ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(9)
အရမ္းေခါင္းမာတတ္တဲ့ႀကိဳးကေလးအိပ္ေပ်ာ္သြားမွ.....
ေသွ်ာင္လုပ္စရာေလးရွိလို႔ေအာက္ထပ္ကိုဆင္းခဲ့သည္။
အရင္အတိုင္းပဲေက်ာက္စိမ္းကသူ႔အခန္းမွာျပန္ေနမယ္ဆိုလို႔...
ႀကိဳးကေလးကိုသူ႔အခန္းထဲေျပာင္းလိုက္ရတာပါ။
ေက်ာက္စိမ္းအခန္းကိုႀကိဳးကေလးကဘာလို႔ႀကိဳက္မွန္းမသိဘဲ...အဲဒီအခန္းမွာေပးအိပ္ဖို႔ဂ်ီက်တတ္သည္။
ေက်ာက္စိမ္းရဲ႕အိပ္ယာခင္းေပၚေရာက္ရင္သီခ်င္းေတာင္ဆိုေပးစရာမလိုေတာ့ဘူး...
ျပံဳးျပံဳးေလးနဲ႔အိပ္ေတာ့တာပဲ။
ညအိပ္ေတာ့မွာဆိုရင္ေက်ာက္စိမ္းအခန္းထဲလက္ညိဳးထိုးေနက်ပါပဲ...။
သူဒီအိမ္မွာရွိေနတိုင္းေက်ာက္စိမ္းအခန္းထဲမွာပဲႀကိဳးကေလးကိုသိပ္ျဖစ္ခဲ့ေပမယ့္...
ဒီညေတာ့...မရဘူးမို႔လို႔...။
"ဒီညေတာ့ပါးပါးအခန္းထဲအိပ္ရေအာင္"
"ဟင့့္...ဟင့္..."
"ပါးပါးဂိမ္းအသစ္ဝယ္ေပးမယ္ေလ"
လို႔ကေလးေလးကိုေခ်ာ့ေျပာရၿပီးေတာ့...
သူ႔အခန္းေလးထဲသိပ္လိုက္ရတာ.....
အခုေတာ့ႀကိဳးကေလးကအိပ္ေမာက်ေနပါၿပီ။
ေက်ာက္စိမ္းအခန္းေရွ႕ကျဖတ္ေလွ်ာက္ေတာ့...
မီးေရာင္လဲ့လဲ့ျမင္ရၿပီး...တံခါးတဝက္ေလာက္ဟ,ထားတာျမင္ရသည္။
ေသွ်ာင္အမွတ္တမဲ့နဲ႔နႈတ္ခမ္းတြန္႔ရံုျပံဳးမိျပန္တယ္...။
"အရင္လိုေၾကာက္ေနတုန္းပဲလား"
ကြဲကြာသြားၾကတဲ့သံုးႏွစ္မွာ...
ေျပာင္းလဲသြားတယ္ဆိုတဲ့ေက်ာက္စိမ္းကဒါေလးေတာ့အရင္အတိုင္းပဲလို႔ေတြးမိၿပီးေတာ့...
ရင္ထဲမွာေႏြးေထြးလာ၏။
xxxxx
စိတ္ျပင္းတတ္တဲ့၊ ေခါင္းမာတတ္တဲ့ႀကိဳးကေလးဟာ...
အိပ္ေပ်ာ္ေနရင္းနဲ႔ေယာင္တဲ့အခါ...
မီးေရာင္ရွိေနတဲ့ေက်ာက္စိမ္းအခန္းထဲကိုျပဴးေၾကာင္ၿပီးေတာ့ဝင္...
တြားတက္ၿပီးေတာ့ေက်ာက္စိမ္းေဘးသြားအိပ္ဖို႔ျပင္၏။
ကေလးေလးကေယာင္ေယာင္မူးမူးနဲ႔ဝင္လာတာလို႔ထင္ရေတာ့...
ေအာ္လို႔လဲမျဖစ္၊ ေငါက္လို႔လဲမရဘဲနဲ႔...
ကုတင္ေပၚတက္လာခဲ့တဲ့အတိုင္းၾကည့္ေနရျပန္တယ္...။
အာ့....ဒုကၡပဲ၊
ငါဘယ္လိုလုပ္ရပါ့မလဲ။
တေန႔တုန္းက...ကေလးကိုကန္ပါတယ္ဆိုၿပီးေတာ့ေသွ်ာင္နဲ႔ျဖစ္ထားတာကိုျပန္ေတြးမိလာရင္းနဲ႔...
အဲဒီဟာေလးကိုတခုခုထပ္မလုပ္မိဖို႔စိတ္ကိုေလ်ာ့ထားရသည္...။
ဟူးကနဲသက္ျပင္းခ်ၿပီးေတာ့....
အဲဒီကေလးေလးနဲ႔စစဆံုတဲ့ေန႔ကိုျပန္ေတြးမိသြားကာ...
ရင္ထဲမွာပိုၿပီးေလးလံသြားရ၏။
သူ႔တစ္သက္နဲ႔တစ္ခါ...ပါးတစ္ခါမွအ႐ိုက္မခံခဲ့ရဖူးဘဲနဲ႔....
ဒီကေလးကိစၥနဲ႔က်ေတာ့မွ...ေမေမကသူ႔ကိုေဒါသတႀကီးနဲ႔.....ဆူပူမာန္မဲေတာ့တယ္...။
"နင္...လူေရာဟုတ္ရဲ႕လား...."
ဖ်န္း...ဖ်န္း...
ဆင့္တိုက္က်လာတဲ့ေဒၚယုယရဲ႕လက္ဝါး႐ိုက္ခ်က္ႏွစ္ခ်က္ကေက်ာက္စိမ္းရဲ႕ေခါင္းတစ္ခုလံုးကိုခ်ာခ်ာလည္သြားေစခဲ့ၿပီး...
လဲၿပိဳက်ျခင္းအျဖစ္သို႔...ေရာက္ခဲ့ရ၏။
"ငါေမြးထားတဲ့သားသမီးကိုဘယ္လိုဆိုးဆိုးမိုက္မိုက္၊
ဒီျပဳစုပ်ိဳးေထာင္ခဲ့တဲ့ဖန္တီးခဲ့တဲ့.....ငါ့ရဲ႕လက္ဖဝါးေတြနဲ႔နာက်င္ေအာင္႐ိုက္ထည့္မယ္ဆိုတဲ့အေတြးမ်ိဳး...
တသက္လံုးမေတြးခဲ့ဖူးဘူး၊
ရဲရဲမိုက္လံုးႀကီးတုန္းကလည္း...
ငါရဲရဲကိုမ႐ိုက္ခဲ့ဘူး၊ ခြင့္လႊတ္ႏိုင္ခဲ့တယ္၊
ဒီေန႔ဒီကေလးကိစၥနဲ႔နင့္ကိုငါ႐ိုက္တာ၊
ခြင့္မလႊတ္ႏိုင္လို႔..."
ေျပာေနရင္းနဲ႔လည္းေဒၚယုယကသူ႔ပါးသူျပန္႐ိုက္ထည့္ေနကာ...ငို၏။
"ဒါ...ငါ့အမွားေတြ"
"ေမေမ...မလုပ္ပါနဲ႔ေလ၊ ေမေမရယ္..."
အေမ့ကိုအတင္းဆြဲတားၿပီးဖက္ထားလိုက္ရသည္။
ဦးေသွ်ာင္လည္းမရွိေတာ့ဘဲ၊ ဧည့္ခန္းထဲမွာေဒၚယုယနဲ႔ေက်ာက္စိမ္းပဲက်န္ခဲ့တာပါ။
"ငါ့ဘာသာလည္းမုန္းေနမိၿပီ၊
ဘာလို႔နင့္ကိုငါ႐ိုင္းစိုင္းတတ္ေအာင္ဖန္တီးမိသြားလဲငါနားမလည္ေတာ့ဘူး၊
နင္ကိုယ့္ဘာသာျပန္စဥ္းစားစမ္း...ေက်ာက္စိမ္း၊
နင္မခ်စ္ႏိုင္ဘူးဆိုရင္ေတာင္မွ...နင့္ေသြးသားေလးပါဟဲ့၊
အဲဒါဘာမွအျပစ္မရွိေသးတဲ့ကေလးေလးပါဟဲ့၊
နင္ဒီေလာက္ေတာင္အၿငိဳးတႀကီးျဖစ္သြားတာမယံုႏိုင္ခဲ့ဘူး။
ေမြးၿပီးစကေတာ့...နင္ေၾကာက္ေနမွာ၊
နင္ခံစားေနရမွာကိုေတြးမိလို႔၊
ႏို႔ဗူးေလးေတာ့တစ္ခ်က္ေလာက္တိုက္လိုက္ပါဟဲ့လို႔ေတာင္ငါမေျပာရက္ခဲ့ဘူး...
နင့္ကိုသနားေနခဲ့လို႔...အဟင့္...
ငါ့ေၾကာင့္...ငါ့အမွားေၾကာင့္...
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရမယ့္အရြယ္မွာနင္ဒုကၡပင္လယ္ေဝရတယ္လို႔သနားခဲ့မိလို႔။
ၾကာလာေတာ့လည္းကေလးကိုနင္ၾကည့္မွာပါလို႔ေစာင့္ေနခဲ့တာ၊
နင္...လုပ္ရက္လိုက္တာကြယ္...
ဒီကေလးေလးကိုေမြးေစတာကလည္းနင့္ကိုခ်စ္လို႔၊
ေသွ်ာင့္ကိုလည္းခ်စ္လို႔...
တျခားဘာမွေတာင္မေတြးဘဲနဲ႔...
နင့္အလိုက်အကုန္ေနေပးခဲ့တာ၊
ေသွ်ာင့္ကိုလည္းအခုထိမေျပာျပရေသးတာ...
ဒါေတြ...နင့္အေပၚကိုငါခ်စ္လြန္းလို႔ပါဟဲ့..."
"ေတာ္ပါေတာ့ေမေမရယ္၊ ေတာ္ပါေတာ့၊
ထပ္မၾကားခ်င္ေတာ့ဘူး"
တကယ္လည္းဒါေတြျပန္သတိမရခ်င္တာပါ။
ဒီကိစၥေတြအကုန္မရွိခဲ့ၾကသလိုေနဖို႔သူဒီအိမ္ကိုျပန္လာခဲ့တာ......
အခုေတာ့......ဒီကေလးေလးနဲ႔ဒီမွာသူအဆင္ေျပႏိုင္ပါ့မလား။
မေသခ်ာေတာ့ပါဘူး...။
လတ္တေလာေတာ့ကိုယ့္ဘာသာထိန္းခ်ဳပ္ၿပီးေနရမွာပဲလို႔ေတြးေနရင္းနဲ႔....
ကုတင္စြန္းေလးမွာလာအိပ္ေနတဲ့ေပါက္စေလးကိုၾကည့္မိေတာ့...
တလူးလူးတလိမ့္လိမ့္နဲ႔အိပ္တာေလးကမၿငိမ္သက္တာကိုျမင္ရသည္...။
ကုတင္အစြန္းနားေလးမွာေတ့ေတ့မေတ့ေတ့ေလးအိပ္ေနေတာ့.....႐ုတ္တရက္ျပဳတ္က်မွာကိုစိတ္ပူမိသြားေတာ့........
ေသာက္လက္စ...လက္ထဲကေဆးလိပ္တိုကိုနႈတ္ခမ္းမွာဖိကိုက္ၿပီးေတာ့...အထဲဘက္အနည္းငယ္ေရာက္လာေအာင္ဆြဲယူလိုက္စဥ္မွာ.....
ျပာေခြ်ခ်ဖို႔ေမ့ေနတဲ့ေဆးလိပ္မီးစမွျပာစအခ်ိဳ႕ကအမွတ္မထင္ျပဳတ္က်တာႀကိဳးကေလးရဲ႕လည္ပင္းေနရာေပၚက်သြားခဲ့၏။
"အာ့...အီး....အီး"
ေဆးလိပ္မီးကေနခ်က္ခ်င္းေႂကြတဲ့ျပာဟာသိပ္ၿပီးမပူေပမယ့္...
ႏူးညံ့လွတဲ့ႀကိဳးကေလးရဲ႕လည္ပင္းေနရာမွာကြက္ကြက္ကေလးနီသြားခဲ့တာ.......နာက်င္သြားဟန္တူပါ၏။
အဲဒီအခ်ိန္မွာသူ႔အခန္းထဲျပန္လာခဲ့တဲ့ဦးေသွ်ာင္က....
ေက်ာက္စိမ္းရဲ႕အခန္းထဲမွာ...ေႏွာင္ႀကိဳးကိုျမင္လိုက္ရတဲ့အခါ.....
"ဟင္...မင္း...ႀကိဳးကေလး...."
အေလာတႀကီးနဲ႔ကေလးရဲ႕ေဘးကိုေရာက္သြားၿပီးေတာ့...
ကေလးကိုထိကိုင္ေနတဲ့ေက်ာက္စိမ္းကိုတြန္းထုတ္ပစ္လိုက္သည္။
"ဖယ္စမ္း...ဒါဘာလုပ္တာလဲ"
"မဟုတ္ဘူး...မင္းထင္ေနသလို"
"ဘာလုပ္တာလဲ။ ကေလးကိုဘာလုပ္လိုက္တာလဲ...
မင္းကြာ..."
ႀကိဳးကေလးဝတ္ထားတဲ့အက်ႌအျဖဴေပၚကျပာစ,ေတြဟာ...အထင္လြဲစရာ...။
႐ုတ္တရက္နားထဲမွာျပန္ၾကားလာတာ.....
အခုပဲေမေမေလးသတိေပးလိုက္တဲ့စကားေတြကိုပါ...။
"ကေလးကိုေက်ာက္စိမ္းနဲ႔နီးနီးကပ္ကပ္ျဖစ္မသြားေစနဲ႔၊
သူကေလးအရမ္းမုန္းတတ္တာ...
ေနာက္ၿပီးေတာ့...ေဆးဝါးေတြသံုးတယ္နဲ႔တူတယ္၊
တခါတေလ႐ူးေၾကာင္မူးေၾကာင္နဲ႔လုပ္ခ်င္တာလုပ္တတ္ေသးတယ္တဲ့....."
ကေလးအရမ္းမုန္းတာ၊ ကေလးအရမ္းမုန္းတာဆိုတဲ့....
အဲဒီစကားကိုျပန္ၾကားေယာင္လာမိေတာ့......
ေဒါသစိတ္ဟာေထာင္းကနဲ......။
ဒါေပမယ့္....ေဆးလိပ္မီးနဲ႔တို႔ရတဲ့အထိမုန္းစရာလား...။
ဒီအျပစ္မရွိတဲ့ကေလးေလးကသူ႔အေပၚဘာမ်ားအျပစ္လုပ္ထားလို႔လဲ...။
ေဆးလိပ္မီးရဲရဲကိုၾကည့္၊ ေက်ာက္စိမ္းမ်က္ႏွာကိုျပန္ၾကည့္နဲ႔..........စူးရဲေနတဲ့ဦးေသွ်ာင့္အၾကည့္တို႔ဟာ...ေၾကာက္စရာ....။
တကိုယ္လံုးတဆတ္ဆတ္တုန္ေအာင္ေဒါသထြက္ေနေပမယ့္.....
တအီအီနဲ႔ေယာင္ၿပီးငိုေနတဲ့ကေလးကိုအရင္ေခ်ာ့သိပ္ရဦးမွာမို႔....
စိတ္ကိုခဏထိန္းကာအခန္းကိုျပန္ခဲ့ရသည္...။
"ေနဦး...မင္းနဲ႔ငါၿပီးမွစာရင္းရွင္းၾကမယ္"
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(9)
အရမ်းခေါင်းမာတတ်တဲ့ကြိုးကလေးအိပ်ပျော်သွားမှ.....
သျှောင်လုပ်စရာလေးရှိလို့အောက်ထပ်ကိုဆင်းခဲ့သည်။
အရင်အတိုင်းပဲကျောက်စိမ်းကသူ့အခန်းမှာပြန်နေမယ်ဆိုလို့...
ကြိုးကလေးကိုသူ့အခန်းထဲပြောင်းလိုက်ရတာပါ။
ကျောက်စိမ်းအခန်းကိုကြိုးကလေးကဘာလို့ကြိုက်မှန်းမသိဘဲ...အဲဒီအခန်းမှာပေးအိပ်ဖို့ဂျီကျတတ်သည်။
ကျောက်စိမ်းရဲ့အိပ်ယာခင်းပေါ်ရောက်ရင်သီချင်းတောင်ဆိုပေးစရာမလိုတော့ဘူး...
ပြုံးပြုံးလေးနဲ့အိပ်တော့တာပဲ။
ညအိပ်တော့မှာဆိုရင်ကျောက်စိမ်းအခန်းထဲလက်ညိုးထိုးနေကျပါပဲ...။
သူဒီအိမ်မှာရှိနေတိုင်းကျောက်စိမ်းအခန်းထဲမှာပဲကြိုးကလေးကိုသိပ်ဖြစ်ခဲ့ပေမယ့်...
ဒီညတော့...မရဘူးမို့လို့...။
"ဒီညတော့ပါးပါးအခန်းထဲအိပ်ရအောင်"
"ဟင့့်...ဟင့်..."
"ပါးပါးဂိမ်းအသစ်ဝယ်ပေးမယ်လေ"
လို့ကလေးလေးကိုချော့ပြောရပြီးတော့...
သူ့အခန်းလေးထဲသိပ်လိုက်ရတာ.....
အခုတော့ကြိုးကလေးကအိပ်မောကျနေပါပြီ။
ကျောက်စိမ်းအခန်းရှေ့ကဖြတ်လျှောက်တော့...
မီးရောင်လဲ့လဲ့မြင်ရပြီး...တံခါးတဝက်လောက်ဟ,ထားတာမြင်ရသည်။
သျှောင်အမှတ်တမဲ့နဲ့နှုတ်ခမ်းတွန့်ရုံပြုံးမိပြန်တယ်...။
"အရင်လိုကြောက်နေတုန်းပဲလား"
ကွဲကွာသွားကြတဲ့သုံးနှစ်မှာ...
ပြောင်းလဲသွားတယ်ဆိုတဲ့ကျောက်စိမ်းကဒါလေးတော့အရင်အတိုင်းပဲလို့တွေးမိပြီးတော့...
ရင်ထဲမှာနွေးထွေးလာ၏။
xxxxx
စိတ်ပြင်းတတ်တဲ့၊ ခေါင်းမာတတ်တဲ့ကြိုးကလေးဟာ...
အိပ်ပျော်နေရင်းနဲ့ယောင်တဲ့အခါ...
မီးရောင်ရှိနေတဲ့ကျောက်စိမ်းအခန်းထဲကိုပြူးကြောင်ပြီးတော့ဝင်...
တွားတက်ပြီးတော့ကျောက်စိမ်းဘေးသွားအိပ်ဖို့ပြင်၏။
ကလေးလေးကယောင်ယောင်မူးမူးနဲ့ဝင်လာတာလို့ထင်ရတော့...
အော်လို့လဲမဖြစ်၊ ငေါက်လို့လဲမရဘဲနဲ့...
ကုတင်ပေါ်တက်လာခဲ့တဲ့အတိုင်းကြည့်နေရပြန်တယ်...။
အာ့....ဒုက္ခပဲ၊
ငါဘယ်လိုလုပ်ရပါ့မလဲ။
တနေ့တုန်းက...ကလေးကိုကန်ပါတယ်ဆိုပြီးတော့သျှောင်နဲ့ဖြစ်ထားတာကိုပြန်တွေးမိလာရင်းနဲ့...
အဲဒီဟာလေးကိုတခုခုထပ်မလုပ်မိဖို့စိတ်ကိုလျော့ထားရသည်...။
ဟူးကနဲသက်ပြင်းချပြီးတော့....
အဲဒီကလေးလေးနဲ့စစဆုံတဲ့နေ့ကိုပြန်တွေးမိသွားကာ...
ရင်ထဲမှာပိုပြီးလေးလံသွားရ၏။
သူ့တစ်သက်နဲ့တစ်ခါ...ပါးတစ်ခါမှအရိုက်မခံခဲ့ရဖူးဘဲနဲ့....
ဒီကလေးကိစ္စနဲ့ကျတော့မှ...မေမေကသူ့ကိုဒေါသတကြီးနဲ့.....ဆူပူမာန်မဲတော့တယ်...။
"နင်...လူရောဟုတ်ရဲ့လား...."
ဖျန်း...ဖျန်း...
ဆင့်တိုက်ကျလာတဲ့ဒေါ်ယုယရဲ့လက်ဝါးရိုက်ချက်နှစ်ချက်ကကျောက်စိမ်းရဲ့ခေါင်းတစ်ခုလုံးကိုချာချာလည်သွားစေခဲ့ပြီး...
လဲပြိုကျခြင်းအဖြစ်သို့...ရောက်ခဲ့ရ၏။
"ငါမွေးထားတဲ့သားသမီးကိုဘယ်လိုဆိုးဆိုးမိုက်မိုက်၊
ဒီပြုစုပျိုးထောင်ခဲ့တဲ့ဖန်တီးခဲ့တဲ့.....ငါ့ရဲ့လက်ဖဝါးတွေနဲ့နာကျင်အောင်ရိုက်ထည့်မယ်ဆိုတဲ့အတွေးမျိုး...
တသက်လုံးမတွေးခဲ့ဖူးဘူး၊
ရဲရဲမိုက်လုံးကြီးတုန်းကလည်း...
ငါရဲရဲကိုမရိုက်ခဲ့ဘူး၊ ခွင့်လွှတ်နိုင်ခဲ့တယ်၊
ဒီနေ့ဒီကလေးကိစ္စနဲ့နင့်ကိုငါရိုက်တာ၊
ခွင့်မလွှတ်နိုင်လို့..."
ပြောနေရင်းနဲ့လည်းဒေါ်ယုယကသူ့ပါးသူပြန်ရိုက်ထည့်နေကာ...ငို၏။
"ဒါ...ငါ့အမှားတွေ"
"မေမေ...မလုပ်ပါနဲ့လေ၊ မေမေရယ်..."
အမေ့ကိုအတင်းဆွဲတားပြီးဖက်ထားလိုက်ရသည်။
ဦးသျှောင်လည်းမရှိတော့ဘဲ၊ ဧည့်ခန်းထဲမှာဒေါ်ယုယနဲ့ကျောက်စိမ်းပဲကျန်ခဲ့တာပါ။
"ငါ့ဘာသာလည်းမုန်းနေမိပြီ၊
ဘာလို့နင့်ကိုငါရိုင်းစိုင်းတတ်အောင်ဖန်တီးမိသွားလဲငါနားမလည်တော့ဘူး၊
နင်ကိုယ့်ဘာသာပြန်စဉ်းစားစမ်း...ကျောက်စိမ်း၊
နင်မချစ်နိုင်ဘူးဆိုရင်တောင်မှ...နင့်သွေးသားလေးပါဟဲ့၊
အဲဒါဘာမှအပြစ်မရှိသေးတဲ့ကလေးလေးပါဟဲ့၊
နင်ဒီလောက်တောင်အငြိုးတကြီးဖြစ်သွားတာမယုံနိုင်ခဲ့ဘူး။
မွေးပြီးစကတော့...နင်ကြောက်နေမှာ၊
နင်ခံစားနေရမှာကိုတွေးမိလို့၊
နို့ဗူးလေးတော့တစ်ချက်လောက်တိုက်လိုက်ပါဟဲ့လို့တောင်ငါမပြောရက်ခဲ့ဘူး...
နင့်ကိုသနားနေခဲ့လို့...အဟင့်...
ငါ့ကြောင့်...ငါ့အမှားကြောင့်...
ပျော်ပျော်ရွှင်ရွှင်နေရမယ့်အရွယ်မှာနင်ဒုက္ခပင်လယ်ဝေရတယ်လို့သနားခဲ့မိလို့။
ကြာလာတော့လည်းကလေးကိုနင်ကြည့်မှာပါလို့စောင့်နေခဲ့တာ၊
နင်...လုပ်ရက်လိုက်တာကွယ်...
ဒီကလေးလေးကိုမွေးစေတာကလည်းနင့်ကိုချစ်လို့၊
သျှောင့်ကိုလည်းချစ်လို့...
တခြားဘာမှတောင်မတွေးဘဲနဲ့...
နင့်အလိုကျအကုန်နေပေးခဲ့တာ၊
သျှောင့်ကိုလည်းအခုထိမပြောပြရသေးတာ...
ဒါတွေ...နင့်အပေါ်ကိုငါချစ်လွန်းလို့ပါဟဲ့..."
"တော်ပါတော့မေမေရယ်၊ တော်ပါတော့၊
ထပ်မကြားချင်တော့ဘူး"
တကယ်လည်းဒါတွေပြန်သတိမရချင်တာပါ။
ဒီကိစ္စတွေအကုန်မရှိခဲ့ကြသလိုနေဖို့သူဒီအိမ်ကိုပြန်လာခဲ့တာ......
အခုတော့......ဒီကလေးလေးနဲ့ဒီမှာသူအဆင်ပြေနိုင်ပါ့မလား။
မသေချာတော့ပါဘူး...။
လတ်တလောတော့ကိုယ့်ဘာသာထိန်းချုပ်ပြီးနေရမှာပဲလို့တွေးနေရင်းနဲ့....
ကုတင်စွန်းလေးမှာလာအိပ်နေတဲ့ပေါက်စလေးကိုကြည့်မိတော့...
တလူးလူးတလိမ့်လိမ့်နဲ့အိပ်တာလေးကမငြိမ်သက်တာကိုမြင်ရသည်...။
ကုတင်အစွန်းနားလေးမှာတေ့တေ့မတေ့တေ့လေးအိပ်နေတော့.....ရုတ်တရက်ပြုတ်ကျမှာကိုစိတ်ပူမိသွားတော့........
သောက်လက်စ...လက်ထဲကဆေးလိပ်တိုကိုနှုတ်ခမ်းမှာဖိကိုက်ပြီးတော့...အထဲဘက်အနည်းငယ်ရောက်လာအောင်ဆွဲယူလိုက်စဉ်မှာ.....
ပြာချွေချဖို့မေ့နေတဲ့ဆေးလိပ်မီးစမှပြာစအချို့ကအမှတ်မထင်ပြုတ်ကျတာကြိုးကလေးရဲ့လည်ပင်းနေရာပေါ်ကျသွားခဲ့၏။
"အာ့...အီး....အီး"
ဆေးလိပ်မီးကနေချက်ချင်းကြွေတဲ့ပြာဟာသိပ်ပြီးမပူပေမယ့်...
နူးညံ့လှတဲ့ကြိုးကလေးရဲ့လည်ပင်းနေရာမှာကွက်ကွက်ကလေးနီသွားခဲ့တာ.......နာကျင်သွားဟန်တူပါ၏။
အဲဒီအချိန်မှာသူ့အခန်းထဲပြန်လာခဲ့တဲ့ဦးသျှောင်က....
ကျောက်စိမ်းရဲ့အခန်းထဲမှာ...နှောင်ကြိုးကိုမြင်လိုက်ရတဲ့အခါ.....
"ဟင်...မင်း...ကြိုးကလေး...."
အလောတကြီးနဲ့ကလေးရဲ့ဘေးကိုရောက်သွားပြီးတော့...
ကလေးကိုထိကိုင်နေတဲ့ကျောက်စိမ်းကိုတွန်းထုတ်ပစ်လိုက်သည်။
"ဖယ်စမ်း...ဒါဘာလုပ်တာလဲ"
"မဟုတ်ဘူး...မင်းထင်နေသလို"
"ဘာလုပ်တာလဲ။ ကလေးကိုဘာလုပ်လိုက်တာလဲ...
မင်းကွာ..."
ကြိုးကလေးဝတ်ထားတဲ့အကျႌအဖြူပေါ်ကပြာစ,တွေဟာ...အထင်လွဲစရာ...။
ရုတ်တရက်နားထဲမှာပြန်ကြားလာတာ.....
အခုပဲမေမေလေးသတိပေးလိုက်တဲ့စကားတွေကိုပါ...။
"ကလေးကိုကျောက်စိမ်းနဲ့နီးနီးကပ်ကပ်ဖြစ်မသွားစေနဲ့၊
သူကလေးအရမ်းမုန်းတတ်တာ...
နောက်ပြီးတော့...ဆေးဝါးတွေသုံးတယ်နဲ့တူတယ်၊
တခါတလေရူးကြောင်မူးကြောင်နဲ့လုပ်ချင်တာလုပ်တတ်သေးတယ်တဲ့....."
ကလေးအရမ်းမုန်းတာ၊ ကလေးအရမ်းမုန်းတာဆိုတဲ့....
အဲဒီစကားကိုပြန်ကြားယောင်လာမိတော့......
ဒေါသစိတ်ဟာထောင်းကနဲ......။
ဒါပေမယ့်....ဆေးလိပ်မီးနဲ့တို့ရတဲ့အထိမုန်းစရာလား...။
ဒီအပြစ်မရှိတဲ့ကလေးလေးကသူ့အပေါ်ဘာများအပြစ်လုပ်ထားလို့လဲ...။
ဆေးလိပ်မီးရဲရဲကိုကြည့်၊ ကျောက်စိမ်းမျက်နှာကိုပြန်ကြည့်နဲ့..........စူးရဲနေတဲ့ဦးသျှောင့်အကြည့်တို့ဟာ...ကြောက်စရာ....။
တကိုယ်လုံးတဆတ်ဆတ်တုန်အောင်ဒေါသထွက်နေပေမယ့်.....
တအီအီနဲ့ယောင်ပြီးငိုနေတဲ့ကလေးကိုအရင်ချော့သိပ်ရဦးမှာမို့....
စိတ်ကိုခဏထိန်းကာအခန်းကိုပြန်ခဲ့ရသည်...။
"နေဦး...မင်းနဲ့ငါပြီးမှစာရင်းရှင်းကြမယ်"