Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 191

5.3K 832 14
By Dancing_Breeze

[Zawgyi]

<အုပ္စုထဲမွာ လူသံုးေယာက္ပဲက်န္>

ေက်ာင္းဆရာဝန္အန္ကယ္ေနာက္ကို လိုက္ေအာင္ ေတာင္းဆိုဖို႔ Phoenixမွာ အေၾကာင္းျပခ်က္ေကာင္းေကာင္းရွိသည္။ သူမတို႔က ဘယ္မွာမွန္းမသိတဲ့ေနရာအလယ္ကိုေရာက္ေနၿပီး နယ္စပ္နဲ႔နီးလာတာေတာင္ လူတစ္ေယာက္မွမရွိေခ်။ ထပ္ၿပီးေျပာရလ်ွင္ သူမတို႔မွာ သယ္ယူစရာ အေထာက္အပံ့ပစၥည္းေတြ အမ်ားႀကီးရွိေနသည္။ ဒီပစၥည္းေတြကို သူတို႔ေက်ာေပၚမွာပဲသယ္ၿပီး ကိုယ့္ကိုကိုယ္အားကိုးၿပီး လမ္းေလ်ွာက္ဖို႔ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?

ဒါ့အျပင္ အုပ္စုထဲမွာ လူသံုးေယာက္ပဲရွိေတာ့သည္။ သူမ၊ Wolf နဲ႔ Sipderတို႔ပင္ျဖစ္သည္။ မသိစိတ္ရဲ႕ေစ့ေဆာ္မႈအရ Phoenixက နဥ္ရႈကို အုပ္စုထဲကေန ထုတ္လိုက္ၿပီျဖစ္သည္။

Zombieေတြနဲ႔ တိုးရင္သူမတို႔ဘယ္လိုလုပ္ၾကမွာလဲ? ဒီပစၥည္းေတြကိုသယ္ၿပီး သူမတို႔ zombieေတြေရွ႕က ေျပးနိုင္ပါ့မလား? ဗီဇကဲြအသြင္ေျပာင္းzombieတစ္ေကာင္နဲ႔ရင္ဆိုင္ရရင္ေရာ သူမတို႔ဘာလုပ္မွာလဲ? သူမတို႔မွာ ဗီဇကဲြအသြင္ေျပာင္းzombieေတြနဲ႔ရင္ဆိုင္ဖို႔ နည္းလမ္းလံုးဝမရွိေပ!

သူက ဘာမဟုတ္တာေလးကို ပံုႀကီးခ်ဲ႕ေနတယ္ဆိုတာ Wolfသိေသာ္လည္း အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ သူ ထိုလူနဲ႔စကားမေျပာခ်င္ေပ။ ထိုလူက အရမ္းကိုအႏၱရာယ္မ်ားတဲ့ခံသားခ်က္ကိုေပးေနတာေၾကာင့္ သူနဲ႔အတူတူခရီးဆက္သြားဖို႔အႀကံကို Wolfအသည္းအသန္ျငင္းေနျခင္းျဖစ္သည္။

သို႔ေသာ္လည္း Phoenixမွာ အေၾကာင္းျပခ်က္ေကာင္းရွိသည္။ အုပ္စုထဲက က်န္လူက Phoenixဘက္က ရပ္တည္ေလသည္။ နွစ္ေယာက္တစ္ေယာက္ျဖစ္ေနတာေၾကာင့္ Wolfမွာ အေလ်ွာ႔ေပးဖို႔ကလဲြၿပီး ေ႐ြးခ်ယ္စရာမရွိေခ်။ Wolfက Phoenixရဲ႕လက္ကိုဆဲြၿပီးေျပာသည္္။

"မင္း သူနဲ႔ေဝးေဝးေနပါ။ သူ႔အၾကည့္ေတြက မင္းဆီမွာပဲရွိေနသလိုပဲ။ သူ႔မွာေကာင္းတဲ့ရည္႐ြယ္ခ်က္ မရွိနိုင္ဘူး။ မင္း သူလွည့္စားတာ မခံသင့္ဘူး။"

မေကာင္းတဲ့လူတစ္ေယာက္အျဖစ္ စြပ္စဲြခံေနရတဲ့ ေက်ာင္းဆရာဝန္အန္ကယ္ကေတာ့ Wolfရဲ႕စကားေတြကို အေရးစိုက္ျခင္း လံုးဝမရွိေပ။ သူ႔ရဲ႕ သည္းခံနိုင္စြမ္းကို နဥ္ရႈ မေလးစားပဲမေနနိုင္ေတာ့ေခ်။

အမွန္ေတာ့ Wolfက ေက်ာင္းဆရာဝန္အန္ကယ္နဲ႔ ဘာေၾကာင့္အတူတူဆက္မသြားခ်င္သလဲဆိုတာ သူမနားလည္ပါ၏။ ေက်ာင္းဆရာဝန္အန္ကယ္က အရမ္းကို သန္မာလြန္းသည္။ သူ႔ရဲ႕အရည္အခ်င္းေတြက အမ်ိဳးသားဇာတ္လိုက္ေရာင္ဝါကိုေတာင္ အျပည့္အဝလႊမ္းမိုးထားေပသည္။

အမ်ိဳးသားဇာတ္လိုက္ဆိုတာ ဘယ္လိုလူမ်ိဳးပါလဲ? သူေမြးတည္းက သူက လူတိုင္းထက္သာလြန္တယ္ဆိုတဲ့ အထက္စီးဆန္တဲ့စိတ္ထားမ်ိဳးရွိသူျဖစ္သည္။ စိတ္ႀကီးဝင္လြန္းတဲ့သူက တစ္စံုတစ္ေယာက္ရဲ႕ေနာက္က ဒုတိယေနရာမွာ ဘယ္လိုလုပ္ရပ္တည္နိုင္မွာလဲ?

သို႔ေသာ္လည္း အခုေတာ့ သူ႔ရဲ႕မခံမရပ္နိုင္ျဖစ္ေနမႈကို ၿမိဳသိပ္ထားရံုကလဲြၿပီး သူ႔မွာေရံးခ်ယ္စရာမရွိေပ။ သူက ေက်ာင္းဆရာဝန္အန္ကယ္ကို စူးစိုက္ၾကည့္ရင္းနဲ႔ပဲ ကားဆီကို ပစၥည္းေတြသယ္လာေလ၏။

ေက်ာင္းဆရာဝန္အန္ကယ္က သူ႔လက္သည္းေတြကိုပဲၾကည့္ေနၿပီး Wolfကို တစ္စက္ေလးမွအာရံုမစိုက္တာေၾကာင့္ Wolfမ်က္နွာဟာ ေဒါသထြက္လြန္းလို႔ ခရမ္းေရာင္ေျပာင္္းေနၿပီျဖစ္သည္။

ပစၥည္းေတြအကုန္လံုးကိုသယ္ၿပီးမွသာ လူသံုးေယာက္က ကားထဲဝင္လာၾကသည္။ နဥ္ရႈက ပ်င္းရိကာပူပင္ေၾကာင့္ၾကမဲ့ေနတာကို Spiderျမင္တဲ့အခါ မေက်မနပ္ေျပာေလေတာ့သည္။

"တစ္ခ်ိဳ႕လူေတြက ကူက်မကူညီခ်င္ၾကဘဲ စားဖို႔ပဲသိတယ္။"

ဒီလူကို သူမ ဘယ္လိုမ်ားေစာ္ကားခဲ့မိလို႔လဲဟင္? ဘာလို႔ သူက သူမအမွားေတြကိုပဲ လိုက္ၾကည့္ေနတာလဲ?

"ဘယ္လိုပဲျဖစ္ျဖစ္ ရွင္ပစၥည္းေတြအကုန္လံုး သယ္နိုင္ခဲ့တာပဲမဟုတ္ဘူးလား? ကြၽန္မ အဲ့မွာရွိရွိ၊ မရွိရွိ ဘာမွမထူးဘူး။"

ေက်ာင္းဆရာဝန္အန္ကယ္ရွိတာေၾကာင့္ နဥ္ရႈ မေၾကာက္မရံြ႕နဲ႔ ခပ္မာမာပဲျပန္ေျပာလိုက္ေလသည္။

"မင္း..!"

Spiderက လက္သီးကို ရုတ္ခနဲေျမႇာက္လိုက္ေသာ္လည္း ေက်ာင္းဆရာဝန္အန္ကယ္ကို ေၾကာက္ရံြ႕စြာၾကည့္ကာ ရပ္လိုက္ေလ၏။ ထို႔ေနာက္ သူက နဥ္ရႈကို စကားနာထိုးေလေတာ့သည္။

"မင္း အားကိုးဖို႔ အင္အားႀကီးတဲ့သူရွိတယ္ဆိုတာနဲ႔ပဲ ႂကြေစာင္းေစာင္းလုပ္မေနနဲ႔။"

နဥ္ရႈရဲ႕အမူအရာကေတာ့ မေခ်မငံျဖစ္ေနတုန္းပင္။

"Spider..ေတာ္ေတာ့။"

Phoenixက Spiderအား ႀကိမ္းေမာင္းလိုက္ၿပီး ေက်ာင္းဆရာဝန္အန္ကယ္ကို ေျပာလိုက္္သည္။

"ဒီကမိတ္ေဆြ..ရွင္ ေနာက္ထပ္ ဘယ္ေနရာကိုသြားဖို႔ စီစဥ္ထားလဲ?"

သူမ နားလည္မႈလဲြတာလား နဥ္ရႈမေျပာနိုင္ေပမယ့္ Phoenixရဲ႕အသံက ေက်ာင္းဆရာဝန္အန္ကယ္ကို စကားေျပာတဲ့အခါပိုၿပီးဆဲြေဆာင္မႈရွိေနသလားလို႔...။

ဒါေပမယ့္လည္း သိပ္ေတာ့မထူးဆန္းပါေပ။ သူတို႔လို အထူးေအးဂ်င့္ေတြက တာဝန္ေတြေအာင္ျမင္ဖို႔အတြက္ ရသမ်ွအခြင့္အေရးေတြအကုန္လံုးကို အသံုးခ်ၾကမွာပင္။ Phoenixရဲ႕ ရႈိက္ႀကီးဖိုငယ္အသြယ္သြယ္နဲ႔ကိုယ္လံုးကိုယ္ေပါက္ရယ္ လွပေၾကာ့ရွင္းတဲ့ မ်က္နွာရယ္က သူမရဲ႕ အႀကီးမားဆံုးအားသာခ်က္ေတြျဖစ္သည္။

ေနာက္ၾကည့္မွန္မွတစ္ဆင့္ နဥ္ရႈမ်က္နွာကိုၾကည့္လိုက္သည္။ သူမမ်က္နွာက မီးခိုးေရာင္သမ္းေနၿပီး ဦးေနွာက္အပိုင္းအစေပ်ာ့စိစိေတြ ကပ္ေနတုန္းျဖစ္သည္။ သာမန္ရုပ္ရည္ပဲျဖစ္ၿပီး ဆံပင္ေတြကလည္း ရႈပ္ပြေနေလ၏။

သူမရဲ႕ပံုစံကို အက်ဥ္းခ်ံဳးေဖာ္ျပနိုင္တဲ့ စကားလံုးေလးလံုးကေတာ့ - ၾကည့္ခ်င္စရာကိုမရွိဘူး။

နဥ္ရႈတစ္ေယာက္ သားနားေနတဲ့ အမ်ိဳးသမီးဇာတ္လိုက္samaကိုေခ်ာင္းၾကည့္လိုက္ၿပီး သူမရဲ႕ဆံပင္ေတြအနည္းငယ္သပ္ရပ္သြားေအာင္ တိတ္ဆိတ္စြာႀကိဳးပမ္းလိုက္ေလသည္။

ဘုရားသခင္...သူမက တကယ္ပဲ အမ်ိဳးသမီးဇာတ္လိုက္ရဲ႕ ယွဥ္ၿပိဳင္စရာေနာက္ခံေလးျဖစ္လာတာပဲ။ အုပ္စုထဲမွာ မိန္းကေလးနွစ္ေယာက္သာရွိသည္။ သူမရဲ႕တည္ရွိမႈက Phoenixရဲ႕အလွအပကို ေပၚလြင္ေစဖို႔ အျပည့္အဝေထာက္ခံထားေလ၏။ မူလခႏၶာရွင္ တည္ရွိေနရတဲ့အဓိကအေၾကာင္းအရင္းကို သူမသံသယျဖစ္လာသည္။

ဝမ္းနည္းဖို႔ေကာင္းလိုက္တာ!
......

[Unicode]

<အုပ်စုထဲမှာ လူသုံးယောက်ပဲကျန်>

ကျောင်းဆရာဝန်အန်ကယ်နောက်ကို လိုက်အောင် တောင်းဆိုဖို့ Phoenixမှာ အကြောင်းပြချက်ကောင်းကောင်းရှိသည်။ သူမတို့က ဘယ်မှာမှန်းမသိတဲ့နေရာအလယ်ကိုရောက်နေပြီး နယ်စပ်နဲ့နီးလာတာတောင် လူတစ်ယောက်မှမရှိချေ။ ထပ်ပြီးပြောရလျှင် သူမတို့မှာ သယ်ယူစရာ အထောက်အပံ့ပစ္စည်းတွေ အများကြီးရှိနေသည်။ ဒီပစ္စည်းတွေကို သူတို့ကျောပေါ်မှာပဲသယ်ပြီး ကိုယ့်ကိုကိုယ်အားကိုးပြီး လမ်းလျှောက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဒါ့အပြင် အုပ်စုထဲမှာ လူသုံးယောက်ပဲရှိတော့သည်။ သူမ၊ Wolf နဲ့ Sipderတို့ပင်ဖြစ်သည်။ မသိစိတ်ရဲ့စေ့ဆော်မှုအရ Phoenixက နဉ်ရှုကို အုပ်စုထဲကနေ ထုတ်လိုက်ပြီဖြစ်သည်။

Zombieတွေနဲ့ တိုးရင်သူမတို့ဘယ်လိုလုပ်ကြမှာလဲ? ဒီပစ္စည်းတွေကိုသယ်ပြီး သူမတို့ zombieတွေရှေ့က ပြေးနိုင်ပါ့မလား? ဗီဇကွဲအသွင်ပြောင်းzombieတစ်ကောင်နဲ့ရင်ဆိုင်ရရင်ရော သူမတို့ဘာလုပ်မှာလဲ? သူမတို့မှာ ဗီဇကွဲအသွင်ပြောင်းzombieတွေနဲ့ရင်ဆိုင်ဖို့ နည်းလမ်းလုံးဝမရှိပေ!

သူက ဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေတယ်ဆိုတာ Wolfသိသော်လည်း အကြောင်းတစ်ချို့ကြောင့် သူ ထိုလူနဲ့စကားမပြောချင်ပေ။ ထိုလူက အရမ်းကိုအန္တရာယ်များတဲ့ခံသားချက်ကိုပေးနေတာကြောင့် သူနဲ့အတူတူခရီးဆက်သွားဖို့အကြံကို Wolfအသည်းအသန်ငြင်းနေခြင်းဖြစ်သည်။

သို့သော်လည်း Phoenixမှာ အကြောင်းပြချက်ကောင်းရှိသည်။ အုပ်စုထဲက ကျန်လူက Phoenixဘက်က ရပ်တည်လေသည်။ နှစ်ယောက်တစ်ယောက်ဖြစ်နေတာကြောင့် Wolfမှာ အလျှော့ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။ Wolfက Phoenixရဲ့လက်ကိုဆွဲပြီးပြောသည်။

"မင်း သူနဲ့ဝေးဝေးနေပါ။ သူ့အကြည့်တွေက မင်းဆီမှာပဲရှိနေသလိုပဲ။ သူ့မှာကောင်းတဲ့ရည်ရွယ်ချက် မရှိနိုင်ဘူး။ မင်း သူလှည့်စားတာ မခံသင့်ဘူး။"

မကောင်းတဲ့လူတစ်ယောက်အဖြစ် စွပ်စွဲခံနေရတဲ့ ကျောင်းဆရာဝန်အန်ကယ်ကတော့ Wolfရဲ့စကားတွေကို အရေးစိုက်ခြင်း လုံးဝမရှိပေ။ သူ့ရဲ့ သည်းခံနိုင်စွမ်းကို နဉ်ရှု မလေးစားပဲမနေနိုင်တော့ချေ။

အမှန်တော့ Wolfက ကျောင်းဆရာဝန်အန်ကယ်နဲ့ ဘာကြောင့်အတူတူဆက်မသွားချင်သလဲဆိုတာ သူမနားလည်ပါ၏။ ကျောင်းဆရာဝန်အန်ကယ်က အရမ်းကို သန်မာလွန်းသည်။ သူ့ရဲ့အရည်အချင်းတွေက အမျိုးသားဇာတ်လိုက်ရောင်ဝါကိုတောင် အပြည့်အဝလွှမ်းမိုးထားပေသည်။

အမျိုးသားဇာတ်လိုက်ဆိုတာ ဘယ်လိုလူမျိုးပါလဲ? သူမွေးတည်းက သူက လူတိုင်းထက်သာလွန်တယ်ဆိုတဲ့ အထက်စီးဆန်တဲ့စိတ်ထားမျိုးရှိသူဖြစ်သည်။ စိတ်ကြီးဝင်လွန်းတဲ့သူက တစ်စုံတစ်ယောက်ရဲ့နောက်က ဒုတိယနေရာမှာ ဘယ်လိုလုပ်ရပ်တည်နိုင်မှာလဲ?

သို့သော်လည်း အခုတော့ သူ့ရဲ့မခံမရပ်နိုင်ဖြစ်နေမှုကို မြိုသိပ်ထားရုံကလွဲပြီး သူ့မှာရေံးချယ်စရာမရှိပေ။ သူက ကျောင်းဆရာဝန်အန်ကယ်ကို စူးစိုက်ကြည့်ရင်းနဲ့ပဲ ကားဆီကို ပစ္စည်းတွေသယ်လာလေ၏။

ကျောင်းဆရာဝန်အန်ကယ်က သူ့လက်သည်းတွေကိုပဲကြည့်နေပြီး Wolfကို တစ်စက်လေးမှအာရုံမစိုက်တာကြောင့် Wolfမျက်နှာဟာ ဒေါသထွက်လွန်းလို့ ခရမ်းရောင်ပြောင်းနေပြီဖြစ်သည်။

ပစ္စည်းတွေအကုန်လုံးကိုသယ်ပြီးမှသာ လူသုံးယောက်က ကားထဲဝင်လာကြသည်။ နဉ်ရှုက ပျင်းရိကာပူပင်ကြောင့်ကြမဲ့နေတာကို Spiderမြင်တဲ့အခါ မကျေမနပ်ပြောလေတော့သည်။

"တစ်ချို့လူတွေက ကူကျမကူညီချင်ကြဘဲ စားဖို့ပဲသိတယ်။"

ဒီလူကို သူမ ဘယ်လိုများစော်ကားခဲ့မိလို့လဲဟင်? ဘာလို့ သူက သူမအမှားတွေကိုပဲ လိုက်ကြည့်နေတာလဲ?

"ဘယ်လိုပဲဖြစ်ဖြစ် ရှင်ပစ္စည်းတွေအကုန်လုံး သယ်နိုင်ခဲ့တာပဲမဟုတ်ဘူးလား? ကျွန်မ အဲ့မှာရှိရှိ၊ မရှိရှိ ဘာမှမထူးဘူး။"

ကျောင်းဆရာဝန်အန်ကယ်ရှိတာကြောင့် နဉ်ရှု မကြောက်မရွံ့နဲ့ ခပ်မာမာပဲပြန်ပြောလိုက်လေသည်။

"မင်း..!"

Spiderက လက်သီးကို ရုတ်ခနဲမြှောက်လိုက်သော်လည်း ကျောင်းဆရာဝန်အန်ကယ်ကို ကြောက်ရွံ့စွာကြည့်ကာ ရပ်လိုက်လေ၏။ ထို့နောက် သူက နဉ်ရှုကို စကားနာထိုးလေတော့သည်။

"မင်း အားကိုးဖို့ အင်အားကြီးတဲ့သူရှိတယ်ဆိုတာနဲ့ပဲ ကြွစောင်းစောင်းလုပ်မနေနဲ့။"

နဉ်ရှုရဲ့အမူအရာကတော့ မချေမငံဖြစ်နေတုန်းပင်။

"Spider..တော်တော့။"

Phoenixက Spiderအား ကြိမ်းမောင်းလိုက်ပြီး ကျောင်းဆရာဝန်အန်ကယ်ကို ပြောလိုက်သည်။

"ဒီကမိတ်ဆွေ..ရှင် နောက်ထပ် ဘယ်နေရာကိုသွားဖို့ စီစဉ်ထားလဲ?"

သူမ နားလည်မှုလွဲတာလား နဉ်ရှုမပြောနိုင်ပေမယ့် Phoenixရဲ့အသံက ကျောင်းဆရာဝန်အန်ကယ်ကို စကားပြောတဲ့အခါပိုပြီးဆွဲဆောင်မှုရှိနေသလားလို့...။

ဒါပေမယ့်လည်း သိပ်တော့မထူးဆန်းပါပေ။ သူတို့လို အထူးအေးဂျင့်တွေက တာဝန်တွေအောင်မြင်ဖို့အတွက် ရသမျှအခွင့်အရေးတွေအကုန်လုံးကို အသုံးချကြမှာပင်။ Phoenixရဲ့ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နဲ့ကိုယ်လုံးကိုယ်ပေါက်ရယ် လှပကြော့ရှင်းတဲ့ မျက်နှာရယ်က သူမရဲ့ အကြီးမားဆုံးအားသာချက်တွေဖြစ်သည်။

နောက်ကြည့်မှန်မှတစ်ဆင့် နဉ်ရှုမျက်နှာကိုကြည့်လိုက်သည်။ သူမမျက်နှာက မီးခိုးရောင်သမ်းနေပြီး ဦးနှောက်အပိုင်းအစပျော့စိစိတွေ ကပ်နေတုန်းဖြစ်သည်။ သာမန်ရုပ်ရည်ပဲဖြစ်ပြီး ဆံပင်တွေကလည်း ရှုပ်ပွနေလေ၏။

သူမရဲ့ပုံစံကို အကျဉ်းချုံးဖော်ပြနိုင်တဲ့ စကားလုံးလေးလုံးကတော့ - ကြည့်ချင်စရာကိုမရှိဘူး။

နဉ်ရှုတစ်ယောက် သားနားနေတဲ့ အမျိုးသမီးဇာတ်လိုက်samaကိုချောင်းကြည့်လိုက်ပြီး သူမရဲ့ဆံပင်တွေအနည်းငယ်သပ်ရပ်သွားအောင် တိတ်ဆိတ်စွာကြိုးပမ်းလိုက်လေသည်။

ဘုရားသခင်...သူမက တကယ်ပဲ အမျိုးသမီးဇာတ်လိုက်ရဲ့ ယှဉ်ပြိုင်စရာနောက်ခံလေးဖြစ်လာတာပဲ။ အုပ်စုထဲမှာ မိန်းကလေးနှစ်ယောက်သာရှိသည်။ သူမရဲ့တည်ရှိမှုက Phoenixရဲ့အလှအပကို ပေါ်လွင်စေဖို့ အပြည့်အဝထောက်ခံထားလေ၏။ မူလခန္ဓာရှင် တည်ရှိနေရတဲ့အဓိကအကြောင်းအရင်းကို သူမသံသယဖြစ်လာသည်။

ဝမ်းနည်းဖို့ကောင်းလိုက်တာ!
......

















Continue Reading

You'll Also Like

55.9K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
75.4K 6.8K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
65.9K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...