H Y U N G

Da aHMUE-61

326K 35.7K 2.7K

ငယ္ငယ္ကတည္းက hyung လို႔ေခၚကာ အျမဲေနာက္ကတေကာက္ေကာက္ လိုက္ေနခဲ့တဲ့ ​ေကာင္ေလးက ႀကီးတဲ့ထိ မေျပာင္းလဲခဲ့~ ငယ်ငယ်ကတ... Altro

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38.1
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Final Part
Extra 1 : Honeymoon to JEJU
Extra 2 : Honeymoon in JEJU
Extra 3 : End of the Honeymoon
Thank You~!!
CHANYEOL (U)
CHANYEOL (Z)
ATTENTION !!
Book Announcement

Part 38.2

5.2K 661 46
Da aHMUE-61

Unicode

baekhyun ဝေဝေဝါးဝါးအသိစိတ်ထဲ တစ်စုံတစ်ယောက်က သူ့အားပွေ့ချီသွားသည်ကို သိ၏။ ထို့နောက် အိစက်စက်အခင်းတစ်ခုအပေါ် အသာအယာ ချပေးလိုက်သည်ကို ခံစားမိသည်။ မသိစိတ်က အကုန်သိနေသော်ငြား baekhyun အလွန်တရာမှ အိပ်ကောင်းသည့်အချိန်ဖြစ်နေသောကြောင့် မျက်လုံးပင်မဖွင့်မိ။

နွေးထွေးလွန်းသည်။

ထို့နောက် ပြန်လည်အိပ်မောကျသွားပြီး ခဏအကြာမှ ပြန်နိုးလာခဲ့သည်။ မျက်လုံးပင်မဖွင့်ရသေးခင်တွင် အရင်ဆုံး မိမိခေါင်းအောက်မှ ခေါင်းအုံးအား ဆွဲဖက်ကာ အားရပါးရ နမ်းရှုံ့လိုက်သည်။ ထို့နောက် မျက်လုံးခပ်ဖြေးဖြေးဖွင့်ကြည့်မိတော့ ပုံမှန်မြင်နေကျ ပြတင်းပေါက်မှ နေရောင်နွေးနွေးမရှိသည်ကို သတိပြုမိလိုက်သည်။

မျက်နှာကြက်မတူသည်ကို ခံစားမိသည်နှင့် ညကအဖြစ်အပျက်များကို မှတ်မိသွားပြီး မျက်လုံးပွတ်ကာ ချက်ချင်းပင် ဘေးပတ်ပတ်လည်ကို ကြည့်မိသည်။ baekhyun ၏ အိပ်ရာခင်း အဝါရောင်နှင့်ကွဲလွဲစွာပင် ယခုအိပ်ရာခင်းသည် ဆင်စွယ်ရောင်ဖြစ်နေပြီး.. ခေါင်းအုံးတို့သည်လည်း ဆင်စွယ်ရောင်ကိုယ်စီနှင့် သေသပ်စွာပင်။ ပိုပြီးကွာခြားစေသည်က baekhyun လို ကုတင်သေးသေးလေးမဟုတ်ဘဲ နှစ်ယောက်အိပ် ကုတင်အကြီးကြီးဖြစ်သည်။

ညကသူ ဆိုဖာပေါ်မှာ အိပ်နေတာမဟုတ်ဘူးလား..။
အဘယ်ကြောင့် chanyeol ကုတင်ပေါ် ရောက်နေရသနည်း။ ကုတင်ပိုင်ရှင် chanyeol ကရော ဘယ်ပျောက်သွားသနည်း။ ကြာကြာမတွေးလိုက်ရ။ အခန်းတံခါးဖွင့်သံနှင့်အတူ ဝင်လာသော chanyeol ကြောင့် baekhyun အတွေးတို့အကုန်ရပ်သွားသည်။ မနေ့ညက baekhyun ကိုယ်တိုင် လဲပေးခဲ့သည့် ဝက်ဝံရုပ်သိုးမွှေးအင်္ကျီအစိမ်းနှင့်ဖြစ်သည်။ baekhyun နိုးနေသည်ကို မြင်သည်နှင့် တစ်ချက်ပြုံးပြကာ လျှောက်လာ၏။

baekhyun အိပ်နေရာမှ ဖြေးဖြေးချင်းထထိုင်လိုက်သည်။ ပုခုံးလျှောကျနေသော အင်္ကျီစကို ပြီးစလွယ်တင်ကာ baekhyun သံသယဖြစ်စွာ စမေးလိုက်သည်။

"အမူး... ပြေသွားပြီလား..."

baekhyun သတိထားသည့်အနေအထားဖြင့် အနောက်ကိုထပ်ဆုတ်လိုက်သောကြောင့် အင်္ကျီက ထပ်မံလျှောကျသည်။ ထိုအမေး နှင့် အပြုအမူတို့ကြောင့် chanyeol က တစ်ချက်ခပ်ဖွဖွရယ်ကာ မျက်ခုံးစပ်နားကို ကုပ်၏။

"ကျွန်တော်ညက တစ်ခုခု ဆိုးရွားတာ လုပ်ခဲ့မိသေးလို့လား..."

တစ်ခုမကဘူး မင်းအများကြီးကိုလုပ်တာ!!!

အတွေးများကို တံတွေးနှင့်အတူ ပြန်မြိုချရင်း baekhyun ခေါင်းခါပြလိုက်လိုက်သည်။ ညကကိစ္စများ မမှတ်မိသည်မို့ သက်ပြင်းမသိမသာချမိလိုက်သေးသည်။ အကယ်၍ chanyeol သာ မှတ်မိနေခဲ့မည်ဆိုလျှင် baekhyun မျက်နှာဘယ်နားထားရမှန်းမသိ ဖြစ်နေလိမ့်မည်။ ကံကောင်းသည်ဟု သက်ပြင်းချလိုက်မိသော်ငြား ရင်ထဲတွင် တစ်ဆို့ဆို့ကြီးကျန်ခဲ့သည်က ဘာကြောင့်မှန်းမသိ။ သူကသာ တစ်ညလုံး အိပ်ရေးပျက်သည်အထိ ခံစားခဲ့ရသော်ငြား ထိုအမူးသမားကတော့ ဆိုဂျူကောင်းမှုနှင့် ညကကိစ္စတွေအကုန်ပါ ရောထွေးအန်ချပစ်လိုက်လားမသိ။ အတွေးတွေကို ခေါင်းတစ်ချက်ခါထုတ်ပစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤအတိုင်းထားလိုက်သည်ကသာ ကောင်းမည်။

chanyeol မျက်နှာသည် အိပ်ရေးဝသည့်အလား ကြည်လင်နေပြီး မနက်စောစောကတည်းက ရေချိုးထားပုံရသည်။ ဆံပင်စများတွင် ရေစက်တစ်ချို့ တွဲလဲခိုနေပြီး မျက်လုံးအရောင်တို့ ပိုတောက်ပနေသယောင်။

"အခုဘယ်နှ နာရီလဲ.."

chanyeol ပြန်ဖြေ၏။

"မနက် ၁၀နာရီ.."

baekhyun မျက်လုံးပြူးသွားသည်။ အံ့ဩမှုနှင့်အတူ အလျင်လိုမှုကြောင့် ခါးကပါ အလိုအလျောက်မတ်သွား၏။

"၁၀နာရီ!!! ဘာလို့ငါ့ကိုမနှိုးတာလဲ chanyeol ရာ.!"

စောင်ကြိဖယ်ချကာ ချက်ချင်းထရန်ပြင်လိုက်သည်။ chanyeol ပြာပြာသလဲလဲ ရှင်းပြ၏။

"hyung မနေ့ညက ကျွန်တော့်ကြောင့် အိပ်ရေးပျက်ထားတာမလား.. ပြီးရင် hyung ခုတလော အိပ်ရေးမဝတာကြောင့်ဘဲ သွေးအားနည်းနေတယ်လေ.."

ခုတင်အောက် ခြေထောက်ချပြီးသည်နှင့် တွေးမိလိုက်သော အတွေးကြောင့် သက်ပြင်းချမိသည်။ ညကတည်းက အလုပ်ပျက်မိထင်ခဲ့မိသည်မှာ အမှန်ပင်။ လက်လျှော့လိုက်ပြီးနောက် ချက်ချင်းပင် ဂျာကြီးကိုဖုန်းဆက်ခွင့်တိုင်ရတော့မည်ကို တွေးလိုက်မိ၍ မျက်နှာက မှုန်သုန်သွားသည်။ သေချာပေါက်တော့ baekhyun စောစောစီးစီး နားသွေးယိုဦးမည်။

"မားဖုန်းဆက်တယ်.."

"ဟမ်!"

baekhyun နောက်တစ်ကြိမ် မျက်လုံးပြူးရပြန်သည်။ သေချာပေါက် မားမနက်အစောကြီးကို အိမ်ကိုပြန်လာလိမ့်မည်။ ထိုအချိန် baekhyun ရှိမနေသောကြောင့် တစ်ခုခုထင်သွားတော့မည်မှာ သေချာသည်။ တော်သေးသည်က မားတွင်လည်း အိမ်သော့ပါသွား၍သာ။ မဟုတ်လျှင် baekhyun အိမ်ကိုခေါင်းဖြုတ်ပြီး ပြန်ရလိမ့်မည်။ baekhyun အမြန်မေးလိုက်သည်။

"မား ဘာ​မှမပြောဘူးလား"

chanyeol က အနည်းငယ် ရယ်သံစွတ်ကာ ခေါင်းကုပ်ရင်း ပြန်ဖြေ၏။

"ကိုင်ကိုင်လိုက်ချင်း နားအူလောက်တဲ့ထိ အော်တာလေးတစ်ခုပါဘဲ... ကျန်တာတော့ဘာမှမပြောဘူး... ကျွန်တော်သေချာတော့ ပြန်ရှင်းပြလိုက်ပါတယ်.."

baekhyun စိတ်ပျက်စွာပင် ခေါင်းကိုတဗျင်းဗျင်းကုပ်ချမိသည်။

"တောင်းပန်ပါတယ်.."

ခေါင်းငုံ့ကာ အပြစ်သားသဖွယ် ဆိုလာပြန်တော့ baekhyun အာရုံ chanyeol ဘက်ရောက်ကာ ပြန်ငြင်းလိုက်သည်။

"မဟုတ်တာ..."

ကျန်တာတော့ မပြောဖြစ်။ မင်းအမှားမှမဟုတ်တာ ဟုဆိုချင်သော်ငြား သကောင့်သားလုပ်ထားသည့်အမှားက တစ်ခုမက။ သူကိုယ်တိုင်လည်း သူ့အပြစ်သူသိသည့်အလား အားနာသည့်ဟန် ပြုံးနေပြီး ခေါင်းကိုငုံ့ထားသည်။ baekhyun ခါးတစ်ဝက်မှ စောင်ကိုဖယ်လိုက်ကာ ဆိုလိုက်သည်။

"အဲ့ဒါဆို... ငါပြန်တော့မယ်.."

အားနာပါးနာ ငုံ့နေသည့်ခေါင်းသည် ချက်ချင်းပင် ငေါက်ကနဲထောင်လာ၏။

"ဘာလို့လဲ!"

ချက်ချင်းထွက်လာသော မေးခွန်းကြောင့် Baekhyun နားမလည်သည့်ဟန် လှည့်ကြည့်လိုက်သည်။

"မင်း အဆင်ပြေပြီမလား.. ငါ့ထက်တောင်စောနိုးနေပုံရရင် အဆင်ပြေတာအသိသာကြီးပါ.. ဘာကျန်သေးလို့လဲ.. ငါပြန်တော့မယ်လေ..."

baekhyun တကယ်ပြန်သင့်ပြီထင်၍ ဆိုလိုက်ခြင်းသာ။
မားဆီမှလည်း အဆူခံရဦးမည်အတူတူ မျက်နှာလုပ်သည့်အနေဖြင့် ဆိုင်လည်း နည်းနည်းပါးပါး ကူလုပ်ပေးရန် စဥ်းစားထားခြင်း ဖြစ်သည်။

"hyung... အင်္ကျီတွေရော..."

chanyeol မျက်စိက baekhyun ရင်ဘတ်ဆီ ကျရောက်လာ၏။

"ပြန်မယူသွားတော့ဘူးလား.. အဲ့ဒါကျွန်တော့် အင်္ကျီလေ.."

"အာ..."

baekhyun ပြောရန်ပြင်လိုက်သော်ငြား chanyeol က ဝင်ဖြတ်၏။

"ကျွန်တော်လျှော်ပြီး လှန်းပေးထားတယ်.. ခြေက်အောင်စောင့်သွားပါဦးလား..."

"......"

baekhyun စိတ်ထဲ သံသယပိုပွားလာရသည်။
မနေ့ညက ကိစ္စတွေ chanyeol မမှတ်မိဘူးဆိုတာ သေချာရဲ့လား။ ယခု chanyeol ပုံစံသည် baekhyun အား မပြန်စေချင်သေးဘဲ သူ့အနားတွင်သာ နေစေချင်ပုံရသည်။

chanyeol ရုတ်တရက် မတ်တပ်ရပ်ကာဆို၏။

"မနက်စာစားမလား.."

"ရတယ် ငါမဆာ... *ဂွီ*"

အငြင်းစကားဆိုသည်ပင်မဆုံးသေး အရှက်ခွဲချသည့် ဗိုက်။ တကယ်တမ်းတွေးကြည့်လျှင်လည်း မနေ့ညကတည်းက ဘာမှမစားရသေးသော baekhyun ဖို့ မနက်၁၀နာရီဆိုသည်မှာ အလွန်ဆာလောင်သော အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ chanyeol ကဆိုသည်။

"ကျွန်တော် အဆင်ပြေတာတစ်ခုခု သွားလုပ်ထားလိုက်မယ်.. ရေချိုးချင်ချိုးထားနှင့် hyung.."

နေရခက်လိုက်တာ...

Chanyeol သည်လည်း ပြောပြီးသည်နှင့် ပြန်ထွက်သွား၏။ သို့သော်ငြား ထွက်ခါနီးအပေါက်ဝနားရောက်မှ ပြန်လှည့်ကြည့်ကာ ဆိုသည်။

"hyung မနေ့ညက တစ်ညလုံးအိပ်ရေးပျက်ထားပုံရလို့... အားမနာဘဲ ကြိုက်သလိုသုံးလို့ရတယ်နော် hyung.."

baekhyun ခေါင်းလည်းမငြိမ့်မိသကဲ့သို့ ခေါင်းလည်းမခါမိ။ နေရထိုင်ရခက်စွာပင် ကြမ်းပြင်ကိုသာစိုက်ကြည့်နေမိသည်။ chanyeol သည်လည်း ပြောစရာတစ်ခုခု ရှိနေပုံရသော်ငြား နောက်ဆုံးပြုံးသာပြကာ ထွက်သွား၏။

တကယ်ကို နေရခက်လိုက်တာ..

စကားပြောလျှင် အကြည့်ကိုဘယ်ပို့ရမလဲ မသိသည်က ပိုခက်သည်။ အတတ်နိုင်ဆုံး အကြည့်လွှဲကာ တောက်လျှောက်ပြောနေသော်ငြား တစ်ချက်တစ်ချက် မော့ကြည့်လိုက်လျှင် မသိလိုက်ပါဘဲ ရောက်သွားမိသည်က နှုတ်ခမ်းထူထူဆီသို့။ ညကအပြေးအလွှားနှင့်ပေမို့ ယူလာခဲ့သည်က chanyeol ပေးထားသည့်ဖုန်း။ ခက်သည်က ဂျာကြီးနံပါတ်မရှိ။ ကံကောင်းသည့်တစ်ချက်ကား အကိုမင်ဆော့နံပါတ်ကို baekhyun အလွတ်ရနေသည်မို့ အားနာစွာပင် အကိုမင်ဆော့အား အပူကပ်ရတော့သည်။

အကိုမင်ဆော့အား ခွင့်တိုင်ပေးရန်ပြောပြီးသည်နှင့် ဖုန်းချကာ အခန်းတွင်းပတ်ပတ်လည်ကို ကြည့်မိသည်။ ရေချိုးခန်းအတွက် သပ်သပ်ဖွဲ့စည်းပေးထားသည့် အခန်းပါသောကြောင့် အဆင်ပြေသည်။ တစ်ကိုယ်လုံး ညီးစီးနေပြီး အနံ့အသက်မကောင်းသောကြောင့် baekhyun တွေဝေမနေဘဲ ရေချိုးဖို့သာ ဆုံးဖြတ်လိုက်သည်။

ရေချိုးခန်းထဲဝင်သွားတော့ ကိုယ်လုံးပေါ်မှန်ကြောင့် လူကရုတ်တရက် တွန့်ကနဲဖြစ်သွား၏။ မှန်တွင် ရေပေါက်တစ်ချို့ရှိနေသော်ငြား ကြည်လင်စွာပင် မြင်နေရပြီး မိမိ၏အိပ်မှုန်စုပ်ဖွားပုံအား ရှင်းလင်းစွာပင် မြင်နေရသည်။ ဘယ်လိုတောင်ရှက်ဖို့ကောင်းလိုက်တဲ့ ပုံလဲ! သူ chanyeol ရှေ့မှာ ဒီပုံစံနှင့် စကားပြောခဲ့သည်ဆိုသည်ကိုပင် မယုံနိုင်။

အပေါ်က အဖြူရောင်ခပ်ပါးပါးအင်္ကျီသည် ရင်ဘတ်တော်တော်ဟိုက်နေသည့်အပြင် အတော်ကိုပါး၏။ ညကအမှောင်ထဲမှာမို့ သေချာမမြင်ခဲ့ရသော ထိုအင်္ကျီသည် လုံးဝ လုံးဝ သေလောက်အောင်ကိုပါး၏။ တော်သေးသည်က အတော်အတန်ပွယောင်းနေ၍ အတွင်းသားများကို သေချာမမြင်ရ။ ဘောင်းဘီသည်လည်း ညအိပ်ဝတ်စုံနှင့်ဝမ်းဆက်ပေမို့ အဝါနုရောင် ဘောင်းဘီရှည်ကြီးဖြစ်သည်။ ကိုယ့်ပုံစံကိုယ် ပြန်ကြည့်ရင်း အလွန်စိတ်ပျက်လာသည်မို့ အကြည့်ခွာကာ ရေချိုးရန်သာပြင်လိုက်တော့၏။

_______

ရေချိုးခန်းထဲက ထွက်လာသည့်အချိန်တွင် baekhyun တွင် ဘောင်းဘီပြန်ပါမလာခဲ့။ ထွက်သည်ဟုတော့မဆိုသာ။ ရေချိုးခန်းတံခါးလော့ခ်ချထားသော်ငြား အိပ်ခန်းတံခါးတော့ လော့ခ်မချခဲ့မိ။ ရေချိုးခန်းအပေါက်ဝကနေ ခေါင်းလေးပြူထွက်ကာ အခန်းထဲ chanyeol ရောက်နေမလား အကဲခတ်ကြည့်မိသည်။ ရေချိုးခန်းကြမ်းပြင်ပေါ် ပြုတ်ကျသွားသော​ ဘောင်းဘီအဝါနုလေးက ရေစိုနေသောကြောင့် အရောင်ပိုရင့်ကာ လက်ပေါ်တွင်ပင် လေးလံနေ၏။ အင်္ကျီအဖြူက အတော်ကြီးသော်ငြား ပေါင်လည်လောက်ထိတော့ ရှည်မနေသောကြောင့် အနောက်ပိုင်းက မလုံခြုံသလိုခံစားနေရကာ တစ်စွန်းတစ်စ ထွက်ပေါ်နေမှန်းလည်း သိသည်။ ထို့ကြောင့်လည်း အပြင်မထွက်ခင် လူရှိမရှိ အရိပ်အကဲကြည့်နေရခြင်းဖြစ်သည်။

chanyeol မရှိဘူးဟူသည်ကို စစ်ဆေးပြီးသည်နှင့် ပုကွကွဖြင့် ​ထွက်ကာ တံခါးလော့အမြန်ပြေးချလိုက်သည်။

ဟူး...

ထို့နောက် တံခါးနားကပ်ကာ လော့အသာလေးပြန်ဖွင့်ရင်း ချောင်းကြည့်လိုက်သည်။

"Chanyeol.."

အသာလေးခေါ်လိုက်မိတော့ ​အနားကိုလျှောက်လာသော ခြေသံနှင့်အတူ အသံဩဩကိုပါ ကြားလိုက်ရသည်။

"ဘာဖြစ်လို့လဲ hyung.."

baekhyun တံခါးကိုအမြန်ပြန်ပိတ်လိုက်သောကြောင့် ဂျိမ်းဟူသော အသံကြီးကျယ်လောင်စွာ ထွက်ပေါ်လာ၏။

"တစ်ခုခုဖြစ်လို့လား hyung.."

တံခါးခေါက်သံနှင့်အတူ မေးလာသော chanyeol စကားအား baekhyun အမြန်တုန့်ပြန်လိုက်သည်။

"မဟုတ်ဘူး!.. ဘာမှမဖြစ်ဘူး chanyeol..! ဟို...."

chanyeol ဘက်မှ စကားပြောသံမကြားရတော့။ တံခါးခေါက်သံတော့ရပ်သွားသည်။ တံခါးအပြင်တက်တွင် ရပ်ကာ baekhyun အသံကို နားစွင့်နေဦးမည်ဆိုသည်ကိုတော့ baekhyun အတပ်သိသည်။

"ဟို... ငါ ဘောင်းဘီလေးတစ်ထည်လောက် ယူဝတ်လို့ရမလားလို့..."

အားနာသယောင်၊ ရှက်သယောင် ခပ်တိုးတိုးထွက်လာသော စကားကြောင့် chanyeol ထံမှ ခပ်တိုးတိုးရယ်သံကြားလိုက်ရ၏။ baekhyun မျက်မှောင်ကြုတ်လိုက်သည်။

"ရတယ် hyung.."

ခပ်ပြတ်ပြတ်ထွက်လာသော အသံ​ကြားတော့မှ baekhyun လေပူမှုတ်ထုတ်လိုက်ရသည်။ အနေရခက်သည်။ တကယ်ကြီးကို အနေရခက်သည်။

"အဲ့ဒါဆို...... သွားပြီနော် hyung.."

တော်တော်ကြာမှ ပြောသင့်မပြောသင့် ဆုံးဖြတ်ပြီး ထွက်လာသောအသံကြောင့် baekhyun ရယ်လိုက်မိသည်။

"အင်း.."

ဘယ်နှယ့်။
တံခါးတစ်ချပ်တည်းခြားထားတဲ့ အခန်းအပြင်နှင့်အထဲကို နေရခက်စွာပင် ထူးထူးဆန်းဆန်းစကားတွေ ပြောနေမိရတယ်လို့..။ အခန်းရှေ့မှ ခြေသံတရွေ့ရွေ့ကို မကြားရသေးခင် ထပ်ပေါင်းဆို၏။

"အမြန်ထွက်ခဲ့တော့နော် hyung.. ခေါက်ဆွဲတွေပွကုန်တော့မယ်.."

"အင်း"

ဗီရိုထဲမှ ဘောင်းဘီတစ်ထည်အား ဆွဲထုတ်ရင်း ဖြေလိုက်တော့ ခြေသံတစ်ရွေ့ရွေ့ကို ကြားလိုက်ရ၏။ နောက်ဆုံး အစင်းသုံးကြောင်း အနက်ရောင် ဘောင်းဘီတစ်ထည် ဆွဲထုတ်မိလိုက်သည်မို့ baekhyun ထိုတစ်ထည်သာ ကောက်ဝတ်လိုက်သည်။ အနည်းငယ်ချောင်နေသော်ငြား ဆွဲချည်စရာကြိုးပါသည်မို့ ကျွတ်မကျစေရန် အတင်းဆုံးဆွဲကာ ချည်ထားလိုက်၏။ သို့သော်ငြား နောက်ဆုံးအထိ အတင်းဆုံးဆွဲချထားသည်မို့ အဖြူရောင်ကြိုးတန်းလန်းသည် ဘောင်းဘီအရှေ့တွင် တော်တော်အရှည်ကြီးကျနေ၏။ မြင်မကောင်းတာတွေဘာတွေ baekhyun ဂရုမစိုက်ဘဲ ထွက်လာခဲ့လိုက်သည်။

ခေါက်ဆွဲပြုတ်။
နှာခေါင်းထဲ တန်းဝင်လာတာနှင့် သိလိုက်သည်က ဤသည်ကားခေါက်ဆွဲပြုတ်။ chanyeol လို နာမည်ကြီးစာဖိုမှူးချက်ပေးတာဆိုတော့ စားချင်တာတွေအများကြီးကို ကြိုတင်စိတ်ကူးယဥ်ထားရတာ နောက်ဆုံးတော့ ခေါက်ဆွဲပြုတ်နှင့် မိတ်ဆက်သည်တဲ့လား။

စားပွဲတွင်ဝင်ထိုင်ကာ အနံ့ကို အဆုတ်ထဲထိဝင်အောင် အဆုံးထိရှူသွင်းလိုက်သည်။ စားပွဲအလယ်တည့်တည့်တွင် ချထားသော အိုးကိုကိုယ့်ဘက်ဆွဲမယူသေးဘဲ chanyeol ကိုအရင် မျက်လုံးလှန်ကြည့်လိုက်သည်။ chanyeol ခုထိ စားပွဲတွင် ဝင်မထိုင်သေး။ ကျောပေးကာ မီးဖိုချောင်ထဲက စင်ပေါ်မှ တစ်ခုခုယူနေပုံရသည်။ ထို့နောက် လက်ထဲမှပါလာသည်က ကင်မ်ချီဗူးလေး။

"အိမ်ကအဒေါ်ကြီးထည့်ပေးလိုက်တာ ခုထိရှိသေးလို့ တော်သေးတယ်.."

အနားကိုလျောက်လာရင်း ဆို၏။

"အစက ခေါက်ဆွဲပြုတ်ဖို့တော့ စိတ်ကူးမရှိပေမယ့် ကျွန်တော်အိမ်ကိုခဏခဏ မပြန်ဖြစ်တော့ စားစရာတွေက သိပ်မရှိဘူး hyung.. အားနာပေမယ့် ဒါနဲ့ဘဲ..."

*ဂွီ*

chanyeol စကားမဆုံးသေး။
Baekhyun တကယ်မရတော့။ လက်ကိုအတတ်နိုင်ဆုံးထိန်းထားသော်ငြား ဗိုက်ကတော့ ရိုးသားစွာပင် မထိန်းထားနိုင်ကြောင်း ဆန္ဒပြသည်။ ခေါက်ဆွဲပြုတ်သည်လည်း ယခုကဲ့သို့ ဆာလောင်နေသောအချိန်တွင် baekhyun အတွက် အကောင်းဆုံးဟင်းပွဲတစ်ရာနှင့်ညီသည်။ chanyeol ခပ်တိုးတိုးတစ်ချက်ရယ်ရင်း ပြော၏။

"စား hyung.. ကျွန်တော်မနက်ကတည်းက ရင်ပြည့်နေတာမို့.."

ရွှေရောင်အလုံးဇလုံလေးအား ကော်လက်ကိုင်မှ မကာ baekhyun အနားကိုဆွဲလိုက်သည်။ ဘေးမှချထားသော တူကို အောက်သို့တစ်ချက်ထောက်ကာ ညီအောင်လုပ်ပြီးသည်နှင့် တဖူးဖူးမှုတ်ကာ စားတော့၏။ ရင်ပြည့်နေသည် ဟူသော စကားအား နားထဲမှ မထွက်ပေမယ့် နောက်မှမေးလိုက်တော့မည်။ ယခုအချိန်တွင်တော့ ညကမဆာခဲ့သမျှ စုပေါင်းစားနေရသည်မို့။ ရုတ်တရက် ကော်ဗူးအသေးနှင့် သိပ်ထားသော ကင်မ်ချီဗူးလေးကို အဖုံးဖွင့်ရင်း ဘေးနားတွန်းပို့ပေးလာသည်။ နောက်တစ်ဖက်မှလည်း ရေအပြည့်ထည့်ထားသော ရေခွက်တစ်ခွက်ကို တွန်းပို့ပေး၏။ အလိုက်သိတာဘဲလား အမှတ်ယူတာဘဲလားတော့ မသိ။ baekhyun ကြိုက်သည်။

"hyung..."

ရုတ်တရက် ခေါ်လာသည်မို့ baekhyun ခေါက်ဆွဲစားနေရင်းတန်းလန်း မော့ကြည့်လိုက်သည်။ ခေါက်ဆွဲအမျှင်တန်းလန်းက ပါးစပ်မှမဖြတ်ရသေးဘဲ ပါးစပ်ထဲပလုတ်ပလောင်းဖြစ်နေသည်။ ခေါက်ဆွဲအမျှင်များကို ဖြတ်ချပြီးသည်နှင့် ပြောရန်မျက်ခုံးပင့်ပြတော့ ရှေ့မျက်နှာချင်းဆိုင်ထိုင်နေရင်းမှ အနားကပ်လာကာ နှုတ်ခမ်းတစ်လျှောက် လက်မဖြင့်ဖိဆွဲသွားရင်း ပြော၏။

"တကယ်တော့... ကျွန်တော်ညက ကိစ္စတွေ အကုန်မှတ်မိတယ်လို့ hyung.."

"အဟွတ်! အဟွတ် အဟွတ်!"

ပါးစပ်ထဲထည့်လိုက်ပြီးချင်း ခေါက်ဆွဲပလုတ်ပလောင်းသည် ကြားလိုက်ရသော စကားကြောင့် လည်ချောင်းတစ်လျှောက် အပူဟပ်ကာ နောက်ဆုံးချောင်းတဟွတ်ဟွတ် ဆိုးတော့၏။

"အာ.. ဆော... ဆောရီး hyung..... ရေ..သောက်"

chanyeol ချက်ချင်းပင် ပျာယာခတ်ကာ ခတ်ပေးပြီးသားရေခွက်ကို အနားကိုထပ်တွန်းပို့ပေး၏။ ထိုအကြံနှင့်ပင် ရေကြိုခပ်ပေးခဲ့သည်လားမသိ။ နောက်ဆုံး ရေတဂွက်ဂွက်မော့ချပြီးသည်နှင့် ရင်ဘက်ဖိကာ စားပွဲပေါ်အသံမြည်သည်အထိ ဆောင့်ချလိုက်၏။

"မင်း! အဲ့တုန်းက မမူးဘဲ တမင်လုပ်တာမလား!"

baekhyun နှုတ်ခမ်းစပ်တွင် ပေနေသော ရေစက်အား လက်ဖမိုးဖြင့်ဖိသုတ်ရင်း မျက်ထောင့်နီဖြင့်ကြည့်ကာ မေးလိုက်၏။ chanyeol ချက်ချင်းပင် ခြေကာလက်ကာဖြင့် ငြင်း၏။

"မဟုတ်ဘူး hyung.. တမင်မဟုတ်ဘူး! မနက်ကထိကျွန်တော်အိမ်မက်လို့ထင်နေတုန်း.. ဆိုဖာပေါ်မှာ hyung အိပ်နေတာကိုတွေ့မှ သေချာသွားတာ.. ပြီးတော့.."

ယုံဦးမယ် ဟူသော မျက်နှာပေးဖြင့် baekhyun ကြည့်သည်။ chanyeol သက်ပြင်းတစ်ချက်ချကာ လက်ကနောက်တစ်ဖန် အနားကပ်လာကာ ခုနကနှုတ်ခမ်းနေရာကို ဖိသုတ်ပြန်သည်။

"နှုတ်ခမ်းကွဲနေတယ်...hyung.."

ရင်ဘတ်ထဲ တစ်ချက်ဆောင့်ခုန်သွားသောကြောင့် ထိုလက်ကိုအမြန် ရိုက်ထုတ်လိုက်သည်။ chanyeol မမှု။ ပြုံးသည်။ ကိုယ့်ဘာကိုယ်တောင် ဘယ်အချိန်တုန်းက နှုတ်ခမ်းကွဲသွားမှန်းမသိလိုက်။

"ငါမမှတ်မိဘူး.."

ပြောမိပြောရာ ဆိုမိတော့ chanyeol မျက်ခုံးတစ်ဖက်ပင့်၏။

"အဲ့ဒါဆို မှတ်မိသွားအောင် နောက်တစ်ခေါက်လောက် hyung.."

နှုတ်ခမ်းကြီးဆူကာ ရုတ်ချည်း အနားကပ်လာသည်မို့ baekhyun အနောက်ဆုတ်ကာ ထိုနှုတ်ခမ်းစူစူကြီးကို လက်ဖြင့်အမြန်အုပ်လိုက်သည်။ chanyeol မကျေနပ်သည့်အလား မျက်မှောင်ကြုတ်၏။

"ဘယ်လိုဖြစ်နေလဲ chanyeol! အေးဆေးနေ.."

Baekhyun စကားပင်မဆုံးသေး။ လက်ဖဝါးပေါ်ထိတွေ့လိုက်သော နှုတ်ခမ်းတစ်စုံနှင့်အတူ 'ပြွတ်စ်' ဟူသောအသံကြောင့် ခပ်မြန်မြန်လက်ရုတ်မိလိုက်သည်။ chanyeol ဘာဖြစ်နေတာလဲ..။ ပြောလေဆိုးလေဖြစ်နေသည့်အပြင် တခြားနေ့များထက် ပို၍အတင့်ရဲနေသည်။

"ငါပြန်တော့မှာနော် chanyeol!"

chanyeol မေးထောက်ကာ ခပ်ပြုံးပြုံးပြော၏။

"အင်္ကျီမခြောက်သေးဘူး hyung"

baekhyun မျက်နှာလွှဲကာ ရယ်လိုက်မိသည်။ ထို့နောက် ခေါင်းတစ်ချက်ခါထုတ်ရင်း ဇလုံကိုပြန်ဆွဲယူကာ ဆက်စားနေလိုက်သည်။ မျက်စိရှေ့ရှိ chanyeol ကတော့ ယခုချိန်ထိ သူ့အား မေးထောက်ကြည့်နေသည်။ ဂရုမစိုက်မိ။

"ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်မျက်စိရှေ့မှာ အရာရာ ပြီးပြည့်စုံတယ်လို့ သတ်မှတ်ထားတဲ့သူဆိုလို့ hyung ဘဲရှိတာ.."

ပလုပ်ပလောင်းဝါးနေရင်း မော့ကြည့်မိသည်။

"ကျွန်တော် ငယ်ငယ်ကတည်းက hyung ကို မထိရက်မကိုင်ရက်လောက်တဲ့ထိ ချစ်တာဗျ သိလား"

​နှာခေါင်းရှုံ့လျက် baekhyun ကို အသည်းယားသည့်ဟန် ပြောလာသော စကားကြောင့် baekhyun မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ ရင်ဘတ်ထဲဆောင့်ခုန်သွားသော်ငြား chanyeol ပြောသည်မှာ ပထမဆုံးမဟုတ်၍ တည်ငြိမ်ချင်ယောင် ဆောင်လိုက်နိုင်သည်။ သို့သော်ငြား အနီရာင်ခြယ်သွားသော ပါးတွေနားရွက်တွေကတော့ ဟန်မဆောင်နိုင်။ သဘောကျသည်။ ပါးစပ်ထဲမှ ခေါက်ဆွဲအမျှင်အား ဖြတ်ပြီး အမြင်ကပ်ကပ်နှင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။

"အဲ့ဒါဆိုလည်း မနေ့ညက မထိရက်မကိုင်ရက်အတိုင်းဘဲ ထားပါလား..."

ဘုရားရေ...

ဒါတကယ်ဘဲ Baekhyun ပါးစပ်ကထွက်သွားသည်လား။
ကိုယ်ကိုယ်တိုင်ပင် မယုံနိုင်။ ပြောပြီးစကား ပြန်ဖျက်လို့လည်းမရတော့။ ကိုယ့်ဘာကိုယ် ပြန်သတိထားမိလိုက်သောကြောင့် ပူရှိန်းတက်သွားသော မျက်နှာအား ဖုံးကွယ်ရန်စဥ်းစားမိသည့်အချိန်တွင်ပင် chanyeol ရယ်သံကြားရသည်။ အနည်းငယ်စိတ်ပေါ့ကာ သက်ပြင်းခိုးချမိသည်။

"အဲ့ဒါကတော့... နည်းနည်းမူးနေတော့... စိတ်လွတ်သွားလို့.."

"ဒါပေမယ့် ကျွန်တော်ပျော်တယ်.."

"......"

စကားစမိတဲ့ မိမိကသာ မှားပါသည်။ သို့သော်ငြား ယခုကဲ့သို့ ပွင့်လင်းနေသော အခြေအနေကို baekhyun ကြိုက်သည်။ chanyeol က ရုတ်တရက် သတိရသွားသည့်ပုံစံနှင့် စကားလမ်းလွှဲ၏။

"အာ.. ဒါနဲ့ hyung.. မနေ့က ကျွန်တော်ရှိတဲ့နေရာ ဘယ်လိုသိပြီးရောက်လာတာလဲ.."

"မင်းပြောတော့ အကုန်မှတ်မိတယ်ဆို..!"

"အကုန်လို့မပြောဘူးလေ hyung.. တစ်ချို့တစ်လေလောက်ဘဲ ဝိုးတိုးဝါးတား မှတ်မိတာပါဆို.."

baekhyun မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"အိုဆယ်ဟွန်းဖုန်းစက်လို့.."

"သြော်.."

"အိုဆယ်ဟွန်းက မင်းညီရော ဟုတ်ရဲ့လား..."

baekhyun ၏ ရုတ်တရက်အမေးကြောင့် chanyeol က နားမလည်သည့်အလား ပြူးကြည့်သည်။

"ဘာကိုလဲ hyung.."

baekhyun အိုးထဲမှ ခေါက်ဆွဲဖတ်များကို တူဖြင့်ထိုးဆွနေရင်း မေးလိုက်သည်။

"မင်းပြောတော့ ညီအစ်ကိုတွေဆို.. မျိုးရိုးလည်းမတူဘူးလေ.. အို..ဆယ်..ဟွန်း...! ပတ်..ချန်း..ယောလ်..."

တစ်လုံးချင်းဆီရေရွတ်ကာ ပြောမိလိုက်သည်။ Chanyeol ရုတ်တရက် အရှေ့ကိုကုန်းကာ မေး၏။

"ဘယ်သူ့နာမည် ပိုလှလဲ..!"

"သေချာပေါက် ပတ်ချန်းယောလ်ပေါ့..."

မသိလိုက်မသိဘာသာ လွှတ်ကနဲထွက်သွားမိသောကြောင့် ပါးစပ်ကိုပြန်ပိတ်ရန်မမှီတော့။ အကြည့်လွှဲကာ မျက်လုံးအတင်းအကျပ်ပိတ်ရင်း ကျစ်ကနဲစုပ်သက်မိသည်။ chanyeol က သဘောကျသည့်အလား ရယ်၏။

"ညီအစ်ကိုတွေပါ hyungရဲ့... အိုဆယ်ဟွန်းဆိုတာ သူတခြားနေရာတွေမှာသုံးတာ.. "

"တကယ့်နာမည်အရင်းကတော့ ပတ်ဆယ်ဟွန်းဘဲ.."

baekhyun နားမလည်။

"တခြားနေရာတွေမှာသုံးတာ?.."

baekhyun ပလုပ်ပလောင်းဝါးနေရင်း မေးလိုက်သည်။ chanyeol စားပွဲပေါ်တွင် လက်ဖြင့်မေးထောက်ထားဆဲပင်။ baekhyun အပြုအမူတစ်ချက်ချင်းဆီကိုသာ စိုက်ကြည့်နေပြီး baekhyun အမေးတွင် အာရုံရှိပုံမပေါ်သော်ငြား ပြန်ဖြေ၏။

"အဲ့ကောင်က ကလပ်တက်တယ်.. dj တီးတယ်... ပွေတယ်.. ရှုပ်တယ်..! အဲ့ဒါတွေ အကုန်လုံးကို နာမည်အရင်းနဲ့မဟုတ်ဘဲ အိုဆယ်ဟွန်းအနေနဲ့ဘဲ သုံးတာလေ..။ သူတို့ခေါ်သလိုဆို stage name ဆိုလားဘာလားဘဲ..! အဖေကမင်းအရှုပ်ထုတ်တွေအိမ်ကိုသယ်မလာနဲ့လို့ ပြောထားလို့လည်းပါတယ်.."

ရှုပ်ယှက်ခက်နေပေမယ့် baekhyun နည်းနည်းနားလည်သွား၍ ခေါင်းငြိမ့်လိုက်သည်။ တကယ်ကိုကွာသည်။ ညီအစ်ကိုနှစ်ယောက်။

"မင်းအဖေနဲ့ရော အဆင်ပြေရဲ့လား.."

baekhyun မသိမသာရေတစ်ခွက်မော့ချရင်း မေးလိုက်သည်။ အိုဆယ်ဟွန်းစကားများအရ အဖေနှင့်တင်းမာနေသော အခြေအနေသည် ယခုထက်ထိလားဟူ၍ သိချင်မိ၍သာ။

"အင်း.. ပြေပါတယ်.. ကျွန်တော့်ကိုလုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတယ်ဆိုပေမယ့် ခုထိအနောက်က လူလွှတ်ပြီး လိုက်ကြည့်နေတုန်း.."

"သြော်..."

chanyeol ကုန်သွားသောရေခွက်ကို အသစ်ထပ်ဖြည့်ပေး၏။

"မင်းရည်းစားလေးဘာလေး မထားခဲ့ဘူးလား တစ်ယောက်လောက်ဖြစ်ဖြစ်.."

တူကိုပြန်ကိုင်ကာ ခေါက်ဆွဲတစ်လုတ်ဆွဲယူမရင်း မသိမသာ မေးလိုက်သောစကားကြောင့် chanyeol မျက်လုံးလှန်ကြည့်သည်။ baekhyun တကယ်သိချင်၍ မေးလိုက်ခြင်းပင်။ အနည်းဆုံး အထက်တန်းမဟုတ်ရင်တောင် တက္ကသိုလ်လောက်ရောက်ပြီ ဆိုသည်နှင့် အတွေ့အကြုံသစ်တော့ စမ်းချင်ကြသည်မှာ ယောကျ်ားလေးများပင်မဟုတ် လူတိုင်းနီးပါးပင်။ ၅နှစ်တောင်လေ။

"Hyung ကိုလွမ်းနေရတာနဲ့ အဲ့ဒီကိစ္စတွေ စဥ်းစားဖို့တောင်အချိန်မရှိဘူး.."

"......."

မေးထောက်ပြီးပြောနေသည့် chanyeol က သာမန်လျှံကာအကြောင်းအရာလေးတစ်ခုကို ဆွေးနွေးနေသည့်အလား။ အကြည့်က baekhyun ခေါက်ဆွဲပြုတ်ကို တဖူးဖူးမှုတ်နေသော နှုတ်ခမ်းပေါ်သာရောက်နေသော်ငြား baekhyun မသိ။ ခေါက်ဆွဲပြုတ်၌သာ အာရုံပို့ချင်ယောင်ဆောင်ထားသည်။ ၅နှစ်တောင်လေ..။
တစ်ယောက်လေးတောင် မထားခဲ့ဘူးဆိုတာ ဖြစ်နိုင်လို့လား...။

"မင်းငါ့ကိုဘယ်အချိန်ကတည်းက အဲ့လို မရိုးမသားစိတ်တွေ ဝင်နေတာလဲ.. ဟမ်"

တူကိုဘေးချကာ မနေနိုင်တော့၍ မေးချလိုက်သော စကားကြောင့် chanyeol က ပြုံးသည်။ အနည်းဆုံး ယခုကဲ့သို့ ပွင့်လင်းနေသည့် အခြေအနေတွင် စကားပြောရသည်မှာ အလွန်ကောင်းသည်။ ယခုစကားဝိုင်းကို အတတ်နိုင်ဆုံးမဖြတ်မိစေရန် အကြောင်းအရာများကိုသာ တစ်ခုပြီးတစ်ခု ရှာပြောနေခြင်းလည်း ဖြစ်မည်ထင်သည်။

"စစချင်းတွေ့ကတည်းက.."

baekhyun မျက်လုံးပင့်လိုက်သည်။

"အိမ်ကိုဆန်မုန့်လာပေးတုန်းကလား.."

"အဲ့ထက်စောတယ်.."

တူကိုပြန်ကိုင်လိုက်သည့် baekhyun လက် အောက်ပြန်ကျသွားသည်။

"အဲ့ထက်... စောတယ်..? ဘယ်တုန်းကလဲ.."

baekhyun မမှတ်မိ။ baekhyun ပထမဆုံးတွေ့သည့်အချိန်သည် ထိုနေ့ညက chanyeol အူကြောင်ကြောင်ပုံစံနှင့် ဆန်မုန့်ဘူးကြီး ထိုးပေးသွားသော အချိန်ဖြစ်သည်။ အဲ့ထက်စောသည့်အချိန်ကို baekhyun မသိ။

"အရမ်းကြီးလည်းမစောပါဘူး.. hyung ရဲ့..။ အဲ့တုန်းက အမေကဘေးအိမ်ကိုဆန်မုန့်သွားပေးခိုင်းပေမယ့် ကျွန်တော်ကြောက်လို့ဆိုပြီး ငြင်းနေခဲ့တာ... ဒါပေမယ့် ပြတင်းပေါက်ဖွင့်လိုက်ချင်း hyung အဝတ်လဲနေတာကို တွေ့လိုက်လို့... နည်းနည်းစိတ်ဝင်စားသွားတာနဲ့ လာပေးတာ.."

[AN :: Part 2 မှာအရိပ်ပြပေးခဲ့ပါတယ်ရှင့်~]

"မင်း..... နှာဘူးကောင်..!"

ထစ်အအဖြင့် baekhyun ၏ အံ့ဩမင်သက်နေသည့်စကားအား chanyeol က ပြာပြာသလဲလဲ ငြင်းချက်ထုတ်သည်။

"hyung ကလည်း.. အဲ့တုန်းက ကျွန်တော်ပြတင်းပေါက် ဖွင့်ဖွင့်ချင်း မတော်တဆလေဗျာ.."

"ဘာပဲဖြစ်ဖြစ်.. မင်းတခြားအချိန်တွေဆိုလည်း ချောင်းကြည့်နေတတ်တာ ငါမသိဘူးများမှတ်နေလား.. ငါကတော့အဲ့တုန်းက ကလေးဘဲ..ဆိုပြီးဘာမှမပြောမိတာ.."

chanyeol အမြန်ဝင်ဖြတ်ပြန်သည်။

"အာ.... အဲ့ဒါ hyung မို့လို့လေ...! ကျန်တဲ့သူတွေဆို ကျွန်တော် မျက်လုံးလေးတောင် ဆွေကြည့်တာမဟုတ်ဘူး..! ပြီးရင်ကျွန်တော် ဘယ်တုန်းကမှ ချောင်းမကြည့်ပါဘူး.. အမြဲပေါ်တင်ဘဲကြည့် အ!"

အခေါက်ခံလိုက်ရသော ခေါင်းထိပ်မှ ခွပ် ဟူသော အသံကျယ်ကြီးနှင့်အတူ chanyeol အသံနက်ကြီးကပါ တစ်ဆက်တည်းထွက်လာသည်။ baekhyun လက်နှင့်တော့မဟုတ်။ ခေါက်ဆွဲပြုတ်အရည်ခပ်သောက်နေသော ဇွန်းခွက်နှင့်ခေါက်လိုက်ခြင်း။ တစ်ခုခုဆို ပါးစပ်ထက်လက်မြန်သည့် အကျင့်ကလည်း မားဆီကဘဲလားမသိ။ ခေါင်းထိပ်လေးကို အသာပွတ်နေပြီး မျက်နှာကစူပုပ်ပုပ်။ baekhyun စူးစိုက်ကြည့်နေပြီး သတ္တိရှိရင်ထပ်ပြောကြည့် ဟူသောအကြည့်အောက် chanyeol ငြိမ်သွား၏။

"အဲ့တုန်းက hyung အနားကိုကပ်ဖို့ဆိုတာ ကျွန်တော့်အတွက် တကယ်မလွယ်ဘူးဗျ.. သိရဲ့လား.."

ခေါင်းအခေါက်ခံရမည့် စကားစုတို့ကို ရှောင်ကွင်းပြီး တခြားအကြောင်းပြောလာပြန်သည်။ ပြောချင်သော်ငြား လက်သံကိုလည်းကြောက်သည့်အလား စူပုပ်ပုပ်။ baekhyun မျက်မှောင်ကြုတ်လိုက်မိသည် ထင်၏။

"hyung က အမြဲ အဲ့လို မျက်နှာကြီးတည်ထားတတ်တော့ ကျွန်တော့်မှာ အနားတစ်ခါကပ်ဖို့ ခြေတွေလက်တွေပါ တုန်တယ်.."

baekhyun ရယ်လိုက်မိသည်ထင်၏။ chanyeol ခေါင်းပွတ်နေသည့်လက်ကိုချကာ အနည်းငယ် ပြန်ရဲလာ၏။

"hyung ရယ်ရင် အရမ်းချစ်ဖို့ကောင်းတာကို.. အဲ့ဒါကြောင့် ကျွန်တော်ငယ်ငယ်ကတည်းက hyung ကို ရယ်ရင်တောင်မှ ကျွန်တော့်ကြောင့်ဘဲဖြစ်စေချင်ခဲ့တာ.."

"......."

baekhyun ချက်ချင်းပင် မျက်နှာတည်ကာ တူပြန်ကိုင်လိုက်သည်။ မေးထောက်ကာ ပြုံးစစပြောလာသော chanyeol စကားများအား baekhyun ငြင်းဆန်ခြင်းလည်းမပြုသကဲ့သို့ ထောက်ခံခြင်းလည်းမပြု။ chanyeol ကတော့ ထိုစကားများကို မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောရသည်ကို အလွန်တရာမှ ကြိက်နှစ်သက်နေပုံရသည်။ baekhyun ကုန်ခါနီးခေါက်ဆွဲပြုတ်အိုးထဲမှ အရည်တစ်ဇွန်း ခပ်သောက်ပြီးသည်နှင့် ဇွန်းအားဘေးချလိုက်သည်။

"ငါပြန်တော့ရင် ကောင်းမယ်.."

"ဟမ်!"

မေးထောက်ကာပြုံးနေရင်းမှ အလန့်တကြား ပြန်ဖြေပြန်သည်။

"အင်္ကျီမခြောက်သေးဘူးလေ.. ကျွန်တော့်အင်္ကျီကြီးယူဝတ်သွားမလို့လား.."

မျက်လုံးက ခန္တာကိုယ်ပေါ်ဝေ့ဝဲကျလာပြီး ဆိုသောစကားကြောင့် baekhyun ပြန်မေးလိုက်သည်။

"ဘာလို့ငါပြန်မှာကို အတင်းဆွဲနေရတာတုန်း.."

ထိုအခါမှ chanyeol လက်ညိုးဖြင့် နားထင်နားကုတ်ကာ တိုးဖျဖျဆို၏။

"ဒီနေ့က.... ကျွန်တော့်နားရက်လေ.. hyung ဒီမှာနေပေးလို့မရဘူးလား.."

ခွင့်တောင်းသည့်မျက်ဝန်းများနှင့် ပြောလာသော စကားကြောင့် baekhyun မျက်လုံးပြူးသွားသည်။

"hyung လည်းခွင့်တိုင်ထားတယ်မလား.. ကျွန်တော်မားကိုလည်း သေချာရှင်းပြပေးထားပါတယ် hyungရဲ့.. ပြီးတော့ ကျွန်တော်နည်းနည်းနေလို့မကောင်းလို့.."

သနားစဖွယ်မျက်ဝန်းအတိနှင့်မို့ baekhyun လက်က ခပ်မြန်မြန်ပင် နဖူးပေါ်ရောက်သွား၏။ ပူခြစ်တောက်နေသည်တော့မဟုတ် အနည်းငယ်တော့နွေးနေ၏။ ခုနကမှ ရင်ပြည့်နေသည်ဟူသော စကားသံကို ပြန်လည်အမှတ်ရမိသည်မို့ စိတ်မပူဘဲမနေနိုင်။ မလိမ်ချင်ဘဲလိမ်နေရသည့် ကလေးတစ်ယောက်ကဲ့သို့ chanyeol မျက်ဝန်းတို့မတည်မငြိမ်ဖြစ်နေသည်ကို baekhyun သတိမထားမိ။ နောက်ဆုံး ဆုံးဖြတ်ချက်ချကာ ခေါင်းငြိမ့်ပြလိုက်သည်နှင့် ချက်ချင်းပင်တက်ကြွသွားကာ အပြုံးပန်းဝေဆာလာ၏။ baekhyun မသိမသာသက်ပြင်းချလိုက်မိသည်။

"ကျွန်တော်ငယ်ငယ်တည်းက hyung အနားမှာနေရရင် ဘာလို့အရမ်းပျော်မှန်းမသိဘူး"

သွားဖြဲပြကာဆိုလာသော ဆိုလာသော chanyeol စကားကြောင့် baekhyun မျက်နှာလွှဲကာ မသိမသာပြုံးလိုက်မိသည်။ baekhyun လည်းမသိ။ ခုနကမှစားထားသည့် ကင်မ်ချီခေါက်ဆွဲပြုတ်က ဘာလို့ချိုနေမှန်း..။ မော့သောက်ချမိလိုက်သည့် ရေလည်းချိုသည်။ ရှူရှိုက်နေရသည့်လေကအစ။ အပိုပြောခြင်းမဟုတ်။ chanyeol တော့မသိနိုင်သော်ငြား သူကိုယ်တိုင်လည်းပျော်နေသည်ကို စိတ်ထဲအသာဝန်ခံမိသည်။

_______________•°•°•°

မုန်တိုင်းတွေ အတိုက်ခံရတာပင်ပန်းတယ်မလား
တိုက်ရတဲ့သူလည်း ပင်ပန်းပါတယ်ရှင်..xD

ဆိုတော့ အချိုလေးတွေချည်း ရေးသွားမယ်
အချိုတွေများလို့အီတဲ့အခါ အစပ်လေးရောပြီး ပူပူလောင်လောင်လေး ဖန်တီးပေးရတာပေါ့ xD
ချစ်တယ်ရှင့်~!💖


Zawgyi

baekhyun ေဝေဝဝါးဝါးအသိစိတ္ထဲ တစ္စံုတစ္ေယာက္က သူ႔အားေပြ့ခ်ီသြားသည္ကို သိ၏။ ထို႔ေနာက္ အိစက္စက္အခင္းတစ္ခုအေပၚ အသာအယာ ခ်ေပးလိုက္သည္ကို ခံစားမိသည္။ မသိစိတ္က အကုန္သိေနေသာ္ျငား baekhyun အလြန္တရာမွ အိပ္ေကာင္းသည့္အခ်ိန္ျဖစ္ေနေသာေၾကာင့္ မ်က္လံုးပင္မဖြင့္မိ။

ေနြးေထြးလြန္းသည္။

ထို႔ေနာက္ ျပန္လည္အိပ္ေမာက်သြားၿပီး ခဏအၾကာမွ ျပန္ႏိုးလာခဲ့သည္။ မ်က္လံုးပင္မဖြင့္ရေသးခင္တြင္ အရင္ဆံုး မိမိေခါင္းေအာက္မွ ေခါင္းအံုးအား ဆြဲဖက္ကာ အားရပါးရ နမ္းရႈံ႔လိုက္သည္။ ထို႔ေနာက္ မ်က္လံုးခပ္ေျဖးေျဖးဖြင့္ၾကည့္မိေတာ့ ပံုမွန္ျမင္ေနက် ျပတင္းေပါက္မွ ေနေရာင္ေနြးေနြးမရိွသည္ကို သတိျပဳမိလိုက္သည္။

မ်က္ႏွာၾကက္မတူသည္ကို ခံစားမိသည္ႏွင့္ ညကအျဖစ္အပ်က္မ်ားကို မွတ္မိသြားၿပီး မ်က္လံုးပြတ္ကာ ခ်က္ခ်င္းပင္ ေဘးပတ္ပတ္လည္ကို ၾကည့္မိသည္။ baekhyun ၏ အိပ္ရာခင္း အဝါေရာင္ႏွင့္ကြဲလြဲစြာပင္ ယခုအိပ္ရာခင္းသည္ ဆင္စြယ္ေရာင္ျဖစ္ေနၿပီး.. ေခါင္းအံုးတို႔သည္လည္း ဆင္စြယ္ေရာင္ကိုယ္စီႏွင့္ ေသသပ္စြာပင္။ ပိုၿပီးကြာျခားေစသည္က baekhyun လို ကုတင္ေသးေသးေလးမဟုတ္ဘဲ ႏွစ္ေယာက္အိပ္ ကုတင္အႀကီးႀကီးျဖစ္သည္။

ညကသူ ဆိုဖာေပၚမွာ အိပ္ေနတာမဟုတ္ဘူးလား..။
အဘယ္ေၾကာင့္ chanyeol ကုတင္ေပၚ ေရာက္ေနရသနည္း။ ကုတင္ပိုင္ရွင္ chanyeol ကေရာ ဘယ္ေပ်ာက္သြားသနည္း။ ၾကာၾကာမေတြးလိုက္ရ။ အခန္းတံခါးဖြင့္သံႏွင့္အတူ ဝင္လာေသာ chanyeol ေၾကာင့္ baekhyun အေတြးတို႔အကုန္ရပ္သြားသည္။ မေန့ညက baekhyun ကိုယ္တိုင္ လဲေပးခဲ့သည့္ ဝက္ဝံရုပ္သိုးေမႊးအက်ႌအစိမ္းႏွင့္ျဖစ္သည္။ baekhyun ႏိုးေနသည္ကို ျမင္သည္ႏွင့္ တစ္ခ်က္ၿပံဳးျပကာ ေလ်ွာက္လာ၏။

baekhyun အိပ္ေနရာမွ ေျဖးေျဖးခ်င္းထထိုင္လိုက္သည္။ ပုခံုးေလ်ွာက်ေနေသာ အက်ႌစကို ၿပီးစလြယ္တင္ကာ baekhyun သံသယျဖစ္စြာ စေမးလိုက္သည္။

"အမူး... ေျပသြားၿပီလား..."

baekhyun သတိထားသည့္အေနအထားျဖင့္ အေနာက္ကိုထပ္ဆုတ္လိုက္ေသာေၾကာင့္ အက်ႌက ထပ္မံေလ်ွာက်သည္။ ထိုအေမး ႏွင့္ အျပဳအမူတို႔ေၾကာင့္ chanyeol က တစ္ခ်က္ခပ္ဖြဖြရယ္ကာ မ်က္ခံုးစပ္နားကို ကုပ္၏။

"ကြၽန္ေတာ္ညက တစ္ခုခု ဆိုးရြားတာ လုပ္ခဲ့မိေသးလို႔လား..."

တစ္ခုမကဘူး မင္းအမ်ားႀကီးကိုလုပ္တာ!!!

အေတြးမ်ားကို တံေတြးႏွင့္အတူ ျပန္ၿမိဳခ်ရင္း baekhyun ေခါင္းခါျပလိုက္လိုက္သည္။ ညကကိစၥမ်ား မမွတ္မိသည္မို႔ သက္ျပင္းမသိမသာခ်မိလိုက္ေသးသည္။ အကယ္၍ chanyeol သာ မွတ္မိေနခဲ့မည္ဆိုလ်ွင္ baekhyun မ်က္ႏွာဘယ္နားထားရမွန္းမသိ ျဖစ္ေနလိမ့္မည္။ ကံေကာင္းသည္ဟု သက္ျပင္းခ်လိုက္မိေသာ္ျငား ရင္ထဲတြင္ တစ္ဆို႔ဆို႔ႀကီးက်န္ခဲ့သည္က ဘာေၾကာင့္မွန္းမသိ။ သူကသာ တစ္ညလံုး အိပ္ေရးပ်က္သည္အထိ ခံစားခဲ့ရေသာ္ျငား ထိုအမူးသမားကေတာ့ ဆိုဂ်ူေကာင္းမႈႏွင့္ ညကကိစၥေတြအကုန္ပါ ေရာေထြးအန္ခ်ပစ္လိုက္လားမသိ။ အေတြးေတြကို ေခါင္းတစ္ခ်က္ခါထုတ္ပစ္လိုက္သည္။ ဘာပဲျဖစ္ျဖစ္ ဤအတိုင္းထားလိုက္သည္ကသာ ေကာင္းမည္။

chanyeol မ်က္ႏွာသည္ အိပ္ေရးဝသည့္အလား ၾကည္လင္ေနၿပီး မနက္ေစာေစာကတည္းက ေရခ်ိဳးထားပံုရသည္။ ဆံပင္စမ်ားတြင္ ေရစက္တစ္ခ်ိဳ႕ တြဲလဲခိုေနၿပီး မ်က္လံုးအေရာင္တို႔ ပိုေတာက္ပေနသေယာင္။

"အခုဘယ္ႏွ နာရီလဲ.."

chanyeol ျပန္ေျဖ၏။

"မနက္ ၁၀နာရီ.."

baekhyun မ်က္လံုးျပဴးသြားသည္။ အံ့ဩမႈႏွင့္အတူ အလ်င္လိုမႈေၾကာင့္ ခါးကပါ အလိုအေလ်ာက္မတ္သြား၏။

"၁၀နာရီ!!! ဘာလို႔ငါ့ကိုမႏိႈးတာလဲ chanyeol ရာ.!"

ေစာင္ႀကိဖယ္ခ်ကာ ခ်က္ခ်င္းထရန္ျပင္လိုက္သည္။ chanyeol ျပာျပာသလဲလဲ ရွင္းျပ၏။

"hyung မေန့ညက ကြၽန္ေတာ့္ေၾကာင့္ အိပ္ေရးပ်က္ထားတာမလား.. ၿပီးရင္ hyung ခုတေလာ အိပ္ေရးမဝတာေၾကာင့္ဘဲ ေသြးအားနည္းေနတယ္ေလ.."

ခုတင္ေအာက္ ေျခေထာက္ခ်ၿပီးသည္ႏွင့္ ေတြးမိလိုက္ေသာ အေတြးေၾကာင့္ သက္ျပင္းခ်မိသည္။ ညကတည္းက အလုပ္ပ်က္မိထင္ခဲ့မိသည္မွာ အမွန္ပင္။ လက္ေလ်ွာ့လိုက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ဂ်ာႀကီးကိုဖုန္းဆက္ခြင့္တိုင္ရေတာ့မည္ကို ေတြးလိုက္မိ၍ မ်က္ႏွာက မႈန္သုန္သြားသည္။ ေသခ်ာေပါက္ေတာ့ baekhyun ေစာေစာစီးစီး နားေသြးယိုၪီးမည္။

"မားဖုန္းဆက္တယ္.."

"ဟမ္!"

baekhyun ေနာက္တစ္ႀကိမ္ မ်က္လံုးျပဴးရျပန္သည္။ ေသခ်ာေပါက္ မားမနက္အေစာႀကီးကို အိမ္ကိုျပန္လာလိမ့္မည္။ ထိုအခ်ိန္ baekhyun ရိွမေနေသာေၾကာင့္ တစ္ခုခုထင္သြားေတာ့မည္မွာ ေသခ်ာသည္။ ေတာ္ေသးသည္က မားတြင္လည္း အိမ္ေသာ့ပါသြား၍သာ။ မဟုတ္လ်ွင္ baekhyun အိမ္ကိုေခါင္းျဖဳတ္ၿပီး ျပန္ရလိမ့္မည္။ baekhyun အျမန္ေမးလိုက္သည္။

"မား ဘာ​မွမေျပာဘူးလား"

chanyeol က အနည္းငယ္ ရယ္သံစြတ္ကာ ေခါင္းကုပ္ရင္း ျပန္ေျဖ၏။

"ကိုင္ကိုင္လိုက္ခ်င္း နားအူေလာက္တဲ့ထိ ေအာ္တာေလးတစ္ခုပါဘဲ... က်န္တာေတာ့ဘာမွမေျပာဘူး... ကြၽန္ေတာ္ေသခ်ာေတာ့ ျပန္ရွင္းျပလိုက္ပါတယ္.."

baekhyun စိတ္ပ်က္စြာပင္ ေခါင္းကိုတဗ်င္းဗ်င္းကုပ္ခ်မိသည္။

"ေတာင္းပန္ပါတယ္.."

ေခါင္းငံု႔ကာ အျပစ္သားသဖြယ္ ဆိုလာျပန္ေတာ့ baekhyun အာရံု chanyeol ဘက္ေရာက္ကာ ျပန္ျငင္းလိုက္သည္။

"မဟုတ္တာ..."

က်န္တာေတာ့ မေျပာျဖစ္။ မင္းအမွားမွမဟုတ္တာ ဟုဆိုခ်င္ေသာ္ျငား သေကာင့္သားလုပ္ထားသည့္အမွားက တစ္ခုမက။ သူကိုယ္တိုင္လည္း သူ႔အျပစ္သူသိသည့္အလား အားနာသည့္ဟန္ ၿပံဳးေနၿပီး ေခါင္းကိုငံု႔ထားသည္။ baekhyun ခါးတစ္ဝက္မွ ေစာင္ကိုဖယ္လိုက္ကာ ဆိုလိုက္သည္။

"အဲ့ဒါဆို... ငါျပန္ေတာ့မယ္.."

အားနာပါးနာ ငံု႔ေနသည့္ေခါင္းသည္ ခ်က္ခ်င္းပင္ ေငါက္ကနဲေထာင္လာ၏။

"ဘာလို႔လဲ!"

ခ်က္ခ်င္းထြက္လာေသာ ေမးခြန္းေၾကာင့္ Baekhyun နားမလည္သည့္ဟန္ လွည့္ၾကည့္လိုက္သည္။

"မင္း အဆင္ေျပၿပီမလား.. ငါ့ထက္ေတာင္ေစာႏိုးေနပံုရရင္ အဆင္ေျပတာအသိသာႀကီးပါ.. ဘာက်န္ေသးလို႔လဲ.. ငါျပန္ေတာ့မယ္ေလ..."

baekhyun တကယ္ျပန္သင့္ၿပီထင္၍ ဆိုလိုက္ျခင္းသာ။
မားဆီမွလည္း အဆူခံရၪီးမည္အတူတူ မ်က္ႏွာလုပ္သည့္အေနျဖင့္ ဆိုင္လည္း နည္းနည္းပါးပါး ကူလုပ္ေပးရန္ စဥ္းစားထားျခင္း ျဖစ္သည္။

"hyung... အက်ႌေတြေရာ..."

chanyeol မ်က္စိက baekhyun ရင္ဘတ္ဆီ က်ေရာက္လာ၏။

"ျပန္မယူသြားေတာ့ဘူးလား.. အဲ့ဒါကြၽန္ေတာ့္ အက်ႌေလ.."

"အာ..."

baekhyun ေျပာရန္ျပင္လိုက္ေသာ္ျငား chanyeol က ဝင္ျဖတ္၏။

"ကြၽန္ေတာ္ေလ်ွာ္ၿပီး လွန္းေပးထားတယ္.. ေျခက္ေအာင္ေစာင့္သြားပါၪီးလား..."

"......"

baekhyun စိတ္ထဲ သံသယပိုပြားလာရသည္။
မေန့ညက ကိစၥေတြ chanyeol မမွတ္မိဘူးဆိုတာ ေသခ်ာရဲ့လား။ ယခု chanyeol ပံုစံသည္ baekhyun အား မျပန္ေစခ်င္ေသးဘဲ သူ႔အနားတြင္သာ ေနေစခ်င္ပံုရသည္။

chanyeol ရုတ္တရက္ မတ္တပ္ရပ္ကာဆို၏။

"မနက္စာစားမလား.."

"ရတယ္ ငါမဆာ... *ဂြီ*"

အျငင္းစကားဆိုသည္ပင္မဆံုးေသး အရွက္ခြဲခ်သည့္ ဗိုက္။ တကယ္တမ္းေတြးၾကည့္လ်ွင္လည္း မေန့ညကတည္းက ဘာမွမစားရေသးေသာ baekhyun ဖို႔ မနက္၁၀နာရီဆိုသည္မွာ အလြန္ဆာေလာင္ေသာ အဆင့္သို႔ေရာက္ရိွေနၿပီျဖစ္သည္။ chanyeol ကဆိုသည္။

"ကြၽန္ေတာ္ အဆင္ေျပတာတစ္ခုခု သြားလုပ္ထားလိုက္မယ္.. ေရခ်ိဳးခ်င္ခ်ိဳးထားႏွင့္ hyung.."

ေနရခက္လိုက္တာ...

Chanyeol သည္လည္း ေျပာၿပီးသည္ႏွင့္ ျပန္ထြက္သြား၏။ သို႔ေသာ္ျငား ထြက္ခါနီးအေပါက္ဝနားေရာက္မွ ျပန္လွည့္ၾကည့္ကာ ဆိုသည္။

"hyung မေန့ညက တစ္ညလံုးအိပ္ေရးပ်က္ထားပံုရလို႔... အားမနာဘဲ ႀကိဳက္သလိုသံုးလို႔ရတယ္ေနာ္ hyung.."

baekhyun ေခါင္းလည္းမၿငိမ့္မိသကဲ့သို႔ ေခါင္းလည္းမခါမိ။ ေနရထိုင္ရခက္စြာပင္ ၾကမ္းျပင္ကိုသာစိုက္ၾကည့္ေနမိသည္။ chanyeol သည္လည္း ေျပာစရာတစ္ခုခု ရိွေနပံုရေသာ္ျငား ေနာက္ဆံုးၿပံဳးသာျပကာ ထြက္သြား၏။

တကယ္ကို ေနရခက္လိုက္တာ..

စကားေျပာလ်ွင္ အၾကည့္ကိုဘယ္ပို႔ရမလဲ မသိသည္က ပိုခက္သည္။ အတတ္ႏိုင္ဆံုး အၾကည့္လႊဲကာ ေတာက္ေလ်ွာက္ေျပာေနေသာ္ျငား တစ္ခ်က္တစ္ခ်က္ ေမာ့ၾကည့္လိုက္လ်ွင္ မသိလိုက္ပါဘဲ ေရာက္သြားမိသည္က ႏႈတ္ခမ္းထူထူဆီသို႔။ ညကအေျပးအလႊားႏွင့္ေပမို႔ ယူလာခဲ့သည္က chanyeol ေပးထားသည့္ဖုန္း။ ခက္သည္က ဂ်ာႀကီးနံပါတ္မရိွ။ ကံေကာင္းသည့္တစ္ခ်က္ကား အကိုမင္ေဆာ့နံပါတ္ကို baekhyun အလြတ္ရေနသည္မို႔ အားနာစြာပင္ အကိုမင္ေဆာ့အား အပူကပ္ရေတာ့သည္။

အကိုမင္ေဆာ့အား ခြင့္တိုင္ေပးရန္ေျပာၿပီးသည္ႏွင့္ ဖုန္းခ်ကာ အခန္းတြင္းပတ္ပတ္လည္ကို ၾကည့္မိသည္။ ေရခ်ိဳးခန္းအတြက္ သပ္သပ္ဖြဲ႔စည္းေပးထားသည့္ အခန္းပါေသာေၾကာင့္ အဆင္ေျပသည္။ တစ္ကိုယ္လံုး ညီးစီးေနၿပီး အနံ႔အသက္မေကာင္းေသာေၾကာင့္ baekhyun ေတြေဝမေနဘဲ ေရခ်ိဳးဖို႔သာ ဆံုးျဖတ္လိုက္သည္။

ေရခ်ိဳးခန္းထဲဝင္သြားေတာ့ ကိုယ္လံုးေပၚမွန္ေၾကာင့္ လူကရုတ္တရက္ တြန္႔ကနဲျဖစ္သြား၏။ မွန္တြင္ ေရေပါက္တစ္ခ်ိဳ႕ရိွေနေသာ္ျငား ၾကည္လင္စြာပင္ ျမင္ေနရၿပီး မိမိ၏အိပ္မႈန္စုပ္ဖြားပံုအား ရွင္းလင္းစြာပင္ ျမင္ေနရသည္။ ဘယ္လိုေတာင္ရွက္ဖို႔ေကာင္းလိုက္တဲ့ ပံုလဲ! သူ chanyeol ေရ႔ွမွာ ဒီပံုစံႏွင့္ စကားေျပာခဲ့သည္ဆိုသည္ကိုပင္ မယံုႏိုင္။

အေပၚက အျဖဴေရာင္ခပ္ပါးပါးအက်ႌသည္ ရင္ဘတ္ေတာ္ေတာ္ဟိုက္ေနသည့္အျပင္ အေတာ္ကိုပါး၏။ ညကအေမွာင္ထဲမွာမို႔ ေသခ်ာမျမင္ခဲ့ရေသာ ထိုအက်ႌသည္ လံုးဝ လံုးဝ ေသေလာက္ေအာင္ကိုပါး၏။ ေတာ္ေသးသည္က အေတာ္အတန္ပြေယာင္းေန၍ အတြင္းသားမ်ားကို ေသခ်ာမျမင္ရ။ ေဘာင္းဘီသည္လည္း ညအိပ္ဝတ္စံုႏွင့္ဝမ္းဆက္ေပမို႔ အဝါႏုေရာင္ ေဘာင္းဘီရွည္ႀကီးျဖစ္သည္။ ကိုယ့္ပံုစံကိုယ္ ျပန္ၾကည့္ရင္း အလြန္စိတ္ပ်က္လာသည္မို႔ အၾကည့္ခြာကာ ေရခ်ိဳးရန္သာျပင္လိုက္ေတာ့၏။

_______

ေရခ်ိဳးခန္းထဲက ထြက္လာသည့္အခ်ိန္တြင္ baekhyun တြင္ ေဘာင္းဘီျပန္ပါမလာခဲ့။ ထြက္သည္ဟုေတာ့မဆိုသာ။ ေရခ်ိဳးခန္းတံခါးေလာ့ခ္ခ်ထားေသာ္ျငား အိပ္ခန္းတံခါးေတာ့ ေလာ့ခ္မခ်ခဲ့မိ။ ေရခ်ိဳးခန္းအေပါက္ဝကေန ေခါင္းေလးျပဴထြက္ကာ အခန္းထဲ chanyeol ေရာက္ေနမလား အကဲခတ္ၾကည့္မိသည္။ ေရခ်ိဳးခန္းၾကမ္းျပင္ေပၚ ျပဳတ္က်သြားေသာ​ ေဘာင္းဘီအဝါႏုေလးက ေရစိုေနေသာေၾကာင့္ အေရာင္ပိုရင့္ကာ လက္ေပၚတြင္ပင္ ေလးလံေန၏။ အက်ႌအျဖဴက အေတာ္ႀကီးေသာ္ျငား ေပါင္လည္ေလာက္ထိေတာ့ ရွည္မေနေသာေၾကာင့္ အေနာက္ပိုင္းက မလံုၿခံဳသလိုခံစားေနရကာ တစ္စြန္းတစ္စ ထြက္ေပၚေနမွန္းလည္း သိသည္။ ထို႔ေၾကာင့္လည္း အျပင္မထြက္ခင္ လူရိွမရိွ အရိပ္အကဲၾကည့္ေနရျခင္းျဖစ္သည္။

chanyeol မရိွဘူးဟူသည္ကို စစ္ေဆးၿပီးသည္ႏွင့္ ပုကြကျြဖင့္ ​ထြက္ကာ တံခါးေလာ့အျမန္ေျပးခ်လိုက္သည္။

ဟူး...

ထို႔ေနာက္ တံခါးနားကပ္ကာ ေလာ့အသာေလးျပန္ဖြင့္ရင္း ေခ်ာင္းၾကည့္လိုက္သည္။

"Chanyeol.."

အသာေလးေခၚလိုက္မိေတာ့ ​အနားကိုေလ်ွာက္လာေသာ ေျခသံႏွင့္အတူ အသံဩဩကိုပါ ၾကားလိုက္ရသည္။

"ဘာျဖစ္လို႔လဲ hyung.."

baekhyun တံခါးကိုအျမန္ျပန္ပိတ္လိုက္ေသာေၾကာင့္ ဂ်ိမ္းဟူေသာ အသံႀကီးက်ယ္ေလာင္စြာ ထြက္ေပၚလာ၏။

"တစ္ခုခုျဖစ္လို႔လား hyung.."

တံခါးေခါက္သံႏွင့္အတူ ေမးလာေသာ chanyeol စကားအား baekhyun အျမန္တုန္႔ျပန္လိုက္သည္။

"မဟုတ္ဘူး!.. ဘာမွမျဖစ္ဘူး chanyeol..! ဟို...."

chanyeol ဘက္မွ စကားေျပာသံမၾကားရေတာ့။ တံခါးေခါက္သံေတာ့ရပ္သြားသည္။ တံခါးအျပင္တက္တြင္ ရပ္ကာ baekhyun အသံကို နားစြင့္ေနၪီးမည္ဆိုသည္ကိုေတာ့ baekhyun အတပ္သိသည္။

"ဟို... ငါ ေဘာင္းဘီေလးတစ္ထည္ေလာက္ ယူဝတ္လို႔ရမလားလို႔..."

အားနာသေယာင္၊ ရွက္သေယာင္ ခပ္တိုးတိုးထြက္လာေသာ စကားေၾကာင့္ chanyeol ထံမွ ခပ္တိုးတိုးရယ္သံၾကားလိုက္ရ၏။ baekhyun မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ရတယ္ hyung.."

ခပ္ျပတ္ျပတ္ထြက္လာေသာ အသံ​ၾကားေတာ့မွ baekhyun ေလပူမႈတ္ထုတ္လိုက္ရသည္။ အေနရခက္သည္။ တကယ္ႀကီးကို အေနရခက္သည္။

"အဲ့ဒါဆို...... သြားၿပီေနာ္ hyung.."

ေတာ္ေတာ္ၾကာမွ ေျပာသင့္မေျပာသင့္ ဆံုးျဖတ္ၿပီး ထြက္လာေသာအသံေၾကာင့္ baekhyun ရယ္လိုက္မိသည္။

"အင္း.."

ဘယ္ႏွယ့္။
တံခါးတစ္ခ်ပ္တည္းျခားထားတဲ့ အခန္းအျပင္ႏွင့္အထဲကို ေနရခက္စြာပင္ ထူးထူးဆန္းဆန္းစကားေတြ ေျပာေနမိရတယ္လို႔..။ အခန္းေရ႔ွမွ ေျခသံတေရြ့ေရြ့ကို မၾကားရေသးခင္ ထပ္ေပါင္းဆို၏။

"အျမန္ထြက္ခဲ့ေတာ့ေနာ္ hyung.. ေခါက္ဆြဲေတြပြကုန္ေတာ့မယ္.."

"အင္း"

ဗီရိုထဲမွ ေဘာင္းဘီတစ္ထည္အား ဆြဲထုတ္ရင္း ေျဖလိုက္ေတာ့ ေျခသံတစ္ေရြ့ေရြ့ကို ၾကားလိုက္ရ၏။ ေနာက္ဆံုး အစင္းသံုးေၾကာင္း အနက္ေရာင္ ေဘာင္းဘီတစ္ထည္ ဆြဲထုတ္မိလိုက္သည္မို႔ baekhyun ထိုတစ္ထည္သာ ေကာက္ဝတ္လိုက္သည္။ အနည္းငယ္ေခ်ာင္ေနေသာ္ျငား ဆြဲခ်ည္စရာႀကိဳးပါသည္မို႔ ကြၽတ္မက်ေစရန္ အတင္းဆံုးဆြဲကာ ခ်ည္ထားလိုက္၏။ သို႔ေသာ္ျငား ေနာက္ဆံုးအထိ အတင္းဆံုးဆြဲခ်ထားသည္မို႔ အျဖဴေရာင္ႀကိဳးတန္းလန္းသည္ ေဘာင္းဘီအေရ႔ွတြင္ ေတာ္ေတာ္အရွည္ႀကီးက်ေန၏။ ျမင္မေကာင္းတာေတြဘာေတြ baekhyun ဂရုမစိုက္ဘဲ ထြက္လာခဲ့လိုက္သည္။

ေခါက္ဆြဲျပဳတ္။
ႏွာေခါင္းထဲ တန္းဝင္လာတာႏွင့္ သိလိုက္သည္က ဤသည္ကားေခါက္ဆြဲျပဳတ္။ chanyeol လို နာမည္ႀကီးစာဖိုမွဴးခ်က္ေပးတာဆိုေတာ့ စားခ်င္တာေတြအမ်ားႀကီးကို ႀကိဳတင္စိတ္ကူးယဥ္ထားရတာ ေနာက္ဆံုးေတာ့ ေခါက္ဆြဲျပဳတ္ႏွင့္ မိတ္ဆက္သည္တဲ့လား။

စားပြဲတြင္ဝင္ထိုင္ကာ အနံ႔ကို အဆုတ္ထဲထိဝင္ေအာင္ အဆံုးထိရႉသြင္းလိုက္သည္။ စားပြဲအလယ္တည့္တည့္တြင္ ခ်ထားေသာ အိုးကိုကိုယ့္ဘက္ဆြဲမယူေသးဘဲ chanyeol ကိုအရင္ မ်က္လံုးလွန္ၾကည့္လိုက္သည္။ chanyeol ခုထိ စားပြဲတြင္ ဝင္မထိုင္ေသး။ ေက်ာေပးကာ မီးဖိုေခ်ာင္ထဲက စင္ေပၚမွ တစ္ခုခုယူေနပံုရသည္။ ထို႔ေနာက္ လက္ထဲမွပါလာသည္က ကင္မ္ခ်ီဗူးေလး။

"အိမ္ကအေဒၚႀကီးထည့္ေပးလိုက္တာ ခုထိရိွေသးလို႔ ေတာ္ေသးတယ္.."

အနားကိုေလ်ာက္လာရင္း ဆို၏။

"အစက ေခါက္ဆြဲျပဳတ္ဖို႔ေတာ့ စိတ္ကူးမရိွေပမယ့္ ကြၽန္ေတာ္အိမ္ကိုခဏခဏ မျပန္ျဖစ္ေတာ့ စားစရာေတြက သိပ္မရိွဘူး hyung.. အားနာေပမယ့္ ဒါနဲ႔ဘဲ..."

*ဂြီ*

chanyeol စကားမဆံုးေသး။
Baekhyun တကယ္မရေတာ့။ လက္ကိုအတတ္ႏိုင္ဆံုးထိန္းထားေသာ္ျငား ဗိုက္ကေတာ့ ရိုးသားစြာပင္ မထိန္းထားႏိုင္ေၾကာင္း ဆႏၵျပသည္။ ေခါက္ဆြဲျပဳတ္သည္လည္း ယခုကဲ့သို႔ ဆာေလာင္ေနေသာအခ်ိန္တြင္ baekhyun အတြက္ အေကာင္းဆံုးဟင္းပြဲတစ္ရာႏွင့္ညီသည္။ chanyeol ခပ္တိုးတိုးတစ္ခ်က္ရယ္ရင္း ေျပာ၏။

"စား hyung.. ကြၽန္ေတာ္မနက္ကတည္းက ရင္ျပည့္ေနတာမို႔.."

ေရႊေရာင္အလံုးဇလံုေလးအား ေကာ္လက္ကိုင္မွ မကာ baekhyun အနားကိုဆြဲလိုက္သည္။ ေဘးမွခ်ထားေသာ တူကို ေအာက္သို႔တစ္ခ်က္ေထာက္ကာ ညီေအာင္လုပ္ၿပီးသည္ႏွင့္ တဖူးဖူးမႈတ္ကာ စားေတာ့၏။ ရင္ျပည့္ေနသည္ ဟူေသာ စကားအား နားထဲမွ မထြက္ေပမယ့္ ေနာက္မွေမးလိုက္ေတာ့မည္။ ယခုအခ်ိန္တြင္ေတာ့ ညကမဆာခဲ့သမ်ွ စုေပါင္းစားေနရသည္မို႔။ ရုတ္တရက္ ေကာ္ဗူးအေသးႏွင့္ သိပ္ထားေသာ ကင္မ္ခ်ီဗူးေလးကို အဖံုးဖြင့္ရင္း ေဘးနားတြန္းပို႔ေပးလာသည္။ ေနာက္တစ္ဖက္မွလည္း ေရအျပည့္ထည့္ထားေသာ ေရခြက္တစ္ခြက္ကို တြန္းပို႔ေပး၏။ အလိုက္သိတာဘဲလား အမွတ္ယူတာဘဲလားေတာ့ မသိ။ baekhyun ႀကိဳက္သည္။

"hyung..."

ရုတ္တရက္ ေခၚလာသည္မို႔ baekhyun ေခါက္ဆြဲစားေနရင္းတန္းလန္း ေမာ့ၾကည့္လိုက္သည္။ ေခါက္ဆြဲအမ်ွင္တန္းလန္းက ပါးစပ္မွမျဖတ္ရေသးဘဲ ပါးစပ္ထဲပလုတ္ပေလာင္းျဖစ္ေနသည္။ ေခါက္ဆြဲအမ်ွင္မ်ားကို ျဖတ္ခ်ၿပီးသည္ႏွင့္ ေျပာရန္မ်က္ခံုးပင့္ျပေတာ့ ေရ႔ွမ်က္ႏွာခ်င္းဆိုင္ထိုင္ေနရင္းမွ အနားကပ္လာကာ ႏႈတ္ခမ္းတစ္ေလ်ွာက္ လက္မျဖင့္ဖိဆြဲသြားရင္း ေျပာ၏။

"တကယ္ေတာ့... ကြၽန္ေတာ္ညက ကိစၥေတြ အကုန္မွတ္မိတယ္လို႔ hyung.."

"အဟြတ္! အဟြတ္ အဟြတ္!"

ပါးစပ္ထဲထည့္လိုက္ၿပီးခ်င္း ေခါက္ဆြဲပလုတ္ပေလာင္းသည္ ၾကားလိုက္ရေသာ စကားေၾကာင့္ လည္ေခ်ာင္းတစ္ေလ်ွာက္ အပူဟပ္ကာ ေနာက္ဆံုးေခ်ာင္းတဟြတ္ဟြတ္ ဆိုးေတာ့၏။

"အာ.. ေဆာ... ေဆာရီး hyung..... ေရ..ေသာက္"

chanyeol ခ်က္ခ်င္းပင္ ပ်ာယာခတ္ကာ ခတ္ေပးၿပီးသားေရခြက္ကို အနားကိုထပ္တြန္းပို႔ေပး၏။ ထိုအႀကံႏွင့္ပင္ ေရႀကိဳခပ္ေပးခဲ့သည္လားမသိ။ ေနာက္ဆံုး ေရတဂြက္ဂြက္ေမာ့ခ်ၿပီးသည္ႏွင့္ ရင္ဘက္ဖိကာ စားပြဲေပၚအသံျမည္သည္အထိ ေဆာင့္ခ်လိုက္၏။

"မင္း! အဲ့တုန္းက မမူးဘဲ တမင္လုပ္တာမလား!"

baekhyun ႏႈတ္ခမ္းစပ္တြင္ ေပေနေသာ ေရစက္အား လက္ဖမိုးျဖင့္ဖိသုတ္ရင္း မ်က္ေထာင့္နီျဖင့္ၾကည့္ကာ ေမးလိုက္၏။ chanyeol ခ်က္ခ်င္းပင္ ေျခကာလက္ကာျဖင့္ ျငင္း၏။

"မဟုတ္ဘူး hyung.. တမင္မဟုတ္ဘူး! မနက္ကထိကြၽန္ေတာ္အိမ္မက္လို႔ထင္ေနတုန္း.. ဆိုဖာေပၚမွာ hyung အိပ္ေနတာကိုေတြ့မွ ေသခ်ာသြားတာ.. ၿပီးေတာ့.."

ယံုၪီးမယ္ ဟူေသာ မ်က္ႏွာေပးျဖင့္ baekhyun ၾကည့္သည္။ chanyeol သက္ျပင္းတစ္ခ်က္ခ်ကာ လက္ကေနာက္တစ္ဖန္ အနားကပ္လာကာ ခုနကႏႈတ္ခမ္းေနရာကို ဖိသုတ္ျပန္သည္။

"ႏႈတ္ခမ္းကြဲေနတယ္...hyung.."

ရင္ဘတ္ထဲ တစ္ခ်က္ေဆာင့္ခုန္သြားေသာေၾကာင့္ ထိုလက္ကိုအျမန္ ရိုက္ထုတ္လိုက္သည္။ chanyeol မမႈ။ ၿပံဳးသည္။ ကိုယ့္ဘာကိုယ္ေတာင္ ဘယ္အခ်ိန္တုန္းက ႏႈတ္ခမ္းကြဲသြားမွန္းမသိလိုက္။

"ငါမမွတ္မိဘူး.."

ေျပာမိေျပာရာ ဆိုမိေတာ့ chanyeol မ်က္ခံုးတစ္ဖက္ပင့္၏။

"အဲ့ဒါဆို မွတ္မိသြားေအာင္ ေနာက္တစ္ေခါက္ေလာက္ hyung.."

ႏႈတ္ခမ္းႀကီးဆူကာ ရုတ္ခ်ည္း အနားကပ္လာသည္မို႔ baekhyun အေနာက္ဆုတ္ကာ ထိုႏႈတ္ခမ္းစူစူႀကီးကို လက္ျဖင့္အျမန္အုပ္လိုက္သည္။ chanyeol မေက်နပ္သည့္အလား မ်က္ေမွာင္ၾကဳတ္၏။

"ဘယ္လိုျဖစ္ေနလဲ chanyeol! ေအးေဆးေန.."

Baekhyun စကားပင္မဆံုးေသး။ လက္ဖဝါးေပၚထိေတြ့လိုက္ေသာ ႏႈတ္ခမ္းတစ္စံုႏွင့္အတူ 'ႁပြတ္စ္' ဟူေသာအသံေၾကာင့္ ခပ္ျမန္ျမန္လက္ရုတ္မိလိုက္သည္။ chanyeol ဘာျဖစ္ေနတာလဲ..။ ေျပာေလဆိုးေလျဖစ္ေနသည့္အျပင္ တျခားေန့မ်ားထက္ ပို၍အတင့္ရဲေနသည္။

"ငါျပန္ေတာ့မွာေနာ္ chanyeol!"

chanyeol ေမးေထာက္ကာ ခပ္ၿပံဳးၿပံဳးေျပာ၏။

"အက်ႌမေျခာက္ေသးဘူး hyung"

baekhyun မ်က္ႏွာလႊဲကာ ရယ္လိုက္မိသည္။ ထို႔ေနာက္ ေခါင္းတစ္ခ်က္ခါထုတ္ရင္း ဇလံုကိုျပန္ဆြဲယူကာ ဆက္စားေနလိုက္သည္။ မ်က္စိေရ႔ွရိွ chanyeol ကေတာ့ ယခုခ်ိန္ထိ သူ႔အား ေမးေထာက္ၾကည့္ေနသည္။ ဂရုမစိုက္မိ။

"ကြၽန္ေတာ္ငယ္ငယ္ကတည္းက ကြၽန္ေတာ့္မ်က္စိေရ႔ွမွာ အရာရာ ၿပီးျပည့္စံုတယ္လို႔ သတ္မွတ္ထားတဲ့သူဆိုလို႔ hyung ဘဲရိွတာ.."

ပလုပ္ပေလာင္းဝါးေနရင္း ေမာ့ၾကည့္မိသည္။

"ကြၽန္ေတာ္ ငယ္ငယ္ကတည္းက hyung ကို မထိရက္မကိုင္ရက္ေလာက္တဲ့ထိ ခ်စ္တာဗ် သိလား"

​ႏွာေခါင္းရႈံ႔လ်က္ baekhyun ကို အသည္းယားသည့္ဟန္ ေျပာလာေသာ စကားေၾကာင့္ baekhyun မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္သည္။ ရင္ဘတ္ထဲေဆာင့္ခုန္သြားေသာ္ျငား chanyeol ေျပာသည္မွာ ပထမဆံုးမဟုတ္၍ တည္ၿငိမ္ခ်င္ေယာင္ ေဆာင္လိုက္ႏိုင္သည္။ သို႔ေသာ္ျငား အနီရာင္ျခယ္သြားေသာ ပါးေတြနားရြက္ေတြကေတာ့ ဟန္မေဆာင္ႏိုင္။ သေဘာက်သည္။ ပါးစပ္ထဲမွ ေခါက္ဆြဲအမ်ွင္အား ျဖတ္ၿပီး အျမင္ကပ္ကပ္ႏွင့္ တည္ၿငိမ္စြာပင္ ေျပာလိုက္သည္။

"အဲ့ဒါဆိုလည္း မေန့ညက မထိရက္မကိုင္ရက္အတိုင္းဘဲ ထားပါလား..."

ဘုရားေရ...

ဒါတကယ္ဘဲ Baekhyun ပါးစပ္ကထြက္သြားသည္လား။
ကိုယ္ကိုယ္တိုင္ပင္ မယံုႏိုင္။ ေျပာၿပီးစကား ျပန္ဖ်က္လို႔လည္းမရေတာ့။ ကိုယ့္ဘာကိုယ္ ျပန္သတိထားမိလိုက္ေသာေၾကာင့္ ပူရိွန္းတက္သြားေသာ မ်က္ႏွာအား ဖံုးကြယ္ရန္စဥ္းစားမိသည့္အခ်ိန္တြင္ပင္ chanyeol ရယ္သံၾကားရသည္။ အနည္းငယ္စိတ္ေပါ့ကာ သက္ျပင္းခိုးခ်မိသည္။

"အဲ့ဒါကေတာ့... နည္းနည္းမူးေနေတာ့... စိတ္လြတ္သြားလို႔.."

"ဒါေပမယ့္ ကြၽန္ေတာ္ေပ်ာ္တယ္.."

"......"

စကားစမိတဲ့ မိမိကသာ မွားပါသည္။ သို႔ေသာ္ျငား ယခုကဲ့သို႔ ပြင့္လင္းေနေသာ အေျခအေနကို baekhyun ႀကိဳက္သည္။ chanyeol က ရုတ္တရက္ သတိရသြားသည့္ပံုစံႏွင့္ စကားလမ္းလႊဲ၏။

"အာ.. ဒါနဲ႔ hyung.. မေန့က ကြၽန္ေတာ္ရိွတဲ့ေနရာ ဘယ္လိုသိၿပီးေရာက္လာတာလဲ.."

"မင္းေျပာေတာ့ အကုန္မွတ္မိတယ္ဆို..!"

"အကုန္လို႔မေျပာဘူးေလ hyung.. တစ္ခ်ိဳ႕တစ္ေလေလာက္ဘဲ ဝိုးတိုးဝါးတား မွတ္မိတာပါဆို.."

baekhyun မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။

"အိုဆယ္ဟြန္းဖုန္းစက္လို႔.."

"ေၾသာ္.."

"အိုဆယ္ဟြန္းက မင္းညီေရာ ဟုတ္ရဲ့လား..."

baekhyun ၏ ရုတ္တရက္အေမးေၾကာင့္ chanyeol က နားမလည္သည့္အလား ျပဴးၾကည့္သည္။

"ဘာကိုလဲ hyung.."

baekhyun အိုးထဲမွ ေခါက္ဆြဲဖတ္မ်ားကို တူျဖင့္ထိုးဆြေနရင္း ေမးလိုက္သည္။

"မင္းေျပာေတာ့ ညီအစ္ကိုေတြဆို.. မ်ိဳးရိုးလည္းမတူဘူးေလ.. အို..ဆယ္..ဟြန္း...! ပတ္..ခ်န္း..ေယာလ္..."

တစ္လံုးခ်င္းဆီေရရြတ္ကာ ေျပာမိလိုက္သည္။ Chanyeol ရုတ္တရက္ အေရ႔ွကိုကုန္းကာ ေမး၏။

"ဘယ္သူ႔နာမည္ ပိုလွလဲ..!"

"ေသခ်ာေပါက္ ပတ္ခ်န္းေယာလ္ေပါ့..."

မသိလိုက္မသိဘာသာ လႊတ္ကနဲထြက္သြားမိေသာေၾကာင့္ ပါးစပ္ကိုျပန္ပိတ္ရန္မမွီေတာ့။ အၾကည့္လႊဲကာ မ်က္လံုးအတင္းအက်ပ္ပိတ္ရင္း က်စ္ကနဲစုပ္သက္မိသည္။ chanyeol က သေဘာက်သည့္အလား ရယ္၏။

"ညီအစ္ကိုေတြပါ hyungရဲ့... အိုဆယ္ဟြန္းဆိုတာ သူတျခားေနရာေတြမွာသံုးတာ.. "

"တကယ့္နာမည္အရင္းကေတာ့ ပတ္ဆယ္ဟြန္းဘဲ.."

baekhyun နားမလည္။

"တျခားေနရာေတြမွာသံုးတာ?.."

baekhyun ပလုပ္ပေလာင္းဝါးေနရင္း ေမးလိုက္သည္။ chanyeol စားပြဲေပၚတြင္ လက္ျဖင့္ေမးေထာက္ထားဆဲပင္။ baekhyun အျပဳအမူတစ္ခ်က္ခ်င္းဆီကိုသာ စိုက္ၾကည့္ေနၿပီး baekhyun အေမးတြင္ အာရံုရိွပံုမေပၚေသာ္ျငား ျပန္ေျဖ၏။

"အဲ့ေကာင္က ကလပ္တက္တယ္.. dj တီးတယ္... ေပြတယ္.. ရႈပ္တယ္..! အဲ့ဒါေတြ အကုန္လံုးကို နာမည္အရင္းနဲ႔မဟုတ္ဘဲ အိုဆယ္ဟြန္းအေနနဲ႔ဘဲ သံုးတာေလ..။ သူတို႔ေခၚသလိုဆို stage name ဆိုလားဘာလားဘဲ..! အေဖကမင္းအရႈပ္ထုတ္ေတြအိမ္ကိုသယ္မလာနဲ႔လို႔ ေျပာထားလို႔လည္းပါတယ္.."

ရႈပ္ယွက္ခက္ေနေပမယ့္ baekhyun နည္းနည္းနားလည္သြား၍ ေခါင္းၿငိမ့္လိုက္သည္။ တကယ္ကိုကြာသည္။ ညီအစ္ကိုႏွစ္ေယာက္။

"မင္းအေဖနဲ႔ေရာ အဆင္ေျပရဲ့လား.."

baekhyun မသိမသာေရတစ္ခြက္ေမာ့ခ်ရင္း ေမးလိုက္သည္။ အိုဆယ္ဟြန္းစကားမ်ားအရ အေဖႏွင့္တင္းမာေနေသာ အေျခအေနသည္ ယခုထက္ထိလားဟူ၍ သိခ်င္မိ၍သာ။

"အင္း.. ေျပပါတယ္.. ကြၽန္ေတာ့္ကိုလုပ္ခ်င္တိုင္း လုပ္ခြင့္ေပးထားတယ္ဆိုေပမယ့္ ခုထိအေနာက္က လူလႊတ္ၿပီး လိုက္ၾကည့္ေနတုန္း.."

"ေၾသာ္..."

chanyeol ကုန္သြားေသာေရခြက္ကို အသစ္ထပ္ျဖည့္ေပး၏။

"မင္းရည္းစားေလးဘာေလး မထားခဲ့ဘူးလား တစ္ေယာက္ေလာက္ျဖစ္ျဖစ္.."

တူကိုျပန္ကိုင္ကာ ေခါက္ဆြဲတစ္လုတ္ဆြဲယူမရင္း မသိမသာ ေမးလိုက္ေသာစကားေၾကာင့္ chanyeol မ်က္လံုးလွန္ၾကည့္သည္။ baekhyun တကယ္သိခ်င္၍ ေမးလိုက္ျခင္းပင္။ အနည္းဆံုး အထက္တန္းမဟုတ္ရင္ေတာင္ တကၠသိုလ္ေလာက္ေရာက္ၿပီ ဆိုသည္ႏွင့္ အေတြ့အႀကံဳသစ္ေတာ့ စမ္းခ်င္ၾကသည္မွာ ေယာက်္ားေလးမ်ားပင္မဟုတ္ လူတိုင္းနီးပါးပင္။ ၅ႏွစ္ေတာင္ေလ။

"Hyung ကိုလြမ္းေနရတာနဲ႔ အဲ့ဒီကိစၥေတြ စဥ္းစားဖို႔ေတာင္အခ်ိန္မရိွဘူး.."

"......."

ေမးေထာက္ၿပီးေျပာေနသည့္ chanyeol က သာမန္လ်ွံကာအေၾကာင္းအရာေလးတစ္ခုကို ေဆြးေနြးေနသည့္အလား။ အၾကည့္က baekhyun ေခါက္ဆြဲျပဳတ္ကို တဖူးဖူးမႈတ္ေနေသာ ႏႈတ္ခမ္းေပၚသာေရာက္ေနေသာ္ျငား baekhyun မသိ။ ေခါက္ဆြဲျပဳတ္၌သာ အာရံုပို႔ခ်င္ေယာင္ေဆာင္ထားသည္။ ၅ႏွစ္ေတာင္ေလ..။
တစ္ေယာက္ေလးေတာင္ မထားခဲ့ဘူးဆိုတာ ျဖစ္ႏိုင္လို႔လား...။

"မင္းငါ့ကိုဘယ္အခ်ိန္ကတည္းက အဲ့လို မရိုးမသားစိတ္ေတြ ဝင္ေနတာလဲ.. ဟမ္"

တူကိုေဘးခ်ကာ မေနႏိုင္ေတာ့၍ ေမးခ်လိုက္ေသာ စကားေၾကာင့္ chanyeol က ၿပံဳးသည္။ အနည္းဆံုး ယခုကဲ့သို႔ ပြင့္လင္းေနသည့္ အေျခအေနတြင္ စကားေျပာရသည္မွာ အလြန္ေကာင္းသည္။ ယခုစကားဝိုင္းကို အတတ္ႏိုင္ဆံုးမျဖတ္မိေစရန္ အေၾကာင္းအရာမ်ားကိုသာ တစ္ခုၿပီးတစ္ခု ရွာေျပာေနျခင္းလည္း ျဖစ္မည္ထင္သည္။

"စစခ်င္းေတြ့ကတည္းက.."

baekhyun မ်က္လံုးပင့္လိုက္သည္။

"အိမ္ကိုဆန္မုန္႔လာေပးတုန္းကလား.."

"အဲ့ထက္ေစာတယ္.."

တူကိုျပန္ကိုင္လိုက္သည့္ baekhyun လက္ ေအာက္ျပန္က်သြားသည္။

"အဲ့ထက္... ေစာတယ္..? ဘယ္တုန္းကလဲ.."

baekhyun မမွတ္မိ။ baekhyun ပထမဆံုးေတြ့သည့္အခ်ိန္သည္ ထိုေန့ညက chanyeol အူေၾကာင္ေၾကာင္ပံုစံႏွင့္ ဆန္မုန္႔ဘူးႀကီး ထိုးေပးသြားေသာ အခ်ိန္ျဖစ္သည္။ အဲ့ထက္ေစာသည့္အခ်ိန္ကို baekhyun မသိ။

"အရမ္းႀကီးလည္းမေစာပါဘူး.. hyung ရဲ့..။ အဲ့တုန္းက အေမကေဘးအိမ္ကိုဆန္မုန္႔သြားေပးခိုင္းေပမယ့္ ကြၽန္ေတာ္ေၾကာက္လို႔ဆိုၿပီး ျငင္းေနခဲ့တာ... ဒါေပမယ့္ ျပတင္းေပါက္ဖြင့္လိုက္ခ်င္း hyung အဝတ္လဲေနတာကို ေတြ့လိုက္လို႔... နည္းနည္းစိတ္ဝင္စားသြားတာနဲ႔ လာေပးတာ.."

[AN :: Part 2 မွာအရိပ္ျပေပးခဲ့ပါတယ္ရွင့္~]

"မင္း..... ႏွာဘူးေကာင္..!"

ထစ္အအျဖင့္ baekhyun ၏ အံ့ဩမင္သက္ေနသည့္စကားအား chanyeol က ျပာျပာသလဲလဲ ျငင္းခ်က္ထုတ္သည္။

"hyung ကလည္း.. အဲ့တုန္းက ကြၽန္ေတာ္ျပတင္းေပါက္ ဖြင့္ဖြင့္ခ်င္း မေတာ္တဆေလဗ်ာ.."

"ဘာပဲျဖစ္ျဖစ္.. မင္းတျခားအခ်ိန္ေတြဆိုလည္း ေခ်ာင္းၾကည့္ေနတတ္တာ ငါမသိဘူးမ်ားမွတ္ေနလား.. ငါကေတာ့အဲ့တုန္းက ကေလးဘဲ..ဆိုၿပီးဘာမွမေျပာမိတာ.."

chanyeol အျမန္ဝင္ျဖတ္ျပန္သည္။

"အာ.... အဲ့ဒါ hyung မို႔လို႔ေလ...! က်န္တဲ့သူေတြဆို ကြၽန္ေတာ္ မ်က္လံုးေလးေတာင္ ေဆြၾကည့္တာမဟုတ္ဘူး..! ၿပီးရင္ကြၽန္ေတာ္ ဘယ္တုန္းကမွ ေခ်ာင္းမၾကည့္ပါဘူး.. အၿမဲေပၚတင္ဘဲၾကည့္ အ!"

အေခါက္ခံလိုက္ရေသာ ေခါင္းထိပ္မွ ခြပ္ ဟူေသာ အသံက်ယ္ႀကီးႏွင့္အတူ chanyeol အသံနက္ႀကီးကပါ တစ္ဆက္တည္းထြက္လာသည္။ baekhyun လက္ႏွင့္ေတာ့မဟုတ္။ ေခါက္ဆြဲျပဳတ္အရည္ခပ္ေသာက္ေနေသာ ဇြန္းခြက္ႏွင့္ေခါက္လိုက္ျခင္း။ တစ္ခုခုဆို ပါးစပ္ထက္လက္ျမန္သည့္ အက်င့္ကလည္း မားဆီကဘဲလားမသိ။ ေခါင္းထိပ္ေလးကို အသာပြတ္ေနၿပီး မ်က္ႏွာကစူပုပ္ပုပ္။ baekhyun စူးစိုက္ၾကည့္ေနၿပီး သတၲိရိွရင္ထပ္ေျပာၾကည့္ ဟူေသာအၾကည့္ေအာက္ chanyeol ၿငိမ္သြား၏။

"အဲ့တုန္းက hyung အနားကိုကပ္ဖို႔ဆိုတာ ကြၽန္ေတာ့္အတြက္ တကယ္မလြယ္ဘူးဗ်.. သိရဲ့လား.."

ေခါင္းအေခါက္ခံရမည့္ စကားစုတို႔ကို ေရွာင္ကြင္းၿပီး တျခားအေၾကာင္းေျပာလာျပန္သည္။ ေျပာခ်င္ေသာ္ျငား လက္သံကိုလည္းေၾကာက္သည့္အလား စူပုပ္ပုပ္။ baekhyun မ်က္ေမွာင္ၾကဳတ္လိုက္မိသည္ ထင္၏။

"hyung က အၿမဲ အဲ့လို မ်က္ႏွာႀကီးတည္ထားတတ္ေတာ့ ကြၽန္ေတာ့္မွာ အနားတစ္ခါကပ္ဖို႔ ေျခေတြလက္ေတြပါ တုန္တယ္.."

baekhyun ရယ္လိုက္မိသည္ထင္၏။ chanyeol ေခါင္းပြတ္ေနသည့္လက္ကိုခ်ကာ အနည္းငယ္ ျပန္ရဲလာ၏။

"hyung ရယ္ရင္ အရမ္းခ်စ္ဖို႔ေကာင္းတာကို.. အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ငယ္ငယ္ကတည္းက hyung ကို ရယ္ရင္ေတာင္မွ ကြၽန္ေတာ့္ေၾကာင့္ဘဲျဖစ္ေစခ်င္ခဲ့တာ.."

"......."

baekhyun ခ်က္ခ်င္းပင္ မ်က္ႏွာတည္ကာ တူျပန္ကိုင္လိုက္သည္။ ေမးေထာက္ကာ ၿပံဳးစစေျပာလာေသာ chanyeol စကားမ်ားအား baekhyun ျငင္းဆန္ျခင္းလည္းမျပဳသကဲ့သို႔ ေထာက္ခံျခင္းလည္းမျပဳ။ chanyeol ကေတာ့ ထိုစကားမ်ားကို မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး ေျပာရသည္ကို အလြန္တရာမွ ႀကိက္ႏွစ္သက္ေနပံုရသည္။ baekhyun ကုန္ခါနီးေခါက္ဆြဲျပဳတ္အိုးထဲမွ အရည္တစ္ဇြန္း ခပ္ေသာက္ၿပီးသည္ႏွင့္ ဇြန္းအားေဘးခ်လိုက္သည္။

"ငါျပန္ေတာ့ရင္ ေကာင္းမယ္.."

"ဟမ္!"

ေမးေထာက္ကာၿပံဳးေနရင္းမွ အလန္႔တၾကား ျပန္ေျဖျပန္သည္။

"အက်ႌမေျခာက္ေသးဘူးေလ.. ကြၽန္ေတာ့္အက်ႌႀကီးယူဝတ္သြားမလို႔လား.."

မ်က္လံုးက ခႏၲာကိုယ္ေပၚေဝ့ဝဲက်လာၿပီး ဆိုေသာစကားေၾကာင့္ baekhyun ျပန္ေမးလိုက္သည္။

"ဘာလို႔ငါျပန္မွာကို အတင္းဆြဲေနရတာတုန္း.."

ထိုအခါမွ chanyeol လက္ညိုးျဖင့္ နားထင္နားကုတ္ကာ တိုးဖ်ဖ်ဆို၏။

"ဒီေန့က.... ကြၽန္ေတာ့္နားရက္ေလ.. hyung ဒီမွာေနေပးလို႔မရဘူးလား.."

ခြင့္ေတာင္းသည့္မ်က္ဝန္းမ်ားႏွင့္ ေျပာလာေသာ စကားေၾကာင့္ baekhyun မ်က္လံုးျပဴးသြားသည္။

"hyung လည္းခြင့္တိုင္ထားတယ္မလား.. ကြၽန္ေတာ္မားကိုလည္း ေသခ်ာရွင္းျပေပးထားပါတယ္ hyungရဲ့.. ၿပီးေတာ့ ကြၽန္ေတာ္နည္းနည္းေနလို႔မေကာင္းလို႔.."

သနားစဖြယ္မ်က္ဝန္းအတိႏွင့္မို႔ baekhyun လက္က ခပ္ျမန္ျမန္ပင္ နဖူးေပၚေရာက္သြား၏။ ပူျခစ္ေတာက္ေနသည္ေတာ့မဟုတ္ အနည္းငယ္ေတာ့ေနြးေန၏။ ခုနကမွ ရင္ျပည့္ေနသည္ဟူေသာ စကားသံကို ျပန္လည္အမွတ္ရမိသည္မို႔ စိတ္မပူဘဲမေနႏိုင္။ မလိမ္ခ်င္ဘဲလိမ္ေနရသည့္ ကေလးတစ္ေယာက္ကဲ့သို႔ chanyeol မ်က္ဝန္းတို႔မတည္မၿငိမ္ျဖစ္ေနသည္ကို baekhyun သတိမထားမိ။ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ခ်ကာ ေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္တက္ႂကြသြားကာ အၿပံဳးပန္းေဝဆာလာ၏။ baekhyun မသိမသာသက္ျပင္းခ်လိုက္မိသည္။

"ကြၽန္ေတာ္ငယ္ငယ္တည္းက hyung အနားမွာေနရရင္ ဘာလို႔အရမ္းေပ်ာ္မွန္းမသိဘူး"

သြားၿဖဲျပကာဆိုလာေသာ ဆိုလာေသာ chanyeol စကားေၾကာင့္ baekhyun မ်က္ႏွာလႊဲကာ မသိမသာၿပံဳးလိုက္မိသည္။ baekhyun လည္းမသိ။ ခုနကမွစားထားသည့္ ကင္မ္ခ်ီေခါက္ဆြဲျပဳတ္က ဘာလို႔ခ်ိဳေနမွန္း..။ ေမာ့ေသာက္ခ်မိလိုက္သည့္ ေရလည္းခ်ိဳသည္။ ရႉရိႈက္ေနရသည့္ေလကအစ။ အပိုေျပာျခင္းမဟုတ္။ chanyeol ေတာ့မသိႏိုင္ေသာ္ျငား သူကိုယ္တိုင္လည္းေပ်ာ္ေနသည္ကို စိတ္ထဲအသာဝန္ခံမိသည္။

_______________•°•°•°

မုန္တိုင္းေတြ အတိုက္ခံရတာပင္ပန္းတယ္မလား
တိုက္ရတဲ့သူလည္း ပင္ပန္းပါတယ္ရွင္..xD

ဆိုေတာ့ အခ်ိဳေလးေတြခ်ည္း ေရးသြားမယ္
အခ်ိဳေတြမ်ားလို႔အီတဲ့အခါ အစပ္ေလးေရာၿပီး ပူပူေလာင္ေလာင္ေလး ဖန္တီးေပးရတာေပါ့ xD
ခ်စ္တယ္ရွင့္~!💖


Continua a leggere

Ti piacerà anche

33.9K 1.2K 21
Previously known as •MR. PLAYBOY• taerose Kim taehyung known as a playboy in their school meets Rosé the new student. What will happen if they meet...
84.6K 2.5K 50
"What are you doing." I said in slight pain "You said you don't wanna be treated like a little girl, right? Then I'll treat you like a woman. This me...
53K 1.3K 34
A black rose pops up outside Elena's house she doesn't know waht it means but she doesn't think that it is good. She has one thing in her mind protec...
673K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...