~Hurt~*11*'Good bye the sun of my life'

10.3K 753 28
                                    

Zawgyi...........

<You took my heart away...away...away away
My head is blown away...away...away away...>
{Ph ringtone}

ကားမောင်းနေရင်းကြားလိုက်ရတဲ့ ဖုန်းသံကြောင့် ဖုန်းကိုလိုက်ရှာသော်လည်း မ​တွေ့...ထို့ကြောင့် ကားကိုလမ်းဘေးတွင်ခဏရပ်ကာရှာကြည့်တော့မှ အောက်ကျနေတဲ့ဖုန်းကိုတွေ့သည်...

*ငါ့ဖုန်းကိုကားထဲမှာထားခဲ့မိတာပဲ*

Phone contact ကိုကြည့်လိုက်တော့
ဥက္ကဋ္ဌဝမ် တဲ့
ဘာလို့ဆက်တာပါလိမ့်...
ဘာမဆိုင် ညာမဆိုင် ဝမ်ရိပေါ့်ကိုတောင်သတိရမိသွားသည်...

စိတ်ကူးထဲကအတွေးများမှန်နေမလားဆိုပြီး...အပြင်ဘက်ကိုကြည့်မိတော့ မိုးများကသည်းထန်စွာရွာသွန်းလျက်...အချိန်ကိုကြည့်လိုက်တော့ 10:13PM...

*မဖြစ်နိုင်ပါဘူး*

ခေါင်းကိုရမ်းထုတ်လိုက်ကာ ဖုန်းကိုင်လိုက်သည်...

ဝမ်ဥက္ကဌစကားကြောင့်ဆေးရုံကိုအမြန်မောင်းလာခဲ့သည်...ခုချိန်ထိပြန်မရောက်သေးဘူးတဲ့လား...
သူဆေးရုံထဲမှာပဲရှိနေမှာပါ...ဟုတ်တယ်...အခန်းစရိတ်ထပ်ပေးပြီးနေနေဦးမှာ...သူကသူဌေးသားပဲဟာ...

ဒါပေမယ့်ရှောင်းကျန့်အတွေးတွေကမမှန်ကန်ဘူးဆိုတာကို ဆေးရုံရှေ့ကခုံလေးမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ရိပေါ်ကသက်သေပြနေသည်...

"ကျစ် ဒီကလေးကတော့ မိုးတွေဒီလောက်ရွာနေတာကို"

စိတ်ရှုပ်စွာရေရွတ်လိုက်ပြီးတော့ ရိပေါ်ရှိရာကိုအမြန်ဆုံးပြေးလာမိသည်...

"ရိပေါ်!"

ပခုံးကိုလှမ်းဆွဲလိုက်တော့ ရင်ခွင်ထဲပြိုကျလာသည့်ခန္ဓာကိုယ်လေးကြောင့်...စိုးရိမ်စိတ်ကထိပ်ဆုံးသို့...
အသားတွေကလည်းအေးစက်လို့...ဒီကလေးဘယ်အချိန်ကတည်းက ဒီမှာနေနေတာလဲ!

ရိပေါ့်ကိုကုန်းပိုးပြီးတော့ ဆေးရုံထဲသို့...

~~~~~~~~~Hurt~~~~~~~~~

ရိပေါ် နိုးလာတော့ အလင်းရောင်တွေ မျက်လုံးထဲစူးရှစွာဝင်လာသည်မို့...တဖန်ပြန်ပိတ်ပြီးမှခပ်ဖြည်းဖြည်းပြန်ဖွင့်ရသည်...ဒါတောင်မျက်ခွံတွေကတုန်နေဆဲ...ထဖို့ပြင်လိုက်သော်လည်း ခေါင်းကမိုက်ခနဲဖြစ်သွားတာမို့ ထလို့မရ...လူကလည်းနုံးနေသည်...ဒီကတည်းက သူနေမကောင်းမှန်းသိလိုက်သည်...

~Hurt~(Completed)Where stories live. Discover now