Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 2

16.9K 1.3K 10
By Kirara-16

Flashback⏩

ေ႐ွာင္းက်န္႔ဟာ လူသန္းေပါင္းမ်ားစြာထဲက
မထူးျခားတဲ့သာမန္လူသားတစ္ေယာက္လို႔ပဲ ကိုယ့္ကိုယ္ကို
မွတ္ယူထားတယ္။ထူးျခားတယ္ဆိုတဲ့ သတ္မွတ္ခ်က္အသံုးအႏႈန္းကို ေ႐ွာင္းက်န္႔သေဘာမက်ဘူး။
ဒါဟာ ခ်ီးမြမ္းသလိုလိုနဲ႔ ေဘာင္ခတ္ပစ္လိုက္သလို
ခံစားရေစတယ္။

လူတစ္ေယာက္ကို စကားလံုးေတြနဲ႔အလြယ္တကူ စံႏႈန္းသတ္မွတ္ပစ္လိုက္တာမ်ိဳးကို ေ႐ွာင္းက်န္႔ကမနွစ္ၿမိဳ႕ဘူး။ဒါဟာ သူ႔ဘဝကို ခ်ဳပ္ကိုင္ဖို႔ႀကိဳးစားတာပဲလို႔ေ႐ွာင္းက်န္႔ကျမင္တယ္။ဥပမာဆိုၾကပါစို႔။
အတန္းထဲမွာ အျမဲအဆင့္တစ္ရေနက်ေက်ာင္းသားတစ္ေယာက္အတြက္ လူေတြရဲ႕ေတာ္လိုက္တာဆိုတဲ့ခ်ီးက်ဴးတဲ့မွတ္ခ်က္တစ္ခုက သူ႔အတြက္ေတာ့ ဒီသတ္မွတ္ခ်က္ကိုဆက္ထိန္းထားဖို႔အတြက္
မသိမသာဆက္ဖိအားေပးတဲ့ သေဘာကိုသက္
ေရာက္တယ္။ဒီလိုမ်ိဳး စံႏႈန္းသတ္မွတ္ခ်က္ေတြေအာက္မွာ ေနထိုင္ခဲ့ရသူေတြဟာ စြန္တစ္ခ်ပ္လိုပဲ။
အျမင့္မွာေတာ့ပ်ံသန္းေနတယ္...ဆိုေပမယ့္ ေနာက္
ကေနထိန္းခ်ဳပ္ထားတဲ့အရာေတြ႐ွိေနတယ္။ႀကိဳးတင္း
လြန္းတဲ့အခါ ျပတ္သြားတတ္သလို စံႏႈန္းေတြတန္ဖိုး
ျမင့္လာတာနဲ႔အမ်ွ လူေတြဟာ မြန္းၾကပ္လာတတ္တယ္။ ေ႐ွာင္းက်န္႔ကေတာ့ ႐ိုး႐ွင္းတယ္။သူ႔ဘဝကို
ဘယ္သူ႔ရဲ႕စံႏႈန္းသတ္မွတ္ခ်က္မွ စြက္ဖက္ခြင့္မေပးဘူး။ဒါေၾကာင့္ျဖစ္မယ္...ေ႐ွာင္းက်န္႔ဘဝကထင္သေလာက္ေပ်ာ္စရာမေကာင္းသလို...စိတ္ပ်က္စရာ
လည္းမေကာင္းပါဘူး။႐ွင္သန္ဖို႔အတြက္ခက္ခက္ခဲခဲ
မႀကိဳးစားခဲ့ဖူးသလို ေလာကႀကီးကိုစြန္႔ခြာသြားဖို႔
လည္းမစဥ္းစားခဲ့ဖူးဘူး။

မ်က္မျမင္တစ္ေယာက္ျဖစ္ေပမယ့္တုတ္ေကာက္ကို
အားမကိုးတတ္တဲ့ေ႐ွာင္းက်န္႔ဟာ သူ႔ရဲ႕တစ္ေန႔တာ
ကို အလြတ္ရေနၿပီးသားအခ်က္အလက္၊အျပဳအမူ
ေတြနဲ႔စတင္တယ္။ေ႐ွာင္က်န္႔ဆိုတာ ဒီလိုလူပါပဲ။
သက္မဲ့ပစၥည္းတစ္ခုရဲ႕အကူအညီကိုေတာင္ မလို
အပ္ပဲမယူခ်င္တဲ့သူမ်ိဳး။

နွစ္ထပ္အိမ္ငယ္ေလးရဲ႕ တံခါးကိုဖြင့္လို႔ ဦးစြာ
ေလွကားထစ္9ထစ္႐ွိတဲ့ေလွကားကေနဆင္းရ
တယ္။ေနာက္ဆံုးေလွကားထစ္အၿပီးမွာေတာ့
Parisရဲ႕က်ဥ္းေျမာင္းတဲ့ လမ္းၾကားေလးဆီကို
ေျခခ်တယ္။အေ႐ွ႕တည့္တည့္ကို28လွမ္းေလ်ွာက္
သြားတဲ့အခါ Elaineဆိုတဲ့ပန္းဆိုင္ေလးကိုေရာက္မယ္။ဆိုင္ေ႐ွ႕ကျဖတ္တဲ့အခ်ိန္ ဆိုင္႐ွင္အေဒၚႀကီးဆီက"Bonjour"ဆိုတဲ့ႏႈတ္ဆက္သံကိုၾကားလိုက္ရတာနဲ႔ နံနက္ 9:00တိတိထိုးၿပီဆိုတာကို ေ႐ွာင္းက်န္႔ကသိတယ္။ပန္းဆိုင္ရဲ႕ဘယ္ဘက္ကိုခ်ိဳးၿပီး ေနာက္
ထပ္33လွမ္းလွမ္းရင္ busကားမွတ္တိုင္ကိုေရာက္တယ္။မွတ္တိုင္ကိုေရာက္ၿပီးသံုးမိနစ္အၾကာမွာ
Busကားဆိုက္တယ္။Busကားေပၚတက္လို႔
ေနာက္ဆံုးခံုရဲ႕အေ႐ွ႕ကခံုမွာဝင္ထိုင္တယ္။
ျပတင္းေပါက္ေဘးကခံုေပါ့။ဒီမွာထိုင္လို႔ ျပတင္းေပါက္အျပင္က႐ႈခင္းကိုခံစားခ်င္တာလားဆိုေတာ့လည္း
မဟုတ္ပါ။ေ႐ွာင္းက်န္႔မွမျမင္ႏိုင္တာ...။တကယ္ေတာ့ဒီအခ်ိန္ဆို ဒီခံုကလူလြတ္ေနတတ္တယ္။ကားရပ္တဲ့အထိ ေဘးကခံုမွာလာထိုင္မယ့္သူလည္းမ႐ွိဘူး။ဒါေၾကာင့္ေ႐ွာင္းက်န္႔က ဒီခံုကိုေရြးခ်ယ္ျခင္းျဖစ္တယ္။

ေ႐ွာင္းက်န္႔က လူေတြနဲ႔ပတ္သတ္ရမွာကို တတ္ႏိုင္
သေလာက္ေ႐ွာင္တယ္။ဒီလိုေျပာလို႔ေ႐ွာင္းက်န္႔က
လူေတြနဲ႔ဆက္ဆံရမွာကိုသေဘာမက်တာလားဆို
ရင္...မဟုတ္ပါဘူး။သေဘာက်တယ္၊မက်ဘူး ဆံုးျဖတ္ရေလာက္တဲ့အထိ လူေတြနဲ႔ဆက္ဆံေရးကို
ေ႐ွာင္းက်န္႔က အေလးမထားပါဘူး။သူ႔အတြက္ေတာ့
မလိုအပ္တဲ့အရာတစ္ခုလို႔ပဲျမင္တယ္။ ေမးထူးေခၚ
ေျပာအေပၚယံဆက္ဆံေရးမ်ိဳးထပ္အေပးအယူ
ဆန္တဲ့ဆက္ဆံေရးမ်ိဳးဟာပိုၿပီးသာမန္ဆန္တယ္လို႔
ေ႐ွာင္းက်န္႔ကယူဆတယ္။

နာရီဝက္ေလာက္busကားစီးၿပီးတဲ့အခါမွာေတာ့
ေတာင္ေျခကိုေရာက္တယ္။​ေတာင္ကုန္းေပၚကိုတက္ဖို႔ေလွကားထစ္ေပါင္း153ထစ္ကိုတက္အၿပီးမွာ
ေတာ့ လိုရာခရီးကိုေရာက္တယ္။

ေ႐ွာင္းက်န္႔အခုေရာက္ေနတာ ဘယ္ေနရာလဲဆိုရင္
ေတာင္ကုန္းတစ္ခုေပၚမွာလို႔ပဲ ​ေျဖရမယ္။အင္းေလ...မ်က္စိမျမင္ႏိုင္တဲ့သူက ဒီထပ္ဘာေတြပိုေျပာျပႏိုင္မွာလဲ။ဒီေနရာက ေအးခ်မ္းတယ္။လူအသြားအလာမ႐ွိဘူး။Parisမွာေနခဲ့တဲ့တစ္ႏွစ္ေက်ာ္ကာလအတြင္းေ႐ွာင္းက်န္႔ခက္ခက္ခဲခဲနဲ့႐ွာေတြ႔ခဲ့တဲ့အေအးခ်မ္းဆံုးေနရာ။
Parisလိုၿမိဳ႕မ်ိဳးမွာ လွပျပီးနာမည္ႀကီးတဲ့ေနရာ
ေတြအမ်ားႀကီး႐ွိေပမယ့္ ဘာလို႔ဒီေနရာကိုမွေရြးရတာလဲ။အေျဖကေတာ့ ႐ွင္းပါတယ္။ပန္းခ်ီဆရာ
တစ္ေယာက္အတြက္ တိတ္ဆိတ္တဲ့ပတ္ဝန္းက်င္
ဆိုတာကိုလိုအပ္တယ္။ဒါမွလည္းစိတ္ကိုေသခ်ာ
စုစည္းႏိုင္မယ္။

အိတ္ထဲကပန္းခ်ီဆြဲတဲ့ပစၥည္းေတြကိုထုတ္လို႔ေနရာ
ခ်ၿပီးတာနဲ႔ ေ႐ွာင္းက်န္႔ကမ်က္လံုးကိုမွိတ္လိုက္ၿပီး
အသက္ကိုဝဝ႐ွဴ လိုက္တယ္။Sakuraပန္းနံ႔က
ေ႐ွာင္က်န္႔ႏွာေခါင္းဝကိုလာေရာက္က်ီစယ္တယ္။
Parisရဲ႕ေႏြဦးရာသီမွာပြင့္တဲ့Sakuraေတြက
႐ွားပါးတယ္။အထူးသျဖင့္ဒီလိုေနရာမ်ိဳးမွာ ပိုေတာင္
႐ွားပါးေသးတယ္။

Sakuraေတြကဘယ္လိုအေရာင္၊ဘယ္လိုပံုစံ႐ွိမလဲ
ဆိုတာ ေ႐ွာင္က်န္႔တစ္ခါမွပံုေဖာ္မၾကည့္ဖူးဘူး။
ပံုေဖာ္ၾကည့္ဖို႔လည္းမလိုအပ္ဘူးလို႔ေ႐ွာင္းက်န္႔က
ယူဆတယ္။အကယ္၍သူ႔မွာသာSakuraေတြကိုျမင္
ဖို႔အခြင့္အေရး႐ွိရင္ အစကတည္းကသူ႔မ်က္လံုးေတြ
ကိုဘုရားသခင္ကအေကာင္းပကတိဖန္ဆင္းေပးခဲ့မွာပဲ။ကိုယ့္အတြက္မဟုတ္တဲ့ အရာေတြကိုေမ်ွာ္မွန္းၿပီး ပံုေဖာ္ေနရတာမ်ိဳးကိုေ႐ွာင္းက်န္႔ကမႏွစ္သက္ဘူး။

ေ႐ွာင္းက်န္႔ကဘယ္ေလာက္အထိေတာင္ အစြဲႀကီးသလဲဆိုရင္ပန္းခ်ီဆြဲတာေတာင္ အျပင္ေလာကမွာ႐ွိေနတဲ့အရာေတြကိုစိတ္ကူးနဲ႔ပံုေဖာ္ၿပီးဆြဲေလ့မ႐ွိဘူး။ပင္လယ္ႀကီးျပာသလား၊ဝါသလား။ေတာင္တန္းေတြစိမ္းသလား၊ညိဳသလား၊ ေ႐ွာင္က်န္႔စိတ္မဝင္စားဘူး။သူမျမင္ႏိုင္တဲ့ကမၻာကအရာဝတၳဳအားလံုးကိုေ႐ွာင္က်န္႔ကလ်စ္လ်ဴ ႐ႈတယ္။ကမၻာသစ္တစ္ခုကိုဖန္တီးတယ္။ေ႐ွာင္းက်န္႔ဟာဒီလိုလူစားမ်ိဳးပါပဲ။

ဒါေၾကာင့္ လူေတြကေ႐ွာင္းက်န္႔ရဲ႕ပန္းခ်ီကားေတြကထူးဆန္းတယ္လို႔ေျပာတယ္။ သူတို႔အတြက္ထူးဆန္းတဲ့အရာေတြက ေ႐ွာင္က်န္႔အတြက္ပံုမွန္သာျဖစ္ၿပီး သူတို႔အတြက္ပံုမွန္အရာေတြကေတာ့ ေ႐ွာင္က်န္႔အ
တြက္ထူးဆန္းတယ္။မတူညီတဲ့ကမၻာႏွစ္ခုမွာေနထိုင္
သူေတြအဖို႔ ကြဲျပားျခင္းဟာ သဘာဝအဆန္ဆံုးအရာျဖစ္တယ္....။

ေ႐ွာင္းက်န္႔မွာပန္းခ်ီဆြဲတာအျပင္ တျခားဘယ္သူမွ
မသိတဲ့ဒုတိယဝါသနာတစ္ခုလည္း႐ွိေသးတယ္။
အဲ့တာကေတာ့ သီခ်င္းဆိုတာပဲ။သီခ်င္းနားေထာင္ရ
တာကို ႏွစ္သက္တဲ့ေ႐ွာင္းက်န္႔ကသီခ်င္းဆိုျခင္းကို
လည္းခံုမင္တယ္။ဒါဟာသူ႔အတြက္ စိတ္အပန္းေျဖ
စရာတစ္ခုဆိုေပမယ့္ ေ႐ွာင္းက်န္႔ဟာ ဘယ္အရာကို
မွအလြယ္တကူစိတ္မဝင္စားတတ္သလို စိတ္ဝင္
စားတဲ့အရာကိုလည္း တစိုက္မတ္မတ္လုပ္ေလ့႐ွိ
တယ္။ ေ႐ွာင္းက်န္႔အေနနဲ႔ ပန္းခ်ီဆြဲတဲ့အခါမ်ိဳးမွာပဲ
ျဖစ္ျဖစ္၊တစ္ေယာက္တည္း႐ွိေနတဲ့အခ်ိန္မ်ိဳးမွာပဲ
ျဖစ္ျဖစ္ စိတ္ကိုၾကည္လင္ေအာင္ သီခ်င္းဆိုတတ္
တဲ့အက်င့္တစ္ခု႐ွိတယ္။ဒီအခ်က္ဟာ ေ႐ွာင္းက်န္႔
ဒီေနရာကိုေရြးခဲ့ျခင္းရဲ႕ ဒုတိယေျမာက္ အေၾကာင္း
ျပခ်က္တစ္ခုလည္းျဖစ္တယ္လို႔ဆိုရမယ္။ဒီလိုေနရာ
မ်ိဳးမွာသူသီခ်င္းဆိုတာကို ဘယ္သူမွမၾကားႏိုင္ဘူးေလ။

ထံုးစံအတိုင္းပဲ ေ႐ွာင္းက်န္႔ကစိတ္ကိုစုစည္းၿပီး
Sakuraပန္းနံ႔ကို႐ွဴ ႐ိႈက္လိုက္တယ္။ ခနအၾကာမွာေတာ့ ခပ္တိုးတိုးသီခ်င္းညီးသံနဲ႔အတူ ခ်ိဳသာၿပီး
ေအးျမတဲ့သီခ်င္းသံကိုၾကားလိုက္ရတယ္။

🎵That we got one life..one world

So let's come together...
We'll weather the storm...

A rain of colors....
Look up to the sky....

We're all made of shooting stars..

We are made to love...
We are made to love....🎵

႐ုတ္တရက္ အေနာက္ကေနေျခသံၾကားလိုက္ရတာ​ေၾကာင့္ေ႐ွာင္းက်န္႔ သီခ်င္းဆိုေနတာရပ္သြား
တယ္။

"ဘယ္သူလဲ"

ေ႐ွာင္းက်န္႔အသံေပးလိုက္ေတာ့မွ တစ္ဖက္ကလည္းအသံျပန္ထြက္လာတယ္။တစ္ဖက္ကထြက္လာတဲ့ အသံကဩ႐ွ႐ွနဲ႔ ခ်ိဳတဲ့ဘက္ကိုသြားတယ္။

"အာ...ဆက္ဆိုပါ။ အစ္ကို႔အသံကအရမ္းေကာင္းလို႔ နားေထာင္ေနမိတာ"

ႊရႊင္ျမဴ းျမဴ းအသံကိုၾကားလိုက္ရအၿပီးမွာေတာ့
ေ႐ွာင္းက်န္႔ကမွတ္ခ်က္တစ္ခုခ်လိုက္တယ္။

ပြင့္လင္းလြန္းတယ္။တကယ္ဆို ခြင့္မေတာင္းပဲ
နားေထာင္မိခဲ့တဲ့အတြက္ေတာင္းပန္ပါတယ္
ဆိုတဲ့စကားကိုသံုးသင့္ေပမယ့္ ဆက္ဆိုပါဆိုၿပီး
အမိန္႔ဆန္ဆန္ ေတာင္းဆိုမႈသေဘာေရာက္တဲ့
စကားကိုသံုးသြားပံုအရ ဒီလူဟာ ပြင့္လင္းၿပီး
ရင္းႏွီးလြယ္လြန္းတယ္။ဒီေလာက္ဆိုရၿပီ......။
ပစၥည္းေတြကိုသိမ္းလို႔ေနရာကေနထြက္လာခဲ့တယ္။
ဒီလိုလူေတြကပဲ ေစာက္ရမ္းစိတ္ဒုကၡေပးတတ္ၾက
တာမို႔ ေ႐ွာင္းက်န္႔ကေတာ့ ေဝးေဝးကေ႐ွာင္တယ္။

ထင္ထားတဲ့အတိုင္းပါပဲ။ထိုလူကပိုင္ဆိုးပိုင္နင္းဆန္
လြန္းစြာနဲ႔ ေ႐ွာင္းက်န္႔ေနာက္ကလိုက္လာတယ္။
စကားေတြေျပာေနတာကိုသိေပမယ့္ လ်စ္လ်ဴ ႐ႈ
ထားလိုက္တယ္။ ဒါဟာေ႐ွာင္းက်န္႔အကြၽမ္းက်င္ဆံုး
အလုပ္။ဒီလိုလူေတြကိုဘယ္လိုကိုင္တြယ္ရမလဲဆို
တာကိုေ႐ွာင္းက်န္႔ကေကာင္းေကာင္းနားလည္တယ္။
တကယ္ေတာ့ ဒီလူေတြဟာattentionရဖို႔ႀကိဳးစား
ေနတာလို႔ ေ႐ွာင္းက်န္႔ကျမင္တယ္။ကိုယ့္ဘက္က
လ်စ္လ်ဴ ႐ႈႏိုင္ေလ သူတို႔ဘက္ကလက္ေလ်ွာ့သြား
ေလပဲ။ စိတ္ဝင္စားစရာမေကာင္းတဲ့ ႐ုပ္႐ွင္ကို
ဘယ္သူမွမၾကည့္သလိုမ်ိဳးေပါ့။ဒါေၾကာင့္လည္း
ေ႐ွာင္းက်န္႔က တတ္ႏိုင္သမ်ွ လူစိတ္မဝင္စားေအာင္
ေနပါတယ္။ အာရံုစိုက္ခံရျခင္းေတြက မြန္းၾကပ္ေစတာမို႔...။

ေ႐ွာင္းက်န္႔ခန္႔မွန္းထားတဲ့အတိုင္း 15မိနစ္ေလာက္လမ္းေလ်ွာက္အၿပီးမွာေတာ့ အေနာက္ကေျခသံ
ေတြကတိတ္သြားေတာ့တယ္။ ေ႐ွာင္းက်န္႔ဟာ
ကစားလို႔မေကာင္းတဲ့ အ႐ုပ္တစ္႐ုပ္မွန္း နားလည္
သြားၿပီထင္ပါရဲ႕။

ျဖတ္ရခက္မယ့္ႀကိဳးေတြနဲ႔အခ်ည္ေႏွာင္မခံခ်င္ဘူး။
ပူမွန္းသိမယ့္ မီးထဲကိုလည္းခုန္မဆင္းခ်င္ဘူး။
တစ္ေန႔ျပန္ထြက္သြားမယ့္ဧည့္သည္ကို
ေ႐ွာင္းက်န္႔ဟာ ႀကိဳဆိုမေနခဲ့ပါဘူး။
တကယ္ေတာ့ အထီးက်န္ျခင္းကေ႐ွာင္က်န္႔ကို
ေရြးခဲ့တာမဟုတ္ဘူး။
ေ႐ွာင္းက်န္႔ကသာ အထီးက်န္ျခင္းကိုေရြးျခယ္ခဲ့တာ။
တစ္နည္းအားျဖင့္ ဆိတ္ၿငိမ္စြာေအးခ်မ္းျခင္းကို
ေ႐ွာင္းက်န္႔ကေရြးခ်ယ္ခဲ့ပါတယ္။
_______________________________

Unicode

Chapter 2

Flashback.....

ရှောင်းကျန့်ဟာ လူသန်းပေါင်းများစွာထဲက
မထူးခြားတဲ့သာမန်လူသားတစ်ယောက်လို့ပဲ ကိုယ့်ကိုယ်ကို
မှတ်ယူထားတယ်။ထူးခြားတယ်ဆိုတဲ့ သတ်မှတ်ချက်အသုံးအနှုန်းကို ရှောင်းကျန့်သဘောမကျဘူး။
ဒါဟာ ချီးမွမ်းသလိုလိုနဲ့ ဘောင်ခတ်ပစ်လိုက်သလို
ခံစားရစေတယ်။

လူတစ်ယောက်ကို စကားလုံးတွေနဲ့အလွယ်တကူ စံနှုန်းသတ်မှတ်ပစ်လိုက်တာမျိုးကို ရှောင်းကျန့်ကမနှစ်မြို့ဘူး။ဒါဟာ သူ့ဘဝကို ချုပ်ကိုင်ဖို့ကြိုးစားတာပဲလို့ရှောင်းကျန့်ကမြင်တယ်။ဥပမာဆိုကြပါစို့။
အတန်းထဲမှာ အမြဲအဆင့်တစ်ရနေကျကျောင်းသားတစ်ယောက်အတွက် လူတွေရဲ့တော်လိုက်တာဆိုတဲ့ချီးကျူးတဲ့မှတ်ချက်တစ်ခုက သူ့အတွက်တော့ ဒီသတ်မှတ်ချက်ကိုဆက်ထိန်းထားဖို့အတွက်
မသိမသာဆက်ဖိအားပေးတဲ့ သဘောကိုသက်
ရောက်တယ်။ဒီလိုမျိုး စံနှုန်းသတ်မှတ်ချက်တွေအောက်မှာ နေထိုင်ခဲ့ရသူတွေဟာ စွန်တစ်ချပ်လိုပဲ။
အမြင့်မှာတော့ပျံသန်းနေတယ်...ဆိုပေမယ့် နောက်
ကနေထိန်းချုပ်ထားတဲ့အရာတွေရှိနေတယ်။ကြိုးတင်း
လွန်းတဲ့အခါ ပြတ်သွားတတ်သလို စံနှုန်းတွေတန်ဖိုး
မြင့်လာတာနဲ့အမျှ လူတွေဟာ မွန်းကြပ်လာတတ်တယ်။ ရှောင်းကျန့်ကတော့ ရိုးရှင်းတယ်။သူ့ဘဝကို
ဘယ်သူ့ရဲ့စံနှုန်းသတ်မှတ်ချက်မှ စွက်ဖက်ခွင့်မပေးဘူး။ဒါကြောင့်ဖြစ်မယ်...ရှောင်းကျန့်ဘဝကထင်သလောက်ပျော်စရာမကောင်းသလို...စိတ်ပျက်စရာ
လည်းမကောင်းပါဘူး။ရှင်သန်ဖို့အတွက်ခက်ခက်ခဲခဲ
မကြိုးစားခဲ့ဖူးသလို လောကကြီးကိုစွန့်ခွာသွားဖို့
လည်းမစဉ်းစားခဲ့ဖူးဘူး။

မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့်တုတ်ကောက်ကို
အားမကိုးတတ်တဲ့ရှောင်းကျန့်ဟာ သူ့ရဲ့တစ်နေ့တာ
ကို အလွတ်ရနေပြီးသားအချက်အလက်၊အပြုအမူ
တွေနဲ့စတင်တယ်။ရှောင်ကျန့်ဆိုတာ ဒီလိုလူပါပဲ။
သက်မဲ့ပစ္စည်းတစ်ခုရဲ့အကူအညီကိုတောင် မလို
အပ်ပဲမယူချင်တဲ့သူမျိုး။

နှစ်ထပ်အိမ်ငယ်လေးရဲ့ တံခါးကိုဖွင့်လို့ ဦးစွာ
လှေကားထစ်9ထစ်ရှိတဲ့လှေကားကနေဆင်းရ
တယ်။နောက်ဆုံးလှေကားထစ်အပြီးမှာတော့
Parisရဲ့ကျဉ်းမြောင်းတဲ့ လမ်းကြားလေးဆီကို
ခြေချတယ်။အရှေ့တည့်တည့်ကို28လှမ်းလျှောက်
သွားတဲ့အခါ Elaineဆိုတဲ့ပန်းဆိုင်လေးကိုရောက်မယ်။ဆိုင်ရှေ့ကဖြတ်တဲ့အချိန် ဆိုင်ရှင်အဒေါ်ကြီးဆီက"Bonjour"ဆိုတဲ့နှုတ်ဆက်သံကိုကြားလိုက်ရတာနဲ့ နံနက် 9:00တိတိထိုးပြီဆိုတာကို ရှောင်းကျန့်ကသိတယ်။ပန်းဆိုင်ရဲ့ဘယ်ဘက်ကိုချိုးပြီး နောက်
ထပ်33လှမ်းလှမ်းရင် busကားမှတ်တိုင်ကိုရောက်တယ်။မှတ်တိုင်ကိုရောက်ပြီးသုံးမိနစ်အကြာမှာ
Busကားဆိုက်တယ်။Busကားပေါ်တက်လို့
နောက်ဆုံးခုံရဲ့အရှေ့ကခုံမှာဝင်ထိုင်တယ်။
ပြတင်းပေါက်ဘေးကခုံပေါ့။ဒီမှာထိုင်လို့ ပြတင်းပေါက်အပြင်ကရှုခင်းကိုခံစားချင်တာလားဆိုတော့လည်း
မဟုတ်ပါ။ရှောင်းကျန့်မှမမြင်နိုင်တာ...။တကယ်တော့ဒီအချိန်ဆို ဒီခုံကလူလွတ်နေတတ်တယ်။ကားရပ်တဲ့အထိ ဘေးကခုံမှာလာထိုင်မယ့်သူလည်းမရှိဘူး။ဒါကြောင့်ရှောင်းကျန့်က ဒီခုံကိုရွေးချယ်ခြင်းဖြစ်တယ်။

ရှောင်းကျန့်က လူတွေနဲ့ပတ်သတ်ရမှာကို တတ်နိုင်
သလောက်ရှောင်တယ်။ဒီလိုပြောလို့ရှောင်းကျန့်က
လူတွေနဲ့ဆက်ဆံရမှာကိုသဘောမကျတာလားဆို
ရင်...မဟုတ်ပါဘူး။သဘောကျတယ်၊မကျဘူး ဆုံးဖြတ်ရလောက်တဲ့အထိ လူတွေနဲ့ဆက်ဆံရေးကို
ရှောင်းကျန့်က အလေးမထားပါဘူး။သူ့အတွက်တော့
မလိုအပ်တဲ့အရာတစ်ခုလို့ပဲမြင်တယ်။ မေးထူးခေါ်
ပြောအပေါ်ယံဆက်ဆံရေးမျိုးထပ်အပေးအယူ
ဆန်တဲ့ဆက်ဆံရေးမျိုးဟာပိုပြီးသာမန်ဆန်တယ်လို့
ရှောင်းကျန့်ကယူဆတယ်။

နာရီဝက်လောက်busကားစီးပြီးတဲ့အခါမှာတော့
တောင်ခြေကိုရောက်တယ်။​တောင်ကုန်းပေါ်ကိုတက်ဖို့လှေကားထစ်ပေါင်း153ထစ်ကိုတက်အပြီးမှာ
တော့ လိုရာခရီးကိုရောက်တယ်။

ရှောင်းကျန့်အခုရောက်နေတာ ဘယ်နေရာလဲဆိုရင်
တောင်ကုန်းတစ်ခုပေါ်မှာလို့ပဲ​ဖြေရမယ်။အင်းလေ...မျက်စိမမြင်နိုင်တဲ့သူက ဒီထပ်ဘာတွေပိုပြောပြနိုင်မှာလဲ။ဒီနေရာက အေးချမ်းတယ်။လူအသွားအလာမရှိဘူး။Parisမှာနေခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်းရှောင်းကျန့်ခက်ခက်ခဲခဲနဲ့ရှာတွေ့ခဲ့တဲ့အအေးချမ်းဆုံးနေရာ။
Parisလိုမြို့မျိုးမှာ လှပပြီးနာမည်ကြီးတဲ့နေရာ
တွေအများကြီးရှိပေမယ့် ဘာလို့ဒီနေရာကိုမှရွေးရတာလဲ။အဖြေကတော့ ရှင်းပါတယ်။ပန်းချီဆရာ
တစ်ယောက်အတွက် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်
ဆိုတာကိုလိုအပ်တယ်။ဒါမှလည်းစိတ်ကိုသေချာ
စုစည်းနိုင်မယ်။

အိတ်ထဲကပန်းချီဆွဲတဲ့ပစ္စည်းတွေကိုထုတ်လို့နေရာ
ချပြီးတာနဲ့ ရှောင်းကျန့်ကမျက်လုံးကိုမှိတ်လိုက်ပြီး
အသက်ကိုဝဝရှူ လိုက်တယ်။Sakuraပန်းနံ့က
ရှောင်ကျန့်နှာခေါင်းဝကိုလာရောက်ကျီစယ်တယ်။
Parisရဲ့နွေဦးရာသီမှာပွင့်တဲ့Sakuraတွေက
ရှားပါးတယ်။အထူးသဖြင့်ဒီလိုနေရာမျိုးမှာ ပိုတောင်
ရှားပါးသေးတယ်။

Sakuraတွေကဘယ်လိုအရောင်၊ဘယ်လိုပုံစံရှိမလဲ
ဆိုတာ ရှောင်ကျန့်တစ်ခါမှပုံဖော်မကြည့်ဖူးဘူး။
ပုံဖော်ကြည့်ဖို့လည်းမလိုအပ်ဘူးလို့ရှောင်းကျန့်က
ယူဆတယ်။အကယ်၍သူ့မှာသာSakuraတွေကိုမြင်
ဖို့အခွင့်အရေးရှိရင် အစကတည်းကသူ့မျက်လုံးတွေ
ကိုဘုရားသခင်ကအကောင်းပကတိဖန်ဆင်းပေးခဲ့မှာပဲ။ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေကိုမျှော်မှန်းပြီး ပုံဖော်နေရတာမျိုးကိုရှောင်းကျန့်ကမနှစ်သက်ဘူး။

ရှောင်းကျန့်ကဘယ်လောက်အထိတောင် အစွဲကြီးသလဲဆိုရင်ပန်းချီဆွဲတာတောင် အပြင်လောကမှာရှိနေတဲ့အရာတွေကိုစိတ်ကူးနဲ့ပုံဖော်ပြီးဆွဲလေ့မရှိဘူး။ပင်လယ်ကြီးပြာသလား၊ဝါသလား။တောင်တန်းတွေစိမ်းသလား၊ညိုသလား၊ ရှောင်ကျန့်စိတ်မဝင်စားဘူး။သူမမြင်နိုင်တဲ့ကမ္ဘာကအရာဝတ္ထုအားလုံးကိုရှောင်ကျန့်ကလျစ်လျူ ရှုတယ်။ကမ္ဘာသစ်တစ်ခုကိုဖန်တီးတယ်။ရှောင်းကျန့်ဟာဒီလိုလူစားမျိုးပါပဲ။

ဒါကြောင့် လူတွေကရှောင်းကျန့်ရဲ့ပန်းချီကားတွေကထူးဆန်းတယ်လို့ပြောတယ်။ သူတို့အတွက်ထူးဆန်းတဲ့အရာတွေက ရှောင်ကျန့်အတွက်ပုံမှန်သာဖြစ်ပြီး သူတို့အတွက်ပုံမှန်အရာတွေကတော့ ရှောင်ကျန့်အ
တွက်ထူးဆန်းတယ်။မတူညီတဲ့ကမ္ဘာနှစ်ခုမှာနေထိုင်
သူတွေအဖို့ ကွဲပြားခြင်းဟာ သဘာဝအဆန်ဆုံးအရာဖြစ်တယ်....။

ရှောင်းကျန့်မှာပန်းချီဆွဲတာအပြင် တခြားဘယ်သူမှ
မသိတဲ့ဒုတိယဝါသနာတစ်ခုလည်းရှိသေးတယ်။
အဲ့တာကတော့ သီချင်းဆိုတာပဲ။သီချင်းနားထောင်ရ
တာကို နှစ်သက်တဲ့ရှောင်းကျန့်ကသီချင်းဆိုခြင်းကို
လည်းခုံမင်တယ်။ဒါဟာသူ့အတွက် စိတ်အပန်းဖြေ
စရာတစ်ခုဆိုပေမယ့် ရှောင်းကျန့်ဟာ ဘယ်အရာကို
မှအလွယ်တကူစိတ်မဝင်စားတတ်သလို စိတ်ဝင်
စားတဲ့အရာကိုလည်း တစိုက်မတ်မတ်လုပ်လေ့ရှိ
တယ်။ ရှောင်းကျန့်အနေနဲ့ ပန်းချီဆွဲတဲ့အခါမျိုးမှာပဲ
ဖြစ်ဖြစ်၊တစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးမှာပဲ
ဖြစ်ဖြစ် စိတ်ကိုကြည်လင်အောင် သီချင်းဆိုတတ်
တဲ့အကျင့်တစ်ခုရှိတယ်။ဒီအချက်ဟာ ရှောင်းကျန့်
ဒီနေရာကိုရွေးခဲ့ခြင်းရဲ့ ဒုတိယမြောက် အကြောင်း
ပြချက်တစ်ခုလည်းဖြစ်တယ်လို့ဆိုရမယ်။ဒီလိုနေရာ
မျိုးမှာသူသီချင်းဆိုတာကို ဘယ်သူမှမကြားနိုင်ဘူးလေ။

ထုံးစံအတိုင်းပဲ ရှောင်းကျန့်ကစိတ်ကိုစုစည်းပြီး
Sakuraပန်းနံ့ကိုရှူ ရှိုက်လိုက်တယ်။ ခနအကြာမှာတော့ ခပ်တိုးတိုးသီချင်းညီးသံနဲ့အတူ ချိုသာပြီး
အေးမြတဲ့သီချင်းသံကိုကြားလိုက်ရတယ်။

🎵That we got one life..one world

So let's come together...
We'll weather the storm...

A rain of colors....
Look up to the sky....

We're all made of shooting stars..

We are made to love...
We are made to love....🎵

ရုတ်တရက် အနောက်ကနေခြေသံကြားလိုက်ရတာ​ကြောင့်ရှောင်းကျန့် သီချင်းဆိုနေတာရပ်သွား
တယ်။

"ဘယ်သူလဲ"

ရှောင်းကျန့်အသံပေးလိုက်တော့မှ တစ်ဖက်ကလည်းအသံပြန်ထွက်လာတယ်။တစ်ဖက်ကထွက်လာတဲ့ အသံကဩရှရှနဲ့ ချိုတဲ့ဘက်ကိုသွားတယ်။

"အာ...ဆက်ဆိုပါ။ အစ်ကို့အသံကအရမ်းကောင်းလို့ နားထောင်နေမိတာ"

ွှရွှင်မြူးမြူးအသံကိုကြားလိုက်ရအပြီးမှာတော့
ရှောင်းကျန့်ကမှတ်ချက်တစ်ခုချလိုက်တယ်။

ပွင့်လင်းလွန်းတယ်။တကယ်ဆို ခွင့်မတောင်းပဲ
နားထောင်မိခဲ့တဲ့အတွက်တောင်းပန်ပါတယ်
ဆိုတဲ့စကားကိုသုံးသင့်ပေမယ့် ဆက်ဆိုပါဆိုပြီး
အမိန့်ဆန်ဆန် တောင်းဆိုမှုသဘောရောက်တဲ့
စကားကိုသုံးသွားပုံအရ ဒီလူဟာ ပွင့်လင်းပြီး
ရင်းနှီးလွယ်လွန်းတယ်။ဒီလောက်ဆိုရပြီ......။
ပစ္စည်းတွေကိုသိမ်းလို့နေရာကနေထွက်လာခဲ့တယ်။
ဒီလိုလူတွေကပဲ စောက်ရမ်းစိတ်ဒုက္ခပေးတတ်ကြ
တာမို့ ရှောင်းကျန့်ကတော့ ဝေးဝေးကရှောင်တယ်။

ထင်ထားတဲ့အတိုင်းပါပဲ။ထိုလူကပိုင်ဆိုးပိုင်နင်းဆန်
လွန်းစွာနဲ့ ရှောင်းကျန့်နောက်ကလိုက်လာတယ်။
စကားတွေပြောနေတာကိုသိပေမယ့် လျစ်လျူ ရှု
ထားလိုက်တယ်။ ဒါဟာရှောင်းကျန့်အကျွမ်းကျင်ဆုံး
အလုပ်။ဒီလိုလူတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆို
တာကိုရှောင်းကျန့်ကကောင်းကောင်းနားလည်တယ်။
တကယ်တော့ ဒီလူတွေဟာattentionရဖို့ကြိုးစား
နေတာလို့ ရှောင်းကျန့်ကမြင်တယ်။ကိုယ့်ဘက်က
လျစ်လျူ ရှုနိုင်လေ သူတို့ဘက်ကလက်လျှော့သွား
လေပဲ။ စိတ်ဝင်စားစရာမကောင်းတဲ့ ရုပ်ရှင်ကို
ဘယ်သူမှမကြည့်သလိုမျိုးပေါ့။ဒါကြောင့်လည်း
ရှောင်းကျန့်က တတ်နိုင်သမျှ လူစိတ်မဝင်စားအောင်
နေပါတယ်။ အာရုံစိုက်ခံရခြင်းတွေက မွန်းကြပ်စေတာမို့...။

ရှောင်းကျန့်ခန့်မှန်းထားတဲ့အတိုင်း 15မိနစ်လောက်လမ်းလျှောက်အပြီးမှာတော့ အနောက်ကခြေသံ
တွေကတိတ်သွားတော့တယ်။ ရှောင်းကျန့်ဟာ
ကစားလို့မကောင်းတဲ့ အရုပ်တစ်ရုပ်မှန်း နားလည်
သွားပြီထင်ပါရဲ့။

ဖြတ်ရခက်မယ့်ကြိုးတွေနဲ့အချည်နှောင်မခံချင်ဘူး။
ပူမှန်းသိမယ့် မီးထဲကိုလည်းခုန်မဆင်းချင်ဘူး။
တစ်နေ့ပြန်ထွက်သွားမယ့်ဧည့်သည်ကို
ရှောင်းကျန့်ဟာ ကြိုဆိုမနေခဲ့ပါဘူး။
တကယ်တော့ အထီးကျန်ခြင်းကရှောင်ကျန့်ကို
ရွေးခဲ့တာမဟုတ်ဘူး။
ရှောင်းကျန့်ကသာ အထီးကျန်ခြင်းကိုရွေးခြယ်ခဲ့တာ။
တစ်နည်းအားဖြင့် ဆိတ်ငြိမ်စွာအေးချမ်းခြင်းကို
ရှောင်းကျန့်ကရွေးချယ်ခဲ့ပါတယ်။
________________________________

Continue Reading

You'll Also Like

93.2K 11.3K 200
Book 1 နဲ့ 2 ကို ဒီအကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်
184K 18.7K 38
What's wrong with Professor Wang?
49.4K 3.2K 21
It's a simple student sweet love story WangYibo - 🐰Dearest Baby🐰 XiaoZhan -🦁Dearest Ko Ko Photo Crd
174K 13.6K 41
​အေး​အေး ငြိမ့်ငြိမ့်​လေးပါပဲ။ စာ​ရေးသူအသစ်မို့ လိုအပ်ချက်​တွေအများကြီးရှိပါ​သေးသည်။