့ကြၽန္ေတာ့နာမည္ Sean Xiao။အႏုပညာတကၠသိုလ္ေနာက္ဆံုးႏွစ္ေက်ာင္းသား။လူေတြကကြၽန္
ေတာ့ကိုထူးဆန္းတယ္လို႔ေျပာၾကတယ္။ဒါဟာ
ပံုမွန္ပါပဲ..
လူေတြဟာအမ်ားနဲ႔မတူဘဲ ကြဲထြက္ေနတဲ့သူကိုထူးဆန္းတယ္ဆိုတဲ့ဂုဏ္ပုဒ္ေလးသံုးၿပီးလွလွပပေဘာင္ခတ္ၾကတယ္။
ကြၽန္ေတာ္က ပန္းခ်ီဆြဲရတာကိုႏွစ္သက္တယ္။
ပန္းခ်ီဆြဲတာသူမ်ားေတြအတြက္ဘယ္လိုအဓိပၸါယ္
သက္ေရာက္မလဲမသိေပမယ့္ ကြၽန္ေတာ့အတြက္ေတာ့ပန္းခ်ီဆြဲတယ္ဆိုတာပံုျပင္တစ္ပုဒ္ဖန္တီးတာပဲ။
ပန္းခ်ီကားခ်ပ္တစ္ခုခ်င္းစီရဲ႕ေနာက္ကြယ္မွာ ပံုျပင္
ေလးေတြ႐ွိေနတတ္တယ္။တခ်ိဳ႕ပံုျပင္ေလးေတြက
ပန္းခ်ီဆရာရဲ႕ ေပ်ာ္ရႊင္မႈေတြ၊ခ်စ္ျခင္းတရားေတြ
ေၾကာင့္ျဖစ္ေပၚခဲ့ရသလို တခ်ိဳ႕ပံုျပင္ေလးေတြကေတာ့မ်က္ရည္ေတြ၊ႏွလံုးေသြးေတြနဲ႔ရင္းၿပီးမွ ရလာတဲ့
ပံုျပင္ေလးေတြ။
ကြၽန္ေတာ့ရဲ႕တစ္ခုတည္းေသာဝါသနာက အဲ့ဒီလို
ပန္းခ်ီကားေတြရဲ႕ေနာက္ကြယ္ကပံုျပင္ေလးေတြကို
႐ွာေဖြရတာကိုပဲ...။ဘယ္သူ႔ကိုမွေျပာျပခြင့္မရလိုက္
႐ွာတဲ့ပံုျပင္ေလးေတြရဲ႕အထီးက်န္မႈကို အေဖာ္ျပဳေပး
ခြင့္ရတာကို ကြၽန္ေတာ္ကခံုမင္တယ္။
တစ္ေန႔ေတာ့ ကြၽန္ေတာ္ပန္းခ်ီကားခ်ပ္ေလးတစ္ခုရဲ႕
ရင္နင့္ဖြယ္ပံုျပင္ေလးတစ္ပုဒ္ကို႐ွာေတြ႔ခဲ့တယ္။
ပံုျပင္ေလးနာမည္ကImaginary Youတဲ့။
ကြၽန္ေတာ့ရဲ႕ဘဝကိုေျပာင္းလဲေပးမယ့္ ပံုျပင္ေလး
တစ္ပုဒ္။
________________________________
အဲ့ဒီေန႔ကထံုးစံအတိုင္း ပန္းခ်ီျပခန္းမွာခ်ိတ္ဆြဲထား
တဲ့ပန္းခ်ီကားခ်ပ္ေလးေတြကို တစ္ခုခ်င္းစီေသေသ
ခ်ာခ်ာလိုက္ၾကည့္ေနမိတယ္။စုတ္ခ်က္တစ္ခုဆီတိုင္း
ကပန္းခ်ီဆရာရဲ႕အေတြးေတြနဲ႔ခံစားခ်က္ေတြကို
ကိုယ္စားျပဳတယ္။စုတ္ခ်က္ေတြျပည့္စံုသြားတဲ့အခါ
လွပတဲ့ပံုျပင္တစ္ပုဒ္ေမြးဖြားလာတယ္။
တစ္ေနရာအေရာက္မွာကြၽန္ေတာ့ရဲ႕အာရံုကိုညိဳ႕ယူ
လိုက္တဲ့ပန္းခ်ီကားတစ္ခ်ပ္။
ဒီလိုပန္းခ်ီကားကိုျမင္ဖူးတာသူ့အတြက္ပထမဆံုးအ
ႀကိမ္။စုတ္ခ်က္တစ္ခုခ်င္းစီကိုတအံ့တဩစိုက္ၾကည့္ေနမိတာသတိလက္လြတ္ပါပဲ။ေဘးကသူငယ္ခ်င္းဆီကအသံၾကားမွသတိျပန္ကပ္တယ္။
"နင္ငိုေနတာလား"
"ဟင္.."
ကိုယ့္ပါးျပင္ကိုျပန္စမ္းၾကည့္ေတာ့မ်က္ရည္ေတြ။
ကိုယ္တိုင္ေတာင္သတိမထားမိပါပဲက်ဆင္းလာတဲ့
ဒီမ်က္ရည္ေတြရဲ႕အေၾကာင္းခံကဒီပန္းခ်ီကားတဲ့လား
"ဘာေတြ႔လို႔လဲ။ဒီတိုင္းျမက္ခင္းျပင္ပံုဆြဲထားတာမလား"
"ဟင့္အင္း။ဒါျမက္ခင္းျပင္မဟုတ္ဘူး။ေကာင္းကင္ပံု"
"ဟင္...။ဟုတ္သားပဲ။ေသခ်ာၾကည့္မွေကာင္းကင္နဲ႔
ဆင္သလိုပဲ။ဒါေပမယ့္ေကာင္းကင္ကဘာလို႔အစိမ္း
ေရာင္ျဖစ္ေနရတာလဲ။႐ုတ္တရက္ဆိုေတာ့
အေဝးကၾကည့္ၿပီးျမက္ခင္းျပင္ထင္သြားတာ။ထူးဆန္းလိုက္တာ"
"ထူးဆန္းတာမဟုတ္ဘူး။ထူးျခားတာ..."
ဟုတ္တယ္။ထူးျခားတယ္။ဘာလို႔လဲဆိုေတာ့
ဒီပန္းခ်ီကိုျမင္လိုက္ရတဲ့အခ်ိန္မွာသူ႔ စိတ္ထဲမွာ
အမ်ိဳးအမည္မသိတဲ့ခံစားခ်က္တစ္ခုျဖစ္ေပၚလာတယ္။
ပန္းခ်ီဆရာရဲ႕စုတ္ခ်က္တစ္ခုခ်င္းစီကေၾကကြဲေန
သေယာင္။ၾကည့္ေနတဲ့ သူပါအလိုလိုမ်က္ရည္က်
လာတဲ့အထိ။ပန္းခ်ီကားေလးရဲ႕နာမည္က
Imaginary Youတဲ့။
တကယ္ပဲ။ဒီပန္းခ်ီကားရဲ႕ေနာက္ကြယ္ကပံုျပင္ေလး
ကဘာမ်ားလဲ။သူတကယ္ကိုသိခ်င္သြားမိတယ္။
ဘယ္လိုပံုျပင္ေလးပဲျဖစ္ျဖစ္သိမ္းထားခ်င္မိတယ္
ဆိုတဲ့အေတြးေလးကိုNot for saleဆိုတဲ့စာတန္းေလးက႐ိုက္ခ်ိဳးတယ္။
လြယ္လြယ္နဲ႔လက္မေလ်ွာ့တတ္တဲ့သူက
ဝန္ထမ္းေကာင္ေလးတစ္ေယာက္ကိုေခၚလို႔ ေမးၾကည့္တယ္။
"ဒီပန္းခ်ီကားကိုေရာင္းေပးႏိုင္မလား"
"Sorryပါ အကို။ဒီပန္းခ်ီကားကေရာင္းဖို႔မဟုတ္ပါဘူး"
"ပန္းခ်ီဆရာနဲ႔ညႇိၿပီးေျပာၾကည့္ေပးပါလား။အကိုတကယ္လိုခ်င္လို႔ပါ"
"ပန္းခ်ီကားပိုင္႐ွင္ကေသေသခ်ာခ်ာေျပာထားၿပီးသားပါ။ဒီပန္းခ်ီကားကိုလံုးဝမေရာင္းနိုင္ပါဘူးတဲ့"
"ဒါဆိုလည္း ပန္းခ်ီကားပိုင္႐ွင္နဲ႔ေတြ႔လို႔ရမလား"
"......"
"လိပ္စာျဖစ္ျဖစ္ေပးပါ။အကို တကယ္ကိုစိတ္ဝင္စား
လို႔ပါ"
"ကြၽန္ေတာ္ႀကိဳးစားၾကည့္ပါ့မယ္။ခနေစာင့္ေပးပါ"
ဝန္ထမ္းေကာင္ေလးကထြက္သြားၿပီးခနၾကာေတာ့
ခ်က္ခ်င္းျပန္ေရာက္လာတယ္။
"အကို ေတာင္းတဲ့လိပ္စာ"
"ေက်းဇူးပါပဲ"
ဘာမွမသိခဲ့တဲ့ကြၽန္ေတာ္ကလိပ္စာကဒ္ေလးကို
ကိုင္လို႔Diaryေလးထဲမွာထပ္တိုးလာဦးမယ့္
ပံုျပင္ေလးတစ္ပုဒ္အတြက္ရင္ခုန္ေနခဲ့မိေသးရဲ႕။
______________________________
လိပ္စာကဒ္ထဲကအတိုင္းလိုက္႐ွာရင္းနဲ႔ေနာက္ဆံုး
ေတြ႔လိုက္ပါၿပီ။အျဖဴေရာင္တိုက္ပုေလး။ျခံအမွတ္
68။ေသခ်ာေပါက္ကြၽန္ေတာ္႐ွာေနတဲ့အိမ္ပဲေပါ့။
လူေခၚbellကိုတီးလိုက္ေတာ့ တံခါးလာဖြင့္ေပးတဲ့
အသက္ျကီးပိုင္းလူတစ္ေယာက္။မ်က္မွန္တပ္ထား
ၿပီးဝတ္စားထားတဲ့ပံုေၾကာင့္သာလူႀကီးထင္ရေပမယ့္
မ်က္ႏွာက လူငယ္ဆန္တယ္။
ထိုလူကကြၽန္ေတာ့ကိုျမင္ေတာ့အံ့ဩသြားတဲ့ပံုစံနဲ႔
ေသခ်ာစိုက္ၾကည့္ေနတယ္။
"ကြၽန္ေတာ့နာမည္Seanပါ"
"ဘာကိစၥမ်ား႐ွိလို႔လဲမသိဘူး"
"ဟို...ဒါကဝမ္က်ိဳးခ်န္တို႔အိမ္လားမသိဘူး"
"ဟုတ္ပါတယ္"
"ကြၽန္ေတာ္ ဝမ္က်ိဳးခ်န္နဲ႔စကားေျပာခ်င္လို႔ပါ"
"ကိုယ္ကဝမ္က်ိဳးခ်န္ပါပဲ။ဘာမ်ားေျပာခ်င္လို႔လဲမသိဘူး"
"Imaginaryဆိုတဲ့ပန္းခ်ီကားအေၾကာင္းပါ"
ပန္းခ်ီကားအေၾကာင္းေျပာလိုက္တာနဲ႔ကြက္ခနဲပ်က္
သြားတဲ့ဝမ္က်ိဳးခ်န္ရဲ႕မ်က္ႏွာေၾကာင့္သိလိုစိတ္က
ပိုျပင္းျပလာတယ္။ဒီပန္းခ်ီကားရဲ႕ပံုျပင္ကအေတာ္
စိတ္ဝင္စားဖို႔ေကာင္းမယ့္ပံုပဲ။
"အိမ္ထဲဝင္ခဲ့ပါ"
ဝမ္က်ိဳးခ်န္ကဦးေဆာင္လို႔အိမ္ထဲကိုဝင္သြားတယ္။
ဧည့္ခန္းမွာထိုင္ခိုင္းၿပီး ေကာ္ဖီတစ္ခြက္ေဖ်ာ္လာတယ္။သူ႔ပံုစံၾကည့္ရတာ တစ္ေယာက္တည္းေနတဲ့ပံုပဲ။
သူ႔အိမ္မွာပန္းခ်ီနဲ႔ပတ္သတ္တာလည္းဘာမွမေတြ႔ရ
ပါလား။ပန္းခ်ီဝါသနာပါတဲ့သူမဟုတ္တဲ့သူက
ပန္းခ်ီကားတစ္ခ်ပ္ကို မေရာင္းဘဲအျမတ္တႏိုး
သိမ္းထားတာ လ်ိႈ့ဝွက္ခ်က္တစ္ခုခုေတာ့႐ွိရမယ္။
"အကယ္၍ပန္းခ်ီကားဝယ္မယ့္ကိစၥဆိုရင္ေတာ့
ကိုယ္အဲ့ပန္းခ်ီကားကိုမေရာင္းႏိုင္ဘူး"
"တကယ္ေတာ့ ကြၽန္ေတာ္ဒီကိုလာတာ ပန္းခ်ီကား
ဝယ္ဖို႔ဆိုတာထပ္အဲ့ဒီပန္းခ်ီကားရဲ႕အေၾကာင္းကို
စိတ္ဝင္စားလို႔သိခ်င္လို႔လာခဲ့တာပါ"
"မ်က္မျမင္တစ္ေယာက္ဆြဲတဲ့ပန္းခ်ီကားက ဘာေတြမ်ားစိတ္ဝင္စားစရာပါေနလို႔လဲ"
"ဗ်ာ!!!ဒီပန္းခ်ီကားကိုဆြဲတဲ့သူကမ်က္မျမင္တစ္ေယာက္..."
"အင္း။ကိုယ့္သူငယ္ခ်င္းတစ္ေယာက္ဆြဲခဲ့တဲ့ပန္းခ်ီ
ကား။ကိုယ္ကထိန္းသိမ္းေပးရံုပဲ။မင္းသိခ်င္တာ
ဒါပဲဆိုရင္ ျပန္လိုက္ပါေတာ့"
"ပန္းခ်ီကားက အရမ္းထူးျခားေနတယ္"
"အစိမ္းေရာင္ေကာင္းကင္ကိုေျပာတာမလား။
မ်က္မျမင္တစ္ေယာက္ဆြဲတာပဲ။ဒီေလာက္ေတာ့
႐ွိမွာေပါ့"
"ဟင့္အင္း။အဲ့ဒီအစိမ္းေရာင္ေကာင္းကင္ကမျမင္ရတာေၾကာင့္ စိတ္မွန္းနဲ႔ဆြဲထားတာမ်ိဳးမဟုတ္ဘဲ
ကိုယ္တိုင္ျမင္ေနရသလိုယံုၾကည္ခ်က္အျပည့္နဲ႔ဆြဲ
ထားတာဆိုတာ စုတ္ခ်က္တစ္ခုစီတိုင္းမွာေပၚလြင္
တယ္။ၿပီးေတာ့ အစိမ္းေရာင္ေကာင္းကင္ကဝမ္းနည္းေနတယ္။အထီးက်န္ေနတယ္လို႔ခံစားရတယ္။
တဆက္တည္းမွာပဲ ေအးခ်မ္းတယ္လို႔ခံစားရျပန္
တယ္။ဒီပန္းခ်ီကားရဲ႕ေနာက္ကြယ္မွာပံုျပင္တစ္ပုဒ္
႐ွိေနတယ္မလား"
"....."
ကြၽန္ေတာ့စကားဆံုးေတာ့ ေအးစက္ေနတဲ့ဝမ္က်ိဳးခ်န္ရဲ႕မ်က္ႏွာကတျဖည္းျဖည္းလြမ္းေငြ႔သမ္းလာတယ္။
ေနာက္ေတာ့ ကြၽန္ေတာ့မ်က္ႏွာကိုေသခ်ာၾကည့္ၿပီး
ျပံဳးတယ္ဆိုရံုေလးပဲ ျပံဳးတယ္။အဲ့အျပံဳးကို အဓိပၸါယ္
မေဖာ္တတ္ဘူး။ေသခ်ာတာေတာ့ ေပ်ာ္လို႔ျပံဳးတဲ့
အျပံဳးမဟုတ္ဘူး။
"ဒီမွာခနေစာင့္ပါ"
ဝမ္က်ိဳးခ်န္ကထသြားၿပီး အခန္းတစ္ခန္းထဲဝင္သြား
တယ္။ျပန္ထြက္လာေတာ့ လက္ထဲမွာ စာအုပ္ေလးတစ္အုပ္ကိုင္ထားတယ္။သိလိုက္ပါၿပီ။ဒါဟာ
ပန္းခ်ီဆရာရဲ႕ ဒိုင္ယာရီစာအုပ္ပဲျဖစ္ရမယ္။
သူဒီလိုအေျခအေနမ်ိဳးခနခနၾကံဳခဲ့ဖူးပါတယ္။
အခုတစ္ခါကေတာ့ထူးဆန္းတယ္။
အရင္လူေတြဆိုဒိုင္ယာရီစာအုပ္ေပးလိုက္တဲ့အခ်ိန္
မွာသူတို႔မ်က္လံုးထဲမွာဝန္ထုပ္တစ္ခုေပါ့သြားသလို
အရိပ္အေယာင္ေတြျမင္ရေပမယ့္ ဝမ္က်ိဳးခ်န္မ်က္လံုးထဲမွာေတာ့ အဲ့လိုအရိပ္အေယာင္တစိုးတေစ့မ်ွမေတြ႔ရ။အဲ့ဒီအစား ေၾကကြဲရိပ္မ်ားသာေတြ႔ရသည္။ဘယ္ေတာ့မွျပန္အစမေဖာ္ခ်င္တဲ့အရာတစ္ခုကို
ရင္ဆိုင္လိုက္ရသလိုမ်ိဳး။
တကယ္ပဲ ဒီပန္းခ်ီကားရဲ႕ေနာက္ကြယ္မွာ ဘယ္လို
လ်ိဳ႕ဝွက္ခ်က္ေတြ႐ွိေနခဲ့တာလဲ။
"ဒါက ကိုယ့္သူငယ္ခ်င္းရဲ႕ဒိုင္ယာရီစာအုပ္ပဲ။ဒီထဲမွာမင္းသိခ်င္တဲ့အေျဖေတြပါမယ္လို႔
ေမ်ွာ္လင့္ပါတယ္"
"ဟုတ္ကဲ့။အခုလို ကူညီတာေက်းဇူးတင္ပါတယ္"
"မလိုပါဘူး။ကိုယ္မင္းကိုဒီစာအုပ္ေပးရတဲ့အေၾကာင္းရင္းက ကိုယ္႐ွာမေတြ႔ႏိုင္ခဲ့တဲ့အေျဖေတြကို မင္းမ်ား႐ွာေတြ႔ႏိုင္မလားဆိုတဲ့အေတြးနဲ႔ေပးခဲ့တာပါ။
ၿပီးေတာ့...မင္းမို႔လို႔ေပးတာ"
"ဟုတ္ကဲ့"
"အကယ္၍ မင္းရဲ႕မွတ္စုစာအုပ္ထဲမွာမွတ္ဖို႔အတြက္ပံုျပင္တစ္ပုဒ္႐ွာေနရံုသပ္သပ္ဆိုရင္ ဒီဇာတ္လမ္းကိုမဖတ္တာေကာင္းမယ္။ဒီဇာတ္လမ္းက မင္းထင္
သေလာက္ မနက္နဲသလို၊ကိုယ္ထင္ခဲ့သလိုလည္း
မ႐ိုး႐ွင္းပါဘူး။ဒီအတိုင္းေလးပဲ........"
ဝမ္က်ိဳးခ်န္ရဲ႕မ်က္ဝန္းေတြကတစ္ခုခုကိုယူၾကံဳးမရနဲ႔
ႏွေျမာတသျဖစ္ေနတဲ့ပံု။
က်ိဳးပဲ့ေနတဲ့ပစၥည္းတစ္ခုကိုျပန္ဆက္ၾကည့္တဲ့အခါ
ျပန္ရလာမယ့္အရာကဘယ္လိုပဲျဖစ္ေနပါေစ
ဆက္လိုက္မိတဲ့သူအေပၚမွာပဲတာဝန္႐ွိတယ္။
ဒီပံုျပင္ေလးကိုျပန္လည္တူးေဖာ္ဖို႔ႀကိဳးစားခဲ့တဲ့အတြက္ကြၽန္ေတာ္အစအဆံုးတာဝန္ယူဖို႔ဆံုးျဖတ္ၿပီးသားပါ။
_________________________________
အဝါေရာင္ဒိုင္ယာရီစာအုပ္ေလးရဲ႕ပထမဆံုးသံုးေလး
မ်က္ႏွာဟာဘာမွေရးျခစ္ထားျခင္းမ႐ွိပဲဗလာနတၳိ။
ငါးရြက္ေျမာက္တဲ့ညာဘက္စာမ်က္ႏွာေလးမွာေတာ့
ရက္စြဲေလးတစ္ခုေရးမွတ္ထားတယ္။
7.5.2008........
_________________________________
Unicode
့ကျွန်တော့နာမည် Sean Xiao။အနုပညာတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား။လူတွေကကျွန်
တော့ကိုထူးဆန်းတယ်လို့ပြောကြတယ်။ဒါဟာ
ပုံမှန်ပါပဲ..
လူတွေဟာအများနဲ့မတူဘဲ ကွဲထွက်နေတဲ့သူကိုထူးဆန်းတယ်ဆိုတဲ့ဂုဏ်ပုဒ်လေးသုံးပြီးလှလှပပဘောင်ခတ်ကြတယ်။
ကျွန်တော်က ပန်းချီဆွဲရတာကိုနှစ်သက်တယ်။
ပန်းချီဆွဲတာသူများတွေအတွက်ဘယ်လိုအဓိပ္ပါယ်
သက်ရောက်မလဲမသိပေမယ့် ကျွန်တော့အတွက်တော့ပန်းချီဆွဲတယ်ဆိုတာပုံပြင်တစ်ပုဒ်ဖန်တီးတာပဲ။
ပန်းချီကားချပ်တစ်ခုချင်းစီရဲ့နောက်ကွယ်မှာ ပုံပြင်
လေးတွေရှိနေတတ်တယ်။တချို့ပုံပြင်လေးတွေက
ပန်းချီဆရာရဲ့ ပျော်ရွှင်မှုတွေ၊ချစ်ခြင်းတရားတွေ
ကြောင့်ဖြစ်ပေါ်ခဲ့ရသလို တချို့ပုံပြင်လေးတွေကတော့မျက်ရည်တွေ၊နှလုံးသွေးတွေနဲ့ရင်းပြီးမှ ရလာတဲ့
ပုံပြင်လေးတွေ။
ကျွန်တော့ရဲ့တစ်ခုတည်းသောဝါသနာက အဲ့ဒီလို
ပန်းချီကားတွေရဲ့နောက်ကွယ်ကပုံပြင်လေးတွေကို
ရှာဖွေရတာကိုပဲ...။ဘယ်သူ့ကိုမှပြောပြခွင့်မရလိုက်
ရှာတဲ့ပုံပြင်လေးတွေရဲ့အထီးကျန်မှုကို အဖော်ပြုပေး
ခွင့်ရတာကို ကျွန်တော်ကခုံမင်တယ်။
တစ်နေ့တော့ ကျွန်တော်ပန်းချီကားချပ်လေးတစ်ခုရဲ့
ရင်နင့်ဖွယ်ပုံပြင်လေးတစ်ပုဒ်ကိုရှာတွေ့ခဲ့တယ်။
ပုံပြင်လေးနာမည်ကImaginary Youတဲ့။
ကျွန်တော့ရဲ့ဘဝကိုပြောင်းလဲပေးမယ့် ပုံပြင်လေး
တစ်ပုဒ်။
________________________________
အဲ့ဒီနေ့ကထုံးစံအတိုင်း ပန်းချီပြခန်းမှာချိတ်ဆွဲထား
တဲ့ပန်းချီကားချပ်လေးတွေကို တစ်ခုချင်းစီသေသေ
ချာချာလိုက်ကြည့်နေမိတယ်။စုတ်ချက်တစ်ခုဆီတိုင်း
ကပန်းချီဆရာရဲ့အတွေးတွေနဲ့ခံစားချက်တွေကို
ကိုယ်စားပြုတယ်။စုတ်ချက်တွေပြည့်စုံသွားတဲ့အခါ
လှပတဲ့ပုံပြင်တစ်ပုဒ်မွေးဖွားလာတယ်။
တစ်နေရာအရောက်မှာကျွန်တော့ရဲ့အာရုံကိုညို့ယူ
လိုက်တဲ့ပန်းချီကားတစ်ချပ်။
ဒီလိုပန်းချီကားကိုမြင်ဖူးတာသူ့အတွက်ပထမဆုံးအ
ကြိမ်။စုတ်ချက်တစ်ခုချင်းစီကိုတအံ့တဩစိုက်ကြည့်နေမိတာသတိလက်လွတ်ပါပဲ။ဘေးကသူငယ်ချင်းဆီကအသံကြားမှသတိပြန်ကပ်တယ်။
"နင်ငိုနေတာလား"
"ဟင်.."
ကိုယ့်ပါးပြင်ကိုပြန်စမ်းကြည့်တော့မျက်ရည်တွေ။
ကိုယ်တိုင်တောင်သတိနထားမိပါပဲကျဆင်းလာတဲ့
ဒီမျက်ရည်တွေရဲ့အကြောင်းခံကဒီပန်းချီကားတဲ့လား
"ဘာတွေ့လို့လဲ။ဒီတိုင်းမြက်ခင်းပြင်ပုံဆွဲထားတာမလား"
"ဟင့်အင်း။ဒါမြက်ခင်းပြင်မဟုတ်ဘူး။ကောင်းကင်ပုံ"
"ဟင်...။ဟုတ်သားပဲ။သေချာကြည့်မှကောင်းကင်နဲ့
ဆင်သလိုပဲ။ဒါပေမယ့်ကောင်းကင်ကဘာလို့အစိမ်း
ရောင်ဖြစ်နေရတာလဲ။ရုတ်တရက်ဆိုတော့
အဝေးကကြည့်ပြီးမြက်ခင်းပြင်ထင်သွားတာ။ထူးဆန်းလိုက်တာ"
"ထူးဆန်းတာမဟုတ်ဘူး။ထူးခြားတာ..."
ဟုတ်တယ်။ထူးခြားတယ်။ဘာလို့လဲဆိုတော့
ဒီပန်းချီကိုမြင်လိုက်ရတဲ့အချိန်မှာသူ့ စိတ်ထဲမှာ
အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်။
ပန်းချီဆရာရဲ့စုတ်ချက်တစ်ခုချင်းစီကကြေကွဲနေ
သယောင်။ကြည့်နေတဲ့ သူပါအလိုလိုမျက်ရည်ကျ
လာတဲ့အထိ။ပန်းချီကားလေးရဲ့နာမည်က
Imaginary Youတဲ့။
တကယ်ပဲ။ဒီပန်းချီကားရဲ့နောက်ကွယ်ကပုံပြင်လေး
ကဘာများလဲ။သူတကယ်ကိုသိချင်သွားမိတယ်။
ဘယ်လိုပုံပြင်လေးပဲဖြစ်ဖြစ်သိမ်းထားချင်မိတယ်
ဆိုတဲ့အတွေးလေးကိုNot for saleဆိုတဲ့စာတန်းလေးကရိုက်ချိုးတယ်။
လွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့ကျွန်တော်က
ဝန်ထမ်းကောင်လေးတစ်ယောက်ကိုခေါ်လို့ မေးကြည့်တယ်။
"ဒီပန်းချီကားကိုရောင်းပေးနိုင်မလား"
"Sorryပါ အကို။ဒီပန်းချီကားကရောင်းဖို့မဟုတ်ပါဘူး"
"ပန်းချီဆရာနဲ့ညှိပြီးပြောကြည့်ပေးပါလား။အကိုတကယ်လိုချင်လို့ပါ"
"ပန်းချီကားပိုင်ရှင်ကသေသေချာချာပြောထားပြီးသားပါ။ဒီပန်းချီကားကိုလုံးဝမရောင်းနိုင်ပါဘူးတဲ့"
"ဒါဆိုလည်း ပန်းချီကားပိုင်ရှင်နဲ့တွေ့လို့ရမလား"
"......"
"လိပ်စာဖြစ်ဖြစ်ပေးပါ။အကို တကယ်ကိုစိတ်ဝင်စား
လို့ပါ"
"ကျွန်တော်ကြိုးစားကြည့်ပါ့မယ်။ခနစောင့်ပေးပါ"
ဝန်ထမ်းကောင်လေးကထွက်သွားပြီးခနကြာတော့
ချက်ချင်းပြန်ရောက်လာတယ်။
"အကို တောင်းတဲ့လိပ်စာ"
"ကျေးဇူးပါပဲ"
ဘာမှမသိခဲ့တဲ့ကျွန်တော်ကလိပ်စာကဒ်လေးကို
ကိုင်လို့Diaryလေးထဲမှာထပ်တိုးလာဦးမယ့်
ပုံပြင်လေးတစ်ပုဒ်အတွက်ရင်ခုန်နေခဲ့မိသေးရဲ့။
_________________________________
လိပ်စာကဒ်ထဲကအတိုင်းလိုက်ရှာရင်းနဲ့နောက်ဆုံး
တွေ့လိုက်ပါပြီ။အဖြူရောင်တိုက်ပုလေး။ခြံအမှတ်
68။သေချာပေါက်ကျွန်တော်ရှာနေတဲ့အိမ်ပဲပေါ့။
လူခေါ်bellကိုတီးလိုက်တော့ တံခါးလာဖွင့်ပေးတဲ့
အသက်ကြီးပိုင်းလူတစ်ယောက်။မျက်မှန်တပ်ထား
ပြီးဝတ်စားထားတဲ့ပုံကြောင့်သာလူကြီးထင်ရပေမယ့်
မျက်နှာက လူငယ်ဆန်တယ်။
ထိုလူကကျွန်တော့ကိုမြင်တော့အံ့ဩသွားတဲ့ပုံစံနဲ့
သေချာစိုက်ကြည့်နေတယ်။
"ကျွန်တော့နာမည်Seanပါ"
"ဘာကိစ္စများရှိလို့လဲမသိဘူး"
"ဟို...ဒါကဝမ်ကျိုးချန်တို့အိမ်လားမသိဘူး"
"ဟုတ်ပါတယ်"
"ကျွန်တော် ဝမ်ကျိုးချန်နဲ့စကားပြောချင်လို့ပါ"
"ကိုယ်ကဝမ်ကျိုးချန်ပါပဲ။ဘာများပြောချင်လို့လဲမသိဘူး"
"Imaginaryဆိုတဲ့ပန်းချီကားအကြောင်းပါ"
ပန်းချီကားအကြောင်းပြောလိုက်တာနဲ့ကွက်ခနဲပျက်
သွားတဲ့ဝမ်ကျိုးချန်ရဲ့မျက်နှာကြောင့်သိလိုစိတ်က
ပိုပြင်းပြလာတယ်။ဒီပန်းချီကားရဲ့ပုံပြင်ကအတော်
စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ။
"အိမ်ထဲဝင်ခဲ့ပါ"
ဝမ်ကျိုးချန်ကဦးဆောင်လို့အိမ်ထဲကိုဝင်သွားတယ်။
ဧည့်ခန်းမှာထိုင်ခိုင်းပြီး ကော်ဖီတစ်ခွက်ဖျော်လာတယ်။သူ့ပုံစံကြည့်ရတာ တစ်ယောက်တည်းနေတဲ့ပုံပဲ။
သူ့အိမ်မှာပန်းချီနဲ့ပတ်သတ်တာလည်းဘာမှမတွေ့ရ
ပါလား။ပန်းချီဝါသနာပါတဲ့သူမဟုတ်တဲ့သူက
ပန်းချီကားတစ်ချပ်ကို မရောင်းဘဲအမြတ်တနိုး
သိမ်းထားတာ လျှို့ဝှက်ချက်တစ်ခုခုတော့ရှိရမယ်။
"အကယ်၍ပန်းချီကားဝယ်မယ့်ကိစ္စဆိုရင်တော့
ကိုယ်အဲ့ပန်းချီကားကိုမရောင်းနိုင်ဘူး"
"တကယ်တော့ ကျွန်တော်ဒီကိုလာတာ ပန်းချီကား
ဝယ်ဖို့ဆိုတာထပ်အဲ့ဒီပန်းချီကားရဲ့အကြောင်းကို
စိတ်ဝင်စားလို့သိချင်လို့လာခဲ့တာပါ"
"မျက်မမြင်တစ်ယောက်ဆွဲတဲ့ပန်းချီကားက ဘာတွေများစိတ်ဝင်စားစရာပါနေလို့လဲ"
"ဗ်ာ!!!ဒီပန်းချီကားကိုဆွဲတဲ့သူကမျက်မမြင်တစ်ယောက်..."
"အင်း။ကိုယ့်သူငယ်ချင်းတစ်ယောက်ဆွဲခဲ့တဲ့ပန်းချီ
ကား။ကိုယ်ကထိန်းသိမ်းပေးရုံပဲ။မင်းသိချင်တာ
ဒါပဲဆိုရင် ပြန်လိုက်ပါတော့"
"ပန်းချီကားက အရမ်းထူးခြားနေတယ်"
"အစိမ်းရောင်ကောင်းကင်ကိုပြောတာမလား။
မျက်မမြင်တစ်ယောက်ဆွဲတာပဲ။ဒီလောက်တော့
ရှိမှာပေါ့"
"ဟင့်အင်း။အဲ့ဒီအစိမ်းရောင်ကောင်းကင်ကမမြင်ရတာကြောင့် စိတ်မှန်းနဲ့ဆွဲထားတာမျိုးမဟုတ်ဘဲ
ကိုယ်တိုင်မြင်နေရသလိုယုံကြည်ချက်အပြည့်နဲ့ဆွဲ
ထားတာဆိုတာ စုတ်ချက်တစ်ခုစီတိုင်းမှာပေါ်လွင်
တယ်။ပြီးတော့ အစိမ်းရောင်ကောင်းကင်ကဝမ်းနည်းနေတယ်။အထီးကျန်နေတယ်လို့ခံစားရတယ်။
တဆက်တည်းမှာပဲ အေးချမ်းတယ်လို့ခံစားရပြန်
တယ်။ဒီပန်းချီကားရဲ့နောက်ကွယ်မှာပုံပြင်တစ်ပုဒ်
ရှိနေတယ်မလား"
"....."
ကျွန်တော့စကားဆုံးတော့ အေးစက်နေတဲ့ဝမ်ကျိုးချန်ရဲ့မျက်နှာကတဖြည်းဖြည်းလွမ်းငွေ့သမ်းလာတယ်။
နောက်တော့ ကျွန်တော့မျက်နှာကိုသေချာကြည့်ပြီး
ပြုံးတယ်ဆိုရုံလေးပဲ ပြုံးတယ်။အဲ့အပြုံးကို အဓိပ္ပါယ်
မဖော်တတ်ဘူး။သေချာတာတော့ ပျော်လို့ပြုံးတဲ့
အပြုံးမဟုတ်ဘူး။
"ဒီမှာခနစောင့်ပါ"
ဝမ်ကျိုးချန်ကထသွားပြီး အခန်းတစ်ခန်းထဲဝင်သွား
တယ်။ပြန်ထွက်လာတော့ လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကိုင်ထားတယ်။သိလိုက်ပါပြီ။ဒါဟာ
ပန်းချီဆရာရဲ့ ဒိုင်ယာရီစာအုပ်ပဲဖြစ်ရမယ်။
သူဒီလိုအခြေအနေမျိုးခနခနကြုံခဲ့ဖူးပါတယ်။
အခုတစ်ခါကတော့ထူးဆန်းတယ်။
အရင်လူတွေဆိုဒိုင်ယာရီစာအုပ်ပေးလိုက်တဲ့အချိန်
မှာသူတို့မျက်လုံးထဲမှာဝန်ထုပ်တစ်ခုပေါ့သွားသလို
အရိပ်အယောင်တွေမြင်ရပေမယ့် ဝမ်ကျိုးချန်မျက်လုံးထဲမှာတော့ အဲ့လိုအရိပ်အယောင်တစိုးတစေ့မျှမတွေ့ရ။အဲ့ဒီအစား ကြေကွဲရိပ်များသာတွေ့ရသည်။ဘယ်တော့မှပြန်အစမဖော်ချင်တဲ့အရာတစ်ခုကို
ရင်ဆိုင်လိုက်ရသလိုမျိုး။
တကယ်ပဲ ဒီပန်းချီကားရဲ့နောက်ကွယ်မှာ ဘယ္လို
လျို့ဝှက်ချက်တွေရှိနေခဲ့တာလဲ။
"ဒါက ကိုယ့်သူငယ်ချင်းရဲ့ဒိုင်ယာရီစာအုပ်ပဲ။ဒီထဲမှာမင်းသိချင်တဲ့အဖြေတွေပါမယ်လို့
မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့။အခုလို ကူညီတာကျေးဇူးတင်ပါတယ်"
"မလိုပါဘူး။ကိုယ်မင်းကိုဒီစာအုပ်ပေးရတဲ့အကြောင်းရင်းက ကိုယ်ရှာမတွေ့နိုင်ခဲ့တဲ့အဖြေတွေကို းများရှာတွေ့နိုင်မလားဆိုတဲ့အတွေးနဲ့ပေးခဲ့တာပါ။ပြီးတော့...မင်းမို့လို့ပေးတာ"
"ဟုတ်ကဲ့"
"အကယ်၍ မင်းရဲ့မှတ်စုစာအုပ်ထဲမှာမှတ်ဖို့အတွက်ပုံပြင်တစ်ပုဒ်ရှာနေရုံသပ်သပ်ဆိုရင် ဒီဇာတ်လမ်းကိုမဖတ်တာကောင်းမယ်။ဒီဇာတ်လမ်းက မင်းထင်
သလောက် မနက်နဲသလို၊ကိုယ်ထင်ခဲ့သလိုလည်း
မရိုးရှင်းပါဘူး။ဒီအတိုင်းလေးပဲ........"
ဝမ်ကျိုးချန်ရဲ့မျက်ဝန်းတွေကတစ်ခုခုကိုယူကြုံးမရနဲ့
နှမြောတသဖြစ်နေတဲ့ပုံ။
ကျိုးပဲ့နေတဲ့ပစ္စည်းတစ်ခုကိုပြန်ဆက်ကြည့်တဲ့အခါ
ပြန်ရလာမယ့်အရာကဘယ်လိုပဲဖြစ်နေပါစေ
ဆက်လိုက်မိတဲ့သူအပေါ်မှာပဲတာဝန်ရှိတယ်။
ဒီပုံပြင်လေးကိုပြန်လည်တူးဖော်ဖို့ကြိုးစားခဲ့တဲ့အတွက်ကျွန်တော်အစအဆုံးတာဝန်ယူဖို့ဆုံးဖြတ်ပြီးသားပါ။
_________________________________
အဝါရောင်ဒိုင်ယာရီစာအုပ်လေးရဲ့ပထမဆုံးသုံးလေး
မျက်နှာဟာဘာမှရေးခြစ်ထားခြင်းမရှိပဲဗလာနတၳိ။
ငါးရွက်မြောက်တဲ့ညာဘက်စာမျက်နှာလေးမှာတော့
ရက်စွဲလေးတစ်ခုရေးမှတ်ထားတယ်။
7.5.2008........
_________________________________