ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(67)
ေဆးခန္းထဲဝင္လိုက္တာနဲ႔...ေထာင္းကနဲထ,လာတဲ့ေဆးနံ့ေတြကမႏွစ္ၿမိဳ႕စရာေကာင္း၏။
အဲဒါကို...ဦးေသွ်ာင္ေန႔တိုင္းညည္းေနတာကို...သူၾကားေနရေပမယ့္...အဲလိုႀကီးမွန္းေသခ်ာမသိခဲ့ေတာ့...ကိုယ္ခ်င္းမစာတတ္ဘူး...။
သူလည္းေနာက္ႏွစ္ဆို ward ထဲဆင္းၿပီးေလ့လာရမွာပါ။
ေနာက္ဆိုရင္သူလဲဒီလိုေတြၾကံဳရမွာပဲဆိုေတာ့...
ႀကိဳတင္ေနသားက်သြားတာေပါ့လို႔ေျဖေတြးၿပီးေဆးရံုထဲဝင္သြားလိုက္သည္။
ဒီတပတ္ေလာက္ထဲမွာအလုပ္မအားတဲ့ေသွ်င့္ဆီခဏခဏလိုက္လာခဲ့မိတာမို႔...
ေဆးေကာင္တာထဲကလူေတြအားလံုးကေတာင္သူ႔ကိုမွတ္မိေနၿပီ။
ဒီတိုင္းဝင္သြားလဲဘာမွမေျပာေတာ့ဘူး။
ဘယ္သူမွမေမးေတာ့ဘူး။
ဝိုင္းငမ္းၾကတာတခုပဲ...သူစိတ္ညစ္ေနရတယ္...။
ဆြဲေဆာင္မႈရွိလြန္းတဲ့သူ႔ကိုေယာက်ာ္းက်ား၊ မိန္းမမျပဴးၿပဲၿပီးၾကည့္တတ္ၾကတာ...
ဘာမွန္းကိုမသိဘူး...စိတ္ရႈပ္စရာ။
ေက်ာက္စိမ္းကလူၾကားထဲအေနခက္တာအဲဒါေတြလည္းပါသည္...။
အဲဒီလိုေတြျပဴးၿပဲၾကည့္ေနၾကရင္...သူမေနတတ္ဘူး...။
ဒါေပမယ့္လည္း...
ဦးေသွ်ာင္အိမ္မျပန္ႏိုင္တဲ့အခါသူလာခဲ့ရတာပဲ။
ခ်စ္မိၿပီကိုး...
လြမ္းတတ္ၿပီကိုး...
ဒါေပမယ့္လည္း...ေက်ာက္စိမ္းကဒီေဆးရံုကိုအေၾကာင္းမရွိအေၾကာင္းရွာၿပီးလာစရာကိုမလိုဘူး။
ဖုန္းတလံုးနဲ႔ဦးေသွ်ာင္ကဟိုဟိုဒီဒီအေၾကာင္းျပၿပီးသူ႔ကိုအနားေရာက္လာေအာင္ခိုင္းစားေနတတ္တာ...
တကယ့္ဉာဏ္မ်ားလြန္းတဲ့လူသားႀကီးပါပဲ...။
ဒီေန႔လည္း...လာခဲ့ဆိုလို႔...
ေက်ာင္းတဝက္မွာနားခ်ိန္ရွိလို႔ေဆးရံုကိုေရာက္ခဲ့ရတာ။
"ဒီစာအုပ္ပဲလား၊ မွန္ရဲ႕လား"
"အင္း"
သူမအားလို႔ေက်ာင္းဆင္းရင္စာအုပ္ေလးဝယ္ေပးဆိုၿပီးဖုန္းနဲ႔မွာလို႔၊ ေက်ာက္စိမ္းကလာပို႔ေပးရသည္။
အခန္းထဲကိုမလာခဲ့နဲ႔ကားပါကင္ထဲမွာရွိတယ္ဆိုလို႔...ကားပါကင္ထဲကိုပဲဆိုင္ကယ္ေမာင္းဝင္သြားကာသူ႔ကိုရွာရသည္...။
သူ႔ကားေဘးကိုေရာက္ေတာ့...ကားတံခါးႀကီးဖြင့္ထားၿပီးေတာ့ပက္လက္စန္႔စန္႔ႀကီးေသွ်ာင္ကအိပ္ေနခဲ့၏။
"အိပ္ေနတာလား...ဒီမွာစာအုပ္..."
ကားထဲကိုမဝင္ျဖစ္ေသးဘဲနဲ႔စာအုပ္ကိုကုန္းၿပီးလွမ္းေပးမိတာ...
စာအုပ္က္ိုယူမလိုလိုနဲ႔...ေက်ာက္စိမ္းရဲ႕လက္ေကာက္ဝတ္ေလးကိုလွမ္းဆြဲေတာ့၏။
"ဟိတ္ေကာင္...စာအုပ္ပဲယူေလ၊ လက္ကဘာလာလုပ္ေနတာလဲ၊
မဆြဲနဲ႔....ဟာ...ေသွ်ာင့္..!,,,"
ဦးေသွ်ာင္ဆြဲလိုက္တဲ့အတိုင္းအင့္ကနဲပစ္က်သြားၿပီး...
ေက်ာက္စိမ္းတကိုယ္လံုးသူ႔ေပါင္ေပၚကြက္တိထိုင္ၿပီးသားျဖစ္သြားေတာ့...ထိတ္လန္႔ရျပန္သည္...။
"အဲလိုေတြဇြတ္မလုပ္ပါနဲ႔ေလကြာ..
ေသွ်ာင္...မင္းေနာ္၊ လူသိကုန္မွာမရွက္ဘူးလား၊
ဒီေနရာတျခားကားေတြရွိေနတာက္ို...လက္ဖယ္စမ္း...
လူေတြၾကည့္ကုန္ေတာ့မွာပဲ..."
"မၾကည့္ပါဘူး၊ လူမရွိတာငါသိတယ္..,
မင္းလွ်ာမရွည္နဲ႔"
"လႊတ္ပါကြာ၊ ေဘးမွာထိုင္မယ္ေလ"
"ဟင့္အင္း၊ ေပြ႕ထားခ်င္လို႔...ခဏေလးဆို၊
ဘာမွမလုပ္ဘူး"
သူကသာဘာမွမလုပ္ဘူးေျပာတာ...
အေနထားကဘာမွမလုပ္ခ်င္ဘဲမေနႏိုင္တဲ့အေနအထားမ်ိဳး၊
ေပါင္ေပၚမွာထိုင္ၿပီးမ်က္ႏွာခ်င္းဆိုင္ျဖစ္ေနတာ...
သူကမလုပ္ခ်င္ေတာင္ကိုယ္ကလုပ္ခ်င္လာမွာေၾကာက္ေနမိလို႔...
"မင္း...ညကေသခ်ာအိပ္လား"
"အင္း...ညတုန္းကအိပ္ရတယ္၊ ေဆးရံုမွာလူလဲမ်ားလို႔ေလ"
"ပင္ပန္းေနလား"
"အဲေလာက္ေတာ့မဟုတ္ဘူး၊
စာက်က္ရတာကဆိုးတာ။
ေနာက္ၿပီးေတာ့ခြဲခန္းကပစၥည္းေတြကသင္ခဲ့ရတဲ့သင္ခန္းစာထဲကနဲ႔မတူဘူး၊
ပိုမ်ားေတာ့သန္႔စင္ရတာေတြပိုရႈပ္တယ္၊
တခ်ိဳ႕ဟာေတြဆိုစာအုပ္ထဲကနဲ႔ကြာလို႔...ကိုယ္ကမသိရင္...
အရမ္းေျပာတာခံရတာ၊
ဒါေပမယ့္...ငါ့တစ္ေယာက္ထဲမဟုတ္လို႔...အဆင္ေျပပါတယ္"
တမင္ခြ်ဲၿပီးေျပာေနတာပါဆိုရင္ေတာင္မွ...
ေသွ်ာင့္မ်က္ႏွာေလးတကယ္ညွိဳးေနခဲ့၏။
သူ႔ကိုပိုတိုးဖက္လိုက္တဲ့ေသွ်ာင့္လက္ညိဳးဖ်ားေလးေတြကအၿမဲထက္ၾကမ္းရွေနတာကိုခံစားမိေတာ့...
ယူၿပီးၾကည့္တာ...
အယ္လ္ကိုေဟာက္ိုင္ရတာမ်ားလာလို႔ထင္ရဲ႕...လက္ေခ်ာင္းထိပ္ေလးမွာအကြဲရွေလးေတြေတာင္ျဖစ္လို႔။
ကားထိုင္ခံုကိုေနာက္နည္းနည္းေလ်ာ့ခ်ၿပီးပက္လက္ေလးအိပ္ေနတဲ့အေပၚသူကတက္ထိုင္ထားသလိုျဖစ္ေနေတာ့ႏွစ္ေယာက္သားကမ်က္ႏွာခ်င္းဆိုင္ေလးျဖစ္ေနေတာ့...ေက်ာက္စိမ္းကသူ႔ကိုေငးၾကည့္ေနမိ၏။
ေသွ်ာင္ကမ်က္လံုးေလးေတြေမွးစင္းေနတာမို႔မ်က္ေတာင္တိုတိုစိပ္စိပ္ေလးေတြကျဖာက်ေနတာလွပလြန္းသည္...။
အၿမဲနီရဲေနတတ္တဲ့နႈတ္ခမ္းေသးေသးေလးေတြကခ်စ္စရာေလးမို႔...
အသည္းယားလို႔ေက်ာက္စိမ္းကအနားကပ္ျပီးနႈတ္ခမ္းေလးေအာက္ကမွည့္ေလးက္ိုဖြဖြနမ္းေတာ့...
စီးကရက္အနံ့တခ်ိဳ႕ကိုရသည္...။
"ဟင္...ေသွ်ာင္၊ မင္းေဆးလိပ္ျပန္ေသာက္ေနတာလား"
"အင္း...နည္းနည္းပါပဲ၊ အၿမဲမဟုတ္ဘူး။
ငါနဲ႔တြဲၿပီးစာကူသင္တဲ့ခ်ာတိတ္ကေဆးလိပ္ေသာက္လို႔...
အဲဒါ...နားခ်ိန္ယူရင္းနဲ႔အေဖာ္ရၿပီးေသာက္ျဖစ္တာပါ"
အဲဒီခ်ာတိတ္ဆိုတာတေန႔ကေတြ႕တဲ့အေကာင္ေလးထင္ပါ့...
"အဲဒီေကာင္ေလ...ဘာလဲသူ႔နာမည္..."
"ေဆာင္းဟန္ေန..."
"အင္း...နာမည္ကလဲမိန္းမဆန္တာ၊ ဘာလဲဟင္သူက...
ငါ့ထက္တစ္ႏွစ္ငယ္တာဆို၊ ဘာလို႔မင္းကိုသူကစာကူသင္ရတာလဲ"
"ဟြန္႔...အဲဒါေဆးရံုရဲ႕ဥကၠဌရဲ႕သားေလ၊
သူကတျခားႏိုင္ငံမွာေဆးဘက္ဆိုင္ရာတက္တာ၊
အခုေက်ာင္းနားထားသလားမသိဘူး။
သူ႔ေက်ာင္းတဝက္တပ်က္နဲ႔ခြဲစိတ္ပိုင္းဆိုင္ရာေတြကိုအျပင္မွာသက္သက္ေလ့လာေနတာ...
ေတာ္ေတာ့္ကိုပညာေတာ္တဲ့ေကာင္ေလးပဲ...
ဘာျပႆနာျဖစ္လို႔ေက်ာင္းကိုခဏနားရသလဲမသိဘူး..."
"ေအာ္...အဲလိုလား"
"သူလဲမင္းလိုပဲဆိုင္ကယ္အရမ္း ႐ူးသြပ္တာ၊
မင္းနဲ႔တေန႔ေအးေဆးေတြ႕ေပးဦးမယ္၊
ေနာက္ၿပီးေတာ့...ေက်ာင္းေျပာင္းလို႔ရရင္ငါတို႔ေက်ာင္းကိုပဲသူဝင္မွာ၊
မင္းအေဖာ္ရတာေပါ့"
"မလိုပါဘူး၊ ငါတေယာက္ထဲအဆင္ေျပတယ္၊
မင္းရွိေနတာပဲ"
"ဟား...အဲလိုေျပာတာေပ်ာ္လိုက္တာ၊
ပိုခ်စ္သြားၿပီ၊
ဒါေပမယ့္...ေလ...
မင္းသိလား၊ ေက်ာက္စိမ္း။
ေလာကႀကီးထဲမွာကိုယ့္လူနဲ႔ကိုယ္အဆင္ေျပေနတယ္ဆ္ိုတာေကာင္းေပမယ့္...
တခါတရံမေကာင္းဘူးကြ၊
မင္း...ပတ္ဝန္းက်င္ထဲမွာေနရာတက်ျဖစ္ဖို႔အတြက္...
လုပ္ေဖာ္ကိုင္ဖက္၊ အေပါင္းအသင္းဆိုတာလိုအပ္တယ္၊
မင္းကိုဟိုေန႔ကတည္းကေျပာမလို႔ပဲ...
အေပါင္းသင္းေလးနည္းနည္းထားပါလို႔၊
မင္း...လူမႈဆက္ဆံေရးအားနည္းေနတာ"
"ဟာ....မင္းေျပာတဲ့ပံုကငါကဂြစာက်ေနတာပဲ၊
ငါ့မွာလဲအေပါင္းသင္းရွိပါတယ္ကြာ၊
ေက်ာင္းမွာရွိတယ္"
"သိတယ္ေလ...ဒါေပမယ့္....
အား...အဲဒီကိစၥေတြေနာက္မွေျပာရေအာင္၊
ခဏေလးပဲေတြ႕ရတာကို...ေတာ္၊ တိတ္..."
"ဟာ့...မင္းပဲအရင္ေျပာတာေလ...ခ်ာတိတ္ကေနစ,လာတာ"
"ဘာဆိုင္လဲ...ငါ့ဆီကစီးကရက္နံ့ရတယ္ဆိုလို႔ေျပာျပရင္းနဲ႔အဲခ်ာတိတ္အေၾကာင္းကေနစကားၾကံဳသြားတာကို....."
အဲဒါလဲဟုတ္တာပဲ...
ဒါေပမယ့္...ခ်ာတိတ္ဆိုတဲ့အသံုးနႈန္းကိုရင္ထဲမွာတကယ္မႏွစ္ၿမိဳ႕ဘူး။
မေခၚပါနဲ႔လို႔တားခ်င္ပါတယ္...။
ဒါေပမဲ့.....မ်က္လံုးေလးမွိတ္ထားၿပီးေတာ့သူ႔လည္ပင္းကိုဖြဖြေလးခိုးနမ္းေနတဲ့ဦးေသွ်ာင့္မ်က္ႏွာေလးကိုျမင္ေနရတာပင္ပန္းေနပံုရလို႔...
ဘာမွဆက္မေျပာဖို႔ေတြးၿပီးေက်ာက္စိမ္းဆံုးျဖတ္သည္...။
သူခိုးနမ္းေနတဲ့လည္ပင္းေစာင္းေလးကပိုၿပီးပူေႏြးလာတာကိုပဲ...အသည္းယားစြာခံယူေနရင္း...ေက်ာက္စိမ္းၿငိမ္ေနမိတယ္...။
ဒါေပမဲ့...
တျဖည္းျဖည္းနဲ႔ယားယံလာတဲ့ေပါင္တစ္ဖက္ေၾကာင့္သတိထားမိေတာ့...လက္ကအဲဒီအေပါက္ၿပဲကိုကလိေနခဲ့တာ....
"ဟာ....ေသွ်ာင္...ဘာလုပ္ျပန္တာလဲ၊
အဲဒီလက္ဖယ္စမ္းပါ၊
ငါ့ေဘာင္းဘီထပ္ၿပဲကုန္ေတာ့မယ္"
ေက်ာက္စိမ္းဝတ္ထားတဲ့ေဘာင္းဘီကေပါင္ေနရာေတြမွာၿဖဲထားတဲ့ဒီဇိုင္းပါ။
အဲဒါက္ိုေသွ်ာင္ကမ်က္လံုးမွိတ္ရင္းနဲ႔...ထြက္ေနတဲ့အၿပဲစက္ိုကလိေနတာ...ဖြာလန္က်ဲၿပီးအၿပဲစကနဂိုထက္ပိုႀကီးမားေနၿပီ...။
ဘယ္အခ်ိန္ကတည္းကဂ်င္းသားေတြဆြဲထုတ္ေနမွန္းေက်ာက္စိမ္းသတိမထားမိဘူး...
အခုၾကည့္လိုက္ေတာ့တျခမ္းျပဲသြားတာျမင္လို႔ေတာင္မေကာင္းေတာ့ဘူး။
အား...ဒုကၡပဲ၊ ေနာက္တခါသူ႔ေရွ႕မွာဂ်င္းေဘာင္းဘီအၿပဲတကယ္မဝတ္ေတာ့ဘူး။
လူလစ္တာနဲ႔သူ႔မွာထိၿပီးသား။ ကလိၿပီးသား...ကိုင္ၿပီးသား။
သူ႔ေၾကာင့္ေဘာင္းဘီႀကီးၿပဲၿပဲကုန္တာ...တခါလဲမဟုတ္၊ ႏွစ္ခါလဲမဟုတ္၊
မဝတ္ဘဲပစ္လ္ိုက္ရတဲ့ေဘာင္းဘီေတြလဲမ်ားေနၿပီ။
သူအဲလိုဂ်င္းအၿပဲေတြအရမ္းႀကိဳက္တတ္လို႔...
အဲဒါေတြပဲဝတ္ျဖစ္ေနတာ၊
ဝယ္မိရင္လဲအစုတ္နဲ႔အၿပဲခ်ည္းဆိုၿပီးေတာ့ေတာင္ေသွ်ာင္ကေျပာတတ္ေသး၏။
တခါတေလလူၾကည့္တာကိုသဝန္တိုတယ္၊ မဝတ္ပါနဲ႔လို႔ေျပာဖူးေပမယ့္...သူကႀကိဳက္ေနလို႔သိပ္ၿပီးမတားတာပါ။
"ငါ...ယားတယ္ေနာ္၊ ေသွ်ာင္...လက္ကိုထုတ္စမ္း"
"မင္းကငါ့က္ိုျမႇူဆြယ္ခ်င္လို႔ဝတ္ဝတ္ေနတာမလား၊
မဝတ္ပါနဲ႔လို႔ေျပာေနတာ၊
ငါအိပ္ေနတာေတာင္မွမင္းအသားေလးကိုထိေနမိတာ၊ အသည္းယားလို႔စိတ္ထဲမွာေနလို႔မရေတာ့ဘူး"
ၿပဲသြားတဲ့ေနရာကေနလက္တစ္ေခ်ာင္းလံုးထိုးထည့္လာတာ။
ေပါင္ရင္းကိုေတာင္ေရာက္ေနၿပီ။
"ေသွ်ာင့္...မင္းေနာ္၊ မလုပ္နဲ႔ကြာ"
"မသိဘူး၊ ထိခ်င္သြားၿပီအခု"
"ဟာ....မလုပ္နဲ႔ကြာ၊ ထုတ္စမ္း...ဟိတ္ေကာင္၊ အား...!..."
"အသံက်ယ္ရင္လူသိမွာေနာ္...ဟြန္႔"
မခ်ိဳမခ်ဥ္အျပံဳးနဲ႔ဦးေသွ်ာင့္အသံကမုန္းစရာ...။
လူသိမွာအေသေၾကာက္တဲ့ေက်ာက္စိမ္းကျပဴးၿပဲၿပီးေဘးဘီကိုၾကည့္သည္။
ကားတံခါးကမွန္ကိုေအာက္တဝက္ခ်ထားေတာ့အျပင္ကၾကားႏိုင္မွာပဲမို႔....မွန္ေလးကိုျပန္တင္ဖို႔ေသွ်ာင္ကႀကိဳးစားရင္းနဲ႔...
ေဘာင္းဘီထဲကလက္ကိုပိုတိုးၿပီးအတြင္းသားေတြအထိ ထိေတြ႕လာေတာ့...ထပ္ေအာ္မိျပန္သည္။
"ေက်ာက္စိမ္း...အသံက်ယ္တယ္ကြာ..."
"မင္းကိုမထိနဲ႔လို႔ေျပာေနတာေလ၊ မင္းမထိရင္မေအာ္ဘူး...အာ့...,ေသနာ.....ဟိတ္...."
"နားညည္းတာကြာ၊ လာစမ္း...."
ေသွ်ာင္ကသူ႔လည္ပင္းေလးကိုဆြဲနိမ့္ၿပီးနမ္းလာတာ...ကားထဲမွာမို႔မလြတ္လပ္ဘဲ႐ုန္းရင္းဆန္ခတ္။
အတင္းစုပ္နမ္းေနတာကိုလည္းတားခ်င္...
ေသွ်ာင့္လက္ကိုလည္းဆြဲထားခ်င္...
တံခါးဖြင့္ၿပီးလည္းဆင္းေျပးခ်င္တာနဲ႔...
ေက်ာက္စိမ္းဗ်ာမ်ားကုန္၏။
"ဘာျဖစ္ေနတာတုန္း...ငါကနမ္းရံုပဲနမ္းဖို႔ကို"
"မင္းလက္ႀကီးကနမ္းေနရံုလား၊
ဘာလို႔ေပါင္ၾကားကိုလာထိေနရတာလဲ....
မလုပ္နဲ႔ဆို...ငါျပန္ရင္အကက်င့္ရဦးမွာ၊
ေက်ာင္းကပြဲကနီးေနၿပီ"
"ေနာက္ခါဒါမ်ိဳးေတြသိပ္မဝတ္နဲ႔၊
ငါအရင္ကတည္းကတားေနတာ...မင္းမွဂ႐ုမွမစိုက္တာ၊
အတြင္းသားေတြေဖာ္ၿပီးမေနပါနဲ႔ဆိုတာမင္းနားေထာင္လို႔လား....
ငါ့မွာမင္းကိုအဲဒီလိုေတြ႕တိုင္းေနလို႔မရတာ"
"ဘာဆိုင္လဲ၊ မထိၾကည့္ရင္ဘာမွမျဖစ္ဘူး၊
မင္းကကိုကျမင္းေၾကာထ,ၿပီးထိေနတာ...
ဖယ္ကြာ...မထိနဲ႔ေတာ့...."
"ငါကျမင္းေၾကာထတတ္တယ္ဆိုတာမင္းသိေနသားပဲကို၊
တမင္တကာေတြဝတ္ဝတ္ျပေနတာ...ငါႏွာဗူးက်တာခံခ်င္လို႔ေနမွာ ဟုတ္တယ္မလား....
မသိဘူး၊ ထိမယ္"
"ဟာ...မလုပ္ပါနဲ႔ဆို.....
ဒီေန႔မလုပ္ပါနဲ႔၊ ေနာက္ၿပီးအခုကားထဲမွာ..."
"ငါ့ကိုျငင္းခ်င္တယ္ေပါ့"
"အာ...မဟုတ္ပါဘူး၊ တကယ္ပါ၊
ငါမေန႔ကလည္းအကမက်င့္ျဖစ္ဘူး...
ပြဲကနီးေနၿပီ...ထပ္ၿပီးေတာ့....
အခုတေလာစာေတြပိေနတာ၊
ေနာ္...လက္ကိုယူထုတ္ေပး...ေပး..."
"စကားမ်ားတယ္..."
ျငင္းဆန္ေနတဲ့ေက်ာက္စိမ္းရဲ႕လည္ၿမိဳေလးကို...
ေႏြးေထြးတဲ့နႈတ္ခမ္းေလးေတြနဲ႔အတင္းတိုးေဝွ႕ငံုခဲေတာ့...
ေက်ာက္စိမ္း...ၿငိမ္သက္က်သြားကာ...နႈတ္ခမ္းဖ်ားေလးေတြပြင့္အာလို႔လာသည္...။
သူနဲ႔အႀကိမ္ႀကိမ္ထိေတြ႕ေနရတာေတာင္မွျမတ္ႏိုးလို႔မဝဘဲေပ်ာ္ဝင္စြဲလန္းေနရဆဲ...
"ေက်ာက္စိမ္း....ေဆာရီး...ငါမထိန္းႏိုင္ေတာ့လို႔ပါ"
႐ုတ္တရက္ခပ္ယဲ့ယဲ့ေလးနဲ႔ေတာင္းပန္လာခဲ့တဲ့အသံတိုးတိုးေလးနဲ႔...
ရီေဝေနတဲ့ေသွ်ာင့္မ်က္ဝန္းေတြက...အသနားခံရင္း...
ကားတံခါးကိုအလိုက္တသိနဲ႔ေလာ့ခ္ခ်ၿပီးေတာ့...
ဦးေသွ်ာင္က...အခ်စ္နယ္ကြ်ံဖို႔စျပင္တယ္။
"ေဆာရီးကြာ...မင္းကိုငါ...."
"ဟင့္အင္း...ရတယ္...ငါလဲလြမ္းလို႔..."
ထိေတြ႕ပြတ္သပ္ေနတဲ့ေသွ်ာင့္လက္ေတြကိုေက်ာက္စိမ္းမတားျဖစ္ေတာ့ဘူး။
ေသွ်ာင့္နႈတ္ခမ္းေလးေတြကိုျပန္လို႔နမ္းတယ္။
လွ်ာဖ်ားေလးကိုဆြဲၿပီးစုပ္ယူတယ္။
ေနာက္ၿပီးသူ႔လက္ေတြကပါ...ေသွ်ာင့္ကိုထိေတြ႕ပြတ္သပ္ေနမိတယ္...။
အဝတ္စားေတြအကုန္ကြ်တ္ကုန္တဲ့အထိတစ္ေယာက္ကိုတစ္ေယာက္မတားဆီးမိၾကေတာ့ဘူး...။
လြတ္လြတ္လပ္လပ္ႀကီးကိုအခ်စ္ေတြထဲယစ္မူးလို႔...ကူးခတ္ေပ်ာ္ပါးၾကတယ္...။
အခုဆိုခိုးေၾကာင္ခိုးဝွက္ေလးနဲ႔ကားထဲမွာ...သူတို႔ႏွစ္ဦးသားလူမသိေအာင္ရင္ခုန္စြာနဲ႔ခိုးေတြ႕ေနရတာကိုေက်ာက္စိမ္း...သေဘာက်ေနတတ္ၿပီ။
မ႐ိုးအီႏိုင္တဲ့သူ႔အျကင္နာေတြမွာ...အႀကိမ္ႀကိမ္စြဲလမ္းရင္း၊
က်ရံႈးရင္း....
ေက်ာက္စိမ္းတံုးေလးဟာ...
ဦးေသွ်ာင္ရဲ႕ေႏြးေထြးယုယမႈမွာေပ်ာ္ဆင္းစီးေမ်ာသြားတဲ့...ေရခဲတံုးႀကီးလိုပဲ...။
ဦးေသွ်ာင္ေရ...
မင္းကိုငါ....သိပ္ခ်စ္မိသြားတဲ့အခါ။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(67)
ဆေးခန်းထဲဝင်လိုက်တာနဲ့...ထောင်းကနဲထ,လာတဲ့ဆေးနံ့တွေကမနှစ်မြို့စရာကောင်း၏။
အဲဒါကို...ဦးသျှောင်နေ့တိုင်းညည်းနေတာကို...သူကြားနေရပေမယ့်...အဲလိုကြီးမှန်းသေချာမသိခဲ့တော့...ကိုယ်ချင်းမစာတတ်ဘူး...။
သူလည်းနောက်နှစ်ဆို ward ထဲဆင်းပြီးလေ့လာရမှာပါ။
နောက်ဆိုရင်သူလဲဒီလိုတွေကြုံရမှာပဲဆိုတော့...
ကြိုတင်နေသားကျသွားတာပေါ့လို့ဖြေတွေးပြီးဆေးရုံထဲဝင်သွားလိုက်သည်။
ဒီတပတ်လောက်ထဲမှာအလုပ်မအားတဲ့သျှေင့်ဆီခဏခဏလိုက်လာခဲ့မိတာမို့...
ဆေးကောင်တာထဲကလူတွေအားလုံးကတောင်သူ့ကိုမှတ်မိနေပြီ။
ဒီတိုင်းဝင်သွားလဲဘာမှမပြောတော့ဘူး။
ဘယ်သူမှမမေးတော့ဘူး။
ဝိုင်းငမ်းကြတာတခုပဲ...သူစိတ်ညစ်နေရတယ်...။
ဆွဲဆောင်မှုရှိလွန်းတဲ့သူ့ကိုယောကျာ်းကျား၊ မိန်းမမပြူးပြဲပြီးကြည့်တတ်ကြတာ...
ဘာမှန်းကိုမသိဘူး...စိတ်ရှုပ်စရာ။
ကျောက်စိမ်းကလူကြားထဲအနေခက်တာအဲဒါတွေလည်းပါသည်...။
အဲဒီလိုတွေပြူးပြဲကြည့်နေကြရင်...သူမနေတတ်ဘူး...။
ဒါပေမယ့်လည်း...
ဦးသျှောင်အိမ်မပြန်နိုင်တဲ့အခါသူလာခဲ့ရတာပဲ။
ချစ်မိပြီကိုး...
လွမ်းတတ်ပြီကိုး...
ဒါပေမယ့်လည်း...ကျောက်စိမ်းကဒီဆေးရုံကိုအကြောင်းမရှိအကြောင်းရှာပြီးလာစရာကိုမလိုဘူး။
ဖုန်းတလုံးနဲ့ဦးသျှောင်ကဟိုဟိုဒီဒီအကြောင်းပြပြီးသူ့ကိုအနားရောက်လာအောင်ခိုင်းစားနေတတ်တာ...
တကယ့်ဉာဏ်များလွန်းတဲ့လူသားကြီးပါပဲ...။
ဒီနေ့လည်း...လာခဲ့ဆိုလို့...
ကျောင်းတဝက်မှာနားချိန်ရှိလို့ဆေးရုံကိုရောက်ခဲ့ရတာ။
"ဒီစာအုပ်ပဲလား၊ မှန်ရဲ့လား"
"အင်း"
သူမအားလို့ကျောင်းဆင်းရင်စာအုပ်လေးဝယ်ပေးဆိုပြီးဖုန်းနဲ့မှာလို့၊ ကျောက်စိမ်းကလာပို့ပေးရသည်။
အခန်းထဲကိုမလာခဲ့နဲ့ကားပါကင်ထဲမှာရှိတယ်ဆိုလို့...ကားပါကင်ထဲကိုပဲဆိုင်ကယ်မောင်းဝင်သွားကာသူ့ကိုရှာရသည်...။
သူ့ကားဘေးကိုရောက်တော့...ကားတံခါးကြီးဖွင့်ထားပြီးတော့ပက်လက်စန့်စန့်ကြီးသျှောင်ကအိပ်နေခဲ့၏။
"အိပ်နေတာလား...ဒီမှာစာအုပ်..."
ကားထဲကိုမဝင်ဖြစ်သေးဘဲနဲ့စာအုပ်ကိုကုန်းပြီးလှမ်းပေးမိတာ...
စာအုပ်က်ိုယူမလိုလိုနဲ့...ကျောက်စိမ်းရဲ့လက်ကောက်ဝတ်လေးကိုလှမ်းဆွဲတော့၏။
"ဟိတ်ကောင်...စာအုပ်ပဲယူလေ၊ လက်ကဘာလာလုပ်နေတာလဲ၊
မဆွဲနဲ့....ဟာ...သျှောင့်..!,,,"
ဦးသျှောင်ဆွဲလိုက်တဲ့အတိုင်းအင့်ကနဲပစ်ကျသွားပြီး...
ကျောက်စိမ်းတကိုယ်လုံးသူ့ပေါင်ပေါ်ကွက်တိထိုင်ပြီးသားဖြစ်သွားတော့...ထိတ်လန့်ရပြန်သည်...။
"အဲလိုတွေဇွတ်မလုပ်ပါနဲ့လေကွာ..
သျှောင်...မင်းနော်၊ လူသိကုန်မှာမရှက်ဘူးလား၊
ဒီနေရာတခြားကားတွေရှိနေတာက်ို...လက်ဖယ်စမ်း...
လူတွေကြည့်ကုန်တော့မှာပဲ..."
"မကြည့်ပါဘူး၊ လူမရှိတာငါသိတယ်..,
မင်းလျှာမရှည်နဲ့"
"လွှတ်ပါကွာ၊ ဘေးမှာထိုင်မယ်လေ"
"ဟင့်အင်း၊ ပွေ့ထားချင်လို့...ခဏလေးဆို၊
ဘာမှမလုပ်ဘူး"
သူကသာဘာမှမလုပ်ဘူးပြောတာ...
အနေထားကဘာမှမလုပ်ချင်ဘဲမနေနိုင်တဲ့အနေအထားမျိုး၊
ပေါင်ပေါ်မှာထိုင်ပြီးမျက်နှာချင်းဆိုင်ဖြစ်နေတာ...
သူကမလုပ်ချင်တောင်ကိုယ်ကလုပ်ချင်လာမှာကြောက်နေမိလို့...
"မင်း...ညကသေချာအိပ်လား"
"အင်း...ညတုန်းကအိပ်ရတယ်၊ ဆေးရုံမှာလူလဲများလို့လေ"
"ပင်ပန်းနေလား"
"အဲလောက်တော့မဟုတ်ဘူး၊
စာကျက်ရတာကဆိုးတာ။
နောက်ပြီးတော့ခွဲခန်းကပစ္စည်းတွေကသင်ခဲ့ရတဲ့သင်ခန်းစာထဲကနဲ့မတူဘူး၊
ပိုများတော့သန့်စင်ရတာတွေပိုရှုပ်တယ်၊
တချို့ဟာတွေဆိုစာအုပ်ထဲကနဲ့ကွာလို့...ကိုယ်ကမသိရင်...
အရမ်းပြောတာခံရတာ၊
ဒါပေမယ့်...ငါ့တစ်ယောက်ထဲမဟုတ်လို့...အဆင်ပြေပါတယ်"
တမင်ချွဲပြီးပြောနေတာပါဆိုရင်တောင်မှ...
သျှောင့်မျက်နှာလေးတကယ်ညှိုးနေခဲ့၏။
သူ့ကိုပိုတိုးဖက်လိုက်တဲ့သျှောင့်လက်ညိုးဖျားလေးတွေကအမြဲထက်ကြမ်းရှနေတာကိုခံစားမိတော့...
ယူပြီးကြည့်တာ...
အယ်လ်ကိုဟောက်ိုင်ရတာများလာလို့ထင်ရဲ့...လက်ချောင်းထိပ်လေးမှာအကွဲရှလေးတွေတောင်ဖြစ်လို့။
ကားထိုင်ခုံကိုနောက်နည်းနည်းလျော့ချပြီးပက်လက်လေးအိပ်နေတဲ့အပေါ်သူကတက်ထိုင်ထားသလိုဖြစ်နေတော့နှစ်ယောက်သားကမျက်နှာချင်းဆိုင်လေးဖြစ်နေတော့...ကျောက်စိမ်းကသူ့ကိုငေးကြည့်နေမိ၏။
သျှောင်ကမျက်လုံးလေးတွေမှေးစင်းနေတာမို့မျက်တောင်တိုတိုစိပ်စိပ်လေးတွေကဖြာကျနေတာလှပလွန်းသည်...။
အမြဲနီရဲနေတတ်တဲ့နှုတ်ခမ်းသေးသေးလေးတွေကချစ်စရာလေးမို့...
အသည်းယားလို့ကျောက်စိမ်းကအနားကပ်ပြီးနှုတ်ခမ်းလေးအောက်ကမှည့်လေးက်ိုဖွဖွနမ်းတော့...
စီးကရက်အနံ့တချို့ကိုရသည်...။
"ဟင်...သျှောင်၊ မင်းဆေးလိပ်ပြန်သောက်နေတာလား"
"အင်း...နည်းနည်းပါပဲ၊ အမြဲမဟုတ်ဘူး။
ငါနဲ့တွဲပြီးစာကူသင်တဲ့ချာတိတ်ကဆေးလိပ်သောက်လို့...
အဲဒါ...နားချိန်ယူရင်းနဲ့အဖော်ရပြီးသောက်ဖြစ်တာပါ"
အဲဒီချာတိတ်ဆိုတာတနေ့ကတွေ့တဲ့အကောင်လေးထင်ပါ့...
"အဲဒီကောင်လေ...ဘာလဲသူ့နာမည်..."
"ဆောင်းဟန်နေ..."
"အင်း...နာမည်ကလဲမိန်းမဆန်တာ၊ ဘာလဲဟင်သူက...
ငါ့ထက်တစ်နှစ်ငယ်တာဆို၊ ဘာလို့မင်းကိုသူကစာကူသင်ရတာလဲ"
"ဟွန့်...အဲဒါဆေးရုံရဲ့ဥက္ကဌရဲ့သားလေ၊
သူကတခြားနိုင်ငံမှာဆေးဘက်ဆိုင်ရာတက်တာ၊
အခုကျောင်းနားထားသလားမသိဘူး။
သူ့ကျောင်းတဝက်တပျက်နဲ့ခွဲစိတ်ပိုင်းဆိုင်ရာတွေကိုအပြင်မှာသက်သက်လေ့လာနေတာ...
တော်တော့်ကိုပညာတော်တဲ့ကောင်လေးပဲ...
ဘာပြဿနာဖြစ်လို့ကျောင်းကိုခဏနားရသလဲမသိဘူး..."
"အော်...အဲလိုလား"
"သူလဲမင်းလိုပဲဆိုင်ကယ်အရမ်း ရူးသွပ်တာ၊
မင်းနဲ့တနေ့အေးဆေးတွေ့ပေးဦးမယ်၊
နောက်ပြီးတော့...ကျောင်းပြောင်းလို့ရရင်ငါတို့ကျောင်းကိုပဲသူဝင်မှာ၊
မင်းအဖော်ရတာပေါ့"
"မလိုပါဘူး၊ ငါတယောက်ထဲအဆင်ပြေတယ်၊
မင်းရှိနေတာပဲ"
"ဟား...အဲလိုပြောတာပျော်လိုက်တာ၊
ပိုချစ်သွားပြီ၊
ဒါပေမယ့်...လေ...
မင်းသိလား၊ ကျောက်စိမ်း။
လောကကြီးထဲမှာကိုယ့်လူနဲ့ကိုယ်အဆင်ပြေနေတယ်ဆ်ိုတာကောင်းပေမယ့်...
တခါတရံမကောင်းဘူးကွ၊
မင်း...ပတ်ဝန်းကျင်ထဲမှာနေရာတကျဖြစ်ဖို့အတွက်...
လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းဆိုတာလိုအပ်တယ်၊
မင်းကိုဟိုနေ့ကတည်းကပြောမလို့ပဲ...
အပေါင်းသင်းလေးနည်းနည်းထားပါလို့၊
မင်း...လူမှုဆက်ဆံရေးအားနည်းနေတာ"
"ဟာ....မင်းပြောတဲ့ပုံကငါကဂွစာကျနေတာပဲ၊
ငါ့မှာလဲအပေါင်းသင်းရှိပါတယ်ကွာ၊
ကျောင်းမှာရှိတယ်"
"သိတယ်လေ...ဒါပေမယ့်....
အား...အဲဒီကိစ္စတွေနောက်မှပြောရအောင်၊
ခဏလေးပဲတွေ့ရတာကို...တော်၊ တိတ်..."
"ဟာ့...မင်းပဲအရင်ပြောတာလေ...ချာတိတ်ကနေစ,လာတာ"
"ဘာဆိုင်လဲ...ငါ့ဆီကစီးကရက်နံ့ရတယ်ဆိုလို့ပြောပြရင်းနဲ့အဲချာတိတ်အကြောင်းကနေစကားကြုံသွားတာကို....."
အဲဒါလဲဟုတ်တာပဲ...
ဒါပေမယ့်...ချာတိတ်ဆိုတဲ့အသုံးနှုန်းကိုရင်ထဲမှာတကယ်မနှစ်မြို့ဘူး။
မခေါ်ပါနဲ့လို့တားချင်ပါတယ်...။
ဒါပေမဲ့.....မျက်လုံးလေးမှိတ်ထားပြီးတော့သူ့လည်ပင်းကိုဖွဖွလေးခိုးနမ်းနေတဲ့ဦးသျှောင့်မျက်နှာလေးကိုမြင်နေရတာပင်ပန်းနေပုံရလို့...
ဘာမှဆက်မပြောဖို့တွေးပြီးကျောက်စိမ်းဆုံးဖြတ်သည်...။
သူခိုးနမ်းနေတဲ့လည်ပင်းစောင်းလေးကပိုပြီးပူနွေးလာတာကိုပဲ...အသည်းယားစွာခံယူနေရင်း...ကျောက်စိမ်းငြိမ်နေမိတယ်...။
ဒါပေမဲ့...
တဖြည်းဖြည်းနဲ့ယားယံလာတဲ့ပေါင်တစ်ဖက်ကြောင့်သတိထားမိတော့...လက်ကအဲဒီအပေါက်ပြဲကိုကလိနေခဲ့တာ....
"ဟာ....သျှောင်...ဘာလုပ်ပြန်တာလဲ၊
အဲဒီလက်ဖယ်စမ်းပါ၊
ငါ့ဘောင်းဘီထပ်ပြဲကုန်တော့မယ်"
ကျောက်စိမ်းဝတ်ထားတဲ့ဘောင်းဘီကပေါင်နေရာတွေမှာဖြဲထားတဲ့ဒီဇိုင်းပါ။
အဲဒါက်ိုသျှောင်ကမျက်လုံးမှိတ်ရင်းနဲ့...ထွက်နေတဲ့အပြဲစက်ိုကလိနေတာ...ဖွာလန်ကျဲပြီးအပြဲစကနဂိုထက်ပိုကြီးမားနေပြီ...။
ဘယ်အချိန်ကတည်းကဂျင်းသားတွေဆွဲထုတ်နေမှန်းကျောက်စိမ်းသတိမထားမိဘူး...
အခုကြည့်လိုက်တော့တခြမ်းပြဲသွားတာမြင်လို့တောင်မကောင်းတော့ဘူး။
အား...ဒုက္ခပဲ၊ နောက်တခါသူ့ရှေ့မှာဂျင်းဘောင်းဘီအပြဲတကယ်မဝတ်တော့ဘူး။
လူလစ်တာနဲ့သူ့မှာထိပြီးသား။ ကလိပြီးသား...ကိုင်ပြီးသား။
သူ့ကြောင့်ဘောင်းဘီကြီးပြဲပြဲကုန်တာ...တခါလဲမဟုတ်၊ နှစ်ခါလဲမဟုတ်၊
မဝတ်ဘဲပစ်လ်ိုက်ရတဲ့ဘောင်းဘီတွေလဲများနေပြီ။
သူအဲလိုဂျင်းအပြဲတွေအရမ်းကြိုက်တတ်လို့...
အဲဒါတွေပဲဝတ်ဖြစ်နေတာ၊
ဝယ်မိရင်လဲအစုတ်နဲ့အပြဲချည်းဆိုပြီးတော့တောင်သျှောင်ကပြောတတ်သေး၏။
တခါတလေလူကြည့်တာကိုသဝန်တိုတယ်၊ မဝတ်ပါနဲ့လို့ပြောဖူးပေမယ့်...သူကကြိုက်နေလို့သိပ်ပြီးမတားတာပါ။
"ငါ...ယားတယ်နော်၊ သျှောင်...လက်ကိုထုတ်စမ်း"
"မင်းကငါ့က်ိုမြှူဆွယ်ချင်လို့ဝတ်ဝတ်နေတာမလား၊
မဝတ်ပါနဲ့လို့ပြောနေတာ၊
ငါအိပ်နေတာတောင်မှမင်းအသားလေးကိုထိနေမိတာ၊ အသည်းယားလို့စိတ်ထဲမှာနေလို့မရတော့ဘူး"
ပြဲသွားတဲ့နေရာကနေလက်တစ်ချောင်းလုံးထိုးထည့်လာတာ။
ပေါင်ရင်းကိုတောင်ရောက်နေပြီ။
"သျှောင့်...မင်းနော်၊ မလုပ်နဲ့ကွာ"
"မသိဘူး၊ ထိချင်သွားပြီအခု"
"ဟာ....မလုပ်နဲ့ကွာ၊ ထုတ်စမ်း...ဟိတ်ကောင်၊ အား...!..."
"အသံကျယ်ရင်လူသိမှာနော်...ဟွန့်"
မချိုမချဉ်အပြုံးနဲ့ဦးသျှောင့်အသံကမုန်းစရာ...။
လူသိမှာအသေကြောက်တဲ့ကျောက်စိမ်းကပြူးပြဲပြီးဘေးဘီကိုကြည့်သည်။
ကားတံခါးကမှန်ကိုအောက်တဝက်ချထားတော့အပြင်ကကြားနိုင်မှာပဲမို့....မှန်လေးကိုပြန်တင်ဖို့သျှောင်ကကြိုးစားရင်းနဲ့...
ဘောင်းဘီထဲကလက်ကိုပိုတိုးပြီးအတွင်းသားတွေအထိ ထိတွေ့လာတော့...ထပ်အော်မိပြန်သည်။
"ကျောက်စိမ်း...အသံကျယ်တယ်ကွာ..."
"မင်းကိုမထိနဲ့လို့ပြောနေတာလေ၊ မင်းမထိရင်မအော်ဘူး...အာ့...,သေနာ.....ဟိတ်...."
"နားညည်းတာကွာ၊ လာစမ်း...."
သျှောင်ကသူ့လည်ပင်းလေးကိုဆွဲနိမ့်ပြီးနမ်းလာတာ...ကားထဲမှာမို့မလွတ်လပ်ဘဲရုန်းရင်းဆန်ခတ်။
အတင်းစုပ်နမ်းနေတာကိုလည်းတားချင်...
သျှောင့်လက်ကိုလည်းဆွဲထားချင်...
တံခါးဖွင့်ပြီးလည်းဆင်းပြေးချင်တာနဲ့...
ကျောက်စိမ်းဗျာများကုန်၏။
"ဘာဖြစ်နေတာတုန်း...ငါကနမ်းရုံပဲနမ်းဖို့ကို"
"မင်းလက်ကြီးကနမ်းနေရုံလား၊
ဘာလို့ပေါင်ကြားကိုလာထိနေရတာလဲ....
မလုပ်နဲ့ဆို...ငါပြန်ရင်အကကျင့်ရဦးမှာ၊
ကျောင်းကပွဲကနီးနေပြီ"
"နောက်ခါဒါမျိုးတွေသိပ်မဝတ်နဲ့၊
ငါအရင်ကတည်းကတားနေတာ...မင်းမှဂရုမှမစိုက်တာ၊
အတွင်းသားတွေဖော်ပြီးမနေပါနဲ့ဆိုတာမင်းနားထောင်လို့လား....
ငါ့မှာမင်းကိုအဲဒီလိုတွေ့တိုင်းနေလို့မရတာ"
"ဘာဆိုင်လဲ၊ မထိကြည့်ရင်ဘာမှမဖြစ်ဘူး၊
မင်းကကိုကမြင်းကြောထ,ပြီးထိနေတာ...
ဖယ်ကွာ...မထိနဲ့တော့...."
"ငါကမြင်းကြောထတတ်တယ်ဆိုတာမင်းသိနေသားပဲကို၊
တမင်တကာတွေဝတ်ဝတ်ပြနေတာ...ငါနှာဗူးကျတာခံချင်လို့နေမှာ ဟုတ်တယ်မလား....
မသိဘူး၊ ထိမယ်"
"ဟာ...မလုပ်ပါနဲ့ဆို.....
ဒီနေ့မလုပ်ပါနဲ့၊ နောက်ပြီးအခုကားထဲမှာ..."
"ငါ့ကိုငြင်းချင်တယ်ပေါ့"
"အာ...မဟုတ်ပါဘူး၊ တကယ်ပါ၊
ငါမနေ့ကလည်းအကမကျင့်ဖြစ်ဘူး...
ပွဲကနီးနေပြီ...ထပ်ပြီးတော့....
အခုတလောစာတွေပိနေတာ၊
နော်...လက်ကိုယူထုတ်ပေး...ပေး..."
"စကားများတယ်..."
ငြင်းဆန်နေတဲ့ကျောက်စိမ်းရဲ့လည်မြိုလေးကို...
နွေးထွေးတဲ့နှုတ်ခမ်းလေးတွေနဲ့အတင်းတိုးဝှေ့ငုံခဲတော့...
ကျောက်စိမ်း...ငြိမ်သက်ကျသွားကာ...နှုတ်ခမ်းဖျားလေးတွေပွင့်အာလို့လာသည်...။
သူနဲ့အကြိမ်ကြိမ်ထိတွေ့နေရတာတောင်မှမြတ်နိုးလို့မဝဘဲပျော်ဝင်စွဲလန်းနေရဆဲ...
"ကျောက်စိမ်း....ဆောရီး...ငါမထိန်းနိုင်တော့လို့ပါ"
ရုတ်တရက်ခပ်ယဲ့ယဲ့လေးနဲ့တောင်းပန်လာခဲ့တဲ့အသံတိုးတိုးလေးနဲ့...
ရီဝေနေတဲ့သျှောင့်မျက်ဝန်းတွေက...အသနားခံရင်း...
ကားတံခါးကိုအလိုက်တသိနဲ့လော့ခ်ချပြီးတော့...
ဦးသျှောင်က...အချစ်နယ်ကျွံဖို့စပြင်တယ်။
"ဆောရီးကွာ...မင်းကိုငါ...."
"ဟင့်အင်း...ရတယ်...ငါလဲလွမ်းလို့..."
ထိတွေ့ပွတ်သပ်နေတဲ့သျှောင့်လက်တွေကိုကျောက်စိမ်းမတားဖြစ်တော့ဘူး။
သျှောင့်နှုတ်ခမ်းလေးတွေကိုပြန်လို့နမ်းတယ်။
လျှာဖျားလေးကိုဆွဲပြီးစုပ်ယူတယ်။
နောက်ပြီးသူ့လက်တွေကပါ...သျှောင့်ကိုထိတွေ့ပွတ်သပ်နေမိတယ်...။
အဝတ်စားတွေအကုန်ကျွတ်ကုန်တဲ့အထိတစ်ယောက်ကိုတစ်ယောက်မတားဆီးမိကြတော့ဘူး...။
လွတ်လွတ်လပ်လပ်ကြီးကိုအချစ်တွေထဲယစ်မူးလို့...ကူးခတ်ပျော်ပါးကြတယ်...။
အခုဆိုခိုးကြောင်ခိုးဝှက်လေးနဲ့ကားထဲမှာ...သူတို့နှစ်ဦးသားလူမသိအောင်ရင်ခုန်စွာနဲ့ခိုးတွေ့နေရတာကိုကျောက်စိမ်း...သဘောကျနေတတ်ပြီ။
မရိုးအီနိုင်တဲ့သူ့အကြင်နာတွေမှာ...အကြိမ်ကြိမ်စွဲလမ်းရင်း၊
ကျရှုံးရင်း....
ကျောက်စိမ်းတုံးလေးဟာ...
ဦးသျှောင်ရဲ့နွေးထွေးယုယမှုမှာပျော်ဆင်းစီးမျောသွားတဲ့...ရေခဲတုံးကြီးလိုပဲ...။
ဦးသျှောင်ရေ...
မင်းကိုငါ....သိပ်ချစ်မိသွားတဲ့အခါ။