ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(25)
အိမ္ကိုအရမ္းျပန္ခ်င္သည္။
သတိရပါသည္။
တမ္းတမိပါသည္။
ဒီအခ်ိန္ဆိုမူးေနဦးမလားလို႔စိတ္ပူပါသည္၊
ဖုန္းဆက္ၾကည့္တာအိမ္မွာပဲရွိေနတယ္၊
ေက်ာင္းလဲသြားတယ္ဆိုလို႔စိတ္ေအးေနရတာ။
စာေမးပြဲရွိတယ္ဆိုလို႔သာမေခၚျဖစ္ဘဲထားခဲ့ရတာ။
ရင္ထဲမွာလြမ္းလြန္းလို႔ေနထိုင္လို႔မေကာင္းပါ။
သူ႔အေၾကာင္းေလးေတြးမိေလတိုင္းရင္ထဲကအေကာင္ေလးက...ခုန္တာ....တဒိန္းဒိန္းမဟုတ္ဘူး...
ေက်ာက္စိမ္း....ေက်ာက္စိမ္း...ေက်ာက္စိမ္း...တဲ့။
ခ်စ္ေနတယ္ဆိုတာေသခ်ာသြားတာ...ၾကာခဲ့ၿပီ။
မင္းအေပၚဘယ္လိုခ်စ္ရတာျဖစ္ျဖစ္ေက်နပ္ေနခဲ့တာ။
ပုရိသတစ္ေယာက္အေနနဲ႔ဆန္႔က်င္ဘက္ကိုမစြဲလန္းဘူးဆိုရင္တခုခုမွားယြင္းေနတာ၊
ငါ...မွားယြင္းေနတာ...သိလား...ေက်ာက္စိမ္း။
ဟုတ္တယ္...မွားယြင္းၿပီးစြဲလန္းေနတာ။
ဒါဟာ...မင္းအေပၚထားတဲ့ေမတၱာေၾကာင့္ပါ။
တဆင့္ခ်င္းသြားၿပီး...မင္းကိုလည္းေသခ်ာကိုေမတၱာအေၾကာင္းနားလည္ေစမွာ။
ဒါ...မိန္းမ...ေယာက်ာ္း...လူပ်ိဳ...အအိုရယ္လို႔မဟုတ္ဘူး။
ေမတၱာေၾကာင့္...ပုဂၢိဳလ္ကိုမျမင္ႏိုင္ဘဲနဲ႔၊
အရာရာကိုလက္သင့္ခံႏိုင္တဲ့အထိေပါ့။
ႀကိဳႏွင့္ေတာ့...
ငါမင္းဆီေျခလွမ္းေတြျပင္ေနၿပီ။
xxxxx
"ဂါး....."
ေတြ႕ျပန္ၿပီ။
ျပံဳးျပံဳးႀကီးနဲ႔...ဦးေသွ်ာင္သူ႔ေက်ာင္းခန္းေရွ႕မွာ။
ဘာလာလုပ္ျပန္တာလဲ။
မေတြ႕ခ်င္ပါဘူးဆိုမွ...
လွည့္ေျပးလို႔လဲမရ။
"႐ို႕.....အေျခအေန"
"ဘာအေျခအေနလဲ၊ ဘာလာလုပ္တာလဲ"
"ကိစၥရွိလို႔ေလ၊ လမ္းၾကံဳလိုက္မလို႔"
ဟင္..!...လုပ္ျပန္ၿပီ။ ပုခံုးမဖက္စမ္းနဲ႔လို႔ေအာ္မလို႔ေပမယ့္...သူ႔လက္တစ္ဖက္ျပင္လာတာခါးဆီမွာ...
"ဟိတ္ေကာင္...ခါးမဖက္နဲ႔"
"ဟင္း...ဘာလို႔တုန္း...ဒီကလြမ္းေနတာ၊
သံုးရက္ႀကီးမ်ားေတာင္...ငါ့က္ိုလြမ္းလားေျဖ"
ဂရား.....သူ႔ပုခံုးေပၚေခါင္းေလးမွီခ်ေတာ့မွတကယ္ေသခ်င္သြားတာ၊
ပုခံုးစြန္းခိုးနမ္းေနတဲ့နႈတ္ခမ္းနဲ႔သူ႔ဆီကရတဲ့ရမ္ရနံ့ေၾကာင့္ပါ။
"ဖယ္ကြာ...ဦးေသွ်ာင္၊ လူျမင္ကြင္းႀကီးမွာတမ်ိဳးထင္ကုန္ေတာ့မွာပဲ"
"ဟင့္...ဘယ္ႏွစ္မ်ိဳးပဲထင္ထင္ေလ၊ ဘာလဲ၊
မ႐ိုးသားတာလားေျပာ၊
ဒီမွာ....လူျမင္ကြင္းႀကီးဆိုေတာ့...
လူေနာက္ကြယ္က်ရင္...ဒခ်ိ...ဒခ်ိ..."
"ဟာ့...ေသာက္အယုတ္တမာ...ေသစမ္းကြာ"
သူထိုးလိုက္တဲ့လက္သီးဆုပ္ေလးေတြမွာအားမပါတာကိုခံစားမိတယ္။
ေက်ာက္စိမ္း...မင္းငါ့ကိုသံေယာဇဥ္ေတာ့ျဖစ္ေနတယ္မို႔လား။
ဒီေန႔တမင္တကာကိုကားစစ္ေဆးဖို႔ဆားဗစ္ရံုသြားထားပစ္ခဲ့ၿပီးေတာ့...ေက်ာင္းကိုလာတာ။
ေက်ာက္စိမ္းေက်ာင္းျပန္မယ့္အခ်ိန္ကိုႀကိဳေမးထားၿပီးသား၊
ေမေမေလးကလည္းအခုတေလာမွသေဘာေတြစြတ္ေကာင္းေနတာ...
ေက်ာက္စိမ္းအေၾကာင္းေလးေတြဖုန္းဆက္တိုင္းအလိုက္တသိနဲ႔ေျပာျပသည္။
ေမေမေလး...
ေမေမေလးအေၾကာင္းေတြးမိမွရင္ထဲေလးလံသြားတာ၊
သူတို႔ဒီလိုမ်ိဳးပတ္သက္မႈကိုသိသြားၾကရင္...
ေရွ႕ဆက္ဖို႔ျဖစ္ပါ့မလား။
ညီအစ္ကိုခ်င္းခ်င္း...
ေယာက်ာ္းေလးအခ်င္းခ်င္းဆိုၿပီးကန္႔သတ္ၾကမွာပါ။
ဒါေပမယ့္...သူေရွ႕တိုးခ်င္ေနတာ...သူ႔ကိုယ္သူထိန္းသိ္မ္းလို႔မရေတာ့လို႔။
မိုက္တယ္ဆိုရင္လည္းအမိုက္အမဲအျဖစ္ခံမွာေပါ့။
ယုတ္မာတယ္ဆိုရင္လည္းကြ်န္ေတာ္လူယုတ္မာပါပဲေပါ့။
ခ်စ္လို႔အျပစ္ျဖစ္သြားတာ...ေက်နပ္ေနမွာ။
"မင္း...ဘာလာလုပ္တာလဲ၊ ကားကေရာ"
"မပါဘူး...ဆားဗစ္ပို႔ထားတယ္၊ လမ္းၾကံဳလိုက္မွာ"
"ဟာ့...ဆိုင္ကယ္က..."
"ဟင္...စီးလို႔ရပါတယ္၊ ဘာျဖစ္လဲ၊ မင္းနဲ႔ငါေယာက်ာ္းေလးအခ်င္းခ်င္းပဲ"
သူ႔ဘာသာသူစြတ္ေတေျပာ၊ ဆိုင္ကယ္ေဘးေျပးရပ္။
"မဟုတ္ဘူး၊ ဦးထုပ္ကတလံုးပဲပါတာ"
"ရတယ္၊ ဘာျဖစ္ေသးလဲ၊ အဖမ္းခံရရင္ငါ့လိုင္စင္ေပးပစ္လိုက္မယ္"
"ၿပီးေရာ"
"မ်က္မွန္ဆိုင္ေမာင္းေပး၊ မ်က္မွန္လဲမလို႔"
အခုမွၾကည့္မိတာ၊ ေဟာင္းေနတဲ့ကြ်ဲေကာ္ကိုင္းေလးကၾကာေနၿပီေလ။
မွန္ပံုးထဲကတခုၿပီးတခုေရြး၊ တပ္ၾကည့္၊ သူ႔ဘာသာဟိုေျပာဒီေျပာ၊
ဆြဲထားတဲ့လက္ကိုတခ်က္မလႊတ္ေတာ့ေက်ာက္စိမ္းတင္းေနၿပီ။
"ေက်ာက္စိမ္း...ၾကည့္ေပးဦး၊ ဒါေလး"
"မလိုက္ဘူး"
"ဒါေလး..."
"မလိုက္ဘူး"
"ဟင္...လုပ္ပါကြ၊ ငါ့နဲ႔လိုက္မယ္ထင္တာေလး"
"ေရြးေပါ့ကိုယ့္ဘာသာ"
ေျပာေနေပမယ့္...ေက်ာက္စိမ္းေရြးေနတာ...
"ဟိုဘက္ကေရႊေရာင္ကိုင္းေလး"
"အိုေက...အစ္မဒါေလးျပ"
သူေရြးတဲ့အတိုင္းပဲ...ေသွ်ာင္ဘာမွမျငင္းဘူး။
တပ္ၾကည့္ၿပီးေတာ့...
ေက်ာက္စိမ္းပုခံုးေလးက္ိုလက္ႏွစ္ဖက္နဲ႔...လွမ္းဆုပ္ကိုင္ကာစိုက္ၾကည့္ေနတာ...
"ငါ...အဆင္ေျပလားေသခ်ာၾကည့္"
မ်က္ႏွာေရွ႕တိုးၿပီးမ်က္မွန္ကိုင္းေအာက္ကေနေက်ာက္စိမ္းကိုစားမတတ္ဝါးမတတ္ၾကည့္တဲ့ဦးေသွ်ာင့္မ်က္လံုးေတြသည္....
အမငီး...ေသရပါေတာ့မယ္၊ အဲဒီလိုတခါမွေသွ်ာင့္မ်က္ဝန္းေတြထဲစိုက္မၾကည့္ဖူးခဲ့ဘူး။
ညွိဳ႕အားေတြျပင္းလြန္းလို႔...
ေသွ်ာင္သူ႔ပုခံုးကိုဆုပ္ကိုင္ထားတဲ့အတိုင္းၿငိမ္သက္ၿပီးစူးစိုက္ေနမိတာ၊
ရင္ေတြထဲတလွပ္လွပ္နဲ႔...
ေရဆာသလိုလိုလည္ေခ်ာင္းေတြေျခာက္ကပ္လို႔...
အသက္ဝဝရွဴခ်င္သြားၿပီးေက်ာက္စိမ္းနႈတ္ခမ္းေလးေတြအလိုလိုပြင့္ဟမိၿပီ။
အဟား...ေက်ာက္စိမ္းရဲ႕မ်က္ႏွာအမူအရာေၾကာင့္ရယ္ခ်င္သြားတာ...
နံေဘးမွာလူမရွိရင္အဲဒီနႈတ္ခမ္းေလးကိုေျပးနမ္းမိမလားမသိပါ။
ခ်စ္လား' ? လို႔ေမးထုတ္ခ်င္လိုက္တာ၊
အာေတြယား၊ အသည္းေတြယား။
ေက်ာက္စိမ္းရယ္...မင္း...အခ်စ္ကိုတကယ္မၾကံဳခဲ့ဖူးဘူးပဲ။
"အိုေကလား၊ ဒါပဲေတာ္ၿပီလား"
"ဟင္...အင္း၊ ဒါဟာနဲ႔...လိုက္တယ္"
ေက်ာက္စိမ္းတို႔အျပဳစားခံရပါၿပီ။
ဦးေသွ်ာင္စတင္ယုတ္မာပါၿပီ။
ေဘးကပ္ရပ္ၿပီးအသက္ဝဝရွဴေနရလို႔...ေက်ာက္စိမ္းရင္ဘတ္ႀကီးဖားဖိုလိုနိမ့္ခ်ည္ျမင့္ခ်ည္။
ငါ...ငါ...ဘယ္လိုအထိေတာင္...
မျဖစ္ဘူး။ သူနဲ႔ထပ္ေဝးမွရေတာ့မယ္။
"ေက်ာက္စိမ္း...လာခဲ့ဦး"
သူခိုင္းတဲ့အတိုင္းပဲသြားမိျပန္တာ၊
သူ႔အသံေတြမွာဆြဲအားမ်ားစြာ...
ယူလိုက္တဲ့ေနကာမ်က္မွန္ေလးကိုေသွ်ာင္ကသူ႔မ်က္ႏွာေပၚလာတပ္သည္။
ေဆးစာရြက္နဲ႔ပါဝါမ်က္မွန္ကိုစစ္ေဆးၿပီးစာရင္းယူေနတဲ့ကေလးမႏွစ္ေယာက္ကေတာ့သူတို႔ကိုဂ႐ုသိပ္မစိုက္မိ...
"မင္း...ဟန္ေဆာင္တတ္ဖို႔...ဒါေလးေတာ့လိုမယ္၊ ယူလိုက္၊
မင္းနဲ႔အရမ္းလိုက္တာ"
မ်က္ႏွာေပၚေနကာမ်က္မွန္အနက္ႀကီးနဲ႔ေက်ာက္စိမ္းမွင္သက္စြာ...
ဘာလို႔ငါကဟန္ေဆာင္ေပးရမွာလဲ။
ပိုက္ဆံရွင္းေတာ့...သိန္းႏွစ္ဆယ္ေတာင္၊
ဒီေနကာမ်က္မွန္ေလးကေလ...
ဘုရား...
မဝယ္ဖို႔တားလည္း...လက္ထဲေရာက္လာတာ။
"မင္းမ်က္လံုးေလးေတြကိုတခါတေလဖုံးကြယ္ထားခ်င္မိတယ္မို႔လား...
မညာနဲ႔...
မင္းရင္ထဲကိုငါျမင္တယ္"
xxxxx
အိမ္ျပန္တဲ့လမ္းတေလွ်ာက္...ပုခံုးေပၚမွာေမးတင္ၿပီးဆိုင္ကယ္ေနာက္ကေနခါးေလးဖက္၊
လိုက္လာခဲ့တာ...
ဦးေသွ်ာင္ကၿငိမ္သက္လို႔ပါ။
ဘာစကားမွမေျပာဘဲနဲ႔...
သူ႔ပုခံုးေလးတြကိုခိုးနမ္းေနသလိုပဲ။
ဒါေပမယ့္......
"စူးတယ္ဟ...လာမကပ္နဲ႔"
"ဟာ့...ဘာတုန္း"
"မင္း...ေမးေစ့ကမုတ္ဆိတ္ေတြကစူးတယ္"
ဆိုင္ကယ္ဦးထုပ္မပါေတာ့...သူေနာက္ကေနဦးေသွ်ာင္က...လြတ္လြတ္လပ္လပ္ႀကီးပစ္မွားခ်င္သလိုပစ္မွားေနတာ၊ သူ႔အတြက္စိတ္အေႏွာင့္ယွက္ပါ။
ေရွ႕ကိုၾကည့္ေမာင္းေနရတဲ့ေက်ာက္စိမ္းရဲ႕ဟဲလ္မက္နဲ႔အက်ႌလည္ပင္းၾကားကလြတ္ေနတဲ့ေနရာေလးေတြက္ိုပါးနဲ႔ကပ္၊ နႈတ္ခမ္းနဲ႔ကပ္ခိုးနမ္းေနေတာ့...
မရိတ္ရေသးတဲ့အေမႊးတိုတိုေတြေၾကာင့္...
ေနလို႔မေကာင္းဘူး...အာရံုလာတယ္။
သူ...စာေမးပြဲေတြနဲ႔မအားတာၾကာၿပီ၊ ဟိုဟာ..,ဟိုဟာမျဖစ္ရတာၾကာၿပီ။
"အဲဒီအေမႊးေတြေသခ်ာရိတ္ပါဟ...ေနာက္ၿပီးအရမ္းမကပ္နဲ႔၊
ငါက်ပ္ေနၿပီ၊ မင္း...က်စ္"
"က်ပ္တာေကာင္းတာေပါ့..."
😳😳😳
စၿပီ။ အဲဒီမွာေက်ာက္စိမ္းဟိတက္သြားတာပဲ။
"ဘာ..!...ဘာေျပာတယ္"
"ေအာ္...က်ပ္ေတာ့ေႏြးတာေပါ့လို႔"
ေသွ်ာင့္စကားမွာ...
ဆိုင္ကယ္ႀကီးလမ္းေဘးကပ္ရပ္ရေတာ့တယ္။
"ဆင္းစမ္း..."
"ဟင္...ဘာျဖစ္တာလဲ၊ ဆိုင္ကယ္ပ်က္တာလား"
"ဆင္းမွာသာဆင္း"
ဆင္းဆိုေတာ့လည္းဘုမသိဘမသိတဲ့ငေသွ်ာင္ကဆင္းတာပဲ။
တံုးတာကိုး...
သူဆင္းတာနဲ႔ဆိုင္ကယ္ေမာင္းေျပးသြားတာ...ဝူးကနဲ၊
လွမ္းေအာ္ခ်ိန္ေတာင္မရဘူး။
"ေက်ာက္စိမ္း.....ဟာ....
ေသနာေလး....ဟိတ္ေကာင္...ဒီတံတားႀကီးေပၚမွာ...မထားခဲ့နဲ႔ေလ၊ အား......ျပႆနာေတာ့တက္ၿပီ...ေဟး...ခ်စ္ေလး......
ထန္ခ်င္အံုးကြာ"
အဲဒီညေနကတံတားႀကီးေပၚကေနလမ္းေလွ်ာက္ခဲ့ရတာမိနစ္ႏွစ္ဆယ္တိတိ။
မွတ္ထားတယ္...မိနစ္ႏွစ္ဆယ္ကိုဂဏန္းေတြထဲမွာအႀကီးဆံုးကိန္းဂဏန္းကိုးနဲ႔ေျမႇာက္...
တစ္ရာ့ရွစ္ဆယ္မိနစ္...
တစ္နာရီမွာမိနစ္ေျခာက္ဆယ္...
အခုကတစ္ရာ့ရွစ္ဆယ္မိနစ္ဆိုေတာ့...သံုးနာရီတိတိ။
လမ္းၾကံဳရင္မင္းကိုေဘမွာ...
အမိမတနဲ႔...ကယ္ပါယူပါမလုပ္နဲ႔။
အို...ရႈပ္တယ္ကြာ...
တညလံုးဆိုလည္းတညလံုးေဘပစ္မွာ။
အ႐ိုးေက်ေက်အေရခန္းခန္း။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(နှစ်ယောက်သားကိုအပေါ်အောက်တလှည့်စီသွားပေးမယ်ဆိုပေမယ့်...
ဒီကျောရိုးကိုက Zhanyi ဖြစ်နေလို့တရားမမျှတမိရင်တောင်းပန်ပါတယ်)
(25)
အိမ်ကိုအရမ်းပြန်ချင်သည်။
သတိရပါသည်။
တမ်းတမိပါသည်။
ဒီအချိန်ဆိုမူးနေဦးမလားလို့စိတ်ပူပါသည်၊
ဖုန်းဆက်ကြည့်တာအိမ်မှာပဲရှိနေတယ်၊
ကျောင်းလဲသွားတယ်ဆိုလို့စိတ်အေးနေရတာ။
စာမေးပွဲရှိတယ်ဆိုလို့သာမခေါ်ဖြစ်ဘဲထားခဲ့ရတာ။
ရင်ထဲမှာလွမ်းလွန်းလို့နေထိုင်လို့မကောင်းပါ။
သူ့အကြောင်းလေးတွေးမိလေတိုင်းရင်ထဲကအကောင်လေးက...ခုန်တာ....တဒိန်းဒိန်းမဟုတ်ဘူး...
ကျောက်စိမ်း....ကျောက်စိမ်း...ကျောက်စိမ်း...တဲ့။
ချစ်နေတယ်ဆိုတာသေချာသွားတာ...ကြာခဲ့ပြီ။
မင်းအပေါ်ဘယ်လိုချစ်ရတာဖြစ်ဖြစ်ကျေနပ်နေခဲ့တာ။
ပုရိသတစ်ယောက်အနေနဲ့ဆန့်ကျင်ဘက်ကိုမစွဲလန်းဘူးဆိုရင်တခုခုမှားယွင်းနေတာ၊
ငါ...မှားယွင်းနေတာ...သိလား...ကျောက်စိမ်း။
ဟုတ်တယ်...မှားယွင်းပြီးစွဲလန်းနေတာ။
ဒါဟာ...မင်းအပေါ်ထားတဲ့မေတ္တာကြောင့်ပါ။
တဆင့်ချင်းသွားပြီး...မင်းကိုလည်းသေချာကိုမေတ္တာအကြောင်းနားလည်စေမှာ။
ဒါ...မိန်းမ...ယောကျာ်း...လူပျို...အအိုရယ်လို့မဟုတ်ဘူး။
မေတ္တာကြောင့်...ပုဂ္ဂိုလ်ကိုမမြင်နိုင်ဘဲနဲ့၊
အရာရာကိုလက်သင့်ခံနိုင်တဲ့အထိပေါ့။
ကြိုနှင့်တော့...
ငါမင်းဆီခြေလှမ်းတွေပြင်နေပြီ။
xxxxx
"ဂါး....."
တွေ့ပြန်ပြီ။
ပြုံးပြုံးကြီးနဲ့...ဦးသျှောင်သူ့ကျောင်းခန်းရှေ့မှာ။
ဘာလာလုပ်ပြန်တာလဲ။
မတွေ့ချင်ပါဘူးဆိုမှ...
လှည့်ပြေးလို့လဲမရ။
"ရို့.....အခြေအနေ"
"ဘာအခြေအနေလဲ၊ ဘာလာလုပ်တာလဲ"
"ကိစ္စရှိလို့လေ၊ လမ်းကြုံလိုက်မလို့"
ဟင်..!...လုပ်ပြန်ပြီ။ ပုခုံးမဖက်စမ်းနဲ့လို့အော်မလို့ပေမယ့်...သူ့လက်တစ်ဖက်ပြင်လာတာခါးဆီမှာ...
"ဟိတ်ကောင်...ခါးမဖက်နဲ့"
"ဟင်း...ဘာလို့တုန်း...ဒီကလွမ်းနေတာ၊
သုံးရက်ကြီးများတောင်...ငါ့က်ိုလွမ်းလားဖြေ"
ဂရား.....သူ့ပုခုံးပေါ်ခေါင်းလေးမှီချတော့မှတကယ်သေချင်သွားတာ၊
ပုခုံးစွန်းခိုးနမ်းနေတဲ့နှုတ်ခမ်းနဲ့သူ့ဆီကရတဲ့ရမ်ရနံ့ကြောင့်ပါ။
"ဖယ်ကွာ...ဦးသျှောင်၊ လူမြင်ကွင်းကြီးမှာတမျိုးထင်ကုန်တော့မှာပဲ"
"ဟင့်...ဘယ်နှစ်မျိုးပဲထင်ထင်လေ၊ ဘာလဲ၊
မရိုးသားတာလားပြော၊
ဒီမှာ....လူမြင်ကွင်းကြီးဆိုတော့...
လူနောက်ကွယ်ကျရင်...ဒချိ...ဒချိ..."
"ဟာ့...သောက်အယုတ်တမာ...သေစမ်းကွာ"
သူထိုးလိုက်တဲ့လက်သီးဆုပ်လေးတွေမှာအားမပါတာကိုခံစားမိတယ်။
ကျောက်စိမ်း...မင်းငါ့ကိုသံယောဇဉ်တော့ဖြစ်နေတယ်မို့လား။
ဒီနေ့တမင်တကာကိုကားစစ်ဆေးဖို့ဆားဗစ်ရုံသွားထားပစ်ခဲ့ပြီးတော့...ကျောင်းကိုလာတာ။
ကျောက်စိမ်းကျောင်းပြန်မယ့်အချိန်ကိုကြိုမေးထားပြီးသား၊
မေမေလေးကလည်းအခုတလောမှသဘောတွေစွတ်ကောင်းနေတာ...
ကျောက်စိမ်းအကြောင်းလေးတွေဖုန်းဆက်တိုင်းအလိုက်တသိနဲ့ပြောပြသည်။
မေမေလေး...
မေမေလေးအကြောင်းတွေးမိမှရင်ထဲလေးလံသွားတာ၊
သူတို့ဒီလိုမျိုးပတ်သက်မှုကိုသိသွားကြရင်...
ရှေ့ဆက်ဖို့ဖြစ်ပါ့မလား။
ညီအစ်ကိုချင်းချင်း...
ယောကျာ်းလေးအချင်းချင်းဆိုပြီးကန့်သတ်ကြမှာပါ။
ဒါပေမယ့်...သူရှေ့တိုးချင်နေတာ...သူ့ကိုယ်သူထိန်းသိ်မ်းလို့မရတော့လို့။
မိုက်တယ်ဆိုရင်လည်းအမိုက်အမဲအဖြစ်ခံမှာပေါ့။
ယုတ်မာတယ်ဆိုရင်လည်းကျွန်တော်လူယုတ်မာပါပဲပေါ့။
ချစ်လို့အပြစ်ဖြစ်သွားတာ...ကျေနပ်နေမှာ။
"မင်း...ဘာလာလုပ်တာလဲ၊ ကားကရော"
"မပါဘူး...ဆားဗစ်ပို့ထားတယ်၊ လမ်းကြုံလိုက်မှာ"
"ဟာ့...ဆိုင်ကယ်က..."
"ဟင်...စီးလို့ရပါတယ်၊ ဘာဖြစ်လဲ၊ မင်းနဲ့ငါယောကျာ်းလေးအချင်းချင်းပဲ"
သူ့ဘာသာသူစွတ်တေပြော၊ ဆိုင်ကယ်ဘေးပြေးရပ်။
"မဟုတ်ဘူး၊ ဦးထုပ်ကတလုံးပဲပါတာ"
"ရတယ်၊ ဘာဖြစ်သေးလဲ၊ အဖမ်းခံရရင်ငါ့လိုင်စင်ပေးပစ်လိုက်မယ်"
"ပြီးရော"
"မျက်မှန်ဆိုင်မောင်းပေး၊ မျက်မှန်လဲမလို့"
အခုမှကြည့်မိတာ၊ ဟောင်းနေတဲ့ကျွဲကော်ကိုင်းလေးကကြာနေပြီလေ။
မှန်ပုံးထဲကတခုပြီးတခုရွေး၊ တပ်ကြည့်၊ သူ့ဘာသာဟိုပြောဒီပြော၊
ဆွဲထားတဲ့လက်ကိုတချက်မလွှတ်တော့ကျောက်စိမ်းတင်းနေပြီ။
"ကျောက်စိမ်း...ကြည့်ပေးဦး၊ ဒါလေး"
"မလိုက်ဘူး"
"ဒါလေး..."
"မလိုက်ဘူး"
"ဟင်...လုပ်ပါကွ၊ ငါ့နဲ့လိုက်မယ်ထင်တာလေး"
"ရွေးပေါ့ကိုယ့်ဘာသာ"
ပြောနေပေမယ့်...ကျောက်စိမ်းရွေးနေတာ...
"ဟိုဘက်ကရွှေရောင်ကိုင်းလေး"
"အိုကေ...အစ်မဒါလေးပြ"
သူရွေးတဲ့အတိုင်းပဲ...သျှောင်ဘာမှမငြင်းဘူး။
တပ်ကြည့်ပြီးတော့...
ကျောက်စိမ်းပုခုံးလေးက်ိုလက်နှစ်ဖက်နဲ့...လှမ်းဆုပ်ကိုင်ကာစိုက်ကြည့်နေတာ...
"ငါ...အဆင်ပြေလားသေချာကြည့်"
မျက်နှာရှေ့တိုးပြီးမျက်မှန်ကိုင်းအောက်ကနေကျောက်စိမ်းကိုစားမတတ်ဝါးမတတ်ကြည့်တဲ့ဦးသျှောင့်မျက်လုံးတွေသည်....
အမငီး...သေရပါတော့မယ်၊ အဲဒီလိုတခါမှသျှောင့်မျက်ဝန်းတွေထဲစိုက်မကြည့်ဖူးခဲ့ဘူး။
ညှို့အားတွေပြင်းလွန်းလို့...
သျှောင်သူ့ပုခုံးကိုဆုပ်ကိုင်ထားတဲ့အတိုင်းငြိမ်သက်ပြီးစူးစိုက်နေမိတာ၊
ရင်တွေထဲတလှပ်လှပ်နဲ့...
ရေဆာသလိုလိုလည်ချောင်းတွေခြောက်ကပ်လို့...
အသက်ဝဝရှူချင်သွားပြီးကျောက်စိမ်းနှုတ်ခမ်းလေးတွေအလိုလိုပွင့်ဟမိပြီ။
အဟား...ကျောက်စိမ်းရဲ့မျက်နှာအမူအရာကြောင့်ရယ်ချင်သွားတာ...
နံဘေးမှာလူမရှိရင်အဲဒီနှုတ်ခမ်းလေးကိုပြေးနမ်းမိမလားမသိပါ။
ချစ်လား' ? လို့မေးထုတ်ချင်လိုက်တာ၊
အာတွေယား၊ အသည်းတွေယား။
ကျောက်စိမ်းရယ်...မင်း...အချစ်ကိုတကယ်မကြုံခဲ့ဖူးဘူးပဲ။
"အိုကေလား၊ ဒါပဲတော်ပြီလား"
"ဟင်...အင်း၊ ဒါဟာနဲ့...လိုက်တယ်"
ကျောက်စိမ်းတို့အပြုစားခံရပါပြီ။
ဦးသျှောင်စတင်ယုတ်မာပါပြီ။
ဘေးကပ်ရပ်ပြီးအသက်ဝဝရှူနေရလို့...ကျောက်စိမ်းရင်ဘတ်ကြီးဖားဖိုလိုနိမ့်ချည်မြင့်ချည်။
ငါ...ငါ...ဘယ်လိုအထိတောင်...
မဖြစ်ဘူး။ သူနဲ့ထပ်ဝေးမှရတော့မယ်။
"ကျောက်စိမ်း...လာခဲ့ဦး"
သူခိုင်းတဲ့အတိုင်းပဲသွားမိပြန်တာ၊
သူ့အသံတွေမှာဆွဲအားများစွာ...
ယူလိုက်တဲ့နေကာမျက်မှန်လေးကိုသျှောင်ကသူ့မျက်နှာပေါ်လာတပ်သည်။
ဆေးစာရွက်နဲ့ပါဝါမျက်မှန်ကိုစစ်ဆေးပြီးစာရင်းယူနေတဲ့ကလေးမနှစ်ယောက်ကတော့သူတို့ကိုဂရုသိပ်မစိုက်မိ...
"မင်း...ဟန်ဆောင်တတ်ဖို့...ဒါလေးတော့လိုမယ်၊ ယူလိုက်၊
မင်းနဲ့အရမ်းလိုက်တာ"
မျက်နှာပေါ်နေကာမျက်မှန်အနက်ကြီးနဲ့ကျောက်စိမ်းမှင်သက်စွာ...
ဘာလို့ငါကဟန်ဆောင်ပေးရမှာလဲ။
ပိုက်ဆံရှင်းတော့...သိန်းနှစ်ဆယ်တောင်၊
ဒီနေကာမျက်မှန်လေးကလေ...
ဘုရား...
မဝယ်ဖို့တားလည်း...လက်ထဲရောက်လာတာ။
"မင်းမျက်လုံးလေးတွေကိုတခါတလေဖုံးကွယ်ထားချင်မိတယ်မို့လား...
မညာနဲ့...
မင်းရင်ထဲကိုငါမြင်တယ်"
xxxxx
အိမ်ပြန်တဲ့လမ်းတလျှောက်...ပုခုံးပေါ်မှာမေးတင်ပြီးဆိုင်ကယ်နောက်ကနေခါးလေးဖက်၊
လိုက်လာခဲ့တာ...
ဦးသျှောင်ကငြိမ်သက်လို့ပါ။
ဘာစကားမှမပြောဘဲနဲ့...
သူ့ပုခုံးလေးတွကိုခိုးနမ်းနေသလိုပဲ။
ဒါပေမယ့်......
"စူးတယ်ဟ...လာမကပ်နဲ့"
"ဟာ့...ဘာတုန်း"
"မင်း...မေးစေ့ကမုတ်ဆိတ်တွေကစူးတယ်"
ဆိုင်ကယ်ဦးထုပ်မပါတော့...သူနောက်ကနေဦးသျှောင်က...လွတ်လွတ်လပ်လပ်ကြီးပစ်မှားချင်သလိုပစ်မှားနေတာ၊ သူ့အတွက်စိတ်အနှောင့်ယှက်ပါ။
ရှေ့ကိုကြည့်မောင်းနေရတဲ့ကျောက်စိမ်းရဲ့ဟဲလ်မက်နဲ့အကျႌလည်ပင်းကြားကလွတ်နေတဲ့နေရာလေးတွေက်ိုပါးနဲ့ကပ်၊ နှုတ်ခမ်းနဲ့ကပ်ခိုးနမ်းနေတော့...
မရိတ်ရသေးတဲ့အမွှေးတိုတိုတွေကြောင့်...
နေလို့မကောင်းဘူး...အာရုံလာတယ်။
သူ...စာမေးပွဲတွေနဲ့မအားတာကြာပြီ၊ ဟိုဟာ..,ဟိုဟာမဖြစ်ရတာကြာပြီ။
"အဲဒီအမွှေးတွေသေချာရိတ်ပါဟ...နောက်ပြီးအရမ်းမကပ်နဲ့၊
ငါကျပ်နေပြီ၊ မင်း...ကျစ်"
"ကျပ်တာကောင်းတာပေါ့..."
😳😳😳
စပြီ။ အဲဒီမှာကျောက်စိမ်းဟိတက်သွားတာပဲ။
"ဘာ..!...ဘာပြောတယ်"
"အော်...ကျပ်တော့နွေးတာပေါ့လို့"
သျှောင့်စကားမှာ...
ဆိုင်ကယ်ကြီးလမ်းဘေးကပ်ရပ်ရတော့တယ်။
"ဆင်းစမ်း..."
"ဟင်...ဘာဖြစ်တာလဲ၊ ဆိုင်ကယ်ပျက်တာလား"
"ဆင်းမှာသာဆင်း"
ဆင်းဆိုတော့လည်းဘုမသိဘမသိတဲ့ငသျှောင်ကဆင်းတာပဲ။
တုံးတာကိုး...
သူဆင်းတာနဲ့ဆိုင်ကယ်မောင်းပြေးသွားတာ...ဝူးကနဲ၊
လှမ်းအော်ချိန်တောင်မရဘူး။
"ကျောက်စိမ်း.....ဟာ....
သေနာလေး....ဟိတ်ကောင်...ဒီတံတားကြီးပေါ်မှာ...မထားခဲ့နဲ့လေ၊ အား......ပြဿနာတော့တက်ပြီ...ဟေး...ချစ်လေး......
ထန်ချင်အုံးကွာ"
အဲဒီညနေကတံတားကြီးပေါ်ကနေလမ်းလျှောက်ခဲ့ရတာမိနစ်နှစ်ဆယ်တိတိ။
မှတ်ထားတယ်...မိနစ်နှစ်ဆယ်ကိုဂဏန်းတွေထဲမှာအကြီးဆုံးကိန်းဂဏန်းကိုးနဲ့မြှောက်...
တစ်ရာ့ရှစ်ဆယ်မိနစ်...
တစ်နာရီမှာမိနစ်ခြောက်ဆယ်...
အခုကတစ်ရာ့ရှစ်ဆယ်မိနစ်ဆိုတော့...သုံးနာရီတိတိ။
လမ်းကြုံရင်မင်းကိုဘေမှာ...
အမိမတနဲ့...ကယ်ပါယူပါမလုပ်နဲ့။
အို...ရှုပ်တယ်ကွာ...
တညလုံးဆိုလည်းတညလုံးဘေပစ်မှာ။
အရိုးကျေကျေအရေခန်းခန်း။