ေႏွာင္ႀကိဳး(trouble maker)(ေက...

Von doubleuwxyz

139K 6.6K 568

ေႏွာင္ႀကိဳး(trouble maker)(ေက်ာက္စိမ္းဦးေသွ်ာင္ရဲ႕ဒုတိယပိုင္းအဆက္ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦ... Mehr

1
2
3
4
5
6
7
9
10
11
12
13
14
15🔞
16🔞🔞
17🔞
18
19
20
21💖
22💖
23💖
24
25💖
26🔞
27
28
29
30
31🔞🔞
32
33
34
35
36
37🔞
38
39
40
41
42
43
44
45
46
47
48
49
50
51🔞
52🔞🔞
53🔞🔞
54🔞🔞🔞
55🔞🔞🔞
56🔞🔞
57
58
59
60
61
62
64🔞
63
65🔞🔞🔞
66
67🔞
68
69
70
71
72💖
73🔞
74🔞🔞🔞
75🔞🔞🔞
76
77
78
79🔞🔞🔞
80🔞🔞🔞
81
82
83
84
85🔞🔞🔞
86💖
87🔞🔞🔞
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103🔞🔞🔞
104🔞🔞🔞
105🔞🔞🔞
106🔞🔞🔞
107
108
109
110
111
112
113
114
115
116🔞🔞
117🔞🔞🔞
118🔞🔞🔞
119
120
121🔞🔞
122
123
124
125🔞🔞😂
126
127
128
129
130
131
132🔞🔞
133
134
135🔞🔞🔞
136🔞🔞🔞
137
138
139
140
141
142
143
144
145
146
147🔞🔞🔞
148🔞🔞🔞
149
150
151🔞🔞🔞
152🔞🔞
153
154
155
156
(157)
158
159
160🔞🔞
161
162
163 (end)
Thank you

8

1K 63 1
Von doubleuwxyz

ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic

(8)

အရမ္းေဆာ့ၿပီးေမာေမာနဲ႔အိပ္သြားတဲ့ကေလးေလးကိုၾကည့္ေနရင္းသနားရသည္။
အိမ္ေရာက္လာကတည္းကသူနဲ႔က်မွအငိုတိတ္တာေတြ၊
သူ႔ဆီမွာအရမ္းကပ္တာေတြ၊
သူႀကိဳက္တာေတြနဲ႔ထပ္တူအႀကိဳက္ခ်င္းတူေနတာေတြေတာ္ေတာ္မ်ားေနေတာ့...အကုန္လံုးအံ့ၾသေနခဲ့ၾက၏။

ဘယ္လိုေရစက္နဲ႔ငါ့ဆီေရာက္လာသလဲႀကိဳးကေလးရယ္။

မနက္တုန္းကျဖစ္သြားတဲ့ကိစၥကိုသတိရမိေတာ့....
ေဆးထည့္ေပးထားရတဲ့ေျခေထာက္ေဖာင္းေဖာင္းေလးကိုပြတ္သပ္မိျပန္သည္။
တဆက္ထဲ...ေက်ာက္စိမ္းကိုထြက္ေနတဲ့ေဒါသေလးေတြကျပန္နိႈးထလာျပန္ကာ...
စိတ္ထဲမွာတိတ္တိတ္ႀကိတ္လို႔ဆဲမိေတာ့၏။

ေခြးသေတာင္းစား၊ အယုတ္တမာ။
အျပစ္မရွိတဲ့ကေလးကိုဒီလိုလုပ္ရက္တယ္လို႔...

ေမေမ့ဆီကျပန္ၾကားေနရတာေတြကို...
သတိရမိေတာ့...ေမေမကေက်ာက္စိမ္းရဲ႕အျပစ္ေတြကိုတမင္တကာအက်ယ္ခ်ဲ႕ေျပာတယ္လို႔ပဲထင္ေနခဲ့တာ...။
ဒီေန႔ေတြ႕လိုက္ရမွ...တကယ္ကိုေက်ာက္စိမ္းကအရင္တုန္းကေက်ာက္စိမ္းနဲ႔လားလားမွ်မဆိုင္ပဲ၊
အေျပာင္းလဲႀကီးေျပာင္းလဲလာခဲ့တာယံုသြား၏။

ဟိုတုန္းကထက္...ပိုၿပီးေတာ့ေခ်ာေမာလာခဲ့ၿပီး...
ပိုၾကည့္လ္ို႔ေကာင္းလာခဲ့တာ.....
အဝတ္အစားဒီဇိုင္းကအစဘာတခုမွေက်ာက္စိမ္းလို႔မထင္ရေလာက္ေအာင္ကိုေျပာင္းလဲသြားတာမယံုႏိုင္စရာပါ။
ေဆးခ်တယ္၊ အၿမဲရန္ျဖစ္တယ္၊ ေသာင္းက်န္းတယ္ဆိုတာကိုမယံုခဲ့တဲ့သူဟာ...
ဒီေန႔အျဖစ္ပ်က္ေၾကာင့္ယံုလာခဲ့ၿပီ။
တကယ္ကိုေက်ာက္စိမ္းကစ႐ိုက္ဆိုးေနခဲ့တာပဲ...။

လက္ေမာင္းတစ္ဖက္မွာေထြးဖက္ထားတဲ့ကေလးေသးေသးေလးကိုေထြးေပြ႕ထားရင္းနဲ႔.....
ႀကိဳးကေလးရဲ႕ဆံႏြယ္ေလးေတြပြတ္သပ္ေပးေတာ့..
လြန္႔လူးလာကာ...ေယာင္ယမ္းပါေတာ့သည္...။

"ပါး...ပါး...မ..႐ိုက္..!...အား"

အိပ္ေနရင္းထေယာင္ေနလို႔...ေခ်ာ့သိပ္ေပးရင္းနဲ႔...
ထပ္သတိရမိျပန္တာ....
ငယ္ငယ္တုန္းကေက်ာက္စိမ္းလည္းသိပ္ေယာင္တတ္ခဲ့တာပါ....။
အေထြထူးမဟုတ္ဘဲနဲ႔...
ေက်ာက္စိမ္းရဲ႕အေၾကာင္းေလးစဥ္းစားမိေနျပန္တယ္...။

ပြစိပြစိေလးျဖစ္သြားတဲ့ႀကိဳးကေလးရဲ႕
နႈတ္ခမ္းရဲရဲေလးေတြကအရမ္းလွေနတာ...ဒီေကာင္ေလးရဲ႕မိဘမ်ားကိုျမင္ဖူးခ်င္သည္။
အေမနဲ႔တူတာလား၊ အေဖနဲ႔တူတာလား။
စြန္႔ပစ္လိုက္ရက္တဲ့စိတ္ဓါတ္ကိုလည္းအံ့ၾသရပါသည္။
ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးက္ို။
ေအးေလ...နီတ်ာရဲကတည္းကစြန္႔ပစ္ခံရတာဆိုေတာ့လည္း...
ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ကေလးျဖစ္လာမယ္လို႔ေတာ့ဘယ္သိခဲ့မလဲ။
ႀကိဳးကေလးရဲ႕ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးေတြကိုကိုင္ၾကည့္မိတာ၊
ေက်ာက္စိမ္းရဲ႕ဆံပင္ေတြကိုင္ရသလိုပဲ...ႏူးညံ့လိုက္တာ။
အရင္တုန္းကေက်ာက္စိမ္းဆံပင္ေတြကိုဆြဲဖြတိုင္းအထိုးခံခဲ့ရတာကိုျပန္ေတြးေတာ့...
ရင္ထဲမွာေႏြးလာတာလား...ရင္ခုန္လာတာလား။
အဲဒီေကာင္နဲ႔မေတြ႕ရတာၾကာခဲ့လို႔႐ုတ္တရက္ႀကီးသတိရလာတာေနမွာပါေလ။
ညနက္တဲ့အထိေသွ်ာင္မအိပ္ႏိုင္ေသးဘဲ ႀကိဳးကေလးရဲ႕...
နဖူးေျပေျပေလးေတြ၊
ပါးေဖာင္းေဖာင္းေလးေတြ...
ႏွာေခါင္းလံုးလံုးေလးေတြ ကိုအေသးစိတ္ၾကည့္ေနမိတာ...
ဒီကေလးတျဖည္းျဖည္းနဲ႔ခ်စ္ဖို႔ေကာင္းလာလိုက္တာ။
သူဒီအိမ္ကိုေရာက္လာတဲ့ေန႔တိုင္းညတိုင္း...
ျဖစ္ေအာင္ကိုသူ႔ဆီတြယ္ကပ္ၿပီးလာအိပ္ေနတတ္သည္။
ပါးပါးလို႔ေခၚတာကတမင္သက္သက္သင္ေပးခဲ့တာမဟုတ္ပါ။
အိမ္မွာလူစံုလာတိုင္းသူ႔ဆီမွာပဲကေလးကကပ္ကပ္ေနတတ္ကာ...
တိုက္ဆိုင္စြာအႀကိဳက္တူေနတာမ်ိဳး...
အက်င့္တူေနတာမ်ိဳး...
အဲဒီကေလးေၾကာင့္ေမေမေလးတို႔ေရာ...ဘြားဘြားႀကီးတို႔ပါေသွ်ာင့္ငယ္ဘဝကိုျပန္လည္သတိရမိၿပီး
ဦးေသွ်ာင္ငယ္တုန္းကအေၾကာင္းေလးေတြေျပာတတ္သည္။
အက်င့္ကတူတယ္ဆိုၿပီး...သားအဖလို႔ေခၚတတ္ၿပီး...
အိမ္မွာရွိတဲ့လူမွန္သမွ်က...
နင့္ပါးပါး...နင့္ပါးပါးလို႔ပါးစပ္သြက္ရင္းကေလးကသူ႔ကိုပါးပါးလို႔ေခၚေနခဲ့တာ။
ကေလးဆိုတာကလည္းစကားသံစတင္ၿပီးထြက္ၿပီဆိုတာနဲ႔...
ဗူးဗူးဗူးတို႔...
အာဘားဘားဘားတို႔...
အာပါးပါးပါးတို႔...
အဲဒီအသံကိုပထမဆံုးစထြက္တတ္တာလို႔စာထဲမွာသင္ဖူးသည္။
အနီးစပ္ဆံုးအသံကိုပဲခဏခဏၾကားထား၊ မွတ္ထားမိေတာ့...
သူ႔အတြက္ကပါးပါးဆိုတာေသွ်ာင့္ကိုေခၚတဲ့နာမ္စားေလးျဖစ္ခဲ့သည္။
ပါးပါးနဲ႔အိပ္....ဆိုၿပီးသူဒီအိမ္မွာညအိပ္ျဖစ္တိုင္း...
အိမ္မွာရွိတဲ့လူမွန္သမွ်ကိုလိုက္ေျပာတတ္တာ၊
စကားသိပ္မပီသခင္ကတည္းကပါ။
တအိမ္လံုးကလည္းနင့္ပါးပါးလို႔ပဲေခၚေတာ့တာ၊
ဦးေသွ်ာင္ဆိုတဲ့နာမည္ကိုေတာင္ေမ့ကုန္ျပီလားမသိ။
ေမေမတို႔၊ ဘြားဘြားႀကီးတို႔ကပိုဆိုးကာ...
နင့္သားေလးကေလ...နင့္သားေလးကေလနဲ႔၊
ဒီတသက္သူမိန္းမမရေတာ့ဘူးလို႔ေတာင္အားငယ္ရတဲ့အထိ။
🤭🤭🤭
ေမေမေလးဆိုရင္သူဒီအိမ္ကိုေရာက္လာၿပီဆိုအဲဒီကေလးနဲ႔အတူေရခ်ိဳးဖို႔အထိလိုက္ၿပီးေဆာ္ၾသတတ္ကာ...
ထမင္းေကြ်းတာေရာ...
ညသိပ္တာအထိေရာ...ႀကိဳးကေလးကအၿမဲသူ႔ဆီမွာ။

"ကြ်န္ေတာ္မရွိသလိုပဲလုပ္ၾကပါလား"
လို႔တခါတေလစိတ္ရႈပ္ၿပီးေျပာမိရင္...

"နင့္ကေလးကနင္မရွိေပမယ့္...အၿမဲတပါးပါးနဲ႔ျဖစ္ေနတာ၊ ငါတို႔ဘယ္အထိေခ်ာ့ေျခာက္ၿပီးေတာ့ထိန္းရသလဲသိလား၊
ေနာက္ခါက်ဗီဒီယို႐ိုက္ျပထားမယ္"
ဆိုတာမ်ိဳးေတြျဖစ္ကုန္သည္။
(အကုန္လံုးကအေရာက္ပို႔ေနတာ 😅😅😅)

တကယ္ပဲဒီကေလးကသူ႔ကိုတြယ္တာေနတာလည္းျငင္းမရဘူးကိုး။
သူအိမ္မျပန္ျဖစ္တဲ့ညတိုင္းဖုန္းဆက္ၿပီးနႈတ္ဆက္ခိုင္းတတ္တာမ်ိဳးေတြ၊
မနက္ဆိုလည္းဖုန္းဆက္နိႈးတတ္တာေတြ...
အခုဆိုအိမ္မျပန္ျဖစ္ရင္သူႀကိဳးကေလးကိုလြမ္းတတ္ေနၿပီ။
ညအိပ္ရင္အဲဒီကေလးရဲ႕ကိုယ္ေငြ႕ေႏြးေႏြးေလးကိုတမ္းတေနတတ္ၿပီ။
သူနဲ႔ႀကိဳးကေလးအရမ္းသံေယာဇဥ္တြယ္တာသြားမိတာ...
ေမေမေလးတို႔တမင္တကာလုပ္ေနၾကတာေၾကာင့္လဲပါမွာပဲ။
ေသွ်ာင္ကကေလးအရမ္းခ်စ္တတ္တာေၾကာင့္လဲသံေယာဇဥ္တြယ္ဖို႔လြယ္သြားတာျဖစ္မွာပါ။
ဘာပဲျဖစ္ျဖစ္တခုခုကိုမုန္းေနတာထက္စာရင္ေတာ့ခ်စ္ေနမိတာကပိုေကာင္းသည္ေလ။

ေက်ာက္စိမ္းျပန္ေရာက္လာၿပီဆိုေတာ့...
ဒီကေလးကိုတစ္ဘက္ကေက်ာက္စိမ္းရဲ႕အခန္းမသြားေစေတာ့ဘူးလို႔စဥ္းစားေပမယ့္....
ဒီည...အိပ္ၾကေတာ့...

"ပါးပါး...ဟိုမွာ...အိပ္..."

"ဒီညပါးပါးတို႔ဒီမွာပဲအိပ္ရေအာင္ေနာ္..."

"ဟင့္..."

"ႀကိဳးကေလးကလိမၼာပါတယ္၊ ခ်စ္တယ္ေနာ္"

ေဆာ့ထားတာေမာေမာနဲ႔မို႔သိပ္ဂ်ီမက်ႏိုင္ဘူး။
အိပ္သြားတာျမန္ေနေရာ။
သူလုပ္စရာရွိတာလုပ္ရဦးမယ္။

xxxxx

မသြားနဲ႔ေနာ္လို႔...ႀကိဳးကေလးကိုေနာက္ကြယ္မွာအတန္တန္မွာထားေပမယ့္...
ကေလးသဘာဝအတိုင္းတားျမစ္တာက္ိုမွမရမရလုပ္သည့္အခါ....

"အား...!..."

"မေအာ္နဲ႔၊ တိတ္စမ္း...မင္းဘာလာလုပ္တာလဲ"

"ဖယ္...ပါးပါး...ဟာ"

အိပ္ယာေပၚမွာကိုယ့္ဘာသာေနတာကိုႀကိဳးကေလးကလာဆြဲခ်တာ...
လက္ေသးေသးေလးေတြနဲ႔ဘယ္ဆြဲခ်လို႔ရပါ့မလဲ။
ဘယ္သူမွမရွိဘူးလား...
ဒီကေလးတစ္ေယာက္ထဲေလွ်ာက္သြားေနတာ၊

"သြား...ငါ့နားမလာနဲ႔"

ျပဴးေျကာင္ေၾကာင္မ်က္ဝန္းေလးေတြနဲ႔...
စုစုေထြးေထြးနႈတ္ခမ္းေလးကဘယ္လိုလဲမသိဘူး။
ဟိုအရင္ေမြးကင္းစတုန္းကေတာ့ႂကြက္ေပါက္စေလးလိုပဲ၊
နီနီရဲရဲေလး...ေျပာရင္းနဲ႔ေတာင္ၾကက္သီးေတြထ,လာတာ...
"သြား...သြား..."

"ဟင့္...ဖယ္ေပး...ပါးပါးဟာ"

"နင့္ပါးပါးဟာကဟိုဘက္ခန္းမွာ၊ ဒါငါ့အခန္း"

"ဟင္း...ဟင့္..."

ကေလးကအတင္းျငင္းၿပီးနႈတ္ခမ္းစူေနတာ...
မထေပးဘူးဆိုၿပီးေက်ာက္စိမ္းကမ်က္ေထာင့္နဲ႔ၾကည့္ေတာ့လဲ...
မေၾကာက္ဘူး။
ေတြ႕ကတည္းကစူးရဲလြန္းတဲ့မ်က္လံုးေလးေတြကမုန္းစရာေလး...

"သြားကြာ...လာမရႈပ္နဲ႔..."

အတင္းကုပ္ကပ္ၿပီးတက္လာတာ...
ေက်ာက္စိမ္းတျဖည္းျဖည္းနဲ႔အိပ္ယာေထာင့္ကိုေရြ႕ရၿပီေလ။
မလာနဲ႔တားလည္းကေလးကအတင္းေတြတြယ္တက္လာကာ...

"ပါ့ပါး...ဟာ..."

အသက္ဘယ္ႏွစ္ႏွစ္ရွိၿပီလဲဆိုတာေတာင္သူမမွန္းတတ္တဲ့အဲဒီကေလးဟာစကားေတာင္ေသခ်ာေျပာမတတ္ေသးဘူး။
ဒီအိမ္ကိုေရာက္လာတာဘယ္တုန္းကလဲဆိုတာေသခ်ာမမွတ္မိဘူး။
ဒီကေလးကဘာေတြႀကိဳက္ၿပီး၊ ဘာေတြမႀကိဳက္ဘူးလဲဆိုတာသူမသိဘူး။
ဒါေလးကငါ့ခႏၶာကိုယ္ထဲကထြက္လာခဲ့တာလား၊
ေယာင္ယမ္းၿပီးကိုယ့္ဘာသာျပန္ၾကည့္မိတာ...
ထူပူၿပီးရွိန္းဖိန္းေနတာပဲ။
သြားပါ၊ သြားစမ္းလို႔ေျပာေနေပမယ့္...
သူ႔ေဘးနားအထိလာအိပ္ခ်လိုက္တဲ့ခႏၶာကိုယ္ေႏြးေတးေတးေလးကအသည္းယားစရာ။

"ဟင့္...ပါးပါး..."

တြန္းထုတ္ရင္လည္းစေတြ႕တုန္းကလိုအနာတရေလးျဖစ္သြားမွာမလိုခ်င္တာ...
ဦးေသွ်ာင္နဲ႔ျပႆနာမတက္ခ်င္တာသက္သက္ပါ။
မတြန္းဖယ္ႏိုင္ဘဲလာအိပ္ခ်လိုက္တာနဲ႔ေပ်ာ္သြားတာခ်က္ခ်င္းပဲ။
ဟာ့...ဘယ္လိုေလးလဲ။
ျပန္သြားပို႔ေပးရမလား...
ဒီအတိုင္းထားရမလား။
စဥ္းစားရင္းနဲ႔...ညနက္နက္မွာ။

Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic

(8)

အရမ်းဆော့ပြီးမောမောနဲ့အိပ်သွားတဲ့ကလေးလေးကိုကြည့်နေရင်းသနားရသည်။
အိမ်ရောက်လာကတည်းကသူနဲ့ကျမှအငိုတိတ်တာတွေ၊
သူ့ဆီမှာအရမ်းကပ်တာတွေ၊
သူကြိုက်တာတွေနဲ့ထပ်တူအကြိုက်ချင်းတူနေတာတွေ၊
ဘယ်လိုရေစက်နဲ့ငါ့ဆီရောက်လာသလဲကြိုးကလေးရယ်။
မနက်တုန်းကဖြစ်သွားတဲ့ကိစ္စကိုသတိရမိတော့ဆေးထည့်ပေးထားရတဲ့ခြေထောက်ဖောင်းဖောင်းလေးကိုပွတ်သပ်မိပြန်သည်။
ခွေးသတောင်းစား၊ အယုတ်တမာ။
ကလေးကိုဒီလိုလုပ်ရက်တယ်လို့...
ဘယ်လိုတွေတောင်ကျောက်စိမ်းကပြောင်းလဲသွားတာလဲ။
မေမေ့ဆီကပြန်ကြားနေရတာတွေကို...
သတိရမိတော့...မေမေကကျောက်စိမ်းရဲ့အပြစ်တွေကိုတမင်တကာအကျယ်ချဲ့ပြောတယ်လို့ပဲထင်နေခဲ့တာ၊
ဒီနေ့တွေ့လိုက်ရမှ...တကယ်ကိုကျောက်စိမ်းကအရင်တုန်းကကျောက်စိမ်းနဲ့လားလားမျှမဆိုင်ပဲ၊
အပြောင်းလဲကြီးပြောင်းလဲလာခဲ့တာသိလိုက်ရသည်။
ပိုပြီးတော့ချောမောလာခဲ့ပြီး...
အရင်ကထက်ပိုကြည့်လ်ို့ကောင်းလာခဲ့သည်။
အဝတ်အစားဒီဇိုင်းကအစဘာတခုမှကျောက်စိမ်းလို့မထင်ရလောက်အောင်ကိုပြောင်းလဲသွားတာမယုံနိုင်စရာပါ။
ဆေးချတယ်၊ အမြဲရန်ဖြစ်တယ်၊ သောင်းကျန်းတယ်ဆိုတာကိုမယုံခဲ့တဲ့သူဟာ...
ဒီနေ့အဖြစ်ပျက်ကြောင့်ယုံလာခဲ့ပြီ။
တကယ်ကိုကျောက်စိမ်းကစရိုက်ဆိုးနေခဲ့တာပဲ။
စိတ်ထဲမှာချဉ်နေတာလိုလို၊ မနှစ်မြို့တာလိုလိုနဲ့၊
ကျောက်စိမ်းကိုပိုဖယ်ခွာချင်လာသည်။

လက်မောင်းတစ်ဖက်မှာထွေးဖက်ထားတဲ့ကလေးသေးသေးလေး။
သနားနေရင်းနဲ့...ကြိုးကလေးရဲ့ဆံနွယ်လေးတွေပွတ်သပ်ပေးတော့..,
လွန့်လူးလာကာ...

"ပါး...ပါး...မ..ရိုက်..!...အား"
အိပ်နေရင်းထယောင်နေလို့...ချော့သိပ်ရသေးသည်။
(ကျောက်စိမ်းရဲ့အကျင့်နဲ့တူတာနော်)
ပွစိပွစိလေးဖြစ်သွားတဲ့ကြိုးကလေးရဲ့
နှုတ်ခမ်းရဲရဲလေးတွေကအရမ်းလှနေတာ...ဒီကောင်လေးရဲ့မိဘများကိုမြင်ဖူးချင်သည်။
အမေနဲ့တူတာလား၊ အဖေနဲ့တူတာလား။
စွန့်ပစ်လိုက်ရက်တဲ့စိတ်ဓါတ်ကိုလည်းအံ့သြရပါသည်။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးက်ို။
အေးလေ...နီတျာရဲကတည်းကစွန့်ပစ်ခံရတာဆိုတော့လည်း...
ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးဖြစ်လာမယ်လို့တော့ဘယ်သိခဲ့မလဲ။
ကြိုးကလေးရဲ့ဆံနွယ်ပျော့ပျော့လေးတွေကိုကိုင်ကြည့်မိတာ၊
ကျောက်စိမ်းရဲ့ဆံပင်တွေကိုင်ရသလိုပဲ...နူးညံ့လိုက်တာ။
အရင်တုန်းကကျောက်စိမ်းဆံပင်တွေကိုဆွဲဖွတိုင်းအထိုးခံခဲ့ရတာကိုပြန်တွေးတော့...
ရင်ထဲမှာနွေးလာတာလား...ရင်ခုန်လာတာလား။
အဲဒီကောင်နဲ့မတွေ့ရတာကြာခဲ့လို့ရုတ်တရက်ကြီးသတိရလာတာနေမှာပါလေ။
ညနက်တဲ့အထိသျှောင်မအိပ်နိုင်သေးဘဲ ကြိုးကလေးရဲ့...
နဖူးပြေပြေလေးတွေ၊
ပါးဖောင်းဖောင်းလေးတွေ...
နှာခေါင်းလုံးလုံးလေးတွေ ကိုအသေးစိတ်ကြည့်နေမိတာ...
ဒီကလေးတဖြည်းဖြည်းနဲ့ချစ်ဖို့ကောင်းလာလိုက်တာ။
သူဒီအိမ်ကိုရောက်လာတဲ့နေ့တိုင်းညတိုင်း...
ဖြစ်အောင်ကိုသူ့ဆီတွယ်ကပ်ပြီးလာအိပ်နေတတ်သည်။
ပါးပါးလို့ခေါ်တာကတမင်သက်သက်သင်ပေးခဲ့တာမဟုတ်ပါ။
အိမ်မှာလူစုံလာတိုင်းသူ့ဆီမှာပဲကလေးကကပ်ကပ်နေတတ်ကာ...
တိုက်ဆိုင်စွာအကြိုက်တူနေတာမျိုး...
အကျင့်တူနေတာမျိုး...
အဲဒီကလေးကြောင့်မေမေလေးတို့ရော...ဘွားဘွားကြီးတို့ပါသျှောင့်ငယ်ဘဝကိုပြန်လည်သတိရမိပြီး
ဦးသျှောင်ငယ်တုန်းကအကြောင်းလေးတွေပြောတတ်သည်။
အကျင့်ကတူတယ်ဆိုပြီး...သားအဖလို့ခေါ်တတ်ပြီး...
အိမ်မှာရှိတဲ့လူမှန်သမျှက...
နင့်ပါးပါး...နင့်ပါးပါးလို့ပါးစပ်သွက်ရင်းကလေးကသူ့ကိုပါးပါးလို့ခေါ်နေခဲ့တာ။
ကလေးဆိုတာကလည်းစကားသံစတင်ပြီးထွက်ပြီဆိုတာနဲ့...
ဗူးဗူးဗူးတို့...
အာဘားဘားဘားတို့...
အာပါးပါးပါးတို့...
အဲဒီအသံကိုပထမဆုံးစထွက်တတ်တာလို့စာထဲမှာသင်ဖူးသည်။
အနီးစပ်ဆုံးအသံကိုပဲခဏခဏကြားထား၊ မှတ်ထားမိတော့...
သူ့အတွက်ကပါးပါးဆိုတာသျှောင့်ကိုခေါ်တဲ့နာမ်စားလေးဖြစ်ခဲ့သည်။
ပါးပါးနဲ့အိပ်....ဆိုပြီးသူဒီအိမ်မှာညအိပ်ဖြစ်တိုင်း...
အိမ်မှာရှိတဲ့လူမှန်သမျှကိုလိုက်ပြောတတ်တာ၊
စကားသိပ်မပီသခင်ကတည်းကပါ။
တအိမ်လုံးကလည်းနင့်ပါးပါးလို့ပဲခေါ်တော့တာ၊
ဦးသျှောင်ဆိုတဲ့နာမည်ကိုတောင်မေ့ကုန်ပြီလားမသိ။
မေမေတို့၊ ဘွားဘွားကြီးတို့ကပိုဆိုးကာ...
နင့်သားလေးကလေ...နင့်သားလေးကလေနဲ့၊
ဒီတသက်သူမိန်းမမရတော့ဘူးလို့တောင်အားငယ်ရတဲ့အထိ။
🤭🤭🤭
မေမေလေးဆိုရင်သူဒီအိမ်ကိုရောက်လာပြီဆိုအဲဒီကလေးနဲ့အတူရေချိုးဖို့အထိလိုက်ပြီးဆော်သြတတ်ကာ...
ထမင်းကျွေးတာရော...
ညသိပ်တာအထိရော...ကြိုးကလေးကအမြဲသူ့ဆီမှာ။

"ကျွန်တော်မရှိသလိုပဲလုပ်ကြပါလား"
လို့တခါတလေစိတ်ရှုပ်ပြီးပြောမိရင်...

"နင့်ကလေးကနင်မရှိပေမယ့်...အမြဲတပါးပါးနဲ့ဖြစ်နေတာ၊ ငါတို့ဘယ်အထိချော့ခြောက်ပြီးတော့ထိန်းရသလဲသိလား၊
နောက်ခါကျဗီဒီယိုရိုက်ပြထားမယ်"
ဆိုတာမျိုးတွေဖြစ်ကုန်သည်။
(အကုန်လုံးကအရောက်ပို့နေတာ 😅😅😅)

တကယ်ပဲဒီကလေးကသူ့ကိုတွယ်တာနေတာလည်းငြင်းမရဘူးကိုး။
သူအိမ်မပြန်ဖြစ်တဲ့ညတိုင်းဖုန်းဆက်ပြီးနှုတ်ဆက်ခိုင်းတတ်တာမျိုးတွေ၊
မနက်ဆိုလည်းဖုန်းဆက်နှိုးတတ်တာတွေ...
အခုဆိုအိမ်မပြန်ဖြစ်ရင်သူကြိုးကလေးကိုလွမ်းတတ်နေပြီ။
ညအိပ်ရင်အဲဒီကလေးရဲ့ကိုယ်ငွေ့နွေးနွေးလေးကိုတမ်းတနေတတ်ပြီ။
သူနဲ့ကြိုးကလေးအရမ်းသံယောဇဉ်တွယ်တာသွားမိတာ...
မေမေလေးတို့တမင်တကာလုပ်နေကြတာကြောင့်လဲပါမှာပဲ။
သျှောင်ကကလေးအရမ်းချစ်တတ်တာကြောင့်လဲသံယောဇဉ်တွယ်ဖို့လွယ်သွားတာဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ်တခုခုကိုမုန်းနေတာထက်စာရင်တော့ချစ်နေမိတာကပိုကောင်းသည်လေ။

ကျောက်စိမ်းပြန်ရောက်လာပြီဆိုတော့...
ဒီကလေးကိုတစ်ဘက်ကကျောက်စိမ်းရဲ့အခန်းမသွားစေတော့ဘူးလို့စဉ်းစားပေမယ့်....
ဒီည...အိပ်ကြတော့...

"ပါးပါး...ဟိုမှာ...အိပ်..."

"ဒီညပါးပါးတို့ဒီမှာပဲအိပ်ရအောင်နော်..."

"ဟင့်..."

"ကြိုးကလေးကလိမ္မာပါတယ်၊ ချစ်တယ်နော်"

ဆော့ထားတာမောမောနဲ့မို့သိပ်ဂျီမကျနိုင်ဘူး။
အိပ်သွားတာမြန်နေရော။
သူလုပ်စရာရှိတာလုပ်ရဦးမယ်။

xxxxx

မသွားနဲ့နော်လို့...ကြိုးကလေးကိုနောက်ကွယ်မှာအတန်တန်မှာထားပေမယ့်...
ကလေးသဘာဝအတိုင်းတားမြစ်တာက်ိုမှမရမရလုပ်သည့်အခါ....

"အား...!..."

"မအော်နဲ့၊ တိတ်စမ်း...မင်းဘာလာလုပ်တာလဲ"

"ဖယ်...ပါးပါး...ဟာ"

အိပ်ယာပေါ်မှာကိုယ့်ဘာသာနေတာကိုကြိုးကလေးကလာဆွဲချတာ...
လက်သေးသေးလေးတွေနဲ့ဘယ်ဆွဲချလို့ရပါ့မလဲ။
ဘယ်သူမှမရှိဘူးလား...
ဒီကလေးတစ်ယောက်ထဲလျှောက်သွားနေတာ၊

"သွား...ငါ့နားမလာနဲ့"

ပြူးကြောင်ကြောင်မျက်ဝန်းလေးတွေနဲ့...
စုစုထွေးထွေးနှုတ်ခမ်းလေးကဘယ်လိုလဲမသိဘူး။
ဟိုအရင်မွေးကင်းစတုန်းကတော့ကြွက်ပေါက်စလေးလိုပဲ၊
နီနီရဲရဲလေး...ပြောရင်းနဲ့တောင်ကြက်သီးတွေထ,လာတာ...
"သွား...သွား..."

"ဟင့်...ဖယ်ပေး...ပါးပါးဟာ"

"နင့်ပါးပါးဟာကဟိုဘက်ခန်းမှာ၊ ဒါငါ့အခန်း"

"ဟင်း...ဟင့်..."

ကလေးကအတင်းငြင်းပြီးနှုတ်ခမ်းစူနေတာ...
မထပေးဘူးဆိုပြီးကျောက်စိမ်းကမျက်ထောင့်နဲ့ကြည့်တော့လဲ...
မကြောက်ဘူး။
တွေ့ကတည်းကစူးရဲလွန်းတဲ့မျက်လုံးလေးတွေကမုန်းစရာလေး...

"သွားကွာ...လာမရှုပ်နဲ့..."

အတင်းကုပ်ကပ်ပြီးတက်လာတာ...
ကျောက်စိမ်းတဖြည်းဖြည်းနဲ့အိပ်ယာထောင့်ကိုရွေ့ရပြီလေ။
မလာနဲ့တားလည်းကလေးကအတင်းတွေတွယ်တက်လာကာ...

"ပါ့ပါး...ဟာ..."

အသက်ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာတောင်သူမမှန်းတတ်တဲ့အဲဒီကလေးဟာစကားတောင်သေချာပြောမတတ်သေးဘူး။
ဒီအိမ်ကိုရောက်လာတာဘယ်တုန်းကလဲဆိုတာသေချာမမှတ်မိဘူး။
ဒီကလေးကဘာတွေကြိုက်ပြီး၊ ဘာတွေမကြိုက်ဘူးလဲဆိုတာသူမသိဘူး။
ဒါလေးကငါ့ခန္ဓာကိုယ်ထဲကထွက်လာခဲ့တာလား၊
ယောင်ယမ်းပြီးကိုယ့်ဘာသာပြန်ကြည့်မိတာ...
ထူပူပြီးရှိန်းဖိန်းနေတာပဲ။
သွားပါ၊ သွားစမ်းလို့ပြောနေပေမယ့်...
သူ့ဘေးနားအထိလာအိပ်ချလိုက်တဲ့ခန္ဓာကိုယ်နွေးတေးတေးလေးကအသည်းယားစရာ။

"ဟင့်...ပါးပါး..."

တွန်းထုတ်ရင်လည်းစတွေ့တုန်းကလိုအနာတရလေးဖြစ်သွားမှာမလိုချင်တာ...
ဦးသျှောင်နဲ့ပြဿနာမတက်ချင်တာသက်သက်ပါ။
မတွန်းဖယ်နိုင်ဘဲလာအိပ်ချလိုက်တာနဲ့ပျော်သွားတာချက်ချင်းပဲ။
ဟာ့...ဘယ်လိုလေးလဲ။
ပြန်သွားပို့ပေးရမလား...
ဒီအတိုင်းထားရမလား။
စဉ်းစားရင်းနဲ့...ညနက်နက်မှာ။

Weiterlesen

Das wird dir gefallen

443K 35.1K 37
မားဖီယားဂိုဏ်း၏တစ်ဦးတည်းသောသား၀မ်ရိပေါနှင့်ပျော်ပျော်နေတတ်သည့်ရှောင်ကျန့်တို့တွေ့ကျရာ JJရဲ့ပထမဆုံးသောfic ပါ မားဖီယားဂိုဏ္း၏တစ္ၪီးတည္းေသာသား၀မ္ရိေပါႏ...
322K 27K 32
If the sun were to rise in the west,my love would be unchanged forever.you will always have a special place in my heart.♡ ♡ Pls enjoy urself.... CB...
17.2K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
42.1K 6.1K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...