ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(14)
နံရံမွာေျပးကပ္ရင္း...
ဦးေသွ်ာင့္နဲ႔ႀကိဳးကေလးတို႔ရဲ႕စကားသံေလးေတြကိုနားေထာင္ေနမိတာ၊
တမင္တကာဟုတ္ရင္လည္းဟုတ္မွာပါ။
ဘယ္အရာကနာက်င္ရမွန္းမသိဘဲနဲ႔...
ရင္ဘတ္ထဲမွာတဆစ္ဆစ္ကိုက္ခဲလာတာ...
အတိတ္ေတြရယ္အေဝးကိုျမန္ျမန္သြားေပးၾကစမ္းပါ။
"ပါးပါး...အဝါေရာင္"
"အိုေက...ေဘာင္းဘီကေရာ"
"အနက္"
ေခ်ာ့ျမႇူသံ၊ ရယ္ေမာသံေတြနဲ႔ႏွစ္ေယာက္သားဘယ္အရာကိုမွဂ႐ုမစိုက္ႏိုင္။
ေက်ာက္စိမ္းကိုင္လာခဲ့တဲ့လယ္ဂ်ာစာရြက္ေလးကလက္ထဲမွာတဝက္ေက်ေနၿပီ။
သူ...ငိုခ်င္ေနသလားမေသခ်ာေပမယ့္...ဆို႔နစ္ေနတာကေတာ့အမွန္ပဲ။
ငါပဲေပ်ာ္စရာမရွိေတာ့တာ၊
ငါပဲအထီးက်န္ေနရတာ၊
တေလာကလံုးထဲ....ငါပဲ....ငါပဲ။
ေျပာစရာရွိလို႔အေပၚထပ္တက္လာခဲ့တာပါ၊
ဒီေရာက္ေတာ့မွ...ေသွ်ာင္နဲ႔ႀကိဳးကေလးတို႔ေဆာ့ေနခဲ့ၾကတာ၊ ျမင္ကြင္းကၾကည္ႏူးစရာ။
ၾကည္ႏူးစရာေလးလို႔ေတြးမိၿပီးမွ...႐ုတ္ခ်ည္းနာက်င္စရာေတြလို႔ေတြးမိသြားတာ၊
ေက်ာက္စိမ္းခံစားေနရတဲ့စိတ္ေဝဒနာ။
ဘယ္အရာကိုရွင္းလင္းၿပီးေဝဒနာေတြကုသရမလဲနားမလည္ေတာ့ပါဘူး။
"ဟင္..!..ေဖ...အဲ...ဦးဦး"
႐ုတ္တရက္အဝတ္အစားဝတ္ၿပီးသြားေတာ့အခန္းထဲကေနႀကိဳးကေလးထြက္လာေတာ့သူ႔က္ိုေတြ႕ေရာ၊
ျပန္ဆင္းသြားမလို႔လုပ္ေနမွ...
ေျပးလိုက္လာၿပီးေရွ႕ပိတ္ရပ္ကာ...
"ဦးဦး...က....ညတုန္းကနာေနတာ...ေကာင္းၿပီလားဟင္"
ႀကိဳးကေလးဘာကိုေမးေနမွန္းသူနားမလည္ဘူး။
ဘာျပန္ေျပာရမွန္းသူမသိဘူး။
ႀကိဳးကေလးကသူ႔လက္ေလးဆြဲလိုက္ၿပီး...
"ေရာ့...သၾကားလံုး"
ေခါင္းခါလိုက္ေပမယ့္...လက္ထဲအတင္းလာထည့္ေပးတာစေတာ္ဘယ္ရီသၾကားေတာင့္ကေလး။
အဲဒါေလးေတြငယ္ငယ္တုန္းကေသွ်ာင့္လြယ္အိတ္ထဲမွာေတြ႕ေနၾက။
သၾကားေတာင့္ေလးကိုင္ၿပီးအရင္ကအေၾကာင္းေတြျပန္ေတြးမိရင္...
ေႏြးၿပီးခုန္လာတတ္တဲ့ရင္ဘတ္ဟာထံုးစံအတိုင္းလႈပ္ရွားလာတာ။
"ဒါေလးစားရင္ေကာင္းသြားတယ္တဲ့"
မလိုဘူး...လက္ထဲကဟာကိုျပန္ေပးမလို႔ျပင္ေတာ့...ကေလးလွည့္ထြက္တာနဲ႔ၾကံဳေရာ။
လက္နဲ႔ခတ္မိသလိုျဖစ္သြားေတာ့စိတ္ပူၿပီးျပန္ကုန္းခ်လိုက္တဲ့အခ်ိန္...
ကေလးေလးအသံေပ်ာက္သြားလို႔ထြက္လာရွာတဲ့ဦးေသွ်ာင္ကေတြ႕သြားေရာ...
"ဘာျဖစ္တာလဲ...!..."
အေမာတေကာနဲ႔ေျပးလာခဲ့တာ၊
ေသွ်ာင့္ခႏၶာကိုယ္မွာအဝတ္ေတာင္မပါႏိုင္ဘူး။
"မင္း...ဘာကို..."
"မဟုတ္ဘူး...ေဖေဖ...အဲ...ဦးဦးက...."
ကေလးကသူတို႔ျဖစ္ဖူးတာကိုမွတ္မိေနေတာ့...
ခ်က္ခ်င္းအထာေပါက္တာ၊
ဦးေသွ်ာင့္မ်က္ႏွာအေနထားေၾကာင့္လဲပါမွာပါ။
လက္ထဲကသၾကားေတာင့္ေလးကေဖာက္တဝက္မေဖာက္တဝက္နဲ႔...
႐ုတ္တရက္ႀကီးေက်ာက္စိမ္းသၾကားေတာင့္ေလးကိုထားပစ္ၿပီးေလွကားကေနဆင္းေျပးေတာ့တယ္။
"ဟိတ္ေကာင္..."
ေခၚေပမယ့္လွည့္မၾကည့္ေတာ့...
ကေလးကိုတခုခုလုပ္လိုက္တယ္ထင္လိုက္မိလို႔...
ခ်က္ခ်င္းဆင္းလိုက္မလို႔ျပင္ၿပီးမွ...
သူ႔လက္ကိုႀကိဳးကေလးကလွမ္းဆြဲတာ...
"ပါးပါး...ေဖေဖ့ကိုသားေပးလိုက္တာပါ၊ ေဖေဖယူတာမဟုတ္ဘူး"
အဲေကာင္ေလးကအခုတေလာမွကာကြယ္ေပးေနတာ၊
ေတြ႕စတုန္းကေတာ့သိပ္မကပ္ရဲဘဲနဲ႔။
ကေလးေၾကာင့္မို႔သာေသွ်ာင့္ေျခလွမ္းေတြရပ္လိုက္တာ၊
ရင္ထဲမၾကည္တာကေပ်ာက္မသြား။
"သူ႔ေရွ႕မွာေဖေဖလို႔မေခၚမိေစနဲ႔ေနာ္...
အဲဒါဦးဦး"
xxxxx
ဒီလိုျဖစ္ေနလို႔မရဘူးဆိုတဲ့အသိနဲ႔...
ကိုယ့္စိတ္ကိုျပန္ျပင္ဖို႔ထက္...ေမ့ေပ်ာက္သြားေအာင္တလြဲေတြပဲဆက္လုပ္ေနမိတာ၊
ေဆးေတြေသာက္ခ်ပစ္လိုက္တာဒါနဲ႔ပါဆိုလစ္မစ္ေက်ာ္ေတာ့မွာပဲ။
မတတ္ႏိုင္ဘူး၊ ညေနပဲရွိေသးတာ၊ မသံုးဘူးလို႔ထိန္းေနေပမယ့္...သူ...အဆင္ေျပမေနဘူး။
ဒါေတြနဲ႔ပဲေမ့ပစ္ေနရတာ၊ ႏွစ္သိမ့္ေနရတာ။
ညေနေစာင္းကေနညနက္သြားတဲ့အထိ...
ေက်ာက္စိမ္းက...တစ္ေယာက္ထဲေငးေငးငိုင္ငိုင္နဲ႔ျခံေထာင့္မွာပဲထိုင္ေနျဖစ္ေတာ့တယ္...။
ဒါကိုေသွ်ာင္ကေတြ႕တယ္...။
ထမင္းလည္းမစားဘဲနဲ႔...ညေနကတည္းကငိုင္ၿပီးေတာ့တစ္ေယာက္ထဲျဖစ္ေနခဲ့တာ...
တခုခုလုပ္ထားျပန္ၿပီပဲလို႔တပ္အပ္သိတယ္...။
ေဆးေတြအမ်ိဳးမ်ိဳးအဖံုဖံုဘယ္လိုလွ်ိဳ႕ဝွက္ၿပီးေတာ့သိမ္းထားသလဲမသိဘူး။
သူ႔အခန္းထဲမွာေသွ်ာင္ဘယ္လိုရွာရွာမေတြ႕ဘူး။
ဒီညလဲေတြ႕ေနရတာပံုမွန္မဟုတ္ဘူးဆိုတာေသခ်ာတယ္...။
ညနက္နက္ႀကီးျခံအျပင္ကမီးေတြမွိတ္ထားၿပီးေမွာင္မည္းမည္းထဲမွာ။
ေဆးလိပ္မီးတေငြ႕ေငြ႕ကိုျမင္ေနရတာေျကာင့္...
ျခံထဲမွာေက်ာက္စိမ္းရွိေနမွန္းသိေနတာ။
မအိပ္ေသးဘူးလားမသိဘူး...။
ကေလးရွိေနရင္ေဆးလိပ္မေသာက္ဖို႔ေျပာတာလဲနားေထာင္သည္။
ကေလးအနားကိုသူကစၿပီးကပ္ေနတာလဲမေတြ႕ရ၊
ဒါေပမယ့္ကေလးကိုျမင္တိုင္းေျပာင္းလဲသြားတတ္တာ...
ဘီလူးသရဲလိုပဲ...။
ဒါသူ႔စိတ္ထင္ေနတာလားမသိပါဘူး...။
ေနာက္ၿပီးေတာ့...သူ႔ကိုေတြ႕တိုင္းလည္းဂနာမၿငိမ္ျဖစ္ေနတတ္တာ၊
တခါတေလ...ျမင္ေနရက္နဲ႔ေရွာင္ေျပးသြားတာေတြ...
ဘာ့ေၾကာင့္ထူးထူးဆန္းဆန္းေတြလုပ္ေနသလဲနားမလည္ႏိုင္။
ဒီအေၾကာင္းေတြကိုစိတ္ပညာကသူငယ္ခ်င္းဆရာဝန္တစ္ေယာက္နဲ႔ေဆြးေႏြးၾကည့္ခဲ့ပါသည္။
ေဆးမသံုးဘဲေနလို႔ရတဲ့အထိလည္းဆက္လုပ္ရဦးမွာပါ။
သူ႔အေျခေနကိုေစာင့္ၾကည့္ဖို႔အၾကံေပးလို႔...
အိမ္မွာသူရွိေနသမွ်အခ်ိန္မွာ ေက်ာက္စိမ္းကိုကင္းေထာက္ရသည္။
ျခံထဲကတက္မလာေသးလို႔ကေလးေခ်ာ့ေနရင္းနဲ႔...ေခ်ာင္းၾကည့္ေနရင္း....
ႀကိဳးကေလးအိပ္ေတာ့မွေအာက္ဆင္းခဲ့ရသည္။
"ဒီေန႔လည္းေက်ာက္စိမ္းထမင္းမစားျပန္ဘူးလား၊ ေမေမေလး"
"အင္း...ထံုးစံအတိုင္းပဲ"
ဒါနဲ႔ပါဆိုသံုးရက္ရွိပါၿပီ။
ေက်ာင္းသြားေနတာလဲမေတြ႕ရပါ။
သစ္ပင္ေျခရင္းေမွာင္ေမွာင္မည္းမည္းထဲမွာေခါင္းေလးငိုက္စိုက္လို႔...ထိုင္ေနခဲ့တာ...မလႈပ္မယွက္မို႔...
ပုခံုးေလးပုတ္လို႔နိႈးမိသည္...။
"ေက်ာက္စိမ္း...ဟိတ္"
ျပန္လည္းမထူးဘဲနဲ႔.....လႈပ္ရွားမႈလဲမျပဳေတာ့...
ေသွ်ာင္ကသူ႔ပုခံုးေလးမွီလို႔ေဘးမွာကပ္ထိုင္ခ်သည္...။
ငယ္တုန္းကဆိုရင္အဲလိုလုပ္တာေတြကိုသူတကယ္မႀကိဳက္ေတာ့...
အတင္းတြန္းထိုးကန္ေက်ာက္တတ္ပါသည္...။
အခုေတာ့အသံေလးေတာင္မထြက္ေတာ့ဘူး။
"မလာပါနဲ႔...."
ခပ္ျပတ္ျပတ္စကားသံေလးကလန္းဆန္းမႈတို႔တစိုးတစိမွ်ရွိမေနဘူး...။
ဒီတစ္ခြန္းထဲေျပာၿပီးေတာ့...မႏိုင္တဲ့ခႏၶာကိုယ္ကိုအတင္းခိုင္းေစလို႔ေသွ်ာင့္ေဘးကေနထြက္ဖို႔ၾကံရြယ္တာ....
ယိုင္တိယိုင္တိုင္နဲ႔...ျပန္လဲက်တာ.....ဘုန္းကနဲ။
"ဟာ.....မင္း....မႏိုင္ဘဲနဲ႔..."
ဦးေသွ်ာင္သူ႔ကိုေပြ႕ခ်ီလို႔ေထြးဖက္ရတယ္...။
"ဘာလို႔ငါ့ကိုေရွာင္ေနတာလဲ..."
"ဟင့္အင္း...ငါ..."
ေရွာင္ေနတာဟုတ္ေပမယ့္...ဘယ္လိုဝန္ခံရမွန္းမသိဘူး။
မနက္ကျမင္လိုက္ရတာလည္းရွင္းျပမလို႔လုပ္ေပမယ့္...
အဝတ္မပါဘဲတဘက္ပိုင္းတထည္ထဲပတ္ထားတဲ့ခႏၶာကိုယ္ကိုျမင္ရေတာ့...
တကိုယ္လံုးတုန္ရီလာၿပီးေတာ့ထြက္ေျပးမိတာ...။
ကေလးကိုတခုခုလုပ္လိုက္လို႔ေၾကာက္ၿပီးထြက္ေျပးတာမဟုတ္ရပါဘူး...။
အဲဒါကိုေျပာခ်င္ေပမယ့္...နႈတ္ခမ္းဖ်ားေတြကေတာ့ၿငိမ္သက္ေနျပန္တာ...။
တဆက္ထဲသူ႔ရင္ခြင္ထဲထပ္ေရာက္ေနရတဲ့အျဖစ္ေၾကာင့္...ႏွလံုးသားကထပ္ခုန္ျပန္ပါ၏။
မနက္တုန္းက...
ဗလာက်င္းေနတဲ့အဲဒီရင္ဘတ္ေဖြးေဖြးေတြေၾကာင့္ရင္ခုန္ခဲ့ၿပီးၿပီ...။
အခုလည္းထပ္မံၿပီးရင္ခုန္ျပန္ၿပီ...။
အား...သြားစမ္းပါ...ဦးေသွ်ာင္ရာ.....
အခုလည္းအလိုက္မသိဘဲနဲ႔...ေဘးကိုေရာက္ေနျပန္တာ...
"ဘာလို႔ဒါေတြကိုမင္းမေပ်ာ္ဘဲလုပ္ေနတာလဲ၊ ငါ့ကိုေျပာစမ္းပါ၊ ဟိုမွာဘာေတြမင္းအခက္အခဲၾကံဳခဲ့ရတာလဲ"
"ေတာ္ပါ...သြား...ေတာ့....ဖယ္...."
"ဒီပံုစံနဲ႔အိမ္ေပၚဘယ္လိုတက္မွာလဲ"
"ရတယ္...ငါ့ဘာသာေလးဘက္ေထာက္ၿပီးပဲတက္တက္၊ ကင္းၿမီးေကာက္ပဲေထာင္ေထာင္
မင္းကိုမလိုဘူး..."
ဆြဲေပြ႕ခံထားရေတာ့ေသွ်ာင့္ကိုယ္ေငြ႕ေလးနဲ႔ကိုယ္သင္းရနံ့ေလးေတြေၾကာင့္စိတ္ကပ်က္ျပားခ်င္မိေနတာ....
အဲဒါကိုစိတ္ေျပာင္းယူဖို႔ႀကိဳးစားရင္းနဲ႔.......
ေဆးအရွိန္တေငြ႕ေငြ႕ကပိုပိုၿပီးျပင္းလာတာကိုသတိထားမိသည္...။
မျဖစ္ေတာ့ဘူး...။
ထြက္ေျပးမွရေတာ့မွာပဲ....။
ေသွ်ာင့္ကိုေတြ႕တိုင္းရင္ထဲမွာလိႈက္ခုန္တတ္လာတာေၾကာင့္...အၿမဲေျပးပုန္းခ်င္ေနတာ...။
မုန္းမိပါတယ္ဆိုတာေတြ......
သူ႔ကိုစိတ္ဒုကၡေပးဖို႔ေတြကိုမစဥ္းစားႏိုင္ေတာ့ဘဲလူကေၾကာင္ေယာင္ခ်င္သြားတတ္တာ...
ဘာ့ေၾကာင့္မွန္းလဲစဥ္းစားလို႔မရပါ...။
ေသွ်ာင့္ကို...ကေလးေလးနဲ႔တြဲၿပီးျမင္လိုက္ရတဲ့အခ်ိန္ဆိုပိုဆိုးတာ...
ဘယ္ေနရာကဘယ္လိုယားမွန္းမသိဘဲနဲ႔...လူတစ္ကိုယ္လံုးေနလို႔ထိုင္လို႔မေကာင္းပါ။
ဒီပံုနဲ႔ဆိုတအိမ္ထဲဘယ္လိုေရွ႕ဆက္သြားၾကမလဲလို႔...ေတြးၿပီးေၾကာက္ေနပါၿပီ...။
ငါျပန္လာခဲ့တာမွားၿပီလားလို႔ေနာင္တရခ်င္ၿပီ...။
"လမ္းေတာင္မေလွ်ာက္ႏိုင္ဘဲနဲ႔ဟာကို...ေနဦး၊
ငါပို႔ေပးမယ္...ခဏေလးထိုင္ပါဦး၊
မင္းနဲ႔အဲလိုေအးေဆးေလးမေတြ႕ရတာၾကာၿပီမို႔"
ျငင္းဆန္ခ်င္လည္းသူ႔တစ္ကိုယ္လံုးကအားေပ်ာ့က်ေနတာ၊ ေက်ာက္စိမ္း....ကိုယ့္ဘာသာမႏိုင္ပါဘူး။
တေန႔တုန္းကလည္းဝါရန္တာမွာလဲေနခဲ့တာ...
အိပ္ခန္းထဲျပန္မဝင္ႏိုင္ခဲ့ဘူး။
တေရးႏိုးေတာ့သူအိပ္ယာထဲမွာက်က်နနအိပ္ေနလို႔...
အက်ႌေတာင္လဲေပးထားေသးတာ...
ေမေမမျဖစ္ႏိုင္ဘူး...။
ဦးေသွ်ာင္ပဲဆိုတာေသခ်ာတယ္။
ဒီတေလာမွာတေယာက္ေယာက္ဆီကေနအေခ်ာင္းေျမာင္းခံေနရတယ္လို႔စိတ္ကထင့္ေနတာ...
ေသွ်ာင္ကသူ႔ကိုအၿမဲေစာင့္ၾကည့္ေနခဲ့တာလားရယ္လို႔...သံသယဝင္မိသည္...။
အခု....
ေပြ႕ခံထားရတဲ့အတိုင္းမျငင္းႏိုင္ဘဲသူ႔ရင္ခြင္ထဲမွာ။
ငယ္ငယ္တုန္းကသူတို႔အေၾကာင္းေလးေတြ...
သူ႔နႈတ္ဖ်ားကေလသံတိုးတိုးေလးေတြ...
သူ႔နႈတ္ခမ္းဆီကရတဲ့ရမ္ရနံ့သင္းသင္းေတြ...
အား...႐ူးေတာ့မွာပဲ။
ငါ့စိတ္ေတြဘယ္လိုအထိ...
"သြား...ဖယ္"
မႏိုင့္တႏိုင္နဲ႔အတင္း႐ုန္းဖယ္ဖို႔ႀကိဳးစားေပမယ့္...ခဏခဏၿပိဳလဲက်ေနတာ...
ေသွ်ာင့္ရင္ခြင္ထဲကိုပဲအခါခါေရာက္ရွိခဲ့၏။
"ၿငိမ္ၿငိမ္ေန...ငါပို႔ေပးမယ္"
တအိအိနဲ႔ၿပိဳက်လာတဲ့ေက်ာက္စိမ္းရဲ႕ခႏၶာကိုယ္ကိုေပြ႕ခ်ီယူရင္းနဲ႔...ေသွ်ာင္ကဆက္လက္ၿပီးအလိုက္မသိစြာ...ဆက္ေမးျပန္၏။
"ဘာလို႔ငါ့ကိုအဲေလာက္မုန္းေနတာလဲ၊ ငါနဲ႔မင္းဘယ္လိုမွျပႆနာႀကီးႀကီးမားမားမရွိခဲ့ဘူးေလ"
သူေပြ႕ခ်ီထားတဲ့အတိုင္းမ႐ုန္းကန္ႏိုင္ဘဲမူးေမ့သြားတဲ့ေက်ာက္စိမ္းရင္ထဲမွာ...
အေၾကာင္းျပခ်က္ေပါင္းစံုရွိေနခဲ့ေပမယ့္...
ဖြင့္ေျပာဖို႔ေတာ့ခက္ေနတာ.....တေန႔ေန႔ေတာ့...မင္းသိရမွာပါ...။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(14)
နံရံမှာပြေးကပ်ရင်း...
ဦးသျှောင့်နဲ့ကြိုးကလေးတို့ရဲ့စကားသံလေးတွေကိုနားထောင်နေမိတာ၊
တမင်တကာဟုတ်ရင်လည်းဟုတ်မှာပါ။
ဘယ်အရာကနာကျင်ရမှန်းမသိဘဲနဲ့...
ရင်ဘတ်ထဲမှာတဆစ်ဆစ်ကိုက်ခဲလာတာ...
အတိတ်တွေရယ်အဝေးကိုမြန်မြန်သွားပေးကြစမ်းပါ။
"ပါးပါး...အဝါရောင်"
"အိုကေ...ဘောင်းဘီကရော"
"အနက်"
ချော့မြှူသံ၊ ရယ်မောသံတွေနဲ့နှစ်ယောက်သားဘယ်အရာကိုမှဂရုမစိုက်နိုင်။
ကျောက်စိမ်းကိုင်လာခဲ့တဲ့လယ်ဂျာစာရွက်လေးကလက်ထဲမှာတဝက်ကျေနေပြီ။
သူ...ငိုချင်နေသလားမသေချာပေမယ့်...ဆို့နစ်နေတာကတော့အမှန်ပဲ။
ငါပဲပျော်စရာမရှိတော့တာ၊
ငါပဲအထီးကျန်နေရတာ၊
တလောကလုံးထဲ....ငါပဲ....ငါပဲ။
ပြောစရာရှိလို့အပေါ်ထပ်တက်လာခဲ့တာပါ၊
ဒီရောက်တော့မှ...သျှောင်နဲ့ကြိုးကလေးတို့ဆော့နေခဲ့ကြတာ၊ မြင်ကွင်းကကြည်နူးစရာ။
ကြည်နူးစရာလေးလို့တွေးမိပြီးမှ...ရုတ်ချည်းနာကျင်စရာတွေလို့တွေးမိသွားတာ၊
ကျောက်စိမ်းခံစားနေရတဲ့စိတ်ဝေဒနာ။
ဘယ်အရာကိုရှင်းလင်းပြီးဝေဒနာတွေကုသရမလဲနားမလည်တော့ပါဘူး။
"ဟင်..!..ဖေ...အဲ...ဦးဦး"
ရုတ်တရက်အဝတ်အစားဝတ်ပြီးသွားတော့အခန်းထဲကနေကြိုးကလေးထွက်လာတော့သူ့က်ိုတွေ့ရော၊
ပြန်ဆင်းသွားမလို့လုပ်နေမှ...
ပြေးလိုက်လာပြီးရှေ့ပိတ်ရပ်ကာ...
"ဦးဦး...က....ညတုန်းကနာနေတာ...ကောင်းပြီလားဟင်"
ကြိုးကလေးဘာကိုမေးနေမှန်းသူနားမလည်ဘူး။
ဘာပြန်ပြောရမှန်းသူမသိဘူး။
ကြိုးကလေးကသူ့လက်လေးဆွဲလိုက်ပြီး...
"ရော့...သကြားလုံး"
ခေါင်းခါလိုက်ပေမယ့်...လက်ထဲအတင်းလာထည့်ပေးတာစတော်ဘယ်ရီသကြားတောင့်ကလေး။
အဲဒါလေးတွေငယ်ငယ်တုန်းကသျှောင့်လွယ်အိတ်ထဲမှာတွေ့နေကြ။
သကြားတောင့်လေးကိုင်ပြီးအရင်ကအကြောင်းတွေပြန်တွေးမိရင်...
နွေးပြီးခုန်လာတတ်တဲ့ရင်ဘတ်ဟာထုံးစံအတိုင်းလှုပ်ရှားလာတာ။
"ဒါလေးစားရင်ကောင်းသွားတယ်တဲ့"
မလိုဘူး...လက်ထဲကဟာကိုပြန်ပေးမလို့ပြင်တော့...ကလေးလှည့်ထွက်တာနဲ့ကြုံရော။
လက်နဲ့ခတ်မိသလိုဖြစ်သွားတော့စိတ်ပူပြီးပြန်ကုန်းချလိုက်တဲ့အချိန်...
ကလေးလေးအသံပျောက်သွားလို့ထွက်လာရှာတဲ့ဦးသျှောင်ကတွေ့သွားရော...
"ဘာဖြစ်တာလဲ...!..."
အမောတကောနဲ့ပြေးလာခဲ့တာ၊
သျှောင့်ခန္ဓာကိုယ်မှာအဝတ်တောင်မပါနိုင်ဘူး။
"မင်း...ဘာကို..."
"မဟုတ်ဘူး...ဖေဖေ...အဲ...ဦးဦးက...."
ကလေးကသူတို့ဖြစ်ဖူးတာကိုမှတ်မိနေတော့...
ချက်ချင်းအထာပေါက်တာ၊
ဦးသျှောင့်မျက်နှာအနေထားကြောင့်လဲပါမှာပါ။
လက်ထဲကသကြားတောင့်လေးကဖောက်တဝက်မဖောက်တဝက်နဲ့...
ရုတ်တရက်ကြီးကျောက်စိမ်းသကြားတောင့်လေးကိုထားပစ်ပြီးလှေကားကနေဆင်းပြေးတော့တယ်။
"ဟိတ်ကောင်..."
ခေါ်ပေမယ့်လှည့်မကြည့်တော့...
ကလေးကိုတခုခုလုပ်လိုက်တယ်ထင်လိုက်မိလို့...
ချက်ချင်းဆင်းလိုက်မလို့ပြင်ပြီးမှ...
သူ့လက်ကိုကြိုးကလေးကလှမ်းဆွဲတာ...
"ပါးပါး...ဖေဖေ့ကိုသားပေးလိုက်တာပါ၊ ဖေဖေယူတာမဟုတ်ဘူး"
အဲကောင်လေးကအခုတလောမှကာကွယ်ပေးနေတာ၊
တွေ့စတုန်းကတော့သိပ်မကပ်ရဲဘဲနဲ့။
ကလေးကြောင့်မို့သာသျှောင့်ခြေလှမ်းတွေရပ်လိုက်တာ၊
ရင်ထဲမကြည်တာကပျောက်မသွား။
"သူ့ရှေ့မှာဖေဖေလို့မခေါ်မိစေနဲ့နော်...
အဲဒါဦးဦး"
xxxxx
ဒီလိုဖြစ်နေလို့မရဘူးဆိုတဲ့အသိနဲ့...
ကိုယ့်စိတ်ကိုပြန်ပြင်ဖို့ထက်...မေ့ပျောက်သွားအောင်တလွဲတွေပဲဆက်လုပ်နေမိတာ၊
ဆေးတွေသောက်ချပစ်လိုက်တာဒါနဲ့ပါဆိုလစ်မစ်ကျော်တော့မှာပဲ။
မတတ်နိုင်ဘူး၊ ညနေပဲရှိသေးတာ၊ မသုံးဘူးလို့ထိန်းနေပေမယ့်...သူ...အဆင်ပြေမနေဘူး။
ဒါတွေနဲ့ပဲမေ့ပစ်နေရတာ၊ နှစ်သိမ့်နေရတာ။
ဆေးတွေအမျိုးမျိုးအဖုံဖုံဘယ်လိုလျှို့ဝှက်ပြီးတော့သိမ်းထားသလဲမသိဘူး။
သူ့အခန်းထဲမှာသျှောင်ဘယ်လိုရှာရှာမတွေ့ဘူး။
ဒီညလဲတွေ့နေရတာပုံမှန်မဟုတ်ဘူး။
ညနက်နက်ကြီးခြံအပြင်ကမီးတွေမှိတ်ထားပြီးမှောင်မည်းမည်းထဲမှာ။
ဆေးလိပ်မီးတငွေ့ငွေ့ကြောင့်သူရှိနေမှန်းသိနေတာ။
ကလေးရှိနေရင်ဆေးလိပ်မသောက်ဖို့ပြောတာလဲနားထောင်သည်။
ကလေးအနားကိုသူကစပြီးကပ်နေတာလဲမတွေ့ရ၊
ဒါပေမယ့်ကလေးကိုမြင်တိုင်းပြောင်းလဲသွားတတ်တာ...
ဘီလူးသရဲလိုပဲ၊ ဒါသူ့စိတ်ထင်နေတာလားမသိ၊
အခုတလောသူ့ကိုတွေ့တိုင်းလည်းဂနာမငြိမ်ဖြစ်နေတတ်တာ၊
တခါတလေ...မြင်နေရက်နဲ့ရှောင်ပြေးသွားတာတွေ...
ဘာ့ကြောင့်ထူးထူးဆန်းဆန်းတွေလုပ်နေသလဲနားမလည်နိုင်။
ဒီအကြောင်းတွေကိုစိတ်ပညာကသူငယ်ချင်းဆရာဝန်တစ်ယောက်နဲ့ဆွေးနွေးကြည့်ခဲ့ပါသည်။
ဆေးမသုံးဘဲနေလို့ရတဲ့အထိလည်းဆက်လုပ်ရဦးမှာပါ။
သူ့အခြေနေကိုစောင့်ကြည့်ဖို့အကြံပေးလို့...
အိမ်မှာသူရှိနေသမျှအချိန်မှာ ကျောက်စိမ်းကိုကင်းထောက်ရသည်။
ခြံထဲကတက်မလာသေးလို့ကလေးချော့နေရင်းနဲ့...ချောင်းကြည့်သည်။
ကြိုးကလေးအိပ်တော့မှအောက်ဆင်းခဲ့ရသည်။
"ဒီနေ့လည်းကျောက်စိမ်းထမင်းမစားပြန်ဘူးလား၊ မေမေလေး"
"အင်း...ထုံးစံအတိုင်းပဲ"
ဒါနဲ့ပါဆိုသုံးရက်ရှိပါပြီ။
ကျောင်းသွားနေတာလဲမတွေ့ရပါ။
မှောင်မှောင်မည်းမည်းထဲမှာခေါင်းလေးငိုက်စိုက်လို့...
"ကျောက်စိမ်း...ဟိတ်"
ပုခုံးကိုပုတ်ပေမယ့်...သစ်ပင်ခြေရင်းမှာဒီအတိုင်းလေးမလှုပ်မယှက်နဲ့...
ဘေးနားမှာကပ်ထိုင်ပြီးတော့ပုခုံးလေးမှီတော့လည်းဒီအတိုင်းပဲ။
ငယ်တုန်းကဆိုရင်အဲလိုလုပ်တာတွေကိုသူမကြိုက်ခဲ့ပါဘူး။
အတင်းတွန်းထိုးကန်ကျောက်တော့တာ။
"မလာပါနဲ့..."
အခုတော့အသံလေးတောင်မထွက်တော့ဘူး။
သူ့ကိုအရင်လိုလန်းဆန်းစေချင်တာပါ။
ယိုင်တိယိုင်တိုင်နဲ့ထထွက်တော့လဲကျတာဘုန်းကနဲ။
ဦးသျှောင်သူ့ကိုပြေးပွေ့ပြီးမှ...
"ဘာလို့ငါ့ကိုရှောင်နေတာလဲ"
"ဟင့်အင်း...ငါ..."
ရှောင်နေတာဟုတ်ပေမယ့်...ဘယ်လိုဝန်ခံရမှန်းမသိဘူး။
မနက်ကမြင်လိုက်ရတာလည်းရှင်းပြမလို့လုပ်ပေမယ့်...
အဝတ်မပါဘဲတဘက်ပိုင်းတထည်ထဲပတ်ထားတဲ့ခန္ဓာကိုယ်ကသူ့ကို...
သူ့ရင်ကို....
အား...သွားစမ်းပါ။
မေ့လို့မရဖျောက်လို့မရဘဲရင်ထဲမှာအခုထိ။
"ဘာလို့ဒါတွေကိုမင်းမပျော်ဘဲလုပ်နေတာလဲ၊ ငါ့ကိုပြောစမ်းပါ၊ ဟိုမှာဘာတွေမင်းအခက်အခဲကြုံခဲ့ရတာလဲ"
"တော်ပါ...သွား...တော့"
"ဒီပုံစံနဲ့အိမ်ပေါ်ဘယ်လိုတက်မှာလဲ"
"ရတယ်...ငါ့ဘာသာလေးဘက်ထောက်ပြီးပဲတက်တက်၊ ကင်းမြီးကောက်ပဲထောင်ထောင်
မင်းကိုမလိုဘူး"
ဆွဲပွေ့ခံထားရတော့သျှောင့်ကိုယ်ငွေ့လေးနဲ့ကိုယ်သင်းရနံ့လေးတွေကြောင့်စိတ်ကပျက်ပြားချင်သည်။
ဒါကိုမဟုတ်ဘူးလို့ပဲစိတ်တင်းထားတာ၊
ဆေးအရှိန်တငွေ့ငွေ့ကပိုပိုပြီးပြင်းလာ၏။
မဖြစ်ပါဘူး၊
ရင်ထဲမှာလှိုက်ခုန်ချင်သလိုလိုနဲ့...သျှောင့်ကိုတွေ့တိုင်းပြေးပုန်းချင်နေတာ၊
မုန်းမိပါတယ်ဆိုတာတွေတောင်မစဉ်းစားနိုင်ဘူး။
မြင်တာနဲ့ထွက်ပြေးချင်တာ၊
သူ့ကိုစိတ်ဒုက္ခပေးဖို့တွေကိုမစဉ်းစားနိုင်တော့ဘဲလူကကြောင်ယောင်ချင်သွားတာတွေ...
ကလေးလေးနဲ့တွဲပြီးမြင်လိုက်ရတဲ့အချိန်ဆိုပိုဆိုးတာ...
ဘယ်နေရာကဘယ်လိုယားမှန်းမသိဘဲနဲ့နေလို့ထိုင်လို့မကောင်းပါ။
ငါပြန်လာခဲ့တာမှားပြီလားလို့နောင်တရချင်ပါသည်။
"လမ်းတောင်မလျှောက်နိုင်ဘဲနဲ့ဟာကို...နေဦး၊
ငါပို့ပေးမယ်...ခဏလေးထိုင်ပါဦး၊
မင်းနဲ့အဲလိုအေးဆေးလေးမတွေ့ရတာကြာပြီမို့"
ငြင်းဆန်ချင်လည်းသူ့တစ်ကိုယ်လုံးကအားပျော့ကျနေတာ၊
ကိုယ့်ဘာသာမနိုင်ပါဘူး။
တနေ့တုန်းကလည်းဝါရန်တာမှာလဲနေခဲ့တာ...
အိပ်ခန်းထဲပြန်မဝင်နိုင်ခဲ့ဘူး။
တရေးနိုးတော့သူအိပ်ယာထဲမှာကျကျနနအိပ်နေလို့...
အကျႌတောင်လဲပေးထားသေးတာ၊
မေမေမဖြစ်နိုင်ဘူး...
ဦးသျှောင်ပဲဆိုတာသေချာတယ်။
ဒီတလောမှာတယောက်ယောက်ဆီကနေအချောင်းမြောင်းခံနေရတယ်လို့စိတ်ကထင့်နေတာပါ။
ပွေ့ခံထားရတဲ့အတိုင်းမငြင်းနိုင်ဘဲသူ့ရင်ခွင်ထဲမှာ။
ငယ်ငယ်တုန်းကသူတို့အကြောင်းလေးတွေ...
သူ့နှုတ်ဖျားကလေသံတိုးတိုးလေးတွေ...
သူ့နှုတ်ခမ်းဆီကရတဲ့ရမ်ရနံ့သင်းသင်းတွေ...
အား...ရူးတော့မှာပဲ။
ငါ့စိတ်တွေဘယ်လိုအထိ...
"သွား...ဖယ်"
မနိုင့်တနိုင်နဲ့အတင်းရုန်းဖယ်ဖို့ကြိုးစားသည်။
"ငြိမ်ငြိမ်နေ...ငါပို့ပေးမယ်"
တအိအိနဲ့ပြိုကျလာတဲ့ကျောက်စိမ်းရဲ့ခန္ဓာကိုယ်ကိုပွေ့ချီယူရင်း...
"ဘာလို့ငါ့ကိုအဲလောက်မုန်းနေတာလဲ၊ ငါနဲ့မင်းဘယ်လိုမှပြဿနာကြီးကြီးမားမားမရှိခဲ့ဘူးလေ"
သူပွေ့ချီထားတဲ့အတိုင်းမရုန်းကန်နိုင်ဘဲမူးမေ့သွားတဲ့ကျောက်စိမ်းရင်ထဲမှာ...
အကြောင်းပြချက်ရှိခဲ့ပေမယ့်...
မင်းကိုဖွင့်ပြောပြရခက်တယ်။