Zawgyi....
လှုပ်ရှားနေတဲ့စိတ်အစုံက ကားပေါ် ရောက်သည့်တိုင်မတည်ငြိမ်နိုင်သေး...
"အပြင်ထွက်လို့ အဆင်ပြေပါတယ်နော်"
ကိုကိုမေးတာကြောင့်ခေါင်းကိုမြန်မြန်ငြိမ့်ပြလိုက်သည်...
ပါးကနည်းနည်းလေးထုံနေတာပဲရှိတာ...အနာကထိလိုက်မှနာတာ...ဘာမှဖြစ်တာမဟုတ်
ဒီလိုအခွင့်အရေးမျိုးကိုလက်လွှတ်ခံစရာလား...
မေးလိုက်တာကိုမြန်မြန်အဖြေပြန်ပေးလာတဲ့ကောင်လေးကြောင့် ရှောင်းကျန့်အသည်းယားလာကာရယ်နေမိသည်...
မနေ့ကသူပြောလိုက်တဲ့စကားကြောင့်ဒီကလေးကိုအားနာမိတာမို့ခုလို အပြင်လိုက်ပို့ပေးခြင်း...သူပြောခဲ့တာမမှားပေမယ့်လို့ပေါ့...
ထို့နောက်တွင်တော့ ကားလေးက ဝမ်အိမ်တော်အရှေ့မှထွက်ခွာသွားလေရဲ့...
~~~~~~~~~Hurt~~~~~~~~~
အရင်ဆုံးရောက်လာသည်က စားသောက်ဆိုင်...
"ကိုကိုဘာမှမစားရသေးဘူးလား"
"အင်း"
ပြူးကြောင် ကြောင်မေးလာတဲ့ရိပေါ့်ကို ရှောင်းကျန့် ပြန်ဖြေပီး ထောင့်ကျတဲ့ခုံလေးမှာဝင်ထိုင်လိုက်သည်...
ထို့တော့မှအနောက်ကလိုက်လာတဲ့ကောင်လေးကလည်းဝင်ထိုင်ပြီးတော့...
"ဟီး..ကျွန်တော်လည်းမစားရသေးဘူး"
မျက်လုံးလေးတစ်ချက်သာလှန်ကြည့်လိုက်ပြီး ဘေးတွင်ရပ်နေသော waiter ကို...
"အမေရိကာနို တစ်ခွက် ၊ နာနတ် ကိတ် တစ်ခု ၊ နွားနို့ တစ်ခွက် ၊ ကွတ်ကီး တစ်ပွဲ"
waiter ထွက်သွားပြီး ရိပေါ်ကိုကြည့်လိုက်တော့ မျက်လုံးပြူးပြူးကလေးများနှင့်ဆုံသည်...
"အဟမ်း"
အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး ဘေးသို့သာမျက်နှာလွှဲထားလိုက်သည်...
သူသိတာပေါ့ ဒီကလေးဘာတွေအံ့သြနေလဲဆိုတာ...
မနက်ကသူတို့အိမ်ဧည့်ခန်းထဲအဝင် မှန်ကာထားတဲ့ တစ်ဖက်က ထမင်းစားပွဲပေါ်မှာ မြင်လိုက်ရတဲ့ နွားနို့နဲ့ကွတ်ကီးတွေကို အမှတ်ရနေမိတာကိုပဲအပြစ်တင်ရမလား...အိမ်ထဲဝင်ဝင်ချင်းမှာ စူးစမ်းသလိုလိုက်ကြည့်မိတာကိုပဲအပြစ်တင်ရမလား...ဘာပဲဖြစ်ဖြစ် နှစ်ခုလုံးကကိုယ့်အပြစ်မို့...ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်ပါတယ်...
.
.
.
.
မနက်စာစားပြီး ကိုကိုခေါ်လာတဲ့နေရာက
ပန်းချီပြခန်း...
နရံထက်မှာ ချိတ်ဆွဲထားတဲ့ပန်းချီကားတွေရဲ့ လက်ရာမြောက်မှုက ပန်းချီဆရာ ဘယ်လာက်တော်ကြောင်းပြနေသည်...
ပန်းချီကားတစ်ချပ်ချင်းဆီကို အသေအချာလိုက်ကြည့်နေတဲ့ကိုကို...နဲ့
ပန်းချီသာဆွဲတာ ပန်းချီအကြောင်းဘာမှနားမလည်တဲ့ ရိပေါ်...
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
