ေႏွာင္ႀကိဳး ( trouble maker)
BXG Fanfic
(5)
"မလိုက္ဘူး...ေခၚသြား"
ရက္တစ္ရာျပည့္လဲကေလးကိုတခ်က္မၾကည့္။
ေလးငါးလျပည့္သြားလဲဂ႐ုမစိုက္နဲ႔၊
ေနခ်င္သလိုေနစားခ်င္သလိုစား၊
သြားခ်င္သလိုသြား၊ ကဲခ်င္သလိုကဲပါ။
ေက်ာင္းတက္ေတာ့မွလန္းလန္းဆန္းဆန္းျပန္ျဖစ္လာတာ...
လူကပိုၿပီးတည္ၾကည္ခန္႔ညားလာသည္။
ဒီတစ္ႏွစ္ေႏြေရာက္ရင္သူ႔အသက္ဆယ့္ရွစ္ႏွစ္။
(ဦးေသွ်ာင္က 20)
"ျပႆနာမဟုတ္ေပမယ့္...ကေလးေလးကိုေတာ့သံေယာဇဥ္ရွိေနေစခ်င္တယ္"
"ကြ်န္ေတာ္လိုခ်င္လို႔ေမြးထားတာမွမဟုတ္တာ၊
မားေန႔တို႔ေတာင္းပန္လို႔ဒီကေလးသက္ရွိထင္ရွားရွိေနတာေလ၊ ဘာသံေယာဇဥ္ျဖစ္ရမွာလဲ"
"ဒီလိုမေျပာပါနဲ႔ကြယ္...
မားေန႔တို႔ကေက်ာက္စိမ္းတို႔ကိုခ်စ္လို႔ပဲ...
ဒီကေလးကိုခ်စ္ေနရတာ"
စကားေတာင္မဆံုးေသးဘူး၊ ဆိုင္ကယ္ေသာ့တစ္ေခ်ာင္းယူၿပီးတာနဲ႔လွည့္ထြက္သြားတာညဆယ္နာရီထိုးေနၿပီ။
ဘယ္ေနရာေတြသြားၿပီးမူး႐ူးေသာင္းက်န္းဦးမလဲကြယ္။
စိတ္ပူစရာေတြထပ္မျဖစ္လာပါေစနဲ႔။
ကေလးေမြးၿပီးတာနဲ႔...ခြဲစိတ္ေပးပါလို႔အတင္းအက်ပ္ေတာင္းဆိုလာတာ...
သားအိမ္ကိုထုတ္ပစ္ေပးဖို႔။
မလုပ္ေစခ်င္ပါ၊ တကယ္မျဖစ္ေစခ်င္ပါ။
ကေလးေမြးထားၿပီးၿပီပဲ၊ ထုတ္လိုက္ရင္လည္းဘာထူးသြားမလဲ။
မိသားစုအားလံုးကတိုင္တိုင္ပင္ပင္နဲ႔အခ်ိဳသတ္ေပမယ့္...
"ကြ်န္ေတာ္...အခုကစၿပီးေတာ့ထင္ရာစိုင္းမွာ၊
ဒါ့ေၾကာင့္...မျဖစ္မေနခြဲစိတ္မွာ၊
ဒါကိုသေဘာမတူဘူးဆိုရင္ဒီကေလးအသက္ရွည္ရွည္ေနရဖို႔မေတြးထားၾကနဲ႔...
ကြ်န္ေတာ္ကၫွာတာမွာမဟုတ္ဘူး"
အရင္ထက္ပိုျပတ္သားၿပီးစိတ္ဓါတ္ေတြၾကမ္းတမ္းလာခဲ့တာ...
ေက်ာင္းတက္ရင္းျဖစ္သမွ်ျပႆနာေတြကသက္ေသျဖစ္ခဲ့သည္။
ဘယ္ပြဲမွာလူ႐ိုက္ၾကလို႔ဆိုတာမ်ိဳးၾကားရင္...
ေျပးမၾကည့္နဲ႔။
ေျပးၾကည့္ၿပီဆိုရင္လည္းေငြထုပ္ပိုက္ၿပီးလိုက္သြား...
ေက်ာက္စိမ္းရႈပ္သမွ်အကုန္ရွင္းရတာ...
ေမာတယ္လို႔ညည္းခ်ိန္ေတာင္မရွိဘူး။
တခါတေလေဆးေၾကာင္ၿပီးေတာ့...
အိမ္မွာေသာင္းက်န္းတာ၊
ကေလးငိုသံၾကားရတာမ်ားလာလို႔ကေတာ့...အိမ္ကိုတပတ္ဆယ္ရက္ေလာက္ျပန္မလာဘဲလမ္းေပၚမွာအေလလြင့္သည္။
"ကြ်န္ေတာ္ဆံုးရံႈးသြားရတဲ့ေပ်ာ္ရႊင္မႈေတြကိုအဆနဲ႔ျပန္ယူတာ"တဲ့။
ဆိုင္ကယ္ sports game မွန္သမွ်ဝင္ၿပိဳင္သည္။
အမ်ိဳးမ်ိဳးေသာဆိုင္ကယ္ေတြကိုဝယ္သည္။
ဂိုေဒါင္နဲ႔မဆံ့ေတာ့လို႔အသစ္ထပ္ေဆာက္ေပးထားရတာမၾကာေသးဘူး။
ျပည့္လာတာ...ဆိုင္ကယ္ေတြေရာ...ကားေတြေရာ။
ေနာက္ၿပီးစကိတ္ဘုတ္နဲ႔...
အကၿပိဳင္ပြဲမွန္သမွ်ဝင္ၿပိဳင္သည္။
အိမ္မွာ studio သီးသန္႔လုပ္ခိုင္းကာသူ႔စိတ္ႀကိဳက္အကက်င့္လိုက်င့္နဲ႔...
ေဆးေက်ာင္းနဲ႔လံုးပန္းရတာမေမာဘူးလားမသိ။
ၾကည့္လိုက္ရင္အၿမဲဆိုးေပေလလြင့္ေနေပမယ့္...
အခ်ိန္တန္ရင္စာေမးပြဲေတာ့ေအာင္သည္။
"ဆရာဝန္မျဖစ္ျဖစ္ေအာင္လုပ္မွာ"တဲ့။
ကြယ္...ေဆးေၾကာင္ၿပီးျဖစ္ခ်င္တိုင္းျဖစ္ေနတဲ့ဆရာဝန္မ်ိဳးေတာ့...
မၾကံဳခ်င္ပါေၾကာက္စရာ။
တစ္ဖက္မွာေတာ့ဦးေသွ်ာင္ကလည္းေက်ာင္းတစ္ဖက္၊ အလုပ္တစ္ဖက္နဲ႔သူ႔ခမ်ာ...
ကလပ္တက္ရတာသိပ္ႀက္ိဳက္ေပမယ့္...မသြားႏိုင္ဘူး။
အရက္ေသာက္ရတာသိပ္ႀကိဳက္ေပမယ့္...မေသာက္ႏိုင္ဘူး။
ေနမေကာင္းပိုပိုျဖစ္လာတဲ့ေက်ာက္စိမ္းတို႔အေဖကိုပိုကူေပးေနရတာ...
လံုးလံုးကိုအလုပ္သမားျဖစ္လို႔ပါ။
ညီေထြးနဲ႔ေသွ်ာင္တို႔လက္တြဲအရမ္းညီကာ...
ေက်ာက္တြင္းေတြအေျခေနအရမ္းေကာင္းလာသည္။
ဒီကအေျခေနေကာင္းလို႔ရတာမွန္သမွ်...
ေက်ာက္စိမ္းကဟိုမွာျဖဳန္းပစ္တာေရကုန္ေရခမ္းပဲ။
ဦးေသွ်ာင့္နာမည္မၾကားခ်င္ဘူးပဲေျပာေနတာ၊
ေက်ာက္စိမ္း႐ဲ့ဘက္မွာရွိတဲ့ေက်ာက္ျပခန္းနဲ႔...
ရတနာလုပ္ငန္းေတြဘယ္လိုဘယ္ပံုဆိုတာေက်ာက္စိမ္းကမသိမသာစပ္စုရင္း...
ေက်ာက္တြင္းမွာက်န္ခဲ့တဲ့လုပ္ငန္းအေျခအေနကိုအကုန္သိသည္။
ဒါ့ေၾကာင့္...ရသမွ်ကိုသူစိတ္ႀကိဳက္ေတာင္းၿပီးျဖဳန္းပစ္တာ။
နာက်ည္းေနတဲ့စိတ္ေတြကိုသက္သာေအာင္လုပ္ေနတာလို႔ေတြးေတြးၿပီး၊
ဘယ္သူ႔မွဂ႐ုမစိုက္ပါဘူး။
တြဲလိုက္တဲ့ဒိတ္ဒိတ္က်ဲအလွပေဂးေတြ၊ ရႈပ္လိုက္တဲ့မိန္းကေလး၊
ေပါင္းလိုက္သင္းလိုက္တဲ့ရတနာကုန္သည္ေတြရဲ႕သားသမီးေျမးျမစ္ေတြဆိုတာ၊
ေက်ာက္စိမ္းနဲ႔ရြယ္တူေတြေရာ၊
ပုစုေလးေတြေရာ၊
ဘဘႀကီးေတြေရာ။
ဘဝကသာယာတယ္၊
အဲဒီကေလးေမြးခဲ့ရတယ္ဆိုတဲ့ဒဏ္ရာမရွိရင္ပိုသာယာမွာပဲ။
xxxxx
"ဘာလို႔လဲ...ကြ်န္ေတာ္ေမေမ့အိမ္ကိုမလာရဘူးလား"
ဒီေရာက္ေနခဲ့တယ္ဆိုၿပီးဖုန္းဆက္ေတာ့မွေဒၚေနေန႔မွာ...မ်က္လံုးမ်က္ဆန္ျပဴးကုန္တာ၊
"မဟုတ္...မဟုတ္ပါဘူးကြယ္...ေမေမတို႔လတ္တေလာအိမ္မွာမရွိၾကဘူး၊ အသိမိတ္ေဆြေတြ ေပ်ာ္ပြဲစားထြက္ၾကမယ္ဆိုလို႔လိုက္သြားတာ၊ နယ္ဘက္တေနရာေရာက္ေနတာပါ"
"ကြ်န္ေတာ္နည္းနည္းေလးၾကာဦးမွာ၊ ေနာက္ႏွစ္ရက္ေလာက္ေလ၊ ေမေမတို႔ကဒီအခ်ိန္ထိျပန္မလာဘူးလား၊
အိမ္ကိုအရင္သြားေနေနလို႔မရဘူးလား"
အမေလးဟဲ့...ေခါင္းကိုရတနာဂီရိဆင္ႀကီးတက္နင္း....နင္း...
ေဒၚေနေန...ဖုန္းေျပာေနရင္းနဲ႔အိမ္ဝကိုၾကည့္လိုက္ရေသးသည္။
မသကၤာအိမ္ေပါက္ဝကေနဖုန္းလွမ္းဆက္ေနတာမ်ိဳးျဖစ္မွာစိုးလို႔။
ေနာက္ၿပီးေတာ့...ဆိုင္ကယ္ဂိုေဒါင္ထဲကေနေက်ာက္စိမ္းထြက္လာရင္ၾကားကုန္မွာစိုးလို႔။
ရင္ဘတ္ထဲမွာေပြ႕ခ်ီထားတဲ့ႀကိဳးကေလးကျပံဳးျပံဳးေလးသူမကိုႀကည့္ေနကာ...
ျမႇူေပးရေသးသည္။
"ေမေမဘာလုပ္ေနတာလဲ၊ ကေလးေခ်ာ့ေနတာလား"
"ဟင္...ေအာ္...ေအး...ဟိုေလ၊
အိမ္နားကကေလးေလးလာအပ္ထားလို႔"
ႀကိဳးကေလးကိုၾကည့္ၿပီးေျပာလိုက္ေတာ့...
ကေလးေလးကတခစ္ခစ္ထရယ္သည္။
(ဘြားဘြားႀကီးကလူညာႀကီးပဲ)
"ခုနကပဲနယ္ဘက္ေရာက္ေနတာဆို၊ ဘယ္လိုလုပ္အိမ္မွာကေလးထိန္းေနျပန္တာလဲ"
အမေလးေတာ္...လည္လိုက္တဲ့ဦးေသွ်ာင္...
"အို...ရႈပ္ကုန္ၿပီ၊ အခုကအိမ္မွာ၊ သြားရမွာကမနက္ျဖန္"
"ညက်ရင္ဝင္လာမယ္ေလ"
ငါေနာ္...ဖံုးေလေပၚေလ ဖိေလေမာ္ေလ။
"ေမ့ေနတာ၊ ဒီညလယ္ေကာင္မွာထ,သြားမွာ၊
မလာနဲ႔...မလာနဲ႔"
"ဟင္...ေမေမရာ၊ ဒီသားကခဏေလးေရာက္လာပါတယ္၊ မိဘက္ိုေတြ႕ရတယ္ကိုမရွိဘူး၊
သားခ်င္းလဲလိုက္ပါေတာ့လား၊
ကြ်န္ေတာ္ေဒၚယုယသားပဲလုပ္ေတာ့မယ္"
ဟုတ္တယ္...မိဘအိမ္ခဏလာမွာကိုဘာေတြအက်ိဳးအေၾကာင္းျပၿပီးျငင္းေနလဲမသိေတာ့ဘူး။
တစ္ခါနဲ႔ႏွစ္ခါ...အႀကိမ္ႀကိမ္အခါခါျငင္းခံေနရတာ၊
မသကၤာေတာ့ဘူး၊ ငါေမြးစားသားမ်ားလား။
မလာဘူး၊ မလာေတာ့ဘူး၊ ေတြ႕ကရာေပ်ာ္ပါးၿပီးျပန္ေတာ့မယ္။
လုပ္ခ်င္သလိုသာလုပ္ေဟ့၊ ႏွစ္ေယာက္စလံုးကသားသမက္ေတာ္ေနၿပီပဲ၊
ဘာမွပူေနစရာမရွိဘူး။
xxxxx
အိမ္မွာလာေစာင့္ေနမွာပူရလို႔...
ေသွ်ာင္ျပန္ခါနီးကိုေသခ်ာေမးၿပီးဖုန္းဆက္ကာေတြ႕ရသည္။
ကေလးေလးကိုအိမ္မွာခဏထားခဲ့တာ...
မဟာ့မဟာအမွားျဖစ္သြား၏။
အိပ္ေပ်ာ္ေနရာကေနငိုလြန္းလို႔ဆိုကာ...
ရွစ္လသားေလးကိုပါးစပ္မွာတိပ္ကပ္ေပးထားတာ...
ႀကိဳးကေလးခမ်ာ...ငိုခ်င္တာေတာင္တအုအုနဲ႔။
မ်က္ႏွာေလးနီရဲေနတာသနားစရာ။
ျမင္လိုက္ရတာေဒၚေနေနရင္ဘတ္ထုၿပီးငိုေတာ့၏။
"ေက်ာက္စိမ္းရယ္...မင္းအဲဒီအထိအသည္းမမာပါနဲ႔လား၊
မင္းရဲ႕အေသြးအသားေလးပါဟဲ့..."
"ဟုတ္လား...ဒါေလးကိုျပႆနာၿဂိဳလ္ေကာင္ေလးလို႔ပဲျမင္ေနတာ၊
သက္ရွိေလးလား...အဟတ္...ဟားဟား"
မထီတရီနဲ႔ယမကာခိုးေတြေဝေနတဲ့မ်က္လံုးက႐ိုင္းစိုင္းၾကမ္းတမ္းစြာ။
ႏုႏုနယ္နယ္မ်က္ႏွာေလးနဲ႔မလိုက္မဖက္ေက်ာက္စိမ္းကတဟားဟားေအာ္ရယ္သည္။
ေဒၚေနေန...ျမင္ေနရင္းနဲ႔ခ်ံုးပြဲခ်ၿပီးငိုကာေနေတာ့...
အဘိုးျဖစ္သူအိမ္ျပန္လာတဲ့အခ်ိန္နဲ႔...ကြက္တိ။
ကေလးကမ်က္ႏွာမွာတိပ္အကပ္ခံထားရတာ...
ခြာေပးေတာ့အသားႏုႏုေလးမွာဒဏ္ျဖစ္ကုန္သည္။
"ခြပ္...!..."
အဘိုးျဖစ္သူကဘာမွမေျပာဘဲနဲ႔...ထိုးေတာ့လည္းေက်ာက္စိမ္းကၿငိမ္ၿပိ္းခံပါသည္။
ပါးစပ္ကထြက္တဲ့ေလသံကေတာ့နာက်ည္းစြာနဲ႔...
"နာက်င္ရတာေတြမ်ားေနေတာ့...ဒီေလာက္ခံရတာအေပ်ာ့ပါပဲ"
xxxxx
ႀကိဳးကေလးကိုေဒၚယုယဆီအလည္ျပန္ေခၚဖို႔ေက်ာက္စိမ္းဆီမွာခြင့္ေတာင္းသလိုေျပာေနရေပမယ့္...
"မားေန႔တို႔လိုခ်င္တဲ့ကေလး၊ မားေန႔တို႔စိတ္ႀကိဳက္"တဲ့။
ကြ်န္ေတာ္လံုးဝမျပန္ဘူးလို႔ေျပာၿပီးကတည္းကျပန္ဖို႔ေျပာေနၾကလည္းဂ႐ုမစိုက္ေတာ့ပါ။
မနက္ျဖန္က်ရင္ေဒၚယုယတို႔ဆီကေလးကသြားပါေတာ့မည္။
အိမ္ကိုခါလည္အရြယ္ကေလးေပါက္စေလးနဲ႔အတူေဒၚေနေနတို႔ေရာက္လာခဲ့ေတာ့...
ရဲရဲတို႔ကအံ့ၾသလို႔...
ပိုၿပီးအံ့ၾသရတာကဒီကေလးကိုအၿပီးေမြးစားၾကမွာတဲ့။
ခ်စ္ဖို႔ေကာင္းလွတဲ့ကေလးေလးကရဲရဲတို႔လက္ထဲမွာေပ်ာ္ရႊင္ေနကာ...
"ဘယ္သူကမလိုခ်င္ဘဲပစ္လိုက္တာလဲ၊
ဒီေလာက္ေတာင္ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးကို"
အဘြားႏွစ္ေယာက္ကေတာ့...ရင္ေတြနာရပါတယ္။
အဲဒါေလးကငါတို႔ေျမးအရင္းပါကြယ့္။
Unicode
နှောင်ကြိုး ( trouble maker)
BXG Fanfic
(5)
"မလိုက်ဘူး...ခေါ်သွား"
ရက်တစ်ရာပြည့်လဲကလေးကိုတချက်မကြည့်။
လေးငါးလပြည့်သွားလဲဂရုမစိုက်နဲ့၊
နေချင်သလိုနေစားချင်သလိုစား၊
သွားချင်သလိုသွား၊ ကဲချင်သလိုကဲပါ။
ကျောင်းတက်တော့မှလန်းလန်းဆန်းဆန်းပြန်ဖြစ်လာတာ...
လူကပိုပြီးတည်ကြည်ခန့်ညားလာသည်။
ဒီတစ်နှစ်နွေရောက်ရင်သူ့အသက်ဆယ့်ရှစ်နှစ်။
(ဦးသျှောင်က 20)
"ပြဿနာမဟုတ်ပေမယ့်...ကလေးလေးကိုတော့သံယောဇဉ်ရှိနေစေချင်တယ်"
"ကျွန်တော်လိုချင်လို့မွေးထားတာမှမဟုတ်တာ၊
မားနေ့တို့တောင်းပန်လို့ဒီကလေးသက်ရှိထင်ရှားရှိနေတာလေ၊ ဘာသံယောဇဉ်ဖြစ်ရမှာလဲ"
"ဒီလိုမပြောပါနဲ့ကွယ်...
မားနေ့တို့ကကျောက်စိမ်းတို့ကိုချစ်လို့ပဲ...
ဒီကလေးကိုချစ်နေရတာ"
စကားတောင်မဆုံးသေးဘူး၊ ဆိုင်ကယ်သော့တစ်ချောင်းယူပြီးတာနဲ့လှည့်ထွက်သွားတာညဆယ်နာရီထိုးနေပြီ။
ဘယ်နေရာတွေသွားပြီးမူးရူးသောင်းကျန်းဦးမလဲကွယ်။
စိတ်ပူစရာတွေထပ်မဖြစ်လာပါစေနဲ့။
ကလေးမွေးပြီးတာနဲ့...ခွဲစိတ်ပေးပါလို့အတင်းအကျပ်တောင်းဆိုလာတာ...
သားအိမ်ကိုထုတ်ပစ်ပေးဖို့။
မလုပ်စေချင်ပါ၊ တကယ်မဖြစ်စေချင်ပါ။
ကလေးမွေးထားပြီးပြီပဲ၊ ထုတ်လိုက်ရင်လည်းဘာထူးသွားမလဲ။
မိသားစုအားလုံးကတိုင်တိုင်ပင်ပင်နဲ့အချိုသတ်ပေမယ့်...
"ကျွန်တော်...အခုကစပြီးတော့ထင်ရာစိုင်းမှာ၊
ဒါ့ကြောင့်...မဖြစ်မနေခွဲစိတ်မှာ၊
ဒါကိုသဘောမတူဘူးဆိုရင်ဒီကလေးအသက်ရှည်ရှည်နေရဖို့မတွေးထားကြနဲ့...
ကျွန်တော်ကညှာတာမှာမဟုတ်ဘူး"
အရင်ထက်ပိုပြတ်သားပြီးစိတ်ဓါတ်တွေကြမ်းတမ်းလာခဲ့တာ...
ကျောင်းတက်ရင်းဖြစ်သမျှပြဿနာတွေကသက်သေဖြစ်ခဲ့သည်။
ဘယ်ပွဲမှာလူရိုက်ကြလို့ဆိုတာမျိုးကြားရင်...
ပြေးမကြည့်နဲ့။
ပြေးကြည့်ပြီဆိုရင်လည်းငွေထုပ်ပိုက်ပြီးလိုက်သွား...
ကျောက်စိမ်းရှုပ်သမျှအကုန်ရှင်းရတာ...
မောတယ်လို့ညည်းချိန်တောင်မရှိဘူး။
တခါတလေဆေးကြောင်ပြီးတော့...
အိမ်မှာသောင်းကျန်းတာ၊
ကလေးငိုသံကြားရတာများလာလို့ကတော့...အိမ်ကိုတပတ်ဆယ်ရက်လောက်ပြန်မလာဘဲလမ်းပေါ်မှာအလေလွင့်သည်။
"ကျွန်တော်ဆုံးရှုံးသွားရတဲ့ပျော်ရွှင်မှုတွေကိုအဆနဲ့ပြန်ယူတာ"တဲ့။
ဆိုင်ကယ် sports game မှန်သမျှဝင်ပြိုင်သည်။
အမျိုးမျိုးသောဆိုင်ကယ်တွေကိုဝယ်သည်။
ဂိုဒေါင်နဲ့မဆံ့တော့လို့အသစ်ထပ်ဆောက်ပေးထားရတာမကြာသေးဘူး။
ပြည့်လာတာ...ဆိုင်ကယ်တွေရော...ကားတွေရော။
နောက်ပြီးစကိတ်ဘုတ်နဲ့...
အကပြိုင်ပွဲမှန်သမျှဝင်ပြိုင်သည်။
အိမ်မှာ studio သီးသန့်လုပ်ခိုင်းကာသူ့စိတ်ကြိုက်အကကျင့်လိုကျင့်နဲ့...
ဆေးကျောင်းနဲ့လုံးပန်းရတာမမောဘူးလားမသိ။
ကြည့်လိုက်ရင်အမြဲဆိုးပေလေလွင့်နေပေမယ့်...
အချိန်တန်ရင်စာမေးပွဲတော့အောင်သည်။
"ဆရာဝန်မဖြစ်ဖြစ်အောင်လုပ်မှာ"တဲ့။
ကွယ်...ဆေးကြောင်ပြီးဖြစ်ချင်တိုင်းဖြစ်နေတဲ့ဆရာဝန်မျိုးတော့...
မကြုံချင်ပါကြောက်စရာ။
တစ်ဖက်မှာတော့ဦးသျှောင်ကလည်းကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့သူ့ခမျာ...
ကလပ်တက်ရတာသိပ်ကြ်ိုက်ပေမယ့်...မသွားနိုင်ဘူး။
အရက်သောက်ရတာသိပ်ကြိုက်ပေမယ့်...မသောက်နိုင်ဘူး။
နေမကောင်းပိုပိုဖြစ်လာတဲ့ကျောက်စိမ်းတို့အဖေကိုပိုကူပေးနေရတာ...
လုံးလုံးကိုအလုပ်သမားဖြစ်လို့ပါ။
ညီထွေးနဲ့သျှောင်တို့လက်တွဲအရမ်းညီကာ...
ကျောက်တွင်းတွေအခြေနေအရမ်းကောင်းလာသည်။
ဒီကအခြေနေကောင်းလို့ရတာမှန်သမျှ...
ကျောက်စိမ်းကဟိုမှာဖြုန်းပစ်တာရေကုန်ရေခမ်းပဲ။
ဦးသျှောင့်နာမည်မကြားချင်ဘူးပဲပြောနေတာ၊
ကျောက်စိမ်းရဲ့ဘက်မှာရှိတဲ့ကျောက်ပြခန်းနဲ့...
ရတနာလုပ်ငန်းတွေဘယ်လိုဘယ်ပုံဆိုတာကျောက်စိမ်းကမသိမသာစပ်စုရင်း...
ကျောက်တွင်းမှာကျန်ခဲ့တဲ့လုပ်ငန်းအခြေအနေကိုအကုန်သိသည်။
ဒါ့ကြောင့်...ရသမျှကိုသူစိတ်ကြိုက်တောင်းပြီးဖြုန်းပစ်တာ။
နာကျည်းနေတဲ့စိတ်တွေကိုသက်သာအောင်လုပ်နေတာလို့တွေးတွေးပြီး၊
ဘယ်သူ့မှဂရုမစိုက်ပါဘူး။
တွဲလိုက်တဲ့ဒိတ်ဒိတ်ကျဲအလှပဂေးတွေ၊ ရှုပ်လိုက်တဲ့မိန်းကလေး၊
ပေါင်းလိုက်သင်းလိုက်တဲ့ရတနာကုန်သည်တွေရဲ့သားသမီးမြေးမြစ်တွေဆိုတာ၊
ကျောက်စိမ်းနဲ့ရွယ်တူတွေရော၊
ပုစုလေးတွေရော၊
ဘဘကြီးတွေရော။
ဘဝကသာယာတယ်၊
အဲဒီကလေးမွေးခဲ့ရတယ်ဆိုတဲ့ဒဏ်ရာမရှိရင်ပိုသာယာမှာပဲ။
xxxxx
"ဘာလို့လဲ...ကျွန်တော်မေမေ့အိမ်ကိုမလာရဘူးလား"
ဒီရောက်နေခဲ့တယ်ဆိုပြီးဖုန်းဆက်တော့မှဒေါ်နေနေ့မှာ...မျက်လုံးမျက်ဆန်ပြူးကုန်တာ၊
"မဟုတ်...မဟုတ်ပါဘူးကွယ်...မေမေတို့လတ်တလောအိမ်မှာမရှိကြဘူး၊ အသိမိတ်ဆွေတွေ ပျော်ပွဲစားထွက်ကြမယ်ဆိုလို့လိုက်သွားတာ၊ နယ်ဘက်တနေရာရောက်နေတာပါ"
"ကျွန်တော်နည်းနည်းလေးကြာဦးမှာ၊ နောက်နှစ်ရက်လောက်လေ၊ မေမေတို့ကဒီအချိန်ထိပြန်မလာဘူးလား၊
အိမ်ကိုအရင်သွားနေနေလို့မရဘူးလား"
အမလေးဟဲ့...ခေါင်းကိုရတနာဂီရိဆင်ကြီးတက်နင်း....နင်း...
ဒေါ်နေနေ...ဖုန်းပြောနေရင်းနဲ့အိမ်ဝကိုကြည့်လိုက်ရသေးသည်။
မသင်္ကာအိမ်ပေါက်ဝကနေဖုန်းလှမ်းဆက်နေတာမျိုးဖြစ်မှာစိုးလို့။
နောက်ပြီးတော့...ဆိုင်ကယ်ဂိုဒေါင်ထဲကနေကျောက်စိမ်းထွက်လာရင်ကြားကုန်မှာစိုးလို့။
ရင်ဘတ်ထဲမှာပွေ့ချီထားတဲ့ကြိုးကလေးကပြုံးပြုံးလေးသူမကိုကြည့်နေကာ...
မြှူပေးရသေးသည်။
"မေမေဘာလုပ်နေတာလဲ၊ ကလေးချော့နေတာလား"
"ဟင်...အော်...အေး...ဟိုလေ၊
အိမ်နားကကလေးလေးလာအပ်ထားလို့"
ကြိုးကလေးကိုကြည့်ပြီးပြောလိုက်တော့...
ကလေးလေးကတခစ်ခစ်ထရယ်သည်။
(ဘွားဘွားကြီးကလူညာကြီးပဲ)
"ခုနကပဲနယ်ဘက်ရောက်နေတာဆို၊ ဘယ်လိုလုပ်အိမ်မှာကလေးထိန်းနေပြန်တာလဲ"
အမလေးတော်...လည်လိုက်တဲ့ဦးသျှောင်...
"အို...ရှုပ်ကုန်ပြီ၊ အခုကအိမ်မှာ၊ သွားရမှာကမနက်ဖြန်"
"ညကျရင်ဝင်လာမယ်လေ"
ငါနော်...ဖုံးလေပေါ်လေ ဖိလေမော်လေ။
"မေ့နေတာ၊ ဒီညလယ်ကောင်မှာထ,သွားမှာ၊
မလာနဲ့...မလာနဲ့"
"ဟင်...မေမေရာ၊ ဒီသားကခဏလေးရောက်လာပါတယ်၊ မိဘက်ိုတွေ့ရတယ်ကိုမရှိဘူး၊
သားချင်းလဲလိုက်ပါတော့လား၊
ကျွန်တော်ဒေါ်ယုယသားပဲလုပ်တော့မယ်"
ဟုတ်တယ်...မိဘအိမ်ခဏလာမှာကိုဘာတွေအကျိုးအကြောင်းပြပြီးငြင်းနေလဲမသိတော့ဘူး။
တစ်ခါနဲ့နှစ်ခါ...အကြိမ်ကြိမ်အခါခါငြင်းခံနေရတာ၊
မသင်္ကာတော့ဘူး၊ ငါမွေးစားသားများလား။
မလာဘူး၊ မလာတော့ဘူး၊ တွေ့ကရာပျော်ပါးပြီးပြန်တော့မယ်။
လုပ်ချင်သလိုသာလုပ်ဟေ့၊ နှစ်ယောက်စလုံးကသားသမက်တော်နေပြီပဲ၊
ဘာမှပူနေစရာမရှိဘူး။
xxxxx
အိမ်မှာလာစောင့်နေမှာပူရလို့...
သျှောင်ပြန်ခါနီးကိုသေချာမေးပြီးဖုန်းဆက်ကာတွေ့ရသည်။
ကလေးလေးကိုအိမ်မှာခဏထားခဲ့တာ...
မဟာ့မဟာအမှားဖြစ်သွား၏။
အိပ်ပျော်နေရာကနေငိုလွန်းလို့ဆိုကာ...
ရှစ်လသားလေးကိုပါးစပ်မှာတိပ်ကပ်ပေးထားတာ...
ကြိုးကလေးခမျာ...ငိုချင်တာတောင်တအုအုနဲ့။
မျက်နှာလေးနီရဲနေတာသနားစရာ။
မြင်လိုက်ရတာဒေါ်နေနေရင်ဘတ်ထုပြီးငိုတော့၏။
"ကျောက်စိမ်းရယ်...မင်းအဲဒီအထိအသည်းမမာပါနဲ့လား၊
မင်းရဲ့အသွေးအသားလေးပါဟဲ့..."
"ဟုတ်လား...ဒါလေးကိုပြဿနာဂြိုလ်ကောင်လေးလို့ပဲမြင်နေတာ၊
သက်ရှိလေးလား...အဟတ်...ဟားဟား"
မထီတရီနဲ့ယမကာခိုးတွေဝေနေတဲ့မျက်လုံးကရိုင်းစိုင်းကြမ်းတမ်းစွာ။
နုနုနယ်နယ်မျက်နှာလေးနဲ့မလိုက်မဖက်ကျောက်စိမ်းကတဟားဟားအော်ရယ်သည်။
ဒေါ်နေနေ...မြင်နေရင်းနဲ့ချုံးပွဲချပြီးငိုကာနေတော့...
အဘိုးဖြစ်သူအိမ်ပြန်လာတဲ့အချိန်နဲ့...ကွက်တိ။
ကလေးကမျက်နှာမှာတိပ်အကပ်ခံထားရတာ...
ခွာပေးတော့အသားနုနုလေးမှာဒဏ်ဖြစ်ကုန်သည်။
"ခွပ်...!..."
အဘိုးဖြစ်သူကဘာမှမပြောဘဲနဲ့...ထိုးတော့လည်းကျောက်စိမ်းကငြိမ်ပြိ်းခံပါသည်။
ပါးစပ်ကထွက်တဲ့လေသံကတော့နာကျည်းစွာနဲ့...
"နာကျင်ရတာတွေများနေတော့...ဒီလောက်ခံရတာအပျော့ပါပဲ"
xxxxx
ကြိုးကလေးကိုဒေါ်ယုယဆီအလည်ပြန်ခေါ်ဖို့ကျောက်စိမ်းဆီမှာခွင့်တောင်းသလိုပြောနေရပေမယ့်...
"မားနေ့တို့လိုချင်တဲ့ကလေး၊ မားနေ့တို့စိတ်ကြိုက်"တဲ့။
ကျွန်တော်လုံးဝမပြန်ဘူးလို့ပြောပြီးကတည်းကပြန်ဖို့ပြောနေကြလည်းဂရုမစိုက်တော့ပါ။
မနက်ဖြန်ကျရင်ဒေါ်ယုယတို့ဆီကလေးကသွားပါတော့မည်။
အိမ်ကိုခါလည်အရွယ်ကလေးပေါက်စလေးနဲ့အတူဒေါ်နေနေတို့ရောက်လာခဲ့တော့...
ရဲရဲတို့ကအံ့သြလို့...
ပိုပြီးအံ့သြရတာကဒီကလေးကိုအပြီးမွေးစားကြမှာတဲ့။
ချစ်ဖို့ကောင်းလှတဲ့ကလေးလေးကရဲရဲတို့လက်ထဲမှာပျော်ရွှင်နေကာ...
"ဘယ်သူကမလိုချင်ဘဲပစ်လိုက်တာလဲ၊
ဒီလောက်တောင်ချစ်ဖို့ကောင်းတဲ့ကလေးလေးကို"
အဘွားနှစ်ယောက်ကတော့...ရင်တွေနာရပါတယ်။
အဲဒါလေးကငါတို့မြေးအရင်းပါကွယ့်။