Zawgyi
မိဘေတြနဲ႕အတူေပ်ာ္ပြဲစားထြက္ဖို႔စီစဥ္ထားေပမယ့္ အေဒၚနဲ႕တူေလးကအေၾကာင္းမၾကားထားပဲေရာက္လာသည္မို႔ အနီးအနားက Park တစ္ခုကိုသာထြက္လာခဲ့သည္...Park ေဘးနားမွာ ကစားကြင္းလည္းရွိတာမို႔ ကေလးအတြက္လည္းအဆင္ေျပသည္ေလ...
ရီးေဖး မ်က္ႏွာမွာၿပဳံးထားေပမယ့္ရင္ထဲမွာေတာ့စိုးရိမ္ေနသည္...ကိုကခုတေလာထူးဆန္းေနသည္မဟုတ္လား...ဟိုေန႕ကလည္း ကို႔ဖုန္းကိုေမွ်ာ္ေနေပမယ့္ ဆက္မလာ...မေန႕ကလည္း ေမွ်ာ္ေနပါေသးတယ္ မေနနိုင္တဲ့အဆုံးေတာ့ ကိုယ့္ဘက္ကပဲအရင္ဆက္လိုက္သည္...ဖုန္းေျပာေတာ့လည္း အရင္တုန္းကလို တီတီတာတာစကားေလးေတြမၾကားရ...မိဘေတြနဲ႕ေပးေတြ႕ေပးမယ္ဆိုေတာ့လည္း မျငင္းေပမယ့္ အလ်င္အျမန္ပင္ အေၾကာင္းျပခ်က္တစ္ခုနဲ႕ေရွာင္လႊဲသြားသည္...ေကာလဟာလေတြက တကယ္မ်ားလား?...မျဖစ္နိုင္ပါဘူးေလ...
အင္း...ကိုစာေတြလုပ္ေနရလို႔ေနမွာပါ...
တစ္မနက္လုံးအသံတိတ္ေနတဲ့ ရီေဖးကို မားကေတာင္ ဘာျဖစ္ေနတာလဲလို႔ေမးေသးတယ္...ေနမေကာင္းခ်င္လို႔ လို႔ပဲလိမ္လိုက္ပါတယ္...ကို႔ကိုအျမင္မေစာင္းေစခ်င္ဘူးေလ...
ေန႕လည္ေလာက္ေရာက္ေတာ့ ျပန္ဖို႔လုပ္ၿပီး ကားေပၚေတာင္ေရာက္ေနၿပီ တူေလးရဲ႕အ႐ုပ္ကParkထဲက်န္ခဲ့တာမို႔ တစ္ေယာက္တည္းျပန္ဝင္လာလိုက္သည္...
အ႐ုပ္ယူၿပီးျပန္အထြက္...ထြက္ေပါက္နားမွာကို႔ကို ေဘးေစာင္းေလးလွမ္းေတြ႕လိုက္သည္လိုက္ဖို႔ျပင္လိုက္ေပမယ့္ အေရွ႕မွာ ေကာင္ေလးတစ္ေယာက္ လဲက်သြားတာမို႔ ထူၿပီးေခၚၾကည့္ေတာ့ သတိရွိမေန ေဘးနားကလူေတြကိုအကူညီေတာင္းၿပီး ေဆး႐ုံကိုလိုက္ပို႔ရင္း ေကာင္ေလးဘက္ကိုအသိေပးဖို႔ေကာင္ေလးဖုန္းကိုယူၾကည့္လိုက္ေတာ့ lock မခတ္ထား အဲ့ဒါနဲ႕ no(1)မွာရွိေနတဲ့ (ကိုကို❤)ဆိုတဲ့ content ေလးကိုဆက္လိုက္သည္...တစ္ဖက္ကအသံကၾကားဖူးသလိုရွိေနေပမယ့္ ေတြးမရတာေၾကာင့္ဆက္မေတြးမိေတာ့...
ေဆး႐ုံေရာက္ေတာ့ ေကာင္ေလးကသတိရလာသည္...နာမည္က ဝမ္ရိေပၚ တဲ့...
ပါးေဖာင္းေဖာင္းေလးေတြနဲ႕ ျဖဴျဖဴေဖြးေဖြးခ်စ္စရာေလး...ဆရာဝန္ေရာက္လာေတာ့ ေကာင္ေလးက "ဟိုေလ ခိုင္းတယ္လို႔ေတာ့မထင္ပါနဲ႕ ကြၽန္ေတာ္ေရေသာက္ခ်င္လို႔ ေရဘူးေလးဝယ္ေပးပါလားဟင္ ဟီး"ဆိုၿပီးနည္းလွလွေလးနဲ႕ ေလးနဲ႕ဖယ္ထုတ္သည္ သူလည္းခုမွေတြ႕တဲ့သူစိမ္းမို႔ အလိုက္တသိပဲေရွာင္ထြက္ေပးလိုက္ပါသည္...
ေဆး႐ုံအျပင္ေရာက္ေတာ့မွ မားတို႔ကိုသတိရ၍ ဖုန္းလွမ္းဆက္ၾကည့္ေတာ့ ေစာင့္ရတာၾကာေနလို႔အိမ္ျပန္ႏွင့္လိုက္ၿပီတဲ့...
ေတာ္ေသးတာေပါ့...
"ေခါင္းမူးတယ္ဆိုတာ ဘာမွမဆန္းတာမွန္ေပမယ့္ ခုလိုအေကာင္းတိုင္းကေနထျဖစ္တာကေတာ့ စိုးရိမ္ရတယ္ေလ မေတာ္လို႔မေန႕ကကိစၥေၾကာင့္ ေခါင္းအထဲမွာတစ္ခုခုျဖစ္သြားတာဆိုရင္ဘယ္လိုလုပ္မလဲ"
အခန္းတံခါးေရွ႕ေရာက္ေတာ့ ၾကားေနရတဲ့အသံေတြေၾကာင့္ ေကာင္ေလးဘက္ကအသိ ေရာက္ေနၿပီဆိုတာသိလိုက္သည္...
တံခါးဖြင့္အခန္းထဲဝင္လိုက္တဲ့အထိ သူတို႔ကသိပုံမေပၚ တံခါးရဲ႕မ်က္ေစာင္းထိုးမွာရွိတဲ့ကုတင္ေပၚကေကာင္ေလးက တံခါးကိုေနာက္ေက်ာေပးထားတဲ့ ေကာင္ေလးနဲ႕ကြယ္ေနသည္...တစ္ခ်က္တစ္ခ်က္ ထြက္လာတဲ့စကားသံကကို႔အသံႏွင့္ေတာ္ေတာ္တူသည္...ေနာက္ေက်ာပုံစံကလည္းကို႔အတိုင္းပင္...ေနာက္ၿပီး အက်ႌ ကလည္း...ဟင္ ကိုမ်ားလား?
တြဲလာတာၾကာၿပီ ကို႔မွာညီရွိတယ္လို႔တစ္ခါမွမၾကားဖူး ေဆြမ်ိဳးေတြထဲကျဖစ္ရေအာင္လည္း ကို႔မွာအေဖတစ္ေယာက္ကလြဲၿပီး ဘယ္သူမွမရွိ...
သူငယ္ခ်င္းတစ္ေယာက္ေျပာျပဖူးတဲ့ 'ေရွာင္းက်န့္က သူတို႔ေက်ာင္းကသူေဌးသားတစ္ေယာက္နဲ႕တြဲေနတာ' ဆိုတဲ့ စကားကိုျပန္ၾကားေယာင္လာသည္...မျဖစ္နိုင္ပါဘူး မျဖစ္နိုင္ဘူး...
"မဟုတ္ေလာက္ပါဘူး ဒီအတိုင္းေနအရမ္းျပင္းလို႔ျဖစ္တာပါ"
"ဒါေပမယ့္..."
<မြ>
"ဟီး ကိုကို႔ကို အရမ္းခ်စ္တာပဲ"
ရီေဖးတစ္ခုခုေျပာဖို႔ျပင္လိုက္ေပမယ့္ စကားလုံးမ်ားကလည္ေခ်ာင္းတြင္တစ္သြားသည္...သူထင္တာမမွားေလာက္ဘူး...သူငယ္ခ်င္းေတြေျပာျပၾကေပမယ့္ သူမယုံခဲ့ ကိုအခ်စ္ကိုသူအႂကြင္းမဲ့ယုံၾကည္သည္မို႔...ဒါေပမယ့္ ခုေတာ့...
"ဟိုေလ"
"ေအာ္ အမ"
ရီေဖးအားတင္းကာေျပာလိုက္ေတာ့ တံခါးဘက္သို႔ ေက်ာ္ၾကည့္လာေသာ ဝမ္ရိေပၚ ဆိုတဲ့ေကာင္ေလးရယ္...လွည့္ၾကည့္လာေသာခ်စ္ရသူရယ္...
"ရီေဖး?"
ရီေဖးကိုျမင္ေတာ့ ေရွာင္းက်န့္ မ်က္ႏွာမွာအံ့ၾသမႈအတိုင္းသား...
"ကိုကိုနဲ႕အမကသိၾကတာလား"
ေရွ႕ကတစ္ေယာက္နဲ႕တစ္ေယာက္စိုက္ၾကည့္ေနၾကေသာေၾကာင့္ရိေပၚေမးလိုက္သည္...
ထို႔ေတာ့မွအမရီေဖးက
"ေအာ္ အင္း အထက္တန္းတုန္းကခင္ဖူးတာပါ"
လို႔ေျပာၿပီးေရဘူးကိုစားပြဲေပၚလာတင္သည္...ကိုကိုကေတာ့ဘာမွမေျပာေသး...
"ကိစၥရွိေသးလို႔ အမကိုခြင့္ျပဳပါဦး"
"ဟုတ္ ကူညီေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"
အမရီေဖးကအၿပဳံးေလးနဲ႕ေျပာလာသည္...မိန္းမလွတစ္ေယာက္ျဖစ္သည့္အေလ်ာက္ ၿပဳံးလိုက္ရင္လွတယ္ဆိုေပမယ့္ မ်က္ဝန္းထဲမွာေတာ့ဝမ္းနည္းရိပ္မ်ားသန္းေနသလို...
အမထြက္သြားသည့္တိုင္ တံခါးဝကိုေငးၾကည့္ေနတဲ့ကိုကို
"ကိုကို"
"ေအာ္ ရိေပၚ အျပင္မွာေနျပင္းေနေသးတယ္ ဒီမွာပဲခဏေနလိုက္ဦး ကိုယ္ပိုက္ဆံရွင္းထားေပးမယ္ ညေနက်ရင္ျပန္လာေခၚမယ္"
စကားေတြေျပာၿပီး ထြက္သြားလိုက္တာ ျပန္ေျပာခ်ိန္ေတာင္မရ...
သတိမေပးလိုက္ရေပမယ့္ ကိုကိုသတိရမွာပါေလ...
~~~~~~~~~Hurt~~~~~~~~~
"လမ္းခြဲေပးေစခ်င္ရင္လည္း ရပါတယ္"
ေကာ္ဖီဆိုင္ေလးအတြင္းတိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သည့္ ရီေဖးရဲ႕အသံ...
စကားအဆုံး စားပြဲကိုသာစိုက္ၾကည့္ေနတဲ့ ေရွာင္းက်န့္ ကအလန့္တၾကားေမာ့ၾကည့္လာသည္...
"မဟုတ္ဘူးရီေဖး ကိုယ္ရွင္းျပမယ္"
ေရွာင္းက်န့္ ကိုၾကည့္ေနတဲ့ရီေဖးမ်က္ဝန္းမ်ားက ေမွ်ာ္လင့္ခ်က္မ်ားျဖင့္...
ရွင္းျပေစခ်င္တဲ့ပုံ...
"ဟင္း..."
ေရွာင္းက်န့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး သူဘယ္သူမွကိုမေျပာျပဖူးတဲ့ အေၾကာင္းကိုေျပာျပလိုက္သည္...
//////////////////////////////////////
Flashback
ေရွာင္းက်န့္တို႔မိသားစုကမဆင္းရဲသလို ခ်မ္းသာသည္လည္းမဟုတ္ သာမန္မွ်သာ ေရွာင္းက်န့္ရဲ႕မားက ေရွာင္းက်န့္အလယ္တန္းေလာက္ကတည္းကဆုံးသြားသည္...ေရွာင္းက်န့္ရဲ႕ပါးကဝမ္ကုမၸဏီက ဝန္တမ္းတစ္ဦး သားအဖႏွစ္ေယာက္တည္းရွိတာမို႔ ဝန္တမ္းတစ္ဦးရဲ႕လခ နဲ႕ဖူလုံနိုင္သည္
ေရွာင္းက်န့္ မွာငယ္ငယ္ကတည္းကသူငယ္ခ်င္းမရွိ...လူခ်မ္းသာရပ္ကြက္မွာေနတာျဖစ္လို႔ သူေဌးသားေတြသာရွိသည္...သူတို႔ရဲ႕ေနာက္လိုက္ေခြးလုပ္ဖို႔အတြက္ ေရွာင္းက်န့္ရဲ႕မာနကခြင့္မျပဳ...အဲ့ဒါေၾကာင့္တကိုယ္တည္းသာေနသည္...အေဖာ္မရွိေတာ့ အခ်ိန္တိုင္းစာထဲေခါင္းနစ္ေနတာမို႔ ေက်ာင္းတြင္စာအေတာ္ဆုံးျဖစ္သည္...ရီေဖးနဲ႕ကေတာ့ေက်ာင္းတြင္မ်က္မွန္းတန္းမိ႐ုံသာ...
ေက်ာင္းၿပီးေတာ့ ေရွာင္းက်န့္ကေဆးေက်ာင္းကို ပညာသင္ဆုနဲ႕ဝင္ေရာက္ခဲ့သည္...အစကေရွာင္းက်န့္ကသေဘာေကာင္းၿပီးေပ်ာ္ေပ်ာ္ေနတတ္သည္...ပန္းခ်ီဆြဲဝါသနာပါတာေၾကာင့္ ပန္းခ်ီသင္တန္းတက္ရင္း ရီေဖးနဲ႕ျပန္ေတြ႕သည္...စကားတစစေျပာရင္း ရင္းႏွီးကာ ခ်စ္သူေတြျဖစ္လာခဲ့ၾကသည္...ေနာက္ပိုင္းက်ေတာ့ သူငယ္ခ်င္းအေပါင္းအသင္းေတြရလာတာကတစ္ေၾကာင္း...ပညာတတ္ျဖစ္လာတာကတစ္ေၾကာင္းေၾကာင့္ ေရွာင္းက်န့္ ရဲ႕ပုံကခပ္မိုက္မိုက္ျဖစ္လာသည္ Major King ျဖစ္တဲ့အျပင္ The Whole King ပါျဖစ္လာသည္...
တစ္ေန႕စာသင္ခ်ိန္ေက်ာင္းအုပ္ႀကီးကေခၚလို႔႐ုံးခန္းဘက္ကိုတစ္ေယာက္တည္းလာခဲ့လိုက္သည္
႐ုံးခန္းေရာက္ေတာ့ ေက်ာင္းအုပ္ႀကီးအျပင္ လူႀကီးတစ္ေယာက္ပါရွိသည္...
"ေအာ္ သားေရွာင္းက်န့္ သားကိုဝမ္သူေဌးက ေတြ႕ခ်င္လို႔ဆိုလို႔
သူေဌး သူကသူေဌးေျပာတဲ့ေရွာင္းက်န့္ပါ ေအးေဆးစကားေျပာၾကပါဦး"
ေက်ာင္းအုပ္ႀကီးကေတာင္ ရိုရိုေသေသနဲ႕ေျပာေနသည္...မထူးဆန္းပါ Wang group ကဘယ္ေလာက္ခ်မ္းသာတယ္ဆိုတာ သူသိတာပဲေလ...
ဝမ္ဥကၠဌက သူ႕ကိုေခါင္းအစေျခအဆုံးၾကည့္ၿပီး...
"ထိုင္ပါဦး"
ေရွာင္းက်န့္ ဝင္ထိုင္လိုက္ၿပီး
"ဘာကိစၥရွိလို႔လဲဗ်"
"အဟမ္း ေမာင္ရင့္ကိုအကူအညီေတာင္းစရာရွိလို႔"
"ကြၽန္ေတာ့္ကို?"
အေနာက္ကေနသံေယာင္လိုက္ရင္း ေမးလိုက္မိေတာ့ ေခါင္းၿငိမ့္ျပသည္...ေနပါဦး သူ႕လိုသူေဌးက ကြၽန္ေတာ့္လို ဆင္းရဲသားဆီက ဘာအကူအညီမ်ားလိုခ်င္တာပါလိမ့္?
"ဘာမ်ားလဲ"
ေရွာင္းက်န့္ ရယ္လိုက္ၿပီးျပန္ေမးလိုက္သည္...သို႔ေပမယ့္ အရယ္မ်ားကၾကာၾကာမခံပါ...ဥကၠဌဝမ္ ရဲ႕စကားေၾကာင့္ ေဒါသထြက္သြားသည္...ဘာတဲ့ သူ႕သားနဲ႕တြဲေပးရမယ္? ကိုယ္က႐ုပ္ေခ်ာတာေတာ့ဟုတ္ပါၿပီ ဒါေပမယ့္ဒါႀကီးကေတာ့မျဖစ္နိုင္ဘူးေလ...ေနာက္ၿပီးသမီးေတာင္မဟုတ္ဘူး သားနဲ႕တဲ့လား...ဘယ္လိုအေဖတစ္ေယာက္ရဲ႕ပါးစပ္က ထြက္လာတဲ့စကားပါလိမ့္...
"မျဖစ္နိုင္ဘူး"
သူလ်င္လ်င္ျမန္ျမန္ပဲျငင္းလိုက္သည္...
"ဘာလို႔္လဲ "
"ေယာက်္ားေလးအခ်င္းခ်င္းတြဲရေအာင္ ကြၽန္ေတာ္ gay မဟုတ္ဘူး! ေယာက်္ား ေလးေတြကိုလည္းစိတ္မဝင္စားဘူး! အဲ့ဒါေၾကာင့္ဒါကို ဒီမွာပဲေတာ္လိုက္ပါေတာ့"
ေရွာင္းက်န့္ ေျပာၿပီးတာနဲ႕ထထြက္လာလိုက္သည္...
"ေရွာင္းက်န့္! "
ေျခလွမ္းေတြက တံခါးနားမေရာက္ခင္တုံ႕ခနဲ...
"မင္းက ဒီေက်ာင္းကိုပညာသင္ဆုနဲ႕တက္ေနတာေနာ္"
ေရွာင္းက်န့္ မသြားေသးဘဲဆက္နားေထာင္ေနသည္...
"ခုနက ေက်ာင္းအုပ္ႀကီးကငါ့ကိုဘယ္လိုဆက္ဆံလဲဆိုတာ မင္းသိပါတယ္ ျပစ္မႈတစ္ခုရွာခိုင္းလိုက္ၿပီး ခုခ်က္ခ်င္း ပညာသင္ဆုကို႐ုတ္သိမ္းလိုက္လို႔ရတယ္ေနာ္"
ေရွာင္းက်န့္ နည္းနည္းေတြေဝသြားသည္...ဒါေပမယ့္ သူဘာအျပစ္မွမလုပ္ထားတာမို႔
"ကြၽန္ေတာ္မွာ ဘာျပစ္မႈမွမရွိဘူး"
"မရွိတာကိုရွိေအာင္လုပ္လို႔ရတဲ့နည္းေတြအမ်ားႀကီးပါ "
ဟက္ ဒါလားအကူအညီေတာင္းတာ ဘယ္လိုယုတ္မာရတာလဲ!!
"ခင္ဗ်ား!!!"
ေအာ္လိုက္ေတာ့ ေျပာဆိုတဲ့ပုံစံနဲ႕မ်က္ခုံးပင့္ျပသည္...
"ခင္ဗ်ားဘာသာ ဘာနည္းပဲသုံးသုံး ကြၽန္ေတာ္ေသရင္ေတာင္ ခင္ဗ်ားေျပာတဲ့အတိုင္းမလုပ္ဘူး"
ပိတ္ေျပာပစ္ၿပီးထြက္လာလိုက္သည္...အေနာက္မွာဘယ္လိုက်န္ခဲ့မယ္မွန္းေတာ့မသိ...ဂ႐ုလည္းမစိုက္...စာသင္ခ်င္စိတ္လည္းမရွိတာေၾကာင့္အိမ္ကိုသာျပန္လာခဲ့လိုက္သည္...မျပန္ခင္ေတာ့ ေက်ာင္းႀကီးကို ႏွေျမာစြာၾကည့္မိသည္...ဟုတ္သည္ေလ ေနာက္ဆုံးတစ္ႏွစ္ပဲက်န္ေတာ့တာကိုး သူသိမ္းေတာ့ေကာ ဘာျဖစ္လဲ? အလုပ္လုပ္ၿပီး တက္လို႔ရတာပဲ သားအဖႏွစ္ေယာက္မို႔ ပိုပိုလိုလို သိမ္းထားတဲ့ေငြေတြလည္းရွိတာပဲ!!
တစ္ဖက္က႐ုံးခန္းထဲမွာက်န္ခဲ့တဲ့ ဝမ္ဥကၠဌကေတာ့ မ်က္ႏွာမေကာင္းစြာျဖင့္...
*ဟင္း...မာနႀကီးတယ္ဆိုတာတကယ္ပါလား*
...................TBC.................
Unicode
မိဘတွေနဲ့အတူပျော်ပွဲစားထွက်ဖို့စီစဥ်ထားပေမယ့် အဒေါ်နဲ့တူလေးကအကြောင်းမကြားထားပဲရောက်လာသည်မို့ အနီးအနားက Park တစ်ခုကိုသာထွက်လာခဲ့သည်...Park ဘေးနားမှာ ကစားကွင်းလည်းရှိတာမို့ ကလေးအတွက်လည်းအဆင်ပြေသည်လေ...
ရီးဖေး မျက်နှာမှာပြုံးထားပေမယ့်ရင်ထဲမှာတော့စိုးရိမ်နေသည်...ကိုကခုတလောထူးဆန်းနေသည်မဟုတ်လား...ဟိုနေ့ကလည်း ကို့ဖုန်းကိုမျှော်နေပေမယ့် ဆက်မလာ...မနေ့ကလည်း မျှော်နေပါသေးတယ် မနေနိုင်တဲ့အဆုံးတော့ ကိုယ့်ဘက်ကပဲအရင်ဆက်လိုက်သည်...ဖုန်းပြောတော့လည်း အရင်တုန်းကလို တီတီတာတာစကားလေးတွေမကြားရ...မိဘတွေနဲ့ပေးတွေ့ပေးမယ်ဆိုတော့လည်း မငြင်းပေမယ့် အလျင်အမြန်ပင် အကြောင်းပြချက်တစ်ခုနဲ့ရှောင်လွှဲသွားသည်...ကောလဟာလတွေက တကယ်များလား?...မဖြစ်နိုင်ပါဘူးလေ...
အင်း...ကိုစာတွေလုပ်နေရလို့နေမှာပါ...
တစ်မနက်လုံးအသံတိတ်နေတဲ့ ရီဖေးကို မားကတောင် ဘာဖြစ်နေတာလဲလို့မေးသေးတယ်...နေမကောင်းချင်လို့ လို့ပဲလိမ်လိုက်ပါတယ်...ကို့ကိုအမြင်မစောင်းစေချင်ဘူးလေ...
နေ့လည်လောက်ရောက်တော့ ပြန်ဖို့လုပ်ပြီး ကားပေါ်တောင်ရောက်နေပြီ တူလေးရဲ့အရုပ်ကParkထဲကျန်ခဲ့တာမို့ တစ်ယောက်တည်းပြန်ဝင်လာလိုက်သည်...
အရုပ်ယူပြီးပြန်အထွက်...ထွက်ပေါက်နားမှာကို့ကို ဘေးစောင်းလေးလှမ်းတွေ့လိုက်သည်လိုက်ဖို့ပြင်လိုက်ပေမယ့် အရှေ့မှာ ကောင်လေးတစ်ယောက် လဲကျသွားတာမို့ ထူပြီးခေါ်ကြည့်တော့ သတိရှိမနေ ဘေးနားကလူတွေကိုအကူညီတောင်းပြီး ဆေးရုံကိုလိုက်ပို့ရင်း ကောင်လေးဘက်ကိုအသိပေးဖို့ကောင်လေးဖုန်းကိုယူကြည့်လိုက်တော့ lock မခတ်ထား အဲ့ဒါနဲ့ no(1)မှာရှိနေတဲ့ (ကိုကို❤)ဆိုတဲ့ content လေးကိုဆက်လိုက်သည်...တစ်ဖက်ကအသံကကြားဖူးသလိုရှိနေပေမယ့် တွေးမရတာကြောင့်ဆက်မတွေးမိတော့...
ဆေးရုံရောက်တော့ ကောင်လေးကသတိရလာသည်...နာမည်က ဝမ်ရိပေါ် တဲ့...
ပါးဖောင်းဖောင်းလေးတွေနဲ့ ဖြူဖြူဖွေးဖွေးချစ်စရာလေး...ဆရာဝန်ရောက်လာတော့ ကောင်လေးက "ဟိုလေ ခိုင်းတယ်လို့တော့မထင်ပါနဲ့ ကျွန်တော်ရေသောက်ချင်လို့ ရေဘူးလေးဝယ်ပေးပါလားဟင် ဟီး"ဆိုပြီးနည်းလှလှလေးနဲ့ လေးနဲ့ဖယ်ထုတ်သည် သူလည်းခုမှတွေ့တဲ့သူစိမ်းမို့ အလိုက်တသိပဲရှောင်ထွက်ပေးလိုက်ပါသည်...
ဆေးရုံအပြင်ရောက်တော့မှ မားတို့ကိုသတိရ၍ ဖုန်းလှမ်းဆက်ကြည့်တော့ စောင့်ရတာကြာနေလို့အိမ်ပြန်နှင့်လိုက်ပြီတဲ့...
တော်သေးတာပေါ့...
"ခေါင်းမူးတယ်ဆိုတာ ဘာမှမဆန်းတာမှန်ပေမယ့် ခုလိုအကောင်းတိုင်းကနေထဖြစ်တာကတော့ စိုးရိမ်ရတယ်လေ မတော်လို့မနေ့ကကိစ္စကြောင့် ခေါင်းအထဲမှာတစ်ခုခုဖြစ်သွားတာဆိုရင်ဘယ်လိုလုပ်မလဲ"
အခန်းတံခါးရှေ့ရောက်တော့ ကြားနေရတဲ့အသံတွေကြောင့် ကောင်လေးဘက်ကအသိ ရောက်နေပြီဆိုတာသိလိုက်သည်...
တံခါးဖွင့်အခန်းထဲဝင်လိုက်တဲ့အထိ သူတို့ကသိပုံမပေါ် တံခါးရဲ့မျက်စောင်းထိုးမှာရှိတဲ့ကုတင်ပေါ်ကကောင်လေးက တံခါးကိုနောက်ကျောပေးထားတဲ့ ကောင်လေးနဲ့ကွယ်နေသည်...တစ်ချက်တစ်ချက် ထွက်လာတဲ့စကားသံကကို့အသံနှင့်တော်တော်တူသည်...နောက်ကျောပုံစံကလည်းကို့အတိုင်းပင်...နောက်ပြီး အကျႌ ကလည်း...ဟင် ကိုများလား?
တွဲလာတာကြာပြီ ကို့မှာညီရှိတယ်လို့တစ်ခါမှမကြားဖူး ဆွေမျိုးတွေထဲကဖြစ်ရအောင်လည်း ကို့မှာအဖေတစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိ...
သူငယ်ချင်းတစ်ယောက်ပြောပြဖူးတဲ့ 'ရှောင်းကျန့်က သူတို့ကျောင်းကသူဌေးသားတစ်ယောက်နဲ့တွဲနေတာ' ဆိုတဲ့ စကားကိုပြန်ကြားယောင်လာသည်...မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ဘူး...
"မဟုတ်လောက်ပါဘူး ဒီအတိုင်းနေအရမ်းပြင်းလို့ဖြစ်တာပါ"
"ဒါပေမယ့်..."
<မွ>
"ဟီး ကိုကို့ကို အရမ်းချစ်တာပဲ"
ရီဖေးတစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့် စကားလုံးများကလည်ချောင်းတွင်တစ်သွားသည်...သူထင်တာမမှားလောက်ဘူး...သူငယ်ချင်းတွေပြောပြကြပေမယ့် သူမယုံခဲ့ ကိုအချစ်ကိုသူအကြွင်းမဲ့ယုံကြည်သည်မို့...ဒါပေမယ့် ခုတော့...
"ဟိုလေ"
"အော် အမ"
ရီဖေးအားတင်းကာပြောလိုက်တော့ တံခါးဘက်သို့ ကျော်ကြည့်လာသော ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးရယ်...လှည့်ကြည့်လာသောချစ်ရသူရယ်...
"ရီဖေး?"
ရီဖေးကိုမြင်တော့ ရှောင်းကျန့် မျက်နှာမှာအံ့သြမှုအတိုင်းသား...
"ကိုကိုနဲ့အမကသိကြတာလား"
ရှေ့ကတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြသောကြောင့်ရိပေါ်မေးလိုက်သည်...
ထို့တော့မှအမရီဖေးက
"အော် အင်း အထက်တန်းတုန်းကခင်ဖူးတာပါ"
လို့ပြောပြီးရေဘူးကိုစားပွဲပေါ်လာတင်သည်...ကိုကိုကတော့ဘာမှမပြောသေး...
"ကိစ္စရှိသေးလို့ အမကိုခွင့်ပြုပါဦး"
"ဟုတ် ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
အမရီဖေးကအပြုံးလေးနဲ့ပြောလာသည်...မိန်းမလှတစ်ယောက်ဖြစ်သည့်အလျောက် ပြုံးလိုက်ရင်လှတယ်ဆိုပေမယ့် မျက်ဝန်းထဲမှာတော့ဝမ်းနည်းရိပ်များသန်းနေသလို...
အမထွက်သွားသည့်တိုင် တံခါးဝကိုငေးကြည့်နေတဲ့ကိုကို
"ကိုကို"
"အော် ရိပေါ် အပြင်မှာနေပြင်းနေသေးတယ် ဒီမှာပဲခဏနေလိုက်ဦး ကိုယ်ပိုက်ဆံရှင်းထားပေးမယ် ညနေကျရင်ပြန်လာခေါ်မယ်"
စကားတွေပြောပြီး ထွက်သွားလိုက်တာ ပြန်ပြောချိန်တောင်မရ...
သတိမပေးလိုက်ရပေမယ့် ကိုကိုသတိရမှာပါလေ...
~~~~~~~~~Hurt~~~~~~~~~
"လမ်းခွဲပေးစေချင်ရင်လည်း ရပါတယ်"
ကော်ဖီဆိုင်လေးအတွင်းတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ရီဖေးရဲ့အသံ...
စကားအဆုံး စားပွဲကိုသာစိုက်ကြည့်နေတဲ့ ရှောင်းကျန့် ကအလန့်တကြားမော့ကြည့်လာသည်...
"မဟုတ်ဘူးရီဖေး ကိုယ်ရှင်းပြမယ်"
ရှောင်းကျန့် ကိုကြည့်နေတဲ့ရီဖေးမျက်ဝန်းများက မျှော်လင့်ချက်များဖြင့်...
ရှင်းပြစေချင်တဲ့ပုံ...
"ဟင်း..."
ရှောင်းကျန့် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူဘယ်သူမှကိုမပြောပြဖူးတဲ့ အကြောင်းကိုပြောပြလိုက်သည်...
//////////////////////////////////////
Flashback
ရှောင်းကျန့်တို့မိသားစုကမဆင်းရဲသလို ချမ်းသာသည်လည်းမဟုတ် သာမန်မျှသာ ရှောင်းကျန့်ရဲ့မားက ရှောင်းကျန့်အလယ်တန်းလောက်ကတည်းကဆုံးသွားသည်...ရှောင်းကျန့်ရဲ့ပါးကဝမ်ကုမ္ပဏီက ဝန်တမ်းတစ်ဦး သားအဖနှစ်ယောက်တည်းရှိတာမို့ ဝန်တမ်းတစ်ဦးရဲ့လခ နဲ့ဖူလုံနိုင်သည်
ရှောင်းကျန့် မှာငယ်ငယ်ကတည်းကသူငယ်ချင်းမရှိ...လူချမ်းသာရပ်ကွက်မှာနေတာဖြစ်လို့ သူဌေးသားတွေသာရှိသည်...သူတို့ရဲ့နောက်လိုက်ခွေးလုပ်ဖို့အတွက် ရှောင်းကျန့်ရဲ့မာနကခွင့်မပြု...အဲ့ဒါကြောင့်တကိုယ်တည်းသာနေသည်...အဖော်မရှိတော့ အချိန်တိုင်းစာထဲခေါင်းနစ်နေတာမို့ ကျောင်းတွင်စာအတော်ဆုံးဖြစ်သည်...ရီဖေးနဲ့ကတော့ကျောင်းတွင်မျက်မှန်းတန်းမိရုံသာ...
ကျောင်းပြီးတော့ ရှောင်းကျန့်ကဆေးကျောင်းကို ပညာသင်ဆုနဲ့ဝင်ရောက်ခဲ့သည်...အစကရှောင်းကျန့်ကသဘောကောင်းပြီးပျော်ပျော်နေတတ်သည်...ပန်းချီဆွဲဝါသနာပါတာကြောင့် ပန်းချီသင်တန်းတက်ရင်း ရီဖေးနဲ့ပြန်တွေ့သည်...စကားတစစပြောရင်း ရင်းနှီးကာ ချစ်သူတွေဖြစ်လာခဲ့ကြသည်...နောက်ပိုင်းကျတော့ သူငယ်ချင်းအပေါင်းအသင်းတွေရလာတာကတစ်ကြောင်း...ပညာတတ်ဖြစ်လာတာကတစ်ကြောင်းကြောင့် ရှောင်းကျန့် ရဲ့ပုံကခပ်မိုက်မိုက်ဖြစ်လာသည် Major King ဖြစ်တဲ့အပြင် The Whole King ပါဖြစ်လာသည်...
တစ်နေ့စာသင်ချိန်ကျောင်းအုပ်ကြီးကခေါ်လို့ရုံးခန်းဘက်ကိုတစ်ယောက်တည်းလာခဲ့လိုက်သည်
ရုံးခန်းရောက်တော့ ကျောင်းအုပ်ကြီးအပြင် လူကြီးတစ်ယောက်ပါရှိသည်...
"အော် သားရှောင်းကျန့် သားကိုဝမ်သူဌေးက တွေ့ချင်လို့ဆိုလို့
သူဌေး သူကသူဌေးပြောတဲ့ရှောင်းကျန့်ပါ အေးဆေးစကားပြောကြပါဦး"
ကျောင်းအုပ်ကြီးကတောင် ရိုရိုသေသေနဲ့ပြောနေသည်...မထူးဆန်းပါ Wang group ကဘယ်လောက်ချမ်းသာတယ်ဆိုတာ သူသိတာပဲလေ...
ဝမ်ဥက္ကဌက သူ့ကိုခေါင်းအစခြေအဆုံးကြည့်ပြီး...
"ထိုင်ပါဦး"
ရှောင်းကျန့် ဝင်ထိုင်လိုက်ပြီး
"ဘာကိစ္စရှိလို့လဲဗျ"
"အဟမ်း မောင်ရင့်ကိုအကူအညီတောင်းစရာရှိလို့"
"ကျွန်တော့်ကို?"
အနောက်ကနေသံယောင်လိုက်ရင်း မေးလိုက်မိတော့ ခေါင်းငြိမ့်ပြသည်...နေပါဦး သူ့လိုသူဌေးက ကျွန်တော့်လို ဆင်းရဲသားဆီက ဘာအကူအညီများလိုချင်တာပါလိမ့်?
"ဘာများလဲ"
ရှောင်းကျန့် ရယ်လိုက်ပြီးပြန်မေးလိုက်သည်...သို့ပေမယ့် အရယ်များကကြာကြာမခံပါ...ဥက္ကဌဝမ် ရဲ့စကားကြောင့် ဒေါသထွက်သွားသည်...ဘာတဲ့ သူ့သားနဲ့တွဲပေးရမယ်? ကိုယ်ကရုပ်ချောတာတော့ဟုတ်ပါပြီ ဒါပေမယ့်ဒါကြီးကတော့မဖြစ်နိုင်ဘူးလေ...နောက်ပြီးသမီးတောင်မဟုတ်ဘူး သားနဲ့တဲ့လား...ဘယ်လိုအဖေတစ်ယောက်ရဲ့ပါးစပ်က ထွက်လာတဲ့စကားပါလိမ့်...
"မဖြစ်နိုင်ဘူး"
သူလျင်လျင်မြန်မြန်ပဲငြင်းလိုက်သည်...
"ဘာလို့်လဲ "
"ယောကျ်ားလေးအချင်းချင်းတွဲရအောင် ကျွန်တော် gay မဟုတ်ဘူး! ယောကျ်ား လေးတွေကိုလည်းစိတ်မဝင်စားဘူး! အဲ့ဒါကြောင့်ဒါကို ဒီမှာပဲတော်လိုက်ပါတော့"
ရှောင်းကျန့် ပြောပြီးတာနဲ့ထထွက်လာလိုက်သည်...
"ရှောင်းကျန့်! "
ခြေလှမ်းတွေက တံခါးနားမရောက်ခင်တုံ့ခနဲ...
"မင်းက ဒီကျောင်းကိုပညာသင်ဆုနဲ့တက်နေတာနော်"
ရှောင်းကျန့် မသွားသေးဘဲဆက်နားထောင်နေသည်...
"ခုနက ကျောင်းအုပ်ကြီးကငါ့ကိုဘယ်လိုဆက်ဆံလဲဆိုတာ မင်းသိပါတယ် ပြစ်မှုတစ်ခုရှာခိုင်းလိုက်ပြီး ခုချက်ချင်း ပညာသင်ဆုကိုရုတ်သိမ်းလိုက်လို့ရတယ်နော်"
ရှောင်းကျန့် နည်းနည်းတွေဝေသွားသည်...ဒါပေမယ့် သူဘာအပြစ်မှမလုပ်ထားတာမို့
"ကျွန်တော်မှာ ဘာပြစ်မှုမှမရှိဘူး"
"မရှိတာကိုရှိအောင်လုပ်လို့ရတဲ့နည်းတွေအများကြီးပါ "
ဟက် ဒါလားအကူအညီတောင်းတာ ဘယ်လိုယုတ်မာရတာလဲ!!
"ခင်ဗျား!!!"
အော်လိုက်တော့ ပြောဆိုတဲ့ပုံစံနဲ့မျက်ခုံးပင့်ပြသည်...
"ခင်ဗျားဘာသာ ဘာနည်းပဲသုံးသုံး ကျွန်တော်သေရင်တောင် ခင်ဗျားပြောတဲ့အတိုင်းမလုပ်ဘူး"
ပိတ်ပြောပစ်ပြီးထွက်လာလိုက်သည်...အနောက်မှာဘယ်လိုကျန်ခဲ့မယ်မှန်းတော့မသိ...ဂရုလည်းမစိုက်...စာသင်ချင်စိတ်လည်းမရှိတာကြောင့်အိမ်ကိုသာပြန်လာခဲ့လိုက်သည်...မပြန်ခင်တော့ ကျောင်းကြီးကို နှမြောစွာကြည့်မိသည်...ဟုတ်သည်လေ နောက်ဆုံးတစ်နှစ်ပဲကျန်တော့တာကိုး သူသိမ်းတော့ကော ဘာဖြစ်လဲ? အလုပ်လုပ်ပြီး တက်လို့ရတာပဲ သားအဖနှစ်ယောက်မို့ ပိုပိုလိုလို သိမ်းထားတဲ့ငွေတွေလည်းရှိတာပဲ!!
တစ်ဖက်ကရုံးခန်းထဲမှာကျန်ခဲ့တဲ့ ဝမ်ဥက္ကဌကတော့ မျက်နှာမကောင်းစွာဖြင့်...
*ဟင်း...မာနကြီးတယ်ဆိုတာတကယ်ပါလား*
...................TBC.................