Searching in the Apocalypse f...

Por Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... Más

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 184

5.5K 942 58
Por Dancing_Breeze

[Zawgyi]

<ေက်ာင္းဆရာဝန္အန္ကယ္ ျပန္ေပၚလာျခင္း>

Phoenixရဲ႕မ်က္နွာက ေသမလိုျဖဴ ေဖ်ာ့ေနၿပီျဖစ္သည္။ သူမက zombieရဲ႕ တိုက္ခိုက္မႈကို သည္းခံနိုင္စြမ္းရွိတဲ့ပံု မေပၚေတာ့ဘဲ ေငးေၾကာင္ၿပီးသာ ၾကည့္ေနေလ၏။

"Phoenix...ျမန္ျမန္ေရွာင္လိုက္!"

Wolfက zombieကို ေသနတ္နဲ႔ပစ္လိုက္ရင္း Phoenixကို လွမ္းေအာ္သည္။

မေမ်ွာ္လင့္စြာပဲ...zombieက Phoenixကို တိုက္ခိုက္ျခင္းမျပဳဘဲ သူမရဲ႕လည္ပင္းက တစ္စံုတစ္ခုကိုသာ ဆဲြျဖဳတ္ေနခဲ့သည္။ နဥ္ရႈ မ်က္လံုးေတြ က်ဥ္းေျမာင္းလိုက္ၿပီး zombieလက္ထဲက ပစၥည္းကို ၾကည့္လိုက္သည္။ ထိုအရာက ဖန္ပုလင္းေသးေသးေလးတစ္ပုလင္းျဖစ္ၿပီး ေနေရာင္ေအာက္မွာ တလက္လက္နဲ႔ ေတာက္ပေနသည္။

ဖန္ပုလင္းထဲက အရည္ၾကည္ေတြက သာမာန္ေရေတြထက္ ပိုသိပ္သည္းေနခဲ့သည္။

အဲ့ဒါက ဘာလဲ?

"အေလာင္းေကာင္က မ်ိဳးရိုးဗီဇအဆီအနွစ္ကို ယူသြားၿပီ!"

Phoenixက ေအာ္လိုက္သည္။ လူတိုင္း အံ့အားသင့္သြားေၾကေတာ့သည္။ မ်ိဳးရိုးဗီဇအဆီအနွစ္!?

Phoenixက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ေတြ႕ခဲ့တယ္ေပါ့?

နဥ္ရႈလည္း အံ့အားသင့္သြားေလသည္။ဒီzombieက ဘာလို႔ မ်ိဳးရိုးဗီဇအဆီအနွစ္ကို လိုခ်င္ေနရတာလဲ? မူလဇာတ္ေၾကာင္းထဲမွာ ဒီအခန္းမပါခဲ့ပါဘူး။

"ရွင္းျပဖို႔ အခ်ိန္မရွိဘူး! ငါတို႔ မ်ိဳးရိုးဗီဇအဆီအနွစ္ကို အရင္ျပန္ယူဖို႔လိုတယ္!"

Phoenixက ေအာ္ေျပာလိုက္သည္။

Zombieက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ရသြားတာနဲ႔ နဥ္ရႈတို႔အုပ္စုကို ဆက္မေနွာင့္ယွက္ေတာ့ဘဲ ထြက္သြားရန္ျပင္ေလ၏။

"ျမန္ျမန္! သူ႔ကိုတား! ငါတို႔ မ်ိဳးရိုးဗီဇအဆီအနွစ္ကို ျပန္ယူဖို႔လိုတယ္!"

Wolfက က်န္လူေလးေယာက္ကို ေအာ္ေျပာလိုက္သည္။

နဥ္ရႈ မယံုၾကည္ျခင္းေတြနဲ႔ မ်က္လံုးေတြလွမ့္လိုက္သည္။ ဒီေကာင္ႀကီးကို သူမတို႔နိုင္စရာအေၾကာင္းမွမရွိတာ။ ဘာလို႔ ခြန္အားေတြ ျဖန္းတီးေနမွာလဲ?

သို႔ေသာ္လည္း နဥ္ရႈက တာဝန္ေက်စြာနဲ႔ပဲ zombieကို ပစ္ခတ္လိုက္သည္။ ၿပီးေတာ့ ဒါက အသံုးမဝင္တာျဖစ္ေနတုန္းပင္။ ဒီzombieက သူမတို႔ကို သတ္ဖို႔မစဥ္းစားတာနဲ႔တင္ သူမတို႔ ေပ်ာ္ပဲြရႊင္ပဲြက်င္းပသင့္ေနၿပီမလား?

Zombieေကာင္က က်န္ငါးေယာက္ကို အႏၱရာယ္ျပဳမယ့္ပံုစံနဲ႔ မာန္ဖီလိုက္တာေၾကာင့္ စိတ္တိုသြားပံုေပၚသည္။ ထို႔ေနာက္ သူက နဥ္ရႈကို တစ္ဟုန္ထိုးတိုက္ခိုက္လာေတာ့သည္။

နဥ္ရႈ : (O o O)

သူမက ဒီအုပ္စုထဲမွာ အားအနည္းဆံုးပံုေပါက္ေနလို႔ zombieက သူမကို ဦးတည္တိုက္ခိုက္ေနတာလား?

က်န္လူေတြက လက္မေလ်ွာ႔ခင္ ခဏေလာက္ေတာ့ သူ႔ကို တားဖို႔ႀကိဳးစားခ်င္ေယာင္ေဆာင္လိုက္ၾကေသးသည္။ သူတို႔က သူမကို ကူညီဖို႔ ရည္႐ြယ္ခ်က္မရွိတာေၾကာင့္ သူမအေနနဲ႔ သူမဘာသာပဲ အားကိုးနိုင္ေတာ့သည္။

မီးခိုးေရာင္လက္တစ္ဖက္က အပုပ္နံ႔လႈိင္လႈိင္ေပးရင္း နဥ္ရႈလည္ပင္းဆီေရာက္လာသည္။ အနံ႔က ဆိုး႐ြားျပင္းထန္လြန္းတာေၾကာင့္ နဥ္ရႈ ပ်ိဳ႕တက္လာေတာ့သည္။

သူမ zombieရဲ႕ ေခါင္းကိုခ်ိန္ၿပီး ခလုတ္ညႇ္လိုက္ေပမယ့္ zombieက ေရွာင္လိုက္ၿပီး လက္က သူမဆီ ဆက္လက္တိုးကပ္လာသည္။ ေသျခင္းတရားနီးကပ္လာတာကို ျမင္ရတဲ့အခါ နဥ္ရႈရဲ႕ သူငယ္အိမ္ေတြ ျပဴ းက်ယ္ဝိုင္းစက္သြားေတာ့သည္။
ရုတ္တရက္ zombieက ေပါက္ကဲြသြားၿပီး မီးခိုးေရာင္ဦးေနွာက္အပိုင္းအစေတြက နဥ္ရႈမ်က္နွာအနွ႔ံကို လာစင္ေလ၏။

နဥ္ရႈ : !!!

နဥ္ရႈ တစ္ေယာက္တည္း ေရွာ႔ခ္ရသြားတာမဟုတ္ေပ။ က်န္ေနတဲ့လူေတြလည္း အံ့အားသင့္ေနၾကသည္။ ဒီzombieရဲ႕ ခုခံစြမ္းက ထိပ္ဆံုးကိုေက်ာ္လြန္ေနတာေၾကာင့္ ဒီလိုမ်ိဳး အပစ္ခံလိုက္ရတာကို ယံုၾကည္ဖို႔ ခက္ခဲေလသည္။

နဥ္ရႈ မ်က္လံုးမဖြင့္ခင္ မ်က္နွာကို သုတ္လိုက္သည္။ အနားမွာ ရပ္ထားတဲ့ကားတစ္စီးရွိေနၿပီး လူတစ္ေယာက္က ကားေရွ႕မွာရပ္ေနသည္။ သူက အနက္ေရာင္ေလကာအက်ႌကိုဝတ္ထားၿပီး ဂရာမစိုက္ဟန္ျဖင့္ ရပ္ေနကာ ေလက သူ႔ဂ်က္ကတ္္အနားစကို ပင့္မေပးေနသည္။

သူက ေသနတ္တစ္လက္ကို ကိုင္ထားၿပီး ေစာေစာေလးကတင္ သူမဆီ တိုက္ရိုက္ခ်ိန္႐ြယ္ထားတဲ့ေသနတ္ကို ေအာက္ျပန္ခ်ထားသည္။ နဥ္ရႈ zombieကို သိပ္မေၾကာက္ေပမယ့္ ဒီေသနတ္ကိုေတာ့ ေၾကာက္လန္႔လြန္းလို႔ သူမရဲ႕အတြင္းခံေဘာင္းဘီထဲ ေသးေပါက္ခ်မိေတာ့မလိုပင္။ ဒီေသနတ္က zombieတစ္ေကာင္ကိုေတာင္ နိုင္တယ္။

"မ..မပစ္ပါနဲ႔!"

နဥ္ရႈ သူမလက္ကို အလ်င္အျမန္ေဝွ႔ယမ္းလုိက္သည္။

"ကြၽန္မတို႔အကုန္လံုးက လူေတြပါ...လူေတြပါ!"

ေက်ာင္းဆရာဝန္အန္ကယ္ကို ဒီလိုပံုစံနဲ႔ ျပန္ေတြ႕ရမယ္လို႔ နဥ္ရႈမေမ်ွာ္လင့္္ထားေပ။ သူက လူေတြကို ေဝဖန္ျပစ္တင္လိုစိတ္ေလးျပဴ ထြက္လာေစတဲ့ ေလကာအက်ႌကို အခုထိဝတ္ေနတုန္းပင္။ နဥ္ရႈက ကမၻာအမ်ားႀကီးမွာ က်င္လည္ၿပီးၿပီျဖစ္တာေၾကာင့္ ေက်ာင္းဆရာဝန္အန္ကယ္ကို ျပန္ေတြ႕တဲ့အခါမွာ ေဝးကြာလြန္းတဲ့အတိတ္ကို အလည္ျပန္ေရာက္ေနသလို နဥ္ရႈခံစားလိုက္ရသည္။

"ဒီကမိတ္ေဆြ....ကူညီတဲ့အတြက္ ေက်းဇူးတင္ပါတယ္။"

Wolfက အရင္စၿပီး စကားေျပာလိုက္သည္။

ေက်ာင္းဆရာဝန္က နဥ္ရႈဆီ ေသနတ္နဲ႔ခ်ိန္ထားစဥ္မွာပင္ Wolfကို ဂရုမစိုက္ဟန္နဲ႔ၾကည့္လိုက္ေလ၏။ နဥ္ရႈက ဓာတ္လိုက္ထံေနရသလိုမ်ိဳး သူမဆံပင္ေတြက အဆံုးစြန္ထိ ေထာင္ထေနသည္။

"ေျမေပၚက မ်ိဳးရိုးဗီဇအဆီကို ေကာက္လိုက္။"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကိုေျပာလာသည္။

"အရင္ဆံုး ရွင္ အဲ့ေသနတ္ကို ခ်ထားနိုင္မလား? ကြၽန္မ ေၾကာက္တယ္!!"

နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္ကို ေအာ္ေျပာလိုက္သည္။

ေက်ာင္းဆရာဝန္အန္ကယ္က သေရာ္လိုက္ၿပီး နဥ္ရႈကို ေလာေဆာ္လိုက္သည္။

"ျမန္ျမန္လုပ္။"

နဥ္ရႈ zombieရဲ႕လက္ကို ကေလာ္ဖြင့္လိုက္ၿပီး ေက်ာင္းဆရာဝန္အန္ကယ္ဆီ မ်ိဳးရိုးဗီဇအဆီအနွစ္နဲ႔အတူ ေလ်ွာက္သြားလိုက္သည္။

Phoenixက နဥ္ရႈဆီ သြားခ်င္ေနေပမယ့္ Wolfက သူမကို တားလိုက္သည္။ သူမက အင္တင္တင္နဲ႔ရပ္လိုက္ၿပီး နဥ္ရႈလက္ထဲက မ်ိဳးရိုးဗီဇအဆီအနွစ္ကို ဂနာမၿငိမ္တဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနေတာ့သည္။

နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္ဆီ ေျဖးညင္းစြာေလ်ွာက္သြားလိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္က မ်က္ေမွာင္ကုတ္ၿပီး ေျပာလာ၏။

"အရမ္းကပ္မလာနဲ႔။ ငတံုး။"

သူ႔ရဲ႕ စိတၱဇဆန္ဆန္ အျပစ္ရွာတတ္တဲ့အက်င့္က ခုထိမေျပာင္းေသးဘူးပဲ။
....

အမွန္ေတာ့ တစ္ပိုင္းထပ္တင္ဖို႔ အစီအစဥ္မရွိဘူးရယ္။ Ssရိုက္ေနရင္း Reappearance of the SDUဆိုတာနဲ႔ ေသာက္ရမ္းေတြစိတ္လႈပ္ရွားၿပီး ျပန္ခ်လိုက္တာပဲ။ တန္ပါတယ္ရွန္...ျမင္လိုက္ရတာနဲ႔တင္ အေမ့အေငါက္ခံၿပီး ေပကပ္ကပ္နဲ႔ထိုင္ဘာသာျပန္ရတာ တန္ပါတယ္။

Translator baby Light Kun : Uncle!! Marry me! Be my husband!!

Uncle : ခ်စ္ရည္ရႊမ္းတဲ့မ်က္လံုးႀကီးေတြနဲ႔ လာမၾကည့္နဲ႔။ ေအာ္ဂလီဆန္တယ္။

Translator : ....
......

[Unicode]

<ကျောင်းဆရာဝန်အန်ကယ် ပြန်ပေါ်လာခြင်း>

Phoenixရဲ့မျက်နှာက သေမလိုဖြူ ဖျော့နေပြီဖြစ်သည်။ သူမက zombieရဲ့ တိုက်ခိုက်မှုကို သည်းခံနိုင်စွမ်းရှိတဲ့ပုံ မပေါ်တော့ဘဲ ငေးကြောင်ပြီးသာ ကြည့်နေလေ၏။

"Phoenix...မြန်မြန်ရှောင်လိုက်!"

Wolfက zombieကို သေနတ်နဲ့ပစ်လိုက်ရင်း Phoenixကို လှမ်းအော်သည်။

မမျှော်လင့်စွာပဲ...zombieက Phoenixကို တိုက်ခိုက်ခြင်းမပြုဘဲ သူမရဲ့လည်ပင်းက တစ်စုံတစ်ခုကိုသာ ဆွဲဖြုတ်နေခဲ့သည်။ နဉ်ရှု မျက်လုံးတွေ ကျဉ်းမြောင်းလိုက်ပြီး zombieလက်ထဲက ပစ္စည်းကို ကြည့်လိုက်သည်။ ထိုအရာက ဖန်ပုလင်းသေးသေးလေးတစ်ပုလင်းဖြစ်ပြီး နေရောင်အောက်မှာ တလက်လက်နဲ့ တောက်ပနေသည်။

ဖန်ပုလင်းထဲက အရည်ကြည်တွေက သာမာန်ရေတွေထက် ပိုသိပ်သည်းနေခဲ့သည်။

အဲ့ဒါက ဘာလဲ?

"အလောင်းကောင်က မျိုးရိုးဗီဇအဆီအနှစ်ကို ယူသွားပြီ!"

Phoenixက အော်လိုက်သည်။ လူတိုင်း အံ့အားသင့်သွားကြေတော့သည်။ မျိုးရိုးဗီဇအဆီအနှစ်!?

Phoenixက မျိုးရိုးဗီဇအဆီအနှစ်ကို တွေ့ခဲ့တယ်ပေါ့?

နဉ်ရှုလည်း အံ့အားသင့်သွားလေသည်။ဒီzombieက ဘာလို့ မျိုးရိုးဗီဇအဆီအနှစ်ကို လိုချင်နေရတာလဲ? မူလဇာတ်ကြောင်းထဲမှာ ဒီအခန်းမပါခဲ့ပါဘူး။

"ရှင်းပြဖို့ အချိန်မရှိဘူး! ငါတို့ မျိုးရိုးဗီဇအဆီအနှစ်ကို အရင်ပြန်ယူဖို့လိုတယ်!"

Phoenixက အော်ပြောလိုက်သည်။

Zombieက မျိုးရိုးဗီဇအဆီအနှစ်ကို ရသွားတာနဲ့ နဉ်ရှုတို့အုပ်စုကို ဆက်မနှောင့်ယှက်တော့ဘဲ ထွက်သွားရန်ပြင်လေ၏။

"မြန်မြန်! သူ့ကိုတား! ငါတို့ မျိုးရိုးဗီဇအဆီအနှစ်ကို ပြန်ယူဖို့လိုတယ်!"

Wolfက ကျန်လူလေးယောက်ကို အော်ပြောလိုက်သည်။

နဉ်ရှု မယုံကြည်ခြင်းတွေနဲ့ မျက်လုံးတွေလှမ့်လိုက်သည်။ ဒီကောင်ကြီးကို သူမတို့နိုင်စရာအကြောင်းမှမရှိတာ။ ဘာလို့ ခွန်အားတွေ ဖြန်းတီးနေမှာလဲ?

သို့သော်လည်း နဉ်ရှုက တာဝန်ကျေစွာနဲ့ပဲ zombieကို ပစ်ခတ်လိုက်သည်။ ပြီးတော့ ဒါက အသုံးမဝင်တာဖြစ်နေတုန်းပင်။ ဒီzombieက သူမတို့ကို သတ်ဖို့မစဉ်းစားတာနဲ့တင် သူမတို့ ပျော်ပွဲရွှင်ပွဲကျင်းပသင့်နေပြီမလား?

Zombieကောင်က ကျန်ငါးယောက်ကို အန္တရာယ်ပြုမယ့်ပုံစံနဲ့ မာန်ဖီလိုက်တာကြောင့် စိတ်တိုသွားပုံပေါ်သည်။ ထို့နောက် သူက နဉ်ရှုကို တစ်ဟုန်ထိုးတိုက်ခိုက်လာတော့သည်။

နဉ်ရှု : (O o O)

သူမက ဒီအုပ်စုထဲမှာ အားအနည်းဆုံးပုံပေါက်နေလို့ zombieက သူမကို ဦးတည်တိုက်ခိုက်နေတာလား?

ကျန်လူတွေက လက်မလျှော့ခင် ခဏလောက်တော့ သူ့ကို တားဖို့ကြိုးစားချင်ယောင်ဆောင်လိုက်ကြသေးသည်။ သူတို့က သူမကို ကူညီဖို့ ရည်ရွယ်ချက်မရှိတာကြောင့် သူမအနေနဲ့ သူမဘာသာပဲ အားကိုးနိုင်တော့သည်။

မီးခိုးရောင်လက်တစ်ဖက်က အပုပ်နံ့လှိုင်လှိုင်ပေးရင်း နဉ်ရှုလည်ပင်းဆီရောက်လာသည်။ အနံ့က ဆိုးရွားပြင်းထန်လွန်းတာကြောင့် နဉ်ရှု ပျို့တက်လာတော့သည်။

သူမ zombieရဲ့ ခေါင်းကိုချိန်ပြီး ခလုတ်ည်ှလိုက်ပေမယ့် zombieက ရှောင်လိုက်ပြီး လက်က သူမဆီ ဆက်လက်တိုးကပ်လာသည်။ သေခြင်းတရားနီးကပ်လာတာကို မြင်ရတဲ့အခါ နဉ်ရှုရဲ့ သူငယ်အိမ်တွေ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။
ရုတ်တရက် zombieက ပေါက်ကွဲသွားပြီး မီးခိုးရောင်ဦးနှောက်အပိုင်းအစတွေက နဉ်ရှုမျက်နှာအနှံ့ကို လာစင်လေ၏။

နဉ်ရှု : !!!

နဉ်ရှု တစ်ယောက်တည်း ရှော့ခ်ရသွားတာမဟုတ်ပေ။ ကျန်နေတဲ့လူတွေလည်း အံ့အားသင့်နေကြသည်။ ဒီzombieရဲ့ ခုခံစွမ်းက ထိပ်ဆုံးကိုကျော်လွန်နေတာကြောင့် ဒီလိုမျိုး အပစ်ခံလိုက်ရတာကို ယုံကြည်ဖို့ ခက်ခဲလေသည်။

နဉ်ရှု မျက်လုံးမဖွင့်ခင် မျက်နှာကို သုတ်လိုက်သည်။ အနားမှာ ရပ်ထားတဲ့ကားတစ်စီးရှိနေပြီး လူတစ်ယောက်က ကားရှေ့မှာရပ်နေသည်။ သူက အနက်ရောင်လေကာအင်္ကျီကိုဝတ်ထားပြီး ဂရာမစိုက်ဟန်ဖြင့် ရပ်နေကာ လေက သူ့ဂျက်ကတ်အနားစကို ပင့်မပေးနေသည်။

သူက သေနတ်တစ်လက်ကို ကိုင်ထားပြီး စောစောလေးကတင် သူမဆီ တိုက်ရိုက်ချိန်ရွယ်ထားတဲ့သေနတ်ကို အောက်ပြန်ချထားသည်။ နဉ်ရှု zombieကို သိပ်မကြောက်ပေမယ့် ဒီသေနတ်ကိုတော့ ကြောက်လန့်လွန်းလို့ သူမရဲ့အတွင်းခံဘောင်းဘီထဲ သေးပေါက်ချမိတော့မလိုပင်။ ဒီသေနတ်က zombieတစ်ကောင်ကိုတောင် နိုင်တယ်။

"မ..မပစ်ပါနဲ့!"

နဉ်ရှု သူမလက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်သည်။

"ကျွန်မတို့အကုန်လုံးက လူတွေပါ...လူတွေပါ!"

ကျောင်းဆရာဝန်အန်ကယ်ကို ဒီလိုပုံစံနဲ့ ပြန်တွေ့ရမယ်လို့ နဉ်ရှုမမျှော်လင့််ထားပေ။ သူက လူတွေကို ဝေဖန်ပြစ်တင်လိုစိတ်လေးပြူ ထွက်လာစေတဲ့ လေကာအင်္ကျီကို အခုထိဝတ်နေတုန်းပင်။ နဉ်ရှုက ကမ္ဘာအများကြီးမှာ ကျင်လည်ပြီးပြီဖြစ်တာကြောင့် ကျောင်းဆရာဝန်အန်ကယ်ကို ပြန်တွေ့တဲ့အခါမှာ ဝေးကွာလွန်းတဲ့အတိတ်ကို အလည်ပြန်ရောက်နေသလို နဉ်ရှုခံစားလိုက်ရသည်။

"ဒီကမိတ်ဆွေ....ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

Wolfက အရင်စပြီး စကားပြောလိုက်သည်။

ကျောင်းဆရာဝန်က နဉ်ရှုဆီ သေနတ်နဲ့ချိန်ထားစဉ်မှာပင် Wolfကို ဂရုမစိုက်ဟန်နဲ့ကြည့်လိုက်လေ၏။ နဉ်ရှုက ဓာတ်လိုက်ထံနေရသလိုမျိုး သူမဆံပင်တွေက အဆုံးစွန်ထိ ထောင်ထနေသည်။

"မြေပေါ်က မျိုးရိုးဗီဇအဆီကို ကောက်လိုက်။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုပြောလာသည်။

"အရင်ဆုံး ရှင် အဲ့သေနတ်ကို ချထားနိုင်မလား? ကျွန်မ ကြောက်တယ်!!"

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ကို အော်ပြောလိုက်သည်။

ကျောင်းဆရာဝန်အန်ကယ်က သရော်လိုက်ပြီး နဉ်ရှုကို လောဆော်လိုက်သည်။

"မြန်မြန်လုပ်။"

နဉ်ရှု zombieရဲ့လက်ကို ကလော်ဖွင့်လိုက်ပြီး ကျောင်းဆရာဝန်အန်ကယ်ဆီ မျိုးရိုးဗီဇအဆီအနှစ်နဲ့အတူ လျှောက်သွားလိုက်သည်။

Phoenixက နဉ်ရှုဆီ သွားချင်နေပေမယ့် Wolfက သူမကို တားလိုက်သည်။ သူမက အင်တင်တင်နဲ့ရပ်လိုက်ပြီး နဉ်ရှုလက်ထဲက မျိုးရိုးဗီဇအဆီအနှစ်ကို ဂနာမငြိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေတော့သည်။

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ဆီ ဖြေးညင်းစွာလျှောက်သွားလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က မျက်မှောင်ကုတ်ပြီး ပြောလာ၏။

"အရမ်းကပ်မလာနဲ့။ ငတုံး။"

သူ့ရဲ့ စိတ္တဇဆန်ဆန် အပြစ်ရှာတတ်တဲ့အကျင့်က ခုထိမပြောင်းသေးဘူးပဲ။
....

အမှန်တော့ တစ်ပိုင်းထပ်တင်ဖို့ အစီအစဉ်မရှိဘူးရယ်။ Ssရိုက်နေရင်း Reappearance of the SDUဆိုတာနဲ့ သောက်ရမ်းတွေစိတ်လှုပ်ရှားပြီး ပြန်ချလိုက်တာပဲ။ တန်ပါတယ်ရှန်...မြင်လိုက်ရတာနဲ့တင် အမေ့အငေါက်ခံပြီး ပေကပ်ကပ်နဲ့ထိုင်ဘာသာပြန်ရတာ တန်ပါတယ်။

Translator baby Light Kun : Uncle!! Marry me! Be my husband!!

Uncle : ချစ်ရည်ရွှမ်းတဲ့မျက်လုံးကြီးတွေနဲ့ လာမကြည့်နဲ့။ အော်ဂလီဆန်တယ်။

Translator : ....
......




















Seguir leyendo

También te gustarán

162K 27K 53
Chapters-122chapters Genre-comedy,josei,romance,slice of life I do not own this story. All credits go to original author.
76.9K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
56.4K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
134K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...