဖမ်းထားသော်ငြား စူပုတ်နေသေးသည်မို့ baekhyun မအောင့်နိုင်ဘဲ ရယ်ချမိလိုက်သည်။ chanyeol ပိုစိတ်ဆိုးသွားမည်ထင်သော်ငြား မျက်နှာရုတ်တရက် ကြည်လင်သွား၏။ တော်သေးသည်။

"အဲ့ဒါဆို ပြန်တော့မယ်နော်.."

baekhyun ခေါင်းသာညိတ်ပြလိုက်သည်။ အရှေ့တွင် TV မှ အစီအစဥ်တစ်ခုအား ကြည့်နေသောမားထံ နှုတ်ဆက်ပြီးသည်နှင့် ထွက်သွားသံကိုကြားလိုက်ရသည်။ ဘာဖြစ်မှန်းတော့မသိသော်ငြား စိတ်ထဲအလိုမကျမှုကြောင့် သက်ပြင်းချလိုက်မိသည်။ ပန်းကန်အားလုံးသာမက ဘေစင်တစ်ခုလုံးပါ ပြောင်လတ်မတတ် ဆေးကြောပြီးနောက် baekhyun အိပ်ရာထဲဝမ်းလျားမှောက်ကာ အနားယူလိုက်တော့သည်။ အိပ်ရာထဲ chanyeol ကိုယ်ငွေ့အနည်းငယ်ကျန်သေးသည်ပင်။ ကောင်းကောင်းအိပ်ပျော်၏။ ညနေဘက်တွင် ဆိုင်နေ့တစ်ဝက်ဖွင့်မည်ဟူသော မား၏အမိန့်ကြောင့် မထချင်ထချင်ထကာ အင်္ကျီလဲလိုက်ရသည်။ မလျှော်ချင်သောကြောင့် နေရောင်ရသည့်နေရာတွင် ချိတ်ကာလှမ်းထားလိုက်သည်။ ညစ်ပတ်သည်ဟူ၍ဘဲဆိုဆို အနံ့ပျောက်သွားမည်ကိုတော့ စိတ်ထဲဘဝင်မကျ။ ထိုအတိုင်းသာထားခဲ့ရင်း ဆိုင်ကိုထွက်လာလိုက်သည်။

တိုက်ဆိုင်စွာပင် ဆိုင်ဖွင့်ပြီးဘယ်လောက်မှမကြာ မတွေ့ရတာကြာနေပြီဖြစ်သော tao ရောက်ချလာသည်မို့ မျက်ခုံးကခပ်လှုပ်လှုပ်။ ဆိုင်ထဲဝင်ဝင်ချင်း နောက်ဖေးမီးဖိုခန်းထဲ တိုက်ရိုက်ဝင်ရန်လုပ်နေသဖြင့် ဆိုင်ထဲတွင်ပင် chae hye နှင့် တစ်ပွဲတစ်လမ်းနွှဲမလိုပင် ဖြစ်သွားသေးသည်။ chae hye ဟူသော ကလေးမသည်လည်း မထင်ရင်မထင်သလို စွာသေးသည်ပင်။ သို့မဟုတ် tao နှင့်တွေ့မှပင် ပိုဆိုးသွားသည်လားမသိ။

"ဘယ်လိုဖြစ်တာလဲ ပျောက်သွားတော့လည်းရုတ်တရက်ကြီး! ပေါ်လာတော့လည်း ရုတ်တရက်ကြီး!"

၈နာရီထိုးပြီ။
ထုံးစံအတိုင်း ဤအချိန်ဆို လူပါးပြီမို့လို့ tao ထိုင်နေသည့်ဝိုင်းတွင် ဝင်ထိုင်ရင်းမေးလိုက်သည်။ ရောက်သည်က ညနေ ၆နာရီလောက်ကတည်းက။ ယခုချိန်ထိထိုင်စောင့်နိုင်သည်မှာ အံ့ဩစရာပင်။ tao နှင့်မတွေ့ရသည်မှာလည်း တစ်လနီးပါးလောက်ရှိပြီဟု ဆို၍ရသည်။ ထိုထက်လည်း ကျော်ချင်လည်းကျော်မည်။ အခုတလော အချိန်တွေကုန်တာ တအားမြန်သည်ဟု ခံစားရသော​ကြောင့် ထိုကောင်တွေဘက်တောင် အာရုံသိပ်မရောက်။ tao က စိတ်ပျက်လက်ပျက်လေသံနှင့်ဆိုသည်။

"ပေကျင်းခဏပြန်လိုက်ရလို့ပါကွာ...! အခုလည်းပြန်သာလာရတယ်! kris ကကျန်နေခဲ့ရတော့ ပျင်းလို့လာတာ.."

မျက်ခွက်တည့်တည့် အီးမှန်ထားသည့်ဟန် မသာမယာနှင့်။ တစ်ယောက်တည်းဝင်လာကတည်းက စိတ်မကြည်ဘဲ chae hye နှင့်ပါ ကတောက်ကဆဖြစ်ကတည်းက ရိပ်မိသည်။ အမြဲတမ်းဒုက္ခပေးဖို့သာလာသည့် နှစ်ကောင်ပင်!

"အဲ့တော့ပျင်းနေရင် ထိုင်နေမယ့်အစား ငါတို့ဆိုင်မှာစားပွဲဝင်ထိုးပေးပါလား.."

tao မျက်စောင်းတစ်ချက်ဝင့်ကြည့်သည်။

"ငါသာစားပွဲထိုးပေးလို့ကတော့ မင်းဆိုင်အရင်းပါပြုတ်မှာ.."

ဤသို့ကျတော့လည်း baekhyun ပါးစပ်ပိတ်သွားရသည်။ ဟုတ်တော့လည်းဟုတ်သည်။ tao လိုစိတ်ကမရှည် ဒေါသကကြီးပုံနှင့်ဆို တစ်ချို့စားသုံးသူတွေနှင့် အဆင်ပြေလိမ့်မည်မထင်။

"ဘာလို့ခါအီဆီမသွားလဲ.."

"အဲ့ကောင်ကခု ဘယ်သူနဲ့သာယာနေမှန်းမသိဘူး! ငါဖုန်းခေါ်တာတောင်မကိုင်ဘူး!"

Baekhyun မျက်မှောင်ကြုတ်လိုက်မိသည်။ ခါအီကအဲ့လိုလူမျိုးမဟုတ်ပါဘူး..။ သို့သော်ငြား ခါအီနှင့် tao က နှစ်ယောက်တွဲဖြစ်ခဲ့တော့ ပို၍ပင်အကြောင်းသိလိမ့်မည် ဖြစ်သောကြောင့် ထပ်မမေးဖြစ်တော့။

"kris က ဘာလို့တူတူလိုက်မလာတာလဲ.."

အီးမှန်ထားသည့်ဟန် မသာမယာဖြစ်နေသော tao ၏ မျက်ခွက်သည် ယခုကျ ဒူးရင်းသီးအလုံးလိုက် မြိုချထားရသည့်ဟန် ပို၍ပင်ရှုံ့တွသွား၏။

"ငါ့ father ကြီးလက်ထဲ မိနေလို့..!"

"မင်းတို့ရဲ့ အဲ့ပြဿနာကလည်းခုထိမပြီးနိုင်သေးဘူးလားကွာ"

ညည်းညူသည့်ဟန် စိတ်ကုန်သလိုနောက်ကျောမှီချကာ ပြောလာသော baekhyun စကားကြောင့် tao က ပို၍ပင်မျက်နှာရှုံ့ပြလိုက်သေးသည်။ သူကပို၍ပင်စိတ်ကုန်မည်ထင်၏။

"မင်းနဲ့ဟိုကောင်လေးရော..."

စိတ်ကုန်စရာအခြေအနေကြီးအား လမ်းလွှဲသည့်ဟန် ပြောလာသော tao စကား၏ဦးတည်ရာက baekhyun တည့်တည့်။

"ဒီလိုပါဘဲ..."

"ဘာကိုဒီလိုပါဘဲလဲ!"

baekhyun ပြုံးလိုက်မိသည်။

"ပြုံးဖြီးနေတဲ့ပုံအရတော့ အဆင်ပြေနေတဲ့ပုံဘဲ ဟုတ်တယ်မလား.."

စားပွဲခုံအောက်မှခြေထောက်ကို အားပါပါတွန်းထုတ်ကာ မေးလာ၏။ baekhyun ရုတ်တရက် ကိစ္စတစ်ခုအားသတိရလိုက်သည်မို့ အခြေအနေကြည့်ကာ မေးကြည့်လိုက်သည်။

"ဒါနဲ့ tao ya.. အတွဲတွေကြားမှာလေ.. ဟို.... ချစ်တယ်လို့ပြောဖို့က အရမ်းကြီးလိုအပ်လို့လား"

ဖြေးဖြေးချင်းမေးမိသည်။ အလွန်တရာမှဖြေးဖြေးချင်းဖြစ်သော်ငြား ထိုကောင်သည် သွက်သည့်နေရာတော့ Baekhyun ထက်ပိုသွက်သည်။

"တွဲနေကြပြီကိုး..."

နားလည်သွားသည့်ဟန် သက်ပြင်းချကာ ခေါင်းတငြိမ့်ငြိမ့်ဆိုလာသော tao စကားကြောင့် baekhyun မျက်နှာရဲရဲနီသွားသည်။ ချက်ချင်းငြင်းဖို့စာစီလိုက်သော်ငြား ပါးစပ်ထဲကထွက်မလာခင် tao က အလျင်ဦးစွာဆိုသည်။

"ချစ်တယ်လို့ပြောဖို့ အရမ်းကြီးလိုနေတာတော့မဟုတ်ပေမယ့်.. အဲ့လိုပြောပေးတာက နှစ်ယောက်သားကြားက ခံစားချက်တွေကို ပိုပြီးယုံကြည်စေတယ်လေ.."

baekhyun နားမလည်သည့်ဟန် နှာခေါင်းရှုံ့လိုက်သည်။

"ဘာဆိုင်လို့လဲ.. ငါသူ့ကိုဘာလုပ်လုပ် အကုန်ခွင့်ပြုပေးထားပြီးသားဘဲကို!"

လွှတ်ကနဲထွက်သွားသော စကားကြောင့် tao မျက်လုံးတစ်ချက်လတ်ကာ ကျောမှီထိုင်နေရာမှ မတ်မတ်ခါးဆန့်ထိုင်ကာ ဆို၏။

"အကုန်ခွင့်ပြုပေးတယ်..?... တူတူအိပ်ပြီးပြီလား..."

baekhyun မျက်နှာပူခြစ်တောက်သွားပြန်သည်။ အနောက်ဘက်တွင်ရှိနေသော မားထံတစ်ချက် ချောင်းကြည့်မိသည်။ counter တွင် chae hye က ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေပြီး baekhyun တို့ထံအာရုံမရှိ။ စားသုံးသူများသည်လည်း ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်၍ baekhyun သက်ပြင်းခပ်သာသာချမိသည်။ မျက်စိရှေ့က tao ကိုကြည့်မိတော့ baekhyun ထံမှအဖြေကိုသာ 'နောက်တစ်ပိုင်းလာမည် မျှော်..' ဟူသော k drama အား စိတ်ဝင်တစားမျှော်လင့်နေရသကဲ့သို့ မျက်ဝန်းများလတ်နေသဖြင့် ခေါင်းဖြေးဖြေးချင်းညိတ်ပြလိုက်သည်။

"........."

tao ၏ reaction အား မည်သည့်စကားလုံးများနှင့်မှ ဖော်ပြ၍မမှီ။ မိမိ၏နှမဖြစ်သူ စော်ကားခံလိုက်ရသော အကိုဖြစ်သူ၏မျက်နှာထားနှင့် အနည်းငယ်ဆင်၏။ အရမ်းချစ်မြတ်နိုးရသည့် ညီမလေးဖြစ်သူ ကိုယ်ဝန်ရနေသည်ကို ကြားလိုက်ရ၍ ကမ္ဘာပြိုသွားသော အစ်ကိုဖြစ်သူနှင့်လည်းဆင်၏။ သို့သော်ငြား ဇနီးဖြစ်သူကိုယ်ဝန်ရနေသည်ကို ကြားလိုက်ရသော လင်ယောကျ်ားသားဖြစ်သူ၏ ဝမ်းသာမှုကဲ့သို့ အမူအရာလည်းပါ၏။ baekyun ,tao ၏ မျက်နှာ ပုပ်ရာမှ နီ၊ နီရာပြာ၊ ပြာရာမှတဖြည်းဖြည်း ခရမ်းပုပ်ရောင်ပြောင်းလာသည်အထိ စိုက်ကြည့်နေမိသည်။ tao က အသံအားမနည်း ဖြစ်ညှစ်ထုတ်ရသည်ဟန် အားတင်ကာဆိုသည်။

"လက်တောင်.... မထပ်ရသေးဘူးလေ.. ငါတို့တောင်....လက်ထပ်ပြီးမှကို..."

Baekhyun မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုကိစ္စက ဤမျှလောက်ထိပင် ပြဿနာကြီးသွားမိသည်လား။ ချက်ချင်းပင် သိချင်စိတ်ပြင်းပြသည့်ဟန် မျက်ဝန်းများအဖြစ်သို့ ပြောင်းလဲကာ baekhyun အနားသို့ကပ်ရင်း မေးပြန်၏။

"ဘယ်သူကအပေါ် ဘယ်သူအောက်လဲ.."

baekhyun မျက်မှောင်ထပ်ကြုတ်လိုက်သည်။ ဘာကြီးလဲ! အနားပိုတိုးကပ်ကာ အစ်အောက်မေးပြန်သည်။

"မင်းအောက်မလား.."

baekhyun မျက်မှောင်ကြုတ်ရလွန်း၍ မျက်နှာတစ်ခုလုံး ရှုံ့တွနေပြီဟုတောင် ထင်မိသည်။

"ဘာတွေပြောနေတာလဲ! မင်းပြောနေတာ ငါတစ်ခုမှနားမလည်ဘူး!"

ခပ်ဆဆအော်ချလိုက်တော့ ကိုယ်ရှိန်သတ်ကာ အံ့ဩသည့်အမူအရာဖြင့် ဆိုပြန်သည်။

"တူတူအိပ်ပြီးပြီဆို..."

"အင်းလေ.. တူတူအိပ်တာနဲ့ဘဲ..."

'လူပျိုရည်' ဟူသော ဝေါဟာရအား မထွက်မှီ baekhyun ပါးစပ်ကိုအမြန်ပြန်ပိတ်လိုက်ရသည်။ မဖြစ်သေး။ ဒါကြီးကိုဒီလိုနေရာမျိုးတွင် အကျယ်ကြီးပြော၍မဖြစ်သေး။ သက်ပြင်းအကြီးကြီးတစ်ချက်ကိုသာ အသံထွက်သည်အထိချကာ စိတ်လျှော့လိုက်ပြီး ခုနကရိုးရိုးရှင်းရှင်း အဖြူထည်စကားဝိုင်းကို ပြန်ဆွဲခေါ်ရသည်။

"အဲ့တော့.. ငါသိချင်တာ.. အဲ့စကားလုံးက အတွဲတွေကြားမှာ မပြောမဖြစ်အထိလိုအပ်နေလား.."

စကား​လမ်းကြောင်းပြောင်းသွားသည့်အပေါ် tao နှစ်သက်ပုံမရ။ မျက်နှာခပ်စူစူဖြစ်သွားသော်ငြား ထိုစူပုပ်ပုပ်ပုံစံက kris ကလွဲ မည်သူ့အပေါ်မှ သက်ရောက်မှုမရှိဆိုသည်ကို မေ့နေပုံရသည်။ စိတ်ဝင်စားမှုမရှိတော့သည့်ဟန် နောက်ကျောမှီချကာ ပျင်းတွဲ့တွဲ့ပြောလာ၏။

"အဲ့လောက်ကြီးမရှိမဖြစ်လိုအပ်နေတာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် လုံးဝကြီးမပြောတာထက်စာရင် တစ်ကြိမ်နှစ်ကြိမ်လောက်တော့ ပြောပေးပေါ့.."

baekhyun အနည်းငယ်စဥ်းစားသွားသည်။

"မပြောဘဲဒီတိုင်းကြီးနေတာလည်း မကောင်းသလို ဝတ်ကျေတမ်းကျေ ခဏခဏပြောတာလည်း မကောင်းဘူးကွ.. စိတ်ထဲကမပါရင်ပေါ့...! ပြောရတဲ့သူလည်းပါးစပ်ညောင်းတယ်! နားထောင်ရတဲ့သူလည်း ဖီးလ်ကျဲတယ် အိုခေ?"

လက်ညှိုးနှင့်လက်မကိုအဝိုင်းပုံစံဖြင့် မျက်စိမှေးကာ ပြောလာသော tao က ငါ့ကိုဆရာတင်လိုက်စမ်းပါ ဟူသော မျက်နှာထားဖြင့်။ baekhyun သတိလက်လွတ်ဆိုလိုက်မိသည်။

"ဒါပေမယ့် chanyeol ကျတော့ ငါ့ကိုအဲ့စကား ခဏခဏပြောတယ်"

tao ကတုန့်ဆိုင်းခြင်းမရှိပြန်ဖြေ၏။

"မင်းဆီကလည်း အဲ့စကားကြားရဖို့အရမ်းမျှော်လင့်နေတာ နေမယ်.."

"ဒါပေမယ့် ငါမပြောတာတောင် သူအခုတလော အရမ်းဆိုးနေတယ်.. ပြောစကားလည်းနားမထောင်ဘူး.. အဲ့ဒါသာပြောလိုက်ရင် ပိုဆိုးသွားမှာ မြင်ယောင်နေလို့..."

Tao က မျက်ခုံးတစ်ဖက်ပင့်သည်။

"သူကဆိုးတာလား မင်းကဘဲပျော့တာလား သေချာစဥ်းစားလေ.. ဟိုကမျက်နှာငယ်လေးနဲ့ hyung~ ဆိုတာနဲ့ နှစ်ခါတောင်မစဥ်းစားဘဲ ခေါင်းညိတ်နေတာဘယ်သူလဲ.."

အမူအရာအပြည့်၊ အသံသရုပ်ပြဟန်အပြည့်နှင့် ဆိုလာသော tao က အမြင်ကပ်စရာပင်။ နီးကပ်စွာတည်ရှိနေသော ခြေထောက်အား တက်နင်းချလိုက်တော့ အသံကျယ်ကြီးနှင့်ထအော်ကာ ခပ်တိုးတိုးဆဲရေးဆို၏။ ရုတ်တရက် tao ပြောသောစကားကြောင့် chanyeol ပုံရိပ်ကိုခေါင်းထဲပုံပေါ်ကာ ပြုံးလာမိပြီး ဖျက်ကနဲပေါ်လာသော အတွေးကြောင့် သတိတရမေးလိုက်မိသည်။

"ဒါနဲ့.. ဟိုရွှေအိုရောင်ခွေးအကြီးကြီးတွေလေ.. အဲ့ဒါဘာအမျိုးအစား?"

"Golden retriever? ဘာလဲ မင်းမွေးမလို့လား... အဲ့ကောင်တွေကမမိုက်ပါဘူးကွာ.. သခင်တွေရှေ့ဆို အရမ်းချွဲလွန်းတယ်"

tao ဆက်ပြောသည့်စကားများ baekhyun နားထဲမရှိ။ အရမ်းချွဲလွန်းတယ် ဟူသောစကားစုကသာ နားထဲတစ်ဝဲလည်နေပြီး ရင်ဘတ်ထဲယားကျိကျိဖြစ်စေကာ ပြုံးယောင်သမ်းလာစေသည်။ မသိစိတ်၏စေ့ဆော်မှုအရ chanyeol ကို ယခုချက်ချင်းပင် ပြေးတွေ့ချင်လာသယောင်။

"chanyeol က အဲ့ golden retriever ကြီးနဲ့တူတယ်.."

ကိုယ့်ဘာကိုယ်ရေရွတ်ဟန် ပြောလာသောစကားအား tao က နှာခေါင်းရှုံ့သည်။

"နှိုင်းစရာရှားလို့...."

baekhyun ပြာပြာသလဲလဲ tao ကိုကြည့်လိုက်မိသည်။

"ငါကဒီတိုင်း chanyeol က ချစ်ဖို့ကောင်းလို့..."

စကားမဆုံးလိုက်ခင်တွင်ပင် ပါးစပ်ကိုအလျင်အမြန်အုပ်ရသည်။ ထိုစကားကိုလူရှေ့သူရှေ့ပါ baekhyun ပြောရဲနေပြီတဲ့လား။ ရှက်ဖို့ကောင်းလိုက်လေခြင်း! tao က တိုးဖွဖွရယ်လာရင်း ပြော၏။

"အသံလေးသွင်းထားလိုက်ရမှာကွာ.. နည်းနည်းပါးပါးစျေးကိုင်လို့ကောင်းတာပေါ့.."

Baekhyun ပါးစပ်အုပ်ထားသည့်လက်ကိုပြန်ချကာ သက်ပြင်းရှိုက်လိုက်မိသည်။ ချစ်ဖို့ကောင်းသည့် အကြောင်းအရာတစ်ခုတည်းကိုသာ စိတ်ထဲတွေးမိသည်မို့ လက်လွတ်စပယ် ပြောလိုက်မိခြင်းဖြစ်သည်။ baekhyun ခွေးမချစ်တတ်ပေ။ baekhyun ချစ်သည်မှာ ထိုထက်ပိုချစ်ဖို့ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။

အဟမ်း..

မျက်နှာကရဲရဲနီသွားလောက်မည်ထင်၏။ tao ထံ အကြောင်းအရာနောက်တစ်ခု ပြောရန်ပြင်လိုက်သော်ငြား အနောက်ဘက်တစ်ဝိုင်းမှ 'မောင်လေးရေ' ခေါ်သံကြောင့် ထရတော့မည်။ အသံပေးကာ ​ထမည်အပြု chae hye ၏ အသံလေးထွက်လာ၏။

"ရတယ် oppa! ညီမသွားလိုက်မယ် ထိုင်နေလိုက်.."

baekhyun ဖင်တစ်ဝက်ကြွနေပြီးမှ ပြန်ထိုင်ချလိုက်သည်။ chanyeol ပြောသည့် chae hye အပေါ်အမြင်တွေက ရုတ်တရက်ခေါင်းထဲပျံ့လာ၍ tao ကိုမေးမည်ဟူသည့် ကိစ္စ အစပါပျောက်သွား၏။ ဘယ်လိုဘဲကြည့်ကြည့် chae hye က baekhyun အတွက်တော့ ပုံမှန်ပါပင်။ tao လည်းကြာကြာနေ၍မရ။ ဘောင်းဘီအိတ်ကပ်ထဲမှ အခါတစ်ရာမကတုန်ခါနေသော ဖုန်းအားထုတ်ကိုင်လိုက်ပြီးသည်နှင့် မအီမသာမျက်နှာထားဖြင့် ပြန်ရတော့၏။ မား၏အသစ်ဆက်ဆက် menu လေးကြောင့် လူစည်ကာ ဆိုင်သိမ်းနောက်ကျသည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် ည ၁၀နာရီကျော်​နေပြီဖြစ်ပြီး အလွန်တရာမှ အိပ်ချင်နေပြီဖြစ်သည်။ မားကိုယ်တိုင် အတင်အကျပ်ဆွဲခေါ်၍ ထမင်းစားနေရသော်ငြား စားချင်စိတ်ကမရှိ။ အိပ်ချင်သည်သာသိသည်။ ထမင်းစားပွဲဝိုင်းတွင် အိပ်ငိုက်ရန်မသင့်တော်၍ စဥ်းစားစရာပေါင်းစုံအား ခေါင်းထဲအလုပ်ပေးထားလိုက်သည်။ ထူးထူးခြးခြားတော့မဟုတ်။ chanyeol အကြောင်းတစ်ချို့တွေးနေမိခြင်းသာ။

"ဗြောင်ဘတ်.."

ရုတ်တရက် ခေါ်လိုက်သောမားကြောင့် အတွေးစဖြတ်၊ အိပ်ချင်နေသည့်မျက်ဝန်းအား သေချာပြန်ပြင်ပြီး ခပ်မြန်မြန်မော့ကြည့်လိုက်သည်။

"chae hye ကို ဘယ်လိုမြင်လဲ.."

ရုတ်တရက်မေးလာသော မား၏မေးခွန်းသည် မည်သည့်အခြေအနေကို ဦးတည်နေမှန်း ရုတ်တရက်မို့ baekhyun မသိ။ အနည်းငယ်အိပ်ချင်ပြေလာသော စိတ်အစုံနှင့်အတူ ရင်ဘတ်ထဲ အမည်မသိ မသေချာမရေရာသော စိုးရိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။

______•°•°•°•°•°•

💛✨

Zawgyi

မ်က္ႏွာေပၚတည့္တည့္က်ေရာက္ေနေသာ ေနေရာင္ျခည္စူးစူးေၾကာင့္ အလိုမက်စြာပင္ ေစာင္ကိုေခါင္းေပၚထိ ဆြဲၿခံဳလိုက္သည္။ သို႔ေသာ္ျငား ရုတ္တရက္ ဆြဲခ်ခံလိုက္ရေသာ ေစာင္ႏွင့္အတူ တင္ပါးမွေျဖာင္းဟူေသာ ရိုက္ခံလိုက္ရသည့္ အသံႀကီးထြက္လာကာ တစ္ဆက္တည္း မား၏အသံစူးစူးကို ၾကားလိုက္ရသည္။

"ထေတာ့ ေျဗာင္ဘတ္! ခ်န္းေယာ္လီေတာင္ နင့္ထက္အေစာႀကီးႏိုးေနတာ.. အႀကီးျဖစ္ၿပီး အရွက္ေလးမရိွဘူးလား.. တစ္ခန္းလံုးလည္း ရႈပ္ပြေနတာဘဲ!"

ေစာင္ထုတ္ႀကီးအား ဆြဲခြာကာ တင္ပါးကိုရိုက္ကာ ႏိႈးေနေသာ မားသည္ ပါးစပ္မွလည္း အေျပာမပ်က္။ တေျဖာင္းေျဖာင္းႏွင့္ ခ်ေနေသာျငား ဂြမ္းေစာင္အထူႀကီးေၾကာင့္ ဘာမ်ွမခံစားရကာ ရိုက္လိုက္လည္း ေနေရာင္ေဖြးေဖြးေအာက္ ဖုန္မႈန္႔မ်ားသာထြက္လာ၏။

"အိုက္ဂူး! နင့္ဝက္တဲလိုအခန္းထဲ ခ်န္းေယာ္လီကို ေပးအိပ္ခိုင္းရတယ္လို႔! ငါရွက္လြန္းလို႔ေသေတာ့မယ္! ထစမ္း ေျဗာင္ဘတ္ ထ!"

baekhyun ေစာင္ထုတ္ထဲမွ မ်က္ႏွာေလးေပၚလာကာ အိပ္ခ်င္မူးတူးျဖင့္ မားကိုေဝေဝဝါးဝါးၾကည့္မိသည္။

"ႏွပ္မေနနဲ႔! ၁၀နာရီထိုးေနၿပီ! ထလာခဲ့ေတာ့! ေနကထြက္ၿပီးလို႔ ျပန္ေတာင္ဝင္ေတာ့မယ္! အခုထိလာႏိႈးေနရတုန္း တကယ္ဘဲ!"

ပြစိပြစိျဖင့္ ေရရြတ္ကာ ထြက္သြားေသာ မားကို baekhyun ေၾကာင္သာၾကည့္ေနမိသည္။ ၁၀နာရီေတာင္ ထိုးသြားၿပီဆိုေသာေၾကာင့္ ထရန္သာေတြးလိုက္ၿပီး ငုပ္တုပ္ထိုင္ကာ ကုတင္ေဘးနားခံုေပၚရိွ နာရီကိုယူၾကည့္မိလိုက္သည္။

၇နာရီခြဲ!!!!!!!

"အာ....!! မားကလည္း တကယ္ဘဲ!"

ခပ္ဆူဆူညည္းၿပီးသည္ႏွင့္ baekhyun ကုတင္ေပၚ ျပန္ေမွာက္ခ်ကာ အိပ္ေပ်ာ္သြားေတာ့သည္။ အိပ္ေပ်ာ္လုဆဲဆဲအေျခအေနတြင္ ရုတ္တရက္ ပုခံုးစြန္းမွ အထိအေတြ့တစ္ခုေၾကာင့္ အနည္းငယ္ လူးလြန္႔လာ၏။ အခုမျွပန္အိပ္တာ ျပန္လာႏိႈးေနျပန္ၿပီတဲ့လား။ ညကအိပ္ေပ်ာ္သည့္အခ်ိန္ ေနာက္က်ေသာေၾကာင့္ အိပ္ေရးမဝေသး။ ရုတ္တရက္ မ်က္လံုးပက္ကနဲဖြင့္လိုက္ေတာ့မွ မ်က္စိေရ႔ွေရာက္ေနေသာ chanyeol မ်က္ႏွာအား ေနေရာင္ႏုႏုတြင္ ေတြ့လိုက္ရ၍ ထြက္ေနသည့္ေဒါသအလံုးစံုသည္ ေလ်ွာကနဲျပန္က်သြားသည္။ chanyeol ၿပံဳးရႊင္ကာဆို၏။

"၈နာရီခြဲေနၿပီေလ hyung ထေတာ့.."

baekhyun ထပ္မံဂ်င္းထည့္ခံရမည္စိုးကာ နာရီကိုဆြဲယူၾကည့္လိုက္သည္။ တကယ္ကို ၈နာရီခြဲၿပီး၍ ၉နာရီပင္ထိုးေတာ့မည္ျဖစ္သည္။ အိပ္လိုက္ရသည့္အခ်ိန္က ခဏေလးလိုပင္။ အပ်င္းေၾကာဆန္႔ကာ chanyeol ဘက္ေက်ာေပးရင္း မ်က္လံုးမ်ား ခဏမိွတ္ထားလိုက္သည္။ သို႔ေသာ္ျငား ခ်က္ခ်င္းပင္ ပုခံုးမွဆြဲလွည့္ခံလိုက္ရၿပီး အသံဩရွရွကို မနက္ခင္းေစာေစာ ၾကည္လင္စြာ နားထဲၾကားရျပန္သည္။

"ကြၽန္ေတာ္ မနက္စာျပင္ေပးထားတယ္ hyung.. ထေတာ့ေနာ္.."

ဆြဲသာလွည့္ခံလိုက္ရေသာ္ျငား baekhyun မ်က္လံုးမပြင့္။ နဖူးေပၚမွ ဆံပင္တစ္ခ်ိဳ႕ဆို႔ကို ခပ္ဖြဖြသပ္တင္ေပးေနသည္ကို ခံစားရသည္။

"ကြၽန္ေတာ္ နမ္းမွာေနာ္ hyung.."

baekhyun မ်က္လံုးပက္ကနဲပြင့္လာ၏။ ရုတ္တရက္အျပဳအမူေၾကာင့္ chanyeol ရယ္၏။ မနက္ခင္းၾကားေနက် ငွက္တစ္ခ်ိဳ႕ တက်ီက်ီေအာ္သံထက္ ဤရယ္သံလြင္လြင္က ပိုနားေထာင္လို႔ေကာင္းသည္။ အိပ္ခ်င္မူးတူးျဖစ္ေနလို႔ဘဲလားမသိ။ baekhyun ၏ ရႈပ္ပြေနေသာ ဆံပင္တို႔အား တစ္ခ်က္ႏွစ္ခ်က္ သပ္တင္ေပးကာ ဆို၏။

"မ်က္ႏွာသစ္လိုက္ၪီး hyung.."

ရင္ဘတ္ထဲေနြးေန၏။ Baekhyun ေခါင္းၿငိမ့္ျပကာ ထလာလိုက္သည္။ ေစာင္ထုပ္ႀကီးႏွင့္ လံုးေထြးေနေသာေၾကာင့္ ခပ္ျမန္ျမန္အကုန္ပစ္ခ်ကာ ေရခ်ိဳးခန္းထဲဝင္လာလိုက္ေသာ္ျငား အထဲေရာက္သည္အထိ baekhyun အိပ္ခ်င္မေျပေသး။ မွန္ထဲကိုတစ္ခ်က္ၾကည့္ကာ chanyeol လက္ျဖင့္သပ္တင္ေပးသြားေသာ ဆံပင္တို႔ကို ထိကိုင္ၾကည့္မိသည္။ ထို႔ေနာက္ ေခါင္းငံု႔ကာ အရူးလိုၿပံဳးမိၿပီး အသိစိတ္ဝင္ေစရန္ ကိုယ့္ပါးကိုယ္ျပန္ရိုက္မိသည္။ အေတြးတို႔ျဖတ္ခ်ရန္ ေခါင္းခပ္ျမန္ျမန္ခါထုတ္ကာ ေနာက္ဆံုးေရေအးျဖင့္ မ်က္ႏွာသစ္ခ်ၿပီး လန္းဆန္းေစလိုက္ေတာ့သည္။

ေရခ်ိဳးခန္းထဲက ထြက္လာသည့္အခ်ိန္တြင္ chanyeol မရိွေတာ့။ ေအာက္ဆင္းသြားပံုရသည္။ သို႔ေသာ္ျငား အိပ္ရာခင္းႏွင့္ေစာင္ကေတာ့ အလြန္တရာမွ ေသသပ္ေနေသာ အေနအထားတြင္ရိွေနၿပီး တစ္စံုတစ္ေယာက္မွ စနစ္တက် ေခါက္ထားေပးသြားမွန္းသိသာသည္။ baekhyun ထိုပံုစံအတိုင္းသာ ေအာက္ဆင္းခဲ့လိုက္ၿပီး ေလွကားအဆင္းနားေရာက္သည္ႏွင့္ပင္ အနံ႔တို႔ေမႊးႀကိဳင္လာ၏။ မားသည္မီးဖိုေခ်ာင္ထဲတြင္ ခ်က္ျပဳတ္ေနပံုရၿပီး chanyeol သည္ စားပြဲေပၚတစ္ခုၿပီးတစ္ခု ခ်ေန၏။ အသံၾကားသည့္အခါ မားကအရင္လွည့္ၾကည့္ၿပီး ၪီးစြာဆို၏။

"အမေလး!!! ေမာင္မင္းႀကီးသား! ထလာေသးသားဘဲ!... နင္ကသာေသမလိုအိပ္ေနတာ ခ်န္းေယာ္လီေလး မနက္အေစာႀကီးကတည္းက ခ်က္ျပဳတ္ေနတာ ၾကည့္စမ္း!"

baekhyun ဂရုမစိုက္။ ညက အိပ္မေပ်ာ္ဘဲ ေနာက္က်ရသည္လည္း chanyeol ေၾကာင့္။ အိပ္ရာထေနာက္က်ရသည္လည္း chanyeol ေၾကာင့္ပင္။ မားေရ႔ွတြင္ေျပာလို႔မရ၍သာ baekhyun အခုၿငိမ္ခံေနရံုပင္။ chanyeol ကို တစ္ခ်က္လွမ္းၾကည့္မိေတာ့ ပန္းကန္ေတြခ်ေနရင္းမွ baekhyun အား ၿပံဳးၿပီးၾကည့္သည္။ ထမင္းစား စားပြဲေဘးတြင္ ဝင္ထိုင္ကာေမးေထာက္ရင္း မ်က္လံုးျပန္မိွတ္ထားလိုက္သည္။ ရသည့္အခ်ိန္ေလးေတာ့ ရသလို အိပ္ေရးဝဝေနမွပင္။ တစ္ပတ္လံုးေနမွ တစ္ရက္ဘဲအားလပ္ရက္ရသည္ကို အိပ္ျခင္းျဖင့္သာ အက်ိဳးရိွရိွ အသံုးခ်ခ်င္သည္။ ထမင္းစားပြဲေရ႔ွတြင္ ထိုင္ကာ ေမးေထာက္ရင္းအိပ္ငိုက္ေနေသာ္ျငား မားကေက်ာေပးထား၍ သိမည္မထင္။

ရုတ္တရက္ ႏႈတ္ခမ္းေပၚမွ ခပ္ဖြဖြအထိအေတြ့တစ္ခု။
မ်က္လံုးခ်က္ခ်င္းျပန္ဖြင့္ၾကည့္မိေတာ့ မိမိမ်က္ႏွာေရ႔ွတည့္တည့္ နီးကပ္စြာတည္ရိွေနသည့္ chanyeol ! ခပ္ၿပံဳးၿပံဳးအေနအထားျဖင့္ Baekhyun အား အသံမထြက္ဘဲ ႏႈတ္ခမ္းလႈပ္ရံု ခပ္ဖြဖြေျပာ၏။

ျပန္အိပ္မေနနဲ႔ hyung..

Baekhyun မ်က္လံုးျပဴးကာ အလန္႔တၾကား မားကိုလွမ္းၾကည့္လိုက္သည္။ ေက်ာေပးကာ လႈပ္လီလႈပ္လဲ့ႏွင့္ ျပင္ဆင္ေနေသာေၾကာင့္ baekhyun တို႔ကိုမေတြ့လိုက္။ baekhyun , chanyeol ဘက္ ေဒါသတႀကီး အျမန္ျပန္လွည့္ၾကည့္လိုက္ေတာ့ ၿပံဳးတံု႔တံု႔လုပ္ကာ ေနာက္ျပန္ဆုတ္သြားသည္။ အိပ္ခ်င္စိတ္ပါေျပသည့္အျပင္ မ်က္လံုးျပဴးမ်က္ဆံျပဴး ျဖစ္သြားေသာေၾကာင့္ မ်က္လံုးထပ္မပိတ္ျဖစ္ေတာ့။

ေနာက္ဆံုးခ်က္ေနသည့္မား၏ ဘာမွန္းမသိသည့္ဟင္းပြဲအား စားပြဲေပၚခ်ၿပီးသည္ႏွင့္ ထိပ္ဆံုးတြင္ ဝင္ထိုင္လိုက္သည္။ မ်က္စိေရ႔ွတြင္ ကင္မ္ခ်ီတစ္ခြက္စီခ်ထားေပးေသာ္ျငား မေမ့မေလ်ာ့ chanyeol ခြက္ကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ တူတူေလာက္ပင္။ စားေသာက္ေနရင္း ရုတ္တရက္ စားပြဲေအာက္မွ ေျခဖမိုးထံထိေတြ့မႈတစ္ခုေၾကာင့္ လန္႔ကာတူျဖင့္ၫွပ္ထားသည့္ ကင္မ္ခ်ီဖက္ျပဳတ္က်သည္။ ေတာ္ေသးသည္က ပန္းကန္ထဲက်သြားျခင္းသာ။ ေဘးနားတြင္ထိုင္ေနသည့္မားကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ အစားအေသာက္ကိုသာ အာရံုအလံုးစံုပို႔ထားၿပီး စားေသာက္ခ်ိန္အတြင္း သိပ္စကားမေျပာျဖစ္ေသာေၾကာင့္ baekhyun ဘက္တြင္အာရံုမရိွ။ မ်က္ႏွာခ်င္းဆိုင္မွ chanyeol အား မသိမသာမ်က္လံုးပင့္ၾကည့္လိုက္ေတာ့ baekhyun အား ၿပံဳးျပ၏။

ေသခ်င္ေနလား..!!

baekhyun မ်က္လံုးျပဴးျပမိေတာ့ နားမလည္သည့္ဟန္ အူေၾကာင္ေၾကာင္ပံုျဖင့္ မ်က္ခံုးပင့္ကာ မ်က္လံုးျပန္ျပဴးျပသည္။ baekhyun မ်က္ျဖဴတစ္ခ်က္လန္ကာ ဘာမ်ွမေျပာေတာ့ဘဲ အစားအေသာက္တြင္ အာရံုျပန္ပို႔လိုက္သည္။ စားပြဲေအာက္ရိွ ေျခေထာက္ကို မိမိဘက္ျပန္ ရုတ္ကာ မထိမိေစရန္ ေသခ်ာသိမ္းထားလိုက္သည္။ သို႔ေသာ္ျငား chanyeol ေျခေထာက္သည္ ရေအာင္လာထိဆဲပင္ျဖစ္ေသာေၾကာင့္ ထိုေျခတံရွည္ႀကီးအား စိတ္ထဲမွ ေမတၲာႀကိတ္ပို႔မိသည္။ ဤမ်ွေလာက္ႏွင့္မၿပီး။ ေျခအိတ္ကိုယ္စီဝတ္ထားေသာေၾကာင့္ အသားခ်င္းတိုက္ရိုက္ထိေတြ့ေနသည္မဟုတ္ေသာ္ျငား chanyeol ေျခေထာက္ထိပ္ဖ်ားသည္ တျဖည္းျဖည္းအေပၚသို႔ ဆန္တက္လာသည္မို႔ baekhyun ၾကက္သီးထကာ မသိမသာအံႀကိတ္မိလိုက္သည္။

"ေျဗာင္ဘတ္ ဘာျဖစ္ေနတာလဲ.. မ်က္ႏွာႀကီးနီရဲေနတာဘဲ.. ေနမေကာင္းဘူးလား.."

ရုတ္တရက္ေမးလာေသာ မားေၾကာင့္ baekhyun စိတ္ေသခ်ာျပန္ထိန္းကာ ေခါင္းခါျပလိုက္သည္။ ထို႔ေနာက္ မား၏အာရံုသည္ chanyeol ဘက္ျပန္လွည့္သြားၿပီး အစားအေသာက္အေျခအေနတို႔ကို ေမးျမန္းေနသည္မို႔ chanyeol ေျခေထာက္ အနည္းငယ္ရပ္တန္႔သြားသည္။ baekhyun သက္ေငြ့ျဖည္းျဖည္းခ်င္းခ်ကာ အစားအေသာက္တြင္သာ အာရံုျပန္ပို႔လိုက္သည္။

"ခ်န္းေယာ္လီ သခြားသီးမႀကိဳက္ဘူးလား.."

ေမးခြန္းကို ရုတ္တရက္ စိတ္ဝင္စားသြားသည္မို႔ ေခါင္းေထာင္ၾကည့္လိုက္မိေတာ့ ထမင္းပန္းကန္လံုး၏ ေအာက္ခံျပား ပန္းကန္ေသးေသးေလးတြင္ ဖယ္ထားခံရေသာ သခြားသီးအခ်ပ္လိုက္ေလးေတြကို ေတြ့လိုက္ရသည္။

"ဟုတ္ မႀကိဳက္ဘူးဗ်.."

မားသည္ ခပ္လြင္လြင္ရယ္ရင္းဆိုလာ၏။

"ေျဗာင္ဘတ္နဲ႔တူတာဘဲ.. ေျဗာင္ဘတ္လည္းသခြားသီး စားဖို႔မေျပာနဲ႔ အနံ႔ရတာနဲ႔တင္ ေတာ္ေတာ္မုန္းတာ.."

chanyeol ကသိေနေသာ္ျငား ဟုတ္လား ဟူေသာအေမးတစ္ခ်က္ႏွင့္အတူ baekhyun အား ခပ္ၿပံဳးၿပံဳးလွမ္းၾကည့္၏။ baekhyun ခ်က္ခ်င္းပင္အၾကည့္လႊဲကာ ေခါင္းျပန္ငံု႔ခ်လိုက္သည္။ chanyeol သခြားသီးမႀကိဳက္သည္ကို baekhyun ယခုမွသိရျခင္းျဖစ္သည္။ မွတ္မိသေလာက္ ငယ္ငယ္ကစားသလားလို႔ပင္။ မေရရာမေသခ်ာ။ ထမင္းစားၿပီးသည့္ေနာက္တြင္ မားႏွင့္ baekhyun တို႔၏ အလွည့္က်တာဝန္အရ baekhyun ပန္းကန္ေဆးရန္အလွည့္ျဖစ္သည္မို႔ ညည္းၫူမိသြားသည္။ ထမင္းစားၿပီးခ်င္း အေပၚတက္အိပ္ဖို႔ျပင္ထားျခင္း ျဖစ္ေသာ္ျငား မားကဂုပ္ဆြဲကာ ပန္းကန္ေတြေရ႔ွခ်ေပးခဲ့သည္။

ေဘစင္နားတြင္ေပေတေတရပ္ကာ ပန္းကန္စင္ႀကီးကိုၾကည့္မိသည္။ စားထားသည့္ပန္းကန္မ်ားက အရမ္းမ်ားမေနေသာ္ျငား ခ်က္ျပဳတ္ထားသည့္ အိုးခြက္မ်ားက မနည္းမေနာ။ သက္ျပင္းတစ္ခ်က္ခ်ကာ လက္အိတ္ေကာက္စြတ္လိုက္သည္။ ပန္းကန္တစ္ခ်ပ္ခ်င္းဆီကို စိတ္မပါစြာပင္ ဆြဲခ်ရင္း ေသခ်ာျပန္စီကာေရႏွင့္အရင္ ေဆးခ်ျဖစ္သည္။ လက္ကသာပန္းကန္ေဆးေနေသာ္ျငား baekhyun မ်က္လံုးေတြေမွးစင္းခ်င္ေနသည္။ တဝါးဝါးသန္းေနရင္း ရုတ္တရက္ ခါးတစ္ဝိုက္တင္းက်ပ္သြားေသာ အထိအေတြ့ေၾကာင့္ baekhyun သန္းေနသည့္ပါးစပ္ပင္ ရုတ္တရက္အျမန္ျပန္ပိတ္ကာ ထေအာ္မိမလိုပင္ ျဖစ္သြားရသည္။

chanyeol !!

အေနာက္မွေနကာ ခါးကိုဖက္ထားၿပီး ပုခံုးေပၚေမးေစ့ကို တင္ထားသည္။

"chan.. chanyeol! ဘယ္လိုျဖစ္ေနလဲ! မားရိွတယ္ေနာ္..!"

ခပ္တိုးတိုးေအာ္ေငါက္မိေတာ့ ၿပံဳးရယ္ကာဆိုသည္။

"မားကအေရ႔ွမွာပါ hyung ရဲ့.. ကြၽန္ေတာ္ hyung ကိုကူေပးဖို႔လို႔ေျပာၿပီး ထြက္လာတာမို႔ ျပသနာမရိွဘူး hyung"

baekhyun လက္ေတြတုန္လာသည္။ အေရ႔ွဧည့္ခန္းတြင္ TV ဖြင့္ထားကာ အသံက်ယ္ျဖင့္ အိမ္ေခါင္မိုးလြင့္ထြက္မတတ္ ရယ္ေနေသာ မား၏အသံကိုတိုက္ရိုက္ၾကားေနရသည္။chanyeol ထံမွ ေလေငြ့ေနြးေနြးက နားရြက္ဖ်ားမ်ားကို ျဖတ္တိုက္က်ီစယ္ေနသည္။

"chanyeol..! လႊတ္လို႔! မင္းခုတေလာေျပာရဆိုရ ေတာ္ေတာ္ခက္လာတယ္!"

ထိုအေျပာေၾကာင့္ chanyeol က အနည္းငယ္မ်က္ႏွာတည္သြားကာ စိတ္မေကာင္းျဖစ္သြားဟန္ျဖင့္ ဆို၏။ လက္ကိုေတာ့ျဖင့္ မရုတ္ေသး။

"hyung ကိုမ်က္စိေရ႔ွမွာ ဒီလိုေလးျမင္ေနရတာ အရမ္းအသည္းယားလို႔ပါ.."

စူပုတ္ပုတ္အသံေလး။ chanyeol ေျပာစကားအရ baekhyun ကဘဲ မွားသည့္ဟန္။

"အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔.. မဖက္ထားရရင္ကိုမေနႏိုင္ဘူး.."

အေျပာႏွင့္အတူလက္တို႔ကပို၍တင္းက်ပ္လာၿပီး baekhyun ခႏၲာကိုယ္တစ္ခုလံုး ရင္ခြင္ထဲနစ္က်ေနေတာ့သည္။ baekhyun မ်က္ႏွာေတြ ရဲရဲနီလာသည္။ ဒီလိုအေျပာမ်ိဳး! ခ်စ္ဖို႔ေကာင္းတယ္ဟူေသာ အေျပာမ်ိဳး! baekhyun အရမ္းမုန္းခဲ့ေသာ စကားလံုးမ်ားထဲစာရင္း၌ ပါခဲ့ေသာ္ျငား ယခုဘာဆိုဘာမ်ျွပန္မတုန္႔ျပန္ိုင္ဘဲ မ်က္ႏွာႀကီးသာ ရဲရဲနီျမန္းလ်က္ ႏႈတ္ဆိတ္ေနမိသည္။

"ကြၽန္ေတာ္အၿမဲေတြးေနၾက သိလား.. hyung သာ ေသးေသးေလးျဖစ္သြားရင္ေကာင္းမယ္လို႔.. အဲ့လိုဆိုရင္ ဘယ္သူမျွမင္ေအာင္ ကြၽန္ေတာ့္ရင္ဘတ္ထဲျဖစ္ျဖစ္ ထည့္ဝွက္ထားလို႔ရတာေပါ့.."

ရူးေတာ့မလိုပင္။

"...... chanyeol လႊတ္... မားျမင္မယ္.."

လက္ထဲမွ ပန္းကန္ခ်ပ္ႀကီးအား ကိုင္ထားသည့္အျပင္ လက္အိတ္စြတ္ထားေသာေၾကာင့္ chanyeol ၏ မည္သည့္ေနရာကိုမွ ထိေတြ့မရကာ တစ္ကိုယ္လံုးသိမ္းက်ံဳးဖက္ခံထားရေသာေၾကာင့္ ရုန္းမရျပဳမရ အေျခအေနျဖစ္ေနသည္။ ဒီလိုအေျခအေနႀကီးကို နားရွက္စရာစကားလံုးေတြေျပာကာ baekhyun ကို က်ရႈံးေအာင္လုပ္ေနမွန္းလည္းသိသည္။ မျပစ္မျမင္ဘဲ ပိုပိုသေဘာက်လာမိသည္က ခက္သည္။

"ကြၽန္ေတာ္ျပန္ရေတာ့မွာမို႔ မျပန္ခင္ေလးခဏဘဲေလ hyung.."

"......"

ထိုသို႔က် baekhyun ျငင္းစရာစကားလံုးေပ်ာက္ျပန္သည္။ chanyeol ပံုစံသည္ ကစားကြင္းမျွပန္ရေတာ့မည့္ ကေလးတစ္ေယာက္ႏွယ္ မသာမယာ။

"ကိုယ့္အိမ္ေလးကိုယ္ျပန္တာကို ဘာလို႔ ကေလးေပါက္စလို စူပုတ္ေနတာလဲ.."

အားမလိုအားမရ​ေျပာသည့္စကားအားၾကားသည္ႏွင့္ လည္ဂုပ္ၾကားထဲမ်က္ႏွာထည့္ဝွက္ကာ ဆို၏။

"hyung ရဲ့ကေလးဘဲဟာ.."

baekhyun အသံမထြက္မိေစရန္ ရယ္လိုက္မိသည္။

"ကေလးဆိုလည္း စကားနားေထာင္ေလကြာ မင္းကလည္း.. မနက္ျဖန္ေတြ့ရမွာဘဲဟာ.."

chanyeol မ်က္ဝန္းတို႔ေတာက္ပသြားသည္ကို baekhyun မျမင္လိုက္။ လည္ဂုပ္ၾကားထဲ သူ၏ႏွာတံခြၽန္ခြၽန္ျဖင့္ ပြတ္တိုက္ရင္းဆို၏။

"ခ်စ္တယ္လို႔ေျပာ hyung.."

Baekhyun ၾကက္သီးထသြား၏။ ထိုစကားလံုးအား ေတာ္ေတာ္ၾကားခ်င္ေနပံုရသည္။

"ျပန္ေတာ့.."

လက္မွပန္းကန္အား ေသခ်ာျပန္ေကာက္ကိုင္ကာ မသိခ်င္ေယာင္ေဆာင္ရင္း ေျပာလိုက္ေတာ့ ႏွာမႈတ္သံႀကီးၾကားလိုက္ရသည္။ တစ္ဆက္တည္းမွာပင္ ေလေငြ့ေနြးေနြးက ျဖတ္တိုက္သြား၍ baekhyun ပုခံုးတြန္႔သြားမိသည္။ ထိုပံုစံအတိုင္းသာ ေတာ္ေတာ္ၾကသည္အထိ ရပ္ေနၿပီး မည္သည့္စကားမ်ွလည္းမဆို။ baekhyun အား ဖက္ထားဆဲသာ။ baekhyun လည္း အတတ္ႏိုင္ဆံုး စိတ္ထိန္းကာ မသိခ်င္ေယာင္ေဆာင္ရင္း ပန္းကန္ဆက္ေဆးေနလိုက္သည္။ သို႔ေသာ္ျငား မား၏အိမ္ေရ႔ွမွ ရယ္သံႀကီးကိုေတာ့ မသိခ်င္ေယာင္ေဆာင္၍မရ။ တစ္ခ်က္တစ္ခ်က္မ်ား မားေတြ့သြားမလားဟူေသာ စိုးရိမ္စိတ္ေၾကာင့္ ပန္းကန္သာေဆးေနရေသာ္ျငား လူကစိတ္ေျဖာင့္လက္ေျဖာင့္မျဖစ္။ သို႔ဆိုလ်ွင္လည္း chanyeol အား တြန္းမထုတ္ရက္။ ခုဏကေလးတင္ ၾကားခ်င္သည့္ေဝါဟာရအား တစ္ခ်က္တည္းႏွင့္ အျငင္းခံလိုက္ရ၍ ေတာ္ေတာ္ခံစားေနရေလာက္မည္။ ထိုစကားစုက baekhyun တို႔ႏွစ္ေယာက္အတြက္ ဤမ်ွေလာက္အေရးႀကီးမေနဟု ထင္မိေသာ္ျငား chanyeol ဘက္ကိုေတြးေပးၾကည့္ရေတာ့မည္ ထင္၏။

ခဏအၾကာ သက္ျပင္းခ်သံႏွင့္အတူ chanyeol လက္ကိုေျဖးေျဖးခ်င္း လႊတ္သြား၏။ သို႔ေသာ္ျငား ေနာက္ဆံုးတစ္ခ်က္အေနႏွင့္ ပါးကိုအနမ္းခံလိုက္ရေသးသည္။ baekhyun အသက္ရႉေခ်ာင္ကာ သက္ျပင္းခိုးခ်မိလိုက္သည္။ chanyeol ဘက္မသိမသာလွည့္ၾကည့္မိေတာ့ မ်က္ႏွာကိုအတတ္ႏိုင္ဆံုး ရႊင္သည့္ပံုဖမ္းထားေသာ္ျငား စူပုတ္ေနေသးသည္မို႔ baekhyun မေအာင့္ႏိုင္ဘဲ ရယ္ခ်မိလိုက္သည္။ chanyeol ပိုစိတ္ဆိုးသြားမည္ထင္ေသာ္ျငား မ်က္ႏွာရုတ္တရက္ ၾကည္လင္သြား၏။ ေတာ္ေသးသည္။

"အဲ့ဒါဆို ျပန္ေတာ့မယ္ေနာ္.."

baekhyun ေခါင္းသာညိတ္ျပလိုက္သည္။ အေရ႔ွတြင္ TV မွ အစီအစဥ္တစ္ခုအား ၾကည့္ေနေသာမားထံ ႏႈတ္ဆက္ၿပီးသည္ႏွင့္ ထြက္သြားသံကိုၾကားလိုက္ရသည္။ ဘာျဖစ္မွန္းေတာ့မသိေသာ္ျငား စိတ္ထဲအလိုမက်မႈေၾကာင့္ သက္ျပင္းခ်လိုက္မိသည္။ ပန္းကန္အားလံုးသာမက ေဘစင္တစ္ခုလံုးပါ ေျပာင္လတ္မတတ္ ေဆးေၾကာၿပီးေနာက္ baekhyun အိပ္ရာထဲဝမ္းလ်ားေမွာက္ကာ အနားယူလိုက္ေတာ့သည္။ အိပ္ရာထဲ chanyeol ကိုယ္ေငြ့အနည္းငယ္က်န္ေသးသည္ပင္။ ေကာင္းေကာင္းအိပ္ေပ်ာ္၏။ ညေနဘက္တြင္ ဆိုင္ေန့တစ္ဝက္ဖြင့္မည္ဟူေသာ မား၏အမိန္႔ေၾကာင့္ မထခ်င္ထခ်င္ထကာ အက်ႌလဲလိုက္ရသည္။ မေလ်ွာ္ခ်င္ေသာေၾကာင့္ ေနေရာင္ရသည့္ေနရာတြင္ ခ်ိတ္ကာလွမ္းထားလိုက္သည္။ ညစ္ပတ္သည္ဟူ၍ဘဲဆိုဆို အနံ႔ေပ်ာက္သြားမည္ကိုေတာ့ စိတ္ထဲဘဝင္မက်။ ထိုအတိုင္းသာထားခဲ့ရင္း ဆိုင္ကိုထြက္လာလိုက္သည္။

တိုက္ဆိုင္စြာပင္ ဆိုင္ဖြင့္ၿပီးဘယ္ေလာက္မွမၾကာ မေတြ့ရတာၾကာေနၿပီျဖစ္ေသာ tao ေရာက္ခ်လာသည္မို႔ မ်က္ခံုးကခပ္လႈပ္လႈပ္။ ဆိုင္ထဲဝင္ဝင္ခ်င္း ေနာက္ေဖးမီးဖိုခန္းထဲ တိုက္ရိုက္ဝင္ရန္လုပ္ေနသျဖင့္ ဆိုင္ထဲတြင္ပင္ chae hye ႏွင့္ တစ္ပြဲတစ္လမ္းႏႊဲမလိုပင္ ျဖစ္သြားေသးသည္။ chae hye ဟူေသာ ကေလးမသည္လည္း မထင္ရင္မထင္သလို စြာေသးသည္ပင္။ သို႔မဟုတ္ tao ႏွင့္ေတြ့မွပင္ ပိုဆိုးသြားသည္လားမသိ။

"ဘယ္လိုျဖစ္တာလဲ ေပ်ာက္သြားေတာ့လည္းရုတ္တရက္ႀကီး! ေပၚလာေတာ့လည္း ရုတ္တရက္ႀကီး!"

၈နာရီထိုးၿပီ။
ထံုးစံအတိုင္း ဤအခ်ိန္ဆို လူပါးၿပီမို႔လို႔ tao ထိုင္ေနသည့္ဝိုင္းတြင္ ဝင္ထိုင္ရင္းေမးလိုက္သည္။ ေရာက္သည္က ညေန ၆နာရီေလာက္ကတည္းက။ ယခုခ်ိန္ထိထိုင္ေစာင့္ႏိုင္သည္မွာ အံ့ဩစရာပင္။ tao ႏွင့္မေတြ့ရသည္မွာလည္း တစ္လနီးပါးေလာက္ရိွၿပီဟု ဆို၍ရသည္။ ထိုထက္လည္း ေက်ာ္ခ်င္လည္းေက်ာ္မည္။ အခုတေလာ အခ်ိန္ေတြကုန္တာ တအားျမန္သည္ဟု ခံစားရေသာ​ေၾကာင့္ ထိုေကာင္ေတြဘက္ေတာင္ အာရံုသိပ္မေရာက္။ tao က စိတ္ပ်က္လက္ပ်က္ေလသံႏွင့္ဆိုသည္။

"ေပက်င္းခဏျပန္လိုက္ရလို႔ပါကြာ...! အခုလည္းျပန္သာလာရတယ္! kris ကက်န္ေနခဲ့ရေတာ့ ပ်င္းလို႔လာတာ.."

မ်က္ခြက္တည့္တည့္ အီးမွန္ထားသည့္ဟန္ မသာမယာႏွင့္။ တစ္ေယာက္တည္းဝင္လာကတည္းက စိတ္မၾကည္ဘဲ chae hye ႏွင့္ပါ ကေတာက္ကဆျဖစ္ကတည္းက ရိပ္မိသည္။ အၿမဲတမ္းဒုကၡေပးဖို႔သာလာသည့္ ႏွစ္ေကာင္ပင္!

"အဲ့ေတာ့ပ်င္းေနရင္ ထိုင္ေနမယ့္အစား ငါတို႔ဆိုင္မွာစားပြဲဝင္ထိုးေပးပါလား.."

tao မ်က္ေစာင္းတစ္ခ်က္ဝင့္ၾကည့္သည္။

"ငါသာစားပြဲထိုးေပးလို႔ကေတာ့ မင္းဆိုင္အရင္းပါျပဳတ္မွာ.."

ဤသို႔က်ေတာ့လည္း baekhyun ပါးစပ္ပိတ္သြားရသည္။ ဟုတ္ေတာ့လည္းဟုတ္သည္။ tao လိုစိတ္ကမရွည္ ေဒါသကႀကီးပံုႏွင့္ဆို တစ္ခ်ိဳ႕စားသံုးသူေတြႏွင့္ အဆင္ေျပလိမ့္မည္မထင္။

"ဘာလို႔ခါအီဆီမသြားလဲ.."

"အဲ့ေကာင္ကခု ဘယ္သူနဲ႔သာယာေနမွန္းမသိဘူး! ငါဖုန္းေခၚတာေတာင္မကိုင္ဘူး!"

Baekhyun မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ခါအီကအဲ့လိုလူမ်ိဳးမဟုတ္ပါဘူး..။ သို႔ေသာ္ျငား ခါအီႏွင့္ tao က ႏွစ္ေယာက္တြဲျဖစ္ခဲ့ေတာ့ ပို၍ပင္အေၾကာင္းသိလိမ့္မည္ ျဖစ္ေသာေၾကာင့္ ထပ္မေမးျဖစ္ေတာ့။

"kris က ဘာလို႔တူတူလိုက္မလာတာလဲ.."

အီးမွန္ထားသည့္ဟန္ မသာမယာျဖစ္ေနေသာ tao ၏ မ်က္ခြက္သည္ ယခုက် ဒူးရင္းသီးအလံုးလိုက္ ၿမိဳခ်ထားရသည့္ဟန္ ပို၍ပင္ရႈံ႔တြသြား၏။

"ငါ့ father ႀကီးလက္ထဲ မိေနလို႔..!"

"မင္းတို႔ရဲ့ အဲ့ျပႆနာကလည္းခုထိမၿပီးႏိုင္ေသးဘူးလားကြာ"

ညည္းၫူသည့္ဟန္ စိတ္ကုန္သလိုေနာက္ေက်ာမွီခ်ကာ ေျပာလာေသာ baekhyun စကားေၾကာင့္ tao က ပို၍ပင္မ်က္ႏွာရႈံ႔ျပလိုက္ေသးသည္။ သူကပို၍ပင္စိတ္ကုန္မည္ထင္၏။

"မင္းနဲ႔ဟိုေကာင္ေလးေရာ..."

စိတ္ကုန္စရာအေျခအေနႀကီးအား လမ္းလႊဲသည့္ဟန္ ေျပာလာေသာ tao စကား၏ၪီးတည္ရာက baekhyun တည့္တည့္။

"ဒီလိုပါဘဲ..."

"ဘာကိုဒီလိုပါဘဲလဲ!"

baekhyun ၿပံဳးလိုက္မိသည္။

"ၿပံဳးၿဖီးေနတဲ့ပံုအရေတာ့ အဆင္ေျပေနတဲ့ပံုဘဲ ဟုတ္တယ္မလား.."

စားပြဲခံုေအာက္မွေျခေထာက္ကို အားပါပါတြန္းထုတ္ကာ ေမးလာ၏။ baekhyun ရုတ္တရက္ ကိစၥတစ္ခုအားသတိရလိုက္သည္မို႔ အေျခအေနၾကည့္ကာ ေမးၾကည့္လိုက္သည္။

"ဒါနဲ႔ tao ya.. အတြဲေတြၾကားမွာေလ.. ဟို.... ခ်စ္တယ္လို႔ေျပာဖို႔က အရမ္းႀကီးလိုအပ္လို႔လား"

ေျဖးေျဖးခ်င္းေမးမိသည္။ အလြန္တရာမွေျဖးေျဖးခ်င္းျဖစ္ေသာ္ျငား ထိုေကာင္သည္ သြက္သည့္ေနရာေတာ့ Baekhyun ထက္ပိုသြက္သည္။

"တြဲေနၾကၿပီကိုး..."

နားလည္သြားသည့္ဟန္ သက္ျပင္းခ်ကာ ေခါင္းတၿငိမ့္ၿငိမ့္ဆိုလာေသာ tao စကားေၾကာင့္ baekhyun မ်က္ႏွာရဲရဲနီသြားသည္။ ခ်က္ခ်င္းျငင္းဖို႔စာစီလိုက္ေသာ္ျငား ပါးစပ္ထဲကထြက္မလာခင္ tao က အလ်င္ၪီးစြာဆိုသည္။

"ခ်စ္တယ္လို႔ေျပာဖို႔ အရမ္းႀကီးလိုေနတာေတာ့မဟုတ္ေပမယ့္.. အဲ့လိုေျပာေပးတာက ႏွစ္ေယာက္သားၾကားက ခံစားခ်က္ေတြကို ပိုၿပီးယံုၾကည္ေစတယ္ေလ.."

baekhyun နားမလည္သည့္ဟန္ ႏွာေခါင္းရႈံ႔လိုက္သည္။

"ဘာဆိုင္လို႔လဲ.. ငါသူ႔ကိုဘာလုပ္လုပ္ အကုန္ခြင့္ျပဳေပးထားၿပီးသားဘဲကို!"

လႊတ္ကနဲထြက္သြားေသာ စကားေၾကာင့္ tao မ်က္လံုးတစ္ခ်က္လတ္ကာ ေက်ာမွီထိုင္ေနရာမွ မတ္မတ္ခါးဆန္႔ထိုင္ကာ ဆို၏။

"အကုန္ခြင့္ျပဳေပးတယ္..?... တူတူအိပ္ၿပီးၿပီလား..."

baekhyun မ်က္ႏွာပူျခစ္ေတာက္သြားျပန္သည္။ အေနာက္ဘက္တြင္ရိွေနေသာ မားထံတစ္ခ်က္ ေခ်ာင္းၾကည့္မိသည္။ counter တြင္ chae hye က ဖုန္းတစ္လံုးႏွင့္အလုပ္ရႈပ္ေနၿပီး baekhyun တို႔ထံအာရံုမရိွ။ စားသံုးသူမ်ားသည္လည္း ကိုယ့္အာရံုႏွင့္ကိုယ္ျဖစ္၍ baekhyun သက္ျပင္းခပ္သာသာခ်မိသည္။ မ်က္စိေရ႔ွက tao ကိုၾကည့္မိေတာ့ baekhyun ထံမွအေျဖကိုသာ 'ေနာက္တစ္ပိုင္းလာမည္ ေမ်ွာ္..' ဟူေသာ k drama အား စိတ္ဝင္တစားေမ်ွာ္လင့္ေနရသကဲ့သို႔ မ်က္ဝန္းမ်ားလတ္ေနသျဖင့္ ေခါင္းေျဖးေျဖးခ်င္းညိတ္ျပလိုက္သည္။

"........."

tao ၏ reaction အား မည္သည့္စကားလံုးမ်ားႏွင့္မွ ေဖာ္ျပ၍မမွီ။ မိမိ၏ႏွမျဖစ္သူ ေစာ္ကားခံလိုက္ရေသာ အကိုျဖစ္သူ၏မ်က္ႏွာထားႏွင့္ အနည္းငယ္ဆင္၏။ အရမ္းခ်စ္ျမတ္ႏိုးရသည့္ ညီမေလးျဖစ္သူ ကိုယ္ဝန္ရေနသည္ကို ၾကားလိုက္ရ၍ ကမ႓ာၿပိဳသြားေသာ အစ္ကိုျဖစ္သူႏွင့္လည္းဆင္၏။ သို႔ေသာ္ျငား ဇနီးျဖစ္သူကိုယ္ဝန္ရေနသည္ကို ၾကားလိုက္ရေသာ လင္ေယာက်္ားသားျဖစ္သူ၏ ဝမ္းသာမႈကဲ့သို႔ အမူအရာလည္းပါ၏။ baekyun ,tao ၏ မ်က္ႏွာ ပုပ္ရာမွ နီ၊ နီရာျပာ၊ ျပာရာမွတျဖည္းျဖည္း ခရမ္းပုပ္ေရာင္ေျပာင္းလာသည္အထိ စိုက္ၾကည့္ေနမိသည္။ tao က အသံအားမနည္း ျဖစ္ၫွစ္ထုတ္ရသည္ဟန္ အားတင္ကာဆိုသည္။

"လက္ေတာင္.... မထပ္ရေသးဘူးေလ.. ငါတို႔ေတာင္....လက္ထပ္ၿပီးမွကို..."

Baekhyun မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ထိုကိစၥက ဤမ်ွေလာက္ထိပင္ ျပႆနာႀကီးသြားမိသည္လား။ ခ်က္ခ်င္းပင္ သိခ်င္စိတ္ျပင္းျပသည့္ဟန္ မ်က္ဝန္းမ်ားအျဖစ္သို႔ ေျပာင္းလဲကာ baekhyun အနားသို႔ကပ္ရင္း ေမးျပန္၏။

"ဘယ္သူကအေပၚ ဘယ္သူေအာက္လဲ.."

baekhyun မ်က္ေမွာင္ထပ္ၾကဳတ္လိုက္သည္။ ဘာႀကီးလဲ! အနားပိုတိုးကပ္ကာ အစ္ေအာက္ေမးျပန္သည္။

"မင္းေအာက္မလား.."

baekhyun မ်က္ေမွာင္ၾကဳတ္ရလြန္း၍ မ်က္ႏွာတစ္ခုလံုး ရႈံ႔တြေနၿပီဟုေတာင္ ထင္မိသည္။

"ဘာေတြေျပာေနတာလဲ! မင္းေျပာေနတာ ငါတစ္ခုမွနားမလည္ဘူး!"

ခပ္ဆဆေအာ္ခ်လိုက္ေတာ့ ကိုယ္ရိွန္သတ္ကာ အံ့ဩသည့္အမူအရာျဖင့္ ဆိုျပန္သည္။

"တူတူအိပ္ၿပီးၿပီဆို..."

"အင္းေလ.. တူတူအိပ္တာနဲ႔ဘဲ..."

'လူပ်ိဳရည္' ဟူေသာ ေဝါဟာရအား မထြက္မွီ baekhyun ပါးစပ္ကိုအျမန္ျပန္ပိတ္လိုက္ရသည္။ မျဖစ္ေသး။ ဒါႀကီးကိုဒီလိုေနရာမ်ိဳးတြင္ အက်ယ္ႀကီးေျပာ၍မျဖစ္ေသး။ သက္ျပင္းအႀကီးႀကီးတစ္ခ်က္ကိုသာ အသံထြက္သည္အထိခ်ကာ စိတ္ေလ်ွာ့လိုက္ၿပီး ခုနကရိုးရိုးရွင္းရွင္း အျဖဴထည္စကားဝိုင္းကို ျပန္ဆြဲေခၚရသည္။

"အဲ့ေတာ့.. ငါသိခ်င္တာ.. အဲ့စကားလံုးက အတြဲေတြၾကားမွာ မေျပာမျဖစ္အထိလိုအပ္ေနလား.."

စကား​လမ္းေၾကာင္းေျပာင္းသြားသည့္အေပၚ tao ႏွစ္သက္ပံုမရ။ မ်က္ႏွာခပ္စူစူျဖစ္သြားေသာ္ျငား ထိုစူပုပ္ပုပ္ပံုစံက kris ကလြဲ မည္သူ႔အေပၚမွ သက္ေရာက္မႈမရိွဆိုသည္ကို ေမ့ေနပံုရသည္။ စိတ္ဝင္စားမႈမရိွေတာ့သည့္ဟန္ ေနာက္ေက်ာမွီခ်ကာ ပ်င္းတြဲ႔တြဲ႔ေျပာလာ၏။

"အဲ့ေလာက္ႀကီးမရိွမျဖစ္လိုအပ္ေနတာေတာ့ မဟုတ္ပါဘူး.. ဒါေပမယ့္ လံုးဝႀကီးမေျပာတာထက္စာရင္ တစ္ႀကိမ္ႏွစ္ႀကိမ္ေလာက္ေတာ့ ေျပာေပးေပါ့.."

baekhyun အနည္းငယ္စဥ္းစားသြားသည္။

"မေျပာဘဲဒီတိုင္းႀကီးေနတာလည္း မေကာင္းသလို ဝတ္ေက်တမ္းေက် ခဏခဏေျပာတာလည္း မေကာင္းဘူးကြ.. စိတ္ထဲကမပါရင္ေပါ့...! ေျပာရတဲ့သူလည္းပါးစပ္ေညာင္းတယ္! နားေထာင္ရတဲ့သူလည္း ဖီးလ္က်ဲတယ္ အိုေခ?"

လက္ၫွိုးႏွင့္လက္မကိုအဝိုင္းပံုစံျဖင့္ မ်က္စိေမွးကာ ေျပာလာေသာ tao က ငါ့ကိုဆရာတင္လိုက္စမ္းပါ ဟူေသာ မ်က္ႏွာထားျဖင့္။ baekhyun သတိလက္လြတ္ဆိုလိုက္မိသည္။

"ဒါေပမယ့္ chanyeol က်ေတာ့ ငါ့ကိုအဲ့စကား ခဏခဏေျပာတယ္"

tao ကတုန္႔ဆိုင္းျခင္းမရိျွပန္ေျဖ၏။

"မင္းဆီကလည္း အဲ့စကားၾကားရဖို႔အရမ္းေမ်ွာ္လင့္ေနတာ ေနမယ္.."

"ဒါေပမယ့္ ငါမေျပာတာေတာင္ သူအခုတေလာ အရမ္းဆိုးေနတယ္.. ေျပာစကားလည္းနားမေထာင္ဘူး.. အဲ့ဒါသာေျပာလိုက္ရင္ ပိုဆိုးသြားမွာ ျမင္ေယာင္ေနလို႔..."

Tao က မ်က္ခံုးတစ္ဖက္ပင့္သည္။

"သူကဆိုးတာလား မင္းကဘဲေပ်ာ့တာလား ေသခ်ာစဥ္းစားေလ.. ဟိုကမ်က္ႏွာငယ္ေလးနဲ႔ hyung~ ဆိုတာနဲ႔ ႏွစ္ခါေတာင္မစဥ္းစားဘဲ ေခါင္းညိတ္ေနတာဘယ္သူလဲ.."

အမူအရာအျပည့္၊ အသံသရုပ္ျပဟန္အျပည့္ႏွင့္ ဆိုလာေသာ tao က အျမင္ကပ္စရာပင္။ နီးကပ္စြာတည္ရိွေနေသာ ေျခေထာက္အား တက္နင္းခ်လိုက္ေတာ့ အသံက်ယ္ႀကီးႏွင့္ထေအာ္ကာ ခပ္တိုးတိုးဆဲေရးဆို၏။ ရုတ္တရက္ tao ေျပာေသာစကားေၾကာင့္ chanyeol ပံုရိပ္ကိုေခါင္းထဲပံုေပၚကာ ၿပံဳးလာမိၿပီး ဖ်က္ကနဲေပၚလာေသာ အေတြးေၾကာင့္ သတိတရေမးလိုက္မိသည္။

"ဒါနဲ႔.. ဟိုေရႊအိုေရာင္ေခြးအႀကီးႀကီးေတြေလ.. အဲ့ဒါဘာအမ်ိဳးအစား?"

"Golden retriever? ဘာလဲ မင္းေမြးမလို႔လား... အဲ့ေကာင္ေတြကမမိုက္ပါဘူးကြာ.. သခင္ေတြေရ႔ွဆို အရမ္းခြၽဲလြန္းတယ္"

tao ဆက္ေျပာသည့္စကားမ်ား baekhyun နားထဲမရိွ။ အရမ္းခြၽဲလြန္းတယ္ ဟူေသာစကားစုကသာ နားထဲတစ္ဝဲလည္ေနၿပီး ရင္ဘတ္ထဲယားက်ိက်ိျဖစ္ေစကာ ၿပံဳးေယာင္သမ္းလာေစသည္။ မသိစိတ္၏ေစ့ေဆာ္မႈအရ chanyeol ကို ယခုခ်က္ခ်င္းပင္ ေျပးေတြ့ခ်င္လာသေယာင္။

"chanyeol က အဲ့ golden retriever ႀကီးနဲ႔တူတယ္.."

ကိုယ့္ဘာကိုယ္ေရရြတ္ဟန္ ေျပာလာေသာစကားအား tao က ႏွာေခါင္းရႈံ႔သည္။

"ႏိႈင္းစရာရွားလို႔...."

baekhyun ျပာျပာသလဲလဲ tao ကိုၾကည့္လိုက္မိသည္။

"ငါကဒီတိုင္း chanyeol က ခ်စ္ဖို႔ေကာင္းလို႔..."

စကားမဆံုးလိုက္ခင္တြင္ပင္ ပါးစပ္ကိုအလ်င္အျမန္အုပ္ရသည္။ ထိုစကားကိုလူေရ႔ွသူေရ႔ွပါ baekhyun ေျပာရဲေနၿပီတဲ့လား။ ရွက္ဖို႔ေကာင္းလိုက္ေလျခင္း! tao က တိုးဖြဖြရယ္လာရင္း ေျပာ၏။

"အသံေလးသြင္းထားလိုက္ရမွာကြာ.. နည္းနည္းပါးပါးေစ်းကိုင္လို႔ေကာင္းတာေပါ့.."

Baekhyun ပါးစပ္အုပ္ထားသည့္လက္ကိုျပန္ခ်ကာ သက္ျပင္းရိႈက္လိုက္မိသည္။ ခ်စ္ဖို႔ေကာင္းသည့္ အေၾကာင္းအရာတစ္ခုတည္းကိုသာ စိတ္ထဲေတြးမိသည္မို႔ လက္လြတ္စပယ္ ေျပာလိုက္မိျခင္းျဖစ္သည္။ baekhyun ေခြးမခ်စ္တတ္ေပ။ baekhyun ခ်စ္သည္မွာ ထိုထက္ပိုခ်စ္ဖို႔ေကာင္းသည့္ လူတစ္ေယာက္ျဖစ္သည္။

အဟမ္း..

မ်က္ႏွာကရဲရဲနီသြားေလာက္မည္ထင္၏။ tao ထံ အေၾကာင္းအရာေနာက္တစ္ခု ေျပာရန္ျပင္လိုက္ေသာ္ျငား အေနာက္ဘက္တစ္ဝိုင္းမွ 'ေမာင္ေလးေရ' ေခၚသံေၾကာင့္ ထရေတာ့မည္။ အသံေပးကာ ​ထမည္အျပဳ chae hye ၏ အသံေလးထြက္လာ၏။

"ရတယ္ oppa! ညီမသြားလိုက္မယ္ ထိုင္ေနလိုက္.."

baekhyun ဖင္တစ္ဝက္ႂကြေနၿပီးမွ ျပန္ထိုင္ခ်လိုက္သည္။ chanyeol ေျပာသည့္ chae hye အေပၚအျမင္ေတြက ရုတ္တရက္ေခါင္းထဲပ်ံ့လာ၍ tao ကိုေမးမည္ဟူသည့္ ကိစၥ အစပါေပ်ာက္သြား၏။ ဘယ္လိုဘဲၾကည့္ၾကည့္ chae hye က baekhyun အတြက္ေတာ့ ပံုမွန္ပါပင္။ tao လည္းၾကာၾကာေန၍မရ။ ေဘာင္းဘီအိတ္ကပ္ထဲမွ အခါတစ္ရာမကတုန္ခါေနေသာ ဖုန္းအားထုတ္ကိုင္လိုက္ၿပီးသည္ႏွင့္ မအီမသာမ်က္ႏွာထားျဖင့္ ျပန္ရေတာ့၏။ မား၏အသစ္ဆက္ဆက္ menu ေလးေၾကာင့္ လူစည္ကာ ဆိုင္သိမ္းေနာက္က်သည္။ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ ည ၁၀နာရီေက်ာ္​ေနၿပီျဖစ္ၿပီး အလြန္တရာမွ အိပ္ခ်င္ေနၿပီျဖစ္သည္။ မားကိုယ္တိုင္ အတင္အက်ပ္ဆြဲေခၚ၍ ထမင္းစားေနရေသာ္ျငား စားခ်င္စိတ္ကမရိွ။ အိပ္ခ်င္သည္သာသိသည္။ ထမင္းစားပြဲဝိုင္းတြင္ အိပ္ငိုက္ရန္မသင့္ေတာ္၍ စဥ္းစားစရာေပါင္းစံုအား ေခါင္းထဲအလုပ္ေပးထားလိုက္သည္။ ထူးထူးျခးျခားေတာ့မဟုတ္။ chanyeol အေၾကာင္းတစ္ခ်ိဳ႕ေတြးေနမိျခင္းသာ။

"ေျဗာင္ဘတ္.."

ရုတ္တရက္ ေခၚလိုက္ေသာမားေၾကာင့္ အေတြးစျဖတ္၊ အိပ္ခ်င္ေနသည့္မ်က္ဝန္းအား ေသခ်ာျပန္ျပင္ၿပီး ခပ္ျမန္ျမန္ေမာ့ၾကည့္လိုက္သည္။

"chae hye ကို ဘယ္လိုျမင္လဲ.."

ရုတ္တရက္ေမးလာေသာ မား၏ေမးခြန္းသည္ မည္သည့္အေျခအေနကို ၪီးတည္ေနမွန္း ရုတ္တရက္မို႔ baekhyun မသိ။ အနည္းငယ္အိပ္ခ်င္ေျပလာေသာ စိတ္အစံုႏွင့္အတူ ရင္ဘတ္ထဲ အမည္မသိ မေသခ်ာမေရရာေသာ စိုးရိမ္မႈတစ္ခုကို ခံစားလိုက္ရသည္။

______•°•°•°•°•°•

💛✨

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

53K 1.3K 34
A black rose pops up outside Elena's house she doesn't know waht it means but she doesn't think that it is good. She has one thing in her mind protec...
6.3K 432 5
Update တွက်တော့အာမ မခံပါဘူးနော် တောင်းဆိုတဲ့သူများတာမို့ စာရေးဖို့ နဲနဲလေးအချိန်ပေးဖြစ်တာပါ❤ U&Z
1.7K 106 81
Technically, dahil puno na 'yong part 1, kaya nag-e-exist ito. LMAO. Random lyrics lang po ito. Credits to the owners.:)
223K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...