ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(19)
ကားေမာင္းေနရင္းနဲ႔ေခါင္းထဲမွာ႐ိုးတိုးရိပ္တိပ္
မူးပါသည္။
ထိုင္လို႔ေတာင္မေကာင္းဘဲနဲ႔...
အဲဒီေနရာကဘယ္လိုေတာင္နာတာလဲ။
ေတာက္...!...ဘာလဲကြာ၊ ခါးပါနာ။
စိတ္ရႈပ္လိုက္တာ။
ေမေမေလးေမးေတာ့လဲ၊ ခါးနာတယ္ပဲေျပာထားရတာ၊
ဒီေနရာကနာေနပါတယ္လို႔ေျပာျပလို႔မွမေကာင္းတာ၊
အေဖဆိုတမ်ိဳးေပါ့...
အေဖဆိုရင္ေတာင္မွ...
ေယာက်ာ္းႀကီးတန္မဲ့ဖ်င္ခံလာရတယ္လို႔အစ,ခံရဦးမွာပါ။
အဲဒီေနရာကအေသနာေနတာ...
အဲလိုအလုပ္ခံရမွနာမွာေသခ်ာတယ္။
အာရံုထဲမွာစိတ္ကူးလို႔မရတာက...
ညက...ညက...
အာ....ဘာမွကိုမမွတ္မိတာပါဆို။
ဖ်င္ခံရတယ္ဆိုေတာင္မွ....ဘယ္သူကငါ့ကို...လာလုပ္ဖို႔ရွိလို႔လဲ။
ေက်ာက္စိမ္းလား...
အဲေကာင္ကငါ့ကို....အာ...မဟုတ္တာ။
ေတြးၿပီးရင္းေတြး...သံသယေတြဝင္ၿပီးရင္းဝင္။
ျငင္းၿပီးရင္းျငင္း။
ကားေမာင္းေနတာေတာင္ေရွ႕မေရာက္ခ်င္ေတာ့ဘူး။
လမ္းေဘးမွာထိုးရပ္ၿပီးေတာ့...ခဏေလးအိပ္ေနလိုက္သည္။
မနီးမေဝးေလးမွာဆီဆိုင္တစ္ဆိုင္ရွိေနတယ္ဆိုေတာ့ခဏရပ္ထားလို႔အႏၲရာယ္ကင္းမွာပါ။
xxxxx
ေက်ာက္စိမ္းေရာက္ေနတာၾကာၿပီ၊ ဦးေသွ်ာင္ကလမ္းေဘးမွာကားကိုရပ္ထားၿပီးအိပ္ေပ်ာ္ေနတာ၊
ေရာက္စကေတာ့...တံခါးေခါက္ၿပီးနိႈးမလို႔ဆိုေပမယ့္...
အားနာလို႔ခဏလႊတ္ထားလိုက္သည္။
အိပ္ေနတာေတာ္ေတာ္ၾကာေနၿပီ။
ညကသူ.....တရားလြန္သြားတာဝန္ခံပါသည္။
( ေဆးမူးတာနည္းနည္းပဲ...သူ႔စိတ္ကေဆာင္ေနတာမ်ားမ်ား။
မသိရင္ခက္မယ္။)
နိႈးရရင္ေကာင္းမလား၊ ၾကည့္ေနရမလား။
ခ်ီတံုခ်တံုနဲ႔ဆိုင္ကယ္ကိုလမ္းမီးတစ္တိုင္ေက်ာ္မွာရပ္ခဲ့ျပီးအၾကာႀကီးေစာင့္သည္။
ညခုနစ္နာရီထိုးေနၿပီ။
ဒီပံုနဲ႔ဆိုညသန္းေကာင္ကိုလြန္သြားမွဟိုေရာက္မွာပဲ။
ေဒါက္...ေဒါက္...
ကားမွန္တံခါးကိုေခါက္ေတာ့...
လံုးဝမႏိုး...
ေအာင့္ေနတဲ့အစာအိမ္ေၾကာင့္ေက်ာက္စိမ္းသည္းမခံႏိုင္ေတာ့ဘူး။
ဟာ...ငါဘယ္အခ်ိန္မွအိမ္ျပန္ေရာက္မွာလဲ။
ဗိုက္ေအာင့္ေနတာၾကာပါၿပီ။
အစာေသခ်ာမစားတာလဲၾကာေနၿပီဆိုေတာ့...
အစာအိမ္နာတတ္တဲ့ေက်ာက္စိမ္းဗ္ိုက္ေအာင့္ျပီေလ။
ဒါနဲ႔ပဲအားမနာႏိုင္ေတာ့ဘဲေသွ်ာင့္ကိုႏိုးရသည္။
သံုးခါေလာက္ႏိုးမွထ,လာၿပီး...
သူ႔ကိုျမင္ေတာ့တအံ့တၾသနဲ႔...ကားတံခါးထဖြင့္သည္။
"ဟင္....ေက်ာက္စိမ္း...ဘယ္လိုလုပ္"
"ဖုန္းဆက္ထားတယ္၊ မင္းမၾကားတာ"
အဲဒါမွဖုန္းယူၾကည့္တာ missed call ေတြနည္းတာမဟုတ္ဘူး။
"အာ...ေဆာရီး...ငါအိပ္ေမာက်ေနတာ"
လက္ထဲမွာကိုင္ထားတဲ့အထုပ္ေလးကိုေသွ်ာင့္လက္ထဲထည့္မေပးဘဲနဲ႔...
မွန္ပါခ်လိုက္တဲ့တံခါးကေနပစ္ေပါက္ထည့္သည္။
"ကမ႓ာပ်က္ေနတာမသ္ိဘဲနဲ႔...
ေမာဟေတြနဲ႔ေလွ်ာသြားရင္ငရဲေရာက္တတ္တယ္...လမ္းေဘးမွာအိပ္ေနတာသတိထားဦး"
သူေျပာခ်င္ရာေျပာၿပီးေတာ့ဟဲလ္မက္ကိုကားေဘာနက္ေပၚကေနယူေဆာင္း...
လက္မွာစြပ္ထားတဲ့လယ္သာလက္အိတ္ေလးကိုျပန္ျပင္ၿပီးေတာ့ခ်က္ခ်င္းလွည့္ထြက္သည္။
အၿမဲတိုင္းျမင္ေနရတဲ့ေျခလွမ္းေတြထက္ေႏွးေကြးစြာေပါ့...
အနက္ေရာင္ေဘာင္းဘီရွည္နဲ႔ကုတ္အနက္ေရာင္၊
ဟဲလ္မက္အနက္ေရာင္၊
နက္တာမွေစြးေနတာပဲ...
ညေမွာင္ေမွာင္မွာဆိုမီးေသြးခဲတံုးႀကီးအတိုင္း။
လူကျဖဴအုၿပီးပန္းႏုေရာင္သန္းေနလို႔ပဲေတာ္ေသးသည္။
အရပ္ျမင့္ျမင့္နဲ႔ေတာင့္ေျဖာင့္ေနတဲ့ခႏၶာကိုယ္က
တင္းျပည့္ေနတဲ့ေပါင္တံေလးေတြနဲ႔...
လမ္းေလွ်ာက္လိုက္တိုင္းခါးကခပ္ႏြဲ႕ႏြဲ႕ရယ္၊
မထင္ရရင္စင္ေပၚမွာေမာ္ဒယ္လ္လမ္းေလွ်ာက္ေနသလိုပဲ။
ဆံပင္ေတြကိုစုခ်ည္ထားတာဟဲလ္မက္ေနာက္ဘက္ကတစ္စြန္းတစထြက္ေနခဲ့သည္။
ေရႊအိုေရာင္ဆံပင္ေတြကိုဘယ္တုန္းကဆိုးပစ္လိုက္တာလဲမသိဘူး။
ပန္းႏုေရာင္အသားအေရနဲ႔အရမ္းတင့္တယ္တာ၊
ပံုျပင္ေတြထဲကဇာတ္လိုက္ပမာ။
လွည့္ထြက္သြားၿပီးခဏၾကာတဲ့အထိဦးေသွ်ာင္ကေငးလို႔ေကာင္းေနဆဲ၊
ၿပီးမွ...
"ေနဦးေလ...အဲဒီအထုပ္က"
"အဘြားရဲ႕ေဆးတဲ့...ေမေမေပးခိုင္းတာ"
လံုးဝေနာက္ျပန္မလွည့္ၾကည့္ဘဲျပန္ေအာ္ေျပာေနေပမယ့္...
ေက်ာက္စိမ္းအသံကရွင္းလင္းၾကည္လင္ပါသည္။
ခပ္ေဆာင့္ေဆာင့္နဲ႔စကားသံကသူ႔ကိုၾကည္တဲ့ပံုမရတာမို႔...
ေထာ္ေနမယ့္နႈတ္ခမ္းဖ်ားေလးကိုျမင္ေယာင္ျကည့္သည္။
"ဘာလို႔ငါ့အေပၚအျမင္ေတြေစာင္းၿပီးေျပာင္းလဲသြားရတာလဲ...ေက်ာက္စိမ္းေရ"
တံခါးဖြင့္ၿပီးထြက္ရပ္ေနတာၾကာေတာ့ခါးကျပန္နာၿပီ။
သူလဲသြားသင့္ေနၿပီ၊
လမ္းတဝက္က်ိဳးေနေပမယ့္...ေနာက္ထပ္သံုးေလးနာရီၾကာပါဦးမည္။
ေက်ာက္စိမ္းဆိုင္ကယ္ကေတာ့တဝူးဝူးနဲ႔ေမာင္းတတ္တာမို႔ေနာက္သံုးနာရီေလာက္ဆိုရင္အိမ္ျပန္ေရာက္မွာပါ။
တခ်က္လွည့္ၾကည့္ၿပီးကားထဲဝင္မလို႔လုပ္ေပမယ့္...
ေဝးေဝးကဆိုင္ကယ္ေပၚမွာကုန္းကြေနသလိုမ်ိဳးျမင္ရတာေၾကာင့္...
ကားထဲခြ်တ္ထားခဲ့တဲ့မ်က္မွန္ကိုတပ္ၿပီးျပန္ၾကည့္ရသည္။
သူအျမင္မွားတာပါ။
ဆိုင္ကယ္မီးေလးပြင့္လာၿပီးဆိုင္ကယ္စထြက္ေတာ့ေက်ာက္စိမ္းျပန္ၿပီမွန္းသိလိုက္သည္။
ဒါမွသူလည္းကားစက္နိႈးကာထြက္ဖို႔ျပင္သည္။
ခါးပတ္ေလးေတာ့တပ္ဦးမွ။
ၿပီးေတာ့ေနာက္ၾကည့္မွန္နဲ႔တခ်က္ျပန္စစ္၊ ကားေဘးမွန္ကိုျပန္ခ်ိန္ အားလံုးအိုေကေတာ့မွထြက္မည္ေလ။
႐ုတ္တရက္သူ႔ထက္အရင္ေျပးထြက္သြားခဲ့တဲ့ေက်ာက္စိမ္းရဲ႕ဆိုင္ကယ္ေနာက္ၿမီးေလးကကားရဲ႕ေနာက္ၾကည့္မွန္ထဲမူမမွန္စြာ...
"ဟင္...ဘာျဖစ္သြားတာလဲ"
ေယာင္ေတာင္ေတာင္နဲ႔ကားတံခါးဖြင့္ထြက္ေျပးကာလဲက်ေနတဲ့ဆိုင္ကယ္ဆီသို႔...
ဗိုက္ကိုလက္ထိုးစမ္းၿပီးေတာ့လူးလဲေနေတာ့...
ဗိုက္ေအာင့္ေနမွန္းသိလိုက္သည္။
"ေက်ာက္စိမ္း...ဘာျဖစ္တာလဲ"
"အင့္...အစာအိမ္က..."
ဟဲလ္မက္ကိုမွန္တင္ၿပီးမွလဲက်ေနတဲ့လူကိုဖိေနတဲ့ဆိုင္ကယ္က္ိုဆြဲထူ၊ လမ္းေဘးကပ္ရပ္၊
ၿပီးမွလူကိုဆြဲေပြ႕...
"အရမ္းနာလို႔လား"
"အင္း...ရတယ္...ငါ"
ေခြ်းေလးေတြေတာင္ပ်ံေနတာမို႔...အရမ္းဆိုးေနတာထင္သည္။
"မရဘူး...မင္းဟန္ေဆာင္မေနနဲ႔"
ေသွ်ာင္ကေျပာျပီးတာနဲ႔ဆက္ေပြ႕ယူသည္။
"ဟို...ရတယ္...ငါအဆင္ေျပတယ္၊ ေဆးေသာက္လိုက္ရင္ရတယ္"
"မရဘူး၊ ကားထဲခဏေတာ့ေနလိုက္"
"မခ်ီနဲ႔..."
"ဟာ့...ငါကေစတနာနဲ႔..."
"ရတယ္...ေလွ်ာက္ႏိုင္တယ္..."
မရဘူး...ရတယ္၊
မရဘူး...နဲ႔...ရတယ္ေတြကရႈပ္သိုင္းေနေရာ။
လက္ကိုအတင္းပုတ္ထုတ္ေနတာေၾကာင့္ဦးေသွ်ာင္လက္ေလ်ာ့ၿပီးေတာ့ေနလိုက္ရသည္။
ေစတနာနဲ႔ကိုမတန္ဘူး...အလကားေကာင္။
ဒါေတာင္မွထရပ္ႏိုင္တာမဟုတ္ဘူး။
အျမင္ကတ္လို႔ၾကည့္ေနေပမယ့္...
"ေနဦးထိုင္ေနခဲ့၊ ကားသြားယူလာမယ္"
ကိုယ့္ဘာသာကားေျပးယူၿပီးေတာ့...
ထိုင္ေစရသည္။
"ေရွ႕ခန္းမွာပဲထိုင္..."
ထိုင္ခံုေနာက္မွီကိုဆြဲခ်ၿပီးေနသာထိုင္သာရွိေအာင္ျပင္ေပးရသည္။
သူခြ်တ္လိုက္တဲ့ဦးထုပ္ေလးကိုယူၿပီးေနာက္ခန္းမွာထား...
ဆ္ိုင္ကယ္ေသာ့ေျပးျဖဳတ္၊ ေသွ်ာင္တစ္ေယာက္အလုပ္ေတြရႈပ္လို႔ပါ၊
"အရမ္းေအာင့္ေနလား၊ ခဏ မင္းအေပၚကုတ္ေတြခြ်တ္ကြာ...
ေဘာင္းဘီကေစ့ေနတာပဲ၊ ခါးပတ္ျဖဳတ္စမ္း....
လြတ္လြတ္လပ္လပ္ထားလိုက္"
ေျပာေနရင္းေသွ်ာင့္လက္ကျမန္မွျမန္...
အဝတ္ကၾကယ္သီးေတြျဖဳတ္လိုျဖဳတ္၊ ခါးကိုလာထိလိုလာထိနဲ႔...
ေအာင္မေလး...ဗိုက္ကနာတာပါဆိုမွ၊
ဒင္းငါ့ကိုဘာေတြ...ဟာကြာ....
တဆိတ္ရွိဒါပဲသတိရေနေတာ့တာ...
ေက်ာက္စိမ္းခမ်ာ...ဘာေတြျမင္ေယာင္ေနမွန္းမသိဘူး။
ဗိုက္ကနာ...အေတြးေတြထဲငရဲက်။
"မထိနဲ႔...ေတာ္...ေတာ္"
"ေန...
မင္းမလႈပ္ရွားနဲ႔...
ငါလုပ္ေပးမယ္"
အမငီး...နားထဲမွာယားက်ိက်ိျဖစ္တာ...ျဖစ္တာ၊
ဘာစကားေတြလာေျပာေနတာလဲကြာ...
သူက႐ိုး႐ိုးပဲကိုယ္ကမ႐ိုးသားဘဲျဖစ္ေနတာ...
မေန႔ညကကိစၥေတြေၾကာင့္...
မွားပါၿပီ၊ မဟာ့မဟာအမွားႀကီးက်ဴးလြန္မိပါၿပီ။
ေဘာင္းဘီခါးပတ္ကိုလာထိတဲ့ေသွ်ာင့္လက္ေပၚကအေၾကာစိမ္းစိမ္းေတြကိုျမင္မွ...
ၾကက္သီးထ...မ်က္လံုးေတြျပဴးရ၊
လက္ကိုလိုက္ဖယ္ရ။
"ရတယ္...ငါ...ခဏၾကာသက္သာသြားလိမ့္မယ္"
"ေမေမေလးကိုဖုန္းဆက္ထားဦးမွ"
ေက်ာက္စိမ္းအိမ္ျပန္မေရာက္ခဲ့ဘူးဆိုၿပီးစိတ္ပူေနမွာစိုးလို႔ဖုန္းဆက္ေတာ့...
"ဟိုပဲေခၚသြားလိုက္ေတာ့သားရယ္၊
မင္းမနက္ျဖန္ကိစၥကပ်က္လို႔မရဘူးဆို၊
သူ႔မွာေသာက္ေနက်ေဆးလဲပါတယ္၊
မင္းလဲဆရာဝန္ပဲ...ဒါေလးေလာက္ကေတာ့ၾကည့္လို႔တတ္ပါတယ္၊
ၾကည့္ေပးလိုက္ပါ၊
လမ္းမွာတခုခုစားၾကဦး...
ဆိုင္ကယ္ကိုပစ္ထားခဲ့"
(အေမျဖစ္သူကအရမ္းေတြစိတ္မရွည္ေတာ့ဘူး)
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(19)
ကားမောင်းနေရင်းနဲ့ခေါင်းထဲမှာရိုးတိုးရိပ်တိပ်
မူးပါသည်။
ထိုင်လို့တောင်မကောင်းဘဲနဲ့...
အဲဒီနေရာကဘယ်လိုတောင်နာတာလဲ။
တောက်...!...ဘာလဲကွာ၊ ခါးပါနာ။
စိတ်ရှုပ်လိုက်တာ။
မေမေလေးမေးတော့လဲ၊ ခါးနာတယ်ပဲပြောထားရတာ၊
ဒီနေရာကနာနေပါတယ်လို့ပြောပြလို့မှမကောင်းတာ၊
အဖေဆိုတမျိုးပေါ့...
အဖေဆိုရင်တောင်မှ...
ယောကျာ်းကြီးတန်မဲ့ဖျင်ခံလာရတယ်လို့အစ,ခံရဦးမှာပါ။
အဲဒီနေရာကအသေနာနေတာ...
အဲလိုအလုပ်ခံရမှနာမှာသေချာတယ်။
အာရုံထဲမှာစိတ်ကူးလို့မရတာက...
ညက...ညက...
အာ....ဘာမှကိုမမှတ်မိတာပါဆို။
ဖျင်ခံရတယ်ဆိုတောင်မှ....ဘယ်သူကငါ့ကို...လာလုပ်ဖို့ရှိလို့လဲ။
ကျောက်စိမ်းလား...
အဲကောင်ကငါ့ကို....အာ...မဟုတ်တာ။
တွေးပြီးရင်းတွေး...သံသယတွေဝင်ပြီးရင်းဝင်။
ငြင်းပြီးရင်းငြင်း။
ကားမောင်းနေတာတောင်ရှေ့မရောက်ချင်တော့ဘူး။
လမ်းဘေးမှာထိုးရပ်ပြီးတော့...ခဏလေးအိပ်နေလိုက်သည်။
မနီးမဝေးလေးမှာဆီဆိုင်တစ်ဆိုင်ရှိနေတယ်ဆိုတော့ခဏရပ်ထားလို့အန္တရာယ်ကင်းမှာပါ။
xxxxx
ကျောက်စိမ်းရောက်နေတာကြာပြီ၊ ဦးသျှောင်ကလမ်းဘေးမှာကားကိုရပ်ထားပြီးအိပ်ပျော်နေတာ၊
ရောက်စကတော့...တံခါးခေါက်ပြီးနှိုးမလို့ဆိုပေမယ့်...
အားနာလို့ခဏလွှတ်ထားလိုက်သည်။
အိပ်နေတာတော်တော်ကြာနေပြီ။
ညကသူ.....တရားလွန်သွားတာဝန်ခံပါသည်။
( ဆေးမူးတာနည်းနည်းပဲ...သူ့စိတ်ကဆောင်နေတာများများ။
မသိရင်ခက်မယ်။)
နှိုးရရင်ကောင်းမလား၊ ကြည့်နေရမလား။
ချီတုံချတုံနဲ့ဆိုင်ကယ်ကိုလမ်းမီးတစ်တိုင်ကျော်မှာရပ်ခဲ့ပြီးအကြာကြီးစောင့်သည်။
ညခုနစ်နာရီထိုးနေပြီ။
ဒီပုံနဲ့ဆိုညသန်းကောင်ကိုလွန်သွားမှဟိုရောက်မှာပဲ။
ဒေါက်...ဒေါက်...
ကားမှန်တံခါးကိုခေါက်တော့...
လုံးဝမနိုး...
အောင့်နေတဲ့အစာအိမ်ကြောင့်ကျောက်စိမ်းသည်းမခံနိုင်တော့ဘူး။
ဟာ...ငါဘယ်အချိန်မှအိမ်ပြန်ရောက်မှာလဲ။
ဗိုက်အောင့်နေတာကြာပါပြီ။
အစာသေချာမစားတာလဲကြာနေပြီဆိုတော့...
အစာအိမ်နာတတ်တဲ့ကျောက်စိမ်းဗ်ိုက်အောင့်ပြီလေ။
ဒါနဲ့ပဲအားမနာနိုင်တော့ဘဲသျှောင့်ကိုနိုးရသည်။
သုံးခါလောက်နိုးမှထ,လာပြီး...
သူ့ကိုမြင်တော့တအံ့တသြနဲ့...ကားတံခါးထဖွင့်သည်။
"ဟင်....ကျောက်စိမ်း...ဘယ်လိုလုပ်"
"ဖုန်းဆက်ထားတယ်၊ မင်းမကြားတာ"
အဲဒါမှဖုန်းယူကြည့်တာ missed call တွေနည်းတာမဟုတ်ဘူး။
"အာ...ဆောရီး...ငါအိပ်မောကျနေတာ"
လက်ထဲမှာကိုင်ထားတဲ့အထုပ်လေးကိုသျှောင့်လက်ထဲထည့်မပေးဘဲနဲ့...
မှန်ပါချလိုက်တဲ့တံခါးကနေပစ်ပေါက်ထည့်သည်။
"ကမ႓ာပျက်နေတာမသ်ိဘဲနဲ့...
မောဟတွေနဲ့လျှောသွားရင်ငရဲရောက်တတ်တယ်...လမ်းဘေးမှာအိပ်နေတာသတိထားဦး"
သူပြောချင်ရာပြောပြီးတော့ဟဲလ်မက်ကိုကားဘောနက်ပေါ်ကနေယူဆောင်း...
လက်မှာစွပ်ထားတဲ့လယ်သာလက်အိတ်လေးကိုပြန်ပြင်ပြီးတော့ချက်ချင်းလှည့်ထွက်သည်။
အမြဲတိုင်းမြင်နေရတဲ့ခြေလှမ်းတွေထက်နှေးကွေးစွာပေါ့...
အနက်ရောင်ဘောင်းဘီရှည်နဲ့ကုတ်အနက်ရောင်၊
ဟဲလ်မက်အနက်ရောင်၊
နက်တာမှစွေးနေတာပဲ...
ညမှောင်မှောင်မှာဆိုမီးသွေးခဲတုံးကြီးအတိုင်း။
လူကဖြူအုပြီးပန်းနုရောင်သန်းနေလို့ပဲတော်သေးသည်။
အရပ်မြင့်မြင့်နဲ့တောင့်ဖြောင့်နေတဲ့ခန္ဓာကိုယ်က
တင်းပြည့်နေတဲ့ပေါင်တံလေးတွေနဲ့...
လမ်းလျှောက်လိုက်တိုင်းခါးကခပ်နွဲ့နွဲ့ရယ်၊
မထင်ရရင်စင်ပေါ်မှာမော်ဒယ်လ်လမ်းလျှောက်နေသလိုပဲ။
ဆံပင်တွေကိုစုချည်ထားတာဟဲလ်မက်နောက်ဘက်ကတစ်စွန်းတစထွက်နေခဲ့သည်။
ရွှေအိုရောင်ဆံပင်တွေကိုဘယ်တုန်းကဆိုးပစ်လိုက်တာလဲမသိဘူး။
ပန်းနုရောင်အသားအရေနဲ့အရမ်းတင့်တယ်တာ၊
ပုံပြင်တွေထဲကဇာတ်လိုက်ပမာ။
လှည့်ထွက်သွားပြီးခဏကြာတဲ့အထိဦးသျှောင်ကငေးလို့ကောင်းနေဆဲ၊
ပြီးမှ...
"နေဦးလေ...အဲဒီအထုပ်က"
"အဘွားရဲ့ဆေးတဲ့...မေမေပေးခိုင်းတာ"
လုံးဝနောက်ပြန်မလှည့်ကြည့်ဘဲပြန်အော်ပြောနေပေမယ့်...
ကျောက်စိမ်းအသံကရှင်းလင်းကြည်လင်ပါသည်။
ခပ်ဆောင့်ဆောင့်နဲ့စကားသံကသူ့ကိုကြည်တဲ့ပုံမရတာမို့...
ထော်နေမယ့်နှုတ်ခမ်းဖျားလေးကိုမြင်ယောင်ကြည့်သည်။
"ဘာလို့ငါ့အပေါ်အမြင်တွေစောင်းပြီးပြောင်းလဲသွားရတာလဲ...ကျောက်စိမ်းရေ"
တံခါးဖွင့်ပြီးထွက်ရပ်နေတာကြာတော့ခါးကပြန်နာပြီ။
သူလဲသွားသင့်နေပြီ၊
လမ်းတဝက်ကျိုးနေပေမယ့်...နောက်ထပ်သုံးလေးနာရီကြာပါဦးမည်။
ကျောက်စိမ်းဆိုင်ကယ်ကတော့တဝူးဝူးနဲ့မောင်းတတ်တာမို့နောက်သုံးနာရီလောက်ဆိုရင်အိမ်ပြန်ရောက်မှာပါ။
တချက်လှည့်ကြည့်ပြီးကားထဲဝင်မလို့လုပ်ပေမယ့်...
ဝေးဝေးကဆိုင်ကယ်ပေါ်မှာကုန်းကွနေသလိုမျိုးမြင်ရတာကြောင့်...
ကားထဲချွတ်ထားခဲ့တဲ့မျက်မှန်ကိုတပ်ပြီးပြန်ကြည့်ရသည်။
သူအမြင်မှားတာပါ။
ဆိုင်ကယ်မီးလေးပွင့်လာပြီးဆိုင်ကယ်စထွက်တော့ကျောက်စိမ်းပြန်ပြီမှန်းသိလိုက်သည်။
ဒါမှသူလည်းကားစက်နှိုးကာထွက်ဖို့ပြင်သည်။
ခါးပတ်လေးတော့တပ်ဦးမှ။
ပြီးတော့နောက်ကြည့်မှန်နဲ့တချက်ပြန်စစ်၊ ကားဘေးမှန်ကိုပြန်ချိန် အားလုံးအိုကေတော့မှထွက်မည်လေ။
ရုတ်တရက်သူ့ထက်အရင်ပြေးထွက်သွားခဲ့တဲ့ကျောက်စိမ်းရဲ့ဆိုင်ကယ်နောက်မြီးလေးကကားရဲ့နောက်ကြည့်မှန်ထဲမူမမှန်စွာ...
"ဟင်...ဘာဖြစ်သွားတာလဲ"
ယောင်တောင်တောင်နဲ့ကားတံခါးဖွင့်ထွက်ပြေးကာလဲကျနေတဲ့ဆိုင်ကယ်ဆီသို့...
ဗိုက်ကိုလက်ထိုးစမ်းပြီးတော့လူးလဲနေတော့...
ဗိုက်အောင့်နေမှန်းသိလိုက်သည်။
"ကျောက်စိမ်း...ဘာဖြစ်တာလဲ"
"အင့်...အစာအိမ်က..."
ဟဲလ်မက်ကိုမှန်တင်ပြီးမှလဲကျနေတဲ့လူကိုဖိနေတဲ့ဆိုင်ကယ်က်ိုဆွဲထူ၊ လမ်းဘေးကပ်ရပ်၊
ပြီးမှလူကိုဆွဲပွေ့...
"အရမ်းနာလို့လား"
"အင်း...ရတယ်...ငါ"
ချွေးလေးတွေတောင်ပျံနေတာမို့...အရမ်းဆိုးနေတာထင်သည်။
"မရဘူး...မင်းဟန်ဆောင်မနေနဲ့"
သျှောင်ကပြောပြီးတာနဲ့ဆက်ပွေ့ယူသည်။
"ဟို...ရတယ်...ငါအဆင်ပြေတယ်၊ ဆေးသောက်လိုက်ရင်ရတယ်"
"မရဘူး၊ ကားထဲခဏတော့နေလိုက်"
"မချီနဲ့..."
"ဟာ့...ငါကစေတနာနဲ့..."
"ရတယ်...လျှောက်နိုင်တယ်..."
မရဘူး...ရတယ်၊
မရဘူး...နဲ့...ရတယ်တွေကရှုပ်သိုင်းနေရော။
လက်ကိုအတင်းပုတ်ထုတ်နေတာကြောင့်ဦးသျှောင်လက်လျော့ပြီးတော့နေလိုက်ရသည်။
စေတနာနဲ့ကိုမတန်ဘူး...အလကားကောင်။
ဒါတောင်မှထရပ်နိုင်တာမဟုတ်ဘူး။
အမြင်ကတ်လို့ကြည့်နေပေမယ့်...
"နေဦးထိုင်နေခဲ့၊ ကားသွားယူလာမယ်"
ကိုယ့်ဘာသာကားပြေးယူပြီးတော့...
ထိုင်စေရသည်။
"ရှေ့ခန်းမှာပဲထိုင်..."
ထိုင်ခုံနောက်မှီကိုဆွဲချပြီးနေသာထိုင်သာရှိအောင်ပြင်ပေးရသည်။
သူချွတ်လိုက်တဲ့ဦးထုပ်လေးကိုယူပြီးနောက်ခန်းမှာထား...
ဆ်ိုင်ကယ်သော့ပြေးဖြုတ်၊ သျှောင်တစ်ယောက်အလုပ်တွေရှုပ်လို့ပါ၊
"အရမ်းအောင့်နေလား၊ ခဏ မင်းအပေါ်ကုတ်တွေချွတ်ကွာ...
ဘောင်းဘီကစေ့နေတာပဲ၊ ခါးပတ်ဖြုတ်စမ်း....
လွတ်လွတ်လပ်လပ်ထားလိုက်"
ပြောနေရင်းသျှောင့်လက်ကမြန်မှမြန်...
အဝတ်ကကြယ်သီးတွေဖြုတ်လိုဖြုတ်၊ ခါးကိုလာထိလိုလာထိနဲ့...
အောင်မလေး...ဗိုက်ကနာတာပါဆိုမှ၊
ဒင်းငါ့ကိုဘာတွေ...ဟာကွာ....
တဆိတ်ရှိဒါပဲသတိရနေတော့တာ...
ကျောက်စိမ်းခမျာ...ဘာတွေမြင်ယောင်နေမှန်းမသိဘူး။
ဗိုက်ကနာ...အတွေးတွေထဲငရဲကျ။
"မထိနဲ့...တော်...တော်"
"နေ...
မင်းမလှုပ်ရှားနဲ့...
ငါလုပ်ပေးမယ်"
အမငီး...နားထဲမှာယားကျိကျိဖြစ်တာ...ဖြစ်တာ၊
ဘာစကားတွေလာပြောနေတာလဲကွာ...
သူကရိုးရိုးပဲကိုယ်ကမရိုးသားဘဲဖြစ်နေတာ...
မနေ့ညကကိစ္စတွေကြောင့်...
မှားပါပြီ၊ မဟာ့မဟာအမှားကြီးကျူးလွန်မိပါပြီ။
ဘောင်းဘီခါးပတ်ကိုလာထိတဲ့သျှောင့်လက်ပေါ်ကအကြောစိမ်းစိမ်းတွေကိုမြင်မှ...
ကြက်သီးထ...မျက်လုံးတွေပြူးရ၊
လက်ကိုလိုက်ဖယ်ရ။
"ရတယ်...ငါ...ခဏကြာသက်သာသွားလိမ့်မယ်"
"မေမေလေးကိုဖုန်းဆက်ထားဦးမှ"
ကျောက်စိမ်းအိမ်ပြန်မရောက်ခဲ့ဘူးဆိုပြီးစိတ်ပူနေမှာစိုးလို့ဖုန်းဆက်တော့...
"ဟိုပဲခေါ်သွားလိုက်တော့သားရယ်၊
မင်းမနက်ဖြန်ကိစ္စကပျက်လို့မရဘူးဆို၊
သူ့မှာသောက်နေကျဆေးလဲပါတယ်၊
မင်းလဲဆရာဝန်ပဲ...ဒါလေးလောက်ကတော့ကြည့်လို့တတ်ပါတယ်၊
ကြည့်ပေးလိုက်ပါ၊
လမ်းမှာတခုခုစားကြဦး...
ဆိုင်ကယ်ကိုပစ်ထားခဲ့"
(အမေဖြစ်သူကအရမ်းတွေစိတ်မရှည်တော့ဘူး)