Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 192

5.4K 856 14
By Dancing_Breeze

[Zawgyi]

<ေက်ာင္းဆရာဝန္အန္ကယ္ အဖဲြ႕ထဲဝင္ျခင္း>

Phoenixေျပာတာကို ေက်ာင္းဆရာဝန္အန္ကယ္ၾကားတဲ့အခါ သူက မ်က္ခံုးပင့္လိုက္ၿပီး သူမကိုလွည့္ၾကည့္ေလသည္။ Phoenixက မသိမသာျဖင့္ ရင္အနည္းငယ္ခ်ီလိုက္ကာ ထပ္ေျပာသည္။

"ရွင္ ဘယ္ကိုသြားဖို႔စီစဥ္ထားလဲ?"

ေက်ာင္းဆရာဝန္အန္ကယ္က မ်က္မွန္ကိုအနည္းငယ္ပင့္တင္လိုက္သည္။

"မင္းတို႔ေရာ ဘယ္သြားဖို႔စီစဥ္ထားလဲ? ငါလိုက္ခဲ့မယ္။"

ဒါကိုၾကားတဲ့အခါ သူမကိုပိုမိုလွပသြားေစတဲ့အၿပံဳးတစ္ပြင့္က Phoenixရဲ႕မ်က္နွာေပၚမွာ ပြင့္လန္းလာသည္။ သို႔ေသာ္လည္း Wolfရဲ႕အမူအရာကေတာ့ ေအးစက္ေနဆဲပင္ျဖစ္၏။

ဒါက ေက်ာင္းဆရာဝန္အန္ကယ္ အဖဲြ႕ထဲဘယ္လိုဝင္လိုက္သလဲဆိုတာပင္ျဖစ္သည္။ သူက Phoenixသြားခိုင္းတဲ့ေနရာတိုင္းကို ကားေမာင္းသြားသည္။ ေဒါသကိုတစ္ခ်ိန္လံုးခ်ဳပ္တီးထားရတာေၾကာင့္ Wolfကေတာ့ သုန္မႈန္ေနေခ်ၿပီ။ သူတို႔ zombieေတြနဲ႔ရင္ဆိုင္ရတဲ့အခ်ိန္တိုင္း Wolfက သူ႔ေဒါသေတြအတြက္ထြက္ေပါက္ရွာဖို႔ အရင္ဆံုးေျပးကာ ရင္ဆိုင္တတ္၏။

Phoenixက ေက်ာင္းဆရာဝန္အန္ကယ္အေပၚ ပိုပိုၿပီးယံုၾကည္စျပဳလာသည္။ တစ္ဖက္မွာေတာ့ ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕မ်က္မွန္က အလင္းျပန္ေနတာကိုေတြ႕တဲ့အခါတိုင္း နဥ္ရႈတစ္ေယာက္ ေက်ာခ်မ္းေနေတာ့သည္။

Phoenixက ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕ေရွ႕မွာ ရွက္သလို၊ေၾကာက္သလိုလုပ္ေနတာကို ျမင္တဲ့အခါ သူမ ပိုၿပီးေတာ့ေတာင္ ထိတ္လန္႔တုန္လႈပ္လာတတ္၏။

အန္ကယ္ေရ...ရွင္က အမ်ိဳးသားဇာတ္လိုက္ကို လံုးဝျဖဳတ္ခ်မယ့္လမ္းၾကာင္းေပၚမွာပဲ! အား!

ကမၻာပ်က္ကပ္က လက္ေတြ႕ဆန္လြန္းလွသည္။ ဒီလိုေဝးကြာေခါင္လွမ္းတဲ့ပတ္ဝန္းက်င္မွာ ကမၻာဦးလူသားေတြရဲ႕အက်သ့္စရိုက္ေတြ ျပန္လည္ထြန္းကားလာေတာ့မွာျဖစ္သည္။ လူသားမ်ိဳးႏြယ္ေတြ အရင္တည္းက လိုက္နာက်င့္သံုးခဲ့တဲ့ "အားႀကီးတဲ့သူက အားနည္းသူကိုနိုင္တယ္"ဆိုတဲ့ ရက္စက္လြန္းေသာအခ်က္ကို ေဖာ္ျပေနေလသည္။

အားႀကီးတဲ့သူကို ကိုးကြယ္ၿပီးလိုက္နာၾကတာဟာ ပင္ကိုယ္ဗီဇအရျဖစ္လာတာပင္။

ေက်ာင္းဆရာဝန္အန္ကယ္က ဆန္းသစ္တဲ့ဘက္နက္အမ်ားအျပားပိုင္ဆိုင္ၿပီး ကြၽမ္းကြၽမ္းက်င္က်င္အသံုးျပဳနိုင္တာေၾကာင့္ zombieေတြနဲ႔ရင္ဆိုင္ရတဲ့အခါတိုင္း ဘယ္ေသာအခါမ်ွ ေၾကာက္လန္႔ျခင္းမရွိေပ။ အံ့ၾသစရာအေကာင္းဆံုးအခ်က္ကေတာ့ ဒီလူက ကမၻာပ်က္ကပ္မွာေန,ေနတယ္လို႔ မထင္ရျခင္းျဖစ္၏။ သူ႔အဝတ္အစားေတြက အစဥ္အၿမဲသန္႔ရွင္းေနၿပီး လက္သည္းေတြကိုလည္း အၿမဲလိုလိုတိတိရိရိညႇပ္ထားကာ သူ႔အေပၚမွာ အညစ္အေၾကးတစ္စေလးပင္ၿငိတြယ္ျခင္းမရွိတာေၾကာင့္ သူ႔ကို ပိုလို႔ပင္ဆဲြေဆာင္မႈရွိေနေစ၏။

ယွဥ္ၾကည့္ရလ်ွင္ Wolfက ေၾကာ့ရွင္းမႈလံုးဝမရွိဘဲ zombieေတြကို ေဒါသထြက္စြာျဖင့္ အစဥ္အၿမဲခုတ္ပိုင္းတတ္ေသာေၾကာင့္ သူ႔အဝတ္အစားေတြက ညစ္ပတ္ေပေရေနကာ အၿမဲတမ္းလိုလို ေခြၽးေတြျဖင့္ရဲႊနစ္ေနေလ၏။

ေက်ာင္းဆရာဝန္ပန္ကယ္နွင့္ယွဥ္လ်ွင္္ သူကအညစ္အေၾကးတံုးႀကီးပင္။ သူ႔ရဲ႕ အမ်ိဳးသားဇာတ္လိုက္ေရာင္ဝါက အရမ္းကိုေမွးမွိန္ေနၿပီး ျမင္နိုင္ရံုမ်ွသာရွိသည္။

သို႔ေသာ္လည္း နဥ္ရႈကေတာ့ သူတို႔နဲ႔အတူခရီးသြားေနစဥ္အတြင္း Phoenixရဲ႕ ရည္႐ြယ္ခ်က္ကို ပိုစိတ္ဝင္စားေလ၏။ သူတို႔ရက္ေပါင္းမ်ားစြာ ထပ္မံရွာေဖြခဲ့ေသာ္လည္း မ်ိဳးရိုးဗီဇအဆီအနွစ္ကို ထပ္မေတြ႕ရေတာ့ေပ။

နဥ္ရႈ သူမရဲ႕အိတ္ကပ္ထဲက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ထိလိုက္သည္။ ဒီမ်ိဳးရိုးဗီဇအဆီအနွစ္က သူမzombieလက္ထဲက ယူခဲ့တဲ့တစ္ခုပင္ျဖစ္သည္။ သို႔ေသာ္လည္း ဘူးကညစ္ပတ္ေနသျဖင့္ ေက်ာင္းဆရာဝန္အန္ကယ္က မယူခဲ့ေပ။ ထို႔ေနာက္တြင္လည္း အဆီအနွစ္အေၾကာင္းထပ္မေမးေတာ့ေခ်။

နဥ္ရႈကလည္း ဒီမ်ိဳးရိုးဗီဇအဆီအနွစ္ပုလင္းကို ေက်ာင္းဆရာဝန္အန္ကယ္လက္ထဲ မိုက္မဲစြာမအပ္ရဲေပ။ ဒီမ်ိဳးရိုးဗီဇအဆီအနွစ္က ကမၻာႀကီးကို ဘယ္လုိလုပ္ၿပီး ဒီလိုပံုစံျဖစ္သြားေစသလဲဆိုတာ သူမသိခ်င္ေနေပ၏။

မူလခႏၶာရွင္ရဲ႕မွတ္ဥာဏ္အရေတာ့ လူသားေတြရဲ႕ဗီဇကိုျမႇင့္တင္ၿပီး ပိုမိုသန္မာလာေစခ်င္တာက နိုင္ငံေတာ္ျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္က သူမကိုေျပာခဲ့သည္။ ဒါကိုသုေတသနျပဳလုပ္ဖို႔တာဝန္ရွိသူက Psychoလို႔သိၾကတဲ့ မ်ိဳးရိုးဗီဇသိပၸံပညာရွင္ျဖစ္သည္။ သို႔ေသာ္လည္း သူအမွန္တကယ္ေအာင္ျမင္သြားလိမ့္မယ္လို႔ သူတို႔မထင္ထားၾကေခ်။

ကံမေကာင္းစြာျဖင့္ လူတိုင္းကေတာ့ သန္မာမလာနိုင္ေခ်။ လူေတြထဲက ငါးဆယ္ရာခိုင္နႈန္းကသာ သူတို႔ကိုယ္ထဲက ပိုအဆင့္ျမင့္တဲ့ဗီဇေတြကို နိုးထလာေအာင္လုပ္နိုင္ၿပီး အထူးစြမ္းရည္ေတြကိုရရွိနိုင္ၾကသည္။ သို႔ေသာ္လည္း က်န္ငါးဆယ္ရာနႈန္းကေတာ့ နာက်င္မႈလည္းမရွိဘဲ စားဖို႔သာသိတဲ့ အလြန္အင္မတန္သန္မာတဲ့ မေကာင္းဆိုး႐ြားေတြျဖစ္သြားၾကသည္။ ထပ္ေျပာရလ်ွင္ ထိုမေကာင္းဆိုး႐ြားမ်ားမွာ လူေတြကို သူတို႔လိုျဖစ္ေအာင္ေျပာင္းလဲနိုင္တဲ့ ဗိုင္းရပ္(စ္)တစ္မိ်ိဳးပါရွိေနျပန္သည္။

ဒီကိစၥအတြက္တာဝန္ရွိသူျဖစ္တဲ့ အန္ကယ္ကေတာ့ သူ႔ပစၥည္းေတြကိုယူၿပီး ထြက္ေျပးသြားခဲ့ေလ၏။ မၾကာခင္မွာပဲဟမေကာင္းဆိုး႐ြားေတြက စမ္းသပ္ခန္းကိုခ်ိဳးေဖာက္ကာထြက္လာၾကၿပီး ကမၻာႀကီးကို စတင္ဖ်က္ဆီးေတာ့သည္။

စမ္းသပ္ခန္းထဲမွာ သူတို႔ရဲ႕စြမ္းရည္ေတြကို ကံေကာင္းေထာက္မကာ ေအာင္ျမင္စြာနႈိးဆြနိုင္ခဲ့တဲ့သူေတြကိုေတာ့ နိုင္ငံေတာ္ကေ႐ြးခ်ယ္လိုက္ၿပီး သူမတို႔အသင္းကေတာ့ အန္ကယ္ သူနဲ႔အတူယူသြားတဲ့ မ်ိဳးရိုးဗီဇအဆီအနွစ္ကိုရွာဖို႔ တာဝန္ေပးအပ္ျခင္းခံရေလသည္။ Wlof နဲ႔ Phoenixက မ်ိဳးရိုးဗီဇအဆီအနွစ္ရဲ႕ အသံုးဝင္ပံုကိုသိတာေၾကာင့္ ေနာက္ဆံုးမွာေတာ့ တိုင္းျပည္ကိုသစၥာေဖာက္ၿပီး မ်ိဳးရိုးဗီဇအဆီအနွစ္ကို သူတို႔အတြက္ သိမ္းဆည္းထားဖို႔ဆံုးျဖတ္လိုက္ၾကသည္။

အန္ကယ္...ရွင္ အမ်ားႀကီးဖ်က္ဆီးခဲ့တာပဲ။

ၿပီးေတာ့ အန္ကယ္ ဒီအုပ္စုနဲ႔ ေန,ေနတာကေရာ ဘာအတြက္လဲ? သူက အမ်ိဳးသမီးဇာတ္လိုက္ေတြကို ခဲြစိတ္ရတာ စဲြလန္းေနတာလား?

"ဒီကိုလာ။"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို ေခြးေလးတစ္ေကာင္လို လက္ယပ္ေခၚေလ၏။ နဥ္ရႈ မည္းေမွာင္ေနတဲ့အမူအရာနဲ႔ေလ်ွာက္သြားၿပီး ေမးလိုက္သည္။

"အဲ့ဒါက ဘာႀကီးလဲအန္ကယ္?"

"ပိုနီးေအာင္တိုးလာစမ္းပါ။ ဒီစတီးေခ်ာင္းကိုခ်ိဳးလိုက္။"

ေက်ာင္းဆရာဝန္အန္ကယ္က ခိုင္ခံ့ကာ တစ္လက္မမ်ွထူသည့္ စတီးေခ်ာင္းကို ညႊန္ျပရင္းေျပာလာသည္။

နဥ္ရႈ : ေသာက္က်ဳိးနည္း!
.....

[Unicode]

<ကျောင်းဆရာဝန်အန်ကယ် အဖွဲ့ထဲဝင်ခြင်း>

Phoenixပြောတာကို ကျောင်းဆရာဝန်အန်ကယ်ကြားတဲ့အခါ သူက မျက်ခုံးပင့်လိုက်ပြီး သူမကိုလှည့်ကြည့်လေသည်။ Phoenixက မသိမသာဖြင့် ရင်အနည်းငယ်ချီလိုက်ကာ ထပ်ပြောသည်။

"ရှင် ဘယ်ကိုသွားဖို့စီစဉ်ထားလဲ?"

ကျောင်းဆရာဝန်အန်ကယ်က မျက်မှန်ကိုအနည်းငယ်ပင့်တင်လိုက်သည်။

"မင်းတို့ရော ဘယ်သွားဖို့စီစဉ်ထားလဲ? ငါလိုက်ခဲ့မယ်။"

ဒါကိုကြားတဲ့အခါ သူမကိုပိုမိုလှပသွားစေတဲ့အပြုံးတစ်ပွင့်က Phoenixရဲ့မျက်နှာပေါ်မှာ ပွင့်လန်းလာသည်။ သို့သော်လည်း Wolfရဲ့အမူအရာကတော့ အေးစက်နေဆဲပင်ဖြစ်၏။

ဒါက ကျောင်းဆရာဝန်အန်ကယ် အဖွဲ့ထဲဘယ်လိုဝင်လိုက်သလဲဆိုတာပင်ဖြစ်သည်။ သူက Phoenixသွားခိုင်းတဲ့နေရာတိုင်းကို ကားမောင်းသွားသည်။ ဒေါသကိုတစ်ချိန်လုံးချုပ်တီးထားရတာကြောင့် Wolfကတော့ သုန်မှုန်နေချေပြီ။ သူတို့ zombieတွေနဲ့ရင်ဆိုင်ရတဲ့အချိန်တိုင်း Wolfက သူ့ဒေါသတွေအတွက်ထွက်ပေါက်ရှာဖို့ အရင်ဆုံးပြေးကာ ရင်ဆိုင်တတ်၏။

Phoenixက ကျောင်းဆရာဝန်အန်ကယ်အပေါ် ပိုပိုပြီးယုံကြည်စပြုလာသည်။ တစ်ဖက်မှာတော့ ကျောင်းဆရာဝန်အန်ကယ်ရဲ့မျက်မှန်က အလင်းပြန်နေတာကိုတွေ့တဲ့အခါတိုင်း နဉ်ရှုတစ်ယောက် ကျောချမ်းနေတော့သည်။

Phoenixက ကျောင်းဆရာဝန်အန်ကယ်ရဲ့ရှေ့မှာ ရှက်သလို၊ကြောက်သလိုလုပ်နေတာကို မြင်တဲ့အခါ သူမ ပိုပြီးတော့တောင် ထိတ်လန့်တုန်လှုပ်လာတတ်၏။

အန်ကယ်ရေ...ရှင်က အမျိုးသားဇာတ်လိုက်ကို လုံးဝဖြုတ်ချမယ့်လမ်းကြာင်းပေါ်မှာပဲ! အား!

ကမ္ဘာပျက်ကပ်က လက်တွေ့ဆန်လွန်းလှသည်။ ဒီလိုဝေးကွာခေါင်လှမ်းတဲ့ပတ်ဝန်းကျင်မှာ ကမ္ဘာဦးလူသားတွေရဲ့အကျသ့်စရိုက်တွေ ပြန်လည်ထွန်းကားလာတော့မှာဖြစ်သည်။ လူသားမျိုးနွယ်တွေ အရင်တည်းက လိုက်နာကျင့်သုံးခဲ့တဲ့ "အားကြီးတဲ့သူက အားနည်းသူကိုနိုင်တယ်"ဆိုတဲ့ ရက်စက်လွန်းသောအချက်ကို ဖော်ပြနေလေသည်။

အားကြီးတဲ့သူကို ကိုးကွယ်ပြီးလိုက်နာကြတာဟာ ပင်ကိုယ်ဗီဇအရဖြစ်လာတာပင်။

ကျောင်းဆရာဝန်အန်ကယ်က ဆန်းသစ်တဲ့ဘက်နက်အများအပြားပိုင်ဆိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တာကြောင့် zombieတွေနဲ့ရင်ဆိုင်ရတဲ့အခါတိုင်း ဘယ်သောအခါမျှ ကြောက်လန့်ခြင်းမရှိပေ။ အံ့သြစရာအကောင်းဆုံးအချက်ကတော့ ဒီလူက ကမ္ဘာပျက်ကပ်မှာနေ,နေတယ်လို့ မထင်ရခြင်းဖြစ်၏။ သူ့အဝတ်အစားတွေက အစဉ်အမြဲသန့်ရှင်းနေပြီး လက်သည်းတွေကိုလည်း အမြဲလိုလိုတိတိရိရိညှပ်ထားကာ သူ့အပေါ်မှာ အညစ်အကြေးတစ်စလေးပင်ငြိတွယ်ခြင်းမရှိတာကြောင့် သူ့ကို ပိုလို့ပင်ဆွဲဆောင်မှုရှိနေစေ၏။

ယှဉ်ကြည့်ရလျှင် Wolfက ကြော့ရှင်းမှုလုံးဝမရှိဘဲ zombieတွေကို ဒေါသထွက်စွာဖြင့် အစဉ်အမြဲခုတ်ပိုင်းတတ်သောကြောင့် သူ့အဝတ်အစားတွေက ညစ်ပတ်ပေရေနေကာ အမြဲတမ်းလိုလို ချွေးတွေဖြင့်ရွှဲနစ်နေလေ၏။

ကျောင်းဆရာဝန်ပန်ကယ်နှင့်ယှဉ်လျှင် သူကအညစ်အကြေးတုံးကြီးပင်။ သူ့ရဲ့ အမျိုးသားဇာတ်လိုက်ရောင်ဝါက အရမ်းကိုမှေးမှိန်နေပြီး မြင်နိုင်ရုံမျှသာရှိသည်။

သို့သော်လည်း နဉ်ရှုကတော့ သူတို့နဲ့အတူခရီးသွားနေစဉ်အတွင်း Phoenixရဲ့ ရည်ရွယ်ချက်ကို ပိုစိတ်ဝင်စားလေ၏။ သူတို့ရက်ပေါင်းများစွာ ထပ်မံရှာဖွေခဲ့သော်လည်း မျိုးရိုးဗီဇအဆီအနှစ်ကို ထပ်မတွေ့ရတော့ပေ။

နဉ်ရှု သူမရဲ့အိတ်ကပ်ထဲက မျိုးရိုးဗီဇအဆီအနှစ်ကို ထိလိုက်သည်။ ဒီမျိုးရိုးဗီဇအဆီအနှစ်က သူမzombieလက်ထဲက ယူခဲ့တဲ့တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း ဘူးကညစ်ပတ်နေသဖြင့် ကျောင်းဆရာဝန်အန်ကယ်က မယူခဲ့ပေ။ ထို့နောက်တွင်လည်း အဆီအနှစ်အကြောင်းထပ်မမေးတော့ချေ။

နဉ်ရှုကလည်း ဒီမျိုးရိုးဗီဇအဆီအနှစ်ပုလင်းကို ကျောင်းဆရာဝန်အန်ကယ်လက်ထဲ မိုက်မဲစွာမအပ်ရဲပေ။ ဒီမျိုးရိုးဗီဇအဆီအနှစ်က ကမ္ဘာကြီးကို ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်သွားစေသလဲဆိုတာ သူမသိချင်နေပေ၏။

မူလခန္ဓာရှင်ရဲ့မှတ်ဥာဏ်အရတော့ လူသားတွေရဲ့ဗီဇကိုမြှင့်တင်ပြီး ပိုမိုသန်မာလာစေချင်တာက နိုင်ငံတော်ဖြစ်တယ်လို့ ဗိုလ်ချုပ်က သူမကိုပြောခဲ့သည်။ ဒါကိုသုတေသနပြုလုပ်ဖို့တာဝန်ရှိသူက Psychoလို့သိကြတဲ့ မျိုးရိုးဗီဇသိပ္ပံပညာရှင်ဖြစ်သည်။ သို့သော်လည်း သူအမှန်တကယ်အောင်မြင်သွားလိမ့်မယ်လို့ သူတို့မထင်ထားကြချေ။

ကံမကောင်းစွာဖြင့် လူတိုင်းကတော့ သန်မာမလာနိုင်ချေ။ လူတွေထဲက ငါးဆယ်ရာခိုင်နှုန်းကသာ သူတို့ကိုယ်ထဲက ပိုအဆင့်မြင့်တဲ့ဗီဇတွေကို နိုးထလာအောင်လုပ်နိုင်ပြီး အထူးစွမ်းရည်တွေကိုရရှိနိုင်ကြသည်။ သို့သော်လည်း ကျန်ငါးဆယ်ရာနှုန်းကတော့ နာကျင်မှုလည်းမရှိဘဲ စားဖို့သာသိတဲ့ အလွန်အင်မတန်သန်မာတဲ့ မကောင်းဆိုးရွားတွေဖြစ်သွားကြသည်။ ထပ်ပြောရလျှင် ထိုမကောင်းဆိုးရွားများမှာ လူတွေကို သူတို့လိုဖြစ်အောင်ပြောင်းလဲနိုင်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါရှိနေပြန်သည်။

ဒီကိစ္စအတွက်တာဝန်ရှိသူဖြစ်တဲ့ အန်ကယ်ကတော့ သူ့ပစ္စည်းတွေကိုယူပြီး ထွက်ပြေးသွားခဲ့လေ၏။ မကြာခင်မှာပဲဟမကောင်းဆိုးရွားတွေက စမ်းသပ်ခန်းကိုချိုးဖောက်ကာထွက်လာကြပြီး ကမ္ဘာကြီးကို စတင်ဖျက်ဆီးတော့သည်။

စမ်းသပ်ခန်းထဲမှာ သူတို့ရဲ့စွမ်းရည်တွေကို ကံကောင်းထောက်မကာ အောင်မြင်စွာနှိုးဆွနိုင်ခဲ့တဲ့သူတွေကိုတော့ နိုင်ငံတော်ကရွေးချယ်လိုက်ပြီး သူမတို့အသင်းကတော့ အန်ကယ် သူနဲ့အတူယူသွားတဲ့ မျိုးရိုးဗီဇအဆီအနှစ်ကိုရှာဖို့ တာဝန်ပေးအပ်ခြင်းခံရလေသည်။ Wlof နဲ့ Phoenixက မျိုးရိုးဗီဇအဆီအနှစ်ရဲ့ အသုံးဝင်ပုံကိုသိတာကြောင့် နောက်ဆုံးမှာတော့ တိုင်းပြည်ကိုသစ္စာဖောက်ပြီး မျိုးရိုးဗီဇအဆီအနှစ်ကို သူတို့အတွက် သိမ်းဆည်းထားဖို့ဆုံးဖြတ်လိုက်ကြသည်။

အန်ကယ်...ရှင် အများကြီးဖျက်ဆီးခဲ့တာပဲ။

ပြီးတော့ အန်ကယ် ဒီအုပ်စုနဲ့ နေ,နေတာကရော ဘာအတွက်လဲ? သူက အမျိုးသမီးဇာတ်လိုက်တွေကို ခွဲစိတ်ရတာ စွဲလန်းနေတာလား?

"ဒီကိုလာ။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို ခွေးလေးတစ်ကောင်လို လက်ယပ်ခေါ်လေ၏။ နဉ်ရှု မည်းမှောင်နေတဲ့အမူအရာနဲ့လျှောက်သွားပြီး မေးလိုက်သည်။

"အဲ့ဒါက ဘာကြီးလဲအန်ကယ်?"

"ပိုနီးအောင်တိုးလာစမ်းပါ။ ဒီစတီးချောင်းကိုချိုးလိုက်။"

ကျောင်းဆရာဝန်အန်ကယ်က ခိုင်ခံ့ကာ တစ်လက်မမျှထူသည့် စတီးချောင်းကိုညွှန်ပြရင်းပြောလာသည်။

နဉ်ရှု : သောက်ကျိုးနည်း!
.....







Continue Reading

You'll Also Like

76.8K 8.2K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
66K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
103K 13.6K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
81.8K 7.7K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...