နှောင်ကြိုး(trouble maker)(ကေ...
By doubleuwxyz
139K 6.6K 568
နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦ... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15🔞
16🔞🔞
17🔞
18
19
20
21💖
22💖
23💖
25💖
26🔞
27
28
29
30
31🔞🔞
32
33
34
35
36
37🔞
38
39
40
41
42
43
44
45
46
47
48
49
50
51🔞
52🔞🔞
53🔞🔞
54🔞🔞🔞
55🔞🔞🔞
56🔞🔞
57
58
59
60
61
62
64🔞
63
65🔞🔞🔞
66
67🔞
68
69
70
71
72💖
73🔞
74🔞🔞🔞
75🔞🔞🔞
76
77
78
79🔞🔞🔞
80🔞🔞🔞
81
82
83
84
85🔞🔞🔞
86💖
87🔞🔞🔞
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103🔞🔞🔞
104🔞🔞🔞
105🔞🔞🔞
106🔞🔞🔞
107
108
109
110
111
112
113
114
115
116🔞🔞
117🔞🔞🔞
118🔞🔞🔞
119
120
121🔞🔞
122
123
124
125🔞🔞😂
126
127
128
129
130
131
132🔞🔞
133
134
135🔞🔞🔞
136🔞🔞🔞
137
138
139
140
141
142
143
144
145
146
147🔞🔞🔞
148🔞🔞🔞
149
150
151🔞🔞🔞
152🔞🔞
153
154
155
156
(157)
158
159
160🔞🔞
161
162
163 (end)
Thank you
24
839 53 2
By doubleuwxyz
BXG Fanfic
(24)
xxxxx
စိတ်ညစ်တယ်။
ကပ်သီးကပ်သပ်တွေနေ၊
ဘာတဲ့....
နှစ်ကောင်မူးတဲ့ညပဲ။
အခု...
"သား...မင်းဦးသျှောင်နဲ့...."
"အင်...!...ဖလူး....."
"ဟဲ့...အော်...
ဖြေးဖြေးသောက်လေ..."
"ဟာ့...ဖေ....အဲ...ဦးဦး၊
သီးနေပြီ"
"ကောင်း...ကောင်း...
ဦးဦး...ကောင်း..." တဲ့။
ဘာမှတော့မပြော..
တခါတလေ...
ညတုန်းကလည်းမေးတာ...
အဲဒီလို...
နေဦး...
စိတ်တွေညစ်တယ်...
ဦးသျှောင်...နင်...နင်ဟာ......
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(နှစ်ယောက်သားကိုအပေါ်အောက်တလှည့်စီသွားပေးမယ်ဆိုပေမယ့်...
ဒီကျောရိုးကိုက Zhanyi ဖြစ်နေလို့တရားမမျှတမိရင်တောင်းပန်ပါတယ်)
(24)
အား...သံသယတွေနဲ့ဘယ်လိုအိပ်ရမလဲကွာ။
ခေါင်းကုတ်လိုက်ဖင်ကုတ်လိုက်နဲ့...
ကျောက်စိမ်းအိပ်နေရပေမယ့်...လူကနေလို့မကျ၊
သျှောင်...သိသွားတာလား၊ မသိဘူးလား။
ပြီတီတီနဲ့...ငါ့ကိုတမင်...
အာကွာ...သိတယ်ဆိုရင်တောင်စိတ်ဆိုးတာမျိုး...
ငါ့ကိုပြဿနာရှာတာမျိုးလုပ်မှာပဲ။
အဲဒီလောက်ရှည်တတ်တဲ့အကောင်ကငါ့ကိုဘာမှမမေးဘူးဆိုတာ...မသိသေးလို့။
ငါကလည်းဘာလို့သူ့ကိုမှစွဲလန်းနေရတာလဲကွာ။
ဘာလို့...သူ့ခန္ဓာကိုယ်ကိုမှတမ်းတမိမှန်းမသိဘူး။
လိုချင်တပ်မက်စိတ်တွေသူ့ကိုမြင်တိုင်းပိုပိုဆိုးလာတာ...ရူးတောင်ရူးချင်လာပြီ။
အမေရေ...မှားပြီလားမသိဘူး။
(ခလုတ်ထိမှအမိမတနဲ့...မင်းအတတ်ဆန်းတာတွေကိုယ့်ကိစ္စကိုယ်ရှင်း။)
တနေကုန်အခန်းထဲမှာပဲအောင်းနေခဲ့တာညနေအထိပဲ။
ဦးသျှောင်အပြင်သွားပြီထင်သည်။
ဝါရန်တာကနေချောင်းတော့ကားမရှိ။
ဗိုက်လဲဆာလှပြီ၊ တခုခုစားချင်ပြီ။
ဗိုက်ကခဏခဏနာနေတတ်တာမို့ကိုယ့်ဘာသာဂရုမစိုက်ရင်မဖြစ်ဘူးဆိုတာကျောက်စိမ်းနားလည်တယ်။
xxxxx
"ကျောက်စိမ်း...ထမင်းလေးဘာလေးစားပါဦးသားရယ်၊ ညကလဲအပြန်နောက်ကျတယ်မလား"
မေမေမေးနေပေမယ့်ပြန်မဖြေ...
ခေါင်းကိုသာညိတ်လို့စားမယ့်ဟန်လေးလုပ်ပြသည်။
ရေငုံနှုတ်ပိတ်လေးလုပ်နေတဲ့သားဖြစ်သူကိုကြည့်ရတာစိတ်ကမချမ်းသာ။
ညညတွေအပြင်တူတူထွက်နေခဲ့ကြပြီးနှစ်ယောက်သားအဆင်ပြေနေကြတာမဟုတ်ဘူးလား။
အဆင်ပြေနေလို့လဲ...ဟိုဥစ္စာတောင်...
အမလေးနော်...ငါအမေဖြစ်နေလို့ဟေ့...
စိတ်ညစ်တယ်။
ဟိုတယောက်ကလည်းသူ့ညီလေးဆိုပြီးမထိတထိတွေစ,လို့...
ကပ်သီးကပ်သပ်တွေနေ၊
ဒီတစ်ယောက်ကလည်းပဲ...အနေအေးပြီးတော့ရှက်တာလွန်ရော။
ညတုန်းကလည်းနှစ်ယောက်သားအိမ်ပြန်လာတာသုံးနာရီထိုးနေပြီ။
ကားထဲမှာမှောက်အိပ်နေတဲ့ငသျှောင့်ကိုသူပစ်ထားခဲ့ပြီးမှတံခါးလေးသွားချပေးခဲ့သေး။
ပြီးတော့အိမ်ပေါ်တက်ပြေးတာအမြီးတန်းနေရော။
ဟိုတစ်ယောက်ကလည်းဘာမူးချင်ယောင်ဆောင်တယ်မသိ၊
အချိန်နည်းနည်းကြာတော့မှကားထဲမှာဆေးလိပ်မီးတရဲရဲနဲ့ထိုင်နေတာအကြာကြီး။
မနက်လင်းခါနီးမှခါးလေးတကိုင်းကိုင်းနဲ့...အိမ်ထဲဝင်လာတာတကယ့်လူကောင်းပါပဲ။
ဘာမှကိုမူးနေတာမဟုတ်ဘူး...အလကား...သီချင်းတောင်ဆိုနေတာ...
ဘာတဲ့....
(မင်းနဲ့နီးချင်ပြီ၊ ချစ်ခွင့်ရချင်ပြီ။
ငါဟာတစ်ယောက်ထဲထိန်းချုပ်ထားလို့မရဆိုလား...ဘာလား။
ငသျှောင်တို့ထိန်းထားလို့တဲ့...
ထိန်းမထားရင်တော့...ငါလား...ကလေးတွေတောင်းနဲ့ထည့်ထားရမလားမသိဘူး။)
သျှောင်ကကျောက်စိမ်းနိုးမလာခင်ထိအပေါ်တက်လိုက်အောက်ဆင်းလိုက်လုပ်နေရင်း...
ကြောင်သလိုလိုယောင်သလိုလိုနဲ့ပြုံးလိုက်ရယ်လိုက်လုပ်နေတာများ...
ဦးသျှောင်ရူးနေတယ်လို့တောင်ထင်ရတယ်။
ခါးနာတယ်၊ ခါးနာတယ်ပြောနေတာကြားနေရတာဘယ်နှစ်ခါရှိပြီလဲ။
ခါးနာတိုင်းလည်းပြေးမကြည့်နဲ့၊
နှစ်ကောင်မူးတဲ့ညပဲ။
အေး...နောက်တနေ့ဆိုရင်လည်းကျောက်စိမ်းကဘီလူးသဘက်တွေနောက်ကလိုက်ခံရတဲ့သူလိုမျိုး...
သျှောင့်ကိုတွေ့ရင်ပြေးပုန်းနေတာပဲ။
ဘယ်သူနဲ့မှစကားကိုကောင်းကောင်းမပြောတော့ဘူး။
နေ့လည်ကလည်းသျှောင်သူ့ကိုလိုက်ရစ်နေတာတွေ့ပါတယ်။
ကျောင်းမသွားလို့တဲ့၊ အလုပ်သွားစရာရှိတာကိုများတသက်လုံးကတိမဖျက်တတ်တဲ့ဦးသျှောင်ကမသွားတော့ဘူးဆိုပြီးတော့ကားတစ်စီးနဲ့ထွက်သွားတာ၊ အခုထိပြန်မလာ။
အခု...
ဒီတစ်ယောက်ကလည်းဘာတွေတွေးနေလဲမသိပါဘူး၊ မြုံစိစိနဲ့....မေးဦးမှပါ။
"သား...မင်းဦးသျှောင်နဲ့...."
"အင်...!...ဖလူး....."
လတ်တလော...ဦးသျှောင့်နာမည်ကြားရင်သောက်တဲ့ရေတောင်သီးတယ်...
တောက်..!...ကောင်းကျိုးကိုမပေးဘူး။
"ဟဲ့...အော်...
ဖြေးဖြေးသောက်လေ..."
ထိုစဉ်...အခန်းထဲဝင်ချလာတဲ့ကြိုးကလေး...
"ဟာ့...ဖေ....အဲ...ဦးဦး၊
သီးနေပြီ"
ပြေးဝင်လာတာကျောက်စိမ်းထိုင်နေတဲ့ခုံနောက်မှာကပ်ရပ်ပြီးကျောကုန်းကိုလက်ဖဝါးသေးသေးလေးနဲ့ပွတ်ပေးတာ...
"ကောင်း...ကောင်း...
ဦးဦး...ကောင်း..." တဲ့။
တဟွတ်ဟွတ်နဲ့ကျောက်စိမ်းက...ကြိုးကလေးကိုကြည့်ရှာသည်။
ဘာမှတော့မပြော..
ပြောင်းလဲသင့်သလောက်တော့ပြောင်းလဲလာခဲ့ကြောင်းဒေါ်ယုယသဘောပေါက်သည်။
သိပ်ပြီးကြင်နာချင်တဲ့ပုံစံအထိပြောင်းလဲမလာပေမယ့်....သူအရင်လိုတော့မခက်ထန်နေတော့ဘူး။
ဒါလေးကိုပဲကျေနပ်နေရတာ၊
ကြိုးကလေးအနားရောက်လာတာတွေကိုတအိမ်လုံးမတားဖြစ်တော့ဘူး။
တခါတလေ...
ကလေးကိုတမင်တကာသူ့ရှေ့ရောက်အောင်တွန်းပို့ပြီးဆော့စေရသည်။
ကိုယ့်သွေးသားပဲ...ဘယ်လောက်တောင်စိမ်းကားရက်စက်နိုင်မလဲ။
ကျောက်စိမ်းကအသက်နှစ်ဆယ်ပြည့်သွားပေမယ့်...ကလေးဆန်နေတုန်း။
ချောမွေ့သန့်ရှင်းနေတဲ့မျက်နှာဖွေးဖွေးလေးကစုစည်းထားတဲ့ရွှေအိုရောင်ဆံပင်တွေနဲ့လိုက်ဖက်လှသည်။
လှလိုက်တာလို့ပြောရင်...သားယောကျာ်းလေးကိုဒီလိုပြောစရာလားလို့အထင်ခံရမှာပါ။
ဒီကလေးဟာ...သားဆိုလည်းဟုတ်၊ သမီးဆိုလည်းဟုတ်နေတာသူမတို့မိသားစုကလွဲဘယ်သူသိခဲ့လို့လဲ။
အဖုံးအဖိကောင်းထားတာအသက်တွေကြီးလာတဲ့အထိ၊
အတူတူနေခဲ့တဲ့ဦးသျှောင်တောင်မှသိသေးတာမဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်းပြောပြပြီးအစကတည်းကငြိပေးလိုက်ရင်အကောင်းသား၊
ကျောက်စိမ်းရဲ့စိတ်ဝေဒနာအရမ်းဆိုးနေခဲ့လို့သာ။
အခုတော့အနည်းငယ်ရာသီဥတုကောင်းမွန်လာခဲ့ပါပြီ။
ဆရာဝန်နဲ့တိုင်ပင်ပြီးတော့စိတ်ငြိမ်အောင်လို့ကုသတာတွေကိုလည်းအနည်းအကျဉ်းခံယူသည်။
တခါတလေသူ့စိတ်အခန့်မသင့်တာလေးတွေကိုပဲသတိထားနေရတာ၊
အရက်သောက်ပြီးဆေးမူးတာတို့လိုပေါ့လေ။
အခုလဲကျောက်စိမ်းကသူ့ဘေးကခုံလေးဆွဲပြီးတော့ကြိုးကလေးကိုထိုင်စေတာ၊
လက်တစ်ဖက်ကိုထိန်းပေးမလို့တောင်ပြင်နေသေးသည်။
"ဟင့်အင်း...ကိုယ့်ဘာသာတက်မှာ"
အဲဟာလေးကလည်းတတ်လိုက်တာလွန်ရော၊
ညတုန်းကလည်းမေးတာ...
"ပါးပါးနဲ့ဖေဖေကပြန်မလာသေးဘူးလား"တဲ့။
ညတုန်းကသျှောင်ပြန်မလာဘူးဆိုပြီးတော့ကလေးကိုတတိယထပ်ကအခန်းမှာမသိပ်တော့ဘဲ...
ရဲရဲကခေါ်သိပ်ထားတာပါ။
သျှောင်ပြန်မလာတိုင်းညအိပ်ဖို့အရင်ကဒုက္ခရောက်ခဲ့ပေမယ့်...
အခုကြိုးကလေးအဆင်ပြေနေပါပြီ။
ဆော့တဲ့အရွယ်ရောက်ပြီမို့လူကြီးသိပ်မကပ်ချင်တော့တာပါ။
"ပါးပါး...ဖေဖေနဲ့အိပ်ပြန်ပြီလား"တဲ့။
"ကြိုးကိုကျတော့မခေါ်ဘူးနော်...ဖေဖေ့ကိုပိုချစ်သွားတာလား"တဲ့။
အေး...နင်သွားမေးကြည့်လိုက်လေ၊
နင့်ပါးပါးဘယ်လိုဖြေမလဲဆိုတာ။
ချစ်နေကြတာလို့ရိပ်မိပြီးနောက်မှာဒေါ်ယုယစိတ်တွေမရှည်တော့ပါ။
နှစ်ယောက်သားကိုအခန်းတစ်ခုထဲထည့်ပိတ်ပစ်လိုက်ချင်ပြီ။
စိတ်ကြိုက်ဖြစ်ကြစမ်း...
ကွဲကွဲပြဲပြဲဆေးရုံရောက်ရောက်အကုန်တာဝန်ယူမယ်။
အခုတော့ကျောက်စိမ်းကိုအရင်တီးခေါက်ကြည့်ရမှာ။
"သား...သျှောင်နဲ့ပွင့်လင်းလိုက်ဖို့...စိတ်ကူး"
"ဒါပြောမယ်ဆိုရင်တော်ပြီမေမေ၊
ကျွန်တော်ရင်ခံသွားလိမ့်မယ်"
အဲဒီလို...
ကောင်းသလိုလိုနဲ့ဆိုးနေတတ်တာလေးတွေရှိနေတော့ခက်ပါသည်။
ဦးသျှောင့်ကိုလည်းလက်ကုပ်ပြီးတော့အရိပ်ယောင်ဖမ်းဦးမှပါပဲ။
ကလေးကိစ္စကိုဖုံးထားမိတာပြဿနာတက်ဦးမလားမသိပေမယ့်...
သားနှစ်ယောက်ကိုအရင်ချစ်မြတ်နိုးသွားစေဖို့အရေးကြီးတာပါ။
မဖြစ်ဘူး...သူတို့ဒီ့ထက်ပိုလွတ်လပ်မှအဆင်ပြေမှာ။
အိမ်း...နေနေနဲ့ထပ်တိုင်ပင်ပြီးကြံဦးမှပါ။
အစကတည်းကလက်ထပ်ပွဲမှာသတို့သားနဲ့သတို့သားဖြစ်သွားတာကိုတောင်ကျေးဇူးတင်မိသည်။
နင်တို့ဖူးစာပါခဲ့လို့သာမင်္ဂလာနဲ့ကြုံခဲ့တာ၊
အဲဒီမင်္ဂလာကိုတသက်လုံးမြဲအောင်လုပ်ပေးမှာဟေ့။
ငါတို့ကိုသာပုစုခရုလေးတွေထပ်ပေးပါ။
သားအိမ်ထုတ်ပေးလိုက်တယ်လို့ကျောက်စိမ်းကိုညာထားရတာ၊
တကယ်ကထုတ်ပေးလိုက်တာမဟုတ်ဘူး။
သားဥပြွန်တဖက်ထဲပါတဲ့သိပ်အခြေနေမကောင်းတဲ့သားအိမ်ကိုဆေးထည့်ပြီးတော့ထားပေးလိုက်တာတခုပဲ။
ဒါကိုကျောက်စိမ်းမသိလို့သာအခုလိုသျှောင်နဲ့သွားသွားလာလာလုပ်ရဲတာ။
သိများသိရင်အတွေ့တောင်ခံပါ့မလားမသိဘူး။
နေဦး...
ငသျှောင်ဆိုတဲ့အကောင်လည်မလိုလိုနဲ့သိပ်အ,နေတာ၊
နားရွက်ဖျားလေးကိုလက်သည်းနဲ့ဆိတ်ဆွဲပြီးမေးကြည့်ချင်တာ...
နင်...တကယ့်ကိုယောကျာ်းဘသားစစ်စစ်ဟုတ်ရဲ့လားလို့။
အောက်မှာနေချင်နေတာ...နင်ဂေးများဂေးနေတာလားလို့ဟယ်။
စိတ်တွေညစ်တယ်...
ကိုယ့်နေရာလေးကိုကိုယ်မသိနိုင်အောင်...
ဦးသျှောင်...နင်...နင်ဟာ......
Continue Reading
You'll Also Like
92.5K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
294K 50.5K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
943K 71.6K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...
17.1K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~